ခံစစ်သေ ဒဏ်ဖြစ်နေ Maginot Line

ငယ်ငယ်ဒုံးက စပ်စပ်စုစုနဲ့ စာတွေဖတ်ဖူးဒဲ့အထဲ မြန်တျန့်နိုင်ငံရေးနဲ့ တိုက်ဆိုင်လို့ ပြင်သစ်နိုင်ငံ မက်ဂီနော ခံတပ်ကြီးအကြောင်း အမှတ်ရနေအိ။ ဂျာမနီမှာ နာဇီပါတီ အာဏှာရပီး ဥရောပမှာ စစ်ငွေ့စစ်ရိပ်သမ်းလာဒေါ့ အိမ်နီးဂျင်း ပြင်သစ်ပြည်လည်း စစ်ပြင်ဒယ်။ ရန်သူဂျာမန် ကျူ းကျော်လျင် ခုခံဖို့ နယ်စပ်မှာ မက်ဂီနော ခံတပ်ကာကွယ်ရေးလိုင်းကြီး ဆောက်တယ်။ အခိုင်အမာ ဂဒုတ်ကျင်းတူး၊ လက်နက်ကြီးဆင်.. တပ်ချပြီး အပီစောင့်ဒါပေါ့စ်။ ပထမကမာ္ဘစစ်မှာ ဂျာမန် ဝင်အတီး ခံရဒဲ့ သင်ခန်းစာယူ ပြင်ဆင်ပါတယ်။ ဂျာမန်တွေက နှစ်ပေါင်းများစွာ သတင်း စုဆောင်း ပြင်ဆင်ပြီး လာလည်းလာရော အဲဒီခံတပ်လိုင်း ကျော်ခွပြီး ကစ်ထည့်တာ ပါရီမြို့ ကျပါလေရော..။ ပြင်သစ်အစိုးမရလည်း ပြည်ပထွက်ပြေး.. စစ်တပ်က တောခို.. နိုင်ငံဃ နာဇီဂျာမန် လက်အောက်ကျဒယ်။

မက်ဂီနော့ လျှပ်ပလီတော့
မက်ဂီနော့ လျှပ်ပလီတော့

သင်ဂန်းဇာက အသေထိုင်ဆော့လို့ ဖြစ်တာ။ ခံတပ်ဆောက်ထားတာ နှစ်ပေါင်းများစွာကြာခဲ့ပြီ.. ဒါကိုပဲ ထပ်ခါထပ်ခါ မွမ်းမံပြင်ဆင် အင်အားဖြည့်တယ်။ ပြောင်းလဲနေတဲ့ မြေပြင်အခြေအနေနဲ့ အံဝင်မှု မရှိဒေါ့တာ သတိမပြုမိဘူး။ ရန်သူကို ကိုယ့်လိုပဲ ကိုယ်တွေးသလိုပဲ တွေးမှာပဲ တွက်တယ်။ အဲဒမှာ ရင်းထားသမျှ အလဟဿ        ဖြစ်တာပဲ။

မြန်တျန့်နိုင်ငံရေးလည်း ဂလိုပဲ..  အန်အယ်လ်ဒီနဲ့ လက်ရှိ လန်းဂျောင်းတူသူ မှန်ဒယ် ထောက်ခံသူထဲ ဆိတ်စွမ်းအားရှင်နဲ့ သပ်ချောင် အများဂျီးပါနေတယ်.. ဘွားဒေါ်ဂျီးဂ ရွေးဂေါက်ပွဲ အာရုံစိုက်လွန်းတယ် (တနေ့ကဒေါ့ အင်တာဗျူ းမှာ သပိတ်မှောက်ကောင်း မှောက်မြည်ဒဲ့) ။ ဆက်နွယ်နေဒဲ့ ခြေဥပြင်ဖို့ဒေါ့ ပါဒါပေါ့စ်လေ။ သို့ပေမည့် ရည်မှန်းဂျက်က ၂၀၁၅မှာ မဲအများဇုနဲ့ အာဏှာရလျင်… တခုထည်းကို ပုံအောလွန်း.. အဲဒါကိုပဲ အဲဒါနဲ့ ပတ်သက်တာတွေပဲ ခံစစ် ပြင်လွန်းနေဒေါ့… ရွေးဂေါက်ပွဲ လုပ်ပေးလျင်.. လွတ်လပ် တယားမျှတလျင်… အာဏှာလွှဲပေးလျင် ဟုတ်ပါရဲ့။ နာဇီဂျာမန်တွေလို အဲဒီ ခံစစ်ကြောင်းဆီမလာ.. အခြားတနေရာက ဝင်တိုက်လျင် အားလုံး ငုတ်တုပ်မေ့မည်။

 

အဓိပါယ် ဖွင်စိုခြပ်။။။။

ဆိတ်စွမ်းအားရှင် ။ တောင်းဆို တိုက်ပွဲဝင်ခြင်းထက် စိတ်ထဲမှ ကြိတ်စုတောင်းလျင် ရမည်ထင်သူ

သပ်ချောင် ။ သပ်ပါတီ အမည်ခံ အချောင်သမား

 

 

ငါကွ…. ဒီမိုကြောင်ကြီး

7 comments

  • naywoon ni

    April 6, 2015 at 10:44 am

    တိုက်​ပွဲ ​ခေါ်သံ ဂျီးကလဲ ပျင်​းဌန်​လှခြည်​့ရဲ့ 🙂

  • Alinn Z

    April 6, 2015 at 1:39 pm

    အမေက အခုတလောတော့ အစိုးမရပိုင်းကို ပယ်ပယ်နယ်နယ်တွေ ပြောဆိုဝေဖန်နေပါ့လား…
    လန့်စရာတောင် ကောင်းလာတယ်..

    :k:

  • တောင်ပေါ်သား

    April 6, 2015 at 1:53 pm

    သူမဝင်လေ ဟိုကကြိုက်လေပဲ ၊

    ၂၀၂ဝ မှဆိုရင်တော့ နှောင်းခဲ့ပြီနွေဖြစ်သွားမယ်

  • ခင်ဇော်

    April 7, 2015 at 12:39 pm

    အမှန်တော့ ဒီ အစိုးရနဲ့ ယှဉ်ဖို့ အကွက်တွေက ဖီဖီကြောင် ပြောတာတွေက အဟုတ်ပါပဲ။
    ဒါပေမဲ့ ရှေ့တန်းတင်ထားရတဲ့ ကျနော်တို့စစ်ကဲဟာ သန့်စင်လွန်းတယ်။
    ကလေးကွက်တွေနဲ့ အနိုင်ယူခံရတာ များလွန်းတော့လည်း ကိုယ်တွေ ရဲ့ လူကြီးဆန်မှုဟာ ရှေ့ရောက်ပါ့မလားလို့ တွေးမိကောင်းတွေးမိကြမပေါ့။

    ဘာပဲဖြစ်ဖြစ် အမေ့ကိုပဲ ယုံပြီး ပုံအပ်ထားတာ ခုချိန်ထိမမှားသေးဘူးလို့ ယူဆတယ်။
    အားလုံး အနာအကျင်နည်းမဲ့ လမ်းကို ရွေးသွားနေတာမို့ပါ။
    ခရီးမတွင်ဘူးလို့ ထင်စရာရှိသော်လည်း စတေးရတာ နည်းမလားပဲ။

  • kai

    April 7, 2015 at 1:55 pm

    အင်း.( ရွဲ့ပြောရရင်..) ဒဏ်ဖြစ်နေလို့သာ.. ဒီလောက်ရလာတာလို့.. ထင်မိ…။
    သူမ မရှိခင်.. ခေါင်းမဆောင်ခင်ကများ.. ဘာများဖြစ်ကြတယ်လိုက်လို့…။
    ရာစုနှစ်… တဝက်…။

    အခုလောက်ရကြမှ… လေသံကျယ်လာကြတာများ…
    ဒီအကျိုးရလဒ်တွေအညွှန့်ခူးစားပြီး.. -င်ေ-ါင်းတော့ မကျယ်ပြကြဖို့… လိုတယ်လို့တော့… ထင်..။ :k:

  • မြစပဲရိုး

    April 13, 2015 at 8:25 pm

    . ကြောင်ကြောင်

    သတိပေး စကားလေး အတွက် ကျေးဇူးတင်ကြောင်း စု ကိုယ်စား ပြောပါတယ်။
    သို့ပေသည့် နဲနဲ ကွန့် ပါရစေ။
    အခု ဖြစ်နေတဲ့ မြန်မာပြည်ထဲမှာ ပြည်သူ နဲ့ စစ်တပ်ကြားမှာ က ရှင်ပြောတဲ့ သမိုင်းလို လက်နက် နဲ့ တိုက်ဖို့ အကြောင်း မရှိဘူးလေ။
    တိုက်ဖို့လဲ လူအား ရော၊ လက်နက်အားပါ မရှိဘူး။
    စိတ်ဓာတ် နဲ့ တိုက်ဖို့ လိုနေတာ။
    တနည်း “ဟင့်အင်း” သမား တွေ ကို ကိုယ့်ဘက်ပါ အောင် ဆွဲနေခြင်း နဲ့ တိုက်နေရတာ။
    ဒါကို မှ တစ်ဖက် က အလေးမထားရင် သမိုင်း ထဲ လူရိုင်း တွေ ဘယ်သူ ဆိုတာ ကျန်မှာဘဲ။
    . နိုင်ငံပြောင်းဖို့ ကတော့ အားလုံးညီမှ ဖြစ်တာမို့ တစ်ဦးချင်း တာဝန်ဘဲ။
    မပြောင်းနိုင်တာ တစ်ဦးချင်း ညံ့လို့။
    ရှင်လဲ ပါတယ်။ကျွန်မ လဲ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်လဲ ပါတယ်။
    သူ့တစ်ယောက်ထဲ မှာ တော့ အပြစ် တွေပုံချ လို့ မရဘူး။

    အချိန်လေးများ ရရင် William Ury ရေးတဲ့ Getting past “NO” Negotiation with difficult People စာအုပ် ကို ဖတ်ကြည့်ပါ။
    . ဒီချုပ် က တော့ ဒေါ်အောင်ဆန်းစုကြည် အမှာ စာ နဲ့ William Ury ဆီက ခွင့်တောင်းပြီး ဘာသာပြန် ထားတယ်။
    “ဟင့်အင်း” ကို ကျော်ဖြတ်ခြင်း၊ ခက်ခဲသောသူများ နှင့် ညှိနှိုင်းခြင်း တဲ့။

    အဲဒီ စာအုပ် ရဲ့ အဆုံး မှာ
    “ဆန့်ကျင်ဖက်မှ မိတ်ဖက်သို့”
    ချိတ် နှစ်ချိတ် ရှိမှ ချိတ်မိပါသည်။
    သို့သော် ငြိနေသော ချိတ်နှစ်ခု ကို ပြန်ဖြေ ရန်မှာ ချိတ် တစ်ခု ကို ပြန်ဖြေ ရုံ နှင့် ဖြစ်နိုင်ပါသည်။
    သင့်အဖို့ ခက်ခဲဆုံးသော ညှိနှိုင်းမှုကို ပြေလည်နိုင်စေသော စွမ်းအားမှာ သင့်ထံတွင်ရှိပါသည်။
    အမေရိကန်ပြည်တွင် စစ်အတွင်းက သမ္မတ အီဗရာဟင်လင်ကွန်း က တောင်ပိုင်းသားပုန်ကန်သူများ ကို စာနာထောက်ထားသည့် မိန့်ခွန်း တစ်ရပ် ကို ပြောသည်။
    သူ့ကို အပြင်းအထန်ထောက်ခံနေသည့် အမျိုးသမီးကြီးတစ်ဦးက ရန်သူများကို ချေမှုန်းရန် စဉ်းစားရမည့်အချိန်တွင် ရန်သူတို့အပေါ် ညှာတာသော မိန့်ခွန်းကို ပြောရပါမည်လောဟု အပြစ်တင်သည်။
    လင်ကွန်း၏ အဖြေမှာ ဂန္တဝင် အဖြစ်မှတ်တမ်းတင်ရစ်ပါသည်။
    “ဘာလို့လဲ အစ်မကြီး ရဲ့။ ကျွန်တော် ရဲ့ ရန်သူတွေကို မိတ်ဆွေ ဖြစ်အောင် လုပ်နိုင်ရင် ကျွန်တော် တို့ ရန်သူ တွေ ကျေပျက် သွားတာဘဲ မဟုတ်ဘူးလား”

    What do you think Mr Big Cat ????????????????

  • koyinmaung

    April 15, 2015 at 12:22 am

    ခုဖြစ်နေတဲ့နိုင်ငံရေးအခင်းအကျင်းက အစိုးရဘက်က ၄ယောက် အစိုးရကို ဆန်ကျင်နိုင်တာ ၂ယောက် ဟို၄ယောက်က တယောက်တပေါက်မလုပ်ဘဲ တယောက်သောသူရဲ့ညွန်ကြားထားသလိုအကောင်းအထည်ဖေါ်မဲ့သူတွေ အဲ့ဒီထဲက အများသဘောတူလုပ်တိုင်း ရှုံးနေပြီ ရွေးကောက်ပွဲ ဘယ်လိုပြိုင်ပြိုင်သူတို့NLDကိုမနိုင်မှန်းသိလို့ နည်းမျိုးစုံညစ်ပါတ်ဘို့ကြိမ်းသေတယ် ….

Leave a Reply