သီးသန်​့ အားသွင်​းဖို့ မလိုတဲ့ ဘက္ထရီ

naywoon niApril 5, 20151min1157

​နေဝန်​းနီ ​တွေ့ဖူးတာက​တော့ battery အမျိုးအစား​တွေထဲမှာ လျှပ်​စစ်​ဓာတ်​ သို​လှောင်​တဲ့ အိုး​တွေရယ်​ dry battery
လို့​ခေါ်မလား ? ထပ်​ပြန်​တစ်​လဲလဲ အားပြန်​သွင်​းလို့ရတဲ့ ဓာတ်​ခဲ​ခြောက်​​တွေရယ်​ ။ ​နောက်​ တစ်​ခါသုံး ဓာတ်​ခဲ​တွေရယ်​ ။ သို​လှောင်​နိုင်​စွမ်​းတစ်​ခုခု ရှိပြီး အားကုန်​ရင်​ ပြန်​သွင်​းရတာမျိုးပဲ ။ အဲ့ ငယ်​ငယ်​က အားအိုး လို့​ခေါ်တဲ့ ဘက္ထရီ အိုး​တွေ သုံးတယ်​ ။ အက်​ဆစ်​မလုံ​တော့ သူနဲ့ ထိမိတဲ့ အဝတ်​​တွေဆိုအ​ကောင်​းမကျန်​ဘူး ။ တစ်​ည ဒါမှမဟုတ်​ နှစ်​ည​လောက်​ သုံးပြီးရင်​ အားပြန်​သွင်​းရ​ရော ။ ခုချိန်​မှာလဲ ဖုန်​း ဘက္ထရီ​တွေ တစ်​ချို့လည်​း အသုံးမခံ တစ်​ချို့လည်​း အသုံးခံ ဒါ​ပေမဲ့ အားကုန်​ရင်​ အားသွင်​း​နေကြရ​ပေါ့ ။ ဒါ​ပေမဲ့ ကားဘက္ထရီ တို့ ဆိုင်​ကယ်​ ဘက္ထရီ တို့ကျ​တော့ သီးသန်​့ကြီး အားသွင်​းစရာ မလိုပြန်​ဘူး ။ ​မောင်​းနှင်​​နေရင်​းနဲ့ သူ့ဖာသာသူ အားပြန်​ပြည်​့သွားသတဲ့ ။ သုံးတဲ့​နေရာကွားသွားလို့​ပေါ့ ။ ကား​တွေ ဆ်​ိုင်​ကယ်​​တွေမှာ တပ်​ထားတဲ့ ဘက္ထရီ​တွေ ဖြုတ်​ဖြုတ်​ပြီး အားပြန်​သွင်​း​နေရရင်​လည်​းခက်​သား ။ လူ​တွေမှာလည်​း ဒီလိုပဲ ။ လှုပ်​ရှားလို့ ကုန်​ခန်​းသွားတဲ့ စွမ်​းအင်​​တွေ အတွက်​ အားပြန်​ဖြည်​့​ပေးရသလိုမျိုး ။ အသိပညာ အတတ်​ပညာမှာလည်​း ထပ်​ခါတစ်​ လဲလဲ ဖြည်​့​ပေး​နေရတာပဲ​လေ ။ သင်​တန်​း​တွေ အထပ်​ထပ်​တက်​ ။ စာအုပ်​​တွေက ​လေ့လာမှတ်​သား ။ ကိုယ်​့ကိုကိုယ်​လည်​း ပြန်​​ကြော်​ငြာ ရတာကတစ်​မျိုး ။ ဘက္ထရီ အားဖြည်​့ သလိုမျိုး​လေ ။ တစ်​ချို့ကျ​တော့လည်​း သီးသန်​့ အားဖြည်​့​ပေးစရာ လိုမယ်​ထင်​​ပေမဲ့ သူ့ဖာသာ အားပြည်​့ပြီးသား​တွေလည်​းရှိတတ်​တယ်​ ။

စာ​ပေ​လောကမှာ စာ​ရေးဆရာ အသစ်​တစ်​​ယောက်​က စာအုပ်​တစ်​အုပ်​ထုတ်​​တော့မယ်​ဆိုရင်​ ရှိပြီးသား က​လောင်​​ဟောင်​း​တွေက ​စော​စောက ဘက္ထရီ အားဖြည်​့​ပေးသလိုမျိုး ​ဘေးက​နေ ဝိုင်​းဝန်​းပြီး အမှာစာ​ရေး​ပေးကြ ​ဝေဖန်​ချက်​​ရေး​ပေးကြ စာဖတ်​သူသိ​အောင်​လုပ်​​ပေးကြတယ်​ ။ ဘယ်​​လောက်​ပဲ ​ဘေးက​နေပံ့ပိုး​ပေး​ပေး သူ့မှာ အလိုလို အားပြန်​မပြည်​့နိုင်​ရင်​ တစ်​အုပ်​နှစ်​အုပ်​​လောက်​နဲ့ ရပ်​သွားတာပဲ ။ ​ ကျုပ်​တို့ ရွာထဲက ဆရာမ ဝင်​့ပြုံးမြင်​့က​တော့ အဲ့ဒိလိုမဟုတ်​ဘူး
မနက်​က အလင်​းဆက်​က ပို့​ပေးလို့ Thomas Mann ရဲ့ Buddenbrooks ကို ဘာသာပြန်​ထားတဲ့ စာအုပ်​တစ်​အုပ်​ ​ရောက်​လာတယ်​ ။ ကားဂိတ်​က​နေယူလာပြီး မျက်​​စောင်​းထိုးက ထိုင်​​နေကြ လက်​ဖက်​ရည်​ဆိုင်​မှာ ဖွင်​့ကြည်​့​တော့ စာအုပ်​က 2006 တုန်​းက ပထမအကြိမ်​ ထုတ်​ပြီးသားကို အခု 2015 မှာ ဒုတိယအကြိမ်​ ပြန်​ထုတ်​တာဗျ ။

​နောက်​စာအုပ်​ကို ဆက်​လှန်​ကြည်​့​တော့မှ အားပါးပါး အမှာစာ​တွေ ​ရေးတဲ့သူ​တွေက
ပါရဂူ
နတ်​နွယ်​
​မောင်​မိုးသူ
မြတ်​ငြိမ်​း
တင်​​မောင်​မြင်​့
တဲ့
ကဲ သူတို့​ရေးထားတာ​လေး​တွေလည်​း ဖတ်​ကြည်​့လိုက်​ဦး ။ ​နောက်​ထပ်​ဘာမှ ထပ်​ပြီး အားဖြည်​့​ပေးစရာ မလို​တော့ဘူးလို့ ထင်​ပါတယ်​ ။ ကျုပ်​တို့က ထပ်​ဖြည်​့​ပေးကာမှ သူ့အလင်​း​ရောင်​မှိန်​သွားမှာ​တောင်​ စိုးရ​သေး ။ ​စော​စောကတည်​းက ကျုပ်​​ပြောသားပဲ သီးသန်​့ အားသွင်​းဖို့ မလိုတဲ့ ဘက္ထရီ ပါလို့ဆို ………

IMG_20150404_100504

IMG_20150404_100522

IMG_20150405_010938

IMG_20150405_011029

IMG_20150405_011046

IMG_20150405_011121

IMG_20150405_011142

7 comments

  • Alinn Z

    April 5, 2015 at 6:28 pm

    စာရေးသူကို ဘက်ထရီလေးနဲ့ တင်စားလိုက်တာလေး…သဘောကျမိ…

    …….

    အဲဒီ စာအုပ်က နိုဗယ်ဆုရစာအုပ်ကြီးနော်…
    အဲဒါကြီးလည်း ဖတ်ချင်သေးတာ…
    ဆိုတော့….လဲဖတ်ကြစို့…

    :k:

    • naywoon ni

      April 5, 2015 at 7:00 pm

      အင်​း စာအုပ်​ချင်​းလဲချင်​ရင်​ လူကိုယ်​တိုင်​လာလဲ လှဲ့​လေ ။ အဲ့စာအုပ်​ကြီး ဖတ်​ပြီးရင်​ ဘယ်​စာကြည်​့တိုက်​ပို့ရမလဲ စဉ်​းစား​နေတာ ။ အနီး အနားမှာ active ဖြစ်​​နေတဲ့ စာကြည်​့တိုက်​က နှစ်​ခုဖြစ်​​နေတယ်​ ။ ကိုယ်​တိုင်​လဲဝယ်​မလှူနိုင်​​သေး ။
      ဖုန်​းနဲ့ ပုံ​တွေတင်​ရတာ PC ​လောက်​ အဆင်​မ​ပြေချင်​ဘူး ။ ကင်​မရာနဲ့ ရိုက်​ထားတုန်​းက အဆင်​​ပြေရဲ့နဲ့ Upload လုပ်​​တော့ ဝါးသွားတယ်​ ။ ပုံ​တွေထည်​့​နေရင်​း browser က stop ဖြစ်​ဖြစ်​သွားပြီး ပိတ်​သွားတာကလည်​းခဏခဏ ။ ပြီး​တော့ ဘာနှိပ်​မိလို့လည်​းမသိ ပို့က တက်​သွားပြန်​​ရော ။ ပုံ​တွေက တင်​လို့မပြီး​သေး ။
      အင်​တာနက်​ ပလန်​ ကုန်​သွားတာနဲ့ ဖုန်​းပိတ်​ထားပြီး သွားထည်​့​နေတာ ညမှ အက်​ဒစ်​ပြန်​လုပ်​​တော့မယ်​ ။

  • ဝင့်ပြုံးမြင့်

    April 6, 2015 at 12:47 am

    .ဟာ ညွှန်းလိုက်တာ အဘနီကလည်း။ အဲဒီလောက် မဟုတ်ဘူး။ ကျမအထင် လူတစ်ယောက်မှာ ဦးနှောက် အလုပ်အရမ်းလုပ်တဲ့အချိန်ရှိတယ်။ ၃ဝ ပတ်ဝန်းကျင်ပေါ့။ အဲဒီအချိန်က အတွေးအရေးကို အခုအရွယ်မှာ ပြန်မရဘူး။ ဘယ်လိုမှ ပြန်လုပ်ယူလို့ မရဘူး။ အဲဒီတော့ အားသွင်းဖို့ လိုတာပေါ့။ ကျမ အခု နောက်ပိုင်းရေးနေတဲ့ စာအုပ်တွေက ဟိုအရင်ရေးခဲ့တာကို မမီဘူး။ ပြီးတော့ အတတ်ပညာကို ပိုပြီးအားကိုးမိတယ်။ အဲဒါလည်း မှားတာပဲ။ အတတ်ပညာပိုင်းလျော့ပြီး အနုပညာပိုင်းကောင်းမှ လစ်ဟာချက် ဒါမှမဟုတ် အမှားအယွင်း ဖြစ်ခဲ့ရင်တောင် အဲဒီ flaw က အနုပညာဆန်သွားတာ။ အတတ်ကျ ူ းပြီး အရေးအသား ပြည့်စုံလွန်းနေရင်လည်း ဖတ်မကောင်းဘူး။

  • ဦးကြောင်ကြီး

    April 6, 2015 at 9:57 am

    ယူအက်စ် အခြေခံဥပဒေကျမ်းဂျီးကို ဘာသာပျံမလို့ အနော် စဉ်းစားနေဒါ… ဆယ်နှစ်ရှိပီ..။

  • Mike

    April 6, 2015 at 10:22 am

    .စာအုပ်ကိုခုထိမယူဖြစ်သေး

  • manawphyulay

    April 30, 2015 at 10:20 am

    ပထမအကြိမ်ကတော့ ပုဂံစာအုပ်တိုက်က ထုတ်ဝေတာ ဖြစ်ပြီး အခုဒုတိယအကြိမ်ကတော့ စိတ်ကူးချိုချိုက ပြန်ထုတ်တာလား အဘနီ… ဖတ်ချင်သူများ ပထမအကြိမ်စာအုပ်ကို ဖတ်ချင်သူများ မနောဆီမှာ ငှားလို့ရပါတယ်လို့ မနောလည်း လက်ဆောင်ရထားခြင်း ဖြစ်ပါသည်။

Leave a Reply