မျိုးနဲ့ ရိုးနဲ့ မိမိဂီ

ムラカミApril 20, 20151min47233

လူတကိုယ်​ အကြိုက်​တမျိုးဗျ

ကျုပ်​ဂွကျတာလည်​းမ​ပြောနဲ့

ကျုပ်​မိဘကလည်​း တယ်​ဂွကျသကိုး

​ဖော်​​ကောင်​ လုပ်​ပ​ဟေ့

 

ဖားသားကြီး ဘာကြိုက်​တုန်​း​မေးရင်​ အ​ဖြေက ရိုးရိုး​လေးရယ်​

တခွန်​းတည်​း​ဖြေလိမ်​့မယ်​ သရက်​သီး လို့

စိမ်​းစိမ်​းမှည်​့မှည်​့ အကုန်​စားသဗျ

အပင်​စိုက်​ ဝါသနာပါပြီး သစ်​ခွစိုက်​ အင်​မတန်​ကျွမ်​းကျင်​တဲ့သူ့ကို အကြင်​သူသည်​ သရက်​သီးတလုံး လက်​ကကိုင်​ပီး ဒါဘာသရက်​တုန်​း​တော့ သွားမ​မေး​လေနဲ့

ဓားနဲ့လိုက်​ခံရအံ့။

လက်​ထဲက သရက်​သိီးခ်ြွြဲစားဖို့ေ​ပြောပာါတယ်​

 

အမျိုးအစားခွဲဖို့ စိုက်​ဖို့ဆိုတာထက်​ စားစရာလို့ပြြဲမြင်​​တော့တာကိုး အဲ့လို

 

မိမိဂီ ကျ​တော့ ​ပြောင်​းဖူးခည

မိမိဂီ ​ပြောင်​းဖူးကြိုက်​တယ်​မကြိုက်​တယ်​

ယဲဇားနဲ့ချိန်​း​တွေ့တုန်​း နှာ​ခေါင်​းထဲ ​ပြောင်​းဖူးပြုတ်​နံ့ရလို့ ခန​နော်​ဆိုပြီး ​ပြောင်​းဖူးအရှာထွက်​

​တွေ့​တော့ဝယ်​စား ယဲဇားကို​မေ့သွားပီး ​ပျော်​ပေ​ေျာ်​ကြိီး အိမ်​ပြန်​သွားတာ ပြတ်​ပါ​ရောလားဗျာ

တခါတ​လေ ထမင်​းလွတ်​​တောင်​စား​သေးတယ်​

​ပြောင်​းဖူးနဲ့ပတ်​သတ်​ပီး ငယ်​ငယ်​က ငိုဖူးသေဗျေ

အရပ်​ထဲ​ဈေးထဲ​ရောင်​းတဲ့​ပြောင်​းထက်​ အများကြီးထွားတဲ့​ပြောင်​းဖူး​တွေ​ပေါ်လာကာစ​ပေါ့ဗျာ

​ဟော်​တယ်​​တေမှာမှ ရမယ်​့​ပြောင်း​ဆိုပီး ​ဟော်​တယ်​​ပြောင်​းလို့ ​ဈေးသယ်​​တေကသမုတ်​ပီး​ရောင်​းလိုက်​ပါသတဲ့ အိမ်​​ဖော်​​ကောင်​မ​လေးကို

ဆို​တော့ ချာတိတ်​က​လေး မိမိဂီလည်​း သူေ​ဈေးသ်ွားတိုင်​း ​ဟော်​တယ်​​ပြောင်​းမှာရတာအ​မော​ပေါ့​လေ

 

ဂလိုနဲ့ ​ခြောက်​လတစ်​နှစ်​ကြာ​တော့ ​​ဘေဘီကွန်​း ​ပေါ်လာပါ​ရောလား

လွန်​ခဲ့တဲ့နှစ်​အစိတ်​ကကိုးဗျ

ခု​ခေတ်​လို သာမန်​စား​သောက်​ဆိုင်​မှာ အစိမ်​း​ကြော်​မှာစားရင်​ ​ဘေဘီကွန်​းမပါဘူး​လေ

​ဟော်​တယ်​မှာ မှာစားမှ ပါတာဆို​တော့ ​ဘေဘီကွန်​းကို ​ဟော်​တယ်​​ပြောင်​း ဆို​ဈေးသယ်​​တွေ နာမည်​တပ်​ကြပြန်​ပာါေ​တော့တယ်​

ဒါ​တွေနားမလည်​​သေးတဲ့ ချာတိတ်​​လေးမိမိဂီခညာ ငိုလိုက်​ရတာဗျာ နာမည်​ကျတူပြီး တ​တောင်​ဆစ်​​လောက်​နဲ့ လက်​ညှိုး​လောက်​ အရွယ်​ကွာတဲ်​့​ပြောင်​းဖူး​တွေနဲ့ပတ်​သတ်​ပြီး

​အော်​ ​ပြောင်​းတို့၏မာယာ ပါတကား

 

ကျန်​ကိုယ်​​တော်​ကျ​တော့ တမျိုး

ငုံ့​နေတဲ့ စိနဂျင်​းန်​းက ပြန်​ထတယ်​ထင်​့

​ခေါက်​ဆွဲ ​ပေါက်​ဆီ နဲ့ ဟင်​းချိုကို ဂျွမ်​းထိုးပီးကြိုက်​သလို

သရက်​လည်​း.လာခဲ့ ​ပြောင်​းလြြဲ ဆွဲမယ်​ ဆိုတာချည်​းပဲ ​ရေခဲမုန်​့လည်​း ချမ်​းသာမ​ပေးပြန်​ဘူး​လေ

 

အဲအဲ

​ရေခဲမုန်​့ဆိုတာက သူ့အဘွား ကျ​နော်​့အ​မေရဲ့ အသီး​ကျော်​ခည

ရှမ်​းပြည်​မှာ​ရေခဲ​နေပါတယ်​ဆိုတဲ့အချိန်​​တောင်​ အ​နွေးထည်​ဝတ်​လို့ ​ရေခဲမုန်​့အရှာထွက်​တတ်​​သေးတာရယ်​

သူ​ရေခဲမုန်​့ကြိုက်​ချက်​က တ​ဆွေလုံးတမျိုးလုံးဩချရတယ်​

ကျုပ်​ကို ဘာ​ပြောတယ်​​အောက်​​မေ့တုန်​း

ဟဲ့ ငဂီ ငါ့အသုဘကျရင်​ လာတဲ့ပရိတ်​သတ်​ကို ​မုန်​့ဟင်​းခါးမ​ကျွေးနဲ့ ​ရေခဲမုန်​့အဝ​ကျွေးစမ်​း တဲ့အဲ့လို ပါဆို

 

မိမိဂီလည်း​ အထွန်​့တက်​ကျိမိပါတယ်​

အ​မေရာ အ​မေ​ရေခဲမုန်​့ကြိုက်​တာ​တော့သိပါတယ်​

ဒါ​ပေမယ်​့ ဟို​လေ အ​မေ့အသုဘပါဆိုမှ​တော့ အ​မေက​တေဘီပဲဟာ စားနိုင်​​တော့မှာမှမဟုတ်​ပဲ ဘာ​ကျွေး​ကျွေး​ပေါ့ ဆို​တော့ ဘာပြန်​​ပြောတယ်​​အောက်​​မေ့တုန်​း

ဟဲ့အ​ကောင်​ ငါ့အသုဘ ငါ​ကျွေး​စေချင်​တာ ငါစီမံမယ်​ ငါကြိုက်​တဲ့အစားအစာ ငါ့ပရိတ်​သတ်​ငါ​ကျွေးမယ်​ နင်​့အသုဘကျမှ နင်​ကြိုက်​တာနင်​​ကျွေးဖို့စီမံ ဒါပဲတဲ့

အဲ့လို ကျုပ်​တို့အမျိုးက အဲ့လိုပါဆို

 

ဟုတ်​​တော့လည်​းဟုတ်​တယ်​​နော

အသုဘဆို မုန်​့ဟင်​းခါး​ကျွေးရမယ်​လို့ စာချုပ်​မှချုပ်​ထားတာမှမဟုတ်​ပဲ ကြိုက်​တာ​ကျွေးမ​ပေါ့

 

​တော်​​သေးဘီဗျာ

ပုံ

အသုဘရက်​လည်​ အ​ကျွေးအ​မွေးကန်​န ကို re-defind လုပ်​သူ

မိမိဂီ မိသားစု

 

33 comments

  • Mr. MarGa

    April 20, 2015 at 2:46 pm

    ရှိရှိသမျှ gene တွေ ကျန်ကိုယ်တော်​ဆီ သָွားစုနေသလားဟင် 🙂

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 20, 2015 at 2:57 pm

      ဟိုလူကြိုက်​တာလိုက်​ကပ်​စား
      ဒီလူကြိုက်​တာ လိုက်​ကပ်​စား နဲ့
      အစုံကြိုက်​ အစုံစားသတ္တဝါ ​အေုံာမ်​နီဗိုးရပ်​စ်​ ဖြစ်​လာတာပါပဲဗျာ
      🙂

  • ခင်ဇော်

    April 20, 2015 at 2:53 pm

    ဪ။
    အာ့ဆို ပြောင်းဖူးမှာရတော့မှာလား

    :kwi:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 20, 2015 at 2:58 pm

      ဟမ်​ဘာကာ အရင်​မှာပါ​လေ

  • Alinn Z

    April 20, 2015 at 3:22 pm

    .ဟို မာမီမိုးဆိုတဲ့ မိုးမာမီလည်း ဘာထူးလဲ
    .ပြောင်းဖူးဆို အသေရရ အရှင်ရရ
    အိုးးး ကုန်ကုန်ပြောရရင် ပြောင်ဖူးဆို ပြောင်းဖူးရိုးအထိ ကြိုက်တာတဲ့။
    .ေြပြာင်းဖူးရိုးက အသုံးဝင်တယ်ဆိုလားပဲ
    မိမိဂီရော ပြောင်းဖူးရိုး ကြိုက်လား

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:01 am

      ဖက်​ကြမ်​းလိပ်​​သောက်​တာ​နေမှာပါဆက်​ဆက်​ရယ်​
      🙂

  • ပြောင်းဖူး သိပ်မကြိုက်ဘူးဗျ..
    အကင်တို့ ဟော့ပေါ့တို့ သွားစားရင် ပြောင်းဖူးက လွဲလို့ ကျန်တာ အကုန်စားတယ်.. ဟိဟိ.. :k:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:02 am

      ကျုပ်​​ပြောင်​းဖူးသာ မစားခဲ့မိဘူးဆိုရင်​
      ဒီဘဝမယ်​ လူဖြစ်​ရတဲ့ အရသာ တစုံ့တရာ
      ​ပျောက်​ရှ လိုအပ်​​နေလိမ်​့မယ်​ထင်​့

  • naywoon ni

    April 20, 2015 at 7:40 pm

    အင်​း ​ပြောင်​းဖူး ကြိုက်​တယ်​ဆို​တော့ စဉ်​းစားစရာပဲ ။ အူတိုင်​​တွေ ဘယ်​လွှင်​့ပစ်​လဲဟင်​ ¿¿¿

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:03 am

      မာမီမိုး နဲ့ ဆက်​ပန်​ထုံ လာလာ​ကောက်​သွားသဗျ

  • Ma Ma

    April 20, 2015 at 8:48 pm

    လူတကိုယ်အကြိုက်တမျိုးဆိုတဲ့ စကားပုံကို သက်သေပြနေတာထင်တယ်။ :kwi:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:05 am

      ညီ​တော်​​မောင်​ကျ လက်​ဖက်​ဗျ

      🙂

  • မြစပဲရိုး

    April 20, 2015 at 10:09 pm

    ဒီ စာမျိုး လေး တွေ ကို ရွာထဲ လွမ်း နေတာ ကြာပေါ့။
    . ပြောင်းဖူး ကြီးကြီး မျှော် နေတာ ပြောင်းဖူးလေး ဘဲရလို့ ငို နေတဲ့ မိမိဂီ ကို မြင်ယောင်ပြီ ရီ လိုက်ရတာ။
    . ရေခဲမုန့်ကြိုက် တဲ့ မာမား ကြည့်ရတာ စိတ်ကြီးပုံဘဲ။ 😉
    ကျန်ကိုယ်တော် လေး ရော စာမေးပွဲ အောင်တယ် မဟုတ်လား။
    ဒီနှစ် ဘယ်နှစ်တန်း တက်မှာလဲ။
    ကိုယ်တော်လေး ကို တွေ့ဖို့ မကြုံလိုက်တာ စိတ်မကောင်းဘူး။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:16 am

      မားသားက နီယိုကွန်​ဇာ​ဗေးတစ်​ဗ်​ဇင်​မ်​
      🙂
      ကျန်​​ကျောင်​းက ​လေးတန်​းတက်​မှာခည
      ​ကျေး​ကျေးအရီး
      အရီး​ပေးတဲ့ ဆိုလာရို​ဘော့အမျိုးမျိုးဆက်​ပြီး ​ဆော့ပြီး ​ပျော်​​နေ​လေရဲ့
      🙂

  • ဦးကျောက်ခဲ

    April 21, 2015 at 8:54 am

    ဟမ်မယေး … ရေခဲမုန့်အကြောင်းတော့ မပြောပါနဲ့ … စိတ်နာလွန်းလို့…
    ရေခဲစားမရတဲ့ ချစ်ဇနီးမယ်ဗိုက် … ဆေးရုံကအပြန် ရေခဲမုန့်တွယ်ပြီး…
    ဆီးကျင်သလိုဖြစ်တယ်ဆိုပြီးနေလိုက်တာ … ကလေးမွေးသွားပါရောလား…
    :k:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:20 am

      ဦး​လေး​ပြောပုံအရဆို
      ​ကျော်​ ဂျမခန္ဒာမှာ ​ရေခဲမုန်​့ဆိုင်​သွားဖွင်​့ရ​တော့မလို
      ဟီဟိ

      No more Ingulimala
      🙂

  • အောင် မိုးသူ

    April 21, 2015 at 10:35 am

    ကျတော် ဘေဘီကွန်း စားချင်လို့ဘာလုပ်တယ်မှတ်လည်း။ ဈေးမှာ ပြောင်းဖူးရောင်းတဲ့သူနားကပ်သွားပီး သူတို့ လွှင့်ပစ်တဲ့ အခွံတောင်းထဲကနေ ဘေးမှာကပ်နေတဲ့ ဘေဘီကွန်းလေးတွေ ကိုယူပြီးအိမ်ကျမှ နွှာတာ။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:23 am

      အစက​တော့ ​ဘေဘီကွန်​းမကြိုက်​ဘူးရယ်​
      ​နောက်​ပိုင်​းကျ​တော့ ​ဘေဘီကွန်​းမပါတဲ့အစိမ်​း​ကြော်​ဆို စားမရတဲ့အထိပဲ

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    April 22, 2015 at 7:55 am

    ပြောင်ဖူးဖုတ်သုတ်ကို ရှက်ကီလေးနဲ့ တွတ်ရင်.. နှလုံးကောင်းဒယ် ဆြွာဂီ့လေ.. 😀

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:24 am

      ကြက်​သွန်​​ရှောင်​မှဗျ
      🙂
      🙂
      ဘဇပ်​နံလို့
      အားဟိ

  • ဂျက်စပဲရိုး

    April 22, 2015 at 8:16 am

    ရှမ်းပြောင်း ကို ကြော်စား
    မြန်မာပြောင်း ကို ပြုတ် ပြီးတော့ ချွေပြီး ဆီလေး ဆားလေးနဲ့ နယ်စားရတာဟာဖြင့်….

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:26 am

      ငယ်​ငယ်​က ရှမ်​းပြည်​ဘက်​ ဆန်​ရှားလို့ ​ပြောင်​းပဲစားရတယ်​လို့ ဖတ်​ဖူးကြားဖူးတုန်​းက
      အဲ့လူ​တွေကိုမဟာကံထူးရှင်​​တွေလို့ ထင်​ဖူးတဲ့အထိ ​ပြောင်​းဖူးကိုနှစ်​သက်​ခဲ့ဖူးရဲ့

  • Mike

    April 22, 2015 at 10:26 am

    .ကိုယ်တော့ ကိုယ်ဘာကိုအသေအလဲကြိုက်သလဲ စဉ်းစားမရ…
    .အော..ဒညင်းသီးတော့ အတော်ကြိုက်…လိုက်သာရှာမစားတာ..တွေ့ရင်တော့မနေနိုင်ဘု :k:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 22, 2015 at 10:35 am

      ​ယောက်​ျားမှာဆီး မိန်​းမမီး တဲ့ခည
      ဒညင်​းသီးက ဆီးမှာ ​ရှော့စိတယ်​
      သူက ​ဒေါက်​ဖိနပ်​ အဲ့​လေ ​ကျောက်​ကပ်​ကို တယ်​ဒုက္ခ​ပေးတာကလား
      ​ပြောသာ​ပြောတယ်​
      ​ကျော်​လည်​း ​တွေ့ရင်​တွယ်​တုန်​း
      ဟီး

  • Ma Ei

    April 22, 2015 at 4:07 pm

    မိမိဂီ လိုဘဲ…
    ပြောင်းဖူးလဲ တနှစ်တစ်မျိုး အမျိမျိုးအသစ်တွေ ပြောင်းလေခြင်းနော်…
    ဟော်တယ်ပြောင်း ဘေဘီကွန်း သကြားပြောင်း ရှမ်းပြောင်း ပံပြောင်း ပတ္တမြားပြောင်း ….

  • padonmar

    April 22, 2015 at 9:10 pm

    ကျုပ်တို့တော့ သရက်လည်းကြိုက်၊ပြောင်းဖူးလည်းကြိုက်၊ရေခဲမုန့်လည်းကြိုက်ပဲ။

  • Ma Ma

    April 22, 2015 at 10:36 pm

    အကြိုက်ဆုံးကိုရေးရရင်တော့ ပိန္နဲသီးးးးးး 🙂

  • manawphyulay

    April 23, 2015 at 9:31 am

    ပြောင်းဖူးစားတာလည်း ယတြာတစ်မျိုးပဲ မိဂီရဲ့။ ပြောင်းဖူးဆိုတဲ့အတိုင်း နေရာမြဲနေတော့တာပါပဲ။ ဟုတ်တယ်မလား။ :mrgreen:

  • Wow

    April 23, 2015 at 12:29 pm

    ပိန်းနဲသီး တစ်လုံးလုံး တြောက်ထဲစားပီး စားပိုးနင့်ဖူးတာတော့မှတ်မိတယ် :mrgreen:

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 23, 2015 at 2:29 pm

      အလုံးလိုက်​ အာမထိလျှာမထိ မျိုချလိုက်​​လေသလားကွယ်​

  • မွသဲ ( 17082011 )

    April 26, 2015 at 4:22 pm

    အင်းနင့်အလှည့်ကျပြောင်းဖူးဝေရတော့မှာပေါ့နော်မိမိဂီ။ ငါကတော့ ဘာမှကြိုက်လှတယ်မရှိပါဘူးအေ။

  • ဦးကြောင်ကြီး

    April 27, 2015 at 2:50 am

    … မိမိဂိ ကြည့်မိသည် အိစိကလီ ခိခိယီ

  • uncle gyi

    April 27, 2015 at 10:27 pm

    ကိုယ်ကြိုက်ရာကိုယ်ကောင်းးသပေါ့တော်တဲ့
    ပုံပြင်ထဲကနှမ်းဖတ်ချဉ်သည်ကသူဌေးကိုပြောတာ

Leave a Reply