ဟေးဟေးးး
ပူတင်း မျိုးစုံကို မွမွအိ ဆီကနေ တူးထားလို့ ဒီ ခေါင်းစဉ်ဖြစ်သွားတယ်။

:chit:
သတင်းစာ အတွက် စု ရင်း …

မွအိ ဆီက ၄ မျိုး၊

မွဝေ ဆီ က တစ်မျိုး၊

ရွှေပုံ့ ရေးထားတာလေး ရှာလို့ ရတာ တစ်မျိုးမို့  စုလိုက်တယ်။

:sar:
~~~~~~~~~~~~~~~~~~~~~~~~~

1) အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )- Ma Ei

 

(http://myanmargazette.net/186774)

ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့…

ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်…

အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး မတူကြတာတွေ့ရတော့ အဆင်ပြေမယ်ထင်သလို မုန့်စပ်လိုက်ပါတယ်…

ထုံးစံအတိုင်းဓာတ်ပုံတော့ ရိုက်ထားပြီး မဖြစ်ရင်လဲ မှတ်တမ်းပေါ့နော်…ဒါပေမယ့် လှပပြီးအရသာရှိတဲ့ မုန့်ကလေးဖြစ်လာခဲ့လို့ မျှဝေလိုက်ပါတယ်နော်…

ပါဝင်ပစ္စည်း နဲ့ အချိုးစားတွေကတော့…

မုန့်ခွက်လေးတွေအတွက်

1…ဂျုံ     250 gm (1cup)

2… ထောပတ်   4 tbsp

3…သကြား     2 tbsp

4…ကြက်ဥ     1 လုံး

ကြက်ဥ ပူတင်းအနှစ်ရည် အတွက်

1…နို့     1/2cup

2…သကြား    2 tbsp

3…ကြက်ဥ     1 လုံး

4…ရေ     ½ cup တို့ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းအားလုံးကို ဂျုံ 1 ဇွန်းနဲ့ ရောခေါက်လိုက်ပါတယ်၊ မီးအေးအေးဖြင့် အနည်းငယ်ပြစ် သည်ထိ အပူပေး ကြိုလိုက်ပြီး အအေးခံထားလိုက်ရင် ကြက်ဥ ပူတင်းအနှစ်ရည် ရပါပြီ။

မုန့်ခွက်လေးတွေ အတွက်မုန့်သားရရန် ထောပတ်နှင့် သကြားကို ဖြူပြီးပွလာသည်ထိ ကြာကြာလေးခေါက်ရပါမယ်။ ရရင် ကြက်ဥတစ်လုံး ခေါက်ထားပြီးရောမွှေပါ။ ထောပတ်၊သကြား၊ကြက်ဥ ရောမွှေထားသည်ကို ဂျုံမှုန့်များထဲသို့ထည့်၍ ရောမွှေ၊နယ်ပါ။ လက်မကပ်တော့ရင်ဖြင့် မုန့်ခွက်လေးတွေ အတွက်မုန့်သားရပါပြီ။

မုန့်သားအနေတော်ကို မုန့်လုပ်မည့် ပုံစံခွက်လေးထဲတွင် မုန့်နှစ်ရည်ထည့်ရန် ခွက်လေးပုံစံပေါ်အောင် ဖိထည့်လိုက်ပါတယ်။

မုန့်ခွက်လေးများထဲသို့ ကြက်ဥ ပူတင်းအနှစ်ရည်ကို ဖြည့်လိုက်ပါတယ်။ မုန့်လုပ်နည်းတွေထဲမှာ မုန့်ရည် အပြည့်မထည့်ဘို့ မှာကြပါတယ်။ မလှမှာစိုးပြီး အပြည့်ထည့်လိုက်တာ အပူပေးချိန်မှာ လျှံကျသွားခဲ့ပါတယ်။ နောက်ထပ်လုပ်တဲ့ခါ မုန့်ရည်ကို ပြည့်ခါနီးလေးပဲ ထည့်လုပ်မှ မုန့်လှလှလေးတွေဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် ငပိဖုတ်တောင် ဆရာ မပြ နည်းမကျ လို့ ဆိုခဲ့တာနဲ့တူရဲ့၊ မုန့်လုပ်နည်းအတွက် စာထဲကဆရာတွေ အားလုံးကျေးဇူးတင်မိပါတယ်။

မုန့်ခွက်လေးတွေထဲကို ကြက်ဥ ပူတင်းအနှစ် ရည်ဖြည့်ပြီး 170ံC နဲ့ 20 မိနစ်လောက် အပူပေးလိုက်ရင်တော့ လှပပြီး အရသာရှိတဲ့ အက်တက် ကြက်ဥပူတင်းမုန့် ကလေးတွေရပါပြီ၊ လ္ဘက်ရည်၊ကော်ဖီ ကြိုက်နှစ်သက်ရာ နဲ့ တွဲလိုက်ရင်တော့

အရသာ အပြည့်ခံစားရစေမှာ အသေချာပါပဲနော်…..

ခင်တဲ့

အန်တီ မအိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

2) အကျိုးထူးတဲ့ စားစရာ ငှက်ပျောသီး ပူတင်း လေးပါ…..- Ma Ei

(http://myanmargazette.net/205013)

ငှက်ပျောသီး ပူတင်းလေးမစားခင် ငှက်ပျောသီးမှရရှိစေသော အကျိုးထူးလေးတွေ အရင်ဖတ်ကြည့်နော်…

(၁) စိတ်ကျရောဂါ ဖြစ်နိုင်ခြေတွေကို လျှော့ကျစေတယ်။
(၂) အူမကြီးရှိ အညစ်ကျေးတွေကိုဖယ်ရှားပေးတယ်
အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။
(၃) သွေးအားကောင်းစေတဲ့အပြင် နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်တယ်။
(၄) အရိုးဆစ်တွေ ခိုင်မာစေတယ် သန်မာစေတယ်။
(၅) ငှက်ပျောသီစားခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် လျှော့ကျစေတဲ့ အတွက် ဆေးလိပ်ဖြတ်တဲ့သူတွေအတွက်စားသုံးသင့်တယ်။
(၆) အမျိုးသားတွေအတွက် ဒူလာပိတ်၊ ဒူလာခြောက်၊ အမျိုးသမီတွေ အတွက် မီးယပ်ပိန် မီးယပ်ခြောက် ဖြစ်နိုင်ခြေတွေကိုလျှော့ကျ အောင် တားဆီးပေးတယ်။
(၇) ကိုယ်ခံအား ကောင်းမွန်စေတယ်။
(၈) အမျိုးသမီးတွေ သွေးဆင်းချိန်၊ ဓမ္မတာ လာချိန်တွင် ဖြစ်တတ်သော နာကျင်ကိုက်ခဲ ခြင်းကို သက်သာစေတယ်။
(၉) ဦးနှောက်ဥာဏ်ရေကောင်းမွန်ဖွံ့ဖြိုးစေတယ်။
(၁၀)ခန္ဓာကိုယ် အပူချိန်ကြောင့်ဖြစ်တတ်တဲ့ အပူကံခြင်း၊
ပြည်တည်နာဖြစ်ခြင်း အစရှိတဲ့ရောဂါ ဝေဒနာတွေ ငှက်ပျောသီးစား သုံးပေး
ရင် သက်သာ ပျောက်ကင်းစေတယ်။
စတဲ့ အကျိုးကျေးဇူးတွေ ငှက်ပျောသီးကနေရရှိစေပါတယ်။
Ref: General Knowledge

By Health Digest
ငှက်ပျောသီးမှာ သဘာဝ သကြား ဓာတ် သုံးမျိုး ပါဝင်ပါတယ်။ ဆူးခရို့စ်၊ ဖရက်တို့စ်၊ ဂလူးကို့စ်နဲ့ အမျှင်ဓာတ် တို့ ပါဝင် ပါတယ်။ ငှက်ပျောသီးက အားဖြစ်စေတဲ့ အာဟာရ ဖြစ်စေတဲ့ အသီးအနှံ တစ်ခု ဖြစ်ပါတယ်။ ငှက် ပျောသီး ၂ လုံး စားခြင်းက အား အင်သုံးပြီး မိနစ် ၉၀ ကြာလေ့ကျင့် ခန်းလုပ်ခြင်း အတွက် လုံလောက်တဲ့ စွမ်းအင် ပမာဏကို ပေးစွမ်းနိုင်ပါ တယ်။ ဒါကြောင့် ကမ္ဘာ့အားကစား သမားများ ကြားထဲမှာ ငှက်ပျောသီး က နာမည်ကျော်နေတာဖြစ် ပါတယ်။ ဒါပေမယ့် ငှက်ပျောသီးက ပေးနိုင်တာ စွမ်းအင် တစ်ခုတည်း မဟုတ်ပါဘူး။ အခြားသော ကျန်းမာရေး ပြဿနာများနဲ့ ရောဂါများကို သက်သာ စေရာမှာရော ကာကွယ်တဲ့ နေရာမှာပါ ကူညီပေး ပါတယ်။ နေ့စဉ် အစားအသောက်ထဲ ထည့်သွင်းရမယ့် အစားအစာ တစ်ခုဖြစ် ပါတယ်။

***

ဒီလိုအကျိုးထူးတွေရရှိစေတဲ့ ငှက်ပျောသီးကို ပူတင်းလေးလုပ်စားကြရအောင်နော်

ပူတင်းလုပ်ဖို့ အတွက် ပါဝင်ပစ္စည်းများ……..

(1)ဂျုံ 1 ခွက်

(2) သကြား 1 ခွက်

(3) ကြက်ဥ 3 လုံး

(4) နွားနို့ 50 သား

(5) ငှက်ပျောသီး 4 လုံး

(6) ထောပတ် ၊ ဗနီလာ ၊ ဆား နဲနဲ ပါ..

ပြုလုပ်ပုံ အဆင့်ဆင့်

**ငှက်ပျောသီးကို ပါးပါးလှီးထားပါ…

***ကျန် ပါဝင်ပစ္စည်းတွေ ရောခေါက်ပါ ( အချို အတွက် သကြား လိုအပ်လျှင် ထပ်ထည့်ပါ)

***မုန့်ရည်ကို အနေတော်ပျစ်ခဲခဲထိ ကျိုပေးပါ…

***မုန့်ဖုတ်မည့် ဗန်းထဲ ထောပတ်အနည်းငယ် အပူပေးထားပါ..

***မုန့်ရည်ပျစ်များ တစ်ဝက်လောင်းထည့်ပါ..

***ငှက်ပျောသီး ပါးပါးလှီးထားသည်များ ဖြန့်ခင်းပါ ..

***မုန့်ရည် ထပ်လောင်းထည့်ွပါ..မျက်နှာပြင်ညှိပေးပါ…

***180ံ နှင့် 20 မိနစ်လောက် အပေါ်အောက်မီး ဖြင့် ဖုတ်လိုက်ပါက လှပမွှေးကြိုင် စားကောင်းစေရာ ငှက်ပျောသီး ပူတင်းလေးကို ရပြီဖြစ်ပါသည်..

ကော်ဖီလေးတစ်ခွက်နှင့် လိုက်ဖက်လှသော စားစရာ ဖြစ်ပါကြောင်း သတင်းကောင်းပေးလိုက်ပါတယ်…

ခင်တဲ့

မအိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

3) အရသာရှိ ရနံ့သင်း အာလူး၊ဥနီ ပူတင်း …- Ma Ei

(http://myanmargazette.net/167267)

အာလူး၊ဥနီ ပူတင်း ……

ပြုလုပ်ရတာလဲ လွယ်ကူ၊စားသူအတွက်လဲ အရသာရှိ ၊အဟာရလည်း အပြည့်ပါဝင်တဲ့

အာလူး၊ဥနီ ပူတင်းလေး လုပ်စားကြဘို့ အတွက် ဒါလေးတွေ လိုအပ်ပါတယ်…

1…အာလူး အနေတော်နှစ်လုံး

2…ဥနီ တစ်ဥ

3…နွားနို့ 25 ကျပ်သား

4…ကြက်ဥ နှစ်လုံး

5…ဂျုံ စားပွဲဇွန်း 3 ဇွန်း

6…သကြား စားပွဲဇွန်း 5ဇွန်း

7…ထောပတ် စားပွဲဇွန်း 3 ဇွန်း

8…ဆားအနည်းငယ်

ပြင်ဆင်ကြမယ်နော်…

1…အာလူးကိုပြုတ်ချေပါ

2…ဥနီကို အချောင်းကြီးကြီးလေးခြစ်ထားမယ်

3… နွားနို့ဆူအောင်ကြိုလိုက်ပါတယ်..ပြီးရင်တော့…

နွားနို့နှင့် ကြက်ဥ သကြား ဆား သမအောင်မွှေလိုက်ပါမယ်….

ဂျုံမှုန့်များကို ဇကာစစ်၍ ထည့်ပြီး ရောမွှေပါ…သမသွားလျှင်

ပန်းကန်လုံးတစ်လုံးယူ၍ လေးပုံတစ်ပုံစာလောက် ခွဲထည့်ကာ ဥနီခြစ်လေးများထည့်လိုက်ပါတယ်…

ခွဲထည့်ပြီး ပန်းကန်ထဲသို့ အာလူးခြေများထည့်မွှေလိုက်ပါပြီ…

အနေတော်မုန့်ဗန်းထဲသို့ ထောပတ်ထည့်ပါ..အာလူး ပူတင်းရည်များလောင်းထည့်ပါ…မျက်နှာပြင်ညီအောင်ညှိပေးပါ…

နောက်ဆုံးမှ ဥနီ ပူတင်းရည်ကိုထည့်လိုက်ပါ…ဒီလိုလေးနော်…

180ံOven မှာ မိနစ်နှစ်ဆယ်လောက် ဖုတ်ရင် ရနံ့မွှေးမွှေး အရသာရှိရှိ အာလူး၊ဥနီပူတင်းလေး ကျက်ပါပြီ…

မန်းဂဇက်ရွာသူားများ ဂရုမှာ အမြည်းကျွေးကြော်ငြာထားပါတယ်…

လုပ်ရတာလဲ သိပ်မခက်ခဲတာမို့လို့ စိတ်ဝင်စားသူများ စမ်းသပ်ဘို့တိုက်တွန်းလိုက်ပါတယ်နော်…

ခင်တဲ့

မအိ

~~~~~~~~~~~~~~~~~~~~~~~~

4) အဟာရပြည့်ဝ လှပ စားစရာ.…- Ma Ei

 

(http://myanmargazette.net/145487)

မိသားစု မနက်စာ အတွက်

ပူတင်းချည်းသက်သက် ဆို အချိုအဆိမ့်တွေများ၊ကြက်ဥ ပေါင်မုန့်ကြော်လည်း ဆီကြော်စာ ဖြစ်နေလို့

ပေါင်မုန့်ကို မကြော်တော့ဘဲ နွားနို့၊ ကြက်ဥတို့နဲ့ ပေါင်မုန့်ပူတင်း လုပ်ဖို့ စီစဉ်လိုက်ပါတော့တယ်…

အဟာရလည်းပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…

 

ပါဝင်ပစ္စည်းတွေမှာ…

1…ပေါင်မုန့်   6 ချပ်

2…နွားနို့      25 ကျပ်သား

3…သကြား   6 ဇွန်း

4…ဂျုံမှုန့်      2 ဇွန်း

5…ကြက်ဥ    3 လုံး

6…ထောပတ်  3 ဇွန်း

7…ဆား၊စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ ဖြစ်ပါတယ်…

ပြုလုပ်နည်းလေး ကလည်းလွယ်ကူပါတယ်…

**ပန်းကန်လုံးတစ်ခုတွင် ကြက်ဥ၊သကြား ၊ နွားနို့၊ ဂျုံမှုန့် နှင့် ထောပတ် 2 ဇွန်း တို့ကို ဆားအနည်းငယ်ထည့်၍ ကြေညက်အောင်ခေါက်ထားလိုက်ပါတယ်…

**မုန့်ဖုတ်ဗန်းတွင် ထောပတ် 1 ဇွန်း ဆမ်းပြီး ၊ ပေါင်မုန့် 4 ချပ်ကို စီထည့်လိုက်ပါတယ်…

**မုန့်နှစ်ရည် 2/3 ကို ပေါင်မုန့် များအပေါ်သို့ ဆမ်းပါ၊နောက်ထပ်ပေါင်မုန့် 2 ချပ်ကို အလည်မှာ ထပ်တင်လိုက်ပြီး၊ချန်ထားသော မုန့်နှစ်ရည်ကို

လောင်းထည့် လိုက်ပါတယ်…

** စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ နှင့် အလှဆင်ထာလိုက်ပါတယ်…

အဆင်သင့်ဖြစ်ရင်အပေါ်မီး 170ံC Oven မှာ 15 မိနစ်ဖုတ်လိုက်ရင်ဖြင့်

လှလည်းလှ၊ အရသာလည်း ရှိတဲ့ ပေါင်မုန့် ပူတင်း လေးကို အဆင်သင့် သုံးဆောင်နိုင်ပါပြီ…

ပေါင်မုန့် နေရာတွင် ပြုတ်ချေ ထားသော အာလူး ၊ကန်ဇွန်းဥ ၊ ရွှေဖရုံသီးများကိုလည်း ကြိုက်နှစ်သက်သလို ထည့်သွင်း ပြုလုပ်နိုင်ပါတယ်…

မိသားစု မနက်စာ အတွက် အဟာရပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…

ခင်တဲ့

မအိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

5) ကြက်ဥ စတော်ဘယ်ရီ Putin- weiwei   

 

(http://myanmargazette.net/36026)

ထမင်းစားပြီးရင် အချိုထပ်စားရအောင်လဲ တစ်ခါထဲ စီစဉ်ထားလိုက်ပါတယ်။ ကြက်ဥ စတော်ဘယ်ရီ နွားနို့နဲ့ အလွယ်ဆုံး ပူတင်းလုပ်ပါတယ်။

ပါဝင်သောပစ္စည်းများ

ကြက်ဥ – ၃ လုံး
စတော်ဘယ်ရီ – ၅ လုံး ကနေ ၇ လုံး
နွားနို့ – တစ်ဘူး
သကြား – အနည်းငယ်

ပြူလုပ်ပုံအဆင့်ဆင့်

ပါဝင်မည့်ပစ္စည်းအားလုံးကို ဘလန်ဒါထဲထည့်ပြီး မွှေလိုက်ပါတယ် … ထို့နောက်ကြွေဇလုံအနေတော်တစ်ခုထဲ လောင်းထည့်လိုက်ပါတယ် .. ထို့နောက် အဲဒီကြွေဇလုံထည့်ပြီး အဖုံးဖုံးနိုင်တဲ့ အိုးတစ်လုံးထဲကိုရေထည့်ပြီး  အဖုံးဖုံးပြီး မီးအနေတော်ဖြင့် ၃၀ မိနစ် ပစ်ထားလိုက်ပါတယ်။

မိနစ် ၃၀ ပြည့်သွားတော့ သွားယူပြီး စားလိုက်ရုံပါပဲ … အခုအချိန်က ဆောင်းရာသီဆိုတော့ အေးအောင် မစောင့်ပဲ ဒီအတိုင်းပဲ ခပ်စားလိုက်ပါတယ် …

မွှေးမွှေးချိုချိုအီအီနဲ့ စားလို့ကောင်းပါတယ် … အလွန်လွယ်ကူပြီး အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ် ..

~~~~~~~~~~~~~~~~~~~~~~~~~

6) အလွယ်ဆုံး ပူတင်းလုပ်နည်း- shwe pont 

 

(http://myanmargazette.net/142772)

အိမ်မှာလုပ်စားနေကျ လွယ်ကူရိုးရှင်းတဲ့ ပူတင်း လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်

နွားနို့  တစ်ပိသာကို ကျက်အောင်ကျို

ကျက်ပြီးသားနွားနို့ ထဲ ကြက်ဥ ငါးလုံး ခေါက်ပြီးထည့်

သကြား ဟင်းခပ်ဇွန်းနှင့် အပြည့်သုံးဇွန်း (အချိုကြိုက်ရင် ပိုထည့်)

ဆားအနည်းငယ် ထည့် ပြီး အကုန်သကြားကြေအောင်ခေါက်

ပြီးရင် ပူတင်းတယောက်စာပန်းကန်(ကော်ဖီပန်းကန်လို ကြွေပန်းကန် ထမင်းပေါင်းအိုးနဲ့ ထည့်လို့ အဆင်ပြေတဲ့ပန်းကန်)လေးတွေထဲကို စောစောက အကုန်မွေခေါက်ပြီးသား နွားနို့ ကိုထည့် ၊

အဖုံးလေးတွေဖုံးထား

ပြီး ထမင်းပေါင်းအိုးထဲ ရေထည့် ၊ ပန်းကန်လေးတွေရဲ့  သုံးပုံနှစ်ပုံလောက်ထိရေရောက်အောင်ထည့်

ပြီးရင် ထမင်းပေါင်းအိုးအဖုံးဖုံးပြီး မိနစ်20 လောက် ထားလိုက်ရင် အသင့်စားလို့ ရတဲ့ ပူတင်းလေးတွေ ရပါပြီ

~~~~~~~~~~~~~~~~~~~~~~~~~~~

7) လွယ်ကူမြန်ဆန် ကြက်ဥပူတင်း- onlinezz

 

(http://myanmargazette.net/46929)

လွယ်လွယ်ကူကူနဲ့ ကြက်ဥပူတင်း လုပ်စားကြည့်ချင်ယင်

ပထမဆုံး ကြက်ဥနှစ်လုံး ( လူအနည်းအများ ပေါ်မူတည်) ဖောက်ပြီး ခွက်ထဲကို ထည့်ပါ။
ပြီးတော့ ဆား၊ သကြား ၊ ဆိုဒါ အနည်းငယ် ထည့်ပြီး နာနာခလောက်ပါ။

(အချိုကြိုက်ရင်တော့ သကြားများများထည့်ပေါ့ )

ပေါင်းမယ့် ခွက်ထဲကို သကြားနည်းနည်းလေး ထည့်ပြီး မီးနည်းနည်းနဲ့ အပူပေးလိုက်ပါတယ်။
သကြားအညိုရောင် သမ်းသွားရင် ပေါင်းမယ့်ခွက်ထဲကို ခုနက မွှေထားသော ကြက်ဥတွေကို လောင်းထည့်ပြီး မီးနည်းနည်း နဲ့ ပဲ တည်ထားလိုက်ပါတယ်။

နောက်နာရီဝက်လောက်ကြာရင် ချိုချိုမွှေးမွှေး ကြက်ဥပူတင်း စားလို့ ရပါပြီ.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟိဟိ။
ဓာတ်ပုံတွေ ကြည့်ချင်ရင်တော့ လင့်(ခ) အတိုင်း သွားကြည့်ပေးနော်။
နှစ်သစ်မှာ ပိုင်ဆိုင်သမျှ ပူတင်းကြပါစေ။

:mrgreen:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120