ရှမ်းပြည်မှလူထုခေါင်းဆောင်ဦးရွှေအုံးကွယ်လွန်

maungmoenyoAugust 21, 20101min835

ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ နာယက တဦးဖြစ်သူ ဝါရင့် ရှမ်းနိုင်ငံရေး ခေါင်းဆောင် ဦးရွှေအုံး (၈၉ နှစ်) သည် ယမန်နေ့ ညနေ ၆ နာရီခွဲတွင် အသည်းရောဂါဖြင့် နေအိမ်၌ပင် ကွယ်လွန် သွားကြောင်း သိရှိရသည်။

ဦးလေးအုံးအိမ်ကိုမကြာခနလာလည်တိုင်းဟာသတွေနှောပြီးအာဏာရဦးနေဝင်းအစိုးရကိုပြက်လုံထုတ်တာတွေအမှတ်ရမိပါတယ်။ မှတ်မှတ်၇ရတခုကတော့…”မြန်မာပြည်ဒီမိုကရေစီရဘို့ ဒီလောက်တော့စောင့်ရအုံးမယ်”ဆိုပြီးလက်ညှိုးတချောင်းထောင်ပြပါတယ်။ ကျွန်တောိတို့က”တနှစ်လား”လို့မေးတော့ခေါင်းခါပြပါတယ်။ ဒါနဲ့..”ကဲ၊ ဒါဆိူဆယ်နှစ်လား” ဆိုတော့ခေါင်းခါပြပြန်ပါတယ်။ ဒါနဲ့ဘယ်လောက်စောင့်ရမလဲမေးတော့…”တစ်သက်” ဆိုတော့ကျွန်တော်တို့အားလံဝါးလုံးကွဲးကွဲရီကြတာအမှတ်ရမိပါတယ်။
ဦးလေးအုံးသူမမြင်လိုက်ရတဲ့ မြန်မာဒီမိုကရေစီ၇ရှိရေးလမ်းစ..ကျွန်တော်တို့လိုသူ့မြေးအရွယ်တွေကတောင်မြင်ခွင့်ရပါ့အုံးမလားလို့…..ဦးလေးအုံးကောင်းရာသုဂတိလားပါစေ…။

5 comments

  • fatty

    August 22, 2010 at 3:26 am

    မိသားစုနဲ့ ထပ်တူ ဝမ်းနည်း ရပါကြောင်း ။

  • မန်း ရိပ်

    August 22, 2010 at 3:43 am

    ဝမ်းနည်းတယ်ဗျာ
    တကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်

  • Yin Nyine Nway

    August 22, 2010 at 6:46 am

    ထပ်တူထပ်မျှပါ

  • လင်းဝေကျော်

    August 23, 2010 at 4:03 am

    ဝမ်းနည်းမိပါကြောင်း
    မြန်မာပြည်မှာ သက်တော်ရှည် လူကြီးလူကောင်းများစွာလိုအပ်ပါကြောင်း

Leave a Reply