​​လောကဓမ္မ နဲ့​သွေဖယ်​သူများ

naywoon niApril 9, 20151min1247

​​လောကဓမ္မ နဲ့​သွေဖယ်​သူများ

လမ်​း
ရှိမှန်​းသိ​နေရက်​နဲ့
​လျှောက်​ဖို့စိတ်​မကူးဘူး ။
ပန်​း
ပွင်​့​နေမှန်​းသိရက်​နဲ့
ပန်​ဖို့စိတ်​မကူးဘူး ။
ကြမ်​း
ခင်​းထားပါရက်​နဲ့
နင်​းဖို့ စိတ်​မကူးဘူး ။
လမ်​း
​ဖြောင်​့ဖြူး​နေတာကို​ရှောင်​ပြီး
ခ​ယောင်​း​တောက​ရွေး​လျှောက်​သူ ။
ပန်​း
ရနံ့သင်​းတာကိုဖယ်​ပြီး
​တောအရိုင်​းပန်​းမှ ပန်​ခဲ့သူ ။
ကြမ်​း
ခင်​းထားတာကိုဖျက်​ပြီး
အိမ်​​အောက်​ထပ်​ဆင်​း​နေတဲ့သူ ။
ဘယ်​သူလဲမ​တွေးနဲ့
ခင်​ဗျား​ကော ကျုပ်​​ကော အပါအဝင်​ ။

​နေဝန်​းနီ
6:12 PM
2015 Apr 9

7 comments

  • Alinn Z

    April 9, 2015 at 7:16 pm

    အခုတလော ကြမ်းလိုက်တဲ့ဘဝ
    ကုတင်ပေါ်မှာ အိပ်နေရင် အောက်မှာ တယောက်ယောက်
    ရှိနေသလိုလို

    အဲ့ဒါနဲ့ ကုတင်အောက် ဝင် အိပ်တာ
    အဲ့ကျတော့လည်း ကုတင်ပေါ် တယောက်ယောက် ရောက်နေသလိုလို

    :k:

    အလကားစတာ
    ဒီကဗျာလေး ကြိုက်တယ်ဗျ

    • naywoon ni

      April 9, 2015 at 10:23 pm

      ကြိုက်​ရင်​ ဝယ်​သိမ်​းထားပါ့လားဟင်​ ဒီမှာ ဘီယာဘိုးမချိရို့ 🙂

      • Alinn Z

        April 10, 2015 at 9:47 am

        အိုးးးးး ဝယ်စရာလားဗျ…. အနုပညာလက်ရာဆိုတာ ငွေကြေးနဲ့ တန်ဖိုးမဖြတ်စကောင်းဘူး။
        ဒီအတိုင်း ကော်ပီယူ သိမ်းထားလိုက်တယ်..

        :k:

  • kai

    April 10, 2015 at 4:01 am

    လူ
    အသက်ရှုကောင်းနေပါလျှက်
    ဖေါင်းပိန်ထိုင်ထိ ထွက်ဝင်သက်တွေနဲ့အလုပ်ရှုပ်
    ငုတ်တုတ်ထိုင် စိတ်တွင်းပဋိပက္ခတွေဖန်တီး
    ငါနဲ့ငါရန်ဖြစ်
    ပညတ်နဲ့ပရမတ်ကအမြတ်ထုတ်ချင်သူ..။

  • Mike

    April 10, 2015 at 11:11 am

    .ကဗျာလေးကိုကြိုက်၏ :))

  • မြစပဲရိုး

    April 13, 2015 at 1:45 pm

    လမ်း
    . လျှောက် မရ အောင် ပိတ်ထားတယ်။
    ပန်း
    နမ်းမရ အောင် ကာ ထား တယ်။
    ကြမ်း
    နင်း မရ အောင် ခင်း ထားတယ်။

    ဘာလုပ်သင့်လဲ။ ??????

  • uncle gyi

    April 14, 2015 at 9:58 pm

    လူ့သဘာဝကလွယ်တာကိုမကြိုက်လို့လေကိုနီရဲ့

Leave a Reply