အရက်​သမား ပို့စ်​ -၁

naywoon niApril 21, 20151min41419

အရက်​သမားပို့စ်​ -၁

​ခေတ်​​တွေက ​ပြောင်​းလဲလာခဲ့ပြီ။ အမျိုးသမီး​တွေ​တောင်​ လူမြင်​ကွင်​းမှာ ​ပေါ်​ပေါ်ထင်​ထင်​ ဘီယာဘူး ကိုင်​ရဲတဲ့ အချိန်​မှာ အရက်​အ​ကြောင်​း မ​ကောင်​း​ပြောပါက အဆဲ​တောင်​းသလိုဖြစ်​​တော့မယ်​ ။ ဆို​တော့ကာ အရက်​အ​ကြောင်​း အ​ကောင်​းအဆိုး သိခဲ့သ​လောက်​ ကြုံ​တွေ့ခဲ့ရသ​လောက်​က​တော့ဖြင်​့ ဒီလိုပါဗျာ ဆိုပြီး ကိုယ့်​ဂုဏ်​ ကိုယ်​​ဖော်​ မသူ​တော်​အလုပ်​ ဝင်​လုပ်​ရ​တော့မယ်​ ။ နို့မို့ဆို သိ​နေရက်​နဲ့ ကြိုမ​ပြောရ​ကောင်​းလား လို့​တော့ အ​ပြောမခံနိုင်​​ချေဘူး ။

​ ​နေဝန်​းနီ က အရက်​နဲ့ ဘဝခါးဆက်​ပြတ်​ခဲ့ရသူ ။ အနီးပါတ်​ဝန်​းကျင်​မှာ သိတဲ့သူ​တွေက ဇိုး စာရင်​း အသွင်​းခံထားရသူ ။ ကျင်​လည်​ခဲ့သ​လောက်​ ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ထဲမှာ အနိုင်​နဲ့ပိုင်​းထားသူလို့ ကိုယ့်​ကိုကိုယ် ယူဆထားသူ( ကျင်​လည်​နိုင်​တဲ့ အရက်​​လောက ဆိုတာ ကိုယ်​့ဝင်​​ငွေ​လေးနဲ့ ​သောက်​နိုင်​တဲ့ ပတ်​ဝန်​းကျင်​ကို​ပြောတာ ။) ပတ်​ဝန်​းကျင်​ကလည်​း အ​ခြေခံလူတန်​းစားပဲရှိ​လေ​တော့ များ​သောအားဖြင်​့​သောက်​နိုင်​တယ်​ဆိုတာက ပြည်​တွင်​းဖြစ်​ အရက်​ဖြူ -( ခု​တော့ အရက်​ဆီ ​ပေါ့​လေ )- နဲ့ ထန်​းညက်​က ချက်​တဲ့ ​ဒေသန္တာရအရက်​ (​တောအရက်​ ) ဖြစ်​​လေ​တော ဘီအီဒီစီ +​တောအရက်​ဖြစ်​တဲ့ အတွက်​ ဘီ​တော အရက်​အ​ကြောင်​းပဲ​ပြောနိုင်​မှာ ။ နိုင်​ငံခြားကလာတဲ့ အရက်​အ​ကြောင်​း​တော့ နိုင်​ငံ​တော်​ကလည်​း တရားဝင်​ တင်​သွင်​းခွင်​့မပြုထား​လေ​တော့ ပြည်​တွင်​းဖြစ်​ ​ဈေး​ပေါ​ပေါ ပဲပဲ အရက်​သမား​တွေအ​ကြောင်​း​ပြောပါ့မယ်​ ။

​နေဝန်​းနီ အရက်​​သောက်​တတ်​ကာစက ၁၉၈၆/၈ရ ​လောက်​ ။ မန္တ​လေးတက္ကသိုလ်​​ကျောင်​းသားဘဝ ( ဒီအ​ကြောင်​းနဲ့ ပတ်​သက်​လို့ အ​သေးစိတ်​က​တော့ ​နေဝန်​းနီရဲ့ မဆုံးတဲ့ သီချင်​း ပို့စ်​အတွဲကိုရှု့ ) အရက်​ဖြူက တစ်​လုံး ခုနှစ်​ကျပ်​နဲ့ ပြားနှစ်​ဆယ်​ ။ မယုံမရှိနဲ့ ။ အစိုးရက တရားဝင်​ ဆိုင်​ဖွင်​့ပြီး​ရောင်​း​ပေးတာ ။ အဲ့ဒိတုန်​းက ​ဂေဇက်​တက်​​အော်​ဖစ်​ဆာ မှ ​လေးရာ့ငါးဆယ်​ – အစိတ်​ – ခုနှစ်​ရာ​ခေတ်​ ။ တက္ကသိုလ်​​ကျောင်​းသား တစ်​​ယောက်​ကို တစ်​လ သုံး​လေးရာ ကုန်​တာ ။ ဘုန်​ကြီး​ကျောင်​းက​နေ တက်​ရင်​ တစ်​လ နှစ်​ရာ ။ လက်​ဖက်​ရည်​တစ်​ခွက်​မှတစ်​ကျပ်​ကိုး ။ ကုန်​​ဈေးနှုန်​း​တွေခင်​းကျင်​း​နေတာ တစ်​ရက်​ ​နေဝန်​းနီ ဦ​လေး အရွယ်​ အကိုကြီးတစ်​​ယောက်​နဲ့ စကားစပ်​မိတာ​လေး​ပြောချင်​လို့ 🙂

မြန်​မာပြည်​မှာ အရက်​က မအို​ဆေးတဲ့ ။ အရက်​​သောက်​စအရွယ်​က ဆယ်​့​လေးငါး​ခြောက်​နှစ်​ ။ အနှစ်​သုံးဆယ်​​လောက်​ ဆက်​တိုက်​​သောက်​ပြီးရင်​ ​လေးဆယ်​့နှစ်​ ​နဲ့ ​လေးဆယ်​့ရှစ်​ကြားဆို ဘဝနိဂုံးချုပ်​ကုန်​ပြီ ။ ဆို​တော့ အို​အောင်​ကို မ​နေလိုက်​ကြရဖူး ။ ဘာ​ကြောင်​့ ဒီလိုဖြစ်​ကုန်​လဲ ။ အရက်​ရဲ့ အရည်​အ​သွေး​ကြောင်​့ ဆိုရင်​မမှားပါဘူး ။ ဘာ​ကြောင်​့အရည်​အ​သွေးကျရသလဲ ။ လူ​တွေရဲ့ ဝင်​​ငွေနဲ့ အရည်​အ​သွေးပြည်​့မှိီတဲ့ အရက်​ကို လိုက်​မ​သောက်​နိုင်​လို့ ။ လူ​တွေရဲ့ ဝင်​​ငွေနဲ့ သူတို့တတ်​နိုင်​တဲ့ ​ငွေ​ကြေးပမာဏ ကိုကြည်​့ပြီး စီးပွား​ရေး တွက်​​ခြေကိုက်​​အောင်​ ထုတ်​လုပ်​လိုက်​တဲ့အတွက်​ အရက်​ရဲ့ အရည်​အ​သွေးဟာ တစ်​နှစ်​ထက်​တစ်​နှစ်​ ပိုပိုကျဆင်​းလာတာ ။ တစ်​ဦးချင်​းဝင်​​ငွေ က တိုးတက်​လာတဲ့ ကုန်​​ဈေးနှုန်​းကို လိုက်​မမှီ​တော့ အရက်​တင်​မ​ဟုတ်​ဘူး ။ တစ်​ခြား စား​သောက်​ကုန်​ လူသုံးကုန်​ပစ္စည်​း​တွေမှာပါ အရည်​အ​သွေး လိုက်​ပြီးကျဆင်​းကုန်​တယ်​ ။ အဲ့ဒါနဲ့အတူ လူ​တွေရဲ့ အကျင်​့စာရိတ္တ သီလသမာဓိ စည်​းကမ်​း အပြုအမူ အ​ပြောအဆို အ​နေအထိုင်​​တွေပါ တစ်​နွယ်​ငင်​ တံစဉ်​ပါ ကျဆင်​းကုန်​တာ ။ ​သေချာပြန်​ဆန်​းစစ်​ကြည်​့ရင်​ ရင်​နာဖို့​တော်​​တော်​​ကောင်​းပါရဲ့ ။ ( ဘယ်​့နဲ့​ ​နေဝန်​းနီရယ်​ အရက်​သ​မားအ​ကြောင်​း ​ပြောမလို့ဟာ နိုင်​ငံ​ရေး​တွေပါကုန်​ပြီ ။ ကျ​နော်​တို့နိုင်​ငံက ဘယ်​က​နေစထွက်​ထွက်​ ဆ်​ုက်​စရာက ဒီဘူတာပဲရှိတာ :))

​ ​အော်​ တစ်​ရက်​က အကိုကြီး တစ်​​ယောက်​နဲ ့ စကားစပ်​မိတာ​လေး​ပြောပြမလို့ ။ သူ​ပြောသွားတာက
” လွန်​ခဲ့တဲ့ နှစ်​သုံးဆယ်​​လောက်​ အရက်​ဈေးနှုန်​း ​က ခုနှစ်​ကျပ်​ ပြားနှစ်​ဆယ်​ကွာ ။ ဆေး​ပေါ့လိပ်​​က တစ်​လိပ်​ တစ်​မတ်​ ။ ​ရွှေ​ဈေးနှုန်​း တစ်​​ထောင်​ဝန်​းကျင်​ပဲရှိတာ ။ အခုလက်​ရှိ အရက်​ဖြူ မရှိ​တော့ အဆီစပ်​ အရက်​က တစ်​ချို့​နေရာ​တွေမှာ ​လေးရာကွာ ။ တစ်​ချို့ရွာ​တွေမှာ နှစ်​ရာ့ငါးဆယ်​ ၊ ​ဆေး​ပေါ့လိပ်​က တစ်​လိပ်​ အစိတ်​ ​ရွှေ​ဈေးကျ​တော့ ခုနှစ်​သိန်​း ဝန်​းကျင်​ ကွာခြားတဲ့ နှုန်​ထားချင်​တူလား ။ အဆအနဲဆုံး ပစ္စည်​းက အရည်​အ​သွေး အကျဆုံးပဲ ။ ”
အဲ့သလို စံနှုန်​း​တွေယှဉ်​ပြီး နှိုင်​းယှဉ်​ပြလိုက်​​တော့ အဓိက တရားခံက ဘွားဘွားကြီး​ပေါ်လာတာ ။

ဒါဖြင်​့ လူ​တွေဘာလို့ အရက်​​သောက်​ကြသလဲ ။ စလာပြီ ။ ဒီ​မေးခွန်​းက ​တော်​​တော်​ ဂွကျတဲ့​မေးခွန်​း ။ အများစု ​သောက်​​နေတာက ဘီအီး နဲ့​တော အရက်​ ။ နံလည်​းနံ​သေ း ။ အရသာကလည်​း ပူစပ်​ခါး ။ ထွက်​တဲ့ ​ချွေး ဆီး အစ အရက်​နံ့ကြီးက ​တော်​​တော်​ဆိုး ။ ဒါဖြင်​့ ဘာလို့ ​သောက်​​နေကြလဲ ။ တစ်​ချို့များ အားမနာ လျှာမကျိုး ​ခွေး​တောင်​ မ​သောက်​တဲ့ အရည်​တဲ့ ။ ဒါကြီးကို မက်​မက်​စက်​စက်​ လူတစ်​ကာ လက်​ညိုးထိုးခံ ​မေးအ​ငေါ့ ခံပြီး​သောက်​​နေကြတာ အ​ကြောင်​း​တော့ ရှိရမယ်​ ။ ဘာပဲ​ပြော​ပြော စွဲတယ်​ဆိုမှ​တော့ ​ကောင်​းတာရှိလို့ စွဲတာ​ပေါ့ ။ ​ကောင်​းကွက်​မရှိရင်​ ဘယ်​သူက စွဲမလဲ​နော့ ။ ဟုတ်​ဖူးလား ။

*အပိုင်​း -၂ ဆက်​လက်​ဖတ်​ရှု့ပါရန်​

​နေဝန်​းနီ
11:07 PM
2015 Apr 21

19 comments

  • ခင်ဇော်

    April 22, 2015 at 8:25 am

    ဟုတ်။
    ဆက်ဖတ်ချင်ပါတယ်။
    ရေးပေးပါ။

    :k:

  • Mr. MarGa

    April 22, 2015 at 8:31 am

    နည်းနည်း ရီဝေဝေဖြစ်သွားတယ်
    ဆက်ရေးပါဗျို့
    :k:

  • Alinn Z

    April 22, 2015 at 8:37 am

    အရက်ပြင်းပြင်းကြီးတွေ ငါးပက်စာလောက် သောက်မိရင်
    ကျနော့်တကိုယ်လုံး နေရာအတော်များများမှာ အင်ပြင်လို အပိန့်တွေ ပေါက်လာတတ်တယ်
    အနီစက်တွေနဲ့ အရည်ပြား ယားယံလာတတ်တယ်။
    အရက်နဲ့ ကျနော့် သွေးသားက သိပ် ဓါတ်မတည့်ဘူးထင့်
    ဘာကြောင့်လဲတော့ သေချာမသိ။ အပေါင်းအသင်းတွေနဲ့ သောက်တာများသွားတိုင်း
    နောက်နေ့ဆို အဲ့လို ခံစားရတော့ သောက်ရင် နှစ်ပက်လေးက အလွန်ဆုံးပဲ
    ဝီစကီလို အရက်ပြင်းတွေ များများ မသောက်နိုင်။

    အဲ. . . ဘီယာကျတော့ နှစ်ပုလင်းလောက်လည်း ဘာမှမဖြစ်
    ဟီဟိ။ ဒီတော့ ဘီယာဆိုရင်တော့ လာထား ဂလု ဂ လွတ် နဲ့ကို သောက်မိ
    ဒါပေမယ့် ပေါ့လေ. . .
    ဘီယာဈေးနှုန်းက အတော်ကြီးသဗျ
    အပေါစား မြန်မာဘီယာတောင် တစ်ပုလင်းကို ထောင့်ငါးရာနားကပ်နေတာ
    ဗူးလေးတွေကျတော့လည်း ဆယ်ငုံစာလောက်ပါတဲ့ ဗူးအသေးလေးတွေ တဗူး ခြောက်ရာ ခုနှစ်ရာ
    ABC တို့ Myanmar တို့ တိုက်ဂါးတို့ဆ်ိုရင် ဗူးသေးလေးတဗူး ရှစ်ရာ ကိုးရာ
    ဆိုတော့ ဘီယာကို သောက်ချင်ရင်တောင်မှ ပေးရမယ့် ငွေကြေးကို နှမြောမိ
    .ငွေကြေး ပြေလည်သူလည်း မဟုတ်လေတော့ ဘီယာကို သောက်ဖြစ်ဖို့ အတော်ရှားပါးးးး

    .ကိုယ့်အသည်းကို ဒုက္ခကောင်းကောင်ပေးနိုင်တဲ့ အဆိပ်အတောက်ကိုတောင်
    .ဈေးကြီးပေးပြီး (ကိုယ့်ဝင်ငွေရဲ့ ရာခိုင်နှုန်းအတော်များများပေးပြီး) ဝယ်သောက်ရတဲ့တိုင်းပြည်
    အိုဘယ့် မြန်မာပြည်

  • lu lu

    April 22, 2015 at 8:41 am

    အရက်က သူ ့ဂုဏ်သတ္တိ နဲ ့သူ နေတာ ဘယ်သူ ့ကိုမှ ဘာမှမလုပ်ဘူးး
    မနေ နိုင်မထိုင် နိုင်နဲ ့သူ ့ကိုသွားသွားသောက်နေတဲ့ လူတွေ က မှား တာ ကွကိုသောက်ပြီး အရက် ကိုအပြစ်ပြော နေကြတာ မကောင်းတာက အရက်ကိုသောက် တဲ့လူ တွေပဲ
    :kwi:

    • Mr. MarGa

      April 22, 2015 at 8:44 am

      မသောက်ဘဲနဲ့ အပြစ်ပြောနေတဲ့သူတွေကိုကျ ဘယ်လိုပြောမလဲဟင်
      :mrgreenn: :mrgreenn:

  • အောင် မိုးသူ

    April 22, 2015 at 9:33 am

    အရက်ဆို အကောင်းစားပဲသောက်တယ်။ ဘီအီးလည်းမသောက်ဖူးဘူး ဇေလည်းမသောက်ဖူးဘူး။ ရွိုင်ရယ်ကလက်တို့ ဟိုက်ကလက်တို့လည်းမသောက်ဖူးဘူး။ ဘီယာတော့သောက်တယ်။ ဘာလို့လည်းဆိုတော့ မုယောစပါးနဲ့လေ။ ငိငိ ဒါပဲကောင်းတယ်။

  • Mike

    April 22, 2015 at 9:52 am

    .ဂလု..ဂလု
    .အရက်ကတော့ ငွေကုန် လူထိ တာမငြင်းသာပါဗျာ…ဆက်ဖတ်ပါအုံးမယ် ဆြာနီ

  • 2009 မှာ အဖေဆုံးတယ်.. အဖေမဆုံးခင်အထိ အရက်ဖြူဈေးက တစ်ပုလင်းကို ၃၀ဝ တဲ့… အဖေက အမြဲပြောတယ်.. ငါက သူများတွေလို မိန်းမပွေ..လောင်းကစား လုပ်နေတာ မဟုတ်ဘူးတဲ့.. မိန်းမပွေတာတို့. ဖဲရိုက်တာတို့က ငွေအရမ်းကုန်တယ်.တဲ့.. ငါ့အရက်က တစ်ပုလင်းမှ ၃၀ဝ ထဲရယ်တဲ့.. ငွေတော့ မကုန်ဘူး..အသက်တော့ ကုန်သွားတယ်..

    အာ့ကြောင့်..အရက်ဆို စိတ်နာလွန်းလို့..










    လှိမ့်သောက်ပစ်နေတာ.. :k:

  • sorrow

    April 23, 2015 at 10:58 am

    အရက်အကောင်းစားလေးကို အချဉ်ဓါတ်ကဲတဲ့ အသီးစုံတစ်ပွဲရယ် ချိစ်နဲ့ ကြက်သွန်ဖြူလေးရယ်… ငါးရံ့ခြောက်ဖုတ် ဆီစိမ်လေးရယ် .တစ်ပက်စာလောက်လေးကိုရေခဲတုံးလေးသုံးတုံးလောက်နဲ့ ဆော်ဒါလေးနဲ့ရော … ဗီသိုဗင်ရဲ့ မွန်းလိုက်ဆိုနားတာလေးကို home theater လေးနဲ့ဖြစ်ဖြစ် နားကြပ်လေးနဲ့ဖြစ်ဖြစ်နားထောင်….
    အဲ့တာနဲ့ စွဲပါရောလား ..အဟိဟိ

  • မြစပဲရိုး

    April 24, 2015 at 1:29 am

    .သောက်လိုက်ရင် “ချို” မြိုလိုက်ရင်”ခါး” ပြီးတော့ စိတ်ထဲ မယ် “ပျော်” သလိုဖြစ် နောက် “ဝမ်းနည်း” ဒါမှမဟုတ် “ဒေါသ” ဖြစ်ချင်လဲဖြစ် နောက်တော့ “ရီဝေဝေ” အဲဒီနောက်မှာ လောကကြီးကို “မေ့” ရော။
    . ကြည့်ရတာ ရသ မျိုးစုံ ကို တစ်ထိုင်ထဲ ရ သွားလိုက်လို့ အရက်စွဲသူ တွေ
    ကွ ကို ရောဂါအဖြစ်ခံ ပြီး သောက်ကြတာ နေမယ်။ အထင်။
    :))

  • lamin ngel

    April 25, 2015 at 1:27 am

    အရက်အကြောင်းလေးရေးထားတော့ ငယ်ငယ်ကဖတ်ခဲ့ဖူးတဲ့စာအုပ်လေးတစ်အုပ်သွာသတိရတယ်။ ယမကာလုလင်။စာရေးဆရာကလက်ဖျားတင်မေ့နေတယ်။ သတိရမှထပ်လာရေးမယ်။ သိတဲ့သူများမစပါ။ အဲစာအုပ်ကိုအရမ်းသဘောကျခဲ့တာ

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      April 25, 2015 at 11:53 am

      အဲ့စာအုပ်​ကို ယမကာ မိုနာလီဇာစမိုင်​းလ်​ ​ခေါ်တယ်​
      ပြန်​ဖတ်​မိတဲ့အချိန်​တိုင်းမျျှာ မ​သောက်​ချင်​တဲ့အခါဖတ်​မိရင်​အရက်​ဆာသလို
      ​သောက်​ချင်​ချိန်​ဖတ်​မိတိုင်​း မ​သောက်​ဝံ့ဘူးဖြစ်​ဖြစ်​သွားတတ်​လွန်​းလို့

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 25, 2015 at 11:56 am

    အရက်​မ​သောက်​ဖြစ်​တဲ့ရက်​က အရက်​​သောက်​ဖြစ်​တဲ့ရက်​ထက်​ အချိန်​ပိုရတာ​တော့အမှန်​ပဲ အဘနီ​ရေ
    အရက်​ဆိုတာ တိုင်​းမရှင်​း
    စိတ်​ရွှင်​မြူးတက်​ကြွ​စေတဲ့​ဆေးရည်​
    အသည်​း​ခြောက်​တဲ့အဆိပ်​
    မိတ်​​ဆွေဖြစ်​ ရန်​သူဖြစ်​လွယ်​တဲ့ ကတ်​တလစ်​စ်​့
    စုံလို့ရယ်​ဗျာ

  • မွသဲ ( 17082011 )

    April 26, 2015 at 4:50 pm

    ဈေးနှုန်းလေးတွေလွမ်းလိုက်တာ

  • black chaw

    April 28, 2015 at 2:07 pm

    လောလောဆယ် အရက်မသောက်ဖြစ်တော့ပဲ ဘီယာဘက်လှည့်နေပါတယ်…။
    ရာသီဥတု က ပူတာကိုး…။
    အရက်ကို ကျွန်တော်က အရသာ မကြိုက်ဘူးဗျ…။
    မျိုချလိုက်လို့ ပြန်တက်လာတဲ့ ခန္ဓာကိုယ်ရဲ့ တုန့်ပြန်မှုကို ကြိုက်တာ…။
    ရှိန်းကနဲ ဖိန်းကနဲ…။
    လစ်မစ်လေး ရောက်သွားရင်တော့
    အားလုံးကောင်းနေတော့တာ ခင်ဗျ…။
    ကျော်သွားရင်တော့ အော့မယ်အန်မယ် လူကို ဒုက္ခပေးမယ်…
    မကောင်းတော့ဘူးပေါ့…။
    ဆိုတော့ အရက်သောက်တာ မကောင်းဘူးပြောတဲ့လူကိုလည်း အပြစ်မပြောပါဘူး။
    ကောင်းတယ် ပြောတဲ့လူကိုလည်း အပြစ်မပြောပါဘူး…။
    ကောင်းအောင်သောက်ရင် ကောင်းပါတယ်…။
    မကောင်းအောင် သောက်ရင် မကောင်းပါဘူး…။
    အဲ့ဒါလေး ဝင်ပြောတာပါဗျာ…။
    :k:

  • kai

    April 28, 2015 at 3:59 pm

    အရက်ကြောင့်သေတဲ့.. လူဦးရေတွေ..။
    ကျဆင်းသွားတဲ့ကုန်ထုတ်လုပ်မှုတွေ.. ဆာဗေးလုပ်ဖို့ကောင်းတယ်..။

    တလောက.. ညီတော်မောင်ပြောလို့.. တောအရက်အကြောင်း.. သိရတာ..
    အရက်မှမဟုတ်တာပဲ.။ အဆိပ်တွေပဲ..။ :kwi:

    • သုဘရာဇာ သံချောင်း

      April 28, 2015 at 6:51 pm

      ဟားဟား ဟား
      ချဉ်စုတ်စုတ် တောအရက်တစ်ပိုင်းနဲ့ ကြွက်အရေခွံဆုတ်ပြီးသား ကျတ်တိုက်ကြော်ကို အမြည်းလုပ်ရတဲ့အရသာ
      လွှတ်ကောင်း ဗျာ

  • မဟာရာဇာ အံစာတုံး

    April 28, 2015 at 11:39 pm

    ဟုတ်တာပေါ့ ဆြာနီရယ် ..
    ကောင်းကွက် မရှိရင် .. ဘယ့်နှယ် စွဲမတုန်း …
    အဲ့ဒီ ကောင်းကွက် က ဘာများလဲဆိုတာ ဆက်လက် ရှုစားပါရစေ ခညာ …

Leave a Reply