မှာခဲ ့ပါရစေ

အမှားအမှန် မရှိ
အစွန်းတဖက်ရောက်
အမုန်းတရားအောက်မှာ
ဘဝကိုစတေး၊ အသက်ကိုပေးဖို ့
လည်ဝပ်စင်းလို ့ ခံခဲ ့ရပြီကွယ်။

ဖေကြီး၊ မေကြီး အကိုကြီးနဲ ့
အိမ်ကကျန်ရစ် ချစ်နှမတွေ
ကျနော် မိုက်မှား၊ ရှိသမျှအပြစ်များ
ကြေပါစေကြောင်းရယ်
ဝန်ချတောင်းပန်
ကန်တော ့ခဲ ့ပါရစေ။

ချစ်သော BABY…!
I LOVE YOU နော်…..
ရင်ထဲက စကား၊ နောက်ဆုံးစကား
နင်ကြားသိအောင်
တိုးဖွဖွဆိုရင်၊ ကြိုးစားပြုံးမယ်
မငိုပါနဲ ့ကွယ်
နှုတ်ဆက်ခဲ ့ပါတယ်။

တောတွင်းပျော်ရေ…..
အဝေးက ချစ်သူငယ်ချင်း
မင်းရင်ထိရှ၊ ကွဲကြေမွလည်း
ခုချိန်လေးမှာ…
ငါ ့ကိုရည်စူး
ဆုတောင်းလေးတစ်ခု
ပြုပေးလိုက်ပါ၊ သူငယ်ချင်းရာ..
ပူလောင်မှုငြိမ်း၊ အငြိုးတရားကင်းတဲ ့
အေးချမ်းတဲ ့ ကမ ္ဘာအသစ်ဆီ
ငြိမ်းငြိမ်းချမ်းချမ်း
ငါသွားပါရစေလားကွာ။

အချစ်အမုန်း၊ အရှူံးအနိုင်
အမှန်နဲ ့ အမှား
အပြုံးနဲ ့ အငို
အပေးအယူ အားလုံးကိုစွန် ့လွှတ်
ဥပေက္ခာ ခြေလှမ်းရွေ ့ရင်း
ဟို… နေဝင်ရာ မိုးကုပ်တဖက်ဆီက
ဘိုးဘေးတို ့တစ်တွေရဲ ့
ဗုံမောင်းတီးခတ်
သာယာစွာ သီဆိုကခုန်နေကြတဲ ့
ထာဝရမငြိမ်း မီးပုံပွဲဆီ
စိတ်အစဉ် ဦးညွှတ်လို ့
ဖြည်းငြိမ် ့ ညင်သာ
လွင် ့ပါးလို ့ ရောက်ခဲ ့ပြီလေ။

××××××××××××××××××××××××××××××××××××××××××××××××××
သတင်း ဓါတ်ပုံတွေထဲက အစွန်းရောက်တွေရဲ ့ ရက်ရက်စက်စက် သတ်ဖြတ်ခံရတော ့မယ် ့
သူတွေရဲ ့ပုံတွေမြင်တွေ ့မိလို ့ ကိုယ်ချင်းစာစိတ်နဲ ့ ခံစားရေးဖွဲ ့မိလိုက်တာပါ။

ရေးချင်တာတွေ လျှောက်ရေးနေတဲ ့
တောတွင်းပျော်

7 comments

  • lu lu

    April 5, 2015 at 10:04 pm

    လူ ့ဖြစ်ရတဲ့ ဒုက္ခ တွေပေါ့ နော်
    ဘဝဆိုတာ အမှားအမှန်ဝေခွဲလို ့မရနိုင်လောက်အောင်
    ရင်ဆိုင်နေရတဲ့ သောက ဒုက္ခ တွေ က အသက်ဆုံးတဲ့အထိပေါ့
    🙁

  • Alinn Z

    April 6, 2015 at 9:09 am

    အစွန်းရောက်တွေကို ကြည့်ပြီး
    အစွန်းမရောက်အောင် တွေးခေါ် နေထိုင်ဖို့ သင်ယူနေမိတာာာာာ

  • Mike

    April 6, 2015 at 4:09 pm

    .တစ်နေ့ကလည်း အစွန်းရောက်တွေ တက္ကသိုလ်တစ်ခုကိုဝင်ပစ်တာ ၁၄ဝတောင်သေသတဲ့
    .စိတ်မကောင်းစရာ

  • Mike

    April 6, 2015 at 4:16 pm

    .
    ကင်ညာနိုင်ငံကတက္ကသိုလ်တခုမှာ Al-Shabab စစ်သွေးကြွတွေ သတ်ဖြတ်ခဲ့သူ ၁၄၈ ယောက်အတွက်ရည်စူးပြီး ယေရှုခရစ်တော် ရှင်ပြန်ထမြောက်တဲ့ Easter Sunday နေ့ကို ဆင်နွဲနေကြပါတယ်။ ကင်ညာနိုင်ငံတဝှမ်း Garissa တက္ကသိုလ်မှာ သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပနေတာလည်းဖြစ်ပါတယ်။

    ကြာသပတေးနေ့တုန်းက Garrisa တက္ကသိုလ်မှာ အကြမ်းဖက်တိုက်ခိုက်ပြီး သေဆုံးခဲ့တဲ့ သေနတ်သမားလေးဦးထဲမှာ အစိုးရအရာရှိတဦးရဲ့သား တယောက်ဖြစ်တဲ့ Abdirahim Mohammed Abdullahi လည်းပါဝင်နေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Mwenda Njoka က ဒီကနေ့ တနင်္ဂနွေနေ့မှာ ပြောပါတယ်။ သူဟာ Mandera ဒေသ အစိုးရအဖွဲ့အကြီးအကဲရဲ့သားဖြစ်ပါတယ်။ အဲဒီအရာရှိက သူ့သားပျောက်ဆုံးနေကြောင်း အသိပေးတိုင်တန်းခဲ့တယ်ဆိုတာကိုလည်း ပြောခွင့်ရ Njoka က ဆိုပါတယ်။

    ဒီအတောအတွင်း ကင်ညာ လုံခြုံရေးဆိုင်ရာအကြီးအကဲက စစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုအပေါ် လုံခြုံရေးတွေရဲ့တုံ့ပြန်ဆောင်ရွက်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုပါတယ်။ အထူးလုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အခင်းဖြစ်ပွားရာနေရာကိုရောက်ဖို့ မြို့တော် နိုင်ရိုဘီကနေလာရာမှာ အနည်းဆုံး ရ နာရီလောက် ကြာပြီးမှ ရောက်ခဲ့တယ်လို့ ပြင်သစ် နယူးအေဂျင်စီတခုက အစီရင်ခံပါတယ်။ ဒါဟာ တခြားလုံခြုံရေးအဖွဲ့ဝင်တွေနဲ့ စစ်သွေးကြွတွေ အပြန်အလှန် ပစ်ခတ်အပြီး နာရီအတော်ကြာမှ ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။

    • တောတွင်းပျော်

      April 6, 2015 at 10:49 pm

      သူတို ့ရဲ ့ ရက်စက်မှုတွေက သူတို ့ဘာသာတူတွေတောင် လက်ခံလို ့မရနိုင်လောက်အောင်
      ကြမ်းလွန်းတယ်။

  • ဝင့်ပြုံးမြင့်

    April 7, 2015 at 1:29 am

    အခု ကျမ အစွန်းရောက်တွေအကြောင်း ဖတ်နေတာ။ အံ့ဩစရာတွေချည်းပဲ။ သူတို့က ပညာတွေ ဘယ်လောက် တတ်တတ်၊ နိုင်ငံရေး အသိပညာတွေ ဘယ်လောက်တိုးတိုး၊ အစွန်းရောက်တာပဲတဲ့။ အဲဒါ ငယ်ငယ်က စာသင်ကြားပုံကြောင့် ပါတယ်တဲ့။ ခေတ်ပညာတွေ တတ်လို့ အစွန်းမရောက်အောင် မရှောင်နိုင်ဘူးတဲ့။ ငယ်ငယ်က စာသင်တာမှာ ဘာသာရေးက ပညာရေးကို လွှမ်းမိုးခဲ့လို့ပါတဲ့။ ကျမကတော့ IS တွေကို ချေမှုန်းတာကို အကြိုက်ဆုံးပဲ။ ဒါလည်း အစွန်းရောက်တာပဲလား မသိဘူး။

    • naywoon ni

      April 7, 2015 at 7:34 pm

      ဆရာမ​ရေ ကျ​နော်​က​တော့ သူတို့က အစွန်​း​ရောက်​ဆို ကျ​နော်​က ဆန်​့ကျင်​ဘက်​ တစ်​ဖက်​စွန်​းမှာ​နေ​ပေးလိုက်​တယ်​ ။ဒါမှ က​လေး​တွေ ဆီး​ဆော ကစားသလို balance ညီ​အောင်​လို့ပါ ။ 🙂

Leave a Reply