၁၃၇ရ မြန်မာနှစ်ဆန်း ၁ရက် လက်ဆောင်-(Dr.ဒေါ်ခင်နွယ်ဝင်း၏ ဟောပြောချက် မှ နနွင်းအစွမ်းအံမခန်း)

padonmarApril 17, 20151min53121

Dr.ဒေါ်ခင်နွယ်ဝင်း၏ ဟောပြောချက် မှ နနွင်းအစွမ်းအံမခန်း
(Tumeric) နနွင်းသည် ချင်းမျိုးနွယ်တွင် ပါပါသည်။ နနွင်းထဲရှိ ဆေးဖက်ဝင်သောပစ္စည်းမှာ နနွင်းကို အဝါရောင် ဖြစ်စေသည့် Curcumin ဓာတ်ဖြစ်ပါသည်။
နနွင်း၏အစွမ်းများမှာ
(၁) ငှက်ဖျားပိုးသေစေသည်။ Anti-malaria effect
(၂) ဘက်တီးရီးယားပိုးသေစေသည်။ Anti-bacteria
(၃) ဗိုင်းရပ်(စ) ပိုးသေစေသည်။ Anti-viral
(၄) ပိုးမပွားအောင်ကာကွယ်ပေးသည်။ Antiseptic
(၅) ကင်ဆာဖြစ်စေသော ဓာတ်တိုးမှု ကာကွယ်သည်။ Anti-oxidant
(၆) ခန္ဓာကိုယ်ယောင်ရမ်းမှု ကျစေသည်။ Anti-inflammatory
(၇) ဦးနှောက်နှင့်အာရုံကြောကို ကာကွယ်သည်။ Neuro-protective
(၈) သွေးတွင်းကိုလက်စရောကို ကျစေသည်။ Anti-cholesterol
(၉) ဆီးချိုသွေးချိုကျစေသည်။ Anti-diabetic
(၁၀) သွေးကြောကျဉ်းရောဂါ(Atherosclerosis)ကို ကာကွယ်သည်။
သွေးကြောထဲသို့ 10,000 mg ထိ ထိုးကြည့်သော်လည်း ဘေးထွက်ဆိုးကျိုးမရှိသည်ကို တွေ့ရပါသည်။
နနွင်းအာနိသင် ပိုမိုရနိုင်ရန်သောက်နည်း
– ဟင်းချက်သည့်ထဲပါနေသော်လည်း ပမာဏနည်းနည်းကို တအိမ်လုံး ဝိုင်းစားသကဲ့သို့ ဖြစ်သောကြောင့် ဟင်းထဲပါရုံ ဖြင့် မလုံလောက်ပါ။
– အမှုန့်အတိုင်း ပါးစပ်ထဲထည့်လျှင် လေလွင့်၍ မွှန်ပြီး နှာချေနိုင်ပါသည်။
– ပျားရည်နှင့်လုံး၍ နေပူလှန်းခြင်းသည် အူထဲမှ အလွယ် တကူ မစုပ်ယူနိုင်ပါ။
– သောက်ရမည့်အချိန်မှာ အစာစားပြီးဖြစ်ပါသည်။ အစာမရှိလျှင် အချိုဓာတ်ကျသောကြောင့် မူးနိုင်ပါသည်။
– နနွင်းသည် ရေတွင်မပျော်ဝင်ပဲ ဆီနှင့်သာပျော်သောကြောင့် သံလွင်ဆီ ၊ နှမ်းဆီ စသည်တို့နှင့်ဖျော်သောက်ရပါမည်။ ဆီနှင့်ဖျော်သောက်လျှင် ရေနှင့်သောက်သည်ထက် ၁၁ ဆ ပိုပြီးသွေးထဲသို့ စုပ်ယူနိုင်စွမ်း ပိုပါသည်။ ထို့ပြင် ဦးနှောက်ထဲသို့ ပိုရောက်လွယ်သဖြင့် ဦးနှောက် ၊ အာရုံကြောယောင်ခြင်းများ သက်သာစေပါသည်။
-တနေလျှင် သံလွင်ဆီ လက်ဖက်ရည်ဇွန်း၁ဇွန်း ထဲ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံကို ထည့်ဖျော်ပြီး သောက်နိုင်ပါသည်။

ထို့ကြောင့် အစာစားပြီးမှ နနွင်းမှုန့်ကို သံလွင်ဆီနှင့် ဖျော်သောက်ခြင်းမှာ အကောင်းဆုံးဖြစ်ပါသည်။

21 comments

  • ကထူးဆန်း

    April 17, 2015 at 9:24 am

    သူကြီး အန်တီ ဒုံ နှင့် ရွာသူား မ ျား အားလုံး ပေ ျာ်ရွှင် ခ ျမ်းမြေ့ ဖွယ် နှစ်သစ်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ် ။
    တစ်နေ့ ဘယ် အရွယ် လောက် သောက်သင့်တယ် ဆိုတာလေး လဲ သိခ ျင်ပါတယ် တီဒုံ။

  • ခင်ဇော်

    April 17, 2015 at 9:46 am

    သများကတော့ ပျားရည်နဲ့ လုံးထားတာပဲ သောက်ဖူးတယ် အာတီဒုံ။
    သံလွင်ဆီ ဝယ်ပြီး စမ်းသောက်ကြည့်မှပဲ။

    ပျော်စရာနှစ်သစ်ဖြစ်ပါစေ။

    :chit:

  • padonmar

    April 17, 2015 at 9:49 am

    နှစ်သစ်မှာ ပထမဆုံးမန့်သူက ကထူးဆန်း ဆိုတော့ အတောင်ဆိတ် အတိတ်ဆောင် နိမိတ်ကောက်ရရင် ဒီနှစ်တော့ ထူးဆန်းမယ့်နှစ်ပဲ။(နောက်တာနော်.။ကျမတကယ် အတိတ်နိမိတ်ကောက်တယ် မမှတ်ကြနဲ့)
    -တနေ့သောက်ဖို့ကတော့ သံလွင်ဆီ လက်ဖက်ရည်ဇွန်း၁ဇွန်း ထဲ နနွင်းမှုန့် လက်ဖက်ရည်ဇွန်း ၄ပုံ၁ပုံကို ထည့်ဖျော်ပြီး သောက်နိုင်ပါတယ်။(သက်ရှည်ကျန်းမာလိုလျှှင် မြန်မာ့လူနေမှုဘဝကိုပြင် ဆိုတဲ့ ဒေါ်ခင်နွယ်ဝင်း ပထမဆုံး ဟောပြောချက်မှာတုံးက အတိုင်းအဆ ထည့်ပေးပြီးသားမို့ ထပ်မရေးမိတာပါ။ အခုမှ ဖတ်မိတဲ့သူအတွက်တော့ လိုမယ်ဆိုတာ မေ့သွားတယ်။ကျေးဇူးပါ ကထူးဆန်းရေ)

  • padonmar

    April 17, 2015 at 10:22 am

    ကေဇီရေ
    ပျားရည်နှင့်လုံး၍ နေပူလှန်းခြင်းသည် အူမှ အလွယ် တကူ မစုပ်ယူနိုင်ပါ။(သောက်ဖို့လွယ်ပေမယ့် အဲဒီ မာမာလုံးကြီးကို အူက မြန်မြန်မစုပ်ယူနိုင်ဘူးတဲ့)

  • ဦးကြောင်ကြီး

    April 17, 2015 at 10:22 am

    အာတီဒုံဂျီး အနော့်ဂို မုံးတွားဗီယား..

  • ဝင့်ပြုံးမြင့်

    April 17, 2015 at 10:26 am

    .ခက်တာက နနွင်းအစစ်ရဖို့ သိပ်မလွယ်ဘူးလေ။

    • naywoon ni

      April 17, 2015 at 1:05 pm

      နနွင်​းစစ်​စစ်​လိုချင်​​ပြောပါဗျာ ။ ကျ​နော်​စိုက်​ထားတဲ့ နနွင်​းတက်​​တွေ​ဖော်​ပြီး ပို့လိုက်​ပါ့မယ်​ ။ ​ကျော်​့ နနွင်​းက အနီဗျ ။ ရဲ​တောက်​​နေတာပဲ ။ :)ပြီးခဲ့တဲ့ နှစ်​က တစ်​ပိဿာခွဲ​လောက်​ရတာ နနွင်​းမှိုင်​းရှုချင်​တဲ့သူ​တွေ ခြင်​မီးလုပ်​ချင်​တဲ့သူ​တွေ လာယူသွားတာ ​ပေးလိုက်​ရတယ်​ 🙂

  • padonmar

    April 17, 2015 at 12:13 pm

    အခု နနွင်းဈေး သိပ်မကြီးတော့ ဆန်မှုန့်မရောကြတော့ပါဘူး။
    အော်ဂဲနစ်တောင် ရနိုင်ပါတယ်ပြုံးရဲ့။
    ဆန်မှုန့်ရောတော့လည်း ဥပါဒ်မပေးပါဘူး။

  • kai

    April 17, 2015 at 12:42 pm

    အဲဒါကြောင့် ဆိုင်တွေမှာတွေ့တွေ့နေတာ….။
    လူကြုံထည့်ပေးမှနဲ့တူတယ်..။
    Nature Made Turmeric Herbal Supplement Capsules
    60.0 ea, $11.99

    Description

    Herbal Supplement

    New
    #1 Pharmacist Recommended^^

    No Artificial Colors | No Artificial Flavors | No Preservatives | No Yeast, Starch or Gluten

    Provides Antioxidant Benefits*

    Turmeric (Curcuma longa) is an ancient Indian spice that is becoming a popular herbal supplement due to its antioxidant benefits. Turmeric contains the active Curcumin which is a potent antioxidant and is responsible for its vibrant yellow color. Nature Made Turmeric contains the antioxidant power of Curcumin to help neutralize harmful free radicals.*

    Turmeric capsules are made to Nature Made’s purity and potency standards.

    1-800-276-2878

    ^Valid only for U.S. and Puerto Rico residents.

    ^^#1 Brand of Herbal Supplements based on 2010 Pharmacy Times survey.

    *These statements have not been evaluated by the Food and Drug Administration. This product is not intended to diagnose, treat, cure or prevent any disease.

    Take one capsule daily, with a meal. Keep bottle tightly closed. Store in a cool, dry place.

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    April 17, 2015 at 1:15 pm

    ထိခိုက်ပွန်းပဲ့ရင် ဆနွင်းသိပ်လိုက်တယ်…။
    ဒီမှာခြေစွယ်ငုပ်တော့ ဘာဆေးပြောဝယ်ရမယ်မသိလို့..
    ရောင်ပြီး ပြည်လိုက်ချင်နေတဲ့ ခြေမကို ဆနွင်းအုပ်လိုက်တာနဲ့..
    နဂိုအတိုင်း ပြန်ကောင်းသွားတယ်။ စကားမစပ်.. ဒီကနေပဲ.. ရွာသူားများအားလုံးကို
    မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော
    မြန်မာနှစ်ဆန်းတစ်ရက်၊ နှစ်သစ်မင်္ဂလာအချိန်တွင်
    ကိုယ်၊ စိတ်၊ နှလုံး သုံးပါးလုံးသည်
    အတာ ရေလိုအေး
    ပိတောက်ကဲ့သို ့မွှေး၍
    ကောင်းကျိုးမင်္ဂလာအပေါင်းနှင့်
    ပြည့်စုံပါစေကြောင်း
    နှစ်သစ်ဆုမွန်ကောင်းများ ပို ့သအပ်ပါသည်။
    အောင်မြင်တိုးတက်သော၊ ကျက်သရေမင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ။

    • padonmar

      April 18, 2015 at 7:02 pm

      မျက်စိလည်ပြီ၊ဒါလေးက ဘူလေးလဲ.စိန်ပလိန်တိန်ရေ။

  • ဦးကျောက်ခဲ

    April 17, 2015 at 1:16 pm

    မီးနေသည် မိနှင်းနှင်းကတော့ တစ်နေ့တနေ့ နနွင်းလုံးတွေချည်းမြိုနေရတာ ပူသတဲ့…
    ဒီမှာရာသီဥတုက ၁၇C လောက်ပဲရှိလို့ ဘု မထွက်တာ တော်ပါသေးရဲ့ … ခွိ
    :k:

  • နနွင်းသောက်ရင် နနွင်းနံ့ထွက်တယ်တဲ့…
    နနွင်းက ဝမ်းချုပ်စေတယ်တဲ့.. (သမီးက ဝမ်းချုပ်တတ်တယ် အာတီ)

    အဲဒါတွေ ဟုတ်လားဟင်င်…

  • padonmar

    April 18, 2015 at 7:05 pm

    ပူတယ်ဆိုတာတော့ ဟုတ်မယ်။သူ့အာနိသင်ကိုး။
    ဝမ်းချုပ်တယ် ဆိုတာတော့ လူတဦးချင်းနဲ့ ဆိုင်မယ်ထင်တယ်။
    တနေ့မှ နည်းနည်းပဲ သောက်ရတာလေ။
    နနွင်းသောက်ရုံနဲ့တော့ နနွင်းနံ့ နံမယ်မထင်ပါ.
    လူးရင်တော့ နံမှာပေါ့။
    ငယ်ငယ်က သနပ်ခါးပါးကွက်ရင် နနွင်းတောင့်လေး သွေးထည့်သေးတယ်။ဝါဝါလေးလှတယ်ထင်လို့။
    အဘနီရဲ့ နနွင်းတောကို သွားဖြိုကြမှပဲ။

  • မြစပဲရိုး

    April 18, 2015 at 8:30 pm

    နနွင်းမှုန့် က မေ့တတ်တဲ့ မှတ်ဉာဏ်အားနည်း လာတဲ့ ရောဂါ အယ်လ်ဇိုင်းမား အတွက် စွမ်းလာနိုင်တဲ့ ဆေးလို့ သိပ္ပံနည်းကျ သုတေသန လုပ်ထားတာတွေ ရှိနေတာ မို့
    ယုံယုံကြည်ကြည် သုံးနိုင်မယ် ထင်တယ်။

    Turmeric
    Curcumin is an extract of turmeric that has been shown to break down amyloid-beta plaques (a hallmark of Alzheimer’s disease) in lab-based (in vitro) studies. Turmeric is not easily absorbed and there is no real evidence that supports turmeric being used as a treatment for Alzheimer’s disease, but the specific effects by curcumin on amyloid-beta plaques could be a useful target for future investigations into potential treatments.
    There is a lot of research into the potential role of turmeric as a treatment for Alzheimer’s disease, along with some anecdotal evidence about its benefits. Much research is centred around curcumin, a chemical found in turmeric, which has been shown to have anti-oxidant, anti-inflammatory and anti-amyloid properties
    http://www.alzheimers.org.uk/site/scripts/documents_info.php?documentID=2211&pageNumber=5

    . နှစ်သစ်လက်ဆောင်လေး ကို မျှပေးလို့ ကျေးဇူးပါ အစ်မဒုံ။ :))

  • padonmar

    April 19, 2015 at 8:41 pm

    ချောင်းဆိုးနေသူများ စိတ်ပူရန် မလိုတော့ပါ

    ချောင်းဆိုးနေသူတွေ အတွက် တကယ်ကို ကောင်းမွန်ပြီး ငွေကြေး အကုန်အကျ သက်သာစေတဲ့ နည်းလမ်းလေး တစ်ခုမို့ မျှဝေပေးလိုက် ရဖြင်းပင် ဖြစ်ပါတယ်။

    အသုံးပြုပုံလေးကတော့

    နနွင်းမှုန့် အနည်းငယ်ကို ယူလိုက်ပါ။ ပြီးနောက် ပျားရည် လက်ဖက်စားဇွန်း တစ်ဇွန်း ထည့်ကာ မွှေလိုက်ပါ။ တစ်နေ့ကို နှစ်ကြိမ်မှ သုံးကြိမ်မှ စားပေး ခြင်းဖြင့် ချောင်းဆိုးခြင်းကို လျင်မြန်စွာ သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။ နနွင်းနှင့် ပျားရည်ဟာ အဆုတ် ကြွက်သားတွေကို သန်မှာစေ ပါတယ်။

    Ref- healthnew
    ကျော်လင်းနိုုင် (ရိုုးရာလေး)
    http://www.yoyarlay.com

    ‪#‎kln_yyl‬
    ‪#‎health_yyl‬

  • Ma Ma

    April 20, 2015 at 9:07 am

    နနွင်းမှုန့်ကို ပျားရည်နဲ့ရောသောက်ဖို့တော့ စိတ်ဝင်စားတယ်။
    ပျားရည်ကချိုတော့ သောက်ကောင်းမယ်ထင်လို့။ :kwi:

  • Alinn Z

    April 20, 2015 at 3:59 pm

    အစွမ်း ထက်ပါပေ့
    အသုံး ဝင်ပါပေ့
    ဒါနဲ့
    ဗမာပြည်က နှနွင်းပေါတယ် မဟုတ်လား
    အာ့တောင်မှ အတုတွေက နှနွင်းအစစ် တွေ့ဖို့မလွယ်လောက်အောင် ကာဆီးထားတယ်နော်
    😆

  • padonmar

    April 20, 2015 at 10:52 pm

    ပေါလွန်းတော့ လူတွေက အထင်မကြီးဘူး ဆက်ဆက်ရဲ့။
    အတု ဆိုတာကတော့ ကြက်ဥ တလုံး ၁၀ဝ တန်တောင် အတုလုပ်သေးတာ ဆိုတော့။

  • Mike

    April 22, 2015 at 3:22 pm

    မြစပဲရိုး says:
    နနွင်းမှုန့် က မေ့တတ်တဲ့ မှတ်ဉာဏ်အားနည်း လာတဲ့ ရောဂါ အယ်လ်ဇိုင်းမား အတွက် စွမ်းလာနိုင်တဲ့ ဆေးလို့ သိပ္ပံနည်းကျ သုတေသန လုပ်ထားတာတွေ ရှိနေတာ မို့
    ယုံယုံကြည်ကြည် သုံးနိုင်မယ် ထင်တယ်

    .ဂယ်လားဟင်…ဒါဆို ကျုပ်သောက်ကိုသောက်သင့်နေပြီ :k:

  • Ma Ei

    April 22, 2015 at 4:21 pm

    ဧကမ္ဘာကထုတ်တဲ့ နနွင်းလုံး(ပျားရည်) ဝယ်သောက်တာ…
    ခုတော့ ဒီစာဖတ်ပြီးပြီဆိုတော့ သံလွင်ဆီနဲ့ နနွင်းလုံးကို ပြောင်းဝယ်ပါမယ်…
    ကျေးဇူးပါ အမရေ…

Leave a Reply