မွ ပူ အိ တင်း – Pudding

ဇီဇီApril 20, 20152min35329

ဟေးဟေးးး
ပူတင်း မျိုးစုံကို မွမွအိ ဆီကနေ တူးထားလို့ ဒီ ခေါင်းစဉ်ဖြစ်သွားတယ်။

:chit:
သတင်းစာ အတွက် စု ရင်း …

မွအိ ဆီက ၄ မျိုး၊

မွဝေ ဆီ က တစ်မျိုး၊

ရွှေပုံ့ ရေးထားတာလေး ရှာလို့ ရတာ တစ်မျိုးမို့  စုလိုက်တယ်။

:sar:
~~~~~~~~~~~~~~~~~~~~~~~~~

1) အက်တက် ကြက်ဥပူတင်းမုန့်…( Egg Tarts )- Ma Ei

 

(https://myanmargazette.net/186774)

ချစ်စရာလဲကောင်း၊အရသာလဲရှိတဲ့ မုန့်ကလေးကို စားခဲ့ရလို့ စိတ်ဝင်စားပြီး မီနူးကိုကြည့်လိုက်တော့ အက်တက် ကြက်ဥမုန့်ပါတဲ့…

ဝါသနာအရ မုန့်လုပ်ကြည့်ချင်တာမို့ ပြုလုပ်နည်းကို ရှာဖွေတဲ့အခါမှာ ပုံစံတူ အမျိုးမျိုးကိုတွေ့ရပါတယ်…

အချိုးအစားတွေလဲ တစ်မျိုးနဲ့တစ်မျိုး မတူကြတာတွေ့ရတော့ အဆင်ပြေမယ်ထင်သလို မုန့်စပ်လိုက်ပါတယ်…

ထုံးစံအတိုင်းဓာတ်ပုံတော့ ရိုက်ထားပြီး မဖြစ်ရင်လဲ မှတ်တမ်းပေါ့နော်…ဒါပေမယ့် လှပပြီးအရသာရှိတဲ့ မုန့်ကလေးဖြစ်လာခဲ့လို့ မျှဝေလိုက်ပါတယ်နော်…

ပါဝင်ပစ္စည်း နဲ့ အချိုးစားတွေကတော့…

မုန့်ခွက်လေးတွေအတွက်

1…ဂျုံ     250 gm (1cup)

2… ထောပတ်   4 tbsp

3…သကြား     2 tbsp

4…ကြက်ဥ     1 လုံး

ကြက်ဥ ပူတင်းအနှစ်ရည် အတွက်

1…နို့     1/2cup

2…သကြား    2 tbsp

3…ကြက်ဥ     1 လုံး

4…ရေ     ½ cup တို့ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းအားလုံးကို ဂျုံ 1 ဇွန်းနဲ့ ရောခေါက်လိုက်ပါတယ်၊ မီးအေးအေးဖြင့် အနည်းငယ်ပြစ် သည်ထိ အပူပေး ကြိုလိုက်ပြီး အအေးခံထားလိုက်ရင် ကြက်ဥ ပူတင်းအနှစ်ရည် ရပါပြီ။

မုန့်ခွက်လေးတွေ အတွက်မုန့်သားရရန် ထောပတ်နှင့် သကြားကို ဖြူပြီးပွလာသည်ထိ ကြာကြာလေးခေါက်ရပါမယ်။ ရရင် ကြက်ဥတစ်လုံး ခေါက်ထားပြီးရောမွှေပါ။ ထောပတ်၊သကြား၊ကြက်ဥ ရောမွှေထားသည်ကို ဂျုံမှုန့်များထဲသို့ထည့်၍ ရောမွှေ၊နယ်ပါ။ လက်မကပ်တော့ရင်ဖြင့် မုန့်ခွက်လေးတွေ အတွက်မုန့်သားရပါပြီ။

မုန့်သားအနေတော်ကို မုန့်လုပ်မည့် ပုံစံခွက်လေးထဲတွင် မုန့်နှစ်ရည်ထည့်ရန် ခွက်လေးပုံစံပေါ်အောင် ဖိထည့်လိုက်ပါတယ်။

မုန့်ခွက်လေးများထဲသို့ ကြက်ဥ ပူတင်းအနှစ်ရည်ကို ဖြည့်လိုက်ပါတယ်။ မုန့်လုပ်နည်းတွေထဲမှာ မုန့်ရည် အပြည့်မထည့်ဘို့ မှာကြပါတယ်။ မလှမှာစိုးပြီး အပြည့်ထည့်လိုက်တာ အပူပေးချိန်မှာ လျှံကျသွားခဲ့ပါတယ်။ နောက်ထပ်လုပ်တဲ့ခါ မုန့်ရည်ကို ပြည့်ခါနီးလေးပဲ ထည့်လုပ်မှ မုန့်လှလှလေးတွေဖြစ်သွားခဲ့ပါတယ်။ဒါကြောင့် ငပိဖုတ်တောင် ဆရာ မပြ နည်းမကျ လို့ ဆိုခဲ့တာနဲ့တူရဲ့၊ မုန့်လုပ်နည်းအတွက် စာထဲကဆရာတွေ အားလုံးကျေးဇူးတင်မိပါတယ်။

မုန့်ခွက်လေးတွေထဲကို ကြက်ဥ ပူတင်းအနှစ် ရည်ဖြည့်ပြီး 170 ံC နဲ့ 20 မိနစ်လောက် အပူပေးလိုက်ရင်တော့ လှပပြီး အရသာရှိတဲ့ အက်တက် ကြက်ဥပူတင်းမုန့် ကလေးတွေရပါပြီ၊ လ္ဘက်ရည်၊ကော်ဖီ ကြိုက်နှစ်သက်ရာ နဲ့ တွဲလိုက်ရင်တော့

အရသာ အပြည့်ခံစားရစေမှာ အသေချာပါပဲနော်…..

ခင်တဲ့

အန်တီ မအိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

2) အကျိုးထူးတဲ့ စားစရာ ငှက်ပျောသီး ပူတင်း လေးပါ…..- Ma Ei

(https://myanmargazette.net/205013)

ငှက်ပျောသီး ပူတင်းလေးမစားခင် ငှက်ပျောသီးမှရရှိစေသော အကျိုးထူးလေးတွေ အရင်ဖတ်ကြည့်နော်…

(၁) စိတ်ကျရောဂါ ဖြစ်နို်င်ခြေတွေကို လျှော့ကျစေတယ်။
(၂) အူမကြီးရှိ အညစ်ကျေးတွေကိုဖယ်ရှားပေးတယ်
အူလမ်းကြောင်းကို သန့်ရှင်းစေတယ်။
(၃) သွေးအားကောင်းစေတဲ့အပြင် နှလုံးရောဂါဖြစ်ခြင်းမှကာကွယ်တယ်။
(၄) အရိုးဆစ်တွေ ခိုင်မာစေတယ် သန်မာစေတယ်။
(၅) ငှက်ပျောသီစားခြင်းဖြင့် ဆေးလိပ်သောက်ချင်စိတ် လျှော့ကျစေတဲ့ အတွက် ဆေးလိပ်ဖြတ်တဲ့သူတွေအတွက်စားသုံးသင့်တယ်။
(၆) အမျိုးသားတွေအတွက် ဒူလာပိတ်၊ ဒူလာခြောက်၊ အမျိုးသမီတွေ အတွက် မီးယပ်ပိန် မီးယပ်ခြောက် ဖြစ်နိုင်ခြေတွေကိုလျှော့ကျ အောင် တားဆီးပေးတယ်။
(၇) ကိုယ်ခံအား ကောင်းမွန်စေတယ်။
(၈) အမျိုးသမီးတွေ သွေးဆင်းချိန်၊ ဓမ္မတာ လာချိ်န်တွင် ဖြစ်တတ်သော နာကျင်ကိုက်ခဲ ခြင်းကို သက်သာစေတယ်။
(၉) ဦးနှောက်ဉာဏ်ရေကောင်းမွန်ဖွံ့ဖြိုးစေတယ်။
(၁၀)ခန္ဓာကိုယ် အပူချိန်ကြောင့်ဖြစ်တတ်တဲ့ အပူကံခြင်း၊
ပြည်တည်နာဖြစ်ခြင်း အစရှိတဲ့ရောဂါ ဝေဒနာတွေ ငှက်ပျောသီးစား သုံးပေး
ရင် သက်သာ ပျောက်ကင်းစေတယ်။
စတဲ့ အကျိုးကျေးဇူးတွေ ငှက်ပျောသီးကနေရရှိစေပါတယ်။
Ref: General Knowledge

By Health Digest
ငှက်ပျောသီးမှာ သဘာဝ သကြား ဓာတ် သုံးမျိုး ပါဝင်ပါတယ်။ ဆူးခရို့စ်၊ ဖရက်တို့စ်၊ ဂလူးကို့စ်နဲ့ အမျှင်ဓာတ် တို့ ပါဝင် ပါတယ်။ ငှက်ပျောသီးက အားဖြစ်စေတဲ့ အာဟာရ ဖြစ်စေတဲ့ အသီးအနှံ တစ်ခု ဖြစ်ပါတယ်။ ငှက် ပျောသီး ၂ လုံး စားခြင်းက အား အင်သုံးပြီး မိနစ် ၉ဝ ကြာလေ့ကျင့် ခန်းလုပ်ခြင်း အတွက် လုံလောက်တဲ့ စွမ်းအင် ပမာဏကို ပေးစွမ်းနိုင်ပါ တယ်။ ဒါကြောင့် ကမ္ဘာ့အားကစား သမားများ ကြားထဲမှာ ငှက်ပျောသီး က နာမည်ကျော ်နေတာဖြစ် ပါတယ်။ ဒါပေမယ့် ငှက်ပျောသီးက ပေးနိုင်တာ စွမ်းအင် တစ်ခုတည်း မဟုတ်ပါဘူး။ အခြားသော ကျန်းမာရေး ပြဿနာများနဲ့ ရောဂါများကို သက်သာ စေရာမှာရော ကာကွယ်တဲ့ နေရာမှာပါ ကူညီပေး ပါတယ်။ နေ့စဉ် အစားအသောက်ထဲ ထည့်သွင်းရမယ့် အစားအစာ တစ်ခုဖြစ် ပါတယ်။

***

ဒီလိုအကျိုးထူးတွေရရှိစေတဲ့ ငှက်ပျောသီးကို ပူတင်းလေးလုပ်စားကြရအောင်နော်

ပူတင်းလုပ်ဖို့ အတွက် ပါဝင်ပစ္စည်းများ……..

(1)ဂျုံ 1 ခွက်

(2) သကြား 1 ခွက်

(3) ကြက်ဥ 3 လုံး

(4) နွားနို့ 50 သား

(5) ငှက်ပျောသီး 4 လုံး

(6) ထောပတ် ၊ ဗနီလာ ၊ ဆား နဲနဲ ပါ..

ပြုလုပ်ပုံ အဆင့်ဆင့်

**ငှက်ပျောသီးကို ပါးပါးလှီးထားပါ…

***ကျန် ပါဝင်ပစ္စည်းတွေ ရောခေါက်ပါ ( အချို အတွက် သကြား လိုအပ်လျှင် ထပ်ထည့်ပါ)

***မုန့်ရည်ကို အနေတော်ပျစ်ခဲခဲထိ ကျိုပေးပါ…

***မုန့်ဖုတ်မည့် ဗန်းထဲ ထောပတ်အနည်းငယ် အပူပေးထားပါ..

***မုန့်ရည်ပျစ်များ တစ်ဝက်လောင်းထည့်ပါ..

***ငှက်ပျောသီး ပါးပါးလှီးထားသည်များ ဖြန့်ခင်းပါ ..

***မုန့်ရည် ထပ်လောင်းထည့်ွပါ..မျက်နှာပြင်ညှိပေးပါ…

***180ံ နှင့် 20 မိနစ်လောက် အပေါ်အောက်မီး ဖြင့် ဖုတ်လိုက်ပါက လှပမွှေးကြိုင် စားကောင်းစေရာ ငှက်ပျောသီး ပူတင်းလေးကို ရပြီဖြစ်ပါသည်..

ကော်ဖီလေးတစ်ခွက်နှင့် လိုက်ဖက်လှသော စားစရာ ဖြစ်ပါကြောင်း သတင်းကောင်းပေးလိုက်ပါတယ်…

ခင်တဲ့

မအိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

3) အရသာရှိ ရနံ့သင်း အာလူး၊ဥနီ ပူတင်း …- Ma Ei

(https://myanmargazette.net/167267)

အာလူး၊ဥနီ ပူတင်း ……

ပြုလုပ်ရတာလဲ လွယ်ကူ၊စားသူအတွက်လဲ အရသာရှိ ၊အဟာရလည်း အပြည့်ပါဝင်တဲ့

အာလူး၊ဥနီ ပူတင်းလေး လုပ်စားကြဘို့ အတွက် ဒါလေးတွေ လိုအပ်ပါတယ်…

1…အာလူး အနေတော်နှစ်လုံး

2…ဥနီ တစ်ဥ

3…နွားနို့ 25 ကျပ်သား

4…ကြက်ဥ နှစ်လုံး

5…ဂျုံ စားပွဲဇွန်း 3 ဇွန်း

6…သကြား စားပွဲဇွန်း 5ဇွန်း

7…ထောပတ် စားပွဲဇွန်း 3 ဇွန်း

8…ဆားအနည်းငယ်

ပြင်ဆင်ကြမယ်နော်…

1…အာလူးကိုပြုတ်ချေပါ

2…ဥနီကို အချောင်းကြီးကြီးလေးခြစ်ထားမယ်

3… နွားနို့ဆူအောင်ကြိုလိုက်ပါတယ်..ပြီးရင်တော့…

နွားနို့နှင့် ကြက်ဥ သကြား ဆား သမအောင်မွှေလိုက်ပါမယ်….

ဂျုံမှုန့်များကို ဇကာစစ်၍ ထည့်ပြီး ရောမွှေပါ…သမသွားလျှင်

ပန်းကန်လုံးတစ်လုံးယူ၍ လေးပုံတစ်ပုံစာလောက် ခွဲထည့်ကာ ဥနီခြစ်လေးများထည့်လိုက်ပါတယ်…

ခွဲထည့်ပြီး ပန်းကန်ထဲသို့ အာလူးခြေများထည့်မွှေလိုက်ပါပြီ…

အနေတော်မုန့်ဗန်းထဲသို့ ထောပတ်ထည့်ပါ..အာလူး ပူတင်းရည်များလောင်းထည့်ပါ…မျက်နှာပြင်ညီအောင်ညှိပေးပါ…

နောက်ဆုံးမှ ဥနီ ပူတင်းရည်ကိုထည့်လိုက်ပါ…ဒီလိုလေးနော်…

180 ံOven မှာ မိနစ်နှစ်ဆယ်လောက် ဖုတ်ရင် ရနံ့မွှေးမွှေး အရသာရှိရှိ အာလူး၊ဥနီပူတင်းလေး ကျက်ပါပြီ…

မန်းဂဇက်ရွာသူားများ ဂရုမှာ အမြည်းကျွေးကြော်ငြာထားပါတယ်…

လုပ်ရတာလဲ သိပ်မခက်ခဲတာမို့လို့ စိတ်ဝင်စားသူများ စမ်းသပ်ဘို့တိုက်တွန်းလိုက်ပါတယ်နော်…

ခင်တဲ့

မအိ

~~~~~~~~~~~~~~~~~~~~~~~~

4) အဟာရပြည့်ဝ လှပ စားစရာ.…- Ma Ei

 

(https://myanmargazette.net/145487)

မိသားစု မနက်စာ အတွက်

ပူတင်းချည်းသက်သက် ဆို် အချိုအဆိမ့်တွေများ၊ကြက်ဥ ပေါင်မုန့်ကြော်လည်း ဆီကြော်စာ ဖြစ်နေလို့

ပေါင်မုန့်ကို မကြော်တော့ဘဲ နွားနို့၊ ကြက်ဥတို့နဲ့ ပေါင်မုန့်ပူတင်း လုပ်ဖို့ စီစဉ်လိုက်ပါတော့တယ်…

အဟာရလည်းပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…

 

ပါဝင်ပစ္စည်းတွေမှာ…

1…ပေါင်မုန့်   6 ချပ်

2…နွားနို့      25 ကျပ်သား

3…သကြား   6 ဇွန်း

4…ဂျုံမှုန့်      2 ဇွန်း

5…ကြက်ဥ    3 လုံး

6…ထောပတ်  3 ဇွန်း

7…ဆား၊စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ ဖြစ်ပါတယ်…

ပြုလုပ်နည်းလေး ကလည်းလွယ်ကူပါတယ်…

**ပန်းကန်လုံးတစ်ခုတွင် ကြက်ဥ၊သကြား ၊ နွားနို့၊ ဂျုံမှုန့် နှင့် ထောပတ် 2 ဇွန်း တို့ကို ဆားအနည်းငယ်ထည့်၍ ကြေညက်အောင်ခေါက်ထားလိုက်ပါတယ်…

**မုန့်ဖုတ်ဗန်းတွင် ထောပတ် 1 ဇွန်း ဆမ်းပြီး ၊ ပေါင်မုန့် 4 ချပ်ကို စီထည့်လိုက်ပါတယ်…

**မုန့်နှစ်ရည် 2/3 ကို ပေါင်မုန့် များအပေါ်သို့ ဆမ်းပါ၊နောက်ထပ်ပေါင်မုန့် 2 ချပ်ကို အလည်မှာ ထပ်တင်လိုက်ပြီး၊ချန်ထားသော မုန့်နှစ်ရည်ကို

လောင်းထည့် လိုက်ပါတယ်…

** စပျစ်သီးခြောက်၊ချောကလက် ဆန်စေ့ အနည်းငယ်စီ နှင့် အလှဆင်ထာလိုက်ပါတယ်…

အဆင်သင့်ဖြစ်ရင်အပေါ်မီး 170  ံC Oven မှာ 15 မိနစ်ဖုတ်လိုက်ရင်ဖြင့်

လှလည်းလှ၊ အရသာလည်း ရှိတဲ့ ပေါင်မုန့် ပူတင်း လေးကို အဆင်သင့် သုံးဆောင်နိုင်ပါပြီ…

ပေါင်မုန့် နေရာတွင် ပြုတ်ချေ ထားသော အာလူး ၊ကန်ဇွန်းဥ ၊ ရွှေဖရုံသီးများကိုလည်း ကြိုက်နှစ်သက်သလို ထည့်သွင်း ပြုလုပ်နိုင်ပါတယ်…

မိသားစု မနက်စာ အတွက် အဟာရပြည့်ဝ အရသာလည်းရှိလှတဲ့ ပေါင်မုန့် ပူတင်းလေး စားကြရအောင်နော်…

ခင်တဲ့

မအိ

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

5) ကြက်ဥ စတော်ဘယ်ရီ Putin- weiwei   

 

(https://myanmargazette.net/36026)

ထမင်းစားပြီးရင် အချိုထပ်စားရအောင်လဲ တစ်ခါထဲ စီစဉ်ထားလိုက်ပါတယ်။ ကြက်ဥ စတော်ဘယ်ရီ နွားနို့နဲ့ အလွယ်ဆုံး ပူတင်းလုပ်ပါတယ်။

ပါဝင်သောပစ္စည်းများ

ကြက်ဥ – ၃ လုံး
စတော်ဘယ်ရီ – ၅ လုံး ကနေ ရ လုံး
နွားနို့ – တစ်ဘူး
သကြား – အနည်းငယ်

ပြူလုပ်ပုံအဆင့်ဆင့်

ပါဝင်မည့်ပစ္စည်းအားလုံးကို ဘလန်ဒါထဲထည့်ပြီး မွှေလိုက်ပါတယ် … ထို့နောက်ကြွေဇလုံအနေတော်တစ်ခုထဲ လောင်းထည့်လိုက်ပါတယ် .. ထို့နောက် အဲဒီကြွေဇလုံထည့်ပြီး အဖုံးဖုံးနိုင်တဲ့ အိုးတစ်လုံးထဲကိုရေထည့်ပြီး  အဖုံးဖုံးပြီး မီးအနေတော်ဖြင့် ၃ဝ မိနစ် ပစ်ထားလိုက်ပါတယ်။

မိနစ် ၃ဝ ပြည့်သွားတော့ သွားယူပြီး စားလိုက်ရုံပါပဲ … အခုအချိန်က ဆောင်းရာသီဆိုတော့ အေးအောင် မစောင့်ပဲ ဒီအတိုင်းပဲ ခပ်စားလိုက်ပါတယ် …

မွှေးမွှေးချိုချိုအီအီနဲ့ စားလို့ကောင်းပါတယ် … အလွန်လွယ်ကူပြီး အာဟာရပြည့်ဝသော အစားအစာတစ်ခုဖြစ်ပါတယ် ..

~~~~~~~~~~~~~~~~~~~~~~~~~

6) အလွယ်ဆုံး ပူတင်းလုပ်နည်း- shwe pont 

 

(https://myanmargazette.net/142772)

အိမ်မှာလုပ်စားနေကျ လွယ်ကူရိုးရှင်းတဲ့ ပူတင်း လုပ်နည်းလေးကို မျှဝေလိုက်ပါတယ်

နွားနို ့ တစ်ပိသာကို ကျက်အောင်ကျို

ကျက်ပြီးသားနွားနို ့ထဲ ကြက်ဥ ငါးလုံး ခေါက်ပြီးထည့်

သကြား ဟင်းခပ်ဇွန်းနှင့် အပြည့်သုံးဇွန်း (အချိုကြိုက်ရင် ပိုထည့်)

ဆားအနည်းငယ် ထည့် ပြီး အကုန်သကြားကြေအောင်ခေါက်

ပြီးရင် ပူတင်းတယောက်စာပန်းကန်(ကော်ဖီပန်းကန်လို ကြွေပန်းကန် ထမင်းပေါင်းအိုးနဲ့ ထည့်လို ့အဆင်ပြေတဲ့ပန်းကန်)လေးတွေထဲကို စောစောက အကုန်မွေခေါက်ပြီးသား နွားနို ့ကိုထည့် ၊

အဖုံးလေးတွေဖုံးထား

ပြီး ထမင်းပေါင်းအိုးထဲ ရေထည့် ၊ ပန်းကန်လေးတွေရဲ ့ သုံးပုံနှစ်ပုံလောက်ထိရေရောက်အောင်ထည့်

ပြီးရင် ထမင်းပေါင်းအိုးအဖုံးဖုံးပြီး မိနစ်20 လောက် ထားလိုက်ရင် အသင့်စားလို ့ရတဲ့ ပူတင်းလေးတွေ ရပါပြီ

~~~~~~~~~~~~~~~~~~~~~~~~~~~

7) လွယ်ကူမြန်ဆန် ကြက်ဥပူတင်း- onlinezz

 

(https://myanmargazette.net/46929)

လွယ်လွယ်ကူကူနဲ ့ကြက်ဥပူတင်း လုပ်စားကြည့်ချင်ယင်

ပထမဆုံး ကြက်ဥနှစ်လုံး ( လူအနည်းအများ ပေါ်မူတည်) ဖောက်ပြီး ခွက်ထဲကို ထည့်ပါ။
ပြီးတော့ ဆား၊ သကြား ၊ ဆိုဒါ အနည်းငယ် ထည့်ပြီး နာနာခလောက်ပါ။

(အချိုကြိုက်ရင်တော့ သကြားများများထည့်ပေါ့ )

ပေါင်းမယ့် ခွက်ထဲကို သကြားနည်းနည်းလေး ထည့်ပြီး မီးနည်းနည်းနဲ ့အပူပေးလိုက်ပါတယ်။
သကြားအညိုရောင် သမ်းသွားရင် ပေါင်းမယ့်ခွက်ထဲကို ခုနက မွှေထားသော ကြက်ဥတွေကို လောင်းထည့်ပြီး မီးနည်းနည်း နဲ ့ပဲ တည်ထားလိုက်ပါတယ်။

နောက်နာရီဝက်လောက်ကြာရင် ချိုချိုမွှေးမွှေး ကြက်ဥပူတင်း စားလို ့ရပါပြီ.

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဟိဟိ။
ဓာတ်ပုံတွေ ကြည့်ချင်ရင်တော့ လင့်(ခ) အတိုင်း သွားကြည့်ပေးနော်။
နှစ်သစ်မှာ ပိုင်ဆိုင်သမျှ ပူတင်းကြပါစေ။

:mrgreen:

29 comments

  • အောင် မိုးသူ

    April 20, 2015 at 10:29 am

    ပူတင်းကို သိပ်မကြိုက်ပေမယ့် တစ်ခါတစ်ရံ မက်မက်မောမောစားဖြစ်တယ်။ မှတ်ထားလိုက်ပီ နောက် အားရင် လုပ်စားဖို့။

  • Mr. MarGa

    April 20, 2015 at 10:37 am

    ပူတင်း
    ပူတင်း
    ပူတင်း
    ကြိုက်​တဲ့အထဲမှာ ပါတယ်
    ဘယ်​သူ့ဆီ သွားပြီး ကပ်​စားရပ

  • Ma Ma

    April 20, 2015 at 11:27 am

    Lazy cook ပူတင်းကော မစားချင်ဘူးလား။ :k:

    အလွယ်တကူ တစ်ယောက်စာအတွက်…
    .နွားနို့ လက်ဖက်ရည်ပန်းကန်လုံးတစ်လုံးစာ၊
    .ကြက်ဥတစ်လုံး၊
    .ဂျုံမှုန့်အနည်းငယ် (သို့) ပေါင်မုန့်အနည်းငယ်နဲ့
    .ဆားအနည်းငယ်ထည့်မွှေပြီး ပေါင်းလိုက်တာပဲ။ 🙂

    • Ma Ma

      April 22, 2015 at 3:50 pm

      သကြားထည့်ဖို့ ကျန်ခဲ့လို့။
      အကြမ်းအားဖြင့်တော့ သကြားကို လက်ဖက်ရည်ဇွန်းနဲ့တစ်ဇွန်းလောက် ထည့်နိုင်ပါတယ်။
      ကိုယ့်ဖာသာလုပ်ရင်တော့ ဖျော်ပြီးတဲ့အရည်ကို မြည်းကြည့်လိုက်တာပဲ။
      ဂျုံမှုန့် ပေါင်မုန့်မရှိရင် ကွေကာအုပ် (သို့) နို့မှုန့်ထည့်လည်း ရပါတယ်။

      မအိရဲ့ ရနံ့သင်း အာလူး၊ဥနီ ပူတင်း ကို ဒီနေ့လုပ်ကြည့်တာ ဂျုံမှုန့်မရှိတာနဲ့ ကွေကာအုပ်ထည့်လုပ်လိုက်တယ်။
      လုပ်ပြီးတော့ ကိစ္စရှိလို့ အပြင်ထွက်သွားတာနဲ့ ပြန်လာတော့ မကျန်တော့လို့ မြည်းတောင် မမြည်းလိုက်ရဘူး။:(

    • Ma Ei

      April 23, 2015 at 1:11 pm

      သီးစုံကွေကာအုပ် အထုတ် ဝယ်ထားတယ်
      လက်မရောက်သေးတာ…မမဦးသွားပီ….

  • Alinn Z

    April 20, 2015 at 11:44 am

    .ဖွေးဖွေး ပူတင်း စားချင်လိုက်တာ…
    (ဖွေးဖွေးပူတင်း=ဖွေးဖွေး လုပ်ပေးမယ့် ပူတင်း)

    :kwi:

  • မွသဲ ( 17082011 )

    April 20, 2015 at 1:24 pm

    အကုန်ကူးတွားဘီ

  • naywoon ni

    April 20, 2015 at 7:11 pm

    ဖတ်​လိုက်​ရတာက​တော့ မစားရဝခမန်​းပါဘဲ ။ ဘူမှလဲလာမ​ကျွေးဘဲနဲ့ ။ 🙂

  • padonmar

    April 20, 2015 at 9:29 pm

    ကြက်ဥပူတင်းဆိုကြိုက်လွန်းလို့ လုပ်မစားဖြစ်တောင် ဝယ်ဝယ်စားတယ်။
    Season မှာတွေ့လည်း ဝယ်တယ်။
    စိန်ဂေဟာရှေ့က တတုံး ၅၀ဝ လည်း ဝယ်စားတယ်။
    ရွှေပုဇွန်ရှေ့ကလည်း ဝယ်စားတယ်။
    ၁၉ လမ်းက နို့ဆီခွက်နဲ့ ပေါင်းတဲ့ ပူတင်းလည်း ဝယ်စားတယ်။
    ပုဇွန်တောင်ဈေးဖက်ရောက်တုံးက ဈေးထဲမှာ ဆွမ်းတော်ခွက်ကလေးတွေနဲ့ ပေါင်းပြီး ရောင်းတဲ့ တခွက် ၁၀ဝ လည်း ဝယ်စားတာ ဖောက်သည်ဖြစ်လို့။

  • မြစပဲရိုး

    April 20, 2015 at 10:31 pm

    ပူတင်း ကြိုက်မှကြိုက်။
    မွအိ နည်း ကို မှတ်ထားတာ။ အခုထဲ လက် က မပါနိုင်သေး။
    ထပ်ပြီး ပြောပြပေးလို့ ကျေးဇူးပါ ဇီ။

    အရင်က ရွှေပုဇွန် သွားရင် ပူတင်း က ဦးစားပေး ပေါ့။ :))

  • weiwei

    April 21, 2015 at 3:05 pm

    အန်​တီဒုံ အအီစာ​တွေကြိုက်​ပြီး ပိန်​​အောင်​ထိန်​းထားနိုင်​တာ ချီးကျူးတယ်​။
    ပူတင်​းကို တစ်​ခါတစ်​​လေပဲ စားဖြစ်​တယ်​။ ဝိတ်​တက်​မှာ​ကြောက်​လို့။

  • ဦးကျောက်ခဲ

    April 21, 2015 at 3:13 pm

    ကျောက်စ်လည်း ကြက်ဥပူတင်းကြိုက်မှကြိုက်…
    အရင်ဆို ရုံးကပြန်ရင် Egg Tart မကြာမကြာ ဝယ်စားတယ်…
    အခု မီစားရတော့ဘူး … ဝ တယ်ဆိုပြီး ပါမစ်ပိတ်တွားဘီ…
    :k:

  • kai

    April 21, 2015 at 3:40 pm

    ဂျပန်တွေရဲ့.. အထက်တန်းစာအစားအသောက်ထဲ.. မပါမဖြစ်လို့တောင်ပြောရမယ့်အစားအစာတခုက.. ချဝန်းမုရှိလို့ခေါ်တဲ့.. ကြက်ဥပေါင်းတမျိုးပါ..။
    အစားစားပြီး.. နောက်ဆုံးပိတ်.. လည်ချောင်းရှင်းတဲ့အနေနဲ့စားတတ်ကြတယ်..။
    ကြက်ဥကို.. ပင်လယ်ငါးမုန့်(ဒရှိ)အရည်နဲ့ရော.. အသီးအရွက်တချို့ထည့်.. ပေါင်းတာမျိုးပါ..။
    ပုဇွန်ထည့်လည်းရတာပါပဲ..။
    အရသာမချို.. ခပ်ငန်ငန်လေးနဲ့.. စားထားတဲ့..အဆီတွေကိုလည်ချောင်းမှာကပ်နေတာတွေ…တိုက်ချသွားအောင်စားတာပါ..။

    စားပြီးဝလာမယ်တော့.. သိပ်မထင်..။ ကျမ်းမာရေးနဲ့ညီညွတ်တယ် ပြောကြတာပဲ..။
    အောက်မှာသူများဆီကကူးလာတဲ့.. ရဆပီ…။
    လုပ်စားကြည့်ကြစေလို..။ ပိုစိတ်ဝင်စားရင်.. ခရုတို့.. ကန်ဇွန်းရွက်တို့.. ပိန်းဥတို့..ကဇွန်းဥတို့.. စတဲ့ဟာတွေပစ်ထည့်ပြီး.. မြန်မာမှုပြုလိုက်ကြစေလို..။ :k:

    http://www.foodandwine.com/recipes/chawan-mushi
    Ingredients

    2 teaspoons instant dashi powder (see Note)
    2 cups warm water
    3 large eggs
    1/4 cup salted roasted cashews, coarsely chopped
    4 ounces lump crabmeat, broken up
    1 scallion, cut into fine matchsticks (2 inches)
    4 small shiitake mushrooms, stemmed and caps very thinly sliced

    In a medium bowl, whisk the dashi powder into the warm water until it is dissolved. Let the sediment settle, then pour the clear dashi into a large measuring cup; rinse out the bowl. In the same bowl, using chopsticks, very gently stir the eggs until blended, without incorporating too much air. Stir in the dashi, then strain the mixture back into the measuring cup.
    Divide the cashews between 4 shallow 1-cup bowls. Top with the egg mixture and wrap each bowl in plastic. Carefully set the bowls in a steamer basket set over boiling water and steam for 14 minutes or until the custards are set. Immediately transfer the bowls to the refrigerator to chill for at least 3 hours or overnight.
    Unwrap the custards. Top with the crabmeat, scallion and shiitake and serve.

    Notes
    Dashi powder is a flavorful dried Japanese stock made with dried bonito fish flakes and konbu seaweed. Look for it at Japanese markets.

    • ခင်ဇော်

      April 21, 2015 at 3:50 pm

      အာ့တော့ အားဂျီး စားတယ်။
      ဟေးဟေးးး
      စားကာစ က တစ်မျိုးဂျီးပဲ။
      နောက်တော့ ပူတင်းထဲက မှိုတို့ ကြက်သားတို့ နဲ့ စားလို့ ကောင်းထာ။
      ဟီး

      :k:

  • ခင်ဇော်

    April 21, 2015 at 3:54 pm

    Wutyee Food House မှကူးယူမျှဝေသည်။
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~
    သီးစုံ ဂျယ်လီ ပူတင်း

    အချိုပွဲတည်ခင်းဖို့ သီးစုံ ဂျယ်လီ ပူတင်းလေးပါ။ နေ့လည်စာ၊ ညနေစာ စားပြီ အချိုပွဲ တည်းဖို့
    အတွက်ပါ။

    အရင်ဆုံး ပူတင်းကို ကြက်ဥ၊ နွားနို့၊ သကြားတို့နှင့် ပြုလုပ်ပါတယ်။ ဝတ်ရည်ကတော့ ဗီနီကာ
    အနံ့၊ အရသာ ရအောင် ပူတင်းမလုပ်ခင် vanilla essence လေးပါ ထည့်ထားတယ်။ ဂျယ်လီ
    ပူတင်းမှာ သီးစုံလည်းပါတာမို့ အရမ်းချိုအီမနေပဲ၊ စားလို့လည်း ကောင်းပါတယ်။ လုပ်ရတာ
    လည်း လွယ်တာမို့…..။

    ခုပဲ တူတူလုပ်ကြည့်ရအောင်..

    ပူတင်းလုပ်ရန် ပါဝင်ပစ္စည်းများ
    •ကြက်ဥ အနှစ် – ၄လုံး
    •နွားနို့ (Full Cream Milk) – ၁ခွက်ခွဲ (၃၅ဝ မီလီလီတာ)
    •သကြား – ခွက် ဝက် (၁၀ဝ ဂရမ်)
    •ဗီနီကာ အရည်(Vanilla Essence) – လက်ဖက်ရည်ဇွန်း ၁ဇွန်း (optional)

    သီးစုံ ဂျယ်လီတွင် ပါဝင်ပစ္စည်းများ
    •Agar ဂျယ်လီ အချောင်း – ထုပ်ဝက် (တထုပ်တွင် ၃၅ ဂရမ် ပါသည် တဝက်ကိုသာ
    အသုံးပြုမည်)
    •ရေနွေး – ၁လီတာ
    •သကြား – ၁၅ဝ ဂရမ်
    •သီးစုံ စည်သွပ်ဗူး – ၁ဗူး
    •Apple green အရည်ဗူး – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဂျယ်လီ အစိမ်းရောင် ဖြစ်
    ရန် ပန်းသီးအရသာအနံ့ပါတဲ့ အရည်လေးကို ထည့်ထားသည်)

    မှတ်ချက် ။ ။ Vanilla essence နှင့် Apple green ဗူးတွေကို City Mart တွင်
    ဝယ်ယူနိုင်ပါသည်..

    ပူတင်းပြုလုပ်နည်း
    ၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲ ကြက်ဥ အနှစ် ၄လုံးကို ဖောက်ထည့်လိုက်ပါ။
    ၂။ ပြီမှ သကြားကို ထည့်ပြီ wire-whisk နှင့် သကြားပျော်အောင် နာနာလေး
    ခလောက်ပေးပါ။
    ၃။ ထို့နောက် နွားနို့ထည့်ပြီ သမအောင် ရောမွှေလိုက်ပါ။ နွားနို့ ထည့်ပြီ ပူတင်း
    ပြုလုပ်ရန် ဖန်(သို့)ကြွေ ပုံစံခွက် တဝက်ခန့် နွားနို့ ကြက်ဥ ရောခလောက်ထား
    သော အရည်များကို လောင်းထည့်ပေးပါ။
    ၄။ ပြီနောက် ဒယ်တစ်ခုထဲ ခွက်တဝက်ခန့် ရေမြုပ်အောင် ထည့်ပြီ အဖုံးအုပ်ကာ
    ပူတင်းကျက်သည်အထိ မိနစ် ၁၅~၂ဝ ခန့် တည်ထားပါ။ ပူတင်းကျက်မကျက်
    သိရန် ဓား(သို့) ခရင်းဖြင့် ပူတင်းထိုးကြည့်ကာ ဓားတွင် ဘာမှကပ်မပါလာလျှင်
    ပူတင်းကျက်ပြီဖြစ်သည်။
    ၅။ ပူတင်းရဆိုလျှင် ဂျယ်လီ လုပ်နေစဉ်အတွင်း အအေးခံထားပါ။
    .
    .
    .
    သီးစုံ ဂျယ်လီ ပြုလုပ်နည်း
    ၁။ အရင်ဆုံး ဒယ်ထဲတစ်ခုထဲ ရေနွေး (၁လီတာ)၊ ဂျယ်လီချောင်း၊ Apple အနှစ်ရည်၊
    သကြားတို့ကို ရောမွှေထည့်ပြီ သကြား၊ ဂျယ်လီချောင်း ပျော်သည်အထိ ၂မိနစ်ခန့်
    တည်ပြီ မီးပိတ်လိုက်ပါ။
    ၂။ သီးစုံ ဂျယ်လီ ပူတင်းလုပ်ရန် အတွက် ပူတင်းထည့်ထားသော ခွက်ထဲသို့ မိမိ
    ကြိုက်နှစ်သက်ရာသစ်သီးများကို ထည့်လိုက်ပါ။
    ၃။ ပြီမှ အပေါ်မှ ဂျယ်လီ အရည်များကို သစ်သီးမြုပ်အောင် လောင်းထည့်ပေးပြီး
    ရေခဲသေတ္တာအောက်ထပ်တွင် ၁နာရီခန့် အအေးခံထားပေးပါ။
    ၄။ အေးခံပြီလျှင် ချိုစိမ့်ပြီ အရသာကောင်းမွန်သော သီးစုံ ဂျယ်လီ ပူတင်းကို
    သုံးဆောင်နိုင်ပါပြီ…

  • kai

    April 21, 2015 at 3:56 pm

    နောက်တခုက… တမငိုရကီ..။
    ကြက်ဥကို.. အလွှာလွှာနဲ့ကင်တာ…။
    အဲဒါလုပ်တတ်တဲ့သူ.. စားသောက်ဆိုင်မှာ.. ဆရာတပါးပေါ့..။
    ပရိုအဆင့် လှလှ..အရသာရှိရှိဖြစ်အောင်ဆို.. လုပ်ရခက်ပါတယ်…။
    ဂျပန်တွေရဲ့.. ကြက်ဥနဲ့ပါတ်သက်တဲ့.. ဥပဒေသတခုက.. ခေါက်ရင်နာနာမခေါက်ပဲ.. အထဲကမမြင်ရတဲ့..အကြောတွေပြတ်မသွားအောင်.. ညင်ညင်သာသာခေါက်ရတာပါ..။
    အဟာရရော..အရသာရေ..ကွာတယ်တဲ့..။ :k:

    https://shizuokagourmet.files.wordpress.com/2008/08/tamagoyaki-presentation-5.jpg
    Ingredients

    4 large eggs
    4 tablespoons dashi stock
    1 tablespoon sugar
    1 teaspoon mirin
    1⁄2 teaspoon soy sauce
    salt

    Directions

    Beat the eggs VERY well, being sure to get them as smooth as possible.
    Pour about 1/4 of the mixture into a well-oiled tamago pan and spread as if you are making a crepe.
    As the mixture cooks, bubbles and sets, roll it and move it to the back of the pan.
    Add more oil to the pan and some more of the mixture, making sure to get some under the roll.
    As it cooks, roll the old roll back to the front of the pan, then again to the back.
    Repeat until you are out of mixture.
    Remove roll from the pan and roll as you would a sushi roll, squeezinng out excess liquid.
    You can roll it into either a round or rectangular shape and slice it when it has cooled.
    Can be served as is, or as nigiri, atop a mound of rice wrapped in a thin sheet of nori.

      • kai

        April 21, 2015 at 4:05 pm

        ဟုတ်ပါ့..
        ကျုပ်ဆိုင်မှာအလုပ်လုပ်တုံးက.. အဲဒါလုပ်ဖို့.. လက်သုတ်ပုဝါအစိုကို.. အဲဒီလေးထောင့်ဒယ်အိုးထဲ.. ခေါက်ထည့်ပြီး.. တူနဲ့ တလွှာချင်းလိပ်ကျင့်ရတယ်..။
        တကယ်လည်းလုပ်ရော.. ကြက်ဥအပူဖတ်က.. လွင့်ပြီး..လက်ဖျံပေါ်လာလာတင်တာမို့..အပူလောင်ကွက်အပြည့်ပေါ့..။

        • ခင်ဇော်

          April 21, 2015 at 4:08 pm

          ဥ ပို့(စ) မှာ တဂျီး ဗီဒီယိုကလစ် တင်ဖူးတယ် ထင်တယ်။
          😆

        • kai

          April 21, 2015 at 4:11 pm

          ဟုတ်မှာပေါ့..
          အဲဒီအကောင်မဖြစ်သေးတဲ့..အကောင်.. ဥ.. .. တသက်မမေ့..။ :k:

  • black chaw

    April 21, 2015 at 6:54 pm

    ကြက်ဥ ပူတင်း တော့ ကြိုက် သဗျာ။

  • Mike

    April 22, 2015 at 11:36 am

    .ပူတင်းတော့ ဘာပူတင်းဖြစ်ဖြစ်ကြိုက်ပါတယ်…ငါးပူတင်း မပါ :k:

  • Ma Ei

    April 22, 2015 at 2:06 pm

    တဂျီးရဲ့ ပူတင်းနှစ်မျိုး
    ဝတ်ရည်ရဲ့ သီးစုံဂျယ်လီပူတင်း
    ကူးထားလိုက်ပြီ…
    စမ်းဦးမို့…

  • Kaung Kin Pyar

    April 22, 2015 at 3:43 pm

    စတော်ဘယ်ရီလေးတွေရှိတုန်း…နွားနို့စတော်ဘယ်ရီပူတင်း လုပ်စားရမယ်…
    အချိန်လဲ သိပ်မကြာ၊ လုပ်ရတာလဲ လွယ်လို့…စတော်ဘယ်ရီပါရင် ဆိမ့်ချဉ်လေး ဖြစ်နေတော့မှာဗြဲ…
    :mrgreen:

  • manawphyulay

    April 23, 2015 at 9:47 am

    အင်းခက်တာက မနောက မုန့်လုပ်စားတာတော့ ဝါသနာမပါဘူး။ လုပ်ပြီးရင်တော့ စားချင်မိတယ်။ မှတ်တော့ထားလိုက်ပြီ သူများကို လုပ်ပေးဖို့ နားပူမှာမို့လို့လေ :mrgreen:

  • Crystalline

    April 23, 2015 at 8:02 pm

    Egg tart အရမ်းကြိုက်… Oriental House ရှေ့ကလည်း…. စားကောင်းသား… အကြိုက်ဆုံးကတော့ ဘန်ကောက်မှာဝယ်စားတာ… :))
    ပူတင်းလေးတွေကတော့လွယ်ပြီးအရမ်းစားချင်နေတယ်…. ကယ်လိုရီတွက်နေတာ..ခုထိမလုပ်ဖြစ်သေး :mrgreenn:

  • ခင်ဇော်

    May 11, 2015 at 2:30 pm

    https://www.facebook.com/KaeKaeFoodPalace/photos/a.614181288670319.1073741828.614162782005503/648571391897975/?type=1&fref=nf
    ~~~~~~~~~~~~~~~~~~~~~

    သရက်သီးပူတင်း (Mango Pudding)

    သရက်သီးအမှည့်တွေပေါတဲ့ ဒီရာသီမှာ အချိုပွဲအတွက် သရက်သီးပူတင်းကို စမ်းသပ်ဖို ့အကြံပေးပါရစေရှင်။
    အလှူတွေ ဧည့်ခံပွဲတွေမှာလည်း သရက်သီးပူတင်းကို အချိုပွဲအဖြစ် ထည့်လို ့ရပါတယ်။ သရက်သီးအနှစ်နဲ ့လတ်လတ်ဆတ်ဆတ်လုပ်ထားလို ့ မွှေးမွှေးလေးနဲ ့ စားလို ့ကောင်းပါတယ်။
    လုပ်ရတာလည်း လွယ်ကူပြီး ကျန်းမာရေးနဲ ့ညီညွတ်ပါတယ်ရှင်။

    စားသောက်ဆိုင်တွေမှာ Mango Pudding Dessert ဆို ဈေးကြီးပါတယ်။ ကိုယ်တိုင်လုပ်စားတော့ ဈေးလည်းသက်သာတဲ့အပြင် လတ်လတ်ဆတ်ဆတ်စားရပါတယ်။

    သရက်သီးပူတင်းလုပ်နည်းလေးကို share ပါမယ်ရှင်။

    Serving: 2

    Ingredients:
    သရက်သီးအမှည့် ၁လုံး
    သကြား ၂ဇွန်း
    သံပုရာသီး ၁ စိပ် (optional)
    ကျောက်ကျောမှုန် ့ ၂ဇွန်း
    ဆား အနည်းငယ်

    Preparation Method:
    ၁) သရက်သီးအမှည့်ကို အခွံခွာပြီး အတုံးလေးတွေ တုံးထားပါ။ သရက်သီးအနှစ်ရအောင် သရက်သီးအတုံးလေးတွေ ကို Blender နဲ ့ကြိတ်ပေးပါ။
    ၂) သံပုရာရည်၊ဆားအနည်းငယ်တို ့ကို ထည့်ပြီး ရောမွှေပါ။
    ၃) သကြားကို ရေ ၄ဇွန်းဖြင့် အရင်ရေဖျော်ထားပါ။ သကြားအားလုံးအရည်ပျော်သွားမှ စစ်ပြီး ကျောက်ကျောမှုန် ့ ထည့်ပြီး မွှေပါ။ ကျောက်ကျောမှုန် ့နဲ ့သကြားရည်ကို မီးအေးအေးဖြင့် အပူပေးပြီး ၂မိနစ်ခန် ့ မွှေပေးပါ။
    ၄) ပြီးလျှင် သရက်သီးနှစ်အရောထဲသို ့ လောင်းထည့်ပြီး နောက်တခါ ထပ်မွှေပါ။
    ၅) သရက်သီးနှစ်ပျစ်ပျစ်တွေ ရလာပါမယ်။ ကြိုက်နှစ်သက်ရာ ခွက်ဖြင့်ထည့်ပြီး ရေခဲသေတ္တာထဲ အနည်းဆုံး ၅နာရီခန် ့အအေးခံပါ။

    အပေါ်မှ နို ့စိမ်း(သို ့) အုန်းနို ့ရည်ဆမ်းပြီး စားလို ့ရပါပြီရှင်။

    ကဲကဲကတော့ သရက်သီးပူတင်းကို ညနေခင်းလုပ်ပြီး တညလုံး ရေခဲသေတ္တာထဲမှာ အအေးခံပါတယ်။ နောက်တနေ ့ နေ ့လည်ထမင်းစားပြီးမှ အချိုတည်းပါတယ်။

    Credit to KaeKae’s FoodPalace

  • ခင်ဇော်

    May 11, 2015 at 2:33 pm

    ကြက်ဥပူတင်း (Caramel pudding)
    **************************
    Caramel လုပ်ရန်
    *************
    သကြား-၄ဝဂရမ်
    ရေ-စားပွဲတင်ဇွန်း၁ဇွန်း
    အိုးတလုံးထဲသကြားနဲ့ရေကိုထည့်ပြီးနီညိုရောက်ရအောင်ကျိုပြီးကြက်ဥပေါင်းလုပ်မဲ့ပန်ကန်လုံးထဲလောင်ထည့်ထားပါ။Caramelလုပ်တဲ့အခါမှာမတူးအောင်ဂရုစိုက်ပါ။

    ကြက်ဥပူတင်းလုပ်ရန်ပါဝင်သောပစ္စည်းများ
    *******************************

    ၁။ကြက်ဥ-၃လုံး
    ၂။နို့စိမ်းဗူး-တဝက်ခန့်
    ၃။နွားနို-့၁၅ဝဂရမ်
    ၄။နို့ဆီဗူး-တဝက်ခန့်
    ၅။ပျားရည်-စားပွဲတင်ဇွန်း -၁ဇွန်း
    ၆။Vanillaအရည်-လက်ဖက်ရည်ဇွန်းတဇွန်း

    ကြက်ဥ၃လုံးကိုအရင်သီးသန့်ခေါက်ထားပါ။
    ပြီးနောက်နွားနို့၊နို့ဆီနို့စိမ်း၊ပျားရည်၊Vanillaအားလုံးကိုရောပြီးblanderနဲ့၁မိနစ်ခန့်မွှေ့ပေးပါ။

    blanderမသုံးဘဲရိုးရိုးပျော်အောင်ဖျော်နိုင်ပါတယ်။ပြီးနောက်ကြက်ဥခေါက်ထားတာထည့်ပြီးရောမွှေပေးပါ။အမြှုပ်ထအောင်နာနာမမွှေရပါ။အားလုံးမွှေပြီးပါကကြက်ဥပူတင်းလုပ်မဲ့ပန်ကန်ထဲကိုစစ်တဲ့ဇကာနဲ့ခံပြီးစစ်ထည့်ပါ။

    ပန်ကန်လုံးအပေါ်ကနေAlumimium foilအုပ်ပြီးပေါင်းအိုးထဲကို၁၅/၂ဝမိနစ်ခန့်ပေါင်းပါ။Ovenနဲ့ပေါင်းပါကOvenဘမ်းအောက်မှာရေတဝက်ခန့်ထည့်ပြီးမီးအပူရှိန်၂၀၀/၁၇၅ဒီဂရီဖြင့်ပေါင်းပါ။

    ပထမ၁ဝမိကိုမီးပြင်းပြင်းပေါင်းပြီးနောက်ထပ်၅/၁ဝမိနစ်ကိုမီးအရှိန်လျှော့ပြီးပေါင်းပါ။

    ပူတင်းလေးမာပြီးခဲလာပါကမီးပိတ်ပြီးအအေးခံထားပါ။ရေခဲသေတ္တာမှာအအေးခံပြီးကြက်ဥပူတင်းအေးအေးလေးရပါပြီးရှင့်။

    Credit to Sabai Sabaydar Sofee

  • ခင်ဇော်

    May 11, 2015 at 2:35 pm

    https://www.facebook.com/hubbykitchen/posts/691866284219454

    ~~~~~~~~~~~~~~~~

    ဖုတ်မယ်ကွယ် ကြက်ဥပူတင်း
    ===================
    caramel custard pudding
    ===================
    သကြားအချိုရည်အတွက်
    —————————–
    သကြားထမင်းစားဇွန်း ၄ဇွန်း
    ရေအေး ထမင်းစားဇွန်း ၁ဇွန်း
    ရေနွေး ထမင်းစားဇွန်း ၂ဇွန်း

    ကြက်ဥပူတင်းအတွက်
    ————————–
    ကြက်ဥ ၃လုံး နွားနို့ ၂၅ဝ ml
    သကြားထမင်းစားဇွန်း ၅ဇွန်း
    ဆားနည်းနည်း
    ဗနီလာအရည်နည်းနည်း

    ပူတင်းလုပ်မယ့်ခွက်တွေကို ထောပတ်နဲ့သုတ်ထားပေးပါ။
    အဲ့ဒါမှ ပူတင်းကိုခွက်ထဲက ထုတ်တဲ့အခါ ကပ်မနေမှာ……….

    သကြားအချိုရည်လုပ်မယ်
    —————————-
    အိုးအသေးထဲကို သကြားနဲ့ရေတဇွန်းထည့်ပါ။
    မီးအေးအေးလေးနဲ့ တည်ပေးပါ။
    သကြားအရည်ပျှော်ပြီး အညိုရောင်သန်းလာရင် ရေနွေးထည့်ပါ။
    အိုးကို အသာလေးလှည့်ပေးပါ။
    ပြီးရင် ပူတင်းလုပ်မယ့် ခွက်ထဲကို လောင်းထည့်ပါ။

    ကြက်ဥပူတင်းလုပ်မယ်
    ==============
    ကြက်ဥ ကို အရင်ခေါက်ထားပါ။
    အမြုတ်ထအောင် မခေါက်ပါနဲ့။

    နွားနို့ကို အိုးထဲထည့် သကြားထည့် ဆားထည့် ဗီနီလာထည့် မီးအေးအေးနဲ့ ကြိုပါ။ သကြားအပွင့်ပျောက်ရင်ရပါပြီ။

    အအေးခဏခံထားပါ။

    ပြီးရင် ခုဏက ခေါက်ထားတဲ့ ကြက်ဥထဲကို ဖြည်းဖြည်းချင်းလောင်း ထည့်ပါ။
    မွှေပေးပါ။ အမြုတ်မထပါစေနဲ့။

    ပြီးရင် ဇကာစိတ်နဲ့ စစ်ပေးပါ။ အဲ့ဒါမှ နုညက်နေတဲ့ ပူတင်းအသားကိုရပါမယ်။

    ပူတင်းအရည်ကို ခုဏက သကြားရည်ထည့်ထားတဲ့ ပူတင်းဖုတ်မည့် ခွက်တွေထဲ ဖြည်းဖြည်းလောင်းထည့်ပါ။

    အဲ့ဒီခွက်တွေကို အပေါ်က အလူမီနီယံအရွက်နဲ့ဖုံးပေးပါ။

    အိုးတခုထဲကို ရေအနေတော်ထည့် ပြီးရင် ပူတင်းခွက်တွေကိုထည့် ပြီးရင် မီးအေးအေးလေးနဲ့ ၁၅ – ၁၈မိနစ်လောက်အထိ ပေါင်းပေးပါ။

    ပြီးရင်တော့ စားမယ့် ပုဂံထဲကိုပြောင်းပြန်လောင်းထည့်လိုက်ရင် အခုလို စားချင်စဖွယ်နဲ့ အရသာကောင်းတဲ့ ပူတင်းတခွက် ရပြီပေါ့ဗျာ။

    <<<<<>>>>>>

    Credit to အိမ်ရှင်ထီး၏ မီးဖိုချောင် – Hubby Kitchen

Leave a Reply