How Business Works

WowApril 15, 20152min21451

ဒီနှစ်သင်္ကြန်တွင်းတော့ အိမ်မှာပဲအေးဆေးနားမယ် စိတ်ကူးထားတော့ အခွေလေးကျိလိုက်… သူများတွေပျော်နေတာ ထွက်ငေးလိုက်… စားလိုက်သောက်လိုက်ပေါ့…

သာသာယာယာရှိနေတုံး TV တင်ထားတဲ့စင် ခလုပ်တိုက်မိပြီး… စာအုပ်တစ်အုပ် အောက်ပြုတ်ကျလာမှ…

ဟယ်…. ငါဆတ်ဆော့ပြီး ငှားထားမိတဲ့ စာအုပ်ပါလား….

စာအုပ်စာပေ လူ့မိတ်ဆွေဆိုတော့ TV ကြည့်တိုင်း နေကြာစေ့စားရင် အခွံလေးတွေကို အဲ့စာအုပ်နဲ့ ခံစားနေကြ… ခံဇားရဒယ်ဗျာ…. :mrgreen:

အဲ့တော့… ကိုယ်ခလုပ်တိုက်မိတာလဲ အလဂါးမဖြစ်ရလေအောင်… နိ .. ငါ့စာအုပ်ငှားပြီး ဘာလုပ်လဲ မေးရင်လဲ အဖြေရှိရလေအောင်… ဝက်ခေါက်ကြော်လေးနဲ့ နွားနို့ပြစ်နေအောင်ကြိုထားတာလေး ဘေးချပြီး ဖတ်မယ် ရေးမယ်ပေါ့ဗျာ…

အဟွာလေ.. ကြိုပီးပြောချင်တာကတော့ ကျနော်က အမြဲတမ်း ပဲကြီးမနိုင်ပဲ ချဉ်ဟင်းစားတတ်သူမို့ အများဂျီးတော့ မမျှော်လင့်ဂျပါနဲ့လို့စ်…

နောက်ပြီး ကျနော့် specialization က Creative and Advertising ဆိုပေမဲ့… လက်ရှိ ရုံးမှာလဲ သင်တန်းတွေပေး ကန်ပနီတော်တော်များများမှာလဲ ခောတ်စားနေတဲ့ KPI ကို အရင်ရေးပြပါမယ်…

ကျနော်ရေးတာ လိုအပ်ချက်တွေရှိခဲ့ရင် KPI ဆြာသမားများ ဝင်ရောက်ပြောကြားပေးပါလို့…

အဲ့တော့… ကျနော် ဆတ်ဆော့မိတာရယ်.. ခလုတ်တိုက်မိတာရယ် နှစ်ခုပေါင်းလို့ ပိတ်သတ်ကြီး မျက်စိနောက်ရတယ်မှတ်ပါ.. :mrgreen:

Untitled-1 copy

Measuring Performance

ကျနော်တို့ ခုနောက်ပိုင်း မေးခွန်းတစ်ခုရှိလာတာက ကန်ပနီတစ်ခု အောင်မြင်တယ်ဆိုတာ ဘာလဲ။
ဘယ်အချက်တွေက အောင်မြင်ကြောင်း ပြလဲ… ဘယ်လိုတိုင်းတာမလဲ။

ဒီနေရာမှာ အချက် (၂) ချက်ကို တွေ့ရပါတယ်..

(၁) ဘဏ္ဍာရေးဆိုင်ရာ ကိန်းဂဏန်းတွေနဲ့တိုင်းမယ်။
(၂) ဘဏ္ဍာရေးမဟုတ်တဲ့ အခြားအရာတွေနဲ့ တိုင်းမယ်။

နံပါတ်(၁) ကတော့ ရှင်းပါတယ်။ မြတ်ရင် အောင်မြင်တယ်။ မမြတ်ရင်မအောင်မြင်ဘူးပေါ့ဗျာ။ ဒါကိုမှ ဆင့်ပွားပြီး Financial ratios တွေဘာတွေပေါ့.. နောက်ပိုင်းတော့ ပါပါလိမ့်မယ်…

နံပါတ်(၂) ကတော့ KPI ပေါ့ဗျာ…
အရင်က ဝန်ဆောင်မှုနဲ့ဆက်နွယ်နေတဲ့ ကန်ပနီတော်တော်များများ ပြောလေ့ရှိတာ…
Customer is always right!
ဝယ်သူအမြဲမှန်တယ်ပေါ့ဗျာ…

အရင်က ဖောက်သယ် ဦးစားပေးစနစ်ကနေ အခု ဝန်ထမ်းဦးစားပေးစနစ်ကို ပြောလာကြပါပြီ။ ဒီဖောက်သယ်တွေ ရဖို့၊ ရေရှည် ဆက်ဆံရေးတည်မြဲဖို့က ဝန်ထမ်းတွေအပေါ်မူတည်တာကိုး။

ပန်းသီးဖခင် Steve Jobs ကိုယ်တိုင် Sympathy ၊ Empathy တွေနဲ့ သုံးစွဲသူနေရာက ဝေမျှခံစား ကိုယ်ချင်းစာစိတ် တွေနဲ့ အလုပ်လုပ်သွားတာကိုးဗျ။

ဒီလို Sympathy ၊ Empathy တွေနဲ့လုပ်ဖို့ရာက ဝန်ထမ်းကောင်းမှ ဖြစ်မှာလေ…

ဒါပေသိ City Mark တို့လို၊ Marga တို့လို အင်တာနေရှင်နယ်တန်း management လုပ်တဲ့ ကန်ပနီတွေကလွဲလို့ မြန်မာကန်ပနီတွေကတော့ အများကြီးကြိုးစားရဦးမှာပါပဲ။ City Mark မှာ Marketing အချိန်ပိုင်းအကြံပေးက ကျနော့်ဆရာ သမားတစ်ယောက်ရဲ့ အမျိုးသမီး မလေးတရုတ်မ ဗျ။ သူတို့ City Mark ရဲ့ Marketing and Advertising ပေါ်လစီကို ကျနော် သိပ်သဘောကျတယ်။

ကိုယ်သန်ရာပြောရင်း ချော်သွားပြန်ဘီ… KPI ဘက်ပြန်ဆွဲရရင်…

ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေးမဟုတ်တဲ့ အပိုင်းတွေကိုပုံမှာ ချိန်ခွင်လေးနဲ့ ပြထားသဗျ…

Untitled-2

ကန်ပနီတစ်ခုမှာ နှစ်စဉ် ဘဏ္ဍာရေးအစီရင်ခံစာကို Financial ratios တွေ တွက်ချက်ပြီး တင်ပြလေ့ရှိသဗျ။

ကန်ပနီအနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအစီရင်ခံစာ တစ်ခုထဲက မလုံလောက်ပါဘူး။

ကန်ပနီရဲ့ ရေရှည်အကျိုးစီးပွားကို သက်ရောက်မဲ့ အဓိကအချက်တွေဖြစ်တဲ့ ဖောက်သည်တွေရဲ့ယုံကြည်ကိုးစားမှု (ဒီနေရာမှာတော့ Branding ပါလာပြီဗျ၊ Brand is trust လို့လဲ ပြောကြတာကိုး၊ ကျနော်တို့ အမျိုးသမီးတွေဆို Wacoal, Victoria’s Secret အစရှိသည်ဖြင့်ပေါ့.. ) ၊ ကုန်ထုတ်လုပ်မှုစွမ်းအား နဲ့ R &D။

အာ့ဒွေကို ဘာနဲ့တိုင်းမယ်… KPI နဲ့ တိုင်းမယ်…

ဘာဒဲ့… KPI

အို… ဘာဒဲ့.. KPI

ဟီးးးးး မဏ္ဍပ်က သီချင်းတွေနဲ့ နဲနဲရောသွားလို့…

ဒီနေရာမှာ ကြုံတုံးလေး R&D ကို နဲနဲ ဆက်ဆွဲရရင်.. ကမ္ဘာ့အကြော်ကြားဆုံး ကန်ပနီတွေမှာ R&D ကို ဘတ်ဂျက် အများဆုံးချပေးသဗျ။ တစ်နည်းအားဖြင့် Biznet Development နဲ့ သဘောတရားခြင်းတူတာပေါ့။

ခင်ညာ… မြန်မာကန်ပနီတွေလား… ကျနော်သိသလောက်တော့ နာမည်ကြီး မိတ်အင်လှိုင်သာယာ အချိုရည် တံဆိပ်တစ်ခု ဗူးထဲ “လောက်” ပါတာ ပရိုမိုးရှင်းကာလမို့ပါတဲ့… ပရိုမိုးရှင်းဆိုတာ အဲ့နှစ် အဲ့ဘတ်ဂျက်ရအောင်ရှာပေးရမယ်ဆိုပီး စက်ရုံကို ဖိအားပေးထားတဲ့ ပရိုမိုးရှင်းပါတဲ့ ဗျာတို့…

KPI အကြောင်းပြန်သွားပါမယ်.. အပေါ်ကအပိုဒ်ကို ကျနော်မပြောခဲ့ဖူးလို့ သဘောထားလိုက်ကြပါ.. :mrgreen:

ဆိုတော့ ကန်ပနီ ရေရှည်အကျိုးစီးပွားအတွက် ဖောက်သည်တွေရဲ့ယုံကြည်ကိုးစားမှု၊ ကုန်ထုတ်လုပ်မှုစွမ်းအား နဲ့ R &D တွေကို တကယ်တန်းအကောင်အထည်ဖေါ်မှာ ဝန်ထမ်းတွေဗျ။ အဲ့ဒီ့ဝန်ထမ်းတွေရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တိုင်းမဲ့ KPI.

နိုင်ငံတကာတန်းမှာ ဆိုရင်တော့ ပြင်ပစီးပွားရေးလောကမှ စောင့်ကြည့်သူတွေ၊ ရင်းနှီးမြုပ်နှံသူတွေ၊ ငွေချေးမဲ့သူတွေက KPI ကိုကြည့်ပြီး ဆုံးဖြတ်လေ့ရှိပါတယ်။

ခင်ညား ဘဏ္ဍာရေးအစီရင်ခံစာ မိုးပျံအောင် ကောင်းနေပစေ၊ ဆက်လက်ဖေါ်ဆောင်ပေးမဲ့ ဝန်ထမ်းကောင်း၊ KPI ရလဒ်ကောင်းတွေမရှိဘူးဆိုရင် မလွယ်ပါဘူး။

ဆိုတော့ ချိန်ခွင်လေးကို ပြန်သွားရရင်….

တစ်ဘက်ခြမ်းမှာ အဝါရောင်နဲ့ပြထားတဲ့ ကန်ပနီရှိပါတယ်။ ဘာတွေပါသလဲဆိုရင် ဘဏ္ဍာရေးနဲ့ ဘဏ္ဍာရေးမဟုတ်တဲ့ KPI တိုင်းတာမှုတွေကနေ၊ ကန်ပနီရဲ့ လုပ်ငန်းအခြေအနေနဲ့ကို ရှေ့ရေးကြိုတင်ခန့်မှန်းနိုင်ပြီး၊ အမှားတွေကိုလည်း ခြေရာခံတွေ့ နိုင်ပါတယ်။

ချိန်ခွင်ရဲ့ အခြားတစ်ဘက်မှာတော့ အပြာရောင်နဲ့ ဘဏ္ဍာရေးအခြေအနေနဲ့ အစိမ်းရောင်ခြယ်ထားတဲ့ KPI တို့ဖြစ်ပါတယ်။

ဘဏ္ဍာရေးအခြေအနေ အပြာရောင်အကွက်က ရင်းနှီးမြုတ်နှံသူတွေ၊ ငွေချေးသူတွေက ကန်ပနီငွေကြေးအခြေအနေ ကောင်းလား၊ စီးပွားရေးအခြေအနေကျဆင်းနေရာက ရုန်းထွက်လာရတာမျိုးလား၊ အနာဂတ်အတွက် အလားအလာကောင်းတွေရှိသလား။ ဒါတွေကို ဘဏ္ဍာရေးအစီရင်ခံစာမှာပါတဲ့ Financial ratios တွေ တွက်ချက်ထားတာကို ကြည့်ပြီး ခန့်မှန်းနိုင်ပါတယ်။

KPI အစိမ်းရောင် အကွက်ကတော့ ရုံးတွင်းမှာ အသုံးဝင်သလို၊ ရင်းနှီးမြုတ်နှံသူတွေအတွက်လည်း အသုံးဝင်ပါတယ်။ Financial Statement တွေမှာလဲ ပြလေ့ရှိပါတယ်။ ရုံးတွင်း နေ့စဉ် ဒါမှမဟုတ် အကြိမ်ရေများများ KPI တွက်ချက်လေ့ ရှိပါတယ်။ ကန်ပနီတစ်ခုချင်းဆီအတွက် KPI သီးသန့်ရှိသင့်ပြီး၊ အနာဂတ်အောင်မြင်ရေး အတွက် မတူကွဲပြားတဲ့ KPI တွေ သူ့အရပ်နဲ့ သူ့ဇတ် ဆိုသလို… ကိုယ့် ကန်ပနီ Job Nature နဲ့ အညီ မိမိဘာသာ စီစဉ်ထားရှိနိုင်ပါတယ်။

အောက်မှာ ကန်ပနီတစ်ခုရဲ့ ပါဖောမန့် အန်နာလိုက်စစ် ပါ။

3

Fast Food Industry ကြီးတစ်ခုရဲ့ ထုတ်ကုန် A, B, C ကို Current Ratio နဲ့ နှစ်အလိုက် ဇယားဆွဲပြထားတာပါ။ Current Ratio က Current Asset (ရရန်ရှိ) နဲ့ current liabilities (ပေးရန်ရှိ) အချိုးချထားတာပါ။ အချိုးကိန်းဂဏန်းကြီးလေလေ ကန်ပနီက liquidity ပိုများလေလေ၊ ပြောရမယ်ဆိုရင် ငွေပေါ်လွယ်တယ်ပေါ့ဗျာ။

69% သော အပြည်ပြည်ဆိုင်ရာ ချိတ်ဆက် အလုပ်လုပ်နေတဲ့ ကန်ပနီတွေက အနာဂတ် ဘဏ္ဍာရေးရလဒ်တွေကို တိုင်းတာလေ့ ရှိကြပါတယ်။

Key Performance Indicators (KPIs)

လာပါပြီ KPI…

Key performance Indicators (KPIs) ဒါမှမဟုတ် Key Success Indicators (KSIs) တွေက ကန်ပနီတွေရဲ့ ရည်မှန်းချက် ပန်းတိုင်တွေ နဲ့ ကန်ပနီတွင်း အချက်များစွာပေါ် မူတည်နေပြီး၊ Annual Report နှစ်ပတ်လည် အစီရင်ခံစာတွေမှာ ပါလေ့ရှိပါတယ်။

ကန်ပနီတွေရဲ့ ငွေကြေးတွက်ချက်တာမဟုတ်တဲ့ လုပ်ဆောင်မှုတွေက KPI တွေဖြစ်ပါတယ်။ ငွေကြေးအားဖြင့် တန်ဖိုးဖြတ် တွက်ချက်လို့မရပေမဲ့၊ ကန်ပနီ အမြတ်အစွန်းတွေ ဖြစ်ထွန်းလာဖို့ တစ်စိတ်တစ်ပိုင်းပါဝင်နေပါတယ်။ ကန်ပနီတွေက ကိုယ်နဲ့ လိုက်လျောညီထွေရှိတဲ့ KPI တွေကို အသုံးပြုပြီး လုပ်ဆောင်မှုတွေကို တိုင်းတာနိုင်ပါတယ်။
စာရင်းအင်းဌာနတွေရဲ့ KPI က သတ်မှတ်ချိန်ကျော်သွားတဲ့အထိ မရသေးတဲ့ အကြွေးစာရင်းတွေ ရာခိုင်နှုန်း ဖြစ်နိုင်ပါတယ်။ ဌာနအတွင်း အချိန်တိုနဲ့အကျိုးများတဲ့ ဆုံးဖြတ်ချက်တွေအတွက် အထောက်အကူဖြစ်မှာပါ။

ဒါက လုပ်ငန်းနှောင့်နှေးရတဲ့ အချက်တွေကို ညွှန်ပြတဲ့ ဥပမာတစ်ခုပါ။ ဒါက တိုက်ရိုက်သက်ရောက်မှုမရှိပေမဲ့ ရလဒ်ရှိတဲ့အတွက် တိုင်းလု့ိလွယ်ပါတယ်။ အဓိကအရေးကြီးတဲ့ အချက်တွေကို ကန်ပနီမှာ ဖြစ်ပေါ်နေပြီး၊ တိုးတက်ပြောင်းလဲနိုင်မဲ့အရာတွေကို ရှာရပါမယ်။ ဥပမာအားဖြင့် စာရင်းအင်းဌာနရဲ့ အဓိကအရေးကြီးတဲ့ အချက်က Purchase Order တွေ ကြိုရတဲ့ နှုန်းတွေ တက်လာတာ… စသည်ဖြင့်

KPI

အားကစားပွဲတွေမှာ အမှတ်ပေးသလို အမှတ်ပေးစနစ်နဲ့ သွားမယ့် Balanced Scorecard System က အကြမ်းဖျဉ်းပြောရရင်…

ကန်ပနီလုပ်ငန်းဆောင်တာတွေကို ကွဲပြားတဲ့ မဟာဗျူဟာစနစ်တစ်ခုနဲ့ စောင့်ကြည့်တဲ့နည်းလမ်းကို တင်ပြထားတာ ဖြစ်ပါတယ်။ ၁၉၉ဝ နှစ်တွေမှာ ဟားဗတ်စီးပွားရေးကျောင်းက ရောဘတ်ကာပလန် နဲ့ ဒေးဗစ်နော်တန်တို့က အဆိုပြုခဲ့တာဖြစ်ပါတယ်။ အဲဒါကတော့ လွန်ခဲ့တဲ့ ၇၅ နှစ်လုံး US, Europe နဲ့ Asia တို့မှာ ရှိတဲ့ အကြီးဆုံးကန်ပနီဂျီးတွေ 50% လောက်ကို လွှမ်းမိုးထားနိုင်ဆုံး ကိုးကားရတဲ့ စီးပွားရေးအတွေးအခေါ်တွေပါတဲ့ Harvard Business Review မှာပါ။

Balance Scorecard မှာ ကန်ပနီ/အဖွဲ့အစည်း တစ်ခုရဲ့ လုပ်ပုံကိုင်ပုံတွေကို နည်းလမ်း (၄) သွယ်နဲ့ ကြည့်ရှုစစ်ဆေးဖို့ ပါဝင်ပါတယ်။

Learning and growth လေ့လာသင်ယူတိုးတက်လာစေခြင်း

ဝန်ထမ်းတွေကို သင်တန်းပေးမယ်၊ ကန်ပနီ လုပ်ငန်းသဘော၊ ပေါ်လစီကို လေ့လာစေမယ်။

Business Process

လုပ်ငန်းစဉ်မှာ ပါဝင်တာက နေ့စဉ်လုပ်ငန်းတွေပေါ် စောင့်ကြည့်မှတ်တမ်းတင်ပြီး သတ်မှတ်ထားတဲ့ အချက်တွေနဲ့ တိုင်းတာဖို့။

Customer perspective ဖောက်သယ်တွေရဲ့ အမြင်

တစ်နည်းအားဖြင့် Customer Satisfaction ဖောက်သည်တွေကို ဝန်ဆောင်မှုကောင်းကောင်းပေးပြီး ကျေနပ်နှစ်သိမ့်စေမှု။ ထပ်ဖြည့်ပြီးပြောရရင် ဝန်ထမ်းဆိုတာ ကန်ပနီရဲ့ Image တွေဖြစ်တာကြောင့် Stakeholder လို့ခေါ်တဲ့ ကိုယ်နဲ့လုပ်ငန်းအားဖြင့် ပတ်သက်ဆက်ဆံနေရတဲ့ supplier, partner အစပြုတဲ့သူအားလုံးနဲ့ ပြေလည်တဲ့ ဆက်ဆံရေးရှိတာကောင်းပါတယ်။


Financial Perspective ဘဏ္ဍာရေးအမြင်

ဒါကတော့ လုပ်ရိုးလုပ်စဉ် ဘဏ္ဍာရေးဆိုင်ရာအချက်တွေကနေ သိနိုင်ပါတယ်။

အဖွဲ့အစည်းတစ်ခုရဲ့ KPI တွေကိုတော့ ပုံမှာ စက်ဝိုင်း (၆) ခုနဲ့ ပြထားပါတယ်။ ဌာနတစ်ခုခြင်းဆီရဲ့ KPI တွေကို ကွန်ပျူတာမှာ စနစ်တစ်ခုနဲ့ ထည့်သွင်းထားပြီး မကြာခဏ စစ်ဆေးကြည့်နိုင်ပါတယ်။

ဌာနအလိုက် ဝန်ထမ်းတွေကို KPI နဲ့ တိုင်းတာမဲ့အချက်တွေမတူပါဘူး…
အောက်မှာဖေါ်ပြထားတဲ့ အချက်တွေနဲ့ ဌာနအလိုက် KPI Set Up တွေလုပ်ပြီး ဝန်ထမ်းတွေကို စောင့်ကြည့်နိုင်ပါတယ်။

Sales and Marketing အရောင်းနှင့် မားကတ်တင်းဌာန

အရောင်းမြှင့်တင်ရေးဝန်ထမ်းတွေရဲ့ လုပ်ဆောင်မှုရလဒ်တွေအဖြစ်…. ဖောက်သယ်တွေဘယ်လောက် မိမိတို့ ကန်ပနီကို ထောက်ခံပေးသလဲ။ ဖောက်သည်တွေကို ဘယ်လောက်ထိမ်းသိမ်းထားနိုင်သလဲ (တစ်ခါဆက်ဆံ ဆယ်ခါလန် ဆိုတာမျိုးတော့ မဖြစ်ဖူးပေါ့)၊ ဖောက်သည်တစ်ယောက်က ဘယ်လောက်ငွေကြေးပမာဏ ဝယ်လဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Accountant စာရင်းကိုင်

ပြန်ကြည့်မယ်ဆိုရင် အရင်ထက်စာရင် အရောင်းအော်ဒါတွေ မြင့်တက်လာသလား။ ဘဏ္ဍာရေးအစီရင်ခံစာတွေ အမှားနှုန်းဘယ်လောက်လဲ၊ လုပ်ငန်းတစ်ခုပြီးဖို့ အချိန်ဘယ်လောက်ကြာလဲ (ဥပမာ … ဘောက်ချာ သို့မဟုတ် Invoice တစ်ခုရပြီး ဘယ်လောက်အချိန် အတွင်း အပြီးလုပ်ပေးလဲ) ၊ ပေးရမဲ့ငွေတွေ နှစ်ခါ ထပ်ပေးမိတာ ဘယ်နှစ်ခေါက်လဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Customer Service ဖောက်သယ်ဝန်ဆောင်မှုပေးသောဌာန

ဖောက်သယ်တွေက ဘယ်နှစ်ကြိမ် မကြေနပ်ကြောင်းပြောကြလဲ၊ ဖောက်သယ်တွေကို ကျေနပ်နှစ်သိမ့်မှု ဘယ်လောက်ပေးနိုင်သလဲ၊ အီးမေးတစ်စောင်ရပြီးရင် ပျှမ်းမျှ ဘယ်လောက် အချိန်အတိုင်းအတာအတွင်း အကြောင်းပြန် ဖြေရှင်းပေးလဲ။ ဖောက်သယ်တွေဆီ ကိုယ့်ထုတ်ကုန်ကို ဝယ်ဖို့ ဖုန်းခေါ်ပြောတဲ့ အကြိမ်အရေအတွက်ထဲကမှ ဘယ်နှစ်ကြိမ် ထုတ်ကုန်ရောင်းရပြီလဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။


Hunan resources လူသားအရင်းအမြစ်ဌာန

ဝန်ထမ်းတစ်ဦးချင်းဆီရဲ့ အရည်အချင်းအလိုက် စီးပွားရေးဆိုင်ရာ တန်ဖိုးသတ်မှတ်ချက်၊ ဝန်ထမ်းတွေ ကန်ပနီအပေါ် ကျေနပ်မှုနှုန်း၊ ဝန်ထမ်းတစ်ဦးချင်းစီရဲ့ ဝင်ငွေ၊ ဝန်ထမ်းတွေ ကန်ပနီက အလုပ်ထွက်နှုန်း၊ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Operation လုပ်ငန်းအကောင်အထည်ဖေါ်ဌာန

စီမံကိန်းတွေရဲ့ကုန်ကျစရိတ်တွေမှာ ဘတ်ဂျက်က သတ်မှတ်ထားတာနဲ့ အမှန်တကယ်လုပ်တဲ့အချိန်ကုန်ကျစရိတ် ဘယ်လောက်ကွာလဲ၊ ထုတ်ကုန်တစ်ခု ဈေးကွက်ကိုရောက်ဖို့ အချိန်ဘယ်လောက်ယူသလဲ၊ ဘယ်လောက်အောင်မြင်မှုရလဲ။ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

Environmental and Sustainability သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းစောင့်ရှောက်ရေးဌာန

စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုရနိုင်အောင်လုပ်ပေးနိုင်တဲ့နှုန်း၊ လုပ်ငန်းမှ ကာဗွန်ဒိုင်အောက်ဆိုဒ် ဘယ်လောက်ထွက်လဲ၊ လုပ်ငန်းမှ ရေဘယ်လောက်သုံးသလဲ၊ စွမ်းအင်တွေ ဘယ်လောက် အသုံးပြုလဲ၊ စတဲ့ KPI တွေနဲ့ တိုင်းတာ နိုင်ပါတယ်။

ဟမ်မလေးးးးးး
တစ်ပိုင်းပြီးဘီ… မောထှာ.. ညောင်းထှာ….
ကတောက်စ် ဆပ်ဆော့မိတဲ့ အကျိုး နားရက်မှာ မနားရဘူး.. သေဗျဇီ… 😥

အော်… ပြောဖို့ကျန်ခဲ့လို့ 31% သော ကန်ပနီတွေက ကွန်ပျူတာစနစ်တွေကို သုံးပြီး ဝန်ထမ်းတွေကို စောင့်ကြည့် KPI တိုင်းကြတယ်ဗျ….

သင်္ကြန်မှာ အားလုံးချမ်းမြေ့ကြပါစေဗျာ….

51 comments

  • ခင်ဇော်

    April 15, 2015 at 2:44 pm

    ဟွာလေ။
    ပညာရပ် စာတွေက နားမလည်တော့ ပုံလေးရယ်
    အစားအသောက်တွေရယ်ပဲ ခံစားသွားတယ်လို့။
    :mrgreenn:

    အဲလာ စာဥ မျက်နှာဖုံးလားးး
    အရမ်းရောင်းရမဲ့ စာဥပဲ။

    :mrgreen:

    • Wow

      April 15, 2015 at 2:56 pm

      စာဥတင်ကဝူး နောက်ဆို ငုံးဥပါရောင်းအူးမာ… :mrgreen:

  • kai

    April 15, 2015 at 3:02 pm

    ဝက်ခေါက်ကြော်လေးနဲ့ နွားနို့ပြစ်နေအောင်ကြိုထားတာလေး ဘေးချပြီး ဖတ်မယ် ရေးမယ်ပေါ့ဗျာ…

    ပိန်ဦးမယ့်စာဥပဲ..။
    အဲဒါပဲသိလို့.. အဲဒါလေးဝင်ပြော..။ :kwi:

    • Wow

      April 15, 2015 at 3:05 pm

      အနော် ဝိတ်ချနေတာ ဒဂျီးရ :mrgreen:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 15, 2015 at 3:50 pm

    Oh! Yesss

    • Wow

      April 15, 2015 at 3:52 pm

      မတမ
      ယင်တလောင်းလောင်းမ
      🙁

  • ခင်ဇော်

    April 15, 2015 at 4:01 pm

    KPI တော့ မသိဝူးးး
    KKP တော့ သိတယ်။

    Kaung Kin Pyar

    :mrgreen:

    • Wow

      April 15, 2015 at 4:07 pm

      နာလဲ လူရှိန်အောင်ပါအေ.. သိပ်လည်း သိလှတယ် ဟုတ်ပါဝူး :mrgreen:

  • ဝင့်ပြုံးမြင့်

    April 15, 2015 at 4:42 pm

    .စာကိုတော့ တစ်လုံးမှ မဖတ်သွားဘူး။ ဒါပေမယ့် စာအုပ်ကိုင်ထားတဲ့ ကောင်မလေးက လှလိုက်တာ။ ဝေါင်းပုံလား။

    • Wow

      April 15, 2015 at 5:50 pm

      စာဥ ကြော်ငြာလား မွပြုံး… ကျနော့်ပုံပါ.. နှာခေါင်းနဲ့တင် ကြော်ငြာပေါက်နေဘီ :mrgreen:

  • ဦးဦးပါလေရာ

    April 15, 2015 at 7:46 pm

    တော်တော်ပျင်းစရာကောင်းမယ့်အကြောင်းအရာကို
    မျှမျှတတလေး ရေးပြသွားနိုင်တာတော့ ချီးကျူးတယ်…
    တန်ဖိုးရှိအသုံးဝင်တဲ့ဒီလိုပိုစ့်လေးတွေ နောက်မျက်နှာရောက်ပြီး ပျောက်သွားမှာလဲ နှမြောစရာပါပဲ….

    • Wow

      April 16, 2015 at 10:15 am

      နောက်ရောက်သွားရင် နောက်တစ်ပိုင်းထပ်ရေးမယ်လေ.. အူးအူးပါ… လာအားပေးဦးနော်.. :kwi:

  • naywoon ni

    April 15, 2015 at 8:34 pm

    ့နား​တော့လည်​သလိုလိုပဲ သိပ်​မရှင်​းဘူး ဒါ​ဂျောင်​့ နှာ​ခေါင်​း​လေးပဲ နှစ်​ခါပြန်​ကျိသွားဒယ်​ ။
    သိပ်​မရှင်​း​ပေမဲ့ ​သေချာသိလိုင်​ရတာ​တော့ အစိုးရပိုင်​ စက်​ရုံ​တွေ လုပ်​ငန်​း​တွေ နှစ်​စဉ်​ အရှုံး​ပေါ်​နေတာ အဲ့ဒိ KPI မရှိလို့ဖြစ်​မယ်​ 🙂 အဟိ ခပ်​တည်​တည်​ ဝင်​ရွှီးလိုက်​တာ ငါကွ
    ​နေဝန်​းနီ 🙂

    • Wow

      April 16, 2015 at 10:10 am

      ဆြာနီက မရှင်းတာတောင် ဆိုလိုရင်းကို အတော်ရှင်းသွားတာပဲ.. :mrgreen:

      အမှန်က KPI က ဝန်ထမ်းဘက်ကကော အလုပ်ရှင်ဘက်ပါ အကျိုးရှိတယ်ဗျ… တဂယ့် ဌာနတစ်ခုခြင်းစီရဲ့ Key Indicator တွေ ဆွဲထုတ်ပြီး အမှတ်ပေးစနစ်နဲ့ ဖောမက်ရိုက်ပြီး သွားလိုက်စမ်းပါ… အိရောင်ဝါးတွေ အတွက် နေရာကို မရှိတော့ဘူး…

      ကျနော် အပေါ်မှာပြောထားတဲ့ စက်ရုံက တဂယ်ဗျ… ထိတ်ထိတ်ကျဲ ကန်ပနီဂျီး… သထေးက မန်နေဂျာတွေကို လစာပျံနေအောင်ပေးထားပြီး၊ မန်နေဂျာတွေက အောက်ခြေဝန်ထမ်းတွေကို ကျောက်ခဲ ရေညှစ်သလိုညှစ်တဲ့ စက်ရုံ၊

      မန်နေဂျာတွေကို ဒီဘတ်ဂျတ်ဘောင်အတွင်းရအောင်ရှာရမယ် ဆိုပြီး ဖိအားပေးထားတော့၊ အချိုရည်ဘူးထဲ “လောက်” ပါလဲ သထေးက မသိချင်ယောင်ဆောင်နေတာပဲ။ သူလိုတဲ့ အမြတ်ရပြီလေ.. သူတို့မိသားစုတော့ အဲ့အချိုရည် ဘယ်သောက်မလဲဗျာ…

      ငွေကြေးအရတော့ သောက်ရမ်းမြတ်ပေါ့.. အာ့ဂိုအောင်မြင်တယ် သတ်မှတ်လဲ… .. သာဓု :buu:

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 16, 2015 at 10:27 am

        KPI ပီးရင်​​လေ ဆားဂို Balanced Score Card အ​ကြောင်​း​ပြောပြပါအုံး​ညော်​

        ဆား ​စောင်​့​နေဗာဒယ်​

        ခင်​တဲ့
        ဆား

        • Wow

          April 16, 2015 at 11:05 am

          ကျေးကျေးး.. အာဘွား.. မေ့ကျန်ခဲ့လို့ အပေါ်မာပြန်ဖြည့်ထားတယ်…
          နိဆက်အာချင်.. အဲလေ ပြောချင်ပြောလို့… :mrgreen:

  • မြစပဲရိုး

    April 15, 2015 at 8:41 pm

    . ဒေါ်ဝါးလေး
    လူအားနည်းနေချိန်မှာ အားဖြည့်ပေးတာ ကျေးဇူးတင်ပါတယ်။

    ဝါး ရဲ့ စာ ကို အချုပ် လုပ်ကြည့်လိုက်တော့
    Business Objectives -> Goals -> KPI’s -> Metrics

    နားလည်ရာ ကို ဥမပါ ပြရရင် ကိုယ့်မှာ ဝက်ဘ်ဆိုက် တစ်ခု ရှိတယ် ဆိုပါစို့။
    ဘုစီနက် က အရောင်းအဝယ် ကောင်း ဖို့ လို့ ရည်မှန်းချက်ထားရင် ဒီ ဆိုက် ကို လူ ကြည့်တာ မကြည့်တာ၊ Visitor Loyalty များများ မများများ နဲ့ မဆိုင်/ ဒါကို ဂရုစိုက်ဖို့ မလို။
    အရောင်း အော်ဒါများများ ရနေသမျှ အလုပ်ဖြစ်တယ် ပေါ့။
    ဒီတော့ အရောင်းအော်ဒါ က ကေပီအိုင် ပေါ့။

    သို့ပေမဲ့ ဆိုက် ကို ထောင်တာ make money အတွက် ဆိုရင် လူ ဝင်ဖို့ လို တယ်၊ ကြော်ငြာ တွေ များများ ရှိဖို့ လို တယ်။ ဒါဆိုရင် Visitor Loyalty ကို အထူး အလေးထားရမယ်။
    ဒီမှာက ဆိုက်ကို လူအဝင် က ကေပီအိုင် ပေါ့။
    အဲဒီ အတွက် ဆိုက်ကို လူဝင် လွယ် အောင် နည်းတွေ ကို ရှာသင့်တယ်။
    အခုဆို ရွှေပြည်ထဲ က ရွာထဲ ဝင်ဖို့ အတော်ခက်တာ ကိုယ်တွေ့၊ ဖဘ ကတော့ ရီဂျင် အလိုက် ဆာဗာကြီး တွေ နဲ့ မို့ မြန်တာ။
    အဲဂလိုဆို သူကြီး ပိုက်ဆံအိတ် ဒုတ် နဲ့ ထိုး သလို ဖစ်တော့မယ်။

    ဒါမှမဟုတ် ရည်ရွယ်ချက်မရှိ၊ အပျော်ပါ ဆိုရင်တော့ လဲ ပျော်သလိုနေပါကွယ် ပေါ့။ အတိုင်းအတာမလို။ အေးရော။ 😉

    ဒီ MG ဆိုက် ထဲ ဝင်သုံး သူ တွေ မှာလဲ ဒီ ဆိုက် ကို ဝင်နေခြင်း အတွက် Objective တွေ တစ်မျိုး စီ ရှိပါတယ်။
    ကိုယ်ဆို ဘယ်နည်း နဲ့ ဖြစ်ဖြစ် ချာမကြီး လုပ်ချင်လို့ ရယ်၊ ချစ်သော “စု” အတွက် ရယ် နဲ့ ဒီမှာ ဝင်နေပါတယ်။ :))

    ချုပ်ရရင် ဟုတ်မဟုတ်တော့ မသိ။
    {အဲဒါပဲသိလို့.. အဲဒါလေးဝင်ပြော..} လို့ ဆိုသွားတဲ့ မဟာလုပ်ငန်းရှင် ကြီး ကို ဒုတ်နဲ့ ထိုးချင်သွားလို့။
    lol:-)))))))))))))))))))))))))))))))))))))))))))))))))))))))))))))

    • kai

      April 16, 2015 at 2:58 am

      ဆိုက်ကိုထောင်ထားတာ.. ချဲရတီ..charityအတွက်ပါအရီးလတ်ရယ်…
      “ပေး”ဖို့အတွက်ပါ..။ ပေးချင်သူတွေလာကြပေါ့..။
      ပေးကြရာမှာ.. အတွေ့အကြုံတွေ..ဗဟုသုတတွေ.. ပညာတွေ..အတွေးအခေါ်တွေ.. ခံစားချက်တွေ..ချစ်ခြင်းတရားတွေ.. မည်သူမဆိုလာမျှဝေလို့ရပါတယ်..။
      အဲဒီတရားအလှူကို.. ယူနိုင်သူတွေလည်း..ယူကြပါပေါ့..။
      မြန်မာနိုင်ငံအပြင်ကနေသူတွေနဲ့.. ပြည်တွင်းနေသူတွေ.. ပေါင်းကူးဆက်ဆံနိုင်ကြဖို့ပါ…။
      ဝက်ဘ်ဆိုက်အနေနဲ့ကတော့.. ပေးကြသူတွေကို.. (တတ်နိုင်သလောက်)ပြန်ပေးတဲ့အလုပ်ကိုလုပ်မယ်လို့…။

      ဆိုတော့…
      ဗမာတွေမှာ.. ဘာသာရေး..နိုင်ငံရေး..၂ခုပဲလုပ်တတ်ကြတာများတယ်လို့ထင်တယ်..။
      လူမှုရေးနဲ့.. ချဲရတီမရှိသလောက်ပဲ..။
      ဒါက.. တခြားနိုင်ငံမှာအခြေချနေပြီး..အုပ်စုလေးတွေရှိတဲ့ဗမာတွေမှာ..ပိုသိသာပေါ်လွင်တယ်..။
      ဘုန်းကြီးကျောင်းသွားလှူရင်လှူ.. မလှူ/မလုပ်ကြရင်.. နိုင်ငံရေးဆန္ဒပြ..ဟောပြောပွဲလုပ်..ငွေလှူ..ဒါပဲရှိကြရှာတာ..။
      religion and politics ဘာသာရေး/နိုင်ငံရေးကင်းတဲ့.. လူမှုရေး..ကွန်မြူနတီ..ထောက်ပံ့ကူညီဖို့.. လှူကြ…အလုပ်လုပ်ကြတာမျိုးဆိုတာမျိုးမရှိသလောက်…။
      အယ်လ်အေမှာ.. ဘုန်းကြီးကျောင်း ၁၄ကျောင်းရှိပေမယ့် ကွန်မြူနတီစင်တာ..တခုမှ(တခုမှ) မရှိ…။

      ဒါကြောင့်.. ကမ္ဘာ့စီးပွားရေး..နိုင်ငံရေး ဥပဒေသတော်တော်များများ.. မြန်မာလူမျိုးနဲ့မြန်မာနိုင်ငံအပေါ်သက်ရောက်ဖို့တော်တော်ခက်..။
      ဥပဒေသတွေသက်ရောက်မှုအားနည်းသမို့.. ရည်မှန်းချက်ထားလုပ်ဖို့ခက်..။
      အဲဒီတော့.. မတိုးတက်..။
      =
      ဆာဗာHosting ဖိုးချည်းက.. တလ ဒေါ်လာ၃ရာကျော်ပေးနေရတာမို့.. WordPress လောက် Run တာမှာ.. အဆင့်မြင့်လောက်ဆာဗာလို့ထင်တာပဲ..။
      MG ဝင်ရခက်နေကြတာက.. မြန်မာတပြည်လုံးလိုလိုက.. နိုင်ငံပြင်ပကဆာဗာတွေကိုသာသုံးကြတာမို့..bottleneck effect ပုလင်းထွက်ပေါက်ပိတ်ဆို့မှုလို့ထင်တာပဲ..။

      ပြည်တွင်းမှာ.. .mm ဒိုမိန်းနဲ့.. Host လုပ်တဲ့ဆာဗာတွေနဲ့.. Local တည်ဆောက်ကြဖို့လိုတယ်လို့.. ထင်..။
      ဒီလိုလုပ်ဖို့ကလည်း.. ဆိုင်ရာဝန်ကြီးဌာနက.. ပုဂ္ဂိုလ်တွေ..စာတတ်ဦးမှ..။ လုပ်ထုံးတွေနဲ့ဖွင့်ပေးဦးမှ..။ :k:

    • Wow

      April 16, 2015 at 10:36 am

      အရီးပြောသလိုပဲ ကန်ပနီရဲ့ Goals တွေပေါ်မူတည်ပြီး KPI metrics ဆွဲထုတ်ပြီး ဌာနတစ်ခုချင်းစီအလိုက် တိုင်းတာသွားရတာမျိုးပေါ့…

      အဲ့ဒီမှာ biznet objective -> Goals တွေကို ပြောရရင် ကျနော်တို့ မားကတ်တင်းမာဆိုရင်တော့.. Target Consumers ဆိုတာရှိတယ်ဗျ….

      အရွယ်သုံးပါး သုံးနိုင်သည်တို့… ၉၆ပါး အကုန်ပျောက်တို့ ကမ္ဘာတန်းသွားကြော်ငြာရင် Mr.Bean ထက်တောင် ဟာသပေါက်သွားမယ်…. နားလည်သူတွေကြားပြောပါတယ်… ဒီမှာတော့လဲ သူ့အရပ်နဲ့ သူ့ဇတ် ဟုတ်နေတာပဲ… ယုံတဲ့သူကလဲ ယုံတယ်…

      ဆိုတော့ ဘရန်းကြက်ပေါင်းရည် ကိုဥပမာကြည့်…. ၁ဝ တန်းဖြေမဲ့ ကျောင်းသားတွေကို target ထားလိုက်တယ်… နှစ်စဉ် ထူးချွန်ကျောင်းသားတွေနဲ့ ကြော်ငြာတယ်… ဘာမော်ဒယ်မှမလိုဘူး… ပေါက်သမှ အသကုန်ပေါက်… ၁ဝ တန်းဖြေမဲ့ ကျောင်းသားတွေဆိုတာ အိမ်ဆည်းလည်း အခွင့်ထူးခံလေးတွေလေ… ဖေ၊ မေ၊ ဖိုး၊ ဖွား စလို့ တစ်အိမ်လုံး ပါပြီပေါ့….

      နောက်ဆုံး ဒင်းက Brainwash ဘယ်လောက်လုပ်ထားသလဲဆို… ကျောင်းသားဒွေ ခညာ.. ဘရန်းကြက်ပေါင်းရည် မသောက်ရင် စာမေးပွဲ မဖြေနိုင်တော့မယ့် အထိကို ထင်နေတာ…

      ကျန်းးးး မာကတ်တာများ အဲ့လို့သောက်ကျင့်ယုတ်တာ… (မိမိဂီကို စောင်းပြောတာ မဟုတ်ပါလို့တော့ မပြောချင်… ထင်ချင်ရာ ထင်ပါစေတော့) :mrgreen:

      ဆိုတော့ ဒဂျီးကိုတော့ ဒုတ်နဲ့ထိုးလို့မရရင် ချောင်းရိုက်ကျမားးးး :mrgreen:

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 16, 2015 at 12:02 pm

        ​စောင်​းမ​ပြောနဲ့ ဒဲ့သာ​ပြော
        ဘာပြုတုန်​း ဆားဘာသာဆား အာရ်​အိုအိုင်​တက်​​အောင်​
        ဆားယဲဇား ဆား​ရောင်​းစားဒါ

        အီဗဲလ်​မျိုး​ဟေ့ မာကတ္တာ

        ဒချိ ဒချိ

  • ကထူးဆန်း

    April 16, 2015 at 11:50 am

    ကေ ျး ဇူး ။ သိုင်းက ျူ း ။ အရိဂတော။ ရှဲ ရှဲ ။ တာရမာ ကာစေ့။
    ငိငိ .. တစ်ပိုင်းပြီးပြီ ဆို လို့ ့ ရပ် မထား နိုင် အောင် ကြားဘူး သလောက် ကေ ျး ဇူ း တင်ပါတယ် ပြောထား နယ် နော်… :kwi:

    • Wow

      April 16, 2015 at 1:21 pm

      နောက်တစ်ခါ ခလုတ်တိုက်တဲ့ အထိတော့ စောင့်နော်.. :kwi:

  • ဦးကျောက်ခဲ

    April 16, 2015 at 12:39 pm

    တောက်စ်… ဝက်ခေါက်ကြော်လေးနဲ့ နွားနို့ ဆိုလို့ စိတ်အဆာပြေဖတ်မိပါတယ်…
    R&D တွေ KPIs တွေ နဲ့ရှုပ်ရှက်ခက်နေတာပဲ…
    လက်ရှိ Safety Cultural ရယ်၊ Diaper ရယ်၊ Infant Formula ရယ် ပေါင်းလိုက်တော့…
    ===> မူးတွားဘီ … ပိတ်ရက်မှာ အုံးစားအောင် လုပ်ရသလားကွီ…
    :k:

    • Wow

      April 16, 2015 at 1:26 pm

      ငင်င်.. KPI ထက် ဝက်ခေါက်နဲ့ နွားနို့ကိုပိုစိတ်ဝင်စားတယ်ပေါ့ :mrgreen:

  • ဝင့်ပြုံးမြင့်

    April 16, 2015 at 2:33 pm

    .နောက်တစ်ခေါက် သေချာပြန်ဖတ်နေတာ ဝေါင်းရေ။ နည်းနည်းတော့ နားလည်သလိုရှိသွားပြီ။ အချက်အလက်တွေကို မှတ်ဉာဏ်ကတော့ မစုစည်းနိုင်သေးဘူး။ အမက ငွေကြေး ကိစ္စတွေမှာ ခေါင်းမပြေးဘူး။ လုံးဝရပ်သွားတဲ့ အနေအထားမျိ ုး ရှိတယ်။ ဘာမှ မပြောတတ်ဘူး။ အမ သမီးကို ကြီးလာရင် အီကိုမေဂျာ ယူစေချင်တယ်။ အဲဒါလေး တော့ စိတ်ထဲ ရှိနေတယ်။ အီကိုနားလည်ဖို့ဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး လို့ အမ စိတ်ထဲထင်နေတာ အဲဒါကြောင့်ပါပဲ။ ကိုယ့်အတွက်ခက်နေလို့။

    • Wow

      April 16, 2015 at 5:55 pm

      အားမငယ်နဲ့မွပြုံး.. ကျနော်လည်းကိုယ်သန်ရာသန်ရာ ကိုယ်ထမင်းစားနေရတဲ့ အလုပ်မို့ မနဲဖြစ်ညှစ်လေ့လာ ထားရတာ…

      ပြီးတော့ ကျနော်က စိတ်အခြေခံလဲ သိပ်မကောင်းဘူး… ကိုယ်မသိတာတွေ အများကြီးဆို ဘယ်လိုမှ အာရုံစိုက်လို့မရတာ…

      ခလေးကို အီကိုယူစေချင်တာ ကောင်းပါတယ်.. ဒါပေမဲ့ ကျနော့်ခံစားချက်နဲ့ ပြောရရင် ကိုယ့်ရည်မှန်းချက် စိတ်ကူးလေး ရှိတဲ့ ခလေး ဆို သူ့ဝါသနာလေးကိုပဲ အားပေးပျိုးထောင်ပေးပါလား … မိဘက ဂိုဒ်လိုင်းလေးပဲ ပေးလိုက်ရင် သူ့field မှာသူ အရမ်းယုံကြည်မှုရှိတဲ့ ခလေးတစ်ယောက်ဖြစ်လာမှာ…

  • uncle gyi

    April 16, 2015 at 11:21 pm

    ပြီးအောင်တောင်မနည်းကြိုးစားဖတ်လိုက်ရတယ်ဝေါင်းရေ
    နားလည်းသလိုတော့ရှိသား
    မြန်မာမှာလိုက်လုပ်တဲ့လုပ်ငန်းတော့နည်းမယ်
    လိုက်လုပ်နိုင်ရင်တော့အတော်အကျိုးရှိမယ်လို့မြင်ပါတယ်

    • Wow

      April 17, 2015 at 12:54 pm

      ကျနော်က အတိုချုပ်လေးတွေပဲ ပြောပြထားလို့ပါ…. နောက်တစ်ပိုင်းမှာတော့ အကျယ်နဲနဲ ရွှီးကျိပါမယ် :mrgreen:

  • ဦးကြောင်ကြီး

    April 17, 2015 at 11:20 am

    ဗိဖွင့်မဲစို ဘာနဲ့ တိုင်တားရမဲ ဝေးဂလောင်း..

    • Wow

      April 17, 2015 at 12:53 pm

      သာမီးလေးဒွေနဲ့ တိုင်းလေ ကကြောင် :mrgreen:

  • padonmar

    April 17, 2015 at 8:19 pm

    ဂျီးဝါးရဲ့ ခေါင်းစဉ်ကို ဟိုရက်ကတည်းက ချောင်းကြည့်ပြီး ဘူးသီးနက် လို့ မြင်တာနဲ့ ကြောက်လို့ မဖတ်ရဲတာ။
    အခု အညွှန်းများလို့ ဖတ်ပြီးမှ ဘာမန့်ရမှန်းလည်း မသိဘူး။
    ဒါပေမယ့် ဒီလောက်ကောင်းတဲ့စာကို ဖတ်သွားမှန်းသိအောင် အားပေးလိုက်အုံးမယ်ဆိုပြီး မန့်လိုက်ပါတယ်။
    ဆင်ခြေဆင်လက်များတဲ့ မြဲန်တျဲ့က လူတွေကို အဲသလို ကေပီအိုင်တွေနဲ့ တိုင်းပြီး အလုပ်လုပ်ကြည့်ချင်ပါတယ်။နောက်တပိုင်းအဆက်ကို နောက်နှစ်ကျမှ မရေးနဲ့နော်။

    • Wow

      April 23, 2015 at 11:55 am

      Weekend မှာရေးမလားလို့.. ပီးရင်လာကျိရမယ်နော် တီဒုံ :kwi:

  • ရုံးမှာ CCTV တပ်တာတို့.. စည်းကမ်းတွေ အများကြီး ထုတ်ပစ်လိုက်တာတို့…. ဘာတို့ ညာတို့ကရော KPI ထဲ အကျုံးဝင်သလားဟင်င်….

    စိတ်ထဲမယ် .. နာ့သူဌေး.. နောက်ကြောင်းပြန်လှည့်နေသလား ထင်နေရလို့… :k:

    • မြစပဲရိုး

      April 18, 2015 at 10:47 pm

      “ရုံးမှာ CCTV တပ်တာတို့.. စည်းကမ်းတွေ အများကြီး ထုတ်တာ” တွေ က ကေပီအိုင် အတွက်ထက် Health & Safety လိုမျိုး ကို ဦးစားပေးတာ လို့ ထင်တာဘဲ။
      မဖြစ်ခင် ကြိုပြီး ကာကွယ်တဲ့ သဘောပေါ့။
      အဲဒါ ကို ဝန်ထမ်းများကလဲ သဘောပေါက်သင့်တယ်။
      ဒါပေမဲ့ လိုတာထက် ပို တဲ့ စည်းကမ်း တွေ တော့ မဖြစ်သင့်ဘူးပေါ့။

      ညီမပြုံး ရေ
      အစ်မ အမြင် မှာတော့ လောလောဆယ် ရွှေပြည်ကြီး ထဲ မှာ အများကြီး လိုအပ် နေတာက စွမ်းရည်ပြည့်တဲ့ စာရင်းပညာရှင် တွေ ဘဲ။
      ဒီမှာ Ethics အလေးမထားတော့ လုပ်ငန်းထဲ စာရင်းတွေ ညာခံ ရ၊ ပိုက်ဆံ ဘုန်းခံ ရ။
      တစ်ချို့ Accountant များ က ခိုး တာမှ နည်းနည်း မဟုတ်။
      ဒါကို အလုပ်ရှင်မှာ လူ မရှိမှာ စိုးလို့ အသာကြည့် နေရတဲ့ ပုံပြင်တွေ ကြားခဲ့ ရတယ်။
      တစ်ချို့ Accountant တွေ ဆိုတာ ဘွဲ့ နာမည် ကိုမှ အားမနာ၊ ဘာဆို ဘာမှ မတတ်ပါ တဲ့။
      ဒါကို လေ့လာမယ် မတွေး၊ ပိုက်ဆံ နှိုက်ဖို့ သာ အာရုံများ နေတော့ တစ်ချို့ သည်းမခံ နိုင်တော့ ကျင့်ဝတ် မရှိတော့ဘဲ ခိုးတာ နဲ့ ယဉ်ပါးလာ တဲ့ ကိုယ့်လူမျိုး တွေ နေရာမှာ နိုင်ငံခြားသား တွေ ကို ဈေးကြီးပေး ခန့်လိုက်ရသတဲ့။
      တစ်ချို့ ခိုး လို့ ဖြုတ် လဲ နောက် တစ်ရာမှာ အလွယ်ပြန်ရ ကြတယ်။
      မြန်မာပြည် ရဲ့ အလုပ်ခန့်တာမှာ အရင် အလုပ် က ထောက်ခံမှု တွေ ဘာတွေ ကို အလေးမထားကြဘူး။
      ရပ်ကွက် က စာရိတ္တကောင်းကြောင်း ထောက်ခံစာ ကို ဘဲ အရေးလုပ် ကြသလားဘဲ။

      အနာဂါတ် မှာ တကယ်ဘဲ စီးပွါးရေး က အဟုန် နဲ့ တက်လာရင် အလုပ် အလွယ်ဆုံး က စာရင်းကိုင် ဖြစ်မယ် ထင်ရဲ့။
      ကလေး စိတ်ဝင်စား မှု ကတော့ ကလေး ၉၀% လောက် က သူတို့ ဘာလုပ်ချင်တယ် မသိလောက်ဘူး။
      မိဘ က ဂိုက် လုပ်ပြီး လမ်းပြ ပေးပေါ့။
      Bottom Line ကတော့ အလုပ် လွယ် တဲ့ Professional ပညာ ကို ရရင် လူကြားမှာ တင့်တောင့်တင့်တယ် နေနိုင်မယ် ဆိုတာ သိဖို့ဘဲလေ။

      • Wow

        April 23, 2015 at 11:36 am

        KPI ထဲမှာ CCTV တတ်ဖို့ မပါဘူး အမွန်ရဲ့… အရီးပြောသလိုပဲ.. :kwi:

  • Ma Ma

    April 20, 2015 at 11:10 am

    ဇာဂနာရဲ့ မှန်တိုင်းမကောင်းဘူးဆိုတဲ့စကားကို သတိရမိသွားတယ်။
    ဒီနေရာ ဒီဒေသ ဒီအစွဲတွေနဲ့ (သဂျီးအကြိုက်တော့ ဖြစ်တော့မယ်) တိတိကျကျ အမှတ်ပေးအကဲဖြတ်တာကို လက်ခံပြီး ပိုတော်လာအောင် ကြိုးစားတဲ့စိတ်ဓာတ်ရှိတဲ့သူက ရှားတယ်။

    ပံ့သကူကောက်သလို ဝန်ထမ်းတွေကို အကဲဖြတ်တဲ့အခါမှာ ….
    .အလုပ်လုပ်တာ မသေချာပေမယ့် စွဲစွဲမြဲမြဲ လုပ်သားပဲ
    .ပျက်ရက်များပေမယ့် အလုပ်လုပ်တဲ့အခါ တော်သားပဲ
    .သိပ်မတော်ပေမယ့် လုပ်သက်များနေတာပဲ
    ……………… ဆိုတာတွေနဲ့ ထိန်းညှိပြီး တွေးပေးရတာပဲ။

    ကောင်းတဲ့တော်တဲ့သူတွေကို စိတ်ကြိုက်ရွေးနိုင်လောက်တဲ့ အခြေအနေလည်းမရှိ၊ ငွေကြေးလည်း မရှိဘူး…. :e:
    ဆိုတော့ကာ…. သူ့အရပ်နဲ့ သူ့ဇာတ် ဟုတ်တော့ ဟုတ်နေတာပဲ။ :a:

    • ခင်ဇော်

      April 20, 2015 at 11:16 am

      From Ko Nyi Bwar
      https://www.facebook.com/photo.php?fbid=1026698047342156&set=a.460864200592213.109772.100000059120976&type=1&fref=nf&pnref=story

      ~~~~~~~~~~~~~~~~

      ဝန်ထမ်းဆိုတာ… အောင်မြင်တဲ့ Company တခုဖြစ်ဖို့ အရေးကြီတဲ့ Resource ဖြစ်လို့ သူတို့ကို အမြဲ Active ဖြစ်ဖို့ HR က သင့်တော်တဲ့တာဝန်ခွဲဝေမှုတွေ၊ ထိုက်တန်တဲ့ခံစားခွင်တွေနဲ့ Motivate လုပ်ဖို့လိုအပ်ပါတယ်…

      ဝန်ထမ်းတွေ Demotivate ဖြစ်နေပြီဆိုရင် ဘယ်လိုတွေတုံ့ပြန်လာသလဲဆိုတော့
      ၁။ သတ်မှတ်ထားတဲ့ အလုပ်အချိန် ထက်နောက်ကျပြီးမှ ရောက်တယ်။
      ၂။ အလုပ်ဆင်းရမယ့် အချိန်နီးလာရင် နာရီကို လှမ်းကြည့်တတ်တယ်။
      ၃။ အလုပ်ဆင်းရမယ့် အချိန်ထက်စောပြီး ဆင်းတတ်တယ်။
      ၄။ စည်းကမ်းတွေကို နည်းမျိုးစုံနဲ့ ဖောက်လာတယ်။
      ၅။ တာဝန်တွေကို ပေါ့ဆစွာ ထမ်းဆောင် လာကြတယ်။
      ၆။ တာဝန်ပေးရင် တာဝန်မယူလိုဘဲ နောက်ဆုတ် လာကြတယ်။
      ၇။ တစ်နေ့တာ အလုပ်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင် မလုပ်နိုင် ကြတော့ဘူး။
      ၈။ အသေးအဖွဲ့ကိစ္စတွေနဲ့ပတ်သက် ပြီးအမြဲလိုလို ညည်းညူလာတတ် ကြတယ်။
      ၉။ အလုပ်မပြီးတာနဲ့ပတ်သက်ပြီး တစ်ယောက်အပေါ် တစ်ယောက် အပြန်အလှန် အပြစ်ပုံချ လာတတ်ကြတယ်။
      ၁၀။ အလုပ်ကို တာဝန်ယူလိုတဲ့ သူတွေရှားပါးလာ ကြတယ်။
      ၁၁။ အလုပ်ချိန်အတွင်းမှာ အပြင်ကို ခဏခဏ ထွက်တတ် လာတယ်။
      ၁၂။ ထမင်းစားချိန် လက်ဖက်ရည် သောက်ချိန်တွေမှာ ခွင့်ပြုထားတဲ့ အချိန်ထက်ပိုပြီး ယူတတ် လာကြတယ်။
      ၁၃။ ကြီးကြပ်သူ မန်နေဂျာတွေ၊ MD တွေရှေ့မှာ အလုပ်အရမ်း ကြိုးစားပြပြီး၊ နောက်ကွယ်မှာ နေချင်သလို နေနေတတ်ကြတယ်။
      ၁၄။ ကျေနပ်လောက်တဲ့ အကြောင်းပြချက်မရှိဘဲ ခွင့်ယူ လာတတ်တယ်။
      ၁၅။ မကျေနပ်မှုတွေကို မသိမသာ ပြလာတယ်။
      ၁၆။ နစ်နာမှုတွေကို မသိမသာ ပြလာတယ်။
      ၁၇။ Key Person တွေက အချိန်ပို မဆင်းလိုကြောင်း တင်ပြ လာတတ်တယ်။
      ၁၈။ ဝန်ထမ်းတွေက ယခင်ကလို အထက်လူကြီးအား မေးမြန်းတာ မရှိတော့ဘူး။
      ၁၉။ ဝန်ထမ်းတွေက ယခင်ကလို အထက်လူကြီးကို အကြံဉာဏ် တောင်းခံတာမရှိတော့ဘူး။
      ၂၀။ ဝန်ထမ်းတွေက ယခင်ကလို အထက်လူကြီးအား တိုင်ပင်ခြင်းလည်း မရှိတော့ဘူး။ စတဲ့လုပ်ငန်းခွင် Demotivate တွေဖြစ်လာ ပြီဆိုရင်တော့ တာဝန်ခံတွေ တာဝန်ရှိသူတွေဟာ မိမိတို့ရဲ့ လုပ်ငန်းတွင်းကို ဂရုတစိုက် လေ့လာ သုံးသပ်ဖို့လိုနေပါပြီ။
      ဘာကို အဓိက လေ့လာမလဲ။ အဓိက လေ့လာရမှာက ဝန်ထမ်းတွေရဲ့ ခံစားမှု Emotion ပဲဖြစ်တယ်။ ခံစားမှု Emotion ဆိုတာပျော်ရွှင်တာ၊ ကြောက်တာ၊ ဒေါသထွက်တာ၊ ချစ်ခင်တာ၊ မနာလိုတာ စတာတွေဟာ ခံစားမှု ပဲဖြစ်တယ်။ အဲလို ခံစားမှုတွေကို လေ့လာနိုင်ရင် ဝန်ထမ်းတွေရဲ့ စိတ်ဓာတ်ကျ နေတာကို လေ့လာနိုင်လာမှာပါ။ ယခုလို လေ့လာနိုင်ခြင်းကြောင့် ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကို သဘောပေါက် လာနိုင်တယ်။
      လုပ်ငန်းခွင် တွေမှာရှိတဲ့ ဝန်ထမ်းတွေ Demotivate ဖြစ်ရတာ သူတို့ရဲ့ Emotion ကိုရိုက်ခတ်ကြတာလဲ လေ့လာ ကြည့်ရအောင်
      “ ငါ့လာမစမ်းနဲ့။ ငါ့မှာ မင်းတို့ကို ဖြိုခွဲ ဖျက်ဆီးနိုင်တဲ့ အာဏာရှိတယ်။ မင်းတို့ လစာလျော့ သွားချင်လား၊ အလုပ် ထွက်သွားချင်လား ကြိုက်တာပြော ငါလုပ်ပေးနိုင်တယ်။”
      “ ဟိုတစ်ယောက်ကို တွေ့တယ်မှတ်လား ငါအလုပ် ထုတ်လိုက်ပြီ မင်းတို့လည်း ကြပ်ကြပ် သတိထားကြ”
      “ ရှေ့ကထွက်သွားတဲ့ ဝန်ထမ်းဆို အရမ်းတော်တာ မင်းဘာမှ အသုံးကိုမကျဘူး”
      အဲလို ဝန်ထမ်းတွေကို ဆူလေ၊ ခြိမ်းခြောက်လေ၊ ခြောက်လန့်လေ တခြားလူတွေနဲ့ နှိုင်းပြီးပြောလေ ဝန်ထမ်းတွေက တာဝန်ရှိတဲ့ တာဝန်ခံတွေကို ယုံကြည်မှုက လျော့လေ၊ လုပ်ဆောင်နိုင်စွမ်းကျလေ၊သင်တို့ရဲ့ စကားတွေကို နားမထောင်လေပါပဲ။
      “ နင့်ကိုငါ ဘယ်နှစ်ခါ ပြောထားရမလဲ အစမ်းခန့်လဲ မဟုတ်တော့ဘူး။ အခုထိ နားမလည်သေး ဘူးလား။ ငါအော်ရလွန်းလို့ ငါးထောင် ရောင်းစားလို့ရနေပြီ” အဲဒီလို ခဏခဏ အော်နေပြန်ရင်လည်း စိတ်ဖိစီးစေနိုင်ပါသည်။
      – ဝန်ထမ်းအချင်းချင်း ခွဲခြားဆက်ဆံတာ။
      – ဝန်ထမ်းတွေအပေါ် ဘက်လိုက်တတ်တာ။
      – ဝန်ထမ်းအချင်းချင်း ရန်တိုက်ပေးတာ။
      – အလုပ်နဲ့ လူမှုရေးတွေ ရောထွေးနေတာ။
      – အလုပ်နဲ့ဝန်ထမ်းတွေကို ဦးစားပေးမှုမရှိတာ။
      – လုပ်ပိုင်ခွင့်တွေ မပေးထားတာ။
      – ဝန်ထမ်းတွေရဲ့ ခံစားခွင့်တွေကို မသိဟန်ဆောင်ပြုတာ။
      – ကိုယ်တိုင် မလုပ်လိုတာ တွေကို ဝန်ထမ်းတွေကိုခိုင်းတာ။
      – ဝန်ထမ်းတွေကို ဦးစားပေးခြင်းမရှိတာ။
      – ဝန်ထမ်းတွေနဲ့ ရင်းနှီးအောင် မနေတာ။
      – အဆိုးမြင်ဝါဒကို လက်ကိုင်ထားတာ။
      – အပြောနဲ့လက်တွေ့ ထပ်တူညီမှုမရှိတာ။
      အဲဒီလို အထက်လူကြီး တွေကြောင့် ဝန်ထမ်းတွေရဲ့ Emotion တွေထိခိုက်ကာ၊ Stress ဖိစီးမှုတွေ ဖြစ်လာကြပါတယ်။ Stress တွေကြောင့် ဝန်ထမ်းတွေဟာ ဝမ်းနည်း အားငယ် တတ်လာတယ်။ အမြဲတမ်း စိုးရိမ်ကြောင့် ကြလာကြတယ်။ အရာရာကို အလိုမကျခြင်းတွေ၊ ဒေါသကြီးခြင်းတွေနဲ့အတူ အဆိုးမြင် လာကြတယ်။ နောက်ဆုံးမှာ လုပ်ငန်းခွင်ကြီးကို စိတ်ကုန်လာပြီး ကျောခိုင်းသွားကြတော့တယ်။
      တကယ်လို့ အထက်ပါ အချက်အလက်တွေ အပြင် အခြားဖြစ်နိုင်စရာ အချက်တွေကိုလည်း လေ့လာထား ကြမယ်ဆိုရင် Manager တွေ၊ MD တွေဟာ မိမိတို့ရဲ့ လုပ်ငန်းခွင်ထဲမှာ စိတ်ပိုင်းနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာပြည့်စုံတဲ့ ပြီးပြည့်စုံတဲ့ ဝန်ထမ်းတွေ ရရှိလာကြမှာ မလွဲဧကန် ဖြစ်ပါတော့တယ်။

      Credit to Original

      • Ma Ma

        April 20, 2015 at 1:07 pm

        အင်မတန်ကောင်းပြီး အသုံးဝင်တဲ့ စာမို့ ကျေးဇူးးးးးးးးးးးး 🙂

      • Wow

        April 23, 2015 at 11:49 am

        ချွိပြောတာလေး ဆက်ဆွဲရရင် အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်တဲ့အခါ Team Work လုပ်ရတဲ့ခါ.. Interpersonal skill ကောင်းဖို့လိုပါတယ်..

        Interpersonal Skill ဆိုတာ..
        – How people relate to one another.
        – The skill that refer to the basic ettiqute a person develops in his communication and interaction with others.
        ဝန်ထမ်းအခြင်းခြင်း တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံမှုမှာ အခြေခံ အက်တိကတ် လေးတွေ စောင့်ထိန်းဖို့တော့လိုပါတယ်..

        အက်တိကက်မရှိ team work ပျက်နေတဲ့ အဖွဲ့အစည်းမှာတော့ ဆက်မနေတာ ကိုယ့်အတွက် ကောင်းပါတယ်…

        ဝန်ထမ်းတွေကို ခွဲခြားဆက်ဆံတာအပြင် အမှိုက်ကစ ပြသဒ်မီးလောင်ဆိုသလို.. team တစ်ခုထဲမှာ information keep လုပ်ထားတာကလဲ စိတ်ဓာတ်ပျက်ပြားစေပါတယ်..

        team ထဲမှာ information သိသူက တစ်ဖက်၊ မသိသူက တစ်ဘက်၊ ကြားနေသူက တစ်ဖက် ဆိုပြီး နှစ်ယောက်ရှိ သုံးဖွဲ့ကွဲသွားတတ်ပါတယ်… သခင်မျိုးဟေ့.. ဒိုဘာမန် :mrgreen:

        • မြစပဲရိုး

          April 24, 2015 at 4:00 am

          “When I hire somebody really senior, competence is the ante.
          They have to be really smart.
          But the real issue for me is, Are they going to fall in love with Apple? Because if they fall in love with Apple, everything else will take care of itself. They’ll want to do what’s best for Apple, not what’s best for them, what’s best for Steve, or anybody else.”
          Steve Jobs

          Being the richest man in the cemetery doesn’t matter to me …
          Going to bed at night saying we’ve done something wonderful…
          that’s what matters to me.
          Steve Jobs

          အဲဒီလို စိတ်ရှိတဲ့ လူတွေ ကို ပိုင်ခွင့်ရတဲ့ Business လောက် ဟန်ကျပြီး အလုပ်ဖြစ်မှာ မရှိဘူး။
          အလုပ်အောင်မြင်ဖို့ အတွက်ဘဲ ဦးတည်ကြမယ်။
          ဂဏန်းတွေ လို တစ်ကောင် ကို တစ်ကောင် က အောက်ကိုဆွဲချတာမျိုး ရှိတော့မယ်မထင်ဘူး။

          ဟိုပြော ဒီရောက် ဖြစ်စေရန် သူကလေး စာများ အမှတ်တရ ဆွဲချလိုက်သည်။
          မိမိ အလုပ်လုပ် သော နေရာ ကို ချစ်သော မြတ်နိုးသော အောင်မြင်စေလိုသော သူများ ဖြစ်စေသောဝ်။

          အဲလို လူတွေ ရဖို့ဘိုလို လုပ်မလဲ။ နည်းပြောမယ်။
          ..
          ..
          ..
          ..
          ..
          ,.
          ဆုတောင်း ပေတော့။
          အဲဒါအမှန်ဘဲ။ lol:-))))))))))))))

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 23, 2015 at 3:50 pm

        Theory X ဗျ
        အဲ့ဒါနိုင်​နင်​းချင်​ရင်​
        PMBoK
        BABoK
        RABoK
        တဆင်​့ချင်​းသာဖတ်​သွား
        မုချ​ဂေါက်​မည်​

        P.S .: SHR ​တွေလာရင်​ ပျံလာခဲ့ပါ့မယ်​
        ​တော်​​သေးဘီ

  • Alinn Z

    April 20, 2015 at 4:29 pm

    ဝင်ရောက် လေ့လာ မှတ်သားလိုက်ရပါကြောင်း
    ဗဟုသုတလည်းရ ပညာလည်း ရမို့ သာမန် ရသ ပိုစ့်တွေနဲ့ အပြိုင်
    ဒီသုတပိုစ့်ကိုလည်း တန်ဖိုးထားမိပါကြောင်း

    • Wow

      April 23, 2015 at 11:50 am

      အေးးပါကွာ.. :mrgreen:

  • Mike

    April 23, 2015 at 11:14 am

    .ကျုပ်တို့ ကမ်ပဏီမှာ ဆူပါ နဲ့အထက်ဝန်ထမ်းတိုင်းအတွက် KPI လုပ်ထားပေးသဗျ
    .နှစ်ကုန်လို့ ဘောနပ်ပေးရင်ရော
    .ရာထူးတိုး၊ လစာတိုးဖို့ လုပ်ရင်ရော အဲ့ KPI 30 points နဲ့ Performance Appraisal 70 points ပေါင်းပြီးပေးသဗျ
    .တစ်ယောက်နဲ့တစ်ယောက်တော့ ချပေးထားတဲ့ KPI ချင်းမတူဘူးပေါ့…သူ့အလုပ်တာဝန်ပေါ်မူတည်လို့ပေါ့..ဒါပေမဲ့ လူတိုင်း(ဌာနမှုး)လိုလိုမှာပါတာကတော့..
    ဒါမျိုးလေးပေါ့..နမူနာနော်…

    To control Individual Departmental Expenses within 2015 budget .
    Below or equal to 95% of Dept Exp, Score = 125% of KRA point
    Below or equal to 100% of Dept Exp, Score = 100% of KRA point
    Below or equal to 105% of Dept Exp, Score = 75% of KRA point
    Below or equal to 110% of Dept Exp, Score = 50% of KRA point
    Above 110% of Dept Exp, Score = 0% of KRA point 4
    Verifiedby:FinanceDepartment
    ငိငိ…သိသလိုလိုနဲ့ ဝင်ရွှီးသွားသည် :k:

    • Wow

      April 23, 2015 at 11:23 am

      မိုက်မိုက်ကို စောင့်နေတာ… မလာသေးလို့ :kwi:
      ဝင်ရှင်းပြပေးသွားတာ ကျေးကျေး… ကျနော်တို့ရုံးမှာလဲ အမှတ်ပေးစနစ်လေးတွေ ရှိသဗျ.. ဒါပေသိ တစ်ရုံးလုံး ဒီတစ်ပုံစံထဲဆိုတော့ develop ဖြစ်ဖို့တော့ နဲနဲလိုသေးတယ်.. နောက်အပိုင်းကျ KPI ပဲ အသေးစိတ်လေး ဆွေးနွေးကျိမလားလို့…

      • Mike

        April 23, 2015 at 11:34 am

        .ဒါက လူတစ်ယောက်ရဲ့ ပွိုင့်တစ်ပွိုင့်ကိုပဲနမူနာပေးတာပါ…တစ်ယောက်စီမှာ အနည်းဆုံး
        .ကေပီအိုင် ရ ခုလောက်စီရှိတယ်…

  • Mike

    April 23, 2015 at 11:21 am

    .ဒါကတစ်မျိုးနမူနာ..Production အတွက်ပေါ့… :))
    To maintain the Quality Rejection Rate at 3% in Year 2015.
    Below or equal to 2.75% of Rejection Rate, Score = 125% of KRA point
    Below or equal to 3.0% of Rejection Rate, Score = 100% of KRA point
    Below or equal to 3.25% of Rejection Rate, Score = 50% of KRA point
    Above 3.25% of Rejection Rates, Score = 0% of KRA point
    Verified by: Quality Control
    Department

  • Mike

    April 23, 2015 at 11:23 am

    .မေ့သွားလို့…
    .ဓါ့ပုံက မျက်နှာကွယ်ထားတော့ တော်တော်လှ၏ :k:

    • Wow

      April 23, 2015 at 11:52 am

      လူဇိုးးး ကွယ်ထားတာတောင် ဂလောက်လှရင်လို့ မတွေးဝူး :mrgreen:

  • Mr. MarGa

    April 23, 2015 at 2:48 pm

    ကေပီအိုင်နဲ့ပတ်သက်ပြီး ညွှန်းဖို့လိုရင် ရှာဖို့လိုရင် ဒီစာတွေမှတ်ထားရမယ်
    ဟိုအရှေ့က evil marketer ရဲ့ စာရောပဲ
    လောလောဆယ်တော့
    ဖတ်သွား မှတ်သွားတယ်
    general knowledge ရသွား နည်းသလား
    သူများတွေကို ဆရာကြီးလုပ်ပြီး ဖောလို့ရ နည်းသလား
    :a:

    P.S သင်္ကြန်တွင်းမှာ အိမ်တွင်းအောင်းနေလို့ သာဓုပါဗျာ :mrgreenn:

Leave a Reply