ကိုယ်ချင်းစာတရား – နံပါတ် (၁)

၂၀၁၅ ၊ ဧပြီ ၂၃ရက် ၊ ကြာသပတေးနေ့

ညနေ (၆)နာရီ (၃၀)မိနစ်

မိုးတွေရွာတယ် …….

လျှပ်စီးတွေ လက်တယ်……

ပူပြင်းတဲ့အချိန်မှာ တောင့်တတဲ့အရာ

ချက်ချင်းဆိုသလို ရောက်လာတယ်။

စိတ်ထဲက……….တစ်ခဏ

နေ့တိုင်းလေး ဒီလိုလေးဆို ဘယ်လောက်ကောင်းမလဲ…..

စဉ်းစားလိုက်တယ်………..။

 

အတွေးက ဖျတ်ကနဲ ဖျတ်ကနဲ ဖျတ်ကနဲ

တစ်ဖက်က ခေါင်မိုးမလုံတဲ့ မိသားစုတွေကတော့……….။

အို……………….. အတွေးတွေ……အတွေးတွေ။

………………………………………………………..

ဒါဟာ………ကိုယ်ချင်းစာတရား…နံပါတ်(၁)။

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

 

ရင်နှင့်ရင်း၍

အောင်မိုးသူ

 

11 comments

  • Mike

    April 24, 2015 at 9:12 am

    .၂၀၁၅ ၊ ဧပြီ ၂၃ရက် ၊ သောကြာနေ့
    .ကြာသပတေးပါ ဆြာရယ် :))

  • ခင်ဇော်

    April 24, 2015 at 9:16 am

    မနက်က ဘေးတိုက်မှာ Hacking လုပ်သံ ဆူညံနေလို့ စိတ်မကြည် ရင်းက တွေးလိုက်မိတာ…..
    စစ်ပွဲထဲက အပြစ်မဲ့ ပြည်သူတွေ။

    😥

  • Mr. MarGa

    April 24, 2015 at 9:55 am

    မြင်ကွင်းထဲကို သိပ်ဝင်မလာတတ်တဲ့ အမှောင်ခြမ်းဘက်ကို သွားကြည့်လိုက်တိုင်း
    ဒါတွေအတွက်ရော ဘာလုပ်ပေးနိုင်လဲ…. ဆိုတဲ့အတွေး ခဏခဏထွက်တယ်
    (အထင်မကြီးနဲ့ အတွေးပဲထွက်တာ ကျန်တာ ဘာမှ မထွက်ဘူး :buu: )

    • naywoon ni

      April 24, 2015 at 11:38 am

      အုမာဃ ​တောင်​ အ​တွေး ပဲရှိတာလား ကျန်​တဲ့သူ​တွေ ဆိုဘယ်​လိုလုပ်​မလဲ 🙂

  • uncle gyi

    April 24, 2015 at 11:16 pm

    ဘာပြောပြောစာနာစိတ်ရှိတယ်ဆို
    ကောင်းတဲ့စိတ်ရှိတယ်ပြောရမယ်

  • Alinn Z

    April 25, 2015 at 10:15 am

    .ခေါင်းမိုးမလုံတာထက် အဆရာချီဆိုးတဲ့ ဘဝတွေ ရှိသေးတယ်. . .

    • အောင် မိုးသူ

      April 25, 2015 at 10:25 am

      ဟုတ်တယ် အဲ့လိုကျတော့်လည်း စိတ်ဓာတ်ကျနေတဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဖေးမမိပါရဲ့။

  • မြစပဲရိုး

    April 26, 2015 at 4:08 am

    ကိုယ်ချင်းစာစိတ်ရှိတာကောင်းပါတယ်။
    ဒါပေမဲ့ နေရာတိုင်း ကိုတော့ ကိုယ်ချင်းစာလို့ ရမယ် မထင်ပါ မောင်အောင် ရေ။
    ဘယ်လိုမျိုးလို့ မင်း ထင်သလဲ? :))

  • lu lu

    April 28, 2015 at 4:22 pm

    တချို ့အရာတွေက ကိုယ်တိုင်ခံစားခဲ့ဖူး မှ
    ပိုပြီးးစာနာ နားလည်တတ်မှာ
    🙂

    • အောင် မိုးသူ

      April 28, 2015 at 4:35 pm

      ဟုတ်တယ်။ ဒါပေမယ့်လည်း အချို့လူတွေဟာ သိသိကြီးနဲ့လည်း သူတစ်ပါးအပေါ်မကောင်းကြံတတ်ကြတယ်။

Leave a Reply