( ပိတောက်မြင်လေတိုင်း )

ပိတောက်တွေဝေ

နွေဆိုတာကို နူတ်ဆက်ခါနီး

အထီးကျန်ခရီးက မပြီးနိူင်

ယိုင်တိုင်တိုင်အတွေးတွေကြား

အမေ့သား ဘာမှားလို့ အဖော်မဲ့

ပြောလှည့်ပါလား အမိမာတာ ၊

20150427_083011

18 comments

  • lu lu

    April 27, 2015 at 4:40 pm

    တစ်ယောက်တည်းနေ တစ်စိတ်တည်းထား တတ်အောင်
    နေမှာပေါ့ နော်
    🙂

  • အောင် မိုးသူ

    April 27, 2015 at 4:44 pm

    အရှုပ်ထဲက ရှင်းအောင်နေ။ တစ်ယောက်တည်းနေ တစ်စိတ်တည်းထား။ အကောင်းကံချစ်မှ အချစ်ကံကောင်းမယ်။ တရားစာအုပ်နာမည်လေးတွေ။ ဒါပေမယ့် အဓိပ္ပာယ်ရှိ။

  • မဟာရာဇာ အံစာတုံး

    April 28, 2015 at 12:04 am

    အချိန်လွန်မှ ပိတောက်ပွင့်
    ဒီခေတ် ဒီစနစ်
    သံယောဇဉ် မရစ်
    လံကော အပြစ်
    နောင်အဖြစ်ရလေအောင်
    တရားကို ဆောင် ……
    . နောင် .. နောင် .. နောင် … [ဇီးသီး .. ဗျို့ …]

  • မြစပဲရိုး

    April 28, 2015 at 12:30 am

    ဒီလောက် အဖော်တွေ အိမ်မှာ အပြည့်ကို လောဘ မကြီးနဲ့ လေ ကိုမျိုး ရဲ့။
    ကျွန်မ ကတော့ ဘာလို့လဲ မသိ။ “ပိတောက်” ကို ရင်မခုန်။ :-))

    • တောင်ပေါ်သား

      April 29, 2015 at 12:53 pm

      လောဘမကြီးပါဘူး အရီးရယ်

      ကဗျာ လို့ပဲ သဘောထားပါနော့

      အရီးက ဘာပန်းကိုမှ ရင်ခုန်တာလဲဟင် ?

      ဟီး ဟီး စတာ 🙂

  • Ma Ei

    April 28, 2015 at 9:42 am

    မနေ့က တစ်မြို့လုံး ပိတောက်ပွင့်တွေနဲ့
    ဒီနေ့တော့ ပွင့်ကြွေတွေ မြေပြင်မှာပြန့်ကျဲ
    အလှဆိုတာလဲ တခဏပါဘဲမို့ ကိုမျိုးရေ…
    သတိသံဝေဂ …ရ
    🙂

    • တောင်ပေါ်သား

      April 29, 2015 at 12:54 pm

      မမြဲသောတရားပါလား လို့ မှတ်ရူရင်း

  • ခင်ဇော်

    April 28, 2015 at 11:32 am

    မနာလိုလို့ ဒီနေ့မှ လာမန့်တာ။
    ဘာပုရဲ??

    :k:

    • တောင်ပေါ်သား

      April 29, 2015 at 12:56 pm

      ဘုကိုစိတ်တိုနေသတုန်းဗျ 😛

  • Alinn Z

    April 28, 2015 at 11:49 am

    ပိတောက် မြင်လေတိုင်း… သူငယ်ချင်းဖြစ်သူ.. စိုးမိုး(ကာရံ) ကို သတိရတယ်.
    သူ့ ချစ်ချစ်နာမည်က ပိတောက် လေ…

    :k:

  • Ma Ma

    April 28, 2015 at 3:31 pm

    ပိတောက်ပန်းကတော့ တစ်နှစ်မှတခါပွင့်ခဲတာမို့ ပွင့်တယ်ဆိုတာနဲ့ တနည်းနည်းနဲ့ ပတ်သက်ချင်တာ။
    မနေ့ကတော့ ပျိုပျိုအိုအို ကြီးကြီးငယ်ငယ်တွေ ပိတောက်ပန်းတဝေဝေနဲ့ လှနေကြရောပဲ။ 🙂

  • kai

    April 28, 2015 at 3:50 pm

    မကြာခင်.. ဂျပန်မှာ ဟနမိ.. ဆကူရာတွေပွင့်တာသွားကြည့်ကြတဲ့ပွဲတော်တွေလာတော့မယ်..။
    သူတို့ ဆကူရာ(ချယ်ရီ)ပန်းတွေ.. တပင်လုံးဝေအောင်ပွင့်.. ပြီးတော့ ပြန်ကြွေတာကို.. အောက်မှာအခင်းလေးတွေခင်းထိုင်.. တနေ့လုံးမိတ်ဖွဲလက်ဆုံစားကြသောက်ကြ.. နေတတ်ကြတယ်ဗျ..။

    အဲဒါ.. အခုတော့ တကမ္ဘာလုံးရဲ့..တိုးရစ်စွဲဆောင်ရာကြီးဖြစ်နေတာမို့.. ယူအက်စ်မှာလည်း.. လူတွေ ဂျပန်က.. ဟနမိသွားဖို့.. ပြင်နေကြတာတွေ့ရပါတယ်..။

    ဗမာတွေလည်း.. ပိတောက်ပန်းကြည့်ပွဲမလုပ်သင့်ကြဖူးလား..လို့..
    ပိတောက်ကတရက်နဲ့ကြွေတာ.. မကြီုက်ရင်လည်း.. ငုပန်းနဲ့..တွဲပေါ့..။

    ပန်းပွင့်နေတဲ့.. ပိတောက်ကိုင်းကိုဖျောင်းကနဲ့ချိုး.. ဘုရားတင်တာက… ကုသိုလ်ရမယ်ဆိုတဲ့..စိတ်ကြီးတွေနဲ့.. ဖြစ်ပါ့မလား…တွေးနေမိ..။ :kwi:

    • အောင် မိုးသူ

      April 28, 2015 at 4:01 pm

      အခုဆို မြန်မာမာ ပန်းငုချယ်ရီရှိတယ်လေ။ ဖွားဖက်တော်ပန်းတဲ့ ပြီးတော့ အချို့တွေက အညာချယ်ရီလို့လည်း ခေါ်ကြသေးတယ်။ ပန်းငုချယ်ရီကိုလည်း အဲ့လိုလုပ်ရင်ဖြစ်တာပဲ။

  • manawphyulay

    April 30, 2015 at 10:38 am

    အထီးကျန်တစ်ဦးရဲ့ နွေအကုန်နှုတ်ဆက်သည့် ခရီးပေါ့လေ…

  • naywoon ni

    April 30, 2015 at 11:36 am

    ကွကို အ​ဖော်​မဲ့တာ ဘယ်​နဲ့ မာတာမိခင်​ကို ဆွဲထည်​့ရသလဲကွယ်​ ။ ​ကျေးငှက်​က​လေး​တွေ​တောင်​ သူ့ဖာသူပဲအ​ဖော်​ရှာတာ ။ ဘယ်​သူ့မှအားမကိုးပါဘူး 🙂

    • တောင်ပေါ်သား

      May 23, 2015 at 2:16 pm

      မဟုတ်ရပါဘူး အဘနီရယ်

      အမေ့ကို မေးကြည့်တာပါဗျာ 🙂

Leave a Reply