ညန်​မာ့ ရုပ်​ရှင်​ ​ကျေးဇူးရှင်​

ムラカミApril 19, 20151min22616

ကဲစပြီ

အိမ်​​ရှေ့ လမ်​းရဲ့ဟိုဘက်​ခြမ်​း ကန်​ထရိုက်​တိုက်​မှာ ဖျာသယ်​မ​လေး​တေ​နေတယ်​

​ခွေး​လေး​တွေ ​မွေးထားတယ်​

သူရို့အခန်​းမျျှာ အထိန်​း​တော်​ နဲ့ချာတိတ်​ငချွတ်​​တွေလည်​းရှိတယ်​

ည ဆယ်​့တစ်​ ဆယ်​့နှစ်​ဆို တက္ကစီနဲ့ အလျှို လျှို ​အော်​ဒါလိုက်​ကြတယ်​

တံခါးမပိတ်​သွား​လေ့ရှိတယ်​

ဝရံတာထွက်​တဲ့ သံပန်​း နဲ့မီး ပိတ်​​လေ့မရှိ

လူရှိ​နေ​ယောင်​​ဆောင်​ထားတတ်​တယ်​

မနက်​ သုံး​လေးနာရီ ပြန်​လာ​လေ့ရှိတယ်​

​မွေးထားတဲ့ ​ခွေးပု​လေး​တွေက သူတို့မရှိတဲ့အချိန်​ဆို ဝရံတာထွက်​​ဟောင်​​လေ့ရှိတယ်​

ဆာလို့​သော်​လည်​း​ကောင်​း ​ကြောက်​လို့​သော်​လည်​း​ကောင်​း​ပေါ့

ဒင်​းတို့ အသံ​ကြောင်​့ အိပ်​​ရေးပျက်​တဲ့ မိမိဂီ ဝရံတာထွက်​ စိကရက်​​သောက်​ရင်​း ဒါ​တွေသိလာရတယ်​

တ​နေ့က ဖားသား အိမ်​မှာအလှူရှိလို့ နယ်​က​နေခနလာတယ်​

ညကျ ​ခွေး​ဟောင်​သံ​ကြောင်​့အိပ်​မရဘူး

ကား​ရွေ့ရင်​း ​ခွေး​တွေမြင်​​တော့ ကျုပ်​တို့ဘက်​ကိူ လှည်​့ကြိမ်​းတယ်​

မင်​းတို့​ကောင်​​တွေ ရယက မတိုင်​ကြဘူးလား​ပေါ့

သည်​​လောက်​ဆူညံ​နေတာ

မိမိဂီ ဇာတ်​စုံရှင်​းပြလိုက်​တယ်​

မှတ်​မှတ်​ရရ ည ဆယ်​့နှစ်​နာရီ​လောက်​ကြီး

ဘိုး​တော်​က သိပ်​​ကြေနပ်​ပုံမရ

မအိပ်​​သေးတဲ့ ကျန်​ကိုယ်​​တော်​ တခွန်​းဝင်​​ပြောတယ်​

ဘိုးဘိုးကြီးက ဘာသိလို့လဲ

သည်​အချိန်​ ရယက က အကုန်​ ​ကေတီဗီ ​ရောက်​​နေပြီ တဲ့

ဒီစကားကို ကျုပ်​လည်​းသင်​မထား

အိမ်​က ဘယ်​သူကမှလည်​းမသင်​

ဘိုး​တော်​က​တော့ ငို၍ရီ၍မရ​သော မျက်​နှာနဲ့

နင်​ပြီးသကာလ APK ​အေးပါကွာ ​လို့​ဖြေတယ်​

 

ဟူးးး

 

အနည်​းဆုံး​တော့ ကျုပ်​တို့ အဆူအပူခံရတာ လွတ်​သွားတယ်​

 

​နောက်​​နေ့မနက်​ စဉ်​းစားခန်​းဝင်​တယ်​

ဒီ​ကောင်​ ဒီ​တော်​ကီကို ဘယ်​ကရသလဲ​ပေါ့

ဖြစ်​ချင်​​တော့ ငတိက တီဗီကြည်​့​နေတယ်​

သူကြိုက်​တဲ့ ကာတွန်​းကား​တွေ မလာတဲ့အချိန်​

သူလိုင်​း​ပြောင်​းပြီး စိတ်​ဝင်​တစားကြည်​့​နေတယ်​

သာမန်​ ဗမာ​သောက်​​ပေါကားတကားပဲ

မိမိဂီ ​ခေါင်​းထဲတချက်​ လက်​ကနဲဖြစ်​သွားတယ်​

က​လေး​တွေက ဗမာကားကြိုက်​တတ်​ကြတယ်​ ကာတွန်​းကားပြီးရင်​​ပေါ့

အနုပညာအဆင်​့အတန်​းသူတို့နားမလည်​ဘူး

သူတို့နားလည်​တာက ဘာသာစကားပဲ

နားလညိလွယ်​တာ ကြည်​့ကြတယ်​ဆိုပါ​တော့

 

အဲ့သည်​မှာ သွားသတိထားမိတာကေ

ဟာသကား​တွေမယ်​ မိန်​းမမသိ​အောင်​ ခိုးပီး​ပွေးတာတို့

လူကြီးလူ​ကောင်​းဟန်​​ဆောင်​ပီး မဟုတ်​တာလုပ်​တာတို့ ဆိုရင်​ ​ဗန်​့​ခေါ်မလား ဂျိတ်​လုံး​ခေါ်မလား

​ကေတီဗီ သွားတယ်​ မာဆတ်​သွားတယ်​ ဆိုပီး​ဒေါက်​ဖြုတ်​တဲ့ ဟာသကို လှိုင်​လှိုင်​ကြီး သုံးတာရယ်​

သ​ဘော​ပေါက်​လိုက်​ပါပြီ

ဖျာသယ်​မ​မွေးထားတဲ့​ခွေးအသံ​ကြောင်​့ အိပ်​မရတဲ့ညမှာ ဖားသားအဆူအ​ပြော​အောက်​က ကျန်​ကိုယ်​​တော်​ကယ်​တင်​​ပေးခဲ့တဲ့ ကိစ္စရပ်​မှာ

ညန်​မာ့ ညန်​မာ့ရုပ်​ရ​ှင်​ရဲ့ ​ကျေးဇူး​တွေ တပုံတပင်​ပါလားရယ်​လို့​ပေါ့

 

ကဲ ပြီးပြီ

16 comments

  • ဦးကျောက်ခဲ

    April 20, 2015 at 1:19 pm

    ဟမ် … ကျန်ကိုယ်တော် မကောင်းတာတွေ အတုမြင်အတတ်သင်ကုန်ပါ့မယ်…
    ဟီ ဟိ… ခီများရော … ဖျာသွားမဝယ်ဘူးလား… အား ဟိ
    :k:

  • ခင်ဇော်

    April 20, 2015 at 1:27 pm

    သင်ဖြူးလား ပလပ်စတစ်လားး

    :k:

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 20, 2015 at 1:54 pm

    ဒင်​းတို့အ​ပေါ်ထပ်​က ​ခြေသလုံးလှဒဲ့ ကချင်​မ​လေး​တေအ​ကြောင်​း ကြုံမှဆက်​​ရေးပါ့မယ်​ဗျာ

  • Mr. MarGa

    April 20, 2015 at 1:57 pm

    အင်း….
    ဘယ်​ကဘယ်​လို အ​ပေါ်​ထပ်​ကိုရောက်​သွားပြန်​တာတုန်း 🙂

  • Alinn Z

    April 20, 2015 at 3:43 pm

    ဖျာသယ်မလေးကို မေးပေးပါ ဖျာအသစ်ကလေးတွေ ရောက်တတ်လား
    ဘယ်ဆိုဒ်က ဘယ်ဈေး စသည်ဖျင့်. . .

  • kai

    April 20, 2015 at 4:36 pm

    လေဒီခိုင်လွန်ခဲ့တဲ့.. ၉နှစ်လောက်ကရေးဖူးတဲ့.. သင်္ကြန်သက်တံ့ဆိုတဲ့..ဝတ္တုတိုထဲမှာတော့… ၁ဝတန်းမအောင်တဲ့… ဖျာသယ်မလေးတလဝင်ငွေဟာ.. ဆရာဝန်မလေးတလဝင်ငွေထက်သာနေသမို့.. မြန်မာပြည် အဆင်မြင့်ပညာရေးကို.. မေးခွန်းထုတ်ထားသဗျ..။
    အခုရော.. :k:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 20, 2015 at 4:53 pm

      လွန်​ခဲ့တဲ့ ၉နှစ်​ဆို​တော့ ၂၀၀၅ ၂၀၀၆​လောက်​​ပေါ့
      ဟုတ်​ကဲ့ gsm sim card သိန်​း၂၀​ကျော်​​သေးတဲ့ကာလခည

      အဲ့ဒါ
      စင်​တင်​ရှိတဲ့ စား​သောက်​ဆိုင်​​တွေရဲ့ စူပါတန်​းဝင်​သူက​လေး​တွေရဲ့တလဝင်​​ငွေမို့ သူရို့ တ​ယောက်​တလုံး​ပေါ​ပေါသုံးနိုင်​ခဲ့ကြ​ကြောင်​း မှတ်​သားဖူးခဲ့သလိုလိုရယ်​ပါ
      🙂

  • Ma Ma

    April 20, 2015 at 6:10 pm

    ကျန်ကိုယ်တော်လေးသိတာ ဘာဆန်းလဲ။
    သူ့အဖေ သွားနေကျမို့ နေမှာပေ့ါ။ :k:

  • naywoon ni

    April 20, 2015 at 7:52 pm

    ငင်​ ဘိုဖြစ်​တာရဲ မ​နေ့က ဒီပို့စ်​မ​တွေ့ဘာဘူး ။ ညက်​ဆိလယ်​​အောင်​ရုတ်​နဲ့ မိမိဂီ 🙂

  • မြစပဲရိုး

    April 20, 2015 at 11:15 pm

    မင်း ပါပါး ကြီး လဲ ကလေး ပြောလိုက် တဲ့ အဓိပ္ပါယ်ကို အသေအချာ နားလည်မယ် မထင်ပါဘူး ဟယ်။
    အချစ်တော် လေး က ပြောလိုက်တာမို့ ငြိမ်သွားတာ နေမှာ။
    မယုံရင် ဇာတ်လမ်း ကို ပြန်ရစ် ပြီး ကျန်ကိုယ်တော်လေး ပြောတာ ကို မင်း ပြောကြည့်ပါလား။
    ဖနောက် နဲ့ ပေါက် ခံရ/ မရ။ 😉
    . လောင်းမား။
    lol:-))))))

  • kotun winlatt

    April 21, 2015 at 4:28 am

    ခြေသလုံးလှတဲ့ ကချင်မလေးတွေအကြောင်းးး ရေးအုန်းးမဒဲ့ ဖတ်ရချည်သေးးရဲ့ ဟေဟေးးး

  • black chaw

    April 21, 2015 at 8:26 pm

    ပြောရင် ယုံမှာမဟုတ်ဘူး။
    အစက နေ အဆုံးအထိ ဖတ်မိသွားပါတယ်။
    သုမောင် ရေးသလို မျိုးလို ့ တင် စားရင်
    မြောက်နေမှာစိုးလို ့ မ ပြောတော့ပါဘူးရယ်။
    ကျန်ကိုယ်တော်လေး ရဲ ့ စကားလေးတစ်ခွန်းကို
    ဗဟိုပြုပြီး ရေးထားလိုက်တာ
    ဘာမှမယ်မယ် ရရ မပါပဲ
    မယ်မယ် ရရ ဖြစ်သွားတယ်လို ့
    မှတ်ချက်ပေးသွားပါတယ်ဗျာ။

  • အောင် မိုးသူ

    April 22, 2015 at 10:00 am

    ညန်မာ့ညန်မာ့ရုပ်ရှင် လူမျိုး ဂုဏ်အင် သုခုမတွင် ပေါ်လွင်ခဲ့ပေ း))

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:28 am

      ညန်​မာ့ ညန်​မာ့ရုပ်​ရှင်​
      အံ့ဩကုန်​ပင်​ စက်​အစုတ်​နဲ့ပင်​
      ရုံ​ပေါ်အ​ရောက်​တင်​
      ♪ ♪

  • Mike

    April 22, 2015 at 1:47 pm

    .ဖျာသယ်လေးတွေနဲ့နီးတော့ ဖျာလိုချင်အဆင်ပြေသပေါ့ ကိုယ်တော်…
    .ကလေးတွေတတ်ပုံများတော့…တစ်ရက်က နယ်ကသူငယ်ချင်းသားအဖကို တလိတ်ဆန်ရုံလိုက်ပို့သဗျ
    .သူ့သားက နှစ်တန်းပဲရှိသေး…ရုံအနှံ့ ပါတ်ပြီး ခဏနားတော့ ကိုယ်တော်လေးကလွှတ်ကနည်းညည်းတယ်
    “အဘရာ..ဒီလိုသာလျှောက်နေရရင် ညနေ မာဆတ် သွားရမဲ့ပုံပေါ်တယ်” တဲ့…ကျုပ်ဆိုရီလိုက်ရတာ
    .သူ့အဖေတောင်အံ့တွေဩလို့…မေးကြည့်တော့..သားတော်မောင်က လူရွှင်တော်တွေပျက်တာလေ .အဘရာတဲ့…ကောင်းရော :k:

Leave a Reply