ကဲစပြီ

အိမ်​​ရှေ့ လမ်းရဲ့ဟိုဘက်​ခြမ်း ကန်​ထရိုက်​တိုက်​မှာ ဖျာသယ်​မ​လေး​တေ​နေတယ်

ခွေး​လေး​တွေ ​မွေးထားတယ်

သူရို့အခန်းမျှာ အထိန်း​တော်​ နဲ့ချာတိတ်​ငချွတ်​​တွေလည်းရှိတယ်

ည ဆယ့်​တစ်​ ဆယ့်​နှစ်​ဆို တက္ကစီနဲ့ အလျှို လျှို ​အော်​ဒါလိုက်​ကြတယ်

တံခါးမပိတ်​သွား​လေ့ရှိတယ်

ဝရံတာထွက်​တဲ့ သံပန်း နဲ့မီး ပိတ်​​လေ့မရှိ

လူရှိ​နေ​ယောင်​​ဆောင်​ထားတတ်​တယ်

မနက်​ သုံး​လေးနာရီ ပြန်​လာ​လေ့ရှိတယ်

မွေးထားတဲ့ ​ခွေးပု​လေး​တွေက သူတို့မရှိတဲ့အချိန်​ဆို ၀ရံတာထွက်​​ဟောင်​​လေ့ရှိတယ်

ဆာလို့​သော်​လည်း​ကောင်း ​ကြောက်​လို့​သော်​လည်း​ကောင်း​ပေါ့

ဒင်းတို့ အသံ​ကြောင့်​ အိပ်​​ရေးပျက်​တဲ့ မိမိဂီ ၀ရံတာထွက်​ စိကရက်​​သောက်​ရင်း ဒါ​တွေသိလာရတယ်

တ​နေ့က ဖားသား အိမ်​မှာအလှူရှိလို့ နယ်​က​နေခနလာတယ်

ညကျ ​ခွေး​ဟောင်​သံ​ကြောင့်​အိပ်​မရဘူး

ကား​ရွေ့ရင်း ​ခွေး​တွေမြင်​​တော့ ကျုပ်​တို့ဘက်​ကို လှည့်​ကြိမ်းတယ်

မင်းတို့​ကောင်​​တွေ ရယက မတိုင်​ကြဘူးလား​ပေါ့

သည်​​လောက်​ဆူညံ​နေတာ

မိမိဂီ ဇာတ်​စုံရှင်းပြလိုက်​တယ်

မှတ်​မှတ်​ရရ ည ဆယ့်​နှစ်​နာရီ​လောက်​ကြီး

ဘိုး​တော်​က သိပ်​​ကြေနပ်​ပုံမရ

မအိပ်​​သေးတဲ့ ကျန်​ကိုယ်​​တော်​ တခွန်းဝင်​​ပြောတယ်

ဘိုးဘိုးကြီးက ဘာသိလို့လဲ

သည်​အချိန်​ ရယက က အကုန်​ ​ကေတီဗီ ​ရောက်​​နေပြီ တဲ့

ဒီစကားကို ကျုပ်​လည်းသင်​မထား

အိမ်​က ဘယ်​သူကမှလည်းမသင်

ဘိုး​တော်​က​တော့ ငို၍ရီ၍မရ​သော မျက်​နှာနဲ့

နင်​ပြီးသကာလ APK ​အေးပါကွာ ​လို့​ဖြေတယ်

 

ဟူးးး

 

အနည်းဆုံး​တော့ ကျုပ်​တို့ အဆူအပူခံရတာ လွတ်​သွားတယ်

 

နောက်​​နေ့မနက်​ စဉ်းစားခန်းဝင်​တယ်

ဒီ​ကောင်​ ဒီ​တော်​ကီကို ဘယ်​ကရသလဲ​ပေါ့

ဖြစ်​ချင်​​တော့ ငတိက တီဗီကြည့်​​နေတယ်

သူကြိုက်​တဲ့ ကာတွန်းကား​တွေ မလာတဲ့အချိန်

သူလိုင်း​ပြောင်းပြီး စိတ်​၀င်​တစားကြည့်​​နေတယ်

သာမန်​ ဗမာ​သောက်​​ပေါကားတကားပဲ

မိမိဂီ ​ခေါင်းထဲတချက်​ လက်​ကနဲဖြစ်​သွားတယ်

က​လေး​တွေက ဗမာကားကြိုက်​တတ်​ကြတယ်​ ကာတွန်းကားပြီးရင်​​ပေါ့

အနုပညာအဆင့်​အတန်းသူတို့နားမလည်​ဘူး

သူတို့နားလည်​တာက ဘာသာစကားပဲ

နားလညိလွယ်​တာ ကြည့်​ကြတယ်​ဆိုပါ​တော့

 

အဲ့သည်​မှာ သွားသတိထားမိတာကေ

ဟာသကား​တွေမယ်​ မိန်းမမသိ​အောင်​ ခိုးပီး​ပွေးတာတို့

လူကြီးလူ​ကောင်းဟန်​​ဆောင်​ပီး မဟုတ်​တာလုပ်​တာတို့ ဆိုရင်​ ​ဗန့်​​ခေါ်မလား ဂျိတ်​လုံး​ခေါ်မလား

ကေတီဗီ သွားတယ်​ မာဆတ်​သွားတယ်​ ဆိုပီး​ဒေါက်​ဖြုတ်​တဲ့ ဟာသကို လှိုင်​လှိုင်​ကြီး သုံးတာရယ်

သ​ဘော​ပေါက်​လိုက်​ပါပြီ

ဖျာသယ်​မ​မွေးထားတဲ့​ခွေးအသံ​ကြောင့်​ အိပ်​မရတဲ့ညမှာ ဖားသားအဆူအ​ပြော​အောက်​က ကျန်​ကိုယ်​​တော်​ကယ်​တင်​​ပေးခဲ့တဲ့ ကိစ္စရပ်​မှာ

ညန်​မာ့ ညန်​မာ့ရုပ်​ရှင်​ရဲ့ ​ကျေးဇူး​တွေ တပုံတပင်​ပါလားရယ်​လို့​ပေါ့

 

ကဲ ပြီးပြီ

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011