” ခုလို-အချိန်အခါ–Summer Holidays ” (Credit by Ko Thet)

Travis ZawApril 9, 20156min1558

https://www.facebook.com/kothet.win.5/posts/767056366742114

ကားနဲ့အပျော်ခရီးထွက်မယ့်သူများအတွက်-အထူးမှာကြားချက်–

အထူးသဖြင့်-ဧရာဝတီတိုင်း–မှာ-ရှိတဲ့-ချောင်းသာ-ငွေဆောင်-ဆိုတဲ့ပင်လယ်ကမ်းခြေများသို့လူတော်တော်များများက-ကားအမျိုးမျိုးနဲ့
သွားကြပါလိမ့်မယ်
Skill—ရှိပြီးသားရော–Beginner—များရော—-ပါကြပါလိမ့်မယ်–
.
ရန်ကုန်နဲ့ပုသိမ်အကွာအဝေးကတော့-ဘုရင့်နောင်တံတားက-တိုင်းလိုက်ရင်-ပုသိမ်မြို့ဝင်အထိ-၁၁၃-မိုင်-ရှိပါတယ်–
ပုသိမ်တစ်ဖက်ကမ်းကဆက်သွားလိုုက်ရင်-ငွေဆောင်ကို-၃၇-မိုင်ဆက်သွားရပါလိမ့်မယ်–
ချောင်းသာကိုဆိုရင်တော့-မိုင်-၃၀-ကျော်ကျော်ပါပဲ–
ဘာပဲဖြစ်ဖြစ်-ဒီခရီး-၂-ခုစလုံးကို-မိုင်-၁၄၀–ပဲထားလိုက်ပါတော့—
.
ဒါကြောင့်မို့-မိတ်ဆွေတို့ရဲ့–ကားဟာ-ဒီဇယ်ဖြစ်ဖြစ်-ဓါတ်ဆီဖြစ်ဖြစ်—ရန်ကုန်ကမထွက်ခင်-တိုင်ကီအပြည့်ဆီထည့်သွားပါ–
မထည့်ဖြစ်ရင်လည်း-လမ်းမှာဆီဆိုင်တွေအများကြီးပါပဲ—
ရန်ကုန်-ပုသိမ်လမ်းရဲ့-ထူးခြားချက်ကတော့—လမ်းခရီးကွာဝေးမိုင်-၁၀၀-ကျော်လေးမှာ–ဆီဆိုင်က–မရေမတွက်နိုင်အောင်
ရှိနေတာကိုမြင်ရလို့ပါ—၅-မိုင်-မှာ-၁-ဆိုင်လောက်ကိုပျမ်းမျှရှိနေပါတယ်–မယုံရင်-ရေတွက်သွားလိုက်ပါ–
ဘယ်လမ်းမှ-ဒီလောက်-ဆီဆိုင်အရေအတွက်များတာမတွေ့ဘူးလို့ပါ–
အရေအတွက်နဲ့အရည်အချင်းဆိုတာကို-သိပ်မယုံသေးလို့-ကျွန်တော်ကတော့–ရန်ကုန်ကပဲဆီအပြည့်ထည့်သွားပါတယ်–
.
-ဈေးကတော့-သယ်ယူခအတွက်–ရန်ကုန်ထက်-10%-ပိုယူပါလိမ့်မယ်–
ရန်ကုန်မှာနာမည်ရပြီးသားဖြစ်တဲ့-MAX-/MMTM-/GL-/NEWDAY-/ဆိုတဲ့ဆိုင်မျိုးတော့မဟုတ်ပါဘူး–
ဒေသခံဆိုင်နာမည်အမျိုးမျိုးနဲ့မို့–ဆီ-ကွာလတီအတွက်-စိတ်မသန့်ရင်–ဆိုက်ကိုဆိုတဲ့စိတ်မချင့်မရဲ နဲနဲဝင်ရမှာမို့ပါ—
.
MAX–ဆိုတဲ့-နာမည်ကြီးဆိုင်ကိုတော့-ရှားရှားပါးပါး–တစ်ဆိုင်တော့တွေ့ရပါလိမ့်မယ်—
.
ဗိုလ်မြတ်ထွန်းတံတားကိုကျော်အပြီး—သင်ဖျူးဖျာ-မျိုးစုံထွက်တဲ့–အပြင်—ကုလသမဂ္ဂ-အတွင်းရေးမှုးချုပ်-ဦးသန့်ထွက်ပေါ်လာခဲ့တဲ့-
ပန်းတနော်ဆိုတဲ့—မြို့မှာတော့–MAX–ဆီဆိုင်ရှိပါတယ်—-နာမည်ကိုယုံကြည်ပြီးသာဆိုရင်တော့-အဲ့ဒီမှာထည့်လိုက်ပေါ့–
ဘယ်ကားမဆို-ဆီတိုင်ကီအပြည့်ရှိခဲ့ရင်–ရန်ကုန်-မှ-ပုသိမ်ကိုကျိန်းသေရောက်ပါတယ်—
မိုင်-၁၀၀-ကျော်ကို-ဘယ်ကားဖြစ်ဖြစ်-ဆီ-၅-ဂါလံထက်ပိုမကုန်လို့ပါ—ပုသိမ်မြို့အဝင်လေယာဉ်ကွင်းမှာ-ရန်ကုန်ကဆီဆိုင်အချို့ရှိပါတယ်–ဒီမှာထည့်လည်းရပါတယ်–
ငွေဆောင်မှာဆိုရင်တော့—GL–ဆိုတဲ့ဆိုင်ကျိန်းသေရှိပါတယ်—-ငွေဆောင်အထိအရောက်သွား-အပြန်မှာအပြည့်ဖြည့်လိုက်လည်း
ရတာပဲ–အဲ-ဒီလိုလည်းမယုံနဲ့အုံး–ဆီပြတ်နေခဲ့ရင်လည်း-ဘယ်လိုလုပ်မလဲ–
လမ်းမှာဆီထည့်ရမယ့်ကိစ္စကို-ခုလို-ဘာလို့-ဇာချဲ့ပြီးပြောနေရတာလဲဆိုရင်–ဘယ်ကားမဆို-ဆီကုန်ရင်-ရပ်သွားမှာပါ–
ခု-ခေတ်ပေါ်ကားအားလုံး-ဘာဆီသုံးသုံး–ဆီလုံးဝပြတ်ခဲ့ရင်နာသွားပါတယ်–
ဒီဇယ်ဆို-အဆိုးဆုံး–လေခိုတဲ့ကိစ္စ-ဆိုတဲ့အသေးအဖွဲလေးကအစ-တော်တော်-ဒုက္ခရောက်ပါတယ်—
ဆီကုန်တဲ့ကိစ္စလောက်နဲ့ကားပျက်တာဆိုပြီး-အချိန်ကုန်လူပမ်းဖြစ်တာမတန်ပါဘူး–
ဆီတိုင်ကီထဲမှာ-ဆီတစ်ဝက်ကျော်ကျော်အမြဲရှိနေတဲ့-ကားအင်ဂျင်ဟာသက်တမ်းရှည်ပါတယ်—-
အနည်တို့ရေတို့ဆိုတာ–ဆီတိုင်ကီအောက်ဆုံးမှာအမြဲရှိနေပါတယ်—ဆီနည်းနည်းနဲ့မောင်းနေတဲ့ကားအတွက်–ကားကလှုပ်နေတာနဲ့အမျှ-
အနည်တု့ိ-ရေတို့က–ဒပ်လဘိုင်လိုက်ပြီးအပေါ်ကိုတက်လာလို့-မသန့်တဲ့ဆီတွေ-ဖေလ်တာထဲကိုအမြန်ဆုံးဝင်ကြပါလိမ့်မယ်—
ဖေလ်တာက-မသန့်ပေးနိုင်တဲ့အဆုံး-ဆီပိ်တ်တာ-ဂျီးကပ်တာဖြစ်ကြမှာအသေချာပါ–
——————————————————————–
နောက်အရေးတကြီးကိစ္စက-ဘက်ထရီကိစ္စပါ—

မိမိကားဘက်ထရီသက်တမ်း-ဘယ်လောက်ကြာနေပြီလဲ-ဆိုတာ-တွက်ဆထားပါ–
ပုသိမ်ကပြန်လာရင်–ရန်ကုန်မရောက်ခင်အထိ-ကျိန်းသေမိုးချုပ်ပါမယ်—
ဒီရာသီကလည်း-ပူအိုက်နေလို့–ဘယ်ကားမဆို-အဲကွန်းဖွင့်လာမယ်—မီးကြီး-လည်းအသားကုန်ဖွင့်လာမယ်–
သက်တမ်းရင့်ဘက်ထရီအတွက်–စိုးရိမ်ရပါတယ်—လမ်းခွတ်လပ်မှာ-မတော်တစ်ဆ-ကျန်းမာရေးအတွက်-ရှုးရှုးအတွက်–
ကားစက်သပ်ပြီးသကာလ-ပြန်နှိုးခဲ့ရင်ဘက်ထရီဝပ်သွားတတ်ပါတယ်—
ဒါကြောင့်ဆီကုန်မှာကိုမကြောက်နဲ့-စက်မရပ်မိစေနဲ့–စက်မသတ်နဲ့—
ခုကားအားလုံးနီးပါးက–အော်တိုဂီယာဆိုတော့-တွန်းနှိုးလို့မရနိုင်ဘူးပေါ့—
ဒါကြောင့်–ဘက်ထရီ-ကိစ္စအတွက်-ထောက်ကြိုး-ဘက်ထရီ-နီ/နက်—ကလစ်ကြိုးတစ်စုံကောင်းကောင်းဆောင်သွားသင့်ပါတယ်-
အရေးပေါ်ဘက်ထရီ-Jump Starter–လေးတွေကိုဆောင်သွားရင်တော့ပိုကောင်း—
အဓိက-နီ/နက်-ထောက်ကြိုးဆောင်သွားတာတော့အကောင်းဆုံးပါ—ဘဝတူကားများ-လမ်းမှာ-ဥဒဟိုသွားလာနေမှာမို့–
လိုအပ်ရင်-လက်တားပြီးအကူအညီတောင်းနိုင်ပါတယ်—-အမျိုးအစားကောင်းကောင်း-ဓါတ်မီးတစ်လက်လည်းဆောင်သွားပါ–
တစ်ချို့ဆို-အတွေ့အကြုံတွေရှိအားကြီးလို့–ကားဆွဲဘို့-နိုင်လွန်သို့မဟုတ်-စတီးကြိုးအသေးလေးတွေတောင်ဆောင်ထားကြပါတယ်-
ဒါတွေအားလုံးပြောမယုံ-ကြုံဘူးမှသိပါလိ်မ့်မယ်-
——————————————————————————————————–
နောက်ဆက်ပြောရမှာက-ဘီးတာယာကိစ္စ—

ဘီးဖြုတ်တဲ့-ဂေါက်—-ဂျိုက်-လှည့်တံ—အပါအဝင်-စစ်ဆေးထားပါ-
စပါယ်ရာဘီးပါတဲ့ကားများ–စပါယ်ရာဘီးကို-အရင်ဆုံးလေဖြည့်ပါ—-လေပေါင်-၅၀-၆၀-လောက်ထိုးထားပါ–
ပိုလို့ပြန်လျှော့တာဘာအရေးလဲ—–
တာယာကောင်းတဲ့ကားများ—-ဘီးအပေါက်နဲကြပါတယ်–ဒါကြောင့်-စပါယ်ယာဘီးကို-လိုအပ်လို့သုံးလိုက်ရော–
စပါယ်ယာဘီးမှာလေလျော့နေတာနဲ့တိုးပါလေရော–ဒီတော့-ဘာထူးလဲ—ဘီးအပိုပါလဲ—လေအပိုမှမပါလာတာလေ—
ဒါကိုလည်းသတိပြုပါလေ—
အော်-ဒါနဲ့-ဘီးနောက်ချိတ်ဖြစ်ဖြစ်–အောက်ပိုက်ကပဲဖြစ်ဖြစ်-တတ်ထားတဲ့ကားအားလုံး–ခုကစလို့ဖြုတ်တတ်ကြည့်ထားကြပါအုံး—
မဖြုတ်တာကြာလို့–သံချေးတက်-ပြီး-နပ်တွေချွတ်မရတာနဲ့ကြုံဘူးလို့ပါ–သံကြိုးနဲ့သော့ခတ်ထားတဲ့လူများလည်း–
သော့များကို-ဖွင့်ပိတ်လုပ်ကြည့်ထားပါအုံး—-

ဆောင်ရန်-ရှောင်ရန်တွေသိပြီးပေမယ့်

အသေချာဆုံးလုပ်ရမှာကတော့–သေချာပြီးအဆင်ပြေမယ့်အလုပ်ရုံတစ်ခုခုမှာ–ဒီလိုခရီးဝေးသွားမယ်ပြောပြီး–
ကားတစ်စီးလုံးကို–ဆီ-ရေ-လေ-ဝိုင်—အစအဆုံး-စေ့စေ့စပ်စပ်စစ်ခိုင်းပါ—
(အော်တို-ဂီယာဝိုင်——ကူးလန့်ဆိုတဲ့-ရေတိုင်ကီအတွက်-ဓါတ်ဆေးရည်-လည်းမမေ့နဲ့)
အဓိက-အောက်ပိုင်းတစ်ခုလုံးကိုလည်း–စစ်ပေးပါ–လိုအပ်တာမှန်သမျှလုပ်လိုက်ပါ–
မြင်းခွါသံမှိုလေးတစ်ချောင်းနဲ့စစ်ရှုံးခဲ့တဲ့ပုံပြင်လေးကိုအမြဲသတိရထားပါ—-
ကားမှာပါနေကျ-ကွင်း-ဂွ-ပလာယာနဲ့–ခုခေတ်ပေါ်ကားများကိုလမ်းမှာ-ပြင်လို့မရပါ–
အင်ဂျင်တွေကို-ဖွင့်ရ-ကလိရတာမပြောနဲ့-ဘာမဟုတ်တဲ့-စပတ်ပလပ်-လေးကိုတောင်လွယ်ကူစွာဖြုတ်မရတော့ပါ–
SST–ဆိုတဲ့–Special Service Tool —ဆိုတဲ့အထူးကိရိယာတန်ဆာပလာများနဲ့သာဖြုတ်ရလို့ပါ—
စနစ်တစ်ကျထိန်သိမ်းထားတဲ့ကားများဟာလည်း-လွယ်လွယ်နဲ့မပျက်ပါ—ထိန်းသိမ်းမှုကင်းစနစ်များနဲ့-တီထွင်ထုတ်လုပ်ထားလို့ပါ–
ဒါကြောင့်-အရင်ကားဟောင်းတွေလို-ထိန်းသိမ်းစရာမလိုဘူးဆိုုပြီး—-ထိန်သိမ်းမှုနဲ့ကင်းအားကြီးရင်လည်း—
သက်တမ်းစေ့နေတဲ့စက်ကိရိယာပစ္စည်းထဖေါက်တဲ့အချိန်နဲ့ကြုံကြိုက်မိတတ်လို့—တစ်ခါတည်းအကယ်ဒမီရသွားလိမ့်မယ်-
ဥပမာ–ဒီဇယ်ကား-တွေ-ခု–ဟိုက်ဂျက်လေးတွေ-တိုင်မင်ကြိုးပြတ်တတ်တာ—
ခု-မှ-ဆိပ်ကမ်းကထုတ်လာတဲ့ကားဆိုပြီး–ဘဝင်မှာလေမဟပ်နဲ့—-
ရုတ်တရက်ထူးခြားဖြစ်စဉ်တစ်ခုကြောင့်–ဆီ-ရေ-လေ-ဝိုင်–လျော့သွားတတ်ပါတယ်—
ဒါကြောင့်-အင်ဂျင်ဝိုင်-Refil-ဗူး-အပြင်–ရေသန့်ကိုလည်း–ဗူးကြီးတစ်ဗူးလောက်လည်းပါသွားရင်မမှားပါ—
အပေါဆုံးရေဆိုပြီးမပေါ့နဲ့-လိုအပ်တဲ့-တစ်ချိန်ချိန်မှာအရှားဆုံး-အရေးကြီးဆုံးပစ္စည်းအဖြစ်-သရုပ်ဆောင်နေပြလိမ့်မယ်-
—————————————————————————————————————————-
နောက်-ကိုယ်နဲ့မရင်းနှိီးသေးတဲ့လမ်းအကြောင်းပြောကြရအောင်–

ကားပေါ်ပါမယ့်-လူအားလုံးအတွက်–အလွန်အရေးကြီးလု့ိပါ—
ကံမကောင်းရင်-အပျော်ထွက်ရာက–အပျက်ဖြစ်တတ်သွားလို့ပါ—–
နိမိတ်မရှိနမာမရှိ-ဖွလွဲပါစေ-ဖယ်ပါစေဆိုပြီး—စိတ်မထင့်နဲ့—
ကံဆိုသည်မှာအလုပ်-အလုပ်ကောင်းရင်–ကံကောင်းမှာပါ—-အစစ-အရာရာ-သတိပြုဆင်ခြင်တာဟာ–
အလုပ်ကောင်းကောင်းလုပ်လိုက်တာပါ—အလုပ်ကောင်းရင်-ကံကောင်းမှာပါ—
——————————————————————
ချောင်းသာလမ်းဆိုသည်မှာ—-

ခုလို-အပန်းဖြေကမ်းခြေခရီးအတွက်–ဒီဇိုင်းဆောက်ကာဖေါက်ထားသောလမ်းမဟုတ်—
ရှောပြာဆိုတဲ့-သစ်ထုတ်လုပ်ရေးအတွက်-TE-11–ကားများအတွက်–ဖေါက်ထားတဲ့သစ်ထုတ်လုပ်ရေးလမ်းကြီးပါ—
တီအီးကားလောက်ပဲကောင်းကောင်းသွားနိုင်ခဲ့တဲ့လမ်းကြမ်းကြီးပါ—
အရင်တုန်းက-ချောင်းသာအထိ-တိုက်ရိုက်မရောက်ပါ—မောင်ဘိ၀-
ဥတု-ချောင်းတစ်ဖက်ကမ်းမှာပဲ–လမ်းဆုံးပါတယ်—
အဲ့ဒီ့ကနေ-စက်လှေစီးပြီး–ချောင်းသာရွာကို-ပင်လယ်ပြင်ဝ-ကနေဝင်ခဲ့ရပါတယ်—
နောက်-ဥတု–ကိုတံတားထိုးပြီးမှ—ချောင်းသာအထိ-ကားလမ်းကိုဖောက်ခဲ့ရတာပါ—
ဘာကိုအဓိကပြောချင်သလဲဆိုတော့—–
ရှမ်းပြည်-တောင်ပိုင်းမြောက်ပိုင်း–မေမြို့-တောင်တက်လမ်းတွေလို–လူအများသွားလာဘို့-ဒီဇိုင်းပြုဖေါက်ထားတဲ့လမ်းမဟုတ်တာကို
သိစေချင်လို့ပါ—တောင်တက်လမ်းလေးတွေကကျဉ်းတယ်—ရုတ်တရက်-အချိုးအကွေ့ပေါ်လာမယ်–
အတက်ကားက-လျှော့တက်လို့မရဘူး–အဆင်းကားက-နားလည်မှုနဲ့ရပ်ပေး-လျော့ပေးရမယ်—တစ်ချို့နေရာတွေမှာ–
ဟွန်းအဆက်မပြတ်တီးပြီး-မြင်ကွင်းကွယ်က-ကားတွေကိုအသိပေးတက်ရတယ်—
တောင်တက်လမ်းလေးပေမယ့်-အခြားလမ်းတွေနဲ့နဲနဲအမြင်ဆန်းပေလိမ့်မယ်—
ခုတော့လမ်းသားတွေကောင်းနေပါပြီ–ကျယ်သင့်သလောက်လည်းကျယ်နေပါပြီ—
တတ်နို်င်သလောက်တော့–မမှောင်ခင်-အတက်အဆင်းလုပ်ကြပါ—
————————————————————————————
ခု-ခေတ်စားလာတဲ့-ငွေဆောင်-လမ်း—ကရော—

သူကတော့–ချောင်းသာလမ်းထက်-အစစအရာအရာသာပါတယ်—မူရင်းနာမည်က-ငဆော်-တဲ့ကွယ်—
ဒါကြီးကို–ခေါ်လို့ကောင်းအောင်–ငွေဆောင်-လို့ပြောင်းထားတယ်—-နာမည်နဲ့လိုက်အောင်-
ငွေလည်းများများဆောင်သွားကြပေါ့ကွယ်—-
လမ်းပြေပြစ်တယ်—အကွေ့အဝိုက်တွေကိုကြိုတင်ပြီးမြင်ရတယ်—-မေမြို့အထွက်-လားရှိုးလမ်းအပိုင်းလေးနဲ့-နဲနဲဆင်ပါတယ်–
ကား-၂-စီးစိတ်ချလက်ချရှောင်လို့ရမယ်—ကားလည်းသက်သာမယ်-ဆီစားလည်းသက်သာမယ်-သိပ်ပြီးလည်းပညာပါစရာမလိုပဲ
မောင်းလို့ရပါတယ်—
ပုသိမ်-ချောင်းသာ-ငွေဆောင်–ဘယ်နေရာပဲသွားသွား—
အထူးသတိချပ်ရမှာကတော့—ဆိုင်ကယ်-ကိုကို–မမ-တို့ပါပဲ——
မြန်မာပြည်တစ်ပြည်လုံးမှာ–ဆိုင်ကယ်ထိခိုက်မှုအများဆုံး–ကို-ပုသိမ်မှာစံချိန်တင်ခဲ့ဘူးပါတယ်—
ပုသိမ်မှာဆိုင်ကယ်လွယ်လွယ်ဝယ်ရတဲ့အကျိုးဆက်ကတော့–တောရွာများပါမကျန်-ဆိုင်ကယ်-တွေပေါဌေးဖြစ်သွားကြတာပဲ–
ခုဆို–ရန်ကုန်-ပုသိမ်လမ်းတစ်လျှောက်လုံးမှာလည်း-ဆိုင်ကယ်တွေများမှများ—-
ချောင်းသာ-ငွေဆောင်-တောင်အတက်အဆင်းလမ်းများမှာလည်း–ဆိုင်ကယ်တွေကဥဒဟိုသွားလာနေကြတော့–တော်တော်သတိထားရပြီနော့-
လမ်းမြို့တစ်မြို့နဲ့အကူးမှာလည်း-ထော်လာဂျီတွေလည်းဒီအတိုင်းပဲ—
—————-
ဒီခရီးနဲ့မနီးစပ်သေးတဲ့-လူများအတွက်–

ရန်ကုန်က-ဘယ်အချိန်ထွက်—ပုသိမ်က-ဘယ်အချိန်ပြန်ရမလဲဆိုတဲ့-လမ်းတိုင်မင်လေးကိုလည်းတွက်ပေးလိုက်ချင်ပါတယ်–
ရန်ကုန်နဲ့ပုသိမ်က-အရှေ့အနောက်တည့်တည့်မို့—ရန်ကုန်ကထွက်ရင်-နံက်စောစောထွက်ပါ–
၅-နာရီ-၆-နာရီထက်နောက်မကျစေနဲ့–အရှေ့မှအနောက်သို့သွားတာမို့–နေနဲ့အပြိုင်မို့–ကားမောင်းရတာကောင်းတယ်—
မျက်နှာကိုနေမထိုးဘူး—နေမွန်းတည့်ချိန်-၁၂-နာရီ-၁-နာရီလောက်မှာ-ကားရော-မောင်းတဲ့သူရောကောင်းရင်–
ချောင်းသာ-ငွေဆောင်ကိုရောက်ပြီ–
ကိုယ်ဘွတ်ကင်ယူထားတဲ့အခန်းကလည်း–တည်းပြီးသားလူထွက်ပြီးလောက်ပြီ–
ဒါလေးလည်းသတိထားစရာပဲ—-
တစ်ချို့က-စောနိုင်သလောက်စောအောင်ရန်ကုန်ကစောစောထွက်ကြတယ်–အထူးသဖြင့်–Pakage -အဖွဲ့မျိုးတွေပါ–
လူတွေကို-ည-၁၀-နာရီ-၁၁-နာရီစုကြပြီးထွက်ကြတယ်–ချောင်းသာ-ငွေဆောင်ကို-အစောကြီးရောက်သွားကြရော–
ဟော—တည်းနေကြတဲ့လူတွေ-အခန်းမအားသေးဘူး–ဘယ်သူမဆို-12-00-နာရီထိနေလို့ရနေတော့နေကြတာပေါ့–
သူတို့ထွက်မှဝင်ရမှာလေ–ဒါကြောင့်ကားပေါ်မှာအိပ်နေရ-စားသောက်ဆိုင်မှာအချိန်ဖြုန်းနေရနဲ့အပန်းမပြေတော့ပါဘူး-
ဒါကြောင့်–ချောင်းသာ-ငွေဆောင်ကို-နေ့လည်-12;00-နာရီ-လောက်အရောက်သာသွား-အေးအေးဆေးဆေးနား–ညနေ-နေစောင်းမှ
လှိုင်းလေးတွေဖွေးကာ-ဖွေးကာပြာသောကောင်းကင်အောက်မှာ-ချစ်စရာ—-လုပ်ကြ—
ကဲ-အပန်းပြေပြီ–ဆောင်သွားတဲ့ငွေလည်းကုန်ပြီ—ရန်ကုန်ပြန်တော့မည်–
ဘယ်အချိန်ပြန်ထွက်ရင်ကောင်းမလဲ–အလာတုန်းကတောင်တက်တောင်ဆင်းလမ်းအခြေအနေသိပြီးပြီမို့—
ပုသိမ်ကိုမြင်သာထင်သာတဲ့အချိန်ကိုရောက်ရင်အကောင်းဆုံးပဲ—–
ပုသိမ်မြို့ထဲဝင်ချင်ဝင်မယ်—ဟာလဝါလည်းဝယ်ချင်ဝယ်မယ်–ဆိုတော့–နဲနဲတော့အချိန်ပေးလိုက်ပေါ့—
ပုသိမ်က-အပြန်ညနေစောင်းဆိုတော့–ရန်ကုန်ကိုကားမောင်းပြန်ရင်—အလာတုန်းကနဲ့ပြောင်းပြန်—
နေ့လည်-၁၂-နာရီနောက်ပိုင်းကောင်းတယ်–ကားမောင်းတဲ့သူကိုနေမထိုးဘူး—
ပန်းတနော်နဲ့ရန်ကုန်အဝင်ကလည်း-မှောင်ရင်မောင်းလို့မကောင်းဘူး–အန္တရာယ်ကွေ့လေးတွေရှိကြတယ်–
ရန်ကုန်လှိုင်သာယာအဝင်ကလည်း–မိုးချုပ်အားကြီးရင်မကောင်းဘူး–တစ်အားရှုပ်တယ်—
ဒါကြောင့်မြင်သာထင်သာတဲ့အချိန်လေးတွေကိုအသုံးပြုရင်း–
နွေရာသီအားလပ်ရက်မှာ–ငွေအား-အချိန်အား–များကိုထိုက်ထိုက်တန်တန်အသုံးပြုရင်း–
အပန်းပြေ-အပျော်ခရီးလေး-ကျိန်းသေဖြစ်ရအောင်—ကျွန်တော့်ကားမိတ်ဆွေအပေါင်းအား–စေတနာကောင်းလေးနဲ့–
သတိလည်းပေး-အကြံကောင်းလေးလည်းပေးရင်း-တင်ပြပေးလိုက်ပါတယ်—-
————————————————————————–
ဒီလို-ရေးပေးနိုင်တာဟာ-အတွေ့အကြုံလေးများကိုပေါင်းစပ်ပြီးမှဖြစ်ပေါ်လာတာပါ—
ဧရာဝတီ-တိုင်းဆိုတာ-ကျွန်တော့်နယ်မို့–
ကျွန်တော်တို့အိမ်ကိုလာလည်မယ့်လူများလို့ထင်မြင်ထားလို့ပါ–ဧည့်ဝတ်ကျေချင်လို့ပါ—
ဒီအတွေ့အကြုံလေးများကလည်း–ဒီလမ်းခရီးမှာဖြစ်တတ်ကြလို့ပါ—မနှစ်ကဆိုရင်–
ည-သန်းကောင်ထိ–ဒီလမ်းခရီးကနေ-ကျွန်တော်နဲ့ရင်းနှီးပြီးသားမိတ်ဆွေများ-ဖုန်းဆက်ပြီး-ဖြစ်သမျှအခက်အခဲမျိုးစုံကို-
အကူအညီတောင်းကြပါတယ်-အားကိုးရှာကြပါတယ်—လိုက်မသွားရရုံတစ်မယ်ပါပဲ—-
ဟိုလိုလုပ်ကြည့်လိုက်ပါ-ဒီလိုလုပ်ကြည့်လိုက်ပါ–လားဆိုပြီး–နှမ်းဖြူးပေးလိုက်ရုံနဲ့အဆင်ပြေသွားသလို–
ည-ကသိပ်မှောင်နေပြီ–ပြန်လှည့်မယ်ဆိုလည်းတစ်ဝက်—ဆက်သွားမယ်ဆိုလည်းတစ်ဝက်—-မထူးတော့ပြီမို့–
ကြိုးကောင်းကောင်းရှိရင်-ပုသိမ်ကိုသာဆွဲသွား—ခလေးနဲ့-မိန်းခလေးတွေကို–အပိုပါတဲ့ကားကြုံနဲ့ထည့်လိုက်ပေတော့–
ပုသိမ်က–ဘယ်သူဘယ်ဝါဆီကိုသွား–လမ်းမှာပြင်ရရင်ပြင်ကြည့်–လက်ပေါက်ကပ်မယ်ထင်ရင်-ပုသိမ်အထိသာကြိုးနဲ့ဆွဲဆိုပြီးတော့-
ပြောပေးရတာလည်းအမော—
တစ်ချို့ဆို-မကြံစဖူးကားပျက်တာကြုံပြီး–တော်ပါပြီအချစ်ရဲ့-ကြောက်ပါပြီ-နောင်ဆိုရင်ဝေးဝေးကရှောင်မည်—ဆိုပြီးလည်း
ဆလံပေးသွားလေရဲ့—
—————————————————————————————————————————
နောက်တကာ့နောက်ဆုံး–အရေးတကာ့အကြီးဆုံးမှာလိုက်ချင်တာကတော့—အဆက်အသွယ်အမြဲရနေဘို့ပါ—
မြန်မာနိုင်ငံက-ကတ်ကြီး-၃-ပါးစလုံးကို-အကုန်ကိုးကွယ်ဆည်းကပ်သွားပါ-(MPT/Orredo/Telenor)
GSM-ဖုန်းများအပြင်—နာမည်ကြီး-ကမ်းရိုးတန်း–09-85/86 ——09-49—ဆိုတဲ့ဖုန်းမျိုးဟာ-ဧရာဝတီတိုင်းမှာအလွန်အသုံးဝင်ပါတယ်-
နေရာတကာမိပါတယ်—-ကျန်တာတွေက-နေရာစုံမမိပါ-Voice-Contact only–အတွက်-အထက်ပါဖုန်းမျိုးကိုဆောင်သွားပါ—
ထူးခြားချက်တစ်ခုက–09-73-*****ကတ်ကို—-အင်တာနာတိုင်ပါတဲ့–CDMA-450Mhz-Hand Set–ထဲကိုထည့်သွားပါ–
ဒီဖုန်းလေးက-ကမ်းရိုးတန်း-CDMA-450Mhz–အဖြစ်ပြောင်းလဲသွားပါလိမ့်မယ်—အင်တာနက်တော့သုံးလို့မရဘူးပေါ့–
အဆက်အသွယ်ကအလွန်အရေးကြီးပါတယ်—နာမည်ကြီး-ဦးတေဇကိုတောင်–ဒီလို-450Mhz–က-ကယ်လိုက်နိုင်တာပဲမို့–
ဆက်သွယ်ရေးကလည်းအရေးကြီးပါတယ်လို့—ပြောလိုက်ချင်ပါတယ်-
—————————————————————————-
ကဲ—-ခု-ရုံးပိတ်ရက်များကစပြီး-အပန်းဖြေခရီးထွက်ကြမယ့်-
ကားမိတ်ဆွေအပေါင်း–ကားမျိုးစုံစီးပြီး–အပန်းဖြေ-အပျော်ခရီးများကို–စိတ်ချလက်ချထွက်နိုင်ကြပါစေ–
ယာဉ်အန္တရာယ်-လမ်းအန္တရာယ်လည်းကင်းဝေကြပါစေလို့—–ဆုတောင်းလျက်—

ကားမိတ်ဆွေများကို-ခင်မင်လျက်–ကိုသက်

8 comments

  • Alinn Z

    April 10, 2015 at 11:08 am

    .ချောင်းသာမှာက ဖုန်းလိုင်း မိသေး
    .ငွေဆောင်မှာတော့ ဘာဖုန်းလိုင်းမှ မမိချင်
    အခုအချိန်တော့မသိ။

    အဲ့ဒီဘက် သွားမယ့်သူတွေအတွက် အကျိုးရှိတဲ့ပိုစ့်လေးပဲ
    .ဝေမျှပေးတဲ့အတွက် ဇူးဇူးပါ

    ကျနော် မနက်ဖြန် သွားမယ့် ကရင်ပြည်နယ်ဘက်အတွက်
    .ဆောင်ရန် ရှောင်ရန်ကော ရှိသေးလား

  • kai

    April 10, 2015 at 3:12 pm

    ဒီရေးနည်းနဲ့ ကျုပ်တောင် ခရီးသွားဆောင်းပါးရေးချင်လာပြီ…။
    တော်တော်အသုံးတည့်တဲ့ပုံပါပဲ..။

    ယူအက်စ်မှာဆိုရင်တော့.. ဒီလိုပိတ်ရက်ရှည်တွေမှာ ခရီးသွားချင်ရင်.. ကားကြပ်တာနဲ့ ဒုက္ခများတော့တာပါပဲ..။
    ၄နာရီခရီးကို .. ၁ဝနာရီလောက်ကြာသွားတတ်တယ်လေ..။

  • အရမ်းအသုံးဝင်တဲ့ ပို့စ်တစ်ပုဒ်ပါ… သေချာသိမ်းထားသင့်တဲ့ Travel tips တွေပါ…. ကိုယ်က ခရီးသိပ်မထွက်ဖြစ်တော့ ခရီးတစ်ခါထွက်တော့မယ်ဆိုရင် ဘာပြင်လို့ပြင်ရမှန်းမသိဘူး… ဒီလိုပို့စ်မျိုးတွေ များများရေးပေးရင် သိပ်ကောင်းမှာပဲ.. ကျေးဇူးကမ္ဘာပါရှင့်..

  • Ma Ma

    April 11, 2015 at 6:28 pm

    (ဗိုလ်မြတ်ထွန်းတံတားကိုကျော်အပြီး—သင်ဖျူးဖျာ-မျိုးစုံထွက်တဲ့–အပြင်—
    ကုလသမဂ္ဂ-အတွင်းရေးမှုးချုပ်-ဦးသန့်ထွက်ပေါ်လာခဲ့တဲ့-
    ပန်းတနော်ဆိုတဲ့—မြို့မှာတော့–MAX–ဆီဆိုင်ရှိပါတယ်–)
    အဲဒါမပါမှာစိုးလို့ ကွန်မန့်မှာရေးတော့မလို့။ :k:

    ပန်းတနော်မြို့က ရန်ကုန်နဲ့ ပုသိမ်ကြား အလယ်လောက်မှာရှိလို့……….

    နားနားနေနေစားသာက်ဖို့အတွက်ပဲဖြစ်ဖြစ်
    ကိစ္စကြီးငယ်ရှိလို့ ညအိပ်နားဖို့ လိုရင်ပဲဖြစ်ဖြစ်

    စားစရာမျိုးစုံရနိုင်တဲ့ စားကောင်းတဲ့ စားသောက်ဆိုင်တွေရှိတဲ့အပြင်
    အဆင့်မြင့်အအေးခန်းဧည့်ရိပ်သာတွေလည်းရှိပါတယ်လို့ ကြုံတုန်း ကြော်ငြာဝင်ပါတယ်။ 🙂

  • အောင် မိုးသူ

    April 29, 2015 at 11:17 am

    ခရီးအမြဲထွက်နေကျမို့ ခရီးထွက်ရင် ဘာတွေလိုသလဲဆိုတာ သိနေပြီ။ ဒါလေးကိုလည်း မှတ်သွားပါတယ်။

  • uncle gyi

    April 29, 2015 at 10:59 pm

    ကားဘီးလေထိုးတာ၅ဝ ၆ဝ ဆိုတာများနေသလားလို့ကိုသက်ရေ
    ကွ ျန်တေ်ာတို့လိုက်ထရပ်တွေဆို၅ဝလောက်လေထိုးပါတယ်
    ဝိတ်များရင်၆ဝပေါ့
    ပုံမှန်အိမ်စီးကားဆိုရင်၂၈ ၃၀
    ဒါမှမဟုတ်၃ဝ ၃၂
    ဒီထက်ပိုပြီးတခါမှလေမထိုးဖူးပါ
    သဘောင်္ချကားကတော့အကောင်းဆုံးကချပြီးကတည်းက
    ဘီး၄ဘီးစလုံးဖြုတ်စစ်
    တိုင်ပင်ကြိုးစစ်
    အင်္ဂ ျင်ဝိုင်တခါတည်းလဲတာစိတ်အချရဆုံးပါ

  • manawphyulay

    April 30, 2015 at 3:30 pm

    မနောအတွက်တော့ မှတ်သားထားရုံပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီနှစ်က ခရီးသွားနှစ်မဟုတ်လို့ပါပဲ။ ခရီးစဉ်များ နှစ်အကန့်အသတ်မရှိ ရပ်ထားပါကြောင်း…

Leave a Reply