ငါးဒုက္ခ@ငါးရာဇဝတ်သား

Sine SantApril 24, 20151min31326

ငါးဒုက္ခ @ ငါးရာဇဝတ်သား
********************
သင်္ကြန် ရုံးပိတ်ရက်တွေမှာ ဘယ်မှမသွားဘဲ အိမ်မှာ နေရင်း မုန် ့တွေအဝအပြဲ လုပ်စားဖြစ်ပါတယ် ။ အဲ့ထဲမှာမှ အင်းသားရိုးရာ ငါးကြော် တွေလည်း သုံးရက် ဆက် တိုက်လောက်ကြော်စား လိုက်ကြတာ အနံ ့တောင်မခံချင် လောက်အောင် ဝ သွားတော့တယ် ။ အဲ့တုန်းကတော့ ဒီလိုငါးကြော် တနှစ်လောက်မစားလည်းနေနိုင် ပြီလို ့အသံကောင်းဟစ်ခဲ့ မိပါ ရဲ ့။ ခုတော့ ပြန်စားချင်လာလို ့စားတပုဒ်အနေနဲ ့လွမ်း လိုက်ပါတယ် ။
mrgreen
ငါးဒုက္ခ တနည်းအားဖြင့် ငါးရာဇဝတ် . .
ငါး ကြော် မယ်ဆိုရင် အလွယ်တကူ နဲ ့ပဲ လူတိုင်းကြော်တတ်ပါတယ် ။  တိုင်းရင်းသားလူမျိုးပေါင်း များစွာရှိတဲ့ အထဲမှာ အင်းသားလူမျိုးအကြောင်းကို နဲနဲပြောပြ ချင်ပါတယ် . . . အဟမ်းးးး
ရှမ်းပြည် တောင်ပိုင်း ,အင်းလေး ဒေသ မှာ နေထိုင်တဲ့ အင်းဆား (သူတို ့အခေါ် ) အင်းသားလူမျိုး တွေဟာ   ့ (အများအားဖြင့် ) ရိုးသားဖြူစင် ပြီး သူတို ့နဲ ့ ပေါင်းသင်းဆက်ဆံ တဲ့နေရာမှာ အရမ်းအဆင်ပြေ ပါတယ် ။  အင်းဆား လူမျိုးတွေမှာ သူတို ့ရဲ ့ကိုယ်ပိုင်စာ တော့မရှိပါဘူး ။ ရိုးရာယဉ်ကျေးမှု နဲ ့တေးဂီတ အနုပညာ တွေတော့ ရှိပါတယ် ။ သူတို ့ပြောတဲ့ စကားကတော့ မြန်မာ စကားကိုမှ တော်တော်ဝဲပါတယ် ။ နားမလည်နိုင်လောက်အောင်ဝဲ ပါတယ် ။
ဥပမာ- သား ဆို ဆား
– သွေး ဆို ဆွီး
စသည်ဖြင့် ပေါ့ ။  လုလု မိတ်ဆွေတစ်ယောက် ကပြောဖူးတယ် ” အင်းသားတွေဟာ မြန်မာစကားကိုမြန်မာ တွေနားမလည်အောင်ပြောတယ် ၊ ရိုက်ချင်အောင်ပြောကြတယ် ” တဲ့ ။
:kwi:
တကယ်လည်း ဟုတ်ပါတယ် ။
လုလုထင်တယ် အင်းသားတွေဟာ တော်တော် ကို ကိုးလို ့ကန် ့လန် ့နိုင်တယ် ကက်တီးကက်သပ် နိုင်တယ် လို ့။ (သူတို ့ကြားရင် လာရိုက် နေမလားမသိ)
သူ တို ့ရဲ ့ဘိုးဘေးစဉ်ဆက် နေထိုင်လာတာကိုက ရေကန် ထဲမှာ အိမ်ဆောက်နေ ကြတယ် ။ ငါးဖမ်းလှေငယ်တွေကို လက်နဲ ့လှော်လည်းရဲ ့သားနဲ ့ခက်ခက်ခဲခဲ ခြေထောက်နဲ ့လှော်ကြတာပါ ။ ဒါလည်းအကြောင်းရှိလို ့ဖြစ်မယ်ဆို ပြီးလေ့လာကြည့်တော့  အင်းသားတွေဟာ အရင်အချိန်တုန်းက ငါးဖမ်းခြင်းဟာ   ဲ အဓိက ့အသက်မွေး ဝမ်းကျောင်းလုပ် ငန်းဖြစ်တယ် လို ့ပြော ပြပါတယ် ။ဒါကြောင့် “အင်းသားသေ ငါးဖိန်း ,ငါးဖိန်းသေ အင်းသား ” ဆိုတဲ့စကားပုံပေါ်လာတာပါ ။ လှေကို ခြေထောက်နဲ ့လှော် တာ ဆိုလို ့ကမ ္ဘာပေါ်မှာ အင်းသားတွေပဲ ရှိမယ် ထင်ပါတယ် ။  အင်းသားတွေဟာ ဂီတ ကိုစွဲလန်းရူးသွပ်  ကြတဲ့သူတွေ ဖြစ်ပြီး ဒေါသ လည်းကြီးတတ်ကြပါတယ် ။
စကားပြောရင်ပွင့်ပွင့်လင်းလင်းနဲ ့တုတ်ထိုးအိုးပေါက် ပြောတတ်ကြတယ် ။  မျိုးချစ်စိတ်ဓာတ်လည်းအပြည့်ရှိကြပါရဲ ့ ။  အင်းသား ဆယ်ယောက်မှာ ကိုးယောက်လောက်က အရက်ကို စွဲစွဲလန်းလန်း သောက်ကြ ပါတယ် ။ လုလုတွေ ့ဖူးတဲ့အင်းသားတွေ ခေတ်မီ ပြီးအလုပ်အရမ်း လုပ်ကြ တယ် ။
အစားအသောက် တွေချက်ပြုတ်စားတဲ့နေရာ မှာလည်း စိတ်ရှည်လက်ရှည်နဲ ့အရသာရှိရှိ လုပ်စားတတ်ကြပြန်ပါတယ် ။
အင်းသားအစားအစာမှာဆို လုလု အကြိုက်ဆုံးက ငါးရံ  ့ဆေးခါးဟင်းရည် နဲ ့ ငါးဒုက္ခ ကိုပါ ။
😆
တကယ်တော့ လုလု အဓိကပြောပြချင်တာက ငါးဒုက္ခ@ငါးရာဇဝတ် လုပ်တဲ့ အကြောင်းကိုပါ ။ အင်းသားနဲ ့ငါးဒုက္ခ ဆိုတာ ခွဲလို ့မရတဲ့ အတွဲ တွေပါပဲ ။ အဲ့ဒါကြောင့် အင်းသားတွေအကြောင်းကို ပြောပြလိုက်တာ နဲနဲ ပေရှည် သွားတာကို ခွင့်လွှတ် ကြပါလို ့။
🙂
သင်္ကြန် အကြိုနေ ့မှာ လုလု တို ့ရဲ ့အသိ မိတ်ဆွေဖြစ်တဲ့အင်းသားဦးလေးတစ်ယောက် လက်ဆွဲခြင်းတွေနဲ ့အိမ်ကိုရောက်လာပါတယ် ။ ဘာတွေလည်း လို ့မေးတော့ ငါးဒုက္ခလုပ် စားကြဖို ့ဈေးသုံး (ဈေးဝယ် ) လာတာတဲ့ ။ သူ ့ဆွဲခြင်းထဲက ပစ္စည်းတွေ ထုတ်ကြည့် လိုက်တော့  . . .
ကြက်သွန်မိတ် = ၅ စည်း
လက်လေးလုံးစာလောက်ရှိတဲ့ ဂျပန်ငါး = ၆ ကောင်
အမွှေးနံ ့အတွက်သုံးဖို ့ဖက်ဖယ်ရွက် = ၃ စည်း
ဂျင်း = ၅ ကျပ်သား
ခရမ်းချဉ်သီး = ၃ လုံး
ကြက်သွန်ဖြူ = ၅ ကျပ်သား
ငရုတ်သီးစိမ်း နဲနဲ  (ကြိုက်ရင်ထည့်ဖို ့)
ဆနွန်း  = ၅ ကျပ်သား
ဆား (လိုအပ်သလောက်ထည့်ဖို ့)
အချိုမှုန် ့အနည်းငယ် . .
သံပရာသီး = ၂ လုံး
ကဲ ချက် ကြမယ် ဆိုတော့. . .
အင်းသားဦးလေး ခိုင်းတာတွေကို လုပ်ပေးရပါတယ် (သူ က ဘိုကတော်ဟင်းချက်နည်း နဲ ့ချက်တာ )
အရင်ဆုံး သူ က လုလု တို ့ကို ငါးရဲ ့ဗိုက်ထဲ အစာသွပ် ဖို ့ခရမ်းချဉ်သီး ၊ ဖက်ဖယ်ရွက် နဲ ့ကြက်သွန်မိတ် ကို ပြားပြား လှီး ခိုင်းတယ် ၊ ဂျင်း ကိုထောင်းပြီးအရည် ညှစ် ခိုင်းထားတယ် ၊ ကြက်သွန်ဖြူ နဲ ့ငရုတ်သီးနဲနဲကို ထောင်းခိုင်းထားတယ် အားလုံးပြီးရင် ဒယ်အိုးထဲက ဆီ ပူ ပြီ ဆိုရင် ခုန ထောင်းထားတဲ့ကြက်သွန်ဖြူကို ထည့် ၊  ပါးပါးလှီးထားတဲ့ ခရမ်းချဉ်သီးနဲ ့အရွက် တွေကိုထည့် ဆား အချို မှုန် ့ လိုအပ်သလောက် ခန် ့မှန်းပြီးထည့် ပြီး ကျက်သွားတဲ့အထိ ချက် ခိုင်းပါတယ် ။ အရွက်တွေ ညိုးကုန်တဲ့အထိ ချက် ရပါတယ် ။သူ ကတော့ ငါးကိုင်ပါတယ် ။ သူငါးကိုဘယ်လိုလုပ်သလဲ ဆိုတော့ ငါးရဲ ့အကြေးခွံ နဲ ့ဆူးတောင်တွေကို ချွတ် တယ် ။ ပြီးရင် ့ငါးရဲ ့တဖက်တချက် ကို ဓားနဲ ့နှစ်နေရာ သုံးနေရာလောက် မွှန်း လိုက်ပါတယ် ။နှယ် တဲ့အခါ ငါးအသားထဲကို အရသာ တွေဝင်အောင် လို ့ပါ ။ နောက်. . .ငါးရဲ ့ကျောဖက် ခေါင်းကနေ အမြီးပိုင်းထိ ထက်ခြမ်း ခွဲလိုက်ပါတယ် ဗိုက် ဖက်က အခြမ်းကိုတော့ ကွဲမသွားအောင် သတိထားရပါတယ် ကျောဖက်ပဲခွဲတာပါ ။
ငါးရဲ ့အူတွေ အညစ်အကြေးတွေကိုသေချာ ဆေးကြော သန် ့စင် ပြီးရင်တော့ သံပရာရည် ၊ဂျင်းရည် ၊ ဆား နဲနဲ ထည့်ပြီး သမ အောင်နှယ် ပါတယ် ၊ပြီးရင် ဆနွန်းနဲ ့နဲ ့ငါးတကိုယ်လုံးကို သုတ်လိမ်းထားလိုက်တယ် ။
ငါးကိုင် လို ့ပြီးသွားပြီ ဆိုရင် ခုနက ချက်ထားတဲ့ အစာ တွေကို ငါးဗိုက်ထဲ သွပ် ထည့်ပြီး နှီးကြိုးနဲ ့ချည် ပါတယ် ။ နှီးနဲ ့ချည် ထားတာက ငါးဗိုက်ထဲက အစာ တွေထွက်ကျမသွားအောင် လို ့ပါ ။ အဲ့လိုကြိုးနဲ ့ချည်ထားလို ့ ငါးရာဇဝတ်သား လို ့ခေါ် တာပါ ။
ရှိသမျှငါးတွေ အားလုံး ဗိုက်ထဲအစာ သွပ်လို ့ပြီးပြီဆို ရင်တော့ ဆီများများထည့်ပြီး အပူပေးထား တဲ့
ဒယ်အိုးထဲ ကို ငါးတစ်ကောင်ချင်းစီကို ဖြည်းဖြည်း လေး ထည့်ကြော် လိုက်ရုံ ပါပဲ ။ သာမန် ငါးကြော်သလို ကြွပ် ရွနေအောင် ကြော် ထားလိုက်ပါတယ် ။  အစားပုတ်ရင်အလုပ်ကြာ တယ် ဆိုတာ တကယ်မှန်ပါတယ် ။
အချိန်မအားတဲ့နေ ့တွေဆို ဒီလိုဟင်းမျိုး စားချင်လို ့အိမ်မက်တောင်မမက်နိုင် ပါဘူးးးး ။
တယောက်က ငါးကြော်နေတဲ့ အချိန်ကျန်တဲ့ သူတွေကတော့ ကိုယ့်ကြိုက်တဲ့ အရည် တွေ သွားဝယ် နေပါပြီ ။ အစားအသောက် ဆိုတော့လည်း သောက်စရာ တခုခု ပါမှ စားသောက်ဝိုင်းက ပိုပြီးသာယာစိုပြေ တယ်မဟုတ်ပါလားးး ။
:kwi:
ကဲ ငါးတွေအကုန် ကြွပ်ရွ နေအောင်ကြော်ထားပြီးတာတောင် စားလို ့မရသေးဘူးတဲ့ အဲ့ ငါး တွေကို ရေ နဲနဲ နဲ ့ပြန် နပ်ရ ပါသေးတယ်  (ပြောပါတယ် အင်းသားတွေကနဲနဲလည်း အရစ်ရှည် ရမှ )၊ ဆယ် မိနစ် လောက် နပ်ပြီးရင်တော့ မွှေးကြိုင်ပြီး အရမ်းအရသာရှိတဲ့ ငါး ဒုက္ခ @ ငါးရာဇဝတ် ဟင်းကို မန်ကျည်းအချဉ်ရည်ကောင်းကောင်းနဲ ့အရသာခံစားလို ့ရပါပြီ ။  ဒါဟာ အရိုးရှင်းဆုံး င်းသားအစားအစာ ဖြစ်ပါတယ်  ။
🙂
အလုပ်နားချိန်မှာ မိတ်ဆွေတွေနဲ ့ကိုယ့်အိမ်မှာပဲ မုန် ့တွေလုပ်စား တာဟာ ခင်မင်ရင်းနှီးမှုကို ပိုပြီးတိုးတက်ခိုင်မာ လာစေတာက မောရမှန်းတောင် မသိ အောင်ပါပဲ ။ စိတ်လည်းချမ်းသာတယ် ဗိုက်လည်းပြည့်  တယ် လေ ။  အဲ့လို ဟင်းမျိုးပဲ သုံးရက်ဆက်တိုက် လောက်
စားလိုက်ရတော့ နောက်ထပ် မမြင်ချင် လောက်အောင် အီဆိမ့် သွားခဲ့တယ် ဒါပေမယ့် လေ အခု ပြန်စားချင် နေပြီ ။
ဆေးခါဟင်းလေးသောက်လိုက် ငါးဒုက္ခလေးစား လိုက်နဲ ့ဘဝရဲ ့သောက တွေကို ခဏလေး တော့မေ့ သွားမိတာ အမှန်ပါပဲ ။

 

 

received_1623178017893832

 

 

 

 

 

 

 

 

 

 

 

 

 
:mrgreen:

 
LuLu.
24.4.2015

26 comments

  • Mr. MarGa

    April 24, 2015 at 7:16 pm

    ပုံထည့်မထားလို့ တော်သေးရဲ့
    မဟုတ်​ရင် ရေးထားတာကိုဖတ်ပြီး တဂွီဂွီဖြစ်နေချိန် ပုံပါတွေ့ပြီး ရောဂါပိုတက်​နိုင်​ရဲ့
    :k:

    • lu lu

      April 24, 2015 at 7:56 pm

      စိတ်ပူနဲ ့ပုံ ထည့် ပေးဖို ့ကြိုးစားနေပြီ
      🙂

      • Mr. MarGa

        April 25, 2015 at 9:51 am

        တော်သေးရဲ့ ဗိုက်ဆာချိန်မဟုတ်လို့ 🙂

  • ခင်ဇော်

    April 24, 2015 at 7:30 pm

    ဪ ငါးး ဒုက္ခ ဖတ်ရင်းးး
    စားးချင်လာတာ
    ငါ့ ဒုက္ခ ပါတကားးးးးးး
    :byee:

  • Wow

    April 24, 2015 at 7:53 pm

    ကြောင်ရီးတွေ့ရင် စားချင်သီ ပြောအူးမှာပဲ :mrgreen:

  • Alinn Z

    April 24, 2015 at 8:30 pm

    ဟိုနေ့က ဟိုဂလုထဲ…. အဲ့ ငါးဒုက္ခဆိုတာကြီး ပုံလာပြကတည်းက.. အံ့အောပြီး…မေးနေမိသေး…
    အဲဒီပုံထဲက ငါးတွေကို ကြည့်ပြီး… စားချင်သလိုလို မစားချင်သလိုလို ဖြစ်နေတာ…

    :k:

    လူဒုက္ခ ဆိုပြီး ဖွေးဖွေးကို ကြော်စားလိုက်ရ…

    :k:

    • lu lu

      April 24, 2015 at 8:49 pm

      စားရဲ လို ့လားးး

      • Alinn Z

        April 24, 2015 at 8:59 pm

        .ဖွေးဖွေးဆိုရင်တော့..အစိမ်းလိုက်လေးသာ…စားချင်သာ….

  • မဟာရာဇာ အံစာတုံး

    April 24, 2015 at 8:59 pm

    ဒီငါးဟင်း ကို ကြားဖူးဒယ် ..
    စားတော့ စားဖူးဘူး …
    မိန်းမ ရမှဘဲ .. ချက်ကျွေးဖို့ ပြောရဒေါ့မယ် ..

  • lamin ngel

    April 25, 2015 at 12:49 am

    ရှမ်းအစားအစာအကုန်ကြိုက်တယ်။အင်းသားသူငယ်ချင်းရောအင်းသူသူငယ်ချင်းလဲရှိခဲ့ရတော့အင်း
    စာတွေစားဖူးခဲ့ရတယ်။ငါးဒုက္ခတော့မစားဖူးသေးဘူးကြားပဲာကြာဖူးခဲ့တာ။အင်းထဲသွား
    လည်မှလုပ်ကျွေးခိုင်းရမယ်။ဗဟုသုတရလို့ကျေးဇူးပါ။ဟင်းခါးတော့အကြို့က်ဘူး။ခ်းလို့။အဟိ

    • lu lu

      April 25, 2015 at 9:17 am

      အင်းထဲ မှမဟုတ်ပဲ အိမ်မှာ ကိုယ်တိုင်လည်း လုပ်စားလို ့ရပါတယ်
      ငါးနဲ ့အရွက် တွေပဲ အဓိက လိုအပ်တာလေ
      🙂

  • Ma Ma

    April 25, 2015 at 6:25 am

    မြစ်ဝကျွန်းပေါ်သားတွေရဲ့ ငါးတုတ်ကြော်နဲ့ဆင်တယ်ပြောရမယ်။ 🙂

    ငါးတုတ်ကြော်ဆိုတာက………..
    ၁။ ငါးရံ့ကို ခေါင်းဖြတ် ကလီစာထုတ် သန့်စင်ပြီးတော့ အကောင်လိုက်ကို အသားကြေသွားအောင် အနယ်းငယ် ထုပြီး ဆား၊ ဆနွင်းနယ်တယ်။ (အချိုမှုန့်စားရင် ထည့်ပေ့ါ။)
    ၂။ ပြီးရင် ကြက်သွန်ဖြူ နီ ငရုတ်သီး စပါးလင် ဂျင်းကို ဆားနဲ့ရောထောင်းထားတာကို ဗိုက်ထဲအစာသွပ်၊
    အစာသွပ်ထားတဲ့ငါးကို အပေါ်ကနေ စပါးလင် အဖျားပိုင်းနဲ့ချည်၊
    ၃။ ဆီများများမှာ မီးအေးအေးနဲ့ ကြွပ်အောင်ကြော်။
    ရှယ်ပဲ။ 🙂

  • အောင် မိုးသူ

    April 25, 2015 at 9:10 am

    စားဖူးတယ် ငါးဒုက္ခမှန်းတော့မသိဘူး။ အဲ့လိုထပ် ငါးသံပုရာပေါင်းတို့ တံငါသည်ဟင်းတို့ ပိုသဘောကျမိတယ်။ အဲ့လိုငါးကိုကြေ်ာပြီး အနှစ်နဲ့ပြန်ဖုံးတာရှိသေးတယ်နော်။ ပင်လယ်စာကတော့ အကုန်ကြိုက်တယ်။

  • မြစပဲရိုး

    April 25, 2015 at 5:28 pm

    . တောင်ကြီးမှာတုန်းက ငါးဖိန်း ချက်ကျွေးတုန်း က “အင်းသားသေ ငါးဖိန်း ,ငါးဖိန်းသေ အင်းသား ” အဲဒီ စကားကြားပြီး မစားချင်ခဲ့ဘူး။
    အခုတော့ ငါး ဆိုရှားလွန်းလို့ ဘာဖြစ်ဖြစ် စားချင်နေတော့တာဘဲ။
    ဒါ့ပုံကြည့်ပြီး စားသွားတယ်။
    ကျေးဇူးဘဲ လုလုရေ။ :))

    • lu lu

      April 25, 2015 at 6:39 pm

      ဟီးးဟီးး ခုလို ဒါ့ပုံကိုလာစားပေးသွားတဲ့အတွက်လည်း
      ကျေးဇူးပါ အရီးခင် ရေ
      🙂

  • Courage

    April 25, 2015 at 9:05 pm

    ဟင်းတွေထဲမှာ အဲ့ ဒုက္ခ အမည်ခံထာတဲ့ ငါးဒုက္ခတို့ အမဲဒုက္ခတို့ဆို အရမ်းကြိုက်။
    ငယ်ငယ်က စားခဲ့ဖူးတဲ့ ဟင်းလေးတွေကို ပြန်သတိရမိလို့ ကျေးဇူးပါ။

    • lu lu

      April 26, 2015 at 9:02 am

      လူ တွေကလည်းး ဒုက္ခဆို အတော်ကြိုက်ကြတဲ့ပုံပဲ
      အစားအသောက်ကိုတောင် ဒုက္ခ လုပ်ပြီးစားကြတာ
      :kwi:

  • lu lu

    April 26, 2015 at 9:04 am

    လူ တွေကလည်းး ဒုက္ခဆို အတော်ကြိုက်ကြတဲ့ပုံပဲ
    အစားအသောက်ကိုတောင် ဒုက္ခ လုပ်ပြီးစားကြတာ
    :kwi:

  • ဦးကြောင်ကြီး

    April 27, 2015 at 2:24 am

    လူ့မကို အဲလို ဆားခြင်လိုက်ထှာ…

  • Mike

    April 27, 2015 at 1:50 pm

    .ငါးဒုက္ခ…စားကောင်းမဲ့ပုံပဲ
    .ငါးဖိန်းတော့စားဖူးတယ်…

  • Ma Ei

    April 27, 2015 at 3:13 pm

    သေပီးငါးကတော့ ဒုက္ခရောက်မရောက်မသိ
    ချက်ရတဲ့သူတော့ အတော်ဒုက္ခများတယ်နော်…
    အဲ့လို အလုပ်ပိုလေးတွေ လုပ်ရလေ..
    စားကောင်းလေ…

    • lu lu

      April 27, 2015 at 4:37 pm

      ဟုတ်ပါ့ တနေ ကုန်တဲ့ ဟင်း
      စားချင် လို ့သာ ပေါ့ တကယ် အလုပ်ရှုပ်တယ်
      🙂

  • naywoon ni

    April 29, 2015 at 9:32 pm

    ငါးဒုက္ခ ဆိုလို့ ပုဒ်​မ ၅ လား ဘာလား​ပေါ့ ။ ဖတ်​စကလည်​း အင်​း ပုတ်​မ ၅ ​တော့ မဟုတ်​ဖူး ​ပေါ့​လေ ။ အဲ့ ငါး ဒုက္ခ ဆိုတာကို ငါးခူတို့ ငါးရံ့တို့လို ငါးပဲလား ဘာလား ညာလားနဲ့ ပြီး​တော့မှ ငါးအဆာသွတ်​ကို​ပြောတာကိုး ။ အဆာသွတ်​​ကြော်​ကို အလုပ်​ရှုပ်​လို့ လုပ်​မစားဖြစ်​ဖူး ။ ငါးဖုတ်​​တော့ အရက်​နဲ့ မြည်​းဖူးတယ်​ ။ ​ချောင်​းနံ​ဘေးမှာတင်​ ဖမ်​းမိလာတဲ့ ငါးလတ်​လတ်​ဆတ်​ဆတ်​ကို ရွံ့နဲ့အုံပြီး မီးဖိုနဲ့ ဖုတ်​တာ ။ ရွံ့​တွေ​ခြောက်​သွားတာနဲ့ ရွံ့​တွေ​ပြောင်​​အောင်​ခွာ အ​ပေါ်ယံက ငါးအ​ကြေးခွံက ရွံ့နဲ့ကပ်​ရက်​ပါသွား ။ သံပုရာရည်​​လေးညှစ်​ပြီး စားရတာ ။ အဲ့ မြည်​းရတာ တစ်​ကယ်​​ကောင်​း 🙂

    • lu lu

      May 7, 2015 at 8:59 am

      ကျန်းးးးးးးးး
      ဒါလည် ဒုက္ခ တမျိုးပဲ အဘနီ
      အဲ့ ရွံ ့ကို ဘယ်မှာ သွားရှာရ မလဲ
      ဘယ်လို ဗွက် အဲ ဘယ်လို ရွံ ့လဲ
      ပြောအူးးးး
      :kwi:

Leave a Reply