တောအကြောင်း ပြောမယ်နော ့

ပြီးခဲ ့တဲ ့ MALAY HARIRAYA (မလေးနှစ်သစ်ကူး) မှာ စခန်းရှိ လူအကုန် အလျှိုလျှိုပြန်ကုန်တော ့ ထုံးစံအတိုင်း တောတွင်းပျော်တစ်ယောက်တည်း စခန်းစောင် ့ကျန်ခဲ ့တယ်။ စခန်းမှာ စက်ယန ္တရားတွေ အများကြီးမို ့ အစောင် ့မရှိလို ့မရ။ နောက်ပြီး တောတွင်းပျော် ကိုယ်တိုင်ကလည်း မြို ့ပေါ်တက်ချင်စိတ်မရှိ။
စခန်းမှာ အိပ်စားအိပ်စားနဲ ့ ကင်းခရလည်း မနည်းဘူးပဲ။
တောနက်ခေါင်ခေါင် အင်တာနက်လိုင်းမရှိ၊ ဖုန်းလိုင်းမရှိပေမယ် ့ အပြင်ဖက် ကမ္ဘာနဲ ့တော ့ အဆက်အသွယ်တော ့ မပြတ်။ နေ ့ရော ညပါ ခေါင်းပေါ် ဖြတ်ဖြတ်ပျံနေတဲ ့ လေယာဉ်တွေက တောတွင်းပျော်ရဲ ့ အပြင်ကမ္ဘာပဲ။ ခေတ်သစ်သမိုင်းမှာ ဖြေရှင်းမရသေး၊ရှာမတွေ ့နိုင်သေးတဲ ့ မလေးရှား
AIR LINE က MH370 လေယာဉ်တောင်မှ တောတွင်းပျာ်တို ့ တခူးခူးတခေါခေါ အိပ်ပျော်နေချိန် တောတွင်းပျော်တို ့အပေါ်က ဖြတ်ပျံပြီး နာရီပိုင်းလောက်မှာ အဆက်ပြတ်ခဲ ့တာ။ ဘီဂျင်း၊ ကွာလာလမ်ပူလ်
လမ်းကြောင်းက တောတွင်းပျော်တို ့ရဲ ့အထက်က။

စခန်းမှာ လူတွေကုန် (တစေ ္ဆသရဲတွေတောင်မှလာမလည်တော ့) တောတွင်းပျော် တစ်ယောက်တည်း ပျင်းခြောက်ခြာက်။ တစ်ယောက်တည်းဆိုတော ့ ထမင်းတစ်ခါချက် ၃ကြိမ်စား၊ မနက်ကဟင်းကို copyကူး
ညစာအတွက်ပြန်နွှေး လွေး…..
နေ ့ခင်းဆို စက်ကြီးတွေ welding ဆော်စရာရှိတာဆော်၊ ပြင်စရာရှိတာပြင်။
ညဖက်ကျတော ့ မီးစက်အင်ဂျင်နိုး လက်တောပ် ကွန်ပြူတာလေးဖွင် ့ပြီး ဂိမ်းကစားရင် ကစား၊ ဒါမှမဟုတ် ဗွီဒီယို ကြည် ့ချင်ကြည် ့ ည ၁၁ နာရီ ၁၂ နာရီထိုးအထိ။

စခန်းစောင် ့ ဒုတိယမြောက်ည….
ထုံးစံအတိုင်း ည ၁၂ နာရီထိုးအထိ ဂိမ်းကစားပြီး မီးစက်ပိတ် အိပ်ယာဝင်ချိန် အဆောင်ခေါင်မိုးကိုမိုးထားတဲ ့ မိုးကာတာလပတ်ပေါ် မိုးစက်တွေ တဖြောက်ဖြောက်ကျနေလေရဲ ့။ မိုးစက်သံစဉ်ကို နားဆင်ရင်း အိပ်ပျော်စ မပြုတပြု အချိန်မှာ မိုးစက်သံစဉ် တဖြောက်ဖြောက်အသံကြားက ဂျိုးဂျိုးဂျွတ်ဂျွတ်မြည်သံပါ ရောပါလာတာကြောင် ့အကြောအခြင်တွေပျော ့ကျ စိတ်ရောကိုယ်ပါ အနားယူတော ့မယ် ့ဆဲဆဲ တောတွင်းပျော်တစ်ယောက် ဆတ်ကနဲ လန် ့နိုးလာတယ်။ သိုင်းဝထ္ထုတွေထဲကစကား ငှားသုံးရရင်တော ့
အန ္တရာယ် အငွေ ့အသက်။ ပေါ်လာတဲ ့အသံတွေကို နားစွင် ့နေရင်း အိပ်ယာထဲကအသာထလိုက်ရင်း လက်က လှုပ်ရှားလိုက်တယ်။ (တိုက်ပွဲဝင်နေတဲ ့ စစ်သားတစ်ယောက်ဆိုရင် ဘေးက သေနတ်ကို အသာဆွဲ၊
ကျည်ထိုးမောင်းတင်ပေါ ့။) ဒါပေမယ် ့ တောတွင်းပျော်ဘေးမှာ ဘာလက်နက်မှမရှိတာ။ လက်နက်အဖြစ်သုံးလို ့ရမယ် ့ သံပိုက်လုံးတို ့ တာယာလီဗာတို ့က ဝပ်ရှော ့ပ်က စတိုထဲမှာ။ ဘေးမှာရှိတဲ ့ လက်နှိပ်ဓါတ်မီးကလေးကိုအသာလေးယူပြီး တဲအပြင်ဖက် သတိထားထွက်ပြီး လျှောက်ထိုးကြည် ့လိုက်တယ်။

အပြင်ဖက်က မြင်လိုက်ရတဲ ့မြင်ကွင်းကြောင် ့ တောတွင်းပျော်တစ်ယောက် ပါးစပ်အဟောင်းသားဖြစ်သွားတယ်။ Boss ကို ခြုံရှင်းမယ် အကြောင်းပြပြီး excavator (မြေတူးစက်) နဲ ့ စခန်း
ပတ်ပတ်လည် မြေတူးမြေဖွလုပ်ပြီးစိုက်ခဲ ့တဲ ့ အားကောင်းမောင်းသန် မတ်မတ်မားမားပေါက်နေတဲ ့ ကလောပီနံပင်တွေ တက်တက်စင်အောင် ပြောင်ကုန်လေရဲ ့။ ဘယ်လိုဖြစ်ကုန်ပါလိမ် ့…….
ဓါတ်မီးကို ဆက်ထိုးကြည် ့ရင်း တဲစခန်းရဲ ့ အနီးဆုံး ငှက်ပျောအုံဆီအရောက် တုန် ့ကနဲ ရပ်သွားတယ်။
အာ ့မငေး ငေး….ဘုရား၊ဘုရား…!
မှည် ့ရင် ့စပြုနေတဲ ့ ငှက်ပျော်ခိုင်သီးတဲ ့ ငှက်ပျောပင်အုံနားမှာ မျက်မမြင် ပုဏ်ဏား( ဏပတ်ဆင် ့ရေးမရလို ့)
ပုံပြင်ထဲက နံရံကြီးတစ်ခု။ မည်းမည်းကြီးတော ့ မဟုတ်။ ညိုညစ်ညစ်။
တရားခံကို လက်ပူးလက်ကြပ်မိနေပြီ။ 911 ခေါ်ဖို ့ကလည်း ဘယ်လိုမှအဆင်မပြေနိုင်။ ကိုယ်တိုင် ဝင်လုံးပြီး
ဖမ်းလိုက်ရမလား။ ဒါကတော ့ မဖြစ်နိုင်။ ကိုယ်ကိုတိုင်ကိုက ခြေချုပ်လက်ချုပ်မိနေသလို လှုပ်လို ့မရ။ လှုပ်လည်း မလှုပ်ဝံ ့။ ၅ ကိုက်အကွာလောက်မှာသာရှိတဲ ့ ဒီလို ဧည် ့သည်မျိုးကို ညကြီးမင်းကြီး အခုလိုချိန်မျိုးမှာ ရုတ်တရက်တွေ ့လိုက်ရတော ့ ဘယ်သူပြိုင်လို ့တုန်လှုပ်နိုင်ပါအံ ့လဲ။
ကိုယ်ကလည်း မလှုပ်ဝံ ့သလို၊ သူကလည်း ငြိမ်သက်လို ့။
ဧကန ္တ…! ဒင်း ဆင်ကြံ၊ ကြံနေတာဖြစ်ရမယ်။ ဒင်းက ဆင်ကြံ၊ ကြံရင်းတော ့ ဘယ်ရမလဲ ဟင်း…ဟင်း!
ဒီကလည်း တောတွင်းပျော်ပဲ။ လူကြံ ပြန်ကြံရတာပေါ ့။ ခေါင်းထဲ plan တစ်ခု အမြန်ဆွဲလိုက်တယ်။
စခန်းရဲ ့ တဖက်မှာ စက်ကြီးတွေ အစီအရိ ရပ်ထားတယ်။ ဟိုမှာက ဘူဒိုဇာ ၄ စီး၊ အနားမှာကပ်ရက်က မြေတူးစက် ၂ စီး၊ နောက်ဒီဖက်နားမှာက သစ်ကား ၄ စီး နဲ ့ သစ်တင်စက် ၁ စီး။ မဟာဗျူဟာမြောက် ပြေးလမ်း
ပြေးပေါက်၊ ရှောင်ကွင်းရှောင်ကွက်တွေ။
၃ မိနစ်၊ ၄ မိနစ်ကြာ နှစ်ဥိီးနှစ်ဖက် စိတ်တူသဘောတူ ငြိမ်သက်နေကြပြီးမှ တောတွင်းပျော်ဖက်က အရင်လှုပ်ရှားလိုက်တယ်။ ခြေလှမ်းကို အသာနောက်ဆုတ်လိုက်တာပါ။ ဆုတ်နေတဲ ့ ကိုယ် ့ခြေလှမ်းကို
ပြန်ကြည် ့လိုက်တော ့ ဗွီဒီလိုဖာတ်လမ်းထဲက ကြောင်ကလေး ဂါလ်ဖီးနဲ ့ တူနေသလိုလို။ အရေးထဲ နားထဲ
စိုးလွင်လွင်ရဲ ့ သီချင်းတစ်ပိုဒ်ကို ကြားယောင်နေမိသေးတယ်။
သူရဲကောင်းတို ့ရဲ ့နှလုံးသား….
ခြင်္သေ ့ ဆိုတာ မြက်မစား… မစား…မစား..
ခြေလှမ်းတော်တော်များများ နောက်ဆုတ်ပြီးမှ workshop ဖက်ကို တချိုးတည်းပြေးပြီး မီးစက်ကိုနိုးလိုက်တယ်။
စခန်းတစ်ခုလုံး မီးထိန်ထိန်လင်းသွားပြီ။ ဧည် ့သည်ကြီးရှိတဲ ့အနားက မီးတိုင်အလင်းရောင်ကြောင် ့ ဧည့်သည်ကြီးရဲ ့ ခန္ဓာကိုယ်ကြီးကို ရှင်းရှင်းမြင်နေရပြီ။ ခေါင်းကတော ့ ကွယ်နေတုန်း။ ဒင်းက ဆက်ပြီးငြိမ်နေတုန်း။
အကြံရပြီ…! ကောင်းလိုက်တဲ ့အကြံ။
အဆောင်ထဲပြန်ဝင် ဖုန်းကိုပြန်ယူပြီး ဓါတ်ပုံရိုက်ပြီး facebook မှာတင်လိုက်လို ့ကတော ့… ဟင်း..ဟင်း
Like တွေ အများကြီးရ၊ comment တွေ အများကြီးရ။ သတ္တိရှိလိုက်တာ လို ့တောင် အချီးမွမ်းခံရအုံးမယ်။
တကယ်တန်း ရိုက်ကြည် ့တော ့မရ။ မီးရောင်အောက်ဆိုပေမယ် ့ ဖုန်းကင်မရာမို ့ ISO မြင် ့မရ။ ဖလက်မီးလည်း မသုံးဝံ ့။ လက်လျော ့လိုက်တယ်။
ဒီအချိန်မှာ ဒင်းက စလှုပ်ရှားလာပြီ။ ဟင်း! ငါ ့ ငှက်ပျောပင်ကို ဒင်းအုပ်တော ့မယ်။
မဖြစ်ချေဘူး။ တရှုးရှုးတရှားရှား အသံပေးပြီးတော ့လည်း မမောင်းရဲ။ တော်ကြာ ကိုယ် ့ဖက်လှည် ့လာပြီး ရန်မူမှာကိုလည်း ကြောာက်ရသေးတယ်။ TARZAN တို ့လို တအို ့အို ့တအားအား
အသံပေးလည်း ဒင်းက နားလည်မှာမဟုတ်။ အနားမှာရှိတဲ ့ SANTAIWONG (သစ်သယ်ကာား) ပေါ်တက်ပြီး
စက်နိုးလိုက်တော ့ အိတ်ဇောပိုက်ကြီးကထွက်လာတဲ ့ အသံကျယ်ကြီးကြောင် ့ ဒင်းလည်း တုံ ့ကနဲရပ်သွားတာ
တွေ ့လိုက်ရတယ်။ တောတွင်းပျော်လည်း အားတက်သွားပြီး လီဗာ နင်းကန်ဖြဲနင်းလိုက်တော ့ ဆူဆူညံညံ အသံတွေကြောင် ့ ဒင်းလည်း ဆင်ကြံ ဆက်မကြံတော ့ပဲ ကိုယ်ကို နောက်ပြန်လှည် ့ အမြီးလေးတရမ်းရမ်းနဲ ့
ပြန်ထွက်သွားတယ်။
အင်း…!
ညကြီးမင်းကြီး ဆင်တစ်ကောင်၊ လူတစ်ယောက်၊ ကားတစ်စီး မြင်ကွင်းကတော ့ သိပ်ကြည် ့လှမှာတော ့
မဟုတ်။

ဒင်းပြန်လှည် ့ထွက်တော ့မှပဲ ဒင်း မျက်နှာကို သေသေချာချာမြင်လိုက်ရတော ့တယ်။ အစွယ်မပါ ဆင်မလေးပဲ။ ညင်ညင်သာသာထွက်သွားပုံလေးက ဆင်မယဉ်သာ လမ်းလျှောက်တယ်ဆိုတာ ဒါမျိုး။
ဒင်းထွက်သွားပုံက ကြောက်လန် ့လို ့ ထွက်သွားပုံမျိုးမဟုတ်။ အခြေအနေတစ်ခုမှာ အဆင်မပြေလို ့
အေးအေးဆေးဆေး ထွက်သွားပုံမျိုး။ ဒီပုံမျိုးဆို ဒင်း နောက်တစ်ခေါက်လာနိုင်သေးတယ်။
ပြင်ဆင်မှုတွေ လုပ်မှပဲ။
မိုးကလည်း တဖွဲဖွဲရွာတုန်း။ တစ်ညလုံးစွေမှာလား မသိ။ ရာသီဥတုကလည်း အေးစိမ် ့စိမ် ့မို ့ မီးဖိုထဲ
ပြန်ဝင်ပြီး ရေနွေးတည် OLD TOWN ကော်ဖီမစ်တစ်ထုပ် ဖျော်သောက်လိုက်တော ့ နည်းနည်းနွေးသွားတယ်။
ဒီညတိုက်ပွဲက အိပ်လို ့ရတော ့မှာ မဟုတ်တော ့။ စခန်းနဲ ့ မနီးမဝေးမှာ ခြုံတိုးသံတွေကြားနေရတယ်။ ဒင်း အဝေးကြီးထွက်သွားတာ မဟုတ်။ ကျနော ့ဖက်က အခြေအနေကို စောင် ့ကြည် ့နေပုံရတယ်။
လှုပ်ရှားမှု စတော ့မယ်။ တောတွင်းပျော် အဝတ်အစားတွေ အကုန်ချွတ်လိုက်တယ်။ မိုးရွာထဲ ထွက်ရမှာကိုး။
အဲ… အတွင်းခံ ဘောင်းဘီတိုလေးကိုတော ့ မချွတ်ဘူးနော်။ အကုန်ချွတ်လိုက်တယ်ဆိုလို ့ တော်ကြာ တောတွင်းပျော်ရဲ ့ပုံစံကို ကွက်ကွက်ကွင်းကွင်း ရှင်းရှင်းလင်းလင်း မြင်မိမှာစိုးလို ့။ ညနက်နက် တောကြီးခေါင်လယ် တစ်ယောက်တည်းဆိုပေမယ် ့ ကိုယ့်ကိုကိုယ်တော ့ အရှက်သား။ အဟီး…

အပြင်ထွက်၊ SANTAIWONG ၂ စီးကို စောစောက ဆင်မရပ်ခဲ ့တဲ ့ ငှက်ပျောပင်အုံရှိရာကို မီးထိုးဦးတည်ပြီး
Park လိုက်တယ်။ ဒီနေရာ ဒင်း အသေအချာပြန်လာအုံးမှာ။ ကား ၂ စီးကို park ပြီးတာနဲ ့ workshop ဘေးက
ကွန်တင်နာစတိုထဲဝင်၊ ဒီထဲမှာ သိမ်းထားတဲ ့ ဗျောက်အိုးတွေရှိတယ်။ ( ဒီမှာက ဘယ်သစ်စခန်း
မဆို ဒီလို ဗျောက်အိုးလေးတွေကို စခန်းနားကပ်လာတဲ ့ အကောင်ပလောင်တွေခြောက်ဖို ့ ဆောင်ထားကြတယ်။ ) ဘောလုံးပုံစံ ဒီဗျောက်အိုးလေးတွေရဲ ့အသံ စွမ်းပကားကို ကော်သူးလေပြည်နယ်မှာ
နေခဲ ့တဲ ့ တောတွင်းပျော် ကောင်းကောင်းသိတာပေါ ့။ M-16၊ AK-47၊ MA စီးရီးတို ့ရဲ ့ ပေါက်ပေါက်ဖောက်သံ
လောက်ကတော ့ ဒီကောင်လေးက ပျင်းတောင်ပျင်းသေးတယ်။ တွေ ့ပါပြီ၊ ၄၊ ၅ လုံး။ ဒီဇယ်ဆီမီးပုံးကို မီးညှိပြီး
စနက်ကြိုးကိုမီးရှို ့။ စနက်ကြိုး မီးတရှဲရှဲလောင်တာနဲ ့ လွှင် ့ပစ်။
“ဖောင်း”
ဒင်းကလေးရဲ ့ စွာကျယ်ကျယ်အသံကြောင် ့ ဟိုတောထဲကမမလည်း လန် ့ပြီးပြေး။ ဟန်ကျနေပြီ။
တကယ်တန်းဖောက်မယ်ကျတော ့ တောတွင်းပျော် ဗျောက်မဖောက်ဖူးဘူး။ လက်တွန် ့နေတယ်။ ဖောက်ရမှာ ကြောက်နေတယ်။ မဖောက်လို ့လည်း မဖြစ်။ လုံခြုံရေးအတွက် ဖောက်ခွဲရေးလုပ်ကို လုပ်ရမယ်။
တိုင်းပြည်နဲ ့လူမျိုးအတွက် လုပ်အားမပေးချင်ရင်သာရှိမယ်၊ ကိုယ် ့မရှိမဲ ့ ရှိမဲ ့ တယုတယစိုက်ထားတဲ ့
အပင်လေးတွေကို ကာကွယ်ဖို ့ အတ္တသွေးကတော ့ တောတွင်းပျော်မှာ အပြည် ့။
ကြိုးစားရှို ့လိုက်ပါပြီ။ စနက်ကြိုးလည်း တရှဲရှဲ မီးစလောင်နေပါပြီ။ တောတွင်းပျော်လည်း သူငယ်ချင်းတပ်ကြပ်ကြီးတစ်ယောက် ပြောပြဖူးတဲ ့ သူ ့ရဲ ့လက်ပစ်ဗုံးပစ်နည်းကို ကြားယောင်ပြီး ဗျောက်အိုးလေးကို ဝေးနိုင်သလောက် အဝေးကိုလွှင် ့ပစ်လိုက်ပြီး မျက်စိကိုမှိတ်၊ နားကိုပိတ်ပြီး စိတ်ထဲ အမှတ်
ရေကြည် ့လိုက်တယ်။
ထောက် ၁၊
ထောက် ၂၊
ထောက် ၃၊
ထောက် ၄၊
ထောက် ၅၊
ထောက် ၆…. ထောက်.. ထောက်.. ထောက်.. မပေါက်။
နောက်တစ်လုံး.. ထောက်၊ ထောက်၊ ထောက်… မပေါက်။
နောက်တစ်လုံး
နောက်တစ်လုံး။ ရှိသမျှ အလုံးတွေကုန်သွားပြီ။ တစ်လုံးမှ မပေါက်။ ပြန်ကောက်ရှာပြီးကြည် ့လိုက်တော ့
တစ်လက်မကျော်ရှိတဲ ့ စနက်ကြိုးလေးက ငုတ်စိပဲ ကျန်တော ့တယ်။ ဆက်မရှို ့ရဲတော ့။ သူတို ့ကို မသုံးခင် နေပူပူမှာ ၂ ရက်လောက်ကောင်းကောင်းလှန်းထားပေးရတာ။
လက်လျော့ တဲထဲပြန်ဝင်ပြီး မီးဖိုဆောင်က တိုင်ကပ်နာရီကြည် ့လိုက်တော ့ မနက် ၂ နာရီခွဲတော ့မယ်။
လောလောဆယ် ချက်ချင်းတော ့ ပြန်လာအုံးမှာတော ့ မဟုတ်သေး။ မီးစက်ကိုပိတ်၊ ကိုယ်လက် သုတ်သင်ပြီး အိပ်ယာထဲပြန်ဝင်လိုက်တယ်။ စောစောက သောက်ထားတဲ ့ ကော်ဖီအရှိန်ကြောင် ့ အိပ်မပျော်နိုင်တော ့။
အိပ်ပျော်လို ့လည်း မဖြစ်။
ဖုန်းဖွင် ့ပြီး SUDOKU Game ကစားနေလိုက်တယ်။ Game ကစားရင်း နားစွင် ့ထား။ တစ်ခါတစ်ခါ အပြင်ထွက်
ဓါတ်မီးကို တရမ်းရမ်း ဟိုထိုးဒီထိုး။ ဒီလိုနဲ ့ မနက် ၄ နာရီထိုးတော ့မယ်။ လူကသာ အိပ်ချင်စိတ်မရှိသေးတာ။
Game ကစားလို ့ မျက်စိကျိန်းချင်ချင်။ ဖုန်းပိတ်ပြီး အသာလေးမှိန်း နေလိုက်တယ်။
မိုးကတော ့ တပေါက်ပေါက်နဲ ့ရွာနေတုန်း။
အိပ်မပျော်တော ့ အိပ်ယာထဲ ဟိုဖက်စောင်းလှဲ ့လိုက်၊ ဒီဖက်စောင်းလှဲ ့လိုက်၊ ကော်ဖီအရှိန်ကြောင် ့ အတွေးတွေကလည်း ခေါင်းထဲ ဗျောက်တောက်ဝင်လာတယ်။ ဘယ်အချိန်ပြန်ဝင်လာမယ်မှန်း မသိရတဲ ့
ဟိုခြုံထဲက တောမမကို မိုးအလင်းဒီလိုစောင် ့နေရမယ် ့အရေးတွေးပြီး စိတ်ကတိုချင်လာပြီ။ မစောင် ့လို ့ကလည်းမရ။ တော်ကြာ အိပ်ပျော်နေတုန်း အအုံ ၂ဝ လောက်ရှိတဲ ့ ငှက်ပျောပင်တွေ ပြောင်သွားလို ့က
ဒုက္ခ။ တချို ့အပင်ကအသီးတွေဆို ခုတ်လို ့ရနေပြီ။ အခုတောင် ကလောပီနံပင်တွေ တစ်ပင်မှ မကျန် တက်တက်စင်အောင် ပြောင်သွားပြီ။
စောင် ့ကြည် ့နေပေမယ့် သူ ့ဖက်မှာ အခြေအနေက ငြိမ်နေတုန်း။ ဘာလှုပ်ရှားမှုမှမလုပ်။
ဒီလိုနဲ ့ မနက် ၅ နာရီထိုးတော ့မယ်။ စောစောက ညတိုက်ပွဲအတွက် ပြင်ဆင်ရလို ့ လှုပ်ရှားနေတဲ ့စိတ်တွေ
တဖြည်းဖြည်းအနယ်ကျလာပြီး၊ မျက်ခွံတွေက လေးလာသလိုဖြစ်လာတယ်။ အိပ်မပျော်သွားအောင်ကြိုးစားပေမယ် ့ တချက်တချက် အိပ်မက်တွေကဝင်လာပြန်ရော။ လူကနိုးတစ်ဝက်
ပျော်တစ်ဝက် အနေအထားနဲ ့ ကိုယ် ့ကိုကိုယ် အားတင်းနိုးကြားနေအောင်လုပ်နေတုန်းမှာ ချုံစပ်က
တောတိုးသံသဲ ့ကြားရပြန်ပြီ။ ကိုယ် ့စိတ်ကို နိုးကြားနေအောင် သတိထားနေလို ့လားမသိ၊ ဒီတစ်ကြိမ်တော ့
နိုးတဝက်ပျော်တဝက်အနေထားကနေ ငေါက်ကနဲ ထထိုင်လိုက်နိုင်တယ်။ ဓါတ်မီးကိုယူပြီး တဲထဲကထွက် မီးထိုးကြည် ့လိုက်တော ့ ဧည် ့သည် မမလေးက ခပ်လှမ်းလှမ်းခြုံစပ်ကထွက်မယ်အပြု မီးရောင်မြင်တော ့ သူ ့ခြေလှမ်းတွေ တန် ့သွားတယ်။
သူခိုး လူမိသွားသလိုမျိုး။ တကယ်လည်း ကျနော ့အလစ်မှာ ခိုးစားကြံနေတာကိုး။ ကျနော ့ကို ကြောင်ကြည့်နေပြီး နားရွက်တွေက တဖြတ်ဖြတ်ခတ်လို ့။ မျက်နှာငယ်၊ မျက်နှာသေလေးနဲ ့… ဟွန် ့။
ဒီလို သူ ့ပုံစံကိုမြင်ရတော ့ ဒေါသထောင်းကနဲ ထွက်သွားတယ်။ တယ်လည်း.. . လူကို တမင်အိပ်ရေးပျက်အောင် လာနောက်နေသလိုလို။

မိုးက စောစောကလို မရွာတော ့၊ ခပ်ဖွဲဖွဲလေးသာ ရွာတော ့တယ်။ Workshopက မီးစက်ကို သွားနိုးမနေတော့ဘဲ အသင် ့ရပ်ထားတဲ ့ SANTAIWONG ပေါ်တက်ပြီး စက်နိုး ရှေ ့မီးကြီးတွေ ဖွင် ့လိုက်တယ်။
ကားမီးရောင်နဲ ့ အင်ဂျင်သံ ဆူဆူညံညံကြောင် ့ တောမမလည်း ရှေ ့ဆက်မတိုးတော ့။ မှန်းချက်နဲ ့ နှမ်းထွက်မကိုက် ဒီတစ်ခါတော ့ စိတ်လျော ့လိုက်ပြီထင်၊ ကျနော ့ဖက်ကို အတော်ကြာကြာကြည် ့နေပြီးမှ
တောထဲပြန်လှည် ့ဝင်သွားတော ့တယ်။ မိုးလင်းပေါက်အထိ နိုးနိုးကြားကြား ခုခံတော်လှန်နေတဲ ့ တောတွင်းပျော်ကို လက်မြောက်လိုက်ပြီထင်။
ဟင်း..ဟင်း..
ဒင်း အပေါက်မှား နှိုက်မိလိုက်လေခြင်း။
အွန်လိုင်းပေါ်ရောက်ရင် နေ ့နဲ ့ည အမြဲမှားတတ်တဲ ့ တောတွင်းပျော်အကြောင်း ဒင်းမှတ်ပလား။
နေထွက်လာမှ အိပ်တတ်တဲ ့ တောတွင်းပျော်အကြောင်း သိပလား။
ကားစက်တွေသတ်လိုက်ပြီး အဆောင်ထဲပြန်မဝင်ဘဲ ကားပေါ်ကနေ အသင် ့အနေအထားနဲ ့ နာရီဝက်လောက်
အသာငြိမ်ပြီး နားစွင် ့နေလိုက်တယ်။ ဒီတစ်ခါတော ့ တောမမတစ်ယောက် အဲ .. တောမမတစ်ကောင် စခန်းနဲ ့
ဝေးရာဆီ ထွက်သွားပြီထင်။ ဟိုခြုံထဲကလည်း ဘာအသံမှမကြားရတော ့။ စိတ်ချရလောက်တဲ ့ အနေအထား
ဖြစ်လောက်ပြီမို ့ ကားပေါ်ကဆင်း အဆောင်ထဲပြန်ဝင်လိုက်ချိန်မတော ့ အရှေ ့အရပ်က အာရုံပြို ့တော ့မယ်။
အိပ်ယာပေါ်က ခြုံစောင်ပါးလေးကိုယူပြီး Workshop ဖက်ကို ထွက်လိုက်တယ်။ တောတွင်းပျော်မှာက ထုံးစံအတိုင်း နေဖင်ထိုးအောင် အိပ်ဖို ့တာဝန်ကရှိသေးတယ်လေ။ ကားမိုးကာ တာလပတ်မိုးထားတဲ ့ အဆောင်တဲက နေထွက်လာရင်ပူတာမို ့ အေးအေးဆေးဆေးအိပ်လို ့ရမယ် ့ Workshop ထဲက အထပ်သားစင်လေးကို ရှင်းလိုက်ပြီး တောတွင်းပျော်တစ်ယောက် အိပ်တော ့မယ်။ တညလုံးတာ လှုပ်ရှား
မောပန်းနေတဲ ့ အကြောအခြင်တွေ အနားပေးလိုက်တော ့မယ်။
နေအုံး၊ နေအုံး… မအိပ်နဲ ့အုံး တောတွင်းပျော်…
အရှေ ့အရပ်က ရောင်နီတောင်အန်ထွက်လာပြီ။ သွားနှုတ်ဆက်လိုက်အုံးလေ…..
ဪ…! ဟုတ်ကဲ ့၊ ဟုတ်ကဲ ့ပါ။
တောတွင်းပျော်တစ်ယောက် အရှေ ့အရပ်ဆီ ဟန်ပါပါ မျက်နှာမူရပ်ရင်း မာန်ပါပါ ရင်းခေါင်းသံပါအောင်
တောတစ်ခွင်ကြားရအောင် ဟစ်လိုက်ပါတယ်။
Selamat Pagi
( မင်္ဂလာမနက်ခင်းလေးပါရှင် ့) လေယာဉ်တံခါးပေါက်ဝက ခရီးသည်တွေကို ဦးကြိုနေတဲ့ လေယာဉ်မယ်လေးများအသံဖြင် ့ရွက်ပါ။
Selamat Hari Raya
( မင်္ဂလာရှိသော ရက်မြတ်ပါရှင် ့ ) ကုန်တိုက်က အရောင်းစာရေးမလေးများလေသံဖြင် ့ ရွက်ပါ။
Selamat Tahu Baru
( မင်္ဂလာ နှစ်သစ်ပါခင်ဗျ ) သူဋ္ဌေးဆီ အန်ပေါင်းတောင်းမယ် ့ အလုပ်သမားတစ်ယောက်ရဲ ့ လေသံဖြင် ့ရွက်ပါ။
တော်ပြီနော်၊ တောတွင်းပျော်လည်း အိပ်တော ့မယ်။

နှစ်သစ်ကို တခူးခူးတခေါခေါ အိပ်ပျော်ရင်း ကြိုဆိုလိုက်တဲ ့
တောတွင်းပျော်

14 comments

  • naywoon ni

    April 5, 2015 at 9:52 pm

    ​တောတွင်​း​ပျောဆီ အပျိုလာလှည်​့တာနဲ ့ တူရဲ့ နှစ်​ခါ​တောင်​ပြန်​လာတယ်​ဆို​တော့ အသီးကလဲမာလိုက်​တာ ။ အပျိုလာလှည်​့တာ နှင်​ထုတ်​ရတယ်​လို့ 🙂

    • တောတွင်းပျော်

      April 6, 2015 at 11:08 pm

      တော်သေးရဲ ့..
      မိုးများမလင်းရင် ဘယ်နှစ်ကြိမ်များ လာလှည် ့အုံးမလဲမသိ။

  • lu lu

    April 5, 2015 at 10:15 pm

    တောတွင်းပျော်
    ဘဝ ဆိုတာ အဆုံးအစ မရှိတဲ ့တောနက်ထဲ
    မျက်စိလည် လမ်းမှားနေသလိုပေါ့ ဘယ်အရာ မှ
    ပြီးဆုံးသွားတယ်ဆိုတာ မရှိဘူးးး
    နှစ်တွေကတော့ အတော့အဟောင်းကနေအသစ် ပြောင်းသွားလိမ့်မယ် လူတွေကတော့ အဟောင်းမှာ ဝေ့လည်လည် ရင်းးးးးး
    :buu:

    • ဦးကြောင်ကြီး

      April 6, 2015 at 10:04 am

      တော်တွင်းပျော်
      ကျောခင်းစော်
      မောရင်းအော်
      ဖောဝင်းလှော်..။

      မှက်ခြက်။ လုမကို တောထဲခေါ် ဆားခြင်သီ။

    • တောတွင်းပျော်

      April 6, 2015 at 10:56 pm

      မလုလု
      ကိုကြောင်ကြီးရန်က လုံခြုံရေးအတွက် ဖေါက်ခွဲရေးတွေ မလုပ်ဘူးလား။

  • ခင်ဇော်

    April 6, 2015 at 8:41 am

    ရေးတတ်တာအေ။
    သည်းထိပ်ရင်ဖိုပဲ။
    အဲဒီ ဆင် က ရိုးရိုးဆင်မဲ ပဲလား??
    ခရုသင်းစွဲနေသေးလား နောက်ခါ သေချာကြည့်ခဲ့အူးနော်

    :k:

    • တောတွင်းပျော်

      April 6, 2015 at 10:59 pm

      ဓါတ်ပုံများရိုက်မိလို ့ကတော ့
      ဖိုတိုနဲ ့ ရှော ့ပြီး ဆင်ဖြူတော်လုပ်အုံးမလားလို ့လေ..

  • Mike

    April 6, 2015 at 9:20 am

    .ဇတ်လမ်းလေးကစိတ်လှုပ်ရှားစရာလေး…စာရေးလည်းကောင်းပါ့ဗျာ
    .

    • တောတွင်းပျော်

      April 6, 2015 at 11:06 pm

      စာရေးကောင်းဆိုပြီး အားပေးတဲ ့အတွက် ကျေးဇူးပါဗျို ့ ကိုမိုက်။

  • Alinn Z

    April 6, 2015 at 1:56 pm

    မင်္ဂလာပါ ကိုတောပျော်

    • တောတွင်းပျော်

      April 6, 2015 at 11:02 pm

      apakhabar ပါ ကိုအလင်း ဇက် ( သတ်ပုံးအမှန်)

  • တောင်ပေါ်သား

    April 6, 2015 at 2:02 pm

    ဆင်မလေးက မျက်စပစ်မသွားဘူးလားဗျ 🙂

    • တောတွင်းပျော်

      April 6, 2015 at 11:03 pm

      ဘုကြည် ့ မခံရတာတောင် ကံကောင်းလို ့..

  • Mr. MarGa

    April 20, 2015 at 4:10 pm

    ဖမ်းပြီး ရောင်းစားရမှာ
    :k: :k:

Leave a Reply