သံသယများနဲ့ ဆက်​ဆံခြင်း

အတုအ​ယောင်​​တွေနဲ့
ကာလရှည်​ကြာစွာ
ယဉ်​ပါးလာရ​လေ​တော့
ဒီကမ္ဘာ​လောကကြီးမှာ
အစစ်​အမှန်​ဆိုတာကို
ရှိ​သေးရဲ့လားလို့​တောင်​ သံသယ၀င်​မိ ။
အစစ်​မရှိလို့ အတုနဲ့အစားထိုး
အစစ်​ မတတ်​နိုင်​လို့ အတု​လေးဝယ်​ကိုင်
အစစ်​နဲ့ အလှမ်း​ဝေးလို့ အတု​လေးနဲ့ ဖလန်းဖလန်းထ
နောက်​ဆုံး​တော့
အရက်​​သောက်​လည်း အတု
အင်္ကျီတံဆိပ်​လည်း အတု
ဟန်းဆက်ကလည်းအတု
ချက်​တင်​ ကလည်းအတု
ချစ်​တယ်​ ဆိုတာကလည်းအတု
စိုးရိမ်​တယ်​လို့ ​ပြော​ပေမဲ့ ရင်​ထဲက၀မ်းသာ​နေတာ
စား​သောက်​​နေတာကလည်း အတု
အားကျတယ်​ဆိုပြီး အတုယူ​နေတာကလည်းအတု
အတု အတု အတု ကမ္ဘာမှာ
ဘာသာ​ရေးကလည်း အတု
ငြိမ်းချမ်း​ရေးကလည်း အတု
လူသားအခွင့်​အ​ရေး ဆိုတာကလည်းအတု
အစစ်​​ယောင်​​ဆောင်​တဲ့အတု
အသစ်​​ယောင်​​ဆောင်​တဲ့အတု
ကုသမဲ့ ​ဆေးဝါးကလည်းအတု
အတုကို အတုနဲ့ကုလို့ အတု​တွေပဲပြန့်​ကျဲ​နေခဲ့
အတုနဲ့အတု အိမ်​​ထောင်​ရက်​သားကျပြီး
အတု​လေး​တွေပဲ​မွေးဖွားလာခဲ့ ။
” ကမ္ဘာကို မင်းမညာနဲ့ ” တဲ့ ***
ကိုညီထွဋ်​​ရေ
ကျုပ်​တို့ ညာ​နေတဲ့ ကမ္ဘာကြီးက ကမ္ဘာအတုကြီးပါဗျ ။
အတုကမ္ဘာ အပြင်​ဘက်​က
အစစ်​ဆိုတာနဲ့ ​တွေ့ရင်​​တောင်
အစစ်​ကို အတုလို့ပဲသံသယ၀င်​ဦးမှာ​သေချာတယ်​ ။
အစစ်​ကို အတုလိုဆက်​ဆံပြီး
အတုကို အစစ်​လို မဆက်​ဆံကြပါနဲ့လို့ ဘယ်​သူလာ​ပြောမလဲဟင်​ ။

Foot note (​အောက်​​ခြေမှတ်​စု ) –
“ကမ္ဘာကို မင်းမညာနဲ့ “*** = ​ဇော်​၀င်းထွဋ်​ ရဲ့ အချစ်​အတု သီချင်းပါစာသား

နေ၀န်းနီ
11:00 PM
2015 Apr 7

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010