သံသယများနဲ့ ဆက်​ဆံခြင်​း

naywoon niApril 7, 20151min1318

သံသယများနဲ့ ဆက်​ဆံခြင်​း

အတုအ​ယောင်​​တွေနဲ့
ကာလရှည်​ကြာစွာ
ယဉ်​ပါးလာရ​လေ​တော့
ဒီကမ္ဘာ​လောကကြီးမှာ
အစစ်​အမှန်​ဆိုတာကို
ရှိ​သေးရဲ့လားလို့​တောင်​ သံသယဝင်​မိ ။
အစစ်​မရှိလို့ အတုနဲ့အစားထိုး
အစစ်​ မတတ်​နိုင်​လို့ အတု​လေးဝယ်​ကိုင်​
အစစ်​နဲ့ အလှမ်​း​ဝေးလို့ အတု​လေးနဲ့ ဖလန်​းဖလန်​းထ
​နောက်​ဆုံး​တော့
အရက်​​သောက်​လည်​း အတု
အကျႌတံဆိပ်​လည်​း အတု
ဟန်​းဆက်ကလည်​းအတု
ချက်​တင်​ ကလည်​းအတု
ချစ်​တယ်​ ဆိုတာကလည်​းအတု
စိုးရိမ်​တယ်​လို့ ​ပြော​ပေမဲ့ ရင်​ထဲကဝမ်​းသာ​နေတာ
စား​သောက်​​နေတာကလည်​း အတု
အားကျတယ်​ဆိုပြီး အတုယူ​နေတာကလည်​းအတု
အတု အတု အတု ကမ္ဘာမှာ
ဘာသာ​ရေးကလည်​း အတု
ငြိမ်​းချမ်​း​ရေးကလည်​း အတု
လူသားအခွင်​့အ​ရေး ဆိုတာကလည်​းအတု
အစစ်​​ယောင်​​ဆောင်​တဲ့အတု
အသစ်​​ယောင်​​ဆောင်​တဲ့အတု
ကုသမဲ့ ​ဆေးဝါးကလည်​းအတု
အတုကို အတုနဲ့ကုလို့ အတု​တွေပဲပြန်​့ကျဲ​နေခဲ့
အတုနဲ့အတု အိမ်​​ထောင်​ရက်​သားကျပြီး
အတု​လေး​တွေပဲ​မွေးဖွားလာခဲ့ ။
” ကမ္ဘာကို မင်​းမညာနဲ့ ” တဲ့ ***
ကိုညီထွဋ်​​ရေ
ကျုပ်​တို့ ညာ​နေတဲ့ ကမ္ဘာကြီးက ကမ္ဘာအတုကြီးပါဗျ ။
အတုကမ္ဘာ အပြင်​ဘက်​က
အစစ်​ဆိုတာနဲ့ ​တွေ့ရင်​​တောင်​
အစစ်​ကို အတုလို့ပဲသံသယဝင်​ဦးမှာ​သေချာတယ်​ ။
အစစ်​ကို အတုလိုဆက်​ဆံပြီး
အတုကို အစစ်​လို မဆက်​ဆံကြပါနဲ့လို့ ဘယ်​သူလာ​ပြောမလဲဟင်​ ။

Foot note (​အောက်​​ခြေမှတ်​စု ) –
“ကမ္ဘာကို မင်​းမညာနဲ့ “*** = ​ဇော်​ဝင်​းထွဋ်​ ရဲ့ အချစ်​အတု သီချင်​းပါစာသား

​နေဝန်​းနီ
11:00 PM
2015 Apr 7

8 comments

  • kai

    April 8, 2015 at 4:20 am

    အင်း..
    တကယ်တော့.. အဲဒီ “သံသယ”ကြီးကိုက.. အတု..။

  • ခင်ဇော်

    April 8, 2015 at 7:52 am

    ခေတ်ကိုက ေ…
    ယာက်ကျား အတုတွေ ထမိန်ဝတ်ပြီး …
    မိန်းမမြတ်ကို ပြိုင်တဲ့ ခေတ်..

    :a:

  • Mike

    April 8, 2015 at 11:20 am

    .ဒီမိုကရေစီကလည်းအတု
    .အစိုးရကလည်းအတု
    …………………..အတု
    ……………………အတု
    ……………………အတု
    ……………………အတု
    :b:

  • lu lu

    April 8, 2015 at 7:54 pm

    ကြာရင် လူအတု တွေထွက်လာ မှ ပွဲကောင်းဦးမယ်
    :kwi:

  • Alinn Z

    April 9, 2015 at 2:19 pm

    ပီပီသသ – ဗမာ
    ———————————————————————————————–
    လမ်းမပီသတဲ့ လမ်းတွေပေါ်…
    ခြေထောက်မပီသတဲ့ ခြေထောက်တွေနဲ့…
    လျှောက်ခြင်း မပီမသ လျှောက်ကြရ…

    ငွေကြေးမပီသတဲ့ငွေကြေးဥစ္စာတွေနဲ့
    အာဟာရမပီသတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးကြပြီး…
    လူ မပီမသ အချိန်မကျဘဲ အိုမင်းရင့်ရော်ကြရ…

    စကားမပီသတဲ့ စကားတွေကို …
    ဦးနှောက် မပီသတော့တဲ့ ဦးနှောက်တွေနဲ့…
    မပီမသ စဉ်းစားဆင်ခြင်ရုံမျှ…
    ဝိုးဝါးဝူးဝါးပြောဆိုကြရ…

    ဒီလိုနဲ့ပဲ…
    စာအုပ်မပီသတဲ့ စာအုပ်တွေဖတ်…
    ရုပ်ရှင်မပီသတဲ့ ရုပ်ရှင်တွေကြည့်…
    သီချင်းမပီသတဲ့ သီချင်းတွေနဲ့…
    သတင်းမပီသတဲ့ သတင်းတွေကို နားထောင်…
    အတွေးအခေါ်မပီသတဲ့ အတွေးအခေါ်တွေ တွေး…
    လုပ်ရပ်မပီသတဲ့ လုပ်ရပ်တွေ လုပ်ပြီး…
    အသက်ရှုခြင်းကတောင် မပီမသနဲ့…

    ပြက္ခဒိန်တွေသာ တရွက်ပြီးတရွက် လွင့်ပျံလန်ထွက်သွား…
    မပီသခြင်းတွေကတော့…မပီသခြင်း ပီသနေဆဲပေါ…

    ကြားလိုက်ရသလား…
    အပေါ်မှာ မြင်လိုက်ရသမျှ စကားလုံးတွေက…
    ဗမာပီသနေတဲ့ ဗမာတယောက်ရဲ့…
    နာကျင်ခံခက် သက်ပြင်း ရှိုက်သံ တချက်မျှပါပဲ…
    ပီပီသသတော့ ကြားစေချင်တယ်…
    ———————————————————————
    မောင်သူရ
    ဇန္နဝါရီလ၊ ၂၁ ရက်၊၂၀၁၅
    ပီပီသသ – ဗမာ
    – Alinn Z

    Posted by Alinn Z on Jan 26, 2015
    http://myanmargazette.net/209752

    :buu:

    :buu:

  • မြစပဲရိုး

    April 17, 2015 at 3:33 am

    အဘနီ ရဲ့ တစ်သိန်း က နှစ်သစ်မှာ တရားဝင် ပြည့်သွားပါပြီ။
    YAyyyyyyy …. 100,001 :)) ရှယ်ဘဲ။ တစ်စွန်းရုံ ကွက်တိလေး။

    အဘနီ နဲ့ တစ်ကွ ရွာသူ/သား အပေါင်း မင်္ဂလာ အပေါင်းနဲ့ ပြည့်ဝပြီး စိတ်ရွှင်လန်းချမ်းမြေ့ ကြပါစေ။
    ကျွန်မ စိတ်ဝင်စားနေတာ ရှိသေး။
    အဘနီ ထွက် ရင် နံပါတ် ၁ဝ ဘယ်သူ ဝင်လာမလဲ ဆိုတာ။

    သများ စပ်စုစိတ် ကတော့ အတု မဟုတ်တာ သေချာတယ်။ lol:-))))))))))

  • kotun winlatt

    April 17, 2015 at 5:32 am

    အတုတွေများတဲ့ နိုင်ငံတော်ကြီးပါတကားးးးးး

  • uncle gyi

    April 17, 2015 at 10:07 pm

    အတုကိုအစစ်ဖြစ်အောင်လက်ခံတဲ့ပတ်ဝန်းကျင်အပြစ်လား
    အတုကိုအစစ်မဖြစ်ခင်မတိုက်ထုတ်တဲ့ပတ်ဝန်းကျင်အပြစ်လား
    အတုရပ်တည်နိုင်တာဘယ်သူ့လက်ခံလို့လဲ
    အတုကြာအစစ်ဖြစ်သလား

Leave a Reply