မှန်​ခြင်​း မှားခြင်​း သီဝရီ ကျိုးပျက်​ခြင်​း

naywoon niApril 6, 20151min1666

မှန်​ခြင်​း မှားခြင်​း သီဝရီ ကျိုးပျက်​ခြင်​း

တစ်​ဖက်​ကမှန်​ရင်​ တစ်​ဖက်​ကမှားရလိမ်​့မယ်​ဆိုတဲ့အ​တွေး
နှစ်​ဆယ်​ရာစုမှာ ထားခဲ့လိုက်​​တော့ ။
အ​ခြေအ​နေတစ်​ခုအရ
နှစ်​ဘက်​စလုံးမှန်​နိုင်​သလို
နှစ်​ဖက်​လုံးကလည်​းမှာ​နေနိုင်​တာပဲ ။
အားလုံး
ဘက်​​ပေါင်​းစုံက ​ကောက်​ချက်​​တွေစုရုန်​း
အမှန်​ အမှား ငြင်​းခုံ​နေမှု​တွေ သုံးမ​နေနဲ့
အဘယ်​ အရာက လူအများကို အကျိုးပြုမလဲ
ဘယ်​ဟာက​တော့ လူအများကို ထိခိုက်​နစ်​နာ​စေလိမ်​့မလဲ
အဲ့ဒိ​ပေတံနဲ့ပဲ
ငါတို့ တိုင်​းတာ ဆုံးဖြတ်​ကြရ​အောင်​ ။
ကဲ ……
ငြင်​းခုံ​နေတဲ့ အခန်​း​တွေတံခါးဆွဲပိတ်​
ငါတို့ ​ရှေ့ခရီးဆက်​ကြရ​အောင်​ ………. ။

​နေဝန်​းနီ
8:24 PM
2015 Apr 6

6 comments

  • ဝင့်ပြုံးမြင့်

    April 7, 2015 at 1:33 am

    .သဂျီးကတော့ ငြင်းခုံခြင်း အနုပညာတဲ့။
    .အလက်ဇင်းကတော့ ငြင်းခုံခြင်းကို အနုပညာ စာရင်းထဲသွင်းကိုမသွင်းဘူးတဲ့။
    .အဲဒီ dog ဘာ sex လုပ်ကြမလဲ။

  • Alinn Z

    April 7, 2015 at 10:05 am

    .ငြင်းနေစရာမလိုဘူးဟေ့
    .ငြင်းခုံခြင်းဟာ အနုပညာကို ဖန်တီးနိုင်တယ်ဆိုတဲ့အချက်
    တစ်ချက် ထုတ်ပြရင်
    ငြင်းခုံခြင်းကြောင့် အနုပညာ ပျက်စီးယိုယွင်းသွားရတဲ့အချက် အချက်တစ်သိန်း ပြန် ထုတ်ပြမယ်
    :k:

    ဦးနီရဲ့
    ဒီစာသားတွေကို ကျနော် သဘောတူတယ်
    ကျနော်နဲ့ တယူတဆထဲလို့တောင် ပြောရမလိုပဲ။

    အခုလက်ရှိ ပိုစ့်မော်ဒန်ခေတ်စွန်းစွန်းမှာ
    အမှန်တရားဟာ တစ်ဖက်ထဲ တစ်ခုထဲ မဟုတ်တော့ဘူး
    အမှန်တရား မျိုးစုံ ရှိတယ်။
    အမှန်တရားဟာ ပုံစံမျိုးစုံနဲ့ အထွေထွေအပြားပြားရှိတယ်
    သူခိုးမှာတောင် ခိုးရခြင်း အကြောင်းရင်းခံ အမှန်တရားနဲ့

    :kwi:

  • Mike

    April 7, 2015 at 11:19 am

    .ဘာမှမီပြောခဲ့တော့ဝူး

  • ခင်ဇော်

    April 7, 2015 at 12:30 pm

    ပါးစပ်ပိတ်…. ခေါင်းငြိမ့်…ကြိတ်မှိတ်
    ်ငါနားလည်ပေးမယ်
    ဖြည်း ဖြည်း ဖြည်း ဖြည်းလေးပြော
    နား နား ပြီးပြောမောမယ်

    တိုး တိုး တိုး တိုးလေးပြော
    အားလုံးလည်းကြားပါတယ် ~~~~~

    အဲဒီ သီချင်းကိုပဲ ဆိုချင်နေတယ်..
    :a:

  • kai

    April 7, 2015 at 1:46 pm

    http://myanmargazette.net/62285

    thit min says:

    မူလပို့စ်၏ အနှစ်ချုပ် (အချက်အလက် လို သွားလျှင်ဖြည့်ပေးနိုင်ပါသည်)

    “ငြင်းခုန်ခြင်း အနုပညာ”

    1. အနိုင်ရမှု၊ ကျော်ကြားမှုဆီသို့ဦးတည်မသွားပဲ အဖြေတခုထွက်ရန်ရည်ရွယ်သော ဆွေးနွေးငြင်းခုန်မှု

    2. ပညာလိုလား စိတ်နှလုံးသားနှင့်ဆွေးနွေးခြင်း …………ဟု ဆိုပါမည်။
    ————————————–

    “ဝန်ခံခြင်း အနုပညာ”

    1. မိမိမှားသည်ကို“မှားမိပါသည်”ဝန်ခံပြောခြင်းသည်လည်းတိုးတက်ရာလမ်းပေါ်ရှေ့ရှုသွားနိုင်လေသည်။

    2. အမှားကို ဝန်ခံခြင်း၊ အမှန်ကို လက်ခံခြင်းသည် လူသား၏ကောင်းသော အသိသညာ၊သတိရှိသော အနုပညာပင်ဖြစ်လေသည်။
    —————————————

    “မိတ်ငါစည်း”

    1. မိတ်ဆွေ(မိတ်)နှင့်မိမိ(ငါ)-“မိတ်ငါစည်း”ဘောင်တွင်နေကြပါမူငြင်းခုန်အငြင်းပွားကြသည်တို့တွင်အချက်အလက်စွဲကိုင်ပြောသူကိုသတင်းစကားသယ်ယူလာသူအဖြစ်သာမြင်ကြရန်အကြောင်းရှိပါသည်။

    2. အချက်အလက်ကိုဦးတည်တိုက်ခိုက်ဆွေးနွေးကြရန်သာရှိသည်။

    3. ငြင်းခုန်ကြရာတွင်မိမိမှစိတ်ရင်းကောင်းဖြင့်ဆွေးနွေးပြောဆိုခြင်းယုတ္တိဗေဒနည်းကျ
    ကျိုးကြောင်းဆင်ခြင်ခြင်းတို့ဖြင့်အမှန်တရားကိုဆန်းစစ်ရှာဖွေနိုင်ပါသည်။

    4.ပေါင်းစုစည်းရုံးခြင်းနှင့်ညီညွတ်ခြင်းဖြစ်နိုင်ပါသည်။အကျိုးစီးပွား ဖြစ်ထွန်း၍ မိတ်ဆွေတိုးစေနိုင်ပါသည်။

    ————————————–

    “ခေါင်းဆောင်မှုအနုပညာ”

    1.လူတဖက်သားကိုဆွဲဆောင်စည်ရုံးနိုင်စွမ်းရှိသူဖြစ်လျှင်ခေါင်းဆောင်အရည်အချင်းတခုပြည့်သူဆိုရပေမည်။

    2. ခေါင်းဆောင်ဆိုသည်ကို မိမိကိုယ်နှိုက်က ပြန်သတ်မှတ်ရသည်မဟုတ်..။
    —————————————

    “မီဒီယာ”

    1.ဒီမိုကရေစီတွင် လူအများစု၏ဆန္ဒအတိုင်းအနိုင်ပေးရန်ရှိရသော်ငြား လူနည်းစု၏ သဘောထားနှင့်မှတ်ချက်ကိုလည်းနှိပ်ကွပ်ပစ်ပယ်လိုက်ရသည်မဟုတ်ပါ။ လူတဦးခြင်းစီ၏ သဘောထားမှတ်ချက်မျှကိုပင်အသိအမှတ်ပြုရမည်။ မီဒီယာတွင်ဖေါ်ပြမှတ်တမ်းတင်ရသည်။

    2. အနိုင်ရသူသည် မိတ်ဖက်တဖက်သား တည်ရှိဆွေးနွေးပေးမှုကြောင့်သာ လူထုအများစုမှ အနိုင်ပေးလိုက်သည်မဟုတ်ပါလား..။

    ~~~~~~~~~~~~~~~~~~~
    Final Message

    သို့ဖြစ်၍ ပွင့်လင်းသောနှလုံးသားဖြင့် ဆွေးနွေးငြင်းခုန်ခြင်းတို့တွင် “ရှုံးသူမရှိ။ နိုင်သူသာရှိ”သည်။

    • naywoon ni

      April 7, 2015 at 6:58 pm

      ငြင်​းခုံခြင်​းက ကျန်​တဲ့ လူမျိုး​တွေအတွက်​​တော့ အနုပညာဖြစ်​ချင်​ဖြစ်​ပါလိမ်​့မယ်​ ။ ဗမာလူမျိုးအတွက်​​တော့ အနုပညာမဖြစ်​နိုင်​တာ အ​သေအချာ ။
      မယုံရင်​ ဖွဘုတ်​ထဲကိုသွားကျိ ………
      ငြင်​းခုန်​ခြင်​းကို အနုပညာလို့ ​ပြောရင်​ ဆဲဆိုခြင်​းသည်​လည်​း အနုပညာဖြစ်​​ပေလိမ်​့မယ်​ ။
      မှတ်​ချက်​ ။ ဗမာလူမျိုးအတွက်​

Leave a Reply