အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား ပေါ်တာ တောလား – ၁၁ ( Casa Loma, CN Tower & Toronto ) ။

Foreign ResidentApril 23, 201517min25720

အဘဖေါ ရဲ့ အမေရိက ၊ ကနေဒါ သွား

ပေါ်တာ တောလား – ၁၁ ( Casa Loma, CN Tower & Toronto ) ။

 

ဝ၈ – ဝ၅ – ၂၀၁၄ ။

 

Skylon Tower Revolving Restaurant မှာ ၊

နေ့လည်စာ စားပြီးတဲ့နောက်မှာ ၊

ကနေဒါ နိုင်ငံ Toronto မြို့ ကို ဆက်လက် ထွက်ခွာခဲ့ပါတယ် ။

ပြောရမယ် ဆိုရင် Toronto မြို့ ဟာ ကနေဒါ နိုင်ငံ ရဲ့ အကြီးဆုံး မြို့ တဲ့ ။

 

ဒါတွေက လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ ။

သူ့ရဲ့ ရာသီဥတု နှင့် လိုက်လျှော ညီထွေတဲ့ ဒီဇိုင်းလေးတွေပေါ့ ။

နှင်းကျတဲ့ ဒေသ ဆိုတော့လည်း အမိုး စောက်စောက်လေးတွေပေါ့လေ ။

 

11 ဒါကတော့ တိုရွန်တို မြို့ ကနေဒါ က ရဲကားပါ ၊ Serve & Protect တဲ့ ။

11 ဒါကတော့ တိုရွန်တို မြို့  ကနေဒါ က ရဲကားပါ ၊ Serve & Protect တဲ့ ။
11 ဒါကတော့ တိုရွန်တို မြို့ ကနေဒါ က ရဲကားပါ ၊ Serve & Protect တဲ့ ။

 

11 လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ 1

11 လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ 1
11 လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ 1

 

11 လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ 2

11 လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ 2
11 လမ်းတစ်လျောက်မှာ တွေ့ခဲ့တဲ့ ချစ်စရာ ကနေဒါ စတိုင် အိမ်လေးတွေ 2

 

 

ကနေဒါ နိုင်ငံ Toronto မြို့ ကို ရောက်တဲ့အခါ ၊ အဘတို့ Guide က ၊

Niagara တုံးက ( မြစ်ထဲမှာ ရေခဲတုံးတွေ မျှောပါနေသေးတာနှင့် ) ၊

“the Maid of the Mist” သင်္ဘော နှင့် ရှုခင်းကြည့်ဘို့ အစီအစဉ် ပျက်သွားလို့ ၊

Tour Company က အစားပေးတဲ့ အနေနှင့် ၊ ” Casa Loma ” ဆိုတဲ့ ၊

ကနေဒါ နိုင်ငံ မှာ အကြီးဆုံး ပုဂ္ဂလိကပိုင် အိမ် / ရဲတိုက်ကို ခေါ်သွားမယ်လို့ ဆိုပါတယ် ။

အဲ့ဒါ ရဲ့ ဝင်ကြေးက မသေးဘူးနော် လူကြီး တစ်ယောက်ကို ၂၄ ဒေါ်လှ တဲ့ ။

 

အဲဒီ ” Casa Loma ” အိမ် / ရဲတိုက် ကို ၊

Sir Henry Pellatt ဆိုတဲ့သူက ၁၉၁၁ ခုနှစ်မှာ စ ဆောက်ခဲ့တာတဲ့ ။

အခန်း ၉၈ ခန်း ရှိပြီး ၊ ၆၄,၇၀ဝ စတုရန်းပေ ကျယ်တယ် ဆိုဘဲ ။

 

” At 98 rooms covering 64,700 square feet (6,011 m2),

it was the largest private residence in Canada. “

 

အဓိက ကတော့ ပထမ ကမာ္ဘစစ် ကာလလောက်က ၊

လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ ။

များလိုက်တဲ့ ခလုပ်တွေ ဒီ စန္ဒရား သာ တီးရရင် ရူးပြီး သေလောက်တယ် ။

 

11 Casa Loma အိမ် ရဲတိုက် ကို ၊ Sir Henry Pellatt ဆိုတဲ့သူက ၁၉၁၁ ခုနှစ်မှာ စ ဆောက်ခဲ့တာတဲ့ ။

11  Casa Loma  အိမ်  ရဲတိုက် ကို ၊ Sir Henry Pellatt ဆိုတဲ့သူက ၁၉၁၁ ခုနှစ်မှာ စ ဆောက်ခဲ့တာတဲ့ ။
11 Casa Loma အိမ် ရဲတိုက် ကို ၊ Sir Henry Pellatt ဆိုတဲ့သူက ၁၉၁၁ ခုနှစ်မှာ စ ဆောက်ခဲ့တာတဲ့ ။

 

11 ပထမ ကမာ္ဘစစ် ကာလလောက်က ၊ လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ 1

11 ပထမ ကမာ္ဘစစ် ကာလလောက်က ၊ လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ 1
11 ပထမ ကမာ္ဘစစ် ကာလလောက်က ၊ လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ 1

 

11 ပထမ ကမာ္ဘစစ် ကာလလောက်က ၊ လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ 2

11 ပထမ ကမာ္ဘစစ် ကာလလောက်က ၊ လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ 2
11 ပထမ ကမာ္ဘစစ် ကာလလောက်က ၊ လူတွေ နေကြ ထိုင်ကြပုံ ကို သိရတာပေါ့လေ 2

 

11 များလိုက်တဲ့ ခလုပ်တွေ ဒီ စန္ဒရား သာ တီးရရင် ရူးပြီး သေလောက်တယ် ။

11 များလိုက်တဲ့ ခလုပ်တွေ ဒီ စန္ဒရား သာ တီးရရင် ရူးပြီး သေလောက်တယ် ။
11 များလိုက်တဲ့ ခလုပ်တွေ ဒီ စန္ဒရား သာ တီးရရင် ရူးပြီး သေလောက်တယ် ။

 

 

တတိယ ထပ်မှာကတော့ ” The Queen’s Own Rifles of Canada ” ရဲ့ ၊

ဘုရင်မကြီး ရဲ့ ကနေဒါ ရိုင်ဖယ် တပ် ရဲ့ Museum အဖြစ် ပြထားပါတယ် ။

 

ဒီအိမ်ကို ဆောက်ခဲ့တဲ့ Sir Henry Pellatt က ၊

အဲဒီ The Queen’s Own Rifles of Canada ကနေဒါ ရိုင်ဖယ် တပ်ရင်း မှာ ၊

သာမာန် စစ်သား ကနေ စဝင်ပြီး တပ်မှူး Commanding Officer အထိ ဖြစ်ခဲ့တာတဲ့ ။

ဒါကြောင့် သူ့တပ်ကို သူ သံယောဇဉ် ရှိလို့ လုပ်ထားတာ ထင်တယ် ။

 

Sir Henry Pellatt ဟာ နောက်ဆုံး ဗိုလ်ချုပ် Major-General ရာထူး နှင့် အနားယူခဲ့တယ် ။

ဒါကတော့ Sir Henry Pellatt ပုံ နှင့် သူရခဲ့တဲ့ ဆုတံဆိပ်တွေ ပုံ ပါ ။

11 ဒါကတော့ Sir Henry Pellatt ပုံ နှင့် သူရခဲ့တဲ့ ဆုတံဆိပ်တွေ ပုံ ပါ ။
11 ဒါကတော့ Sir Henry Pellatt ပုံ နှင့် သူရခဲ့တဲ့ ဆုတံဆိပ်တွေ ပုံ ပါ ။

 

11 ဒါကတော့ Sir Henry Pellatt ပုံ နှင့် သူရခဲ့တဲ့ ဆုတံဆိပ်တွေ ပုံ ပါ ။

 

11 တတိယ ထပ်မှာကတော့ The Queen’s Own Rifles of Canada ရဲ့ Museum 1

11 တတိယ ထပ်မှာကတော့  The Queen's Own Rifles of Canada  ရဲ့ Museum 1
11 တတိယ ထပ်မှာကတော့ The Queen’s Own Rifles of Canada ရဲ့ Museum 1

 

11 တတိယ ထပ်မှာကတော့ The Queen’s Own Rifles of Canada ရဲ့ Museum 2

11 တတိယ ထပ်မှာကတော့  The Queen's Own Rifles of Canada  ရဲ့ Museum 2
11 တတိယ ထပ်မှာကတော့ The Queen’s Own Rifles of Canada ရဲ့ Museum 2

 

 

” Casa Loma ” အိမ် / ရဲတိုက် မှာ ၊

ခပ်သုတ်သုတ် ၄၅ မိနစ်လောက် လျှောက်ကြည့်ပြီးတဲ့ အခါမှာ ၊

အဘတို့ Toronto ရဲ့ နာမည်ကျော် CN Tower ကို သွားကြပါတယ် ။

 

CN Tower ရောက်တော့ သူ့ဘေးကပ်ရက်မှာ ၊

Toronto Blue Jays Baseball အသင်းရဲ့ Rogers Centre Stadium ကြီး ကိုတွေ့ခဲ့တယ် ။

လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် ။

 

11 Toronto Blue Jays Baseball အသင်းရဲ့ Rogers Centre Stadium ကြီး

11 Toronto Blue Jays Baseball အသင်းရဲ့ Rogers Centre Stadium ကြီး
11 Toronto Blue Jays Baseball အသင်းရဲ့ Rogers Centre Stadium ကြီး

 

11 လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် 1

11 လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် 1
11 လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် 1

 

11 လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် 2

11 လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် 2
11 လမ်း တစ်ဖက်က Toronto Railway Museum ကိုလဲ ခဏ စပ်စုခဲ့တယ် 2

 

 

CN Tower ရဲ့ အရှည်က Canadian National Tower ပါ ။

Canadian National ဆိုတာက ကနေဒါ နိုင်ငံက မီးရထား ကုမ္ပဏီ ပါ ။

အဲ့ဒီ CN Tower ကို ၁၉၇၃ မှာ စဆောက်ပြီး ၁၉၇၆ မှာပြီးပါတယ် ။

CN Tower ဟာ အမြင့် ၁၈၁၅ ပေ ရှိပြီး ၊

သူ ဆောက်လုပ် ပြီးစီးခဲ့ချိန် ၁၉၇၃ ကနေ ၂၀၀ရ ခုနှစ် အထိ ၊

ကမာ္ဘပေါ်မှာ အမြင့်ဆုံး အဆောက် အဦး ဖြစ်ခဲ့တာပါ ။

အခု လက်ရှိတော့ ကမာ္ဘပေါ်မှာ ၆ ခုမြောက် အမြင့်ဆုံး အဆောက် အဦး ပါ ။

Tower အနေနှင့် ပြောရရင်တော့ ကမာ္ဘပေါ်မှာ တတိယ အမြင့်ဆုံး Tower ပါ ။

အံမယ် သူက the modern Seven Wonders of the World ထဲ ပါသတဲ့ ။

 

အဲဒီ CN Tower ပေါ်ကို မတက်ခင်မှာ ၊

တခြားနေရာတွေလို X-Ray / Metal Detector တွေနှင့် မဟုတ်ဘဲ ၊

အဘတို့ကို Puffer Machine နှင့် check လုပ်ပါတယ် ။

 

Puffer Machine ဆိုတာက ခန္ဓာကိုယ် ကို ၊

ဘေးက လေပေါက်လေးတွေ ကနေ ဖြုန်းကနဲ လေမှုတ်လိုက်ပြီး ၊

ခန္ဓာကိုယ် ဘေးမှာ ဖုန်ထသွားတဲ့လေ အထဲကနေပြီး ၊

ပေါက်ကွဲ ပစ္စည်း / မူးယစ်ဆေး ပါဝင်မှု ရှိမရှိ ကို စစ်တာပါ ။

ဒီ စံနစ်ကို အမေရိက ကနေဒါ မှာဘဲ သုံးကြတယ်လို့ ပြောတယ် ။

 

11 ဒါက နာမည်ကျော် CN Tower ကို အဝေးက လှမ်းမြင်ရပုံပါ ။

11 ဒါက နာမည်ကျော် CN Tower ကို အဝေးက လှမ်းမြင်ရပုံပါ ။
11 ဒါက နာမည်ကျော် CN Tower ကို အဝေးက လှမ်းမြင်ရပုံပါ ။

 

11 CN Tower ကို အောက်ခြေက ပင့် ရိုက်ထားတာ ။

11 CN Tower ကို အောက်ခြေက ပင့် ရိုက်ထားတာ ။
11 CN Tower ကို အောက်ခြေက ပင့် ရိုက်ထားတာ ။

 

11 အဘတို့ကို Puffer Machine နှင့် check လုပ်ပါတယ် ။

11 အဘတို့ကို Puffer Machine နှင့် check လုပ်ပါတယ် ။
11 အဘတို့ကို Puffer Machine နှင့် check လုပ်ပါတယ် ။

 

 

CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် ။

CN Tower ပေါ် ကနေရာတော်များများမှာ ကြမ်းခင်းတွေကို မှန် နှင့်ခင်းထားတယ် ။

အဲ့ဒီတော့ကာ အောက်တည့်တည့်က မြင်ကွင်းတွေကိုလဲ ကောင်းကောင်း မြင်ရသပေါ့ ။

 

11 CN Tower ပေါ် ကနေရာတော်များများမှာ ကြမ်းခင်းတွေကို မှန် နှင့်ခင်းထားတယ် ။

11 CN Tower ပေါ် ကနေရာတော်များများမှာ ကြမ်းခင်းတွေကို မှန် နှင့်ခင်းထားတယ် ။
11 CN Tower ပေါ် ကနေရာတော်များများမှာ ကြမ်းခင်းတွေကို မှန် နှင့်ခင်းထားတယ် ။

 

11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 1

11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 1
11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 1

 

11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 2

11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 2
11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 2

 

11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 3

11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 3
11 CN Tower ပေါ် ကနေ Toronto ရဲ့ လှပတဲ့ မြင်ကွင်းတွေကို ငေးမေါခဲ့တယ် 3

 

 

CN Tower က အပြန်တော့ အဘတို့ကို China Town မှာချပေးပါတယ် ။

ကနေဒါ အမှတ်တရ ဈေးဝယ်ဖို့ နှင့် ညစာ ဝယ်စားကြဖို့ပေါ့ ။

ကနေဒါ အမှတ်တရ ဘာဝယ်ရမှန်း မသိတာနှင့် လက်ဆောင်ပေးဖို့ ၊

ကနေဒါ နှင့် Toronto တံဆိပ်ပါတဲ့ T Shirt လေးတွေဘဲ ဝယ်လိုက်တယ် ။

 

Toronto တရုတ်တန်းမှာ ညစာစားတာကတော့ ဈေးမဆိုးလှပါဘူး ။

ပြောရမယ်ဆိုရင် US ထက် ဈေးကြီးပြီး ၊ ဩဇီ ထက် ဈေးပေါတယ် ။

လင်မယား ၂ ယောက် အဝစားတာကို US ဒေါ်လှ ၂ဝ လောက်ဘဲကျတယ် ။

 

ဒါကတော့ Toronto တရုတ်တန်း ရောက်တုံး အမှတ်တရ ပုံပေါ့ ။

ဒီ လျှပ်စစ် Tram ရထားတွေအတွက် သွယ်ထားတဲ့ ၊

အပေါ်က ရှုပ်ယှက်ခတ်နေတဲ့ မီးကြိုးတွေက ရုပ်ဆိုးပါပေ့ကွယ် ။

Toronto တရုတ်တန်း မှာ လမ်းနာမည်တွေကို တရုတ်လိုပါ တွဲရေးပေးထားပါတယ် ။

 

အဲဒီ့ တရုတ်တန်း က အပြန်မှာတော့ ဒီည အဘတို့တည်းမယ့် ၊

Crowne Plaza Hotel, Toronto ကိုဘဲ ပြန်ပြီး အနားယူလိုက်ကြပါတော့တယ် ။

 

တော်သေးဘီ ။

 

အဘ ဖေါ ( F R ) ။

 

11 ဒါကတော့ Toronto တရုတ်တန်း ရောက်တုံး အမှတ်တရ ပုံပေါ့ ။

11 ဒါကတော့ Toronto တရုတ်တန်း ရောက်တုံး အမှတ်တရ ပုံပေါ့ ။
11 ဒါကတော့ Toronto တရုတ်တန်း ရောက်တုံး အမှတ်တရ ပုံပေါ့ ။

 

11 Toronto တရုတ်တန်း မှာ လမ်းနာမည်တွေကို တရုတ်လိုပါ တွဲရေးပေးထားပါတယ် ။

11 Toronto တရုတ်တန်း မှာ လမ်းနာမည်တွေကို တရုတ်လိုပါ တွဲရေးပေးထားပါတယ် ။
11 Toronto တရုတ်တန်း မှာ လမ်းနာမည်တွေကို တရုတ်လိုပါ တွဲရေးပေးထားပါတယ် ။

 

 

 

 

 

 

20 comments

  • ဦးဦးပါလေရာ

    April 23, 2015 at 12:26 pm

    ကနေဒါအကြောင်းကတော့ ဘာမှ မသိသလောက်ပဲ..
    ဘာ့ကြောင့်ဆို- ကမ္ဘာ့သမိုင်းမှာ အဲသည်နိုင်ငံအမည်က မပါသလောက် ဖြစ်နေတယ်
    ဘယ်စစ်ပွဲ ဘယ်ကပ်ဘေး ဘယ်သဘာဝဘေး မှ မထိမခိုက်တဲ့နေရာမို့ပဲ ထင်ရဲ့….

  • အောင် မိုးသူ

    April 23, 2015 at 12:46 pm

    အေးချမ်းတဲ့နေရာပေါ့နော် CN Tower အကြောင်းတော့ ကြားဖူးပါရဲ့ သွားချင်တဲ့နေရာထဲမှာ အဲ့နေရာပါတယ်။ ကံအကြောင်းပါရင်တော့ ရောက်မှာပေါ့လေ။

    • Foreign Resident

      April 24, 2015 at 7:23 am

      ့အောင် မိုးသူ says:
      ” ကံအကြောင်းပါရင်တော့ ရောက်မှာပေါ့လေ ”

      If you have a will, you have a way.
      ့ပြောရမယ်ဆိုရင် ၊ အစိုးရ ဒီမို လမ်းပေါ် စ လျှောက်လာချိန်က စ ပြီး ၊
      ့နောက်ပိုင်းမှာ နိုင်ငံရပ်ခြားကို ခရီးထွက်ဖို့ အတော့်ကို လွယ်သွားပါပြီ ။
      ့မြန်မာနိုင်ငံ ထဲက အဘ သူငယ်ချင်းတွေ ၊
      ဟိုလူ့ မေးလိုက် ဥရောပ သွားလည်ခဲ့တယ် ၊
      ဒီလူ့ မေးလိုက် ဩစတေသျှ သွားလည်ခဲ့တယ် နှင့် ၊
      ့မြန်မာပြည်ကလူတွေ နိုင်ငံတကာကို ဂဒီး ဂဒီး ခရီးထွက်နေကြပါပြီ ။

    • Foreign Resident

      April 24, 2015 at 1:24 pm

      အခုဆို အလှပြင် ဆရာမ ခင်စန်းဝင်း ( GBLT ) တောင် ၊
      ဥရောပ တစ်ခွင် ပြဲပြဲစင် လျှောက်လည်နေပြီဘဲ ။
      ခုလေးတင်ဘဲ ခင်စန်းဝင်း ရဲ့ Barcelona ကပုံတွေ တွေ့နေရတယ် ။

      https://www.facebook.com/khinsan.win.98/posts/608695299267166

  • Alinn Z

    April 23, 2015 at 1:35 pm

    ကျနော့်အနေနဲ့ ဒီလိုပိုစ့်တွေ ဖတ်ရတာ
    အိတ်ထဲ ပိုက်ဆံမရှိသူတယောက် သိပ်စားချင်တဲ့ ဒံပေါက်ဆိုင်ရှေ့ မှာ ရပ်ပြီး
    မစားရ ဝခမန်း အနံ့ရှုနေရသလို
    ပါပဲ

    • Foreign Resident

      April 24, 2015 at 7:06 am

      Alinn Z says:
      ” ပိုက်ဆံမရှိသူတယောက် သိပ်စားချင်တဲ့ ဒံပေါက်ဆိုင်ရှေ့ မှာ ရပ်ပြီး ”

      သူ ပြောတာနှင့်ဘဲ ၊ ဆက်ရေးရမှာတောင် တွန့်သွားဘီ ။
      ဗဟုသုတ မျှဝေတာပါကွယ် ။

    • naywoon ni

      April 24, 2015 at 11:00 am

      မစားရဝခမန်​း အနံ့ရှုလာပီး အိမ်​​ရောက်​​တော့ မှ ထမင်​းကြမ်​းခဲ စားလိုက်​ရတာ ပိုမြိန်​တာ​ပေါ့ကွယ်​ ။ တစ်​​နေ့​နေ့ တစ်​ချိန်​ချိန်​​တော့ ဖြစ်​လာဦးမှာပါ ။ အားမ​လျော့နဲ့ အလက်​ဇင်​းဒါး​ရေ 🙂

  • ခင်ဇော်

    April 23, 2015 at 2:46 pm

    ဟိ။
    ကိုယ်ပိုက်ဆံမကုန်ပဲ ကြည့်ရတာ တန်ထာ။
    ဒီတစ်ခေါက် ဘာ စားစရာမှ မပါပါလား

    :k:

    • Foreign Resident

      April 24, 2015 at 7:32 am

      ခင်ဇော် says:
      ” ဒီတစ်ခေါက် ဘာ စားစရာမှ မပါပါလား ”

      ဟုတ်ပါ့ ။ နောက်တစ်ခါ ဆင်ခြင်ပါ့မယ် ။

  • Mike

    April 23, 2015 at 2:59 pm

    .ကြည့်ကောင်းကောင်းနဲ့ကြည့်ပြီးငေးမောသွားပါတယ်…

  • မြစပဲရိုး

    April 24, 2015 at 2:31 am

    ကနေဒါ က ကျန်တဲ့ တိုင်းပြည်တွေ နဲ့ ယှဉ်ရင် လူမျိုးသိပ်မစုံသေးဘူး ထင်တယ်။ ထင်တာနော်။ မသိ။
    ကနေဒါ ရာသီဥတုက ဆောင်း ဆိုတအားကြမ်းတယ် ပြောတယ် ကိုပါ ရဲ့။
    ခရီးစဉ် တဝက်မှာ ကျွန်မတို့ ကို ပစ်မထားဘဲ ဆက်ခေါ်သွားလို့ကျေးဇူးပါ အဘဖော။
    မှန်ခင်းကြမ်း တွေပေါ်လျှောက်ရမှာ ခြေဖဝါးယား လိုက်တာ။

    BTW ဖုန်းပိတ်ထားတာ အတွက်လဲ ကျေးဇူးကြီးပါဘဲ။ :DDDD :))

    • Foreign Resident

      April 24, 2015 at 7:14 am

      မြစပဲရိုး says:
      ” BTW ဖုန်းပိတ်ထားတာ အတွက်လဲ ကျေးဇူးကြီးပါဘဲ ”

      အရီးလတ် လာတုန်းက ကျနော် ရန်ကုန်မှာ မရှိ ဖြစ်နေတာ ။

  • kai

    April 24, 2015 at 3:28 am

    ၁၉ရက်နေ့.. အယ်လ်အေသင်္ကြန်ကို.. ကနေဒါမှာအခြေကျနေတဲ့.. ဝမ်းကွဲမိသားစု.. ရောက်လာသဗျ..။
    အဲဒီမှာမွေးတဲ့..ကလေး၂ယောက်တောင်တော်တော်ကြီးကုန်ပြီ..။

    ကနေဒီယန်တွေအတွက်ကတော့.. ကနေဒါဆိုတာ.. ယူအက်စ်ပြည်နယ်တခုလို့.. လက်ခံထားကြပုံ..။
    တကယ်လည်း.. စာတိုက်ပို့ခ… ဖုံးဆက်တာကအစ.. နိုင်ငံခြားနဲ့မတူ…ယူအက်စ် ပြည်တွင်းဈေးတွေနဲ့သိပ်မကွာ..။

  • Ma Ma

    April 24, 2015 at 7:18 am

    ကိုယ်တိုင်သွားရင်တောင် သိချင်တာကို လိုက်စပ်စုနေရအုံးမှာ။
    ခုတော့ ထိုင်ရာကမထ သိလိုက်ရတာပေ့ါ။
    ကနေဒါက အချိန်အတော်များများ ရေခဲပြီး အတော်အေးတယ်ပြောတယ်။
    ံပုံတွေကြည့်ရတာတော့ သိပ်မအေးသလိုပဲ။

    • Foreign Resident

      April 24, 2015 at 7:29 am

      Ma Ma says:
      ” ပုံတွေကြည့်ရတာတော့ သိပ်မအေးသလိုပဲ ”

      ကျနော်တို့ သွားတဲ့ အချိန်က May လ လယ် ဆိုတော့ ၊
      သူတို့ဆီမှာ နွေ ရောက်နေပြီ မမ ရဲ့ ။
      အဲ့သဟာတောင်မှ နိုင်ယာဂရာ မှာ ရေခဲတုံးတွေ ရှိသေးလို့ ဆိုပြီး ၊
      ” Maid Of The Mist ” Boat မစီးလိုက်ရဘူး ။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    April 24, 2015 at 7:36 am

    ကနေဒါ အလည်ဗီဇာခက်လားအဘဖော၊
    ကျော်တို့ အနီစာအုပ်လေးတွေ သိပ်သိပ်မျက်နှာငယ်ရ တာဆိုတော့..
    လမ်းကြောင်းလေးဘာလေး … ပြပါလား အဘဖော..။ 🙂

    • Foreign Resident

      April 24, 2015 at 10:30 am

      စိန်ပလိန်တိန် မုန့်ကြိုးလိမ် says:
      ” ကနေဒါ အလည်ဗီဇာ ခက်လား အဘဖော
      ့ကျော်တို့ အနီစာအုပ်လေးတွေ သိပ်သိပ်မျက်နှာငယ်ရ တာဆိုတော့..
      လမ်းကြောင်းလေးဘာလေး … ပြပါလား အဘဖော ”

      အဘ တို့က ဩဇီက သံရုံးတွေမှာ လျှောက်တာ ဆိုတော့ ၊
      သူတို့က Visa ကို ပေးချင်တဲ့ စိတ် ( tendency ) ကိုက ရှိနေတာလေ ။
      ( ဩဇီမှာ တရားဝင်နေခွင့် ရထားမှတော့ သူ့ဆီ ဘယ်ခိုးနေပါ့မလဲ )

      ကိုရင်တို့ နီပွန် ကနေ လျှောက်ရင်လဲ လွယ်မှာပါ ။

      • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

        April 24, 2015 at 12:00 pm

        အာလီ့ဂတို့စ် ပါ.. အဘဖော..။
        tendency ရှိတဲ့ သံရုံးတွေ ရှာလိုက်ဦးမယ်.. 😳 😳
        အခု လာမယ့်..။ Golden Week ကို ဘယ်သွားရမလဲ ချောင်းနေလို့ဘာ.. :k:

  • manawphyulay

    April 24, 2015 at 1:35 pm

    ကနေဒါ မရောက်ဖူးပေမယ့် အကြောင်းစုံသိသွားရပြီ။ သိသွားတော့လည်း အရမ်းသွားချင်မိတယ်။

  • မြစပဲရိုး

    April 25, 2015 at 4:46 am

    အဘဖော လဲ ထိပ်တန်း ၁ဝ ထဲ ဝင်နေပြီဗျို့။
    တာဝန်ပိုကြီး လာတဲ့ သဘောဘဲ။ 😉 :))

Leave a Reply