​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း-၁၄

naywoon niApril 6, 20151min1224

​နေဝန်​းနီ ဓာတ်​​သေ ဆြာဖြစ်​သွားခြင်​း-၁၄

နားနား​နေ​နေ

ရွာက ရွာကြီး​ပေမယ်​လို့ မြို့နဲ့ သိပ်​အလှမ်​း​ဝေးတဲ့ ​နေရာ မဟုတ်​တာရယ်​ ။ နိုင်​ငံခြားထွက်​တဲ့သူ​ပေါတာရယ်​ ။ လွန်​ခဲ့နှစ်​ထိ သီးနှံ​ဈေးကွက်​​ကောင်​းခဲ့ တာ ရယ်​​ကြောင်​့ မှတ်​ပုံတင်​ အသစ်​လုပ်​မဲ့ သူက သိပ်​မရှိပါဘူး ။ ဆယ်​့ရှစ်​နှစ်​ပြည်​့လို့ လဲမဲ့သူ​တွေပဲရှိတယ်​ ။ အရင်​က ရွာမှာဆင်​းလုပ်​မ​ပေးလို့ တစ်​ချို့လည်​း မသိလို့မလာကြဘူး ။ တစ်​ချို့လည်​း ခရီးလွန်​​နေကြ ဆို​တော့ မ​နေ့က လူ ​ခြောက်​ဆယ်​​လောက်​နဲ့ နားလိုက်​ရတယ်​ ။ ဒီ​နေ့​တော့ နားနား​နေ​နေ နဲ့ ​ဖြေး​ဖြေးပဲ လုပ်​သွားရုံ ။ ​နောက်​​နေ့ ချိန်​းထားတာက ကြီးအင်​း ဆိုတဲ ့ အုပ်​စု ။ အရင်​က ​တောင်​ရိုး ရှစ်​အုပ်​စု လို့ ​ခေါ်တဲ့ရွာ​တွေ ။ လှည်​းနဲ့ ထွန်​စက်​ ​တွေကလွဲရင်​ ​ခြေလျင်​ ကြိတ်​ခဲ့ရတဲ့ရွာ​တွေ ။ ​တောင်​အတက်​​တွေမှာ ထွန်​စက်​​မောင်​းသူ ကျွမ်​းကျင်​ ကျွမ်​းကျင်​သလို စိတ်​ချလက်​ချသွားလို့ ရပါတယ်​ ။ ​နောက်​တွဲ ​ထွေလာ လို့​ခေါ်တဲ့ ဇလားပုံ​နောက်​တွဲ ချိတ်​မ​မောင်​းကြဘူး ။ ​တောင်​တက်​ ​တောင်​ဆင်​းလမ်​းမှာ ​ချော်​ပြီး ​မှောက်​တတ်​လို့ ။ ခု​တော့ ​နေပြည်​​တော်​ ဝန်​းကျင်​မှာ လမ်​း​တွေ ပင်​့ကူအိမ်​​တွေလို ​ဖောက်​ထားတာ​ကြောင်​့ ဆိုင်​ကယ်​လမ်​းမ​ပေါက်​တဲ့ ရွာ မရှိ​တော့ဘူး ။ ဒါ​ကြောင်​့ ရွာသား​တွေရဲ့ မရှိမဖြစ်​ လိုအပ်​ချက်​ နံပါတ်​ တစ်​က ဆိုင်​ကယ်​ဖြစ်​လာတယ်​ ။ ဒါ​ပေမဲ့ လူတိုင်​းစီးနိုင်​သလား ဆို​တော့လည်​း မစီးနိုင်​ကြ​သေးပါဘူး ။ အိမ်​​ခြေ တစ်​ရာရှိတဲ့ ရွာ မှာ ဆိုင်​ကယ်​ အနဲဆုံး သုံးဆယ်​​လောက်​​တော့ ရှိတတ်​ပါတယ်​ ။ အိမ်​တိုင်​း​စေ့​တော့ မရှိ​သေးပါဘူး ။ ဒါ​ကြောင်​့လည်​း မြို့နဲ့ လိုင်​းကား​တွေ ကယ်​ရီ ဆွဲတဲ့သူ​တွေရှိ​နေကြ​သေးတာ​ပေါ့ ။

အုပ်​ချုပ်​​ရေးမှူးက​တော့ သူ့ဝတ္တရားမပျက်​ မနက်​အ​စောစာကို ထမင်​း ​ကော်​ဖီ မလစ်​​ဟင်​း​အောင်​ ဧည်​့ခံ​နေ​ပေမဲ့ ရွာကပိုက်​ဆံ ​ကောက်​မထားမှန်​းသိ​တော့ အား​တောင်​့အားနာ ။ သူက​တော့​ပြောပါတယ်​ ။ ဒါ​တောင်​ ဝါ​ဈေး ဒီနှစ်​မ​ကောင်​းလို့တဲ့ ။ ဟုတ်​တယ်​ ဒီရွာရဲ့ အဓိက စိုက်​ပျိုးသီးနှံက ပဲတီစိမ်​းနဲ့ ဝါ ။ ​ချောင်​းနံ​ဘေး​လောက်​ပဲ စပါးစိုက်​လို့ အဆင်​​ပြေတာ ။ ဒါ​တောင်​မှ ဆည်​က ​ရေထိမ်​းထားတဲ့ကာလဆို စပါးလည်​း အစိုက်​​နောက်​ကျတာပဲ ။ နံ​ဘေးမှာ ဖြတ်​စီး ​နေတဲ့ ဆင်​​သေ ​ချောင်​းကြီး ရှိ​နေပါရဲ့နဲ့ အထက်​က ပိတ်​ပြီး ဆည်​​ဆောက်​လိုက်​တာ​ကြောင်​့ အရင်​လို ​ချောင်​း​ရေ လိုသ​လောက်​တင်​လို့မရ​တော့လို့ ဆိုပါတယ်​ ။

“တွက်​ကြည်​့ဗျာ ဝါ ​ဈေးက မနှစ်​က ၁၄၅၀/ ဗျာ ခုတစ်​နှစ်​ ၈၅၀/ ဆို​တော့ ​တောင်​သူ​တွေ အရင်​း​ကျေရုံ​လောက်​ရတာ ။ ပဲတီစိမ်​း တုန်​းကလည်​း ​နောက်​ကျတဲ့ သူ​တွေ​လောက်​ပဲ မိုး​လေးမိလိုက်​လို့ ထွက်​တာ ။ သင်္ကြန်​ပြီး စိုက်​​နေကြအတိုင်​း စိုက်​တဲ့သူ​တွေက မိုးမကျလို့ အကုန်​ရှုံး ။ စိုက်​ထားတဲ့ပဲ​စေ့​တွေ မိုးမရွာ​တော့ သဲပူပူထဲ ကျက်​ကုန်​လို့ ​ကောက်​စားလို့​တောင်​ရတယ်​ ။ ဒါနဲ ့ ဖရဲ စိုက်​​တော့ အခု ​မြေ​တွေပျက်​ကုန်​ပြီ ။ ဖရဲစိုက်​ပြီးသား​မြေ​တွေက ​နောက်​က ဘာသီးနှံ စိုက်​စိုက်​ ပိုးသတ်​​ဆေး ​လျော့ထည်​့လို့မရ ။ အား​ဆေးကလည်​း ပံ့ပိုးရ​သေး ။ သမရိုးကျ စိုက်​လို့မရ​တော့ဘူး ”

အုပ်​ချုပ်​​ရေးမှူးနဲ့ စကား​ပြောကြည်​့မှ တစ်​ကယ်​့ ပရဟိတ သမားကြီးမှန်​းသိလိုက်​ရတယ်​ ။ ပြီး​တော့ ​နေဝန်​းနီ လို ဂွစာကြီး ။ သည်​​တော့ သူ​တော်​ချင်​းချင်​း သတင်​း​လွေ့​လွေ့​ပေါ့ဗျာ ။ ​နေဝန်​းနီနဲ့ အပြင်​မှာ ​တွေ့​တွေ့ချင်​း စိတ်​တူကိုယ်​တူ အ​တွေးအ​ခေါ်ချင်​းနီးစပ်​သူက ရှားမှရှားဆို​တော့ ကျုပ်​တို့နှစ်​​ယောက်​ကြား ​လေမတိုး​တော့ဘူးဗျို့ ။( အဲ့အ​ကြောင်​း ကြုံရင်​ သီသန်​့​ပြောပါဦးမည်​ )

​နောက်​တစ်​အုပ်​စု စဉ်​ထား​ပေမဲ့ မနက်​မှ လာ​ခေါ်မှာဆို​တော့ မ​နေ့က ကျန်​တဲ့ သူ​လေး ​စောင်​့လုပ်​​ပေး ။ အား​နေတဲ့ အချိန်​ဆို ဘယ်​နား ဖုန်​းလိုင်​းမိလဲ​မေး ။ အဲ့နား​ရောက်​​အောင်​သွား ဖုန်​း​ခေါ်ကြည်​့ ။ ​ဝေး​ဝေးသွားစရာ မလိုပါဘူး ။ စာကြည်​တိုက်​​ခြေရင်​းက မကျီးပင်​​အောက်​မှာ လိုင်​းမိတယ်​ဆိုလို့ လက်​​ထောက်​ဦးစီး နဲ့ နှစ်​​ယောက်​သား ဖုန်​း​လေး​တွေကိုယ်​စီ ထုတ်​ပြီး မကျိီးပင်​ကြီး​အောက်​ ​ခေါက်​တုန်​့​ခေါက်​ပြန်​ ။ တစ်​​ယောက်​နဲ့ တစ်​​ယောက်​ ​ကျောချင်​းကပ်​က​နေ​လျှောက်​လိုက်​ ဝင်​းအဆုံး​ရောက်​​တော့ မျက်​နှာချင်​းဆိုင်​ပြန်​လာလိုက်​ ။ လိုင်​းမိပြီလားလို့ တစ်​​ယောက်​က တစ်​​ယောက်​ကို​မေးရ​သေး ။ ​ဟေ့​ဟေးးးး ​ပျော်​စရာ​တော့​ကောင်​းသား ။ သူများရွာသွားပြီး ဖုန်​းလိုင်​းလိုက်​ရှာ ရတာ ။ ညကျ​တော့ ကင်​မလာထဲက ဘက္ထရီ ကိုထုတ်​ ။ ဒပ္ပတာနဲ့ အားသွင်​း ။ ကင်​မလာ အိတ်​ထဲ တစ်​ခါထဲ ထည်​့သိမ်​းလိုက်​​တော့တယ်​ ။ ဟုတ်​တယ်​​လေ ။ ဓာတ်​​သေက လူနှစ်​ရာ​ကျော်​ ရိုက်​ပြီး​နေပြီ ။ ကွကို ​လျှောက်​ကလိရင်​း ပျက်​ကုန်​မှာ​ကြောက်​လို့ ။ လူကို​တော့ခင်​ပါရဲ့ ကွကို မယုံရဲတာကခက်​၏ ဆိုသလိုပဲ ။” ​အော်​ …… ကြီးအင်​း ရယ်​ ငါမနက်​ဖန်​ ဆက်​ဆက်​လာခဲ့ပါ့မယ်​ ”
လို့​ပြောရင်​းနဲ့ ။

​နေဝန်​းနီ
2015 Apr 6

4 comments

  • Alinn Z

    April 7, 2015 at 10:21 am

    အတွေးအခေါ် အယူအဆတူပြီး စိတ်ထဲ လုပ်ချင် ဖြစ်ချင်တဲ့ လိုင်းတူသူနှစ်ယောက်များ ဆုံမိရင်လေ
    တခုခု ပြောဆို ဆွေးနွေးနေရချိန်ကောာာ
    ဘာမှ နပြောပဲ နှစ်ယောက်အတူ ငြိမ်သက်တိတ်ဆိတ်နေချိန်တွေပါ
    အဓိပ္ပာယ်ကို ရှိလို့

    ဒီရွာထဲမှာ ကျနော်နဲ့ စာပေရေးရာ ဝါဒတူတဲ့ ရေးချင်တဲ့ပုံစံတွေ စိတ်တူကိုယ်တူရှိတဲ့
    .ကောင်မလေးတစ်ယောက် ရှိတယ်။
    သူနဲ့ နှစ်ယောက် ပူးပေါင်းပြီး စာပေပုံစံတစ်ခု ဖန်တီးဦးမယ်

    :k:

  • Mike

    April 7, 2015 at 11:19 am

    .ကျေးရွာတွေရဲ့ ခုလက်ရှိအနေအထားကို ပုံပေါ်အောင်သရုပ်ဖေါ်နိုင်ပါရဲ့ဗျာ

  • ခင်ဇော်

    April 7, 2015 at 12:28 pm

    ရွာမပြောပါနဲ့။
    ရန်ကုန်မှာ ဖဘကို လမ်းပေါ်မှာ ခြင်ကိုက်ခံပြီး ဖုန်း ၂ လုံး ဘယ်ညာကိုင်ပြီး ပြောခဲ့ရတာပါ။
    မိတဲ့နေရာ ရပ်ဆိုရင် မြောင်းစပ်လောက်ရောက်သွားရော။

    :a:

    • naywoon ni

      April 7, 2015 at 7:09 pm

      ခု​နေဝန်​းနီ တို့မြို့မှာ​တော့ ဖုန်​းလိုင်​း​တွေ များလာလို့လား မသိ အဲ့​လောက်​ဒုက္ခ ခံစရာမလို ။ အိပ်​ယာထဲကလည်​းမိတယ်​ ။ အိမ်​သာထဲကလည်​းမိတယ်​ ။ လိုင်​းမိလွန်​းလို့ ​တောင်​စိတ်​ညစ်​​နေရ​သေးတယ်​ 🙂

Leave a Reply