အရူးအတွေး (က ျူးး)

uncle gyiApril 16, 20151min21224

ကျွန်တော်တို့ငယ်တုန်းကကျူးဆိုတာအတော်မျက်နှာငယ်တာကိုး

နေစရာမရှိလို့သူများအိမ်ရှေ့ကျူးကျော်နေတယ်ဆိုတာအတော်နည်းပြီးတော်ရုံလူကလဲ

ကျူးအဖြစ်နဲ့နေတာကိုရှက်ကြတာကိုး

ဟိုးတုန်းကတော့မြေဈေးတွေကလည်းမကြီးမြေတွေကလည်းပေါဆိုတော့နေစရာမရှိသူက

ကိုယ့်အနားလာပြီးတဖက်ရပ်ကလေးလာဆွဲပြီးနေရင်ကိုစားစရာတွေပေးရတာနဲ့

အလုပ်မရှိရင်အလုပ်ရှာပေးရတာနဲ့မြန်မာရဲ့ကူညီရိုင်းပင်းမှုစိတ်တွေကချစ်စရာကိုဖြစ်နေတာ

 

အခုနောက်ပိုင်းမြေဈေးတွေတက်လာကျူးတွေကတဖြည်းဖြည်းများလာ

ကိုယ့်မြေလေးရောင်းတော့မယ်ဝယ်သူကအိမ်ရှေ့ကကျူးကိုဖယ်ပေးဆိုတော့

ကျူးကနေလာတာကြာပေါ့မဖယ်နိုင်

ဒါဆိုလည်းမြို့သစ်ဝိုင်းလေးဝယ်ပေးမယ်ဆိုလည်းမြို့သစ်မနေနိုင်

ဘယ်နေရာဝယ်ပေးဆိုပြီးပြောလာရော

မခက်လား

ချဉ်စရာမြန်မာ့စရိုက်

ဒါကကျူးသရုပ်ဖော်တကွက်

 

ဟိုနေရာကကျူးတွေ အဲဒီနေရာက ိုပြန်ရောင်းနေတယ်ဘာစာချုပ်မှမပါ

ဒါပေမဲ့ကျူးတွေဖယ်ခိုင်းရင်မြေတကွက်တော့သေချာရမှာဝယ်ထားရင်မမှားဖူး

တန်တယ်နဲ့ဝယ်လိုက်ကြတာငွေရှိသူရောမရှိသူပါ

နောက်တော့ဘာမြေကွက်မှမပေးဆိုတော့ရှိသူကနဲနဲပွန်းသွားပေမဲ့

မရှိသူကကုန်ပြီဒါကလောဘကျူး

 

ပိုင်ရှင်မရှိတဲ့အကွက်တွေဝင်သာနေဖယ်ခိုင်းတော့ပိုက်ဆံပေးမှဖယ်ပေးမယ်

ဒါကလုပ်စားကျူးတွေ

 

ဒီနေရာကျူးတဲတေ ွရှင်း နေစရာမရှိလို့ကျူးတာ နေစရာအစားပေး

သနားပါတယ်ဆိုပြီးမြို့သစ်တွေမှာမြေကွက်ရိုက်ပေး

ပြောင်းသွားပါတယ်ခဏ

နောက်တော့မြေကိုရောင်းစားပြီးနဂိုနေရာပြန်ရောက်လာတဲ့

လူလည်ကျူးတွေ

 

မြစ်ဝကျွန်းပေါ်သွားလမ်းမပေါ်မှာတညတည်းနဲ့တဲအိမ်ရာထောင်ချီ

ဆောက်ပြီးကျူးတဲ့နိုင်ငံရေးကစားကွက်ထဲကကျူးတွေ

 

အနှီးကျူးထိုကျူးအမျိုးမျိုးကျူးကျူးနေကြတာ

အရင်းစစ်အမြစ်မြေကဆိုသလို

တရားဥပဒေကိုလူတွေမလေးစားကြတာ

ဥပဒေကိုကကျူးတွေအတွက်အကာအကွယ်ပေးထားတာ

ကျူးတဲကိုဖျက်ရင်ကိုဖျက်တဲ့သူကိုကျူးကပြန်တရားစွဲရင်လျော်ကြေးပေးရမယ်

 

အချောင်သမားတွေအတွက်စားပေါက်ကြီးဖြစ်နေတဲ့

အနှီးကျူးထိုကျူးများကိုနှစ်သစ်မှာ

စံနစ်တကျထိမ်းသိ်မ်းနိုင်သောဥပဒေများထုတ်ပြန်နိုင်ပြီး

နိုင်ငံတိုးတက်ပါစေကြောင်း

ဆုတောင်းရင်း

မြန်မာတို့ရဲ့နှစ်သစ်ကိုကြိုဆိုလိုက်ပါကြောင်း

24 comments

  • naywoon ni

    April 16, 2015 at 10:58 pm

    ကိုယ်​က ကျူး ကိုယ်​့ဒူးကိုယ်​မယုံရတဲ့ ။ ကျုပ်​တို့​တော့မကျူးရဲပါဘူးဗျာ 🙂 ဗမာပြည်​အုပ​ဒေက ၂မျိုးထဲ ရှိတယ်​ဗျ ။
    ခုတစ်​မျိုး ​တော်​ကြာတစ်​မျိုးနဲ့
    မလိုတစ်​မျိုး လိုတစ်​မျိုး 🙂

  • uncle gyi

    April 16, 2015 at 11:23 pm

    အဲဒါတွေကြောင့်အဲဒါတွေဖြစ်နေတာကိုနီရေ

  • ဦးဦးပါလေရာ

    April 16, 2015 at 11:46 pm

    .ကျူးကျော်တွေနဲ့ပတ်သက်ပြီးပြောရရင်တော့ တစ်ရွာလုံးနဲစ့်တစ်ယောက် ဖြစ်တော့မှာပဲ…
    .ဖြစ်လဲ ဖြစ်ပစေ…. ကိုယ်မှန်တယ်ထင်တာတော့ ပြောကိုပြောရမယ်….
    …..
    .ဥပမာ ကျုပ်ဆီက ပစ္စည်းတစ်ခု ကို တစ်ယောက်ယောက်က ခိုးယူလုယူထားတယ် ဆိုပါတော့
    .အဲဒါ တစ်မိနစ်ကြာသည်ဖြစ်စေ နှစ်တစ်သန်းကြာသည်ဖြစ်စေ ကျုပ်ပစ္စည်းက သူ့ပစ္စည်းဖြစ်မသွားရပါဘူး….
    ….
    .အခု ဒဂုံဆိပ်ကမ်းက ကျုပ်မြေကွက်ထဲ + ကျုပ်မြေကွက်ရှေ့ ဝင်ကျူးသူတွေ နှစ်တစ်သန်းကြာလဲ သူတို့မြေ မဖြစ်ရပါဘူး..
    .သူတို့ဟာ သူခိုးပါ။
    .သူတို့ဟာ သူများပစ္စည်း သူများအခွင့်အရေးကို ကျူးလွန်လုယက်သူတွေပါ
    .သူတို့ဟာ ရာဇဝတ်မှုကျူးလွန်တဲ့ ရာဇဝတ်သားတွေပါ….
    .အဲဒါကတော့ ကျုပ်အတွက်တော့ အင်မတန်ရှင်းလင်းတဲ့ သဘောထားအမြင်ပဲ..။
    …….
    .လူတစ်ယောက်ဟာ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုတဲ့
    .အကြောင်းပြချက် တစ်ခု သို့မဟုတ်အကြောင်းပြချက်တစ်သန်းပဲ ရှိနေပစေ
    .အဲသည်အကြောင်းပြချက်ကိုကိုင်စွဲပြီး သူများအခွင့်အရေးကို ကျူးလွန်လုယက်ခွင့်မရှိစေရပါဘူး……
    .အဲဒါဟာ လူမျိုးနွယ် လူ့အသိုင်းအဝိုင်းကို တည်တံ့အောင် စောင့်ရှောက်မယ့် လူ့စည်းကမ်းပါပဲ…။
    ….
    ..လောကမှာ ဆင်းရဲသားတွေကို သနားတတ်သူတွေရှိတယ်
    .သနားရင် ကိုယ့်ပိုက်ဆံနဲ့ပေးကမ်းလှုဒါန်းကူညီသင့်တယ်
    .ကိုယ့်အိမ်ပေါ်ခေါ်ထားသင့်တယ်..
    .သူများမြေကို ကျူးကျော်တာကို (ပိုက်ဆံမပေးရတိုင်း) အလကားမတ်တင်းထောက်ခံမနေသင့်ဘူး….။
    .အဲသလိုထောက်ခံတာဟာ သူခိုးအားပေးတာတစ်မျိုးဖြစ်တယ်……

  • uncle gyi

    April 17, 2015 at 12:06 am

    ဒါပဲလေဦးဦးရဲ့
    ပိုင်ဆိုင်မှုဆိုတာအလကားမှမဟုတ်တာ
    နောက်မို့ဆိုဘယ်သူကမှကြိုးစားအားထုတ်မှုလုပ်တော့မှာမဟုတ်
    လွယ်လွယ်ရအကုန်လွယ်လွယ်လုပ်ကုန်တော့မှာပေါ့
    အခုကိုဖြစ်နေပါပြီလေ

  • ဝင့်ပြုံးမြင့်

    April 17, 2015 at 12:45 am

    .ဘရာကြော်ပါ အန်ကယ်ကြီး။ အဲဒီကျူ း တွေကို ကျမ အသေမုန်းတာ။ ကိုယ်တိုင်ခံလာရလို့။ တရားဥပဒေကိုတော့ နားမလည်ပေမယ့် သာမန်အသိအရတော့ ကျူ း တွေ မကောင်းဘူး။ ကိုယ်က စေတနာနဲ့ခေါ်ထား။ ၁ဝ နှစ် ၁ဝမိုးလောက် အိမ်လခ မပေးရဘဲ အလကားနေလာရတဲ့ အပေါ် ဘာကျေးဇူး မှ မတင်တတ်ဘဲ ပြန်လူဝါးဝကြတာ။ ဒီဥပဒေတွေက ရှုပ်တယ်။ ကန့်ကွက်စာ တင်ထားရတယ်။ မတင်ထားရင် သိပ်မလွယ်ဘူး။ အဲဒီ ဥပဒေတွေ အရင်တုန်းက ဖတ်မှတ်ခဲ့သေးတယ်။ အခု အန်ကယ်ကြီး ပြောသလောက် မရှင်းလင်းဘူး။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 17, 2015 at 1:06 am

    လယ်​လုပ်​သူ လယ်​ပိုင်​ရမယ်​ ဆိုလား
    မတရား ဥပ​ဒေ ပြဌာန်​းဖူးပါသတဲ့
    လွတ်​လပ်​​ရေးရကာစက​ပေါ့
    ဆယ်​နှစ်​အထက်​ဆိုလား ​တောက်​​လျောက်​​နေထိုင်​လုပ်​ကိုင်​
    စား​သောက်​​နေတဲ့လယ်​​မြေဆိုရင်​ လယ်​လုပ်​သူသာပိုင်​ဆိုင်​​အောင်​
    ထိုစဉ်​က ချစ်​တီး​တွေ ဆီက​ဘိရုမာ လယ်​သမား​တွေလယ်​ပြန်​ရ​အောင်​
    တဖက်​သတ်​ ​ရေးဆွဲခဲ့တဲ့ ဥပ​ဒေလို့ သိရပါတယ်​

    အချက်​အလက်​မှားရင်​ပြင်​​ပေးကြပါ

    ​နောက်​ပိုင်​း သည်​ဥပ​ဒေကို အဆိုးယ အစဉ်​အဆက်​ မပြင်​ကြ​လေ​တော့
    မြို့​နေ ဘိရုမာတ​ယောက်​ နယ်​ဘက်​မယ်​ခြံဝယ်​ ပိုင်​ရှင်​​ဟောင်​း​တောင်​သူကို
    လက်​လ်ျွြွှှြဲ မ​ရောင်​းမချင်​း ဆက်​လက်​​နေထိုင်​စားခွင်​့​ပေးထား
    မြို့သားက တနှစ်​တခါ​လောက်​ပဲလာကြည်​့နိုင်​
    ဂလိုနဲ့ ဆယ်​့​လေးငါးနှစ်​ကြာလာ ​ဈေး​တွေတက်​လို့​ရောင်​းမယ်​ဆို​တော့
    ချစ်​တီးဥပ​ဒေ နားလည်​​နေတဲ့ ​တောသားက ​ကျေးဇူးကန်​းပြီးလူပါး​တွေဝ ​လေသံ​တွေမာ
    ​အော်​ ဘိရုမာအချင်​းချင်​း

    ကျုပ်​တို့ဆီမယ်​ ဂလို ​ခြောက်​တလွဲဥပ​ဒေ​တွေ တပုံကြီးပြင်​ဖို့ကျန်​​သေးတာရယ်​
    ဒါ​တောင်​ကျူးမဟုတ်​​သေး ကျူးက​တော့ ဆိုဖွယ်​ရာမရှိပြီ

    တကယ်​​တော့ ဆင်​းရဲတယ်​ဆိုတာ စည်​းကမ်​းဥပ​ဒေ ချိုး​ဖောက်​ဖို့ လိုင်​စင်​ရထားတာမဟုတ်​

    ​တော်​​သေးပြီ

  • မြစပဲရိုး

    April 17, 2015 at 2:59 am

    အန်ကယ်ကြီး ရယ်
    စားစရာမရှိတဲ့ ဆင်းရဲသား ကျူး တွေ အတွက် စံနမူနာ ယူစရာ ထိပ်ခေါင် ကျူး များ ရှိနေတာ မို့
    သူတို့ကို အရင် ဥပဒေ နဲ့ တို့ လိုက်ဖို့ ပို ပြီး မသင့်ပေဘူးလား။
    ဒီလို နိုင်ငံမျက်နှာဖုံး ကျူး တွေ ကိုတော့ ဘယ်သူမှ အပြစ်မပြောရဲ ၊ ဖယ်ခိုင်း ဖို့ မထောက်ပြရဲဘူး။
    ခေါင် အရင်လုံ မှ အောက်ခြေ ကို ထိပါလေ။

    • kai

      April 17, 2015 at 3:59 am

      ဥပဒေကြောင်းအရ..ဆိုတာကို.. သဘောပေါက်ရင်…။
      ကိုယ့်ကိုတက်အုပ်ချုပ်နေတဲ့အစိုးရဆိုတာကို.. ကိုယ်ကဘာမှ”ဥပဒေကြောင်း”အရ.. ထိပ်တိုက်ရင်ဆိုင်ထားတာမရှိရင်.. သဘောတူမျှတယ်လို့..သတ်မှတ်တဲ့ဖက်ရောက်သွားမှာလို့ထင်တယ်..။
      ဒီလိုနေရာမျိုးမယ်.. ကိုယ်ပိုင်စိတ်ခံစားမှုကို.. လစ်လျှူရှုရပါတယ်…။

      သဘောက.. ၂၀၀၈ မှာ.. နာဂစ်ထဲ..အခြေခံဥပဒေအတင်းအတည်ပြုတာကို.. လူထုက… နာဂစ်ကြီးရဲ့အရိပ်ထိုးနေတာနဲ့.. စိတ်တွေဝေဝါးနေပြီး… မဲမပေးပဲနေလိုက်တာ….

      … ၂၀၁ဝမှာ.. အားလုံးပါနိုင်တဲ့ရွေးကောက်ပွဲလုပ်တာကို.. ဒီချုပ်ကရွေးကောက်ပွဲမဝင်ပဲ..သပိတ်မှောက်တဲ့အမှားကြောင့်..အခုထိ..လုံးလည်လိုက်အောင်.. ပြန်ဖြည့်(ပြန်ဖြည့်) နေရတာလို့ပဲ.. ပြောချင်..။
      အင်း..
      ….ခြင်္သေ့ကြီး.. ဦးဝင်းတင်မှားချက်ကယ်… နာ…လို့..။

  • kai

    April 17, 2015 at 3:33 am

    ယူအက်စ်မှာလည်း.. ကျူးတယောက်က.. နေရာတနေရာ..အိမ်တအိမ်မှာ.. ၅နှစ်ထက်ပိုနေနိုင်(နိုင်)နေရင်.. နှင်လို့မရတော့ပဲ.. သူ့ပိုင်ဆိုင်မှုအဖြစ်သတ်မှတ်ရတယ်ဆိုတဲ့… ဥပဒေရှိတယ်မှတ်မိတယ်..( ပိုသိသူများထောက်ပြပါ)

    ကျူးလာရင်.. ပိုင်ရှင်ကအားမနာပဲ.. ချက်ချင်းနှင်ရမယ်လို့… ထင်..။
    ဆိုတော့..
    အဲဒီ”အားနာပါတယ်”…ဆိုတဲ့ ဗမာတွေစိတ်ထဲက”ကျူး”ကို.. အရင်ရှင်းကြ..။

    • kai

      April 17, 2015 at 3:46 am

      တွေ့ပြီဗျ…
      ပြည်နယ်တခုနဲ့တခု.. နှစ်မတူပေမယ့်.. အများအားဖြင့် ၅နှစ်ပဲ..။ အောက်မှာ Bold လုပ်ပြထားတဲ့..နယူးယောက်မှာတော့.. ၁ဝနှစ်ဆက်တိုက်…တဲ့.။
      ဒေါ်နယ်က.. အပါ့မန့်ပိုင်တယ်..။
      မဒွေါနက.. အဲဒီအပါ့မန့်ကို.. ၁၉၉ဝကနေ ၂၀၀၃အထိ ဒေါနယ်ကိုအသိမပေးပဲဝင်နေနေတာကို.. ဒေါနယ်သိတော့..တရားရုံးကို ဦးတိုက်လျှောက်ပြီးဖယ်ခိုင်းတယ်..။
      တရားရုံးက.. ဒေါနယ်လျှောက်ထားတာကိုပယ်ချပြီး.. မဒွေါနကို..အဲဒီသူနေတဲ့နေရာပိုင်ဆိုင်ခွင့်ပေးလိုက်တယ်..။
      အဲလို..။

      ==========
      Statutes of Limitations

      The rule of adverse possession is merely a corollary to the general concept of the statute of limitations. Statutes of limitations are laws enacted in all 50 states and under the federal system that limit the amount of time that a party has to bring a claim. For example, in many jurisdictions, tort actions that are based on negligence must be brought within 3 years from the date of the accrual of the cause of action (this is the date on which the event which is the basis for the lawsuit occurred). Actions that are brought after their periods of limitations have run must be dismissed by the court, no matter how meritorious their claims may be.

      The doctrine of adverse possession works in a similar manner. Each jurisdiction decides how long a property owner has, after a wrongful possessor enters his or her property, to bring an action to evict the wrongful possessor. (Periods of adverse possession usually range from 5 to 21 years, depending on the jurisdiction.) If a wrongful possessor enters a property, and the true owner fails to take legal action against the wrongful possessor within the prescribed period of time, then the possessor actually gains title to the property. Once this happens, the possessor, though he or she had no legal right to enter the property, gains full and exclusive possession and ownership of the property in fee simple absolute. The original “true” owner’s right to the property is permanently extinguished. For example:

      New York has a statute of limitations period of 10 years for real property ownership disputes. Donald owns an apartment in a Park Avenue condominium in New York City. In 1990, Madonna moves into the apartment without permission and she lives there continuously until 2003. Donald, who owns many other residences, does not find out about Madonna’s moving into his apartment until 2003. When he finally does find out about this, he immediately brings an ejectment action against Madonna. The court will dismiss Donald’s action. Madonna is now the owner of the apartment. Donald lost all his rights to the apartment by allowing the Statute of Limitations to run out before he filed the ejectment action against Madonna.
      http://nationalparalegal.edu/public_documents/courseware_asp_files/realProperty/Acquisition/AcquisitionbyAdversePossession.asp

  • kotun winlatt

    April 17, 2015 at 5:17 am

    စိတ်ဓာတ်တွေ မပြင်ကြသရွေ့ ဝေးနေဦးမည် ဝေးနေဦးမည်

  • ခင်ဇော်

    April 17, 2015 at 11:28 am

    ဆိုတော့ ကာ…..

    ဘူဒိုဇာ လာရတော့မားငင်??

    :a:

  • lu lu

    April 17, 2015 at 8:43 pm

    အိမ်ငှားဘွကနေ ငှားထားတဲ့အိမ်ကို သူ ့အိမ်ပါဆိုပြီးး
    အိမ်ရှင်က ခေါင်းနဲ ့ဆင်းပေးရတဲ့ဖြစ်ရပ်တွေ နေရာတိုင်းမှာ မရိုးရအောင် ကြားနေရတာ စိတ်ဓာတ်တွေက အောက်တန်းကျလွန်း
    လို ့ပါ
    တကယ့်တော့ ကိုယ့်နိုင်ငံမှာ ကိုယ်ကိုယ်တိုင်က ကျူးးး ဖြစ်နေရတာ
    ဘယ်သူ ့ကိုအပြစ်ပြောရမလဲ တို ့နိုင်ငံမှာ မြေလွတ်မြေရိုင်းတွေက
    တယုတ် နဲ ့ကုလားး တွေနေဖို ့အတွက်လားးး

  • uncle gyi

    April 17, 2015 at 10:30 pm

    မပြုံးရေကွ ျန်တော်လည်းပေးနေပြီးအဲလိုခံရလို့အတော်အလုပ်ရှုပ်ခဲ့သေးတာ
    အကောင်းဆုံးကအခမဲ့အခွင့်ဖြင့်ပေးနေခြင်းစာချုပ်ချုပ်ထားတာအကောင်းဆုံးပါ

    တကယ်​​တော့ ဆင်​းရဲတယ်​ဆိုတာ စည်​းကမ်​းဥပ​ဒေ ချိုး​ဖောက်​ဖို့ လိုင်​စင်​ရထားတာမဟုတ်​
    မည်သို့ပင်ဆိုစေကာမူလိုင်စင်ရထားသကဲ့သို့
    ဆိုရမလိုဖြစ်နေတာခက်ပါတယ်
    လစ်​ဘရယ်​

    စားစရာမရှိတဲ့ ဆင်းရဲသား ကျူး တွေ အတွက် စံနမူနာ ယူစရာ ထိပ်ခေါင် ကျူး များ ရှိနေတာ မို
    အရီးရေ သူတို့ကက ျူ းစာရင်းမဝင်ပါ
    အဟုတ်ပြောတာ
    အာဏာနဲ့တရားဝင်အောင်လုပ်ယူကြသူတွေပါ
    က ျူ းအဆင့်ကေ ျာ်သွားပြီ

    ဥပဒေကြောင်းအရ..ဆိုတာကို.. သဘောပေါက်ရင်
    သူကြီးရေအဲဒီဥပဒေကလည်းကိုနီပြောတဲ့ ၂ မ ျိုးထဲဆိုတာကခက်တယ်ထင်ပါရဲ့

    အဲဒီ”အားနာပါတယ်”…ဆိုတဲ့ ဗမာတွေစိတ်ထဲက”ကျူး”ကို.. အရင်ရှင်းကြ.
    ဟုတ်တယ် က ျူ းရောက်တယ်ဆိုသက်ဆိုင်ရာတခါတည်းတိုင်
    ဒါပေမဲ့သက်ဆိုင်ရာဆိုတာကပြည်သူအတော်များများဘယ်တိုင်ရမယ်မသိတာခက်တယ်သူကြီး
    တကယ်ဆိုရပ်ကွက်ရုံးနဲ့စည်ပင်မှာတာဝန်အရှိဆုံး
    ရပ်ကွက်ရုံးဆိုတာကိုယ့်ရပ်ကွက်ထဲဘာဖြစ်နေလဲအသိဆုံး
    စည်ပင်ဆိုတာကိုယ့်အိမ်ရှေ့သဲပုံတပုံ ပုံရင်ကိုရောက်လာတာ
    ကျူး ရောက်တော့မသိသလိုနေတာ
    တာဝန်ယူမှုတွေလိုနေတာပါဗျာ

    ဘယ်သူ ့ကိုအပြစ်ပြောရမလဲ တို ့နိုင်ငံမှာ မြေလွတ်မြေရိုင်းတွေက
    တယုတ် နဲ ့ကုလားး တွေနေဖို ့အတွက်လားးး
    လုလုရေမြေလွတ်မြေရိုင်းတွေကလူလည်တွေနဲ့လူကြီးတွေအတွက်ပါကွယ်
    သစ်တောမြေသတ်မှတ်ထားတာသိတယ်
    တရားမဝင်ခပ်တည်တည်ဝင်ပြီးယာလုပ်တယ်ဘယ်သူမှတာဝန်ယူပြီးမရှင်းဖူး
    တလောကတင်ပိုင်ဆိုင်မှုတွေပေးလိုက်ပြီ
    အဲဒီနောက်ကွယ်ဘာတွေရှိသလဲ
    ဖြစ်သင့်သလား

  • ခု ပြောကြတယ်… ဘယ်ဘက်မှာတော့ ဘယ်နှစ်ပေ ဘယ်နှစ်ပေကို အိမ်အပါ ဆယ်သိန်းပဲ ရှိတယ်.. ရှစ်သိန်းပဲ​ ရှိတယ်နဲ့… မဝယ်ဘူးလို့​ ပြောလိုက်တယ်… တော်ကြာ ကိုယ်ပါ ကျူးဖြစ်နေဦးမယ်…

    ကောသလအိပ်မက်ကယ်… မှန်ချက်.. 🙂

  • padonmar

    April 18, 2015 at 9:58 pm

    အဲသလို ကျူး မြေကို ဝယ်လို့ ဆုံးတဲ့သူကလည်းဆုံး၊ပွပေါက်တိုးတဲ့သူကလည်း တိုး ဆိုတော့..
    .နိုးဝမ်း အဘ သည်လော ပါ လို့။

    • မြစပဲရိုး

      April 18, 2015 at 10:04 pm

      အခုတောင် ကြားခဲ့သေး မေမြို့ ဘက် မှာ တောင် တစ်ခု လုံး ကို ဝယ်ထားတယ် ဆိုလား။
      ဂရန်မရှိ ဘာမရှိ၊ ရွာက လူ တွေ က သဘောတူပြီး ရောင်းတာတဲ့။ ရွှေပြည်ထဲ လောဘသားကောင် တွေ ကလဲ အများသား။ 🙄

  • uncle gyi

    April 18, 2015 at 10:35 pm

    ဘာမှမတွေးဒီနေရာဟော့နေပြီဆိုပြီးဘာပိုင်ဆိုင်မှုမှမရှိ
    ရပ်ကွက်လူကြီးလက်မှတ်ထိုးရှိတယ်ဆိုခို်င်လှပြီ
    ဝယ်ထားကြဆိုတဲ့သူတွေအတော်များများ
    ချမ်းသာကုန်တာကြည့်ပြီး
    ဥပဒေနားလည်ခဲ့တဲ့ကိုုယ်တွေ
    အရူးဖြစ်ရော
    အဘ သည် လောကဒီခေတ်မှာမှန်ကန်တဲ့လောပဲပြောရမယ်padomar ရေ

    အဲဒီတောင်ဝယ်သူကမရူးပဲကိုယ်ကပဲရူးနေတာပါအရီးရေ
    အချိန်တန်တော့သူ့လက်ထဲစာရွက်စာတမ်းတွေရောက်လာရော

  • Ma Ma

    April 19, 2015 at 4:21 pm

    လူလည်ကျူးတွေရဲ့ အသံကိုလည်း နားထောင်ကြည့်အုံးလေ။
    နိုင်ငံသားတစ်ယောက်ဟာ နိုင်ငံအတွင်းမှာ နေထိုင်ခွင့်ရှိတယ်။
    သူတို့မရှိလို့ မဝယ်နိုင်ပေမယ့် နေသူမရှိ လွတ်နေတဲ့မြေမှာ နေခွင့်ရှိတယ်တဲ့။ 🙁

    အန်ကယ်ကြီးပြောတဲ့ မြစ်ဝကျွန်းပေါ်သွားတဲ့လမ်းမှာ နေ့ချင်းညချင်းကျူးတဲတွေ ပေါ်လာတဲ့ကိစ္စမှာ ကျူးအချင်းချင်း တုတ်တပျက် ဓားတပျက်ဖြစ်သွားတာတွေတောင်ပါသေးးး :a:

  • uncle gyi

    April 19, 2015 at 10:27 pm

    ပြောမယ်ဆိုအစိုရရဲ့ပေါ်လစီကအဓိကအရေးပါပါတယ်မမရေ
    သူသာမှန်နေမယ်ဆိုဒါတွေဒီလိုဖြစ်စရာမရှိ

  • Alinn Z

    April 20, 2015 at 5:38 pm

    မင်္ဂလာဒုံကနေ ထောက်ကြန့်ကြား မိုင်ပေါင်းများစွာ အကျယ် မြေကွက်ကြီး
    ခြံစည်းရိုးခတ်ပြီး ပုဒ်မ ၁၄၄ ထုတ်ထားတယ်
    ကျူးကျော်ရင် သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးမယ်လို့တောင် နံရံမှာ ရေးကပ်ထားတယ်
    သတိ္တိကောင်းတဲ့ ကျူးတွေ အဲ့နား စုပြီး သွေးတိုး စမ်းကြည့်ကြရင်
    ဘာဖြစ်လာလေမလဲ
    နှစ်ပေါင်းများစွာ
    ခြုံနွယ်ပိတ်ပေါင်း တောနက်ကြီးဖြစ်နေတဲ့ အဲ့မြေနေရာ ကျယ်ကြီးကို
    ပိုင်တာ ဗမာတွေပဲဆိုတော့
    အလှူအတန်း ရက်ရောမှာပါ

    ပလို့ဂျိ
    :buu:

    • kai

      April 21, 2015 at 4:31 am

      ဒီအစိုးရ.. လုပ်သင့်တာကို.. မလုပ်တတ်လုပ်တတ်လုပ်တာနဲ့.. ပြသနာတွေဖြစ်ကုန်တာလို့…ထင်တယ်..။
      ဖယ်ဒရယ်စနစ်မှာ.. ဖယ်ဒရယ်အစိုးရက..တိုင်းပြည်ရဲ့..ပြည်နယ်တွေရဲ့.. အချက်အချာနေရာတွေကို ပိုင်ဆိုင်ထားရတယ်..။
      ဒါမှ.. ပြည်နယ်တွေကခွဲထွက်ခွင့်ရှိပေမယ့်(ရှိပေမယ့်) ခွဲထွက်လို့မရပဲဖြစ်နေတာပါ..။

      ဒီလိုဖြစ်ဖို့.. အစိုးရက.. အရေးကြီးတဲ့မြေတွေ.. လမ်းတွေကို..ဖယ်ဒရယ်ပိုင်အဖြစ်သိမ်းထားရသဗျ..။
      အဲလိုလုပ်ထားလို့.. အမေရိကမှာ.. ပြည်နယ်တွေခွဲထွက်မယ်လုပ်တိုင်း.. ဖယ်ဒရယ်အစိုးရက.. ဟေ့..ခွဲထွက်လိုက်စမ်းပါလို့.. ပြောရဲတာပေါ့..။
      ဒီမိုကရေစီစနစ်လိုပဲ..။ လွတ်လပ်တယ်ဆိုပြီး.. လုပ်ချင်တာလုပ်ကြည့်စမ်းပါ..။
      လူတိုင်းသေနတ်ကိုင်ခွင့်..ပစ်ခွင့်ရှိတယ်ဆိုထားပေမယ့်.. ပစ်ကြည့်စမ်းပါ..။
      အဲလို..

      ဒီလောက်ပဲ..။ အခုတော့..ဒီလောက်ပဲ..။ :k:

    • kai

      April 21, 2015 at 6:46 am

      ယခုနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀ဝ နှင့် အိမ်ရာစီမံကိန်း ဖော်ဆောင်ရန် ကျပ်သန်း ၂၀၀၀ဝ ပြည်ထောင်စုအစိုးရ၏ ထောက်ပံ့ငွေ ရရှိ

      ယခု ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လယ်ယာမဲ့များအတွက် လယ်ယာမြေဖော်ထုတ်ရန် ကျပ်သန်း ၅၀ဝ နှင့် အိမ်ရာစီမံကိန်းများ အကောင်အထည်ဖော်ရန် ကျပ်သန်း ၂၀၀၀ဝ အား ပြည်ထောင်စုအစိုးရအဖွဲ့၏ ထောက်ပံ့ငွေ ရရှိခဲ့ကြောင်း ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် ရန်ကုန်တိုင်းဒေသကြီး၏ ဘဏ္ဍာငွေရသုံး စာရင်းအရ သိရသည်။

  • Mike

    April 22, 2015 at 3:29 pm

    .ကျူ း ဆို ဘာကျူ းမှမကောင်းဘူးဗျာ..ဦးပါပြောသလိုပဲ
    .အုပဒေစိုးမိုးမှုမရှိတာပြသနာပါ

Leave a Reply