နားစွန်နားဖျား ရပ်ကွက်…။ (April’ 2015)

black chawApril 28, 20155min69376

ထုံးစံအတိုင်း ဒီတစ်လလည်း
တတ်နိုင်သလောက် ပြောလို့ဆိုလို့ ကောင်းမယ့် သတင်းလေးတွေ
စုစည်းတင်ပြလိုက်ရပါတယ် ခင်ဗျာ…။

 

ရုပ်ရှင် သရုပ်ဆောင် အောင်ရဲလင်း ရဲ့ လက်ရှိဆံပင်ပုံစံက ကတုံးကေ ဖြစ်ပြီး
လာမယ့် မေလပိုင်းလောက်မှာ
နောက်ထပ် ပုံစံ တစ်မျိုး ထပ်ပြောင်း သွားဖို့ ရှိတယ်လို့ သိရပါတယ်…။

တချို့ က ပုံစံ အမျိုးမျိုး ပြောင်း မှ ကြိုက်တယ် ဆိုလား…။

ဆံပင် ပုံစံ ကို ပြောတာနော်…၊

ဟိုလျှောက်တွေး ဒီလျှောက်တွေး တွေ တွေးကြပါနဲ့…ဟေး..ဟေး..။

 

ဆရာမ ဝင်းဝင်းလတ် ရဲ့ အချစ်ရဲ့ နောက်ဆက်တွဲစာမျက်နှာ ဝတ္ထုကို

စကိုင်းနက် ရုပ်သံအတွက် ဒါရိုက်တာဝိုင်းက  ဇာတ်လမ်းတွဲအဖြစ် ဖန်တီး သွားမယ်လို့ သိရပါတယ်…။
အဓိက သရုပ်ဆောင်တွေ အဖြစ် နိုင်းနိုင်း နဲ့ စိုးမြတ်သူဇာ တို့က ပါဝင်
သရုပ်ဆောင်သွားကြမယ်လို့ သိရပြီး
စိုးမြတ်သူဇာ တစ်ယောက် အဲဒီ ဇာတ်လမ်းတွဲအတွက်
ကိုယ်အလေးချိန်လျှော့ချလျက်ရှိကြောင်း သိရပါတယ်…။

ဝတ္ထုကို အစွဲကြီး စွဲခဲ့ကြသလို

ရုပ်သံဇာတ်လမ်းကို အစွဲကြီး စွဲကြပါ့မလား

ပရိသတ်တွေက စိတ်ပူလျက်ရှိနေပါတယ် ကိုဝိုင်းရေ…။

 

 ရော့ကာကြီး ဇော်ဝင်းထွဋ်က သင်္ကြန် လမ်းမကြီးဘေးမှာ ဖျော်ဖြေတာမျိုးတွေ
မလုပ်ချင်တော့ဘူးလို့ ဆိုလာပါတယ်…။
 မနှစ်က မြိုင်ဟေဝန် ပန်းခြံထဲမှာ ဖျော်ဖြေခဲ့ပြီး ပြည်လမ်းကိုတော့
ငြီးငွေ့ လာပါပြီ တဲ့…။
 ဒီနှစ်လည်း လင်းလင်း၊ ချစ်သုဝေ၊ ဂျီလတ်၊ ဘိုဘို တို့နဲ့ အတူ
ချောင်းသာမှာ ဖျော်ဖြေခဲ့တယ် လို့ သတင်းရရှိပါတယ်ဗျာ…။

ဇော်ဝင်းထွဋ် က မြို့ပြကို ငြီးငွေ့လာသလို

မြို့ပြကရော ဇော်ဝင်းထွဋ်ကို ငြီးငွေ့ လာတာရော မဖြစ်နိုင်ဘူးလား ဗျာ…။

 

 နှင်းဆီလှိုင်းများ စီးရီးနဲ့ အောင်မြင်ခဲ့ဖူးတဲ့ အဆိုတော် ရဲသွင် ကို
ခင်ဗျားတို့ မှတ်မိကြဦးမှာပေါ့…။
 စပေါ်ကာစက ဇော်ဝင်းထွဋ် နဲ့ တစ်သံတည်းလို ထင်ခဲ့ရပေမယ့် နောက်ပိုင်း
ကိုယ်ပိုင် အသံနဲ့
 ဟန်ကို ထူထောင်နိုင်ခဲ့တဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်…။
 ငုတ်ကောင်ဖြစ်နေခဲ့ရာကနေ ပြီးခဲ့တဲ့ စောဘွဲ့မှူး အမှတ်တရ ရှိုးမှာ
သီချင်းတစ်ပုဒ် ဝင်ဆိုသွားခဲ့တာကို
 တွေ့ခဲ့ရပါတယ်…။
 မကွေးတိုင်း မင်းလှမြို့မှာ စားသောက်ဆိုင် နဲ့ စင်တင်တေးဂီတ ကို
လုပ်ကိုင်နေပါတယ်တဲ့…။
 ၂၀၁၆ မှာ အနုပညာ သက်တမ်း ၂၅ နှစ်ပြည့် လိုက်ဖ်ရှိုး ကို အင်ပါယာတေးဂီတ
နဲ့ တွဲဖက်ကျင်းပသွားမယ်လို့
 ဖွင့်ဟ ပြောကြားလာပါတယ်…။

 

ကိုဇော်သစ် ရဲ့ မာစတာပိစ် လို့ ပြောရမယ့် စွန့်စားမယ့် အချစ် သီချင်းလေးကိုတော့

အလွမ်းသားဗျ…။

 

စူပါဝမ်း ကုန်တိုက်ပိုင်ရှင် ဒေါ်စန်းစန်းရီ က မြန်မာပြည်သိန်းတန်ကြီး
အသက်ကြီးသွားတာ နှမြောတယ်လို့
 ပြောကြားလာပါတယ်…။

ပြီးခဲ့တဲ့ မြန်မာပြည်သိန်းတန်ကြီးရဲ့ ချစ်ရီးဇား 5 ရှိုးရဲ့ အဓိက စပွန်ဆာဟာလည်း
 စူပါဝမ်းကုန်တိုက် ဖြစ်ပါတယ်…။
မြန်မာပြည် သိန်းတန်ကို ချစ်ကြသူများ စူပါဝမ်းမှာ ဈေးဝယ်ကြပါဗျာ…။

 

Miss ထားထက်ထက် က
 ကျောင်းသားတွေကို အကြမ်းဖက် နှိမ်နင်းတာတော့ လုံးဝ လက်မခံပါဘူး။
 အဲဒီလုပ်ရပ်ကို ဆန့်ကျင်ပါတယ်
 လို့ ထုတ်ဖေါ် ပြောကြားလိုက်ပါတယ်…။

အဲ့ဒီလို များများပြောပေးကြစမ်းပါဗျာ…။

 

ထူးအယ်လင်း နဲ့ ကွာရှင်းလိုက်ပြီး ဖြစ်တဲ့ မီးမီးခဲက သူမတို့ ရဲ့
သမီးလေးနဲ့ ဖခင်ဖြစ်သူတို့ တွေ့ဆုံမှုနဲ့ ပတ်သက်ပြီး
 သမီးကို ဥပဒေက သတ်မှတ်ထားတဲ့ အတိုင်းပဲ ပေးတွေ့ပါတယ်…။

တခြား အချိန်တွေမှာတော့  ပေးမတွေ့လိုပါဘူး
 လို့ အင်တာဗျူးတစ်ခုမှာ ပြောကြားသွားပါတယ်…။

ကိုယ်ပေးသော်လည်း ပေးတိုင်းပြန်မရတာ အချစ်လို့ ခေါ်သလားလို့သာ

မေးလိုက်စမ်းပါ ထူးအယ်လင်းရေ…။

 

 အဆိုတော် တွေ ရုပ်ရှင် ရိုက်တာ အထူးအဆန်းမဟုတ်တော့ တဲ့ ခေတ်ကြီးထဲမှာ
 ၂၁ နှစ် ရှိပြီလို့ အတိအလင်း ကြေညာထားတဲ့ Bobby Soxer ထက်ထက် တစ်ယောက်
 မင်းသမီးလုပ်လာတာကို တွေ့ရပါတယ်…။
 မင်းသားလူမင်း နဲ့တွဲဖက်လို့ အာရွှီးတဲ့ ကိုကို ဆိုတဲ့ ဇာတ်ကားလေးကို
ချစ်တဲ့ မျက်စိနဲ့ ကြည့်ပေးကြမယ်ဆိုရင်ဖြင့်
 အဆင်ပြေမှာပါ လို့ ထက်ထက် လေးက ဆိုလာပါတယ်…။
ပြောတတ်လိုက်တာနော်…။

 

၁၉၉၅ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကိုမောင်မောင် (မဉ္ဖိမလှိုင်း) ရဲ့
 အနှစ် ၂ဝ မြောက် အလွမ်းပွဲကို စစ်ကိုင်း ချောင် တစ်ခု မှာ ကျင်းပခဲ့ကြပါတယ်…။

 သေသောသူ ကြာရင်မေ့ ဆိုတဲ့ စကားကတော့ဖြင့် ကိုမောင်မောင်တို့လို အနုပညာ
သမားတွေအတွက်
 မမှန်ပါဘူးလို့ ဇောဒက တက်ချင်မိပါတယ်ဗျာ…။
 ကိုမောင်မောင် ကောင်းရာသုဂတိမှာ ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ…။

 

ဆံပင် ပုံစံ အသစ် လေး နဲ့ လန်းနေတဲ့ အေးမြတ်သူလေးတစ်ယောက် အခုတလော ပရဟိတ
အလုပ်တွေဘက် အားပါနေတာကို သတိထားမိပါတယ်…။
 ကွမ်လုံမြို့ အထိ သွားရောက်ပြီး စစ်ဘေးရှောင်ပြည်သူတွေကို
စိတ်ဓါတ်ခွန်အားတွေ ပေးရင်း
 အရေးပေါ် သွေးလိုနေတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအတွက် သွေးလှူဒါန်း
ဖြစ်ခဲ့ပါတယ်တဲ့…။
အေးမြတ်သူလေး ရဲ့ နိုင်ငံရေးက လှပါပေတယ်ဗျာ…။

 

 ဝါးခယ်မ ရဲမောင် ကြီးရဲ့ မြေး…၊ အဆိုတော် မေရွက်ဝါရဲ့ သမီး
 ဆန်းသစ်လ လို့ အမည်ရတဲ့ ကလေးမလေးကလည်း အနုပညာလှုပ်ရှားမှုလေးတွေ
 ရှိနေပါတယ်ဗျာ…။
 စီးရီးသွင်းဖို့ စီစဉ်ဆောင်ရွက်နေပြီး သူ့ အမေ သီချင်းတွေကိုတော့ သုံး
လေး ပုဒ်လောက်သာ ထည့်သွင်းသီဆိုသွားမယ်လို့လည်း သိရပါတယ်…။
  ပြီးခဲ့တဲ့ သင်္ကြန်မှာတော့ ဇော်ဝင်းထွဋ် တို့ နဲ့ ချောင်းသာမှာ
သီဆိုဖျော်ဖြေခဲ့ပါသတဲ့…။
ဆန်းသစ်လ တစ်ယောက် ဆန်းသစ်သော လမင်းကြီး ဖြစ်နိုင်ပါစေဗျာ…။

 

ခွန်းဆင့်နေခြည် တစ်ယောက် မှော်ဝင်သမန်းကျား ဆိုတဲ့ ရုပ်ရှင် ဇာတ်ကားကို
ရိုက်ကူးနေတာ
 ခင်ဗျားတို့ သိပြီး ဖြစ်ကြမှာပါ…။
 ယိုးဒယား မှာသွားပြီး ကျားအစစ်တွေ နဲ့ ရိုက်ကူးနေပုံတွေကိုလည်း
 သူမရဲ့ Facebook စာမျက်နှာပေါ်မှာ တွေ့မြင်နေရပါတယ်…။
 အခု အဲဒီ ကျား ပုံ 3D အယ်နီမေးရှင်း ပြုလုပ်ရေးဆွဲသူ ကိုဘိုဘိုကြည် နဲ့
 ခွန်းဆင့်နေခြည်တို့ အဆင်မပြေ ကြဘူးလို့ သိရပါတယ်…။
 ကိုဘိုဘိုကြည် ပြုလုပ်ရေးဆွဲပေးခဲ့တဲ့ ကျား ပုံ ဟာ မပီပြင်ကြောင်း
 မီဒီယာများသို့ ထို ကျားပုံအား ပြသပြီး ပီပြင်သည်ဟု ပြောလျှင်
လက်ကျန်ငွေ တစ်ဝက်ကို
 ပေးချေမည်
 မပီပြင်ဘူး ဆိုပါက စရံငွေ တစ်ဝက်ကို ပြန်ပေးပါဟု
 ခွန်းဆင့်နေခြည်က ထုတ်ဖေါ်ပြောကြားသွားပါတယ်…။
 အဲဒါနဲ့ ပတ်သက်လို့ ကိုဘိုဘိုကြည်ဘက်ကလည်း တုန့်ပြန်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်…။
 ယူထားတဲ့ စရံငွေ ပြန်ပေးမယ်…၊
 ရေးဆွဲပေးခဲ့တဲ့ ကျားအရုပ်တွေ ပြန်ပေးပါ…၊
 တစ်ကဒ်မှ သုံးစွဲခွင့် မပေးပါဘူး…၊ သုံးစွဲတာ တွေ့ရင် တရားစွဲမယ်
 လို့ ဆိုပါတယ်…။

 မှော်ဝင်သမန်းကျား ရုပ်ရှင် ရဲ့ ဒါရိုက်တာ ဖြစ်သူ မောင်မျိုးမင်း ဘာပြောမလဲဆိုတာ
 စောင့်ကြည့်ကြရမယ့် သဘောပေါ့ဗျာ…။

တို့ မြန်မာ ရုပ်ရှင်မင်းသားတွေကိုလည်း နိုင်ငံခြားက တောင် ကမ်းလှမ်းလာတဲ့အထိ
အောင်မြင်မှုရနေပါတယ်ဗျာ…။
သုံးထပ်ကွမ်း အကယ်ဒမီ ပြေတီဦး ကို ထိုင်းနိုင်ငံက ထုတ်လုပ်ရေးတစ်ခုက
သရဲကားရိုက်ဖို့
ကမ်းလှမ်းခဲ့ပါတယ်တဲ့…။
ပြေတီဦးက သရဲချော…ချောလို့များလားမသိ…။
နောက်ထပ်လည်း အက်ရှင်ကားတစ်ကားဖို့ ကမ်းလှမ်းထားသေးတယ်ဆိုလား…။
ပြေတီဦး ဘက်ကတော့ ချက်ခြင်းကြီး လက်မခံသေးပဲ
အိုက်တင်ခံနေ…အဲ..အဲ..ဇာတ်ညွှန်းတောင်းထားတယ်ဆိုလား…။
ဟေးဟေး…။
စေ့စပ်သေချာတဲ့ သဘောပေါ့ဗျာ…။
အဲဒီလို ကမ်းလှမ်းခံရတာကို ပြေတီဦးကြီးက မြန်မာလူမျိုးတစ်ယောက်အနေနဲ့
ဂုဏ်ယူပါတယ်လို့ ထုတ်ဖေါ်ပြောကြားသွားပါတယ်ဗျာ…။
မြန်မာပရိသတ်တွေကတော့ ပြေတီဦး သရဲကားကို အားပေးဖို့ စောင့်နေကြတယ်ဆိုလား…။
ထိုင်းထုတ်လုပ်သူတွေအနေနဲ့ ထိုင်း ပရိသတ်ကို ရည်ရွယ်သလား
မြန်မာပရိသတ်ကိုရည်ရွယ်သလား၊
ထိုင်းဈေးကွက်မှာ ပြေတီဦး တစ်ယောက် ရောင်းတန်းဝင်နေပြီလား
ဆိုတာကတော့ ကျွန်တော်မျိုးကြီးလည်း
မလျှောက်တတ်ပါဘူးခင်ဗျာ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။

 

 

 

 

76 comments

  • အောင် မိုးသူ

    April 28, 2015 at 1:19 pm

    တော်တော်စုံစုံလင်လင်သိသွားတယ်။ ခွန်းဆင့်နေခြည်နဲ့ပတ်သက်လို့ကတော့ ကိုဘိုကြည်ကတော့ ပညာကိုစော်ကားခံသလိုဖြစ်တာကိုး။ ကိုဘိုကြည်ဆိုတာလည်း နည်းနည်းနောနော လူမှမဟုတ်ဘဲ ငွေလောက်တော့ အရေးပါမလား ပြန်ပေးမှာပေါ့ သူ့ပိုက်ဆံတွေ။ ကျတော့်ရဲ့ ဆရာဆိုလည်း ဟုတ်ပါတယ်။ 🙂

    • black chaw

      April 28, 2015 at 2:30 pm

      @ အောင်မိုးသူ ;
      ကိုဘိုကြည် ပြောတာ နည်းလမ်းကျတယ်ထင်မိတယ်ဗျ…။
      မသုံးဘူးဆိုရင်လည်း ပြသနာလုံးဝမရှိဘူး…။
      သူ ဖန်တီးထားတဲ့ အရုပ်တွေ အကုန်ပြန်ပေးရင်…
      သူ ယူထားတဲ့ စရံငွေတစ်ဝက်ကိုလည်း ပြန်ပေးမယ်ပေါ့…။
      သူဖန်တီးထားတဲ့ အရုပ်တွေ ယူသုံးထားရင်တော့
      တရားစွဲမယ်ပေါ့…။
      ဒီထက်လမ်းကျတာတော့ မရှိတော့ဘူး ထင်တာပဲဗျာ…။

      • အောင် မိုးသူ

        April 28, 2015 at 4:06 pm

        ကိုဘိုကြည်က ရန်ကုန်က ဂရတ်ဖစ်လောကမှာ နာမည်ကြီးပါပဲ။ သူပြောတာနည်းလမ်းကျတာပေါ့။

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    April 28, 2015 at 1:36 pm

    သတင်းအစုံကို စကားဝိုင်းဖွဲ့ပြောပြနေသလိုမျိုး
    ဖတ်ရှူ့ခံစားသွားရပါတယ်။ ဦးဘလက် ခင်ဗျ..။
    အောင်ရဲလင်း ကိုရီးယားမှာ မော်ဒယ်ဆုယူတော့ စိတ်လှူပ်ရှားပြီး
    ကျက်ထားတဲ့ စာတွေ ထစ်ငေါ့နေတာမြင်တော့…
    ဒိုးဒိုးဒေါက်ဒေါက်ယုံကြည်မှုနဲ့ ပြောနေတဲ့ မိုးဟေကိုကြီးကိုပဲ
    အလှဆီလိမ်းချင်နေမိဒယ်.. 😳 :k:

    • black chaw

      April 28, 2015 at 2:33 pm

      @ စိန်ပလိန်တိန် မုန့်ကြိုးလိမ် ;
      ဘယ်သူလဲတော့ မသိဘူး…။
      လူဟောင်းထဲက ဖြစ်ဖို့ များတယ်…။
      မိုးဟေကို က အသက်ကြီးသွားပါပြီကွယ်…။
      အလှဆီလိမ်းတာကလည် ခေတ်ကုန်သွားပါပြီကွယ်…။
      ဟေးဟေး…။
      :k:

  • Mike

    April 28, 2015 at 2:38 pm

    .ရုပ်ရှင် သရုပ်ဆောင် အောင်ရဲလင်း ရဲ့ လက်ရှိဆံပင်ပုံစံက ကတုံးကေဆိုလို့
    .ရွာထဲကဒညင်းဝက်လည်း အောင်ရဲလင်းနဲ့တူအောင် ကတုံးတုံးဖို့ ဆံပင်ညှပ်ဆိုင်ကို
    .အပြေးလေးထွက်ခွာသွားောကာင်းသိရတယ်ဗျာ..ဟီဟိ :k:

    • black chaw

      April 29, 2015 at 8:11 am

      @ Mike ;
      ဖတ်လည်းဖတ်တယ်…။
      ကွန်းမန့်လည်း ပေးသွားတယ်…။
      အဲဒီအတွက် ကျေးဇူးအထူးပါ ကိုမိုက်ရေ…။
      :mrgreen:

  • ခင်ဇော်

    April 28, 2015 at 3:04 pm

    ဝိုင်း တော့ မကြည့်ချင်တော့ဘူးးး
    အပြောကများနေတယ်။
    ခု ဒါရိုက်တာ ရွေး ဆို ကိုဇော် ကိုပဲ ရွေးမယ်။

    • အောင် မိုးသူ

      April 28, 2015 at 4:10 pm

      ဒါရိုက်တာထဲမှာတော့ ညိုမင်းလွင်ကို စောင့်ကြည့်နေပါတယ်လို့။ ဟိဟိကိုယ်က ဘာမှမဟုတ်တော့ အကုန်လုံးကို စောင့်ကြည့်နေတာ။ အားပေးတာပြောပါတယ်။

      • black chaw

        April 29, 2015 at 8:23 am

        @ အောင်မိုးသူ ;
        ညိုမင်းလွင် က
        စောင့်ကြည့်ရမယ့် ဒါရိုက်တာ အဆင့်တော့ မဟုတ်တော့ဘူးဗျ…။
        ဒါရိုက်တာလုပ်ခဲ့တာ အတော် ဝါရင့်နေပါပြီ…။
        မောင်မျိုးမင်း (ရင်တွင်းဖြစ်) ရဲ့ တပည့်လို့ ထင်ပါတယ်…။
        ထူးခြားမလိုလို နဲ့ ထူးခြားမလာသော ဒါရိုက်တာ တစ်ယောက်လို့
        ကျွန်တော် က ထင်မြင်မိပါတယ်…။
        အခုလောလောဆယ် တစ်ကားလုံးကို
        အိုင်ဖုန်း နဲ့ ရိုက်ထားတဲ့ ဗီဒီယို ထွက်မလို့တဲ့…။
        :mrgreen:

        • အောင် မိုးသူ

          April 29, 2015 at 9:24 am

          ဆေးမှုနဲ့ထောင်ကျသွားသေးလို့ အာ့ကြောင့် စောင့်ကြည့်နေတုန်းသာ… ဟိဟိ။

    • black chaw

      April 29, 2015 at 8:17 am

      @ ခင်ဇော် ;
      သတိထားမိပါတယ်ဗျာ…။
      ဝိုင်း က အင်တာဗျူးတွေ အလုပ်များတာလည်း ပါတယ်ဗျ…။
      အချစ်၏ နောက်ဆက်တွဲ စာမျက်နာကတော့
      ဝိုင်း ရိုက်မှာလို့ သိရပါတယ်ဗျာ…။
      ကိုဇော် (အာရုံဦး) လည်း ဈေးကွက်ဝင် ဒါရိုက်တာ တစ်ယောက်ပါပဲ ဗျာ…။
      ကွန်းမန့်လေးအတွက် ကျေးဇူး အထူး…။

  • ဂျက်စပဲရိုး

    April 28, 2015 at 3:23 pm

    အနုပညာသည်တွေ ဟိုစပ်စပ် ဒီစပ်စပ် လုပ်တာလောက် တောက်ညင်ကပ်တာ မရှိဘူး။ း)
    အဆိုတော်က ရုပ်ရှင်ရိုက်
    သရုပ်ဆောင်က သီချင်းဆို
    မော်ဒယ်က သရုပ်ဆောင် လုပ်
    မယ် တွေက မင်းသမီး
    ပန်းချီ ဆွဲတဲ့ လူက ရှိသေး။

    ပြေတီဦးကို ထိုင်းကနေ အက်ရှင်ဇာတ်ကား ရိုက်ဖို့ ကမ်းလှမ်းတဲ့ဆီမှာ ချက်ချင်း အဖြေပြန်မပေးတာ အက်ရှင်ကား ဆိုတော့ ကြမ်းကြမ်းတမ်းတမ်း နှုတ်ခမ်းမွှေး အတုလေး တပ်ပြီး ရိုက်ရမှာ စိုးလို့များလား 😛
    (လူလဲ အတော်လေး အဆိုးမြင် ဝါဒီ ဖြစ်နေပြီ ထင့်)

    • Ma Ma

      April 28, 2015 at 4:02 pm

      ဟိုးခေတ်တုန်းကတော့ ဝင်းဦးက ရုပ်ရှင်မင်းသားအဆိုတော် စာရေးဆရာ (ဒါရိုက်တာတောင်လုပ်ခဲ့သေးလားမသိဘူး) ဆိုပြီး ချီးကျူးအားကျစရာ စွယ်စုံတော်ခဲ့တာပဲ။ 🙂

      • ဂျက်စပဲရိုး

        April 28, 2015 at 4:05 pm

        ဟီး သူတို့ခေတ်တုန်းကတော့ တော်ကြပါတယ် တော်တော်ကြီးကို တော်ကြတာပါ။
        ဦးသုမောင် လဲ ရှိသေး။
        မင်းသား အဆိုတော် စာရေးဆြာ

        • အောင် မိုးသူ

          April 28, 2015 at 4:08 pm

          ဘော်လီဆော့ဆာဆိုလား ဘော့ဘီဆော့တာဆိုလား သူက ဗွီဒီယိုရိုက်တယ်ဆိုတော့။ အားမပေးဘူး အားမပေးဘူး ဘယ်လိုမှ ကြည့်လို့မရသောသူ။ 🙁

      • black chaw

        April 29, 2015 at 8:35 am

        @ Ma Ma ;
        ဝင်းဦး က ဒါရိုက်တာလည်း လုပ်ခဲ့သေးပါတယ် မမရေ…။
        :mrgreen:

    • black chaw

      April 29, 2015 at 8:27 am

      @ ဂျက်စပဲရိုး ;
      လုပ်ခွင့်ရလို့ လုပ်ကြသည် လို့ပဲ သဘောထားပါတယ် ဗျာ…။
      အဓိက က ကျွန်တော်တို့ ပရိသတ်ပါ…။
      ပရိသတ် အားမပေးပဲ ဘယ်အနုပညာရှင်မှ
      လုပ်ချင်ရာလုပ်ခွင့် ရကြမယ် မဟုတ်ပါဘူးခင်ဗျ…။
      ကျွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးအထူးပါ
      ကိုကို ဂျက်စပဲရိုးရေ…။
      :mrgreen:

      • ဂျက်စပဲရိုး

        April 29, 2015 at 9:20 am

        ပြည်သူချစ်သော အနုပညာ ရှင် ဆိုတာ ဒါမျိုး ထင်ပ။
        ဘာလုပ်လုပ် ကို တင့်တယ်နေတော့တာပဲ။
        😛 😛 😛

  • Wow

    April 28, 2015 at 4:05 pm

    အချစ်နောက်ဆက်တွဲစာမျက်နှာမှာ မင်းသမီးက စိုးမြတ်သူဇာအစား သန္တာလှိုင်၊ လိုင်လာခန်း တို့ဆိုရင် မဆိုးဘူး.. ခေါက်ရိုးကျိုးနေတဲ့ ခပ်ညံ့ညံ့ သရုပ်ဆောင်တာတွေနဲ့ ဆိုရင် ဆရာမ ဝတ္တုကို နှမြောလို့

    • အောင် မိုးသူ

      April 28, 2015 at 4:09 pm

      အမှန်ပဲ။ သန္တာလှိုင်တော့ မသိပေမယ့်။ တိုက်ဆိုင်မှုရှိလျှင် ရုပ်ရှင်ဇာတ်ကားမှာ လိုင်လာခန်းသရုပ်ဆောင်ချက်က အပိုအလိုမရှိ တော်တော်မိုက်တယ်။ သူနဲ့အတူ မိုးဟေကို ကိုလည်း အဲသည်ကားနဲ့ ကိုယ့်ဖာသာ အကယ်ဒမီပေးလိုက်တယ်။ 🙂

      • Wow

        April 28, 2015 at 4:12 pm

        ပြည်တီဥ မျောက်ရည်ဒွေ ဘူးသီးလုံးလောက်ကျနေဒါကိုကော အကယ်ဒမီ မပေးချင်ဘူးလား :hee:

        • အောင် မိုးသူ

          April 28, 2015 at 4:20 pm

          သူလည်းမဆိုးပါဘူး။ ဒါပေမယ့် နည်းနည်း အိုဗာတင်းဖြစ်နေသလားလို့ ထင်မိတာပါ။ ဟီးးးးးးးးးးးးး

        • Ma Ma

          April 28, 2015 at 4:29 pm

          နည်းနည်း အိုဗာတင်းမဟုတ်ဘူး။
          များများ အိုဗာတင်း နေတာမို့ မကြိုက်ဘူး။ 🙁

      • Alinn Z

        April 28, 2015 at 5:12 pm

        မိုးဟေကို ကိုတော့ ကျုပ်တို့ စိန်ကျောက် ရတနာဆိုင်ကို လာကတည်းက ကျုပ်လေးကို ကြည့်သွားတဲ့ မျက်လုံးတဝင့် အကြည့်တချက်နဲ့တင်
        ကျုပ်ဘာသာ အကယ်ဒမီ ပစ်ပေးထားပြီးသားဗျ

        ကျုပ်မှာသာ ကားရှိရင် တင် ပြေးတယ်
        အဟုတ်။
        .ဖွေးဖွေး မမြင်ပါဇီနဲ့. . .

        :mrgreen:

        ——

        မမြင်ပါစေနဲ့ဆိုလို့. . .

        အခုနောက်ပိုင်းးးး
        ၂၀၁၅ အစပိုင်းကတည်းက ကျုပ်က မြန်မာပြည်တွင် စာရေးဆရာ အကျော်အမော်ကို
        ရွာထဲ လာဖို့ ပတ်ဖိတ်ခေါ်နေသဗျ
        ဂျုးအန်တီတို့ ဆရာ အော်ပီကျယ်တို့အစပေါ့. .

        သူတို့က မန်ဘာမဝင်ပေမဲ့ အပြင်ကတော့ အားရင် ဝင်ကြည့်နေမှာ သေချာသဗျ
        သူတို့မို့ တော်သေးးး
        .ဖွေးဖွေးသာဆို . . .

        :kwi:

    • black chaw

      April 29, 2015 at 8:41 am

      @ Wow ;
      အဲဒီ အဆိုကို အပြည့်အဝ ထောက်ခံပါတယ် ဗျာ…။
      ဆရာမဝင်းဝင်းလတ် ရဲ့ ဝတ္ထု မို့ ထောက်ခံတာမျိုးမဟုတ်ရပါ…။
      ဇာတ်လမ်းတွဲတွေအတွက်
      မျက်နာသစ်သရုပ်ဆောင်တွေကို
      စိတ်ရှည်လက်ရှည် လေ့ကျင့်ပေးပြီး
      ရိုက်သင့်ပါတယ်လို့ ကျွန်တော်က မြင်ပါတယ်…။
      သန္တာလှိုင်က သရုပ်ဆောင်ဘက်မှာ သိတ်မရဘူးလို့ထင်တယ်ဗျ…။
      လိုင်လာခန်းကတော့ ဆက်စီ ဖြစ်လွန်းအားကြီးနေသလိုပဲ…။
      အခု ကွန်းမန့်ရေးနေရင်းနဲ့ကို ဒင်း ရဲ့ တောင့်တင်းကြံ့ခိုင်တဲ့
      ဘော်ဒီကြီးမြင်ယောင်လာလို့ ဆက်မရေးတော့ဘူးဗျာ…။
      ဒါပဲ…။
      :mrgreen:

      • Crystalline

        May 1, 2015 at 9:24 am

        ဆရာမဝတ်​ထုကို အရမ်​းစွဲခဲ့တာ.. အပိုင်​ဝယ်​သည်​အထိ… :)) ဇာတ်​​ကောင်​အသက်​အရွယ်​ပုံစံအရ​တော့.. ​ပြေတီဦး/နိုင်​နိုင်​း.. စိုးမြတ်​သူဇာ…. ရန်​​အောင်​…ဟိုကပြား​ဒေါက်​တာမမဆတ်​စလူး​နေရာ.. နန်​းဆုရတီစိုးထည်​့.. :mrgreenn:

        • Crystalline

          May 1, 2015 at 11:07 am

          ​ပြောဖို့ကျန်​ခဲ့လို့… သများက​တော့ ရုပ်​ရှင်​ဆို မကြိုက်​သူမို့မကြည်​့ဘူးလို့….
          ​နောက်​ ရဲသွင်​ကိုလည်​း ကြိုက်​ခဲ့ဘူးပါတယ်​လို့.. :mrgreenn:

        • black chaw

          May 5, 2015 at 4:43 pm

          @ Chrstalline ;
          အဲ့ဒါကတော့ မဒမ်ဘလက် နဲ့ အတူတူပါပဲ…။
          မဂ္ဂဇင်း အခန်းဆက် ပါကတည်းက စွဲ တာဗျာ…။
          လုံးချင်းပြန်ထွက်တော့လည်း ဝယ်သိမ်းထားတဲ့အထိပါပဲ…။
          ပြောသာ ပြောရတာ အဲ့စာအုပ် အခု လက်ထဲမှာ ရှိနေပြီး
          မဖတ်ရသေးပါဘူး…။
          ဒီလောက် လူပြောသူပြောများတဲ့ စာအုပ် ဖတ်ဖြစ်အောင် ဖတ်ကြည့်ဦးမှ…။
          ရဲသွင် ကို ကြိုက်ခဲ့ဖူးတယ် ဆိုတာလေးတော့
          မှတ်တမ်းတင်ထားလိုက်ပါဗျာ…။

  • lu lu

    April 28, 2015 at 4:27 pm

    အချစ်၏ နောက်ဆက်တွဲ စာမျက်နှာကို ဝတ္ထု စာအုပ်အတိုင်းပဲ ရှိစေချင်တယ် မူရင်းအရသားကိုမဖျက်စီးကြပါနဲ ့မြန်မာ ဒါရိုက်တာ
    များတောင်းပန်ချင်ပါရဲ ့
    အဲ့စာအုပ်ကိုကြိုက်လွန်းလို ့ဆယ် ခါမက ဖတ် ပြီးပြီ
    🙁

    • black chaw

      April 29, 2015 at 8:45 am

      @ lu lu ;
      ဟုတ်ကဲ့ပါ…လုလုရေ…။
      ဝတ္ထု တစ်အုပ်ကောင်းပြီဆိုမှ ဖြင့်
      ရုပ်ရှင်ဒါရိုက်တာတွေ မျက်စိကျ ကြတာ သဘာဝပါခင်ဗျာ…။
      ဆိုတော့
      ကျွန်တော်တို့ စောင့်ကြည့် ကြတာပေါ့ဗျာ…။

  • Alinn Z

    April 28, 2015 at 4:48 pm

    အယ် . . . !!!! . . .
    ဒါကြီး ဂဇက် သတင်းစာထဲမှာ ဖတ်လိုက်ရသေး
    .ဟေးဟေးးးးး

    :k:
    .ရော့ကာတွေဆိုတဲ့ သရှင်းတော်တော်များများကိူ ခံစားလို့ မရပေမဲ့
    (Rock ဆိုပြီး ဖင်ပြဲအောင် ကျုံးအော်ပြနေတဲ့ မျိုးမျိုးတို့ ဖြူဖြူလေးလေးတို့ကို ရင်ထဲ ထည့်မရ)

    .ကိုဇော်ဝင်းထွတ်ကြီး ဆိုတဲ့ Rock ကိုတော့ ကြိုက်မိတယ်ဗျ၊
    ပွဲ အတော် ထိန်းတတ်တဲ့လူရီးးးး

    :kwi:

    သူ့ကို မြို့ပြက ငြီးငွေ့တယ်ဆိုပါစို့
    အဲ့ဒီ မြို့ပြထဲ ကျုပ်မပါ. . .

    :buu:

    ———-

    စကား ဇွတ်ဂျီးစပ်. . .

    လုမဂလေး !!!!
    အချစ်အိနောက်Sexတွဲများ စာအုပ် ဖတ်ချင်တယ်
    😆

    အမြန် ငှားပါ
    မငှားလျှင် ရ ရက်တိတိ ဆဲပါမြီ

    • black chaw

      April 29, 2015 at 9:03 am

      @ Alinn Z ;
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါဗျာ…။

  • မဟာရာဇာ အံစာတုံး

    April 28, 2015 at 5:02 pm

    ဒဒင်းတွေ စုံဘာ့ ကျောင်းဒဂါဂျီးရေ …
    ဒီဒဒင်းတွေထဲ ပြေတီဦး သရဲကား အကြောင်းကို စိတ်ဝင်စားမိတယ် …
    ကျောင်းဒဂါဂျီး ပေါသလိုဘဲ ..
    ဟိုအကောင်တွေက ဘာလို့ ကမ်းလှမ်းတာလည်း ဆိုတာ .. တွေးစရာဘဲ …
    ကျုပ်ကတော့ အကောင်းဘက်က မြင်မရ …
    အဲ့ဒါ .. အဲ့ဒါ .. လာပြောတာ ..

    • black chaw

      April 29, 2015 at 9:06 am

      @ မဟာရာဇာ အံစာတုံး ;
      အံစာတုံး ပြန်လာလို့ ဘီစီ နဲ့ ကြိုဆိုလိုက်ရခြင်းရယ်ပါ…။
      :mrgreen:

      • မဟာရာဇာ အံစာတုံး

        April 29, 2015 at 1:28 pm

        ဘီစီနဲ့ ကြိုပီးယင်
        ဘီဘီ နဲ့လည်း ကြိုအုံးဗျာ … ဒါဗျဲ …

  • Fall Guy

    April 28, 2015 at 6:37 pm

    ​ပြေတီဦး သရဲကားက ဒရက်​ကူလာကားဗျ
    သူ့သွားနဲ့ဆိုအတုမလို​တော့ဘူး​လေဗျာ

    • black chaw

      April 29, 2015 at 9:09 am

      @ Fall Guy ;
      ကွန်းမန့်လေး ဝင်ချီးမြှင့်ပေးသွားတာ ကျေးဇူးပါ Fall Guy ရေ…။

  • Mr. MarGa

    April 29, 2015 at 11:28 am

    ရင်အေးစရာ မျက်စိအေးစရာသတင်းလည်း တစ်ခုမှ မပါဘူး
    တော်ပြီ မဖတ်ဘူး ပြန်ထွက်တယ်

    အဓိက က ကျွန်တော်တို့ ပရိသတ်ပါ…။
    ပရိသတ် အားမပေးပဲ ဘယ်အနုပညာရှင်မှ
    လုပ်ချင်ရာလုပ်ခွင့် ရကြမယ် မဟုတ်ပါဘူးခင်ဗျ…။

    အင်း…………
    ပြောတော့ဘူးဗျာ
    ကိုယ်တိုင်ကပဲ အဆိုးမြင်လွန်းနေတာလို့ ယူဆလိုက်ပါတယ်

  • black chaw

    April 29, 2015 at 12:07 pm

    @ Mr. MarGa ;
    ပရိသတ် အားမပေးပဲ ဘယ်အနုပညာရှင်မှ
    လုပ်ချင်ရာ လုပ်ခွင့် ရကြမယ် မဟုတ်ပါဘူးခင်ဗျ
    ဆိုတဲ့ စကားကို အစာမကျေပုံရပါတယ်…။
    အမှားပါသွားတယ်…ဆိုရင်ဖြင့်
    တောင်းပန်ပါတယ် ကိုကိုမာဃ ရေ…။

    • Mr. MarGa

      April 29, 2015 at 1:28 pm

      ဂလိုဗျ
      အရင်ခေတ်ရော အခုခေတ်မှာပါ ပရိသတ်ဟာ အနုပညာရှင်တွေကို ချစ်တဲ့စိတ်အခံနဲ့ ကြည့်ကြတယ်
      ဆိုတော့ ဘာလုပ်လုပ် အပြစ်သိပ်မမြင်ဘူးလို့ပြောရမှာပေါ့
      ဒါပေမယ့် အရင်ခေတ်က အနုပညာရှင်တွေ အဲ့လောက် လိုင်းမကူးဘူးခင်ဗျ
      ကိုယ် မကျွမ်းကျင်ရင် မလုပ်ကြပါဘူး
      ဆိုတော့ကာ
      ပရိသတ် အားပေးနေလို့ လုပ်ချင်တာလုပ်ကြတာပါ
      ပရိသတ်ကြီးကို လုပ်နိုင်တာတွေ ချပြချင်လို့ပါ ဆိုတဲ့ စကားတွေနဲ့ ကာ.ကာပြီး လုပ်ချင်တာလုပ်ပြနေကြတာ ပေါ်ပင်လိုက်နေကြတာကို မြင်တော့
      ကျနော်တော့ ကြည့်မရဘူးဗျာ
      အဲ့ဒါပါ

      • black chaw

        May 5, 2015 at 5:00 pm

        @ Mr. Marga ;
        ဒီလိုရှိပါတယ် ကိုရင် မာဃ ရယ်…။
        ပရိသတ် ဟာ အနုပညာ ရှင်တွေကို ချစ်တဲ့ စိတ်အခံနဲ့ ကြည့်တယ်
        ဆိုတဲ့ နေရာမှာ အရည်အချင်းမရှိပဲနဲ့တော့
        အသားလွတ်ကြီးမချစ်ဘူးဆိုတာ ဥပမာကောင်းကောင်းလေးတွေရှိပါသော်ကောဗျာ…။
        ညွန့်ဝင်းကြီး စီးရီးထုတ်ဖူးတယ်ဗျာ…။
        နေအောင်ကြီး စီးရီးထုတ်ဖူးတယ်ဗျာ…။
        ရဲအောင်ကြီး စီးရီးထုတ်ဖူးတယ်ဗျာ…။
        လွင်မိုးကြီး စီးရီးထုတ်ဖူးတယ်ဗျာ…။
        သူတို့ ရုပ်ရှင်နယ်မှာ အောင်မြင်နေချိန်မှာ ထုတ်ခဲ့ကြတာနော်…။
        ပရိသတ်က လက်မခံပါဘူးဗျ…။
        ချစ်တယ်ဆိုတာလေးတစ်ခုနဲ့ တော့ နယ်ပယ်တစ်ခုမှာ ရေရှည်ရပ်တည်ဖို့
        မဖြစ်နိုင်ပါဘူးဗျ…။
        ကျော်ဟိန်းကြီး စီးရီးထုတ်တယ်ဗျာ…။
        လုံးဝ သီချင်းမဆိုတတ်ပဲ ထုတ်ခဲ့တာခင်ဗျ…။
        သီချင်းတစ်ပုဒ်ကို ဘယ်နေရာ ဝင်ဆိုလို့ ဆိုရမယ်မှန်းမသိလို့
        အနဂ္ဂတို့အမေ မင်းမင်းလတ်ကတော် နေနေလှိုင်းဇင်ကြီးက
        အနီးကတ် သင်ပေးခဲ့တာ စာနယ်ဇင်းတွေထဲမှာပါခဲ့လို့ ဖတ်ခဲ့ရဖူးပါတယ်…။
        ကျော်ဟိန်း သီချင်းဆိုတတ်သွားမှ ပရိသတ်လက်ခံခဲ့တယ်ဆိုတာ
        မောင်သစ်မင်း နဲ့ ဆရာဝင်းငြိမ်း အင်တာဗျူးတွေ ထဲမှာ ထည့်ပြောခဲ့တာ
        ဖတ်ဖူးပါတယ်…။
        စိုင်းစိုင်းခမ်းလှိုင် သီချင်းဆိုတာ အောင်မြင်လို့ ရုပ်ရှင်ရိုက်တယ်…။
        မအောင်မြင်ပါဘူးဗျာ…။
        အရှိန်က တစ်လှုပ်လှုပ်ပါပဲ…။
        ကြက်ဖ…၊ ယုန်လေး…၊ လွှမ်းပိုင်…၊ ရဲရင့်အောင်
        စသည်ဖြင့် ဗီဒီယိုတွေ ရိုက်နေကြတာပါပဲ…။
        လျှမ်းလျှမ်းတောက် ကြီး မအောင်မြင်ကြပါဘူးဗျာ…။
        ဟိုဘက်ခေတ်ကလည်း လိုင်း ကူးကြပါတယ်ဗျာ…။
        မိုးဝင်း၊ သိန်းဇော်၊ ဝင်းဗိုလ်၊ ဆန်းဝင်း၊ ချစ်ဖွယ်…၊ စတဲ့ ဇာတ်မင်းသားတွေ
        ရုပ်ရှင်ဘက်ကူးခဲ့ကြဖူးပါတယ်…။
        ပရိသတ် က ဇာတ်ဘက်မှာ ချစ်ပေမယ့် ရုပ်ရှင်ကျတော့ အားမပေးကြပါဘူး…။
        ရှည်သွားပြီ…။
        ကျွန်တော် ပြောချင်တာက ဈေးကွက် မရှိရင်
        ရေရှည်မရပ်တည်နိုင်ပါဘူး ဆိုတာပါပဲ…။
        ဒီနေ့ခေတ်က ပို သိသာပါတယ်…။
        ချစ်လည်းချစ် ခင်လည်းခင် လေးလည်းလေးစားတဲ့
        ဘလက်ချော…။

  • တောင်ပေါ်သား

    April 29, 2015 at 1:14 pm

    ကျုုပ်က မြန်မာအဆိုတော် မင်းသား မင်းသမီးတွေနဲ့

    နည်းနည်းလှမ်းသမို့ ဖတ်ရုံကလွဲလို့ မမန့်တတ်ပါဘူး လို့ ၊

    အဲ အဲ စူပါဝမ်းကကြိုက်တဲ့ အဆိုတော်ကြီးအတွက်တော့ LPJ ကိုသာ နှမျှောမိတယ်ဗျာ ၊

    ဘယ်လိုကြီးဖြစ်သွားရပါလိမ့်နော် ၊ တရားခံထဲ ကိုဘလက်များ ပါလေမလား 🙂

    • black chaw

      May 5, 2015 at 5:03 pm

      @ တောင်ပေါ်သား ;
      အော် ကိုကိုရယ်…။
      မမန့်တတ်ပဲ ဝင်မန့်ပေးသွားတာကိုပဲ ကျေးဇူးတင်နေရပါပြီခင်ဗျာ…။
      :mrgreen:

  • မြစပဲရိုး

    April 30, 2015 at 12:10 am

    အသဲစွဲကြိုက်ပြီး ဝယ်သိမ်းခဲ့ဖူး တဲ့ ဇာတ်လမ်း လေး အသက်ဝင်လာမှာကိုတော့ ဝမ်းသာပါတယ်။
    ဒါပေမဲ့ သိပ်ပြီး မျှော်လင့်မထားတာ ကောင်းမယ်။
    ခင်ဦးနွယ် နေရာမှာ ဘယ်သူ့ ကိုမှ မြင်ကြည့်လို့ မရဘူး။
    မရှိမဖြစ်မိုး မှာ တော့ ခင်မိုးမြင့် ကို သတ်လိုက်တဲ့ ရုပ်ရှင်ဇာတ်ကောင် က အဲဒီ စိုး ပါဘဲ။
    (ကိုချော စိတ်တို စေသောဝ်) :-)))
    ဒါပေမဲ့ ဘယ်သူ နဲ့ ဘဲ ရိုက်ရိုက် ကိုယ့်စိတ်ထဲ က ဇာတ်ကောင် ရုပ် ကို မှီမယ် မထင်တာမို့
    အဲလို အသေကြိုက်ခဲ့ တဲ့ ဇာတ်လမ်းဆိုရင် ရုပ်ရှင်ထွက်တဲ့ အခါ မကြည့်ဖို့ဘဲ ဆုံးဖြတ်ပါတယ်။
    မင်းလူ ရဲ့ ဇာတ်ကောင် တွေလဲ ရုပ်ရှင်ထဲ မှာ နိမ့်ကုန်တာပါဘဲ။

  • nozomi

    April 30, 2015 at 10:58 am

    မဂဇင်း အခန်းဆက်ပါကတဲက ကြိုက်
    ဝတ်ထု ထွက်တော့လဲ ဝယ်သိမ်း ထပ်ဖတ်
    ဆုရတော့ ဝမ်းတွေသာ ရပေ မဲ့
    ဆရာမ ဝင်းဝင်းလတ် အသေစောတာတော့ နှမြောမိတယ်

    ရုပ်ရှင်မှာက ကန့်သတ်ချက်တွေ ရှိတာကြောင့် စာအုပ်ကို မမှီ နိုင်တာမို့ မရိုက်စေချင်ဘူး

    ရိုက်ဖြစ်ရင် မစိုးကြီး ထက် ဇတ်လိုက်ဆရာဝန်ရုပ်က အရီးလတ်နဲ့ ပိုလိုက်သလား လို့

    ပို့စ် က

    ထူးထူးခြားခြား တင်တွေ ရင်တွေ အကြောင်း မတွေ့ မိလို့ တကဲ့ ဆြာချော မှ ဟုတ်ရဲ့လား စဉ်းစားနေတာ

    • မြစပဲရိုး

      May 1, 2015 at 2:56 am

      အလိုလေး။
      “အရီးလတ်” ဆိုတာ သများ ကို ပြောတာလား။ :-))
      ထင်ပေါ်လို့ စင်တော် က ကောက်ပြီပေါ့။
      ဟာ ဟ။

      မင်းသမီး ဖြစ်လို့ ရပြီ ဆိုတော့ မင်းသား တွေ ကို တော် ကောက် မယ်ရှင့်။ 😉

      “သက်နိုင်ဇော်” နေရာမှာ “ကိုနိုဇိုမိ” ကို ခေါ်မယ်။
      “အောင်ဇော်” က တော့ ဒီပို့စ်ပိုင်ရှင်ကြီး ပေါ့။

      ဒီတော့ ရှင်တို့ နှစ်ယောက် တွေ့ပြီ ဆိုရင် အပို တွေ အာ မနေကြနဲ့။
      “ဒိုင်ယာလော့” တွေ ညက်အောင် ကျက်ပြီး အပြန်အလှန် အပြောကျင့်နေကြပေတော့။
      ထုတ်လုပ်သူရှာလို့ တွေ့ချိန် လှမ်း သာ ခေါ်လိုက်။
      ဒါဘဲ။ အမိန့်။
      lol:-)))))))))))))))))))))))))))))))))))))))))))))))))))

      • black chaw

        May 5, 2015 at 5:17 pm

        @ မြစပဲရိုး ;
        အစ်မလတ်က ပထမ တစ်ခေါက်တွေ့တုန်းက စိုးမြတ်သူဇာ နဲ့ တူတာ…။
        ဒုတိယ အခေါက်တွေ့တော့ ရွှေမှုံရတီ နဲ့ တူသွားတာဗျ…။
        မင်းသမီး လုပ်လို့ ရပါတယ်…။ ဂယ်ပြောတာ…။
        စာအုပ်ကို နည်းနည်း လှန်လှောကြည့်လိုက်တော့
        သက်နိုင်ဇော် နဲ့ ညားတာဗျ…။
        အောင်ဇော် ကို ရှာမတွေ့ဘူး…။
        သေချာ ပြန်ဖတ်ကြည့်ဦးမှ ပါလေ…။
        :mrgreen:

    • black chaw

      May 5, 2015 at 5:10 pm

      @ nozomi ;
      တင်တွေ ရင်တွေ ကိုမှ ဖတ်ချင်နေတာ သတိမထားမိလိုက်ဘူးဗျာ…။
      နောက်တစ်ခါ တင်တွေ ရင်တွေ ထည့်ရေးပေးပါ့မယ် ကိုကိုရယ်…။
      :mrgreen:

  • manawphyulay

    April 30, 2015 at 11:05 am

    ဟုတ်ပါပြီ ဦးဦးဘလက်ရယ်… ဒီထက် ပိုသိချင်တာတွေကော တင်ပေးပါဦး။
    ရွာထဲက ရွာသူရွာသားတွေရဲ့ သတင်းထူးတို့ သတင်းဦးတို့ ဘယ်သူက ဘယ်နေရာရောက်နေတယ်တို့ ဘာတို့ပေါ့ရှင်။ အဲဒါ အရမ်း အရမ်း သိချင်ပါတယ် ဦးဦးရယ်..
    မှတ်ချက်။ ။ မီးမီးက လေဒီယိုက တောင်းဆိုနေကြမဟုတ်တဲ့အတွက် အမှားပါရင် ခွေးမလွှတ်ပါနဲ့ရှင် (ကိုက်မှာကြောက်လို့ပါနော်)

    • black chaw

      May 5, 2015 at 5:20 pm

      @ manawphyulay ;
      ကွန်းမန့်လေးအတွက်ကျေးဇူးပါဗျာ…။
      :mrgreen:

  • naywoon ni

    April 30, 2015 at 3:05 pm

    ကျ​နော့ အမြင်​​တော့ အနုပညာရှင်​​တော်​​တော်​များများ( ရုင်​ရှင်​ ဗွီဒီယို အဆို​တော်​ ) သူတို့ အနုပညာကိုပြထာထက်​ ပိုက်​ဆံပဲ ရှာ​နေကြသလားလို့ 🙂

    • black chaw

      May 5, 2015 at 5:22 pm

      @ naywoon ni ;
      ပိုက်ဆံရှာဖို့ ပရိသတ်ရှိဖို့ လိုပါတယ် ကိုကိုရယ်…။
      ပရိသတ်မရှိပဲ..၊ ဝယ်ယူအားပေးမယ့်သူမရှိပဲ
      ပိုက်ဆံ ဘယ်လို ရှာမလဲ ဗျာ…။
      :mrgreen:

  • Shwe Ei

    April 30, 2015 at 4:13 pm

    -ငှက်ကထရီး အူးလူမင်း..ရုပ်ရှင် နဲ့ ဗီဒီယို မရိုက်တော့ရင်/သရုပ်မဆောင်တော့ရင်..
    ..မြန်မာ ကားပြန်ကြည့်ဖြစ်မယ်ထင်တယ် 😛

    • black chaw

      May 5, 2015 at 5:23 pm

      @ Shwe Ei ;
      လူမင်းကို မေတ္တာ ထားတယ်လား…။
      :mrgreen:

  • မွသဲ ( 17082011 )

    May 1, 2015 at 10:39 am

    အောင်ရဲလင်းကြိုက်ပု။ ပြီတီအူးကသရဲကားရိုက်ပါတယ်ဆိုပီး ငိုငိုနေရင်ကြည့်ကောင်းပါ့မလာ :mrgreen: ခွန်းဆင့်နေခြည်ကဘယ်လိုကျိကျိရုပ်ကြမ်းကြီးလိုပဲ။ ဝိုင်းကိုတော့ ဖရူဖရူ ကရော်တိန်းနဲ့ပေးဇားချင်ဒယ်။ လေကြီးလို့။ အိုက်စာရေးဆရာမရေးဒါတခါမှမဖတ်ဖူးဘူး ဝယ်ဖတ်အူးမှ ကောင်းလား

    • black chaw

      May 5, 2015 at 5:25 pm

      @ မွသဲ ;
      ဘာတွေ ပြောသွားတာလဲ ဟင်…။
      ဂျဂါး အပီပဲ အွန်လိုင်းတက်တာတော့ လွန်တာပေါ့…။
      :mrgreen:

  • kai

    May 1, 2015 at 3:06 pm

    မြန်မာ့ဂဇက်ပင်တိုင်ဓာတ်ပုံဆရာ.. ကိုကျော်စွာတယောက်.. မြန်မာပြည်ကကော်ဖီမစ်လား.. ဘာလား..အထုတ်ကလေးတွေဟာကို.. အဖြူမလေး၂ယောက်နဲ့.. ကြော်ငြာရိုက်လိုက်တာ.. မြန်မာပြည်မှာပြနေတယ်လို့..ပြောလေရဲ့..
    တွေ့ကြသလားမသိ…။
    =
    ယူအက်စ်ရောက်နေတဲ့.. စနှိုးဝှိုက်ကိုမောင်မောင်ဦးက.. ဂျွန်လွင်တယောက်.. ယူအက်စ်မကြာခင်လာမယ်လို့.. ပြောသွားတယ်..။ :k:
    =
    ယူအက်စ်ကလည်း.. ဒီရက်ပိုင်း.. မြန်မာပြည်တပြည်လုံးများ.. ခေါ်နေသလားထင်ရတယ်..။
    အခုရောက်လာတဲ့… သူရဦးရွှေမန်းတို့အဖွဲ့ကြီး..။ နောက်.. ၁၄ရက်နေ့မှာ.. နောက်လွှတ်တော်အမတ်တွေ ဒီချုပ်အမတ်တွေအပါအဝင်.. တဖွဲကြီး..။
    ကြားထဲ.. FMIက..မစ္စတာဆက်ပန်းလည်း ဝါရှင်တန်မှာဟောပြောပွဲ..။
    တပါက်ကျော်ကတင်.. အာရီဇိုးနားမှာ.. မဇင်မာအောင်ပါတဲ့.. မက်ခ်ကိန်းတို့ရဲ့ဖိုရမ်…။
    =
    နားစွန်ကနေ…နားထဲရောက်တဲ့.. နားစွန်နားတွင်းသတင်းများပေါ့..။ :k:

    • black chaw

      May 5, 2015 at 5:28 pm

      @ kai ;
      တွေ့ဘူးဗျ…။ သူကြီးရ…။
      ရွာသူရွာသားတွေ တစ်နှစ်ကို ဆယ်ယောက်လောက်
      ယူအက်စ် ကို ခေါ်ဗျာ…။
      :mrgreen:

      • kai

        May 7, 2015 at 5:58 pm

        အောက်တိုဘာ ၁ရရက်နေ့မှာ.. အာအိုင်တီရီယူနီယန်.. အယ်လ်အေမှာလုပ်မယ်..။
        အဲဒါ….
        မြန်မာပြည်က…တနှစ်ထဲ.. အယောက် ၂၀၀-၃၀ဝလောက်ခေါ်ဖို့လုပ်နေလေရဲ့..။
        ရွာသူားတွေထဲက… အာအိုင်တီ..ဝိုင်အိုင်တီ..ဘာတီ..ဘာယူဆင်းများ.. ကြွနိုင်ပါကြောင်း..
        အမတော်မမ ထိပ်ဆုံးကကြွစေချင်ပါကြောင်း..။
        သီဟပူရက.. ညီမတော်လည်း.. ကြွစေချင်ပါကြောင်း…။
        ဗီဇာကိစ္စ… ဆရာတွေ.. ယူအက်စ် ဗီဇာကောင်စစ်ဝန်နဲ့..ညှိလုပ်နေကြကြောင်း…။

        http://rit-alumni.org

        အဲဒီသတင်း….. နားရင်းပါးရင်း…အတင်းတီးပြီး.. နားသွင်းလိုက်ရပါကြောင်း..။

        • ခင်ဇော်

          May 7, 2015 at 6:17 pm

          ဟမ်မလေးးး
          လာချင်လိုက်တာ..
          ရောဂါတက်ပြီ
          :a:

        • Ma Ma

          May 7, 2015 at 7:20 pm

          ခိုင်ဇာနဲ့ ရောဂါတူနေပြီ။
          အာအိုင်တီဆင်း အမတစ်ယောက်ကို အဖော်ညှိပြီး ကြိုးစားလိုက်အုံးမယ်။ :k:

        • ခင်ဇော်

          May 7, 2015 at 7:34 pm

          ခု ရောဂါ ပိုဆိုးလာနေပြီ။
          ဟီးဟီးးးး
          ပိုက်ဆံ က ပြန် ရှာလို့ရ။
          ဗီဇာ လွယ်ရင် လာချင်တာ။
          အားရားးး
          သေဘာဘီ။
          တဂျီးနှယ်။
          နာ့ က သိပ်ရောဂါမရှိရှာဘူး ဆိုတော့။
          :k:

        • kai

          May 8, 2015 at 4:00 am

          ဗီဇာဖေါင်ကို ဒေါင်းကြည့်လိုက်..။
          အဲဒါ… ဆရာတွေသံရုံးကိုမေးပြီးလုပ်ထားတာ…။

          အဲဒါနဲ့.. အင်ဂျင်နီယာအောင်လက်မှတ်နဲ့ဆို.. ရပါလိမ့်မယ်…။
          ယူအက်စ်. စပွန်ဆာထဲ.. ဘာကလေးကျောင်းကို ဒေါ်လာသန်းချီလှူနေတဲ့ အာအိုင်တီဆင်းကျောင်းသားဟောင်းပါတာပဲ..။

          ရွာသူားထဲကဆို.. အထူးထပ်ပြောပေးမယ်ဖြစ်ကြောင်း…။
          အဲ.. လည်လည်သွားဖို့အချိန်လေးများလည်း.. ပိုယူထားကြစေချင်ကြောင်း…။ :k:

        • ခင်ဇော်

          May 8, 2015 at 7:44 am

          ဗီဇာ ဖောင် မှာက From Myanmar ဖြစ်နေတယ်။
          ဟီးဟီးးး
          သများ ဆို အာ့ သုံးလို့ ရလားးး

          :k:

        • kai

          May 8, 2015 at 8:44 am

          သီဟပူရက..ကိုယ်စားလှယ်ရှိတယ်..။ ဆရာဦးကျော်စိန်ကို.. မေးပြီး ဗီဇာပေါင်းတင်လိုက်…။
          Singapore U Kyaw Sein (M-65) ukyawsein@yahoo.com 64051525 9452 4262

        • Ma Ma

          May 8, 2015 at 6:50 am

          အကြီးမားဆုံးအခက်အခဲက အင်ဂျင်နီယာအောင်လက်မှတ်ကို ဘယ်နားပြန်ရှာရမှန်းမသိတာပဲ။
          ဘီဒိုဟောင်းတွေ ပြန်ဖွအုံးမှ :b:

    • Ma Ma

      May 7, 2015 at 4:39 pm

      သဂျီးရေ-
      နားရင်းနားတွင်း ယူအက်စ်သတင်းဆိုပြီး နားစွန်နားဖျားနဲ့ အပြိုင်ကြဲလိုက်ပေ့ါ။ :k:

  • pooch

    May 2, 2015 at 8:20 am

    အချစ်​၏​နောက်​ဆက်​တွဲစာမျက်​နှာကို
    အဲ့လိုကြီးမရိုက်​ကြပါနဲ့လို့
    နိုင်​းနိုင်​းကလည်​းမရ​လောက်​ဖူးမကြီးစိုးလည်​းမဖြစ်​နိုင်​ဘူး
    ​တော်​ပြီ မကြည်​့ဘူး

    အချစ်​လို့​ခေါ်သလားသီချင်​းက မီးမီးခဲကသူ​ရေးတာလို့​ပြောတာ တခါကဖတ်​ဖူးသလားလို့

    ​ပြေတီးဦးကို ရိုးရိုးသူရဲမဟုတ်​ပဲ အိုဗာတင်​းသူရဲကားရိုက်​မလို့​ခေါ်တာ​နေမှ​ပေါ ;P

    ဗျို့သူကြီး စိုင်​းစိုင်​းနဲ့​တွေ့ရင်​ ပုံ​ကောင်​း​ကောင်​းရိုက်​ပြီး အ​နော်​့တွက်​ လတ်​မှတ်​​တောင်​း​ပေး :mrgreenn:

  • black chaw

    May 5, 2015 at 5:32 pm

    @ pooch ;
    အချစ်လို့ ခေါ်သလား သီချင်းက ဖိုးတု ဆိုတဲ့
    ပုဂ္ဂိုလ်လေး ရေးတာတဲ့ဗျ…။
    ထူးအယ်လင်းက နယ်ရှိုးတစ်ခု မဆိုခင်လေး…၊
    မီးပုံလေးဘေးမှာ အဲ့သီချင်းကို သီချင်းရေးတဲ့ ပုဂ္ဂိုလ်လေးက
    ဂစ်တာလေးနဲ့ ဆိုနေတာကြားပြီး
    ချက်ခြင်းပဲ အဲ့ရှိုးမှာ တစ်ခါတည်း ထည့်ဆိုပစ်လိုက်တာတဲ့…။
    ပြီးတော့မှ စီးရီးထဲ ထည့်ဆိုတာလို့ မှတ်သားဖူးပါတယ်ဗျာ…။
    :mrgreen:

  • uncle gyi

    May 6, 2015 at 10:25 pm

    ပြေတီဦးကိုတော့မြန်မာဈေးကွက်ကိုမျှော်ပြီး
    စိတ်ဝင်စားတာနေမှာပါလေ

  • ဝင့်ပြုံးမြင့်

    May 7, 2015 at 5:11 pm

    .မြန်မာကား တစ်ခါမှ မကြည်ဖူးလို့ ဘာမှမပြောတတ်ဘူး။ ဒါပေမယ့် မင်းသားချည်းပဲ ရိုက်တဲ့ကားများ ရှိမလားမသိဘူး။ အဲဒါဆိုရင်တော့ ကြည့်ချင်တယ်။ မင်းသမီးပါရင် ကြည့်လို့ကို မရဘူး။ မင်းသားတွေကတော့ ကိုယ်ကအားလုံးကို ကြိုက်တာဆိုတော့ အဆင်ပြေပါတယ်လေ။

  • ​ဒေါ် လေး

    May 15, 2015 at 10:16 pm

    အချစ်​ရဲ​နောက်​ဆက်​တွဲ က​တော့ အခန်​းဆက်​မှာကတည်​းက
    ကြိုက်​ပြီး လုံးချင်​းလဲထွက်​​ရော အပိုင်​ဝယ်​ လိုက်​တယ်​
    ရုပ်​ရှင်​ရိုက်​မယ်​ ဆိုရင်​ ဝတ္တု ရဲ့အရသာ​လောက်​ ​လေးနက်​မှု မရှိမှာဘဲ
    စိုးပါတယ်​

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 16, 2015 at 12:25 am

    ဒီလူကြီး ဒုတိယံပိ ဟားနီးမူးနေတုန်း ဝင် ရိ အုံးမှပါ

    အချစ်ရဲ့ နောက်ဆက်တွဲ ဆိုတာ ဂျမခန္ဒာ ကိုပြောတာ မဟုတ်လားဗျ…
    ဟီဟိ…

    ဘာဖြစ်တုန်းဗျာ .. ရိုက်ပါစေ….
    ပရိတ်သတ် ဆိုတာက မရိုက်ရဘူး တားလို့ရတဲ့ အနေအထားမှာ မှ ရှိမနေဘဲ ကိုးနော…။
    တလောလေးကပဲ … ဟိုခေါင်းလောင်းတီးပြီး ထွက်သွားတဲ့ မှော်ဆြာ့သီချင်းတွေ (ရွာသား ကမှော်ယီး မဟုတ်ပါ)
    မဆိုရဝူး ဆိုပြီး အသံတွေ ညံကြသေးရဲ့…။

    မဆိုစေချင် မရိုက်စေချင် … မူပိုင်ခွင့် ပေးပီး ဝယ်သိမ်းကြပေါ့ဗျာ …။
    မူရင်း ရသပျက်မယ် အော်နေကြတယ်…။

    အင်း..
    တကယ်တော့ အနုပညာပစ္စည်းဆိုတာ တင်သွင်းတဲ့ ကြားခံကွာသွားရင် အရသာလည်း ကွာသွားတာပဲဗျ။
    ကြုံလို့ နာဖူးတဲ့ ဟိုမှော်ဆြာ့ တရားလေး ထည့်ချီးမြှင့်ပါ့မယ်….

    ဘာတဲ့..
    စာပေမှာ (ဝါ) ဂီတမှာ ညနေ ရယ်လို့ ပြောလိုက် ဆိုလိုက်လို့ရှိရင်
    ခီညား ခံစားရင် ခီညားညနေ ..
    ကျုပ် ခံစားရင် ကျုပ် ညနေပေါ့..ဗျ
    အဲ … ရုပ်ရှင်ဖြစ်သွားရင်တော့ ခီညားညနေ ကျုပ်ညနေ မဟုတ်တော့ဘဲ သူတို့ ပြတဲ့ ညနေဖြစ်သွားရောလေဗျာ..
    အဲ့သည်မှာပဲ မတူညီတာတွေ ခံစားမရတာတွေ စိတ်ထိခိယက်တာတွေ ပေါ်လာပါတော့တယ်..

    ဆိုတော့ ဝတ္ထုကို ပုဂ္ဂလိက ခံစားချက်နဲ့ ကြိုက်သလို ပုံဖော်ပြီးခံစားခွင့် ရှိသဗျ..
    (စိတ်ပါရင် ကိုယ်တိုင် မင်းသားမင်းသမီး ဝင်လုပ်လို့ရသေး)
    အဲ .. ရုပ်ရှင်ကိုတော့ ဝတ္ထုလို မဖတ်မိစေနဲ့ပေါ့ဗျို့ …
    ငါးကြင်းခွက်ဆိုတာ ဘီယာသောက်ဖို့ထားသာ ဗျ
    ကျုပ်တို့ သိပ်ကြိုက်တဲ့ ချိုပေါ့ကျ သောက်ဖို့မဟုတ်ဝူးရယ်။

    နောက်တခု ရုပ်ရှင်ပဲဗျာ.. ဝတ္ထုကို ဇာတ်ညွှန်းခွဲပြီး ရိုက်ရတဲ့အမျိုး မဟုတ်လား..
    ရိုက်ပါဇီဗျာ…မူရင်းမီတာ မမီတာ ပျက်တာ မပျက်တာ သူ့ကိစ္စ …
    မူရင်းဝတ္ထုကို ပုံပြီး မီးရှို့ပစ်တာမှ မဟုတ်တာ…

    အဲ့လို မဟုတ်တဲ့အပြင် ရုပ်ရှင်ကြည့်ပြီးကာမှ … စိတ်ဝင်စားလွန်းလို့
    သမိုင်းပြန်လှန်ကြည့် မူရင်းရှာဖတ် တဲ့ နှောင်းလူပရိတ်သတ်တောင် တိုးလာနိုင်သေးမဟုတ်လားဗျာ…..

    မြန်မာ့ရုပ်ရှင် အဆင့်အတန်း ဘာညာ လည်း ခနထားဦးဗျ…
    ကမာ္ဘမှာလည်း ကမာ္ဘကျော် ဝတ္ထုတွေ ပြန်ရိုက်ရင်း အဆဲခံရတဲ့ ဟောလိဝုဒ်က ပဂေးကြီးတွေနည်းမှ မနည်းပဲဗျာ..
    အင်ဒီယာနာဂျုံး ဇာတ်ရုပ်ကို ကိုယ်က ပီတာဖောင်ဒါ ရုပ်ရည်နဲ့ မြင်ယောင်ထားပေမယ့် သူက ဟာရီဆင်ဖို့ဒ် နဲ့ ရိုက်ပြရင်
    ဟာရီဆင်ဖို့ဒ် သာ ကြည့်ရုံ….

    အဲ ဆေးလိပ်ကလေး လက်ကြားညှပ်လို့ အေးအေးလူလူ ပက်လက်ကုလားထိုင်လေးပေါ်ထိုင်ဖတ်ရတဲ့ ဖီလင်နဲ့
    သူရိုက်ပြတဲ့ အချိန် အတွင်း အစအဆုံး ထိုင်ကြည့်ရတာမျိုးလည်း ကွာသေးသကိုးဗျာ…။
    ဇာတ်လမ်းတွဲဆိုတော့ သာဆိုးသေး… ဝတ္ထုတုန်းက ထမင်းဆာတာ အိမ်သာတက်ချင်တာ အောင့်ထားပီး ကောင်းခန်းပီးအောင်
    ဖတ်ရတဲ့ ဖီလင်မျိုး မရတော့ဘဲ … ဇာတ်ရှိန်ဆွဲတင်ပီးကာမှ တပိုင်းဖြတ်ချခံရတဲ့ မချင့်မရဲ အရသာသစ်ကလေးလည်း
    ခံစားရအုံးမှာဗျ….

    ဂလိုပါပဲဗျာ.. သတင်းတို့ မီဒီယာတို့ အင်ဖော်မေးရှင်းတို့ဆိုတာ မီဒီယံအမျိုးမျိုးပြောင်းလဲပီး ဒိုးနေကြတာပါပဲ…
    အက်တစ်ဗ် ကနေ ပက်ဆစ်ဗ် ဆန်တဲ့ ခံစားမှုမျိုး ဖြစ်လာတယ် ပြောရမပေါ့…။

    အစောပိုင်း သတင်းစာ ဖတ်ရတယ် ရေဒီယိုနားထောင်ရတယ် နောက်ပိုင်း အရုပ်ပါမြင်ရတဲ့ တီဗီ ဆိုတာပေါ်လာတယ်…
    သည်အထိက ကြိုက် ၂ မကြိုက်၂ သူလွှင့်တာ သူပေးတာ လက်ခံယူပဲ..
    သခင်ရှုမောင် တို့ ဟိုတီဗီမင်းသားတို့ ၆မြင့်ကပ်လို့ မမြင်ချင်ဝူး ဆိုလည်း သူ့အချိန်ကျရင် ထွက်ထွက်လာတာကိုးဗျ…
    ရုပ်ရှင်နဲ့ သီချင်းလို ဖျော်ဖြေရေး ကဏ္ဍကျ ရှင်းတယ် ကိုယ်ကြိုက်မှ ဝယ် ကိုယ့်မှာ ရွေးခွင့်ရလာတယ်…
    တီဗီချန်နယ်တွေ ပေါလာတော့ ..ကိုယ်နှစ်သက်ရာ လိုင်း အစီအစဉ် ဒိုးနိုင်လာပြန်တယ်…
    အရင်ကလို မွှေးဆပ်ပြာပဲ ရှိတယ် မကြိုက်ရင် ဆင်ချေးတုံးနဲ့ တိုက် လုပ်လို့မရတော့…
    အင်တာနက် ပေါ်လာတော့ သာဆိုးသေးဗျား…
    မဂ္ဂဇင်း ဂျာနယ် သတင်းစာတွေရဲ့ သဂျင်္ ိုင်းကုန်း ကို ဖြစ်ရော….

    ဆိုပါစို့ ကျနော် မန်းဂဇက် ဆိုတဲ့ မဂ္ဂဇင်းတစောင်ဝယ်တယ်..
    ကျနော်ဗျာ … မမကမ်းကို ချဉ်လို့ ကာတွန်းကဏ္ဍ မဖတ်ချင်ဘူး
    ဒညင်းဝက်ကို ကြည့်မရလို့ ကဗျာတွေ ကျော်မယ်ဗျာ..
    ဒေါ်ဆွိကို အော့ကြောလန်လို့ ဟင်းချက်စာမျက်နှာတွေ စတပ်ပလာနဲ့ချုပ်ထားမယ် လှန်မိမစိုးလို့
    သဂျီး ကို အော်ဂလီဆန်လို့ သတင်းစာမျက်နှာတွေ ဆွဲစုတ်မယ်ဗျာ…
    ကိုယ်နဲ့မဆိုင်ရင် ဆိုင်းဘုတ်တောင်မဖတ်ချင်သမို့ ကြော်ငြာတွေ ကျော်ခွ ဖတ်မယ်ဗျာ..
    သာမီးလေးတွေ ပုံပါတဲ့ ဘာအလှပန်းဆိုလား အာ့လေးပဲ အားပေးမယ်.. ဆိုပါစို့ရဲ့
    စာအုပ်တအုပ်လုံး ဝယ်တာ ကိုယ်မဖတ်တဲ့ ၉၀% လောက်သော စာမျက်နှာတွေအတွက် စာအုပ်ဖိုးထည့်တွက်ခံရပါရောလား
    မဖြစ်မဖြစ်။… တွက်ခြေမကိုက်ဝူးဗျ။။

    အဲ့ ကနေ့ခေတ်တော့ အဲ့ဒါတွေ အင်တာနက်ပေါ်မှာ ရလာပြီဗျ…
    ကိုယ်နှစ်သက်တဲ့ စာရေးဆြာ ဒါမှမဟုတ် ကိုယ် စိတ်ဝင်စားတဲ့ သတင်းအမျိုးအစား
    ကိုယ်ကြိုက်တဲ့ မင်းသားမင်းသမီး ပက်ပလစ်ဖစ်ဂါ စသည် ရဲ့ သတင်းကိုမှ
    အချိန်နဲ့အမျှ ကိုယ်ဖတ်ဖို့ စုစည်းရွေးချယ်ထုတ်နှုတ်ထားတဲ့ သတင်းစာမျိုး ဆိုပါတော့..
    (ဒီဂျစ်တယ်ဗားရှင်းပေါ့ဗျာ)… ဘယ်လောက် နိပ်သလဲ… ကမာ္ဘပေါ်မှာ ကိုယ်တယောက်တည်းအတွက် သီးသန့်ထုတ်ဝေတဲ့
    တစောင်တည်းသော သတင်းစာ …

    အင်း .. ပြောရင်းချော်ကုန်ပါပြီ
    ဆိုတော့ လက်စသပ်ရရင် …
    ကိုယ်တိုင် စိတ်ကြိုက် တစိမ့်စိမ့်နဲ့ ခံစား တွေးခေါ် ရတဲ့ရသ
    ပေးသမျှ ကြိုက်ကြိုက်မကြိုက်ကြိုက် တပြုံတမကြီး လက်ခံရယူရ တပြုံလုံးစာ ငွေပေးရတဲ့ခေတ်…
    တခုချင်းစီ ကောက်သင်းကောက်လို့ ရလာတဲ့ အခြေအနေ
    နောက်ဆုံးမတော့…
    ကိုယ်ကိုယ်တိုင် ကတ်စတမ်မိုက်ဇ် လုပ်ပြီး ကိုယ်နဲ့တိုင်းချုပ်ထားတဲ့ အဝတ်လို လိုရာစုပေါင်းစပ်ဟပ်ယူလို့ရတဲ့ခေတ်ကြီး
    ဖြစ်နေပီလေဗျာ…

    ရိုက်ချင်သပ ဆိုရိုက်ကြပစေပေါ့
    ကိုယ် ခံစားမှ (ကိုယ်ထိုင်ကြည့်မှ) ဖြစ်တာမျိုးပါ…
    မူရင်း မမီတာ ပျက်တာ ခနဘေးချိတ်
    အနည်းဆုံးတော့ ရိုက်မဟဲ့ ဆိုတဲ့ သည်သတင်းလေး သက်သက်ကပဲကို
    စာဖတ်သူ အသိုးကြီးတွေ မေ့တေ့တေ့ဖြစ်နေမယ့် (တိုက်ဆိုင်မှု ရှိမှသာ တခါတရံ သတိရနိုုင်မယ့်)
    စာအဟောင်းတခုကို ပြန်လည်ပွဲထုတ် အမှတ်ရစေခဲ့ပြီး အကျိုးပြုနေပြန်တယ်မဟုတ်လား..

    ဆိုတော့… တနေ့သေကြရမှာရယ်… မသေခင် လုပ်ချင်တာ လုပ်ကြပေါ့ဗျာ…

    ကျော်လား ?
    ကျော် တော့ အဲ့စာအုပ် ရှာဖတ်ရမှာ ပျင်းသမို့ podCast ထွက်ရင်တော့ နားထောင်ချင်သားဗျာ…

    အားးဟိ..

  • အတွေးလေး

    July 12, 2015 at 1:38 pm

    အတော် ကိုစုံစုံလင်လင်သိ သွားရတာပဲ၊ခုလို ပြောပြပေးတာ ကျေးကျေး ပါလို့စ်

Leave a Reply