ဒီနှစ်သင်္ကြန်တွင်းတော့ အိမ်မှာပဲအေးဆေးနားမယ် စိတ်ကူးထားတော့ အခွေလေးကျိလိုက်… သူများတွေပျော်နေတာ ထွက်ငေးလိုက်… စားလိုက်သောက်လိုက်ပေါ့…

သာသာယာယာရှိနေတုံး TV တင်ထားတဲ့စင် ခလုပ်တိုက်မိပြီး… စာအုပ်တစ်အုပ် အောက်ပြုတ်ကျလာမှ…

ဟယ်…. ငါဆတ်ဆော့ပြီး ငှားထားမိတဲ့ စာအုပ်ပါလား….

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတော့ TV ကြည့်တိုင်း နေကြာစေ့စားရင် အခွံလေးတွေကို အဲ့စာအုပ်နဲ့ ခံစားနေကြ… ခံဇားရဒယ်ဗျာ…. :mrgreen:

အဲ့တော့… ကိုယ်ခလုပ်တိုက်မိတာလဲ အလဂါးမဖြစ်ရလေအောင်… နိ .. ငါ့စာအုပ်ငှားပြီး ဘာလုပ်လဲ မေးရင်လဲ အဖြေရှိရလေအောင်… ဝက်ခေါက်ကြော်လေးနဲ့ နွားနို့ပြစ်နေအောင်ကြိုထားတာလေး ဘေးချပြီး ဖတ်မယ် ရေးမယ်ပေါ့ဗျာ…

အဟွာလေ.. ကြိုပီးပြောချင်တာကတော့ ကျနော်က အမြဲတမ်း ပဲကြီးမနိုင်ပဲ ချဉ်ဟင်းစားတတ်သူမို့ အများဂျီးတော့ မမျှော်လင့်ဂျပါနဲ့လို့စ်…

နောက်ပြီး ကျနော့် specialization က Creative and Advertising ဆိုပေမဲ့… လက်ရှိ ရုံးမှာလဲ သင်တန်းတွေပေး ကန်ပနီတော်တော်များများမှာလဲ ခောတ်စားနေတဲ့ KPI ကို အရင်ရေးပြပါမယ်…

ကျနော်ရေးတာ လိုအပ်ချက်တွေရှိခဲ့ရင် KPI ဆြာသမားများ ဝင်ရောက်ပြောကြားပေးပါလို့…

အဲ့တော့… ကျနော် ဆတ်ဆော့မိတာရယ်.. ခလုတ်တိုက်မိတာရယ် နှစ်ခုပေါင်းလို့ ပိတ်သတ်ကြီး မျက်စိနောက်ရတယ်မှတ်ပါ.. :mrgreen:

Untitled-1 copy

Measuring Performance

ကျနော်တို့ ခုနောက်ပိုင်း မေးခွန်းတစ်ခုရှိလာတာက ကန်ပနီတစ်ခု အောင်မြင်တယ်ဆိုတာ ဘာလဲ။
ဘယ်အချက်တွေက အောင်မြင်ကြောင်း ပြလဲ… ဘယ်လိုတိုင်းတာမလဲ။

ဒီနေရာမှာ အချက် (၂) ချက်ကို တွေ့ရပါတယ်..

(၁) ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းတွေနဲ့တိုင်းမယ်။
(၂) ဘဏ္ဍာရေးမဟုတ်တဲ့ အခြားအရာတွေနဲ့ တိုင်းမယ်။

နံပါတ်(၁) ကတော့ ရှင်းပါတယ်။ မြတ်ရင် အောင်မြင်တယ်။ မမြတ်ရင်မအောင်မြင်ဘူးပေါ့ဗျာ။ ဒါကိုမှ ဆင့်ပွားပြီး Financial ratios တွေဘာတွေပေါ့.. နောက်ပိုင်းတော့ ပါပါလိမ့်မယ်…

နံပါတ်(၂) ကတော့ KPI ပေါ့ဗျာ…
အရင်က ဝန်ဆောင်မှုနဲ့ဆက်နွယ်နေတဲ့ ကန်ပနီတော်တော်များများ ပြောလေ့ရှိတာ…
Customer is always right!
ဝယ်သူအမြဲမှန်တယ်ပေါ့ဗျာ…

အရင်က ဖောက်သယ် ဦးစားပေးစနစ်ကနေ အခု ဝန်ထမ်းဦးစားပေးစနစ်ကို ပြောလာကြပါပြီ။ ဒီဖောက်သယ်တွေ ရဖို့၊ ရေရှည် ဆက်ဆံရေးတည်မြဲဖို့က ဝန်ထမ်းတွေအပေါ်မူတည်တာကိုး။

ပန်းသီးဖခင် Steve Jobs ကိုယ်တိုင် Sympathy ၊ Empathy တွေနဲ့ သုံးစွဲသူနေရာက ဝေမျှခံစား ကိုယ်ချင်းစာစိတ် တွေနဲ့ အလုပ်လုပ်သွားတာကိုးဗျ။

ဒီလို Sympathy ၊ Empathy တွေနဲ့လုပ်ဖို့ရာက ဝန်ထမ်းကောင်းမှ ဖြစ်မှာလေ…

ဒါပေသိ City Mark တို့လို၊ Marga တို့လို အင်တာနေရှင်နယ်တန်း management လုပ်တဲ့ ကန်ပနီတွေကလွဲလို့ မြန်မာကန်ပနီတွေကတော့ အများကြီးကြိုးစားရဦးမှာပါပဲ။ City Mark မှာ Marketing အချိန်ပိုင်းအကြံပေးက ကျနော့်ဆရာ သမားတစ်ယောက်ရဲ့ အမျိုးသမီး မလေးတရုတ်မ ဗျ။ သူတို့ City Mark ရဲ့ Marketing and Advertising ပေါ်လစီကို ကျနော် သိပ်သဘောကျတယ်။

ကိုယ်သန်ရာပြောရင်း ချော်သွားပြန်ဘီ… KPI ဘက်ပြန်ဆွဲရရင်…

ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေးမဟုတ်တဲ့ အပိုင်းတွေကိုပုံမှာ ချိန်ခွင်လေးနဲ့ ပြထားသဗျ…

Untitled-2

ကန်ပနီတစ်ခုမှာ နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာကို Financial ratios တွေ တွက်ချက်ပြီး တင်ပြလေ့ရှိသဗျ။

ကန်ပနီအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအစီရင်ခံစာ တစ်ခုထဲက မလုံလောက်ပါဘူး။

ကန်ပနီရဲ့ ရေရှည်အကျိုးစီးပွားကို သက်ရောက်မဲ့ အဓိကအချက်တွေဖြစ်တဲ့ ဖောက်သည်တွေရဲ့ယုံကြည်ကိုးစားမှု (ဒီနေရာမှာတော့ Branding ပါလာပြီဗျ၊ Brand is trust လို့လဲ ပြောကြတာကိုး၊ ကျနော်တို့ အမျိုးသမီးတွေဆို Wacoal, Victoria’s Secret အစရှိသည်ဖြင့်ပေါ့.. ) ၊ ကုန်ထုတ်လုပ်မှုစွမ်းအား နဲ့ R &D။

အာ့ဒွေကို ဘာနဲ့တိုင်းမယ်… KPI နဲ့ တိုင်းမယ်…

ဘာဒဲ့… KPI

အို… ဘာဒဲ့.. KPI

ဟီးးးးး မဏ္ဍပ်က သီချင်းတွေနဲ့ နဲနဲရောသွားလို့…

ဒီနေရာမှာ ကြုံတုံးလေး R&D ကို နဲနဲ ဆက်ဆွဲရရင်.. ကမ္ဘာ့အကြော်ကြားဆုံး ကန်ပနီတွေမှာ R&D ကို ဘတ်ဂျက် အများဆုံးချပေးသဗျ။ တစ်နည်းအားဖြင့် Biznet Development နဲ့ သဘောတရားခြင်းတူတာပေါ့။

ခင်ညာ… မြန်မာကန်ပနီတွေလား… ကျနော်သိသလောက်တော့ နာမည်ကြီး မိတ်အင်လှိုင်သာယာ အချိုရည် တံဆိပ်တစ်ခု ဗူးထဲ “လောက်” ပါတာ ပရိုမိုးရှင်းကာလမို့ပါတဲ့… ပရိုမိုးရှင်းဆိုတာ အဲ့နှစ် အဲ့ဘတ်ဂျက်ရအောင်ရှာပေးရမယ်ဆိုပီး စက်ရုံကို ဖိအားပေးထားတဲ့ ပရိုမိုးရှင်းပါတဲ့ ဗျာတို့…

KPI အကြောင်းပြန်သွားပါမယ်.. အပေါ်ကအပိုဒ်ကို ကျနော်မပြောခဲ့ဖူးလို့ သဘောထားလိုက်ကြပါ.. :mrgreen:

ဆိုတော့ ကန်ပနီ ရေရှည်အကျိုးစီးပွားအတွက် ဖောက်သည်တွေရဲ့ယုံကြည်ကိုးစားမှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား နဲ့ R &D တွေကို တကယ်တန်းအကောင်အထည်ဖေါ်မှာ ဝန်ထမ်းတွေဗျ။ အဲ့ဒီ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုင်းမဲ့ KPI.

နိုင်ငံတကာတန်းမှာ ဆိုရင်တော့ ပြင်ပစီးပွားရေးလောကမှ စောင့်ကြည့်သူတွေ၊ ရင်းနှီးမြုပ်နှံသူတွေ၊ ငွေချေးမဲ့သူတွေက KPI ကိုကြည့်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။

ခင်ညား ဘဏ္ဍာရေးအစီရင်ခံစာ မိုးပျံအောင် ကောင်းနေပစေ၊ ဆက်လက်ဖေါ်ဆောင်ပေးမဲ့ ဝန်ထမ်းကောင်း၊ KPI ရလဒ်ကောင်းတွေမရှိဘူးဆိုရင် မလွယ်ပါဘူး။

ဆိုတော့ ချိန်ခွင်လေးကို ပြန်သွားရရင်….

တစ်ဘက်ခြမ်းမှာ အဝါရောင်နဲ့ပြထားတဲ့ ကန်ပနီရှိပါတယ်။ ဘာတွေပါသလဲဆိုရင် ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေးမဟုတ်တဲ့ KPI တိုင်းတာမှုတွေကနေ၊ ကန်ပနီရဲ့ လုပ်ငန်းအခြေအနေနဲ့ကို ရှေ့ရေးကြိုတင်ခန့်မှန်းနိုင်ပြီး၊ အမှားတွေကိုလည်း ခြေရာခံတွေ့ နိုင်ပါတယ်။

ချိန်ခွင်ရဲ့ အခြားတစ်ဘက်မှာတော့ အပြာရောင်နဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ အစိမ်းရောင်ခြယ်ထားတဲ့ KPI တို့ဖြစ်ပါတယ်။

ဘဏ္ဍာရေးအခြေအနေ အပြာရောင်အကွက်က ရင်းနှီးမြုတ်နှံသူတွေ၊ ငွေချေးသူတွေက ကန်ပနီငွေကြေးအခြေအနေ ကောင်းလား၊ စီးပွားရေးအခြေအနေကျဆင်းနေရာက ရုန်းထွက်လာရတာမျိုးလား၊ အနာဂတ်အတွက် အလားအလာကောင်းတွေရှိသလား။ ဒါတွေကို ဘဏ္ဍာရေးအစီရင်ခံစာမှာပါတဲ့ Financial ratios တွေ တွက်ချက်ထားတာကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

KPI အစိမ်းရောင် အကွက်ကတော့ ရုံးတွင်းမှာ အသုံးဝင်သလို၊ ရင်းနှီးမြုတ်နှံသူတွေအတွက်လည်း အသုံးဝင်ပါတယ်။ Financial Statement တွေမှာလဲ ပြလေ့ရှိပါတယ်။ ရုံးတွင်း နေ့စဉ် ဒါမှမဟုတ် အကြိမ်ရေများများ KPI တွက်ချက်လေ့ ရှိပါတယ်။ ကန်ပနီတစ်ခုချင်းဆီအတွက် KPI သီးသန့်ရှိသင့်ပြီး၊ အနာဂတ်အောင်မြင်ရေး အတွက် မတူကွဲပြားတဲ့ KPI တွေ သူ့အရပ်နဲ့ သူ့ဇတ် ဆိုသလို… ကိုယ့် ကန်ပနီ Job Nature နဲ့ အညီ မိမိဘာသာ စီစဉ်ထားရှိနိုင်ပါတယ်။

အောက်မှာ ကန်ပနီတစ်ခုရဲ့ ပါဖောမန့် အန်နာလိုက်စစ် ပါ။

3

Fast Food Industry ကြီးတစ်ခုရဲ့ ထုတ်ကုန် A, B, C ကို Current Ratio နဲ့ နှစ်အလိုက် ဇယားဆွဲပြထားတာပါ။ Current Ratio က Current Asset (ရရန်ရှိ) နဲ့ current liabilities (ပေးရန်ရှိ) အချိုးချထားတာပါ။ အချိုးကိန်းဂဏန်းကြီးလေလေ ကန်ပနီက liquidity ပိုများလေလေ၊ ပြောရမယ်ဆိုရင် ငွေပေါ်လွယ်တယ်ပေါ့ဗျာ။

69% သော အပြည်ပြည်ဆိုင်ရာ ချိတ်ဆက် အလုပ်လုပ်နေတဲ့ ကန်ပနီတွေက အနာဂတ် ဘဏ္ဍာရေးရလဒ်တွေကို တိုင်းတာလေ့ ရှိကြပါတယ်။

Key Performance Indicators (KPIs)

လာပါပြီ KPI…

Key performance Indicators (KPIs) ဒါမှမဟုတ် Key Success Indicators (KSIs) တွေက ကန်ပနီတွေရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ နဲ့ ကန်ပနီတွင်း အချက်များစွာပေါ် မူတည်နေပြီး၊ Annual Report နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ပါလေ့ရှိပါတယ်။

ကန်ပနီတွေရဲ့ ငွေကြေးတွက်ချက်တာမဟုတ်တဲ့ လုပ်ဆောင်မှုတွေက KPI တွေဖြစ်ပါတယ်။ ငွေကြေးအားဖြင့် တန်ဖိုးဖြတ် တွက်ချက်လို့မရပေမဲ့၊ ကန်ပနီ အမြတ်အစွန်းတွေ ဖြစ်ထွန်းလာဖို့ တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ကန်ပနီတွေက ကိုယ်နဲ့ လိုက်လျောညီထွေရှိတဲ့ KPI တွေကို အသုံးပြုပြီး လုပ်ဆောင်မှုတွေကို တိုင်းတာနိုင်ပါတယ်။
စာရင်းအင်းဌာနတွေရဲ့ KPI က သတ်မှတ်ချိန်ကျော်သွားတဲ့အထိ မရသေးတဲ့ အကြွေးစာရင်းတွေ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ ဌာနအတွင်း အချိန်တိုနဲ့အကျိုးများတဲ့ ဆုံးဖြတ်ချက်တွေအတွက် အထောက်အကူဖြစ်မှာပါ။

ဒါက လုပ်ငန်းနှောင့်နှေးရတဲ့ အချက်တွေကို ညွှန်ပြတဲ့ ဥပမာတစ်ခုပါ။ ဒါက တိုက်ရိုက်သက်ရောက်မှုမရှိပေမဲ့ ရလဒ်ရှိတဲ့အတွက် တိုင်းလု့ိလွယ်ပါတယ်။ အဓိကအရေးကြီးတဲ့ အချက်တွေကို ကန်ပနီမှာ ဖြစ်ပေါ်နေပြီး၊ တိုးတက်ပြောင်းလဲနိုင်မဲ့အရာတွေကို ရှာရပါမယ်။ ဥပမာအားဖြင့် စာရင်းအင်းဌာနရဲ့ အဓိကအရေးကြီးတဲ့ အချက်က Purchase Order တွေ ကြိုရတဲ့ နှုန်းတွေ တက်လာတာ… စသည်ဖြင့်

KPI

အားကစားပွဲတွေမှာ အမှတ်ပေးသလို အမှတ်ပေးစနစ်နဲ့ သွားမယ့် Balanced Scorecard System က အကြမ်းဖျဉ်းပြောရရင်…

ကန်ပနီလုပ်ငန်းဆောင်တာတွေကို ကွဲပြားတဲ့ မဟာဗျူဟာစနစ်တစ်ခုနဲ့ စောင့်ကြည့်တဲ့နည်းလမ်းကို တင်ပြထားတာ ဖြစ်ပါတယ်။ ၁၉၉ဝ နှစ်တွေမှာ ဟားဗတ်စီးပွားရေးကျောင်းက ရောဘတ်ကာပလန် နဲ့ ဒေးဗစ်နော်တန်တို့က အဆိုပြုခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ၇၅ နှစ်လုံး US, Europe နဲ့ Asia တို့မှာ ရှိတဲ့ အကြီးဆုံးကန်ပနီဂျီးတွေ 50% လောက်ကို လွှမ်းမိုးထားနိုင်ဆုံး ကိုးကားရတဲ့ စီးပွားရေးအတွေးအခေါ်တွေပါတဲ့ Harvard Business Review မှာပါ။

Balance Scorecard မှာ ကန်ပနီ/အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ပုံကိုင်ပုံတွေကို နည်းလမ်း (၄) သွယ်နဲ့ ကြည့်ရှုစစ်ဆေးဖို့ ပါဝင်ပါတယ်။

Learning and growth လေ့လာသင်ယူတိုးတက်လာစေခြင်း

ဝန်ထမ်းတွေကို သင်တန်းပေးမယ်၊ ကန်ပနီ လုပ်ငန်းသဘော၊ ပေါ်လစီကို လေ့လာစေမယ်။

Business Process

လုပ်ငန်းစဉ်မှာ ပါဝင်တာက နေ့စဉ်လုပ်ငန်းတွေပေါ် စောင့်ကြည့်မှတ်တမ်းတင်ပြီး သတ်မှတ်ထားတဲ့ အချက်တွေနဲ့ တိုင်းတာဖို့။

Customer perspective ဖောက်သယ်တွေရဲ့ အမြင်

တစ်နည်းအားဖြင့် Customer Satisfaction ဖောက်သည်တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးပြီး ကျေနပ်နှစ်သိမ့်စေမှု။ ထပ်ဖြည့်ပြီးပြောရရင် ဝန်ထမ်းဆိုတာ ကန်ပနီရဲ့ Image တွေဖြစ်တာကြောင့် Stakeholder လို့ခေါ်တဲ့ ကိုယ်နဲ့လုပ်ငန်းအားဖြင့် ပတ်သက်ဆက်ဆံနေရတဲ့ supplier, partner အစပြုတဲ့သူအားလုံးနဲ့ ပြေလည်တဲ့ ဆက်ဆံရေးရှိတာကောင်းပါတယ်။


Financial Perspective ဘဏ္ဍာရေးအမြင်

ဒါကတော့ လုပ်ရိုးလုပ်စဉ် ဘဏ္ဍာရေးဆိုင်ရာအချက်တွေကနေ သိနိုင်ပါတယ်။

အဖွဲ့အစည်းတစ်ခုရဲ့ KPI တွေကိုတော့ ပုံမှာ စက်ဝိုင်း (၆) ခုနဲ့ ပြထားပါတယ်။ ဌာနတစ်ခုခြင်းဆီရဲ့ KPI တွေကို ကွန်ပျူတာမှာ စနစ်တစ်ခုနဲ့ ထည့်သွင်းထားပြီး မကြာခဏ စစ်ဆေးကြည့်နိုင်ပါတယ်။

ဌာနအလိုက် ဝန်ထမ်းတွေကို KPI နဲ့ တိုင်းတာမဲ့အချက်တွေမတူပါဘူး…
အောက်မှာဖေါ်ပြထားတဲ့ အချက်တွေနဲ့ ဌာနအလိုက် KPI Set Up တွေလုပ်ပြီး ဝန်ထမ်းတွေကို စောင့်ကြည့်နိုင်ပါတယ်။

Sales and Marketing အရောင်းနှင့် မားကတ်တင်းဌာန

အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုရလဒ်တွေအဖြစ်…. ဖောက်သယ်တွေဘယ်လောက် မိမိတို့ ကန်ပနီကို ထောက်ခံပေးသလဲ။ ဖောက်သည်တွေကို ဘယ်လောက်ထိမ်းသိမ်းထားနိုင်သလဲ (တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတာမျိုးတော့ မဖြစ်ဖူးပေါ့)၊ ဖောက်သည်တစ်ယောက်က ဘယ်လောက်ငွေကြေးပမာဏ ဝယ်လဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Accountant စာရင်းကိုင်

ပြန်ကြည့်မယ်ဆိုရင် အရင်ထက်စာရင် အရောင်းအော်ဒါတွေ မြင့်တက်လာသလား။ ဘဏ္ဍာရေးအစီရင်ခံစာတွေ အမှားနှုန်းဘယ်လောက်လဲ၊ လုပ်ငန်းတစ်ခုပြီးဖို့ အချိန်ဘယ်လောက်ကြာလဲ (ဥပမာ … ဘောက်ချာ သို့မဟုတ် Invoice တစ်ခုရပြီး ဘယ်လောက်အချိန် အတွင်း အပြီးလုပ်ပေးလဲ) ၊ ပေးရမဲ့ငွေတွေ နှစ်ခါ ထပ်ပေးမိတာ ဘယ်နှစ်ခေါက်လဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Customer Service ဖောက်သယ်ဝန်ဆောင်မှုပေးသောဌာန

ဖောက်သယ်တွေက ဘယ်နှစ်ကြိမ် မကြေနပ်ကြောင်းပြောကြလဲ၊ ဖောက်သယ်တွေကို ကျေနပ်နှစ်သိမ့်မှု ဘယ်လောက်ပေးနိုင်သလဲ၊ အီးမေးတစ်စောင်ရပြီးရင် ပျှမ်းမျှ ဘယ်လောက် အချိန်အတိုင်းအတာအတွင်း အကြောင်းပြန် ဖြေရှင်းပေးလဲ။ ဖောက်သယ်တွေဆီ ကိုယ့်ထုတ်ကုန်ကို ဝယ်ဖို့ ဖုန်းခေါ်ပြောတဲ့ အကြိမ်အရေအတွက်ထဲကမှ ဘယ်နှစ်ကြိမ် ထုတ်ကုန်ရောင်းရပြီလဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။


Hunan resources လူသားအရင်းအမြစ်ဌာန

ဝန်ထမ်းတစ်ဦးချင်းဆီရဲ့ အရည်အချင်းအလိုက် စီးပွားရေးဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်၊ ဝန်ထမ်းတွေ ကန်ပနီအပေါ် ကျေနပ်မှုနှုန်း၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ဝင်ငွေ၊ ဝန်ထမ်းတွေ ကန်ပနီက အလုပ်ထွက်နှုန်း၊ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Operation လုပ်ငန်းအကောင်အထည်ဖေါ်ဌာန

စီမံကိန်းတွေရဲ့ကုန်ကျစရိတ်တွေမှာ ဘတ်ဂျက်က သတ်မှတ်ထားတာနဲ့ အမှန်တကယ်လုပ်တဲ့အချိန်ကုန်ကျစရိတ် ဘယ်လောက်ကွာလဲ၊ ထုတ်ကုန်တစ်ခု ဈေးကွက်ကိုရောက်ဖို့ အချိန်ဘယ်လောက်ယူသလဲ၊ ဘယ်လောက်အောင်မြင်မှုရလဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Environmental and Sustainability သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးဌာန

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုရနိုင်အောင်လုပ်ပေးနိုင်တဲ့နှုန်း၊ လုပ်ငန်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဘယ်လောက်ထွက်လဲ၊ လုပ်ငန်းမှ ရေဘယ်လောက်သုံးသလဲ၊ စွမ်းအင်တွေ ဘယ်လောက် အသုံးပြုလဲ၊ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

ဟမ်မလေးးးးးး
တစ်ပိုင်းပြီးဘီ… မောထှာ.. ညောင်းထှာ….
ကတောက်စ် ဆပ်ဆော့မိတဲ့ အကျိုး နားရက်မှာ မနားရဘူး.. သေဗျဇီ… :cry:

အော်… ပြောဖို့ကျန်ခဲ့လို့ 31% သော ကန်ပနီတွေက ကွန်ပျူတာစနစ်တွေကို သုံးပြီး ဝန်ထမ်းတွေကို စောင့်ကြည့် KPI တိုင်းကြတယ်ဗျ….

သင်္ကြန်မှာ အားလုံးချမ်းမြေ့ကြပါစေဗျာ….

About Wow

has written 62 post in this Website..