တာဝန်ဆိုတာ ဘယ်လို စကားလုံးမျိုးလဲ

ဒီနေ့ အတွက် နေက အနောက်ဖက်ကို တဖြည်းဖြည်းချင်း ဆုတ်ခွာသွားနေပြီ။

(မှတ်ချက်။    ။ ဒီသဘောတရားက ကျွန်တော်တို့ နိုင်ငံအတွက် ကို ဆိုလိုတာပါ။)

သူက သူရဲ့ တစ်နေ့တာ တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်သွုားခဲ့လေပြီ။ ဘဝရဲ့ အနှစ်သာရတစ်ခုကို ထုတ်ဖော်ပြသဖို့ အတွက် ရှေ့ဆောင်လမ်းပြတစ်ယောက်လို ကျွန်တော်တို့ရဲ့ ရှေ့ကနေ ဖြောင့်ဖြောင့်တန်းတန်း သွားခဲ့ပါပြီ။

ကဲ.. ကျွန်တော်တို့ ကရော ဒီနေ့ တစ်နေ့လုံးစာအတွက် ဘာတွေများ လုပ်ပြီ ကြပါပြီလဲ?????

ဘဝရဲ့ ကြမ်းတမ်းတဲ့ ပခုံးကြမ်းပေါ် ကျွန်တော်တို့ တစ်တွေ လမ်းလျှောက်နေခဲ့ ကြတာ ခြေထောက်တွေ လည်းညောင်း နေကြလောက်ပါပြီ။

ဒါပေမယ့် မလျှောက် မဖြစ်တဲ့ လမ်းကြောင်းတစ်ခုပေါ် ရောက်နေကြတာများတောင် ဘာလို့ များ လမ်းလျှောက်ဖို့ ငြီးငွေ့ နေကြတာများလဲ။

လူငယ်တစ်ယောက်အနေနဲ့ မနက်လင်းလာရင် အိပ်ယာထ၊ လက်ဖက်ရည်ဆိုင် သွားပြီ လေများမယ်။ ပျင်းလာရင် ချက်တင် ထိုင်မယ်။ မြို့ထဲ လည်မယ်။

မရေရာတဲ့ လမ်းတွေနဲ့ နေ့တစ်နေ့ ကို ကုန်ဆုံးနေခဲ့တာ ကျွန်တော်တို့ တစ်တွေလည်း အသက်တွေ တဖြည်းဖြည်း ကြီးလာကြပါပြီ။

ဒါပေမယ့်..

ဒီလမ်းဟောင်းကြီးကနေ လမ်းကြောင်း ပြောင်းနိူင်ကြဖို့ ဘယ်လို လုပ်ကြမလဲ။ အားလုံးအပေါ်မှာပဲ မူတည်နေပါတယ်။

ကျေးဇူးပြုပြီး ဝိုင်းဝန်း ဆွေးနွေး ပေးကြပါလို့

There is no easy route on the earth except the old one! But it is not the real route to go to the goal of Life.