ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို ့

Yin Nyine NwayAugust 22, 20101min731

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့
နား၊နှာခေါင်း၊ ပါးစပ်နဲ ့ မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက်
သေဆုံးသွားခဲ့ပါတယ်။

ကျွန်မတို ့ဟာ တစ်ခါတစ်ရံ သူငယ်ချင်းအပေါင်းအသင်း မိဘဆွေမျိူး တွေနဲ
့အတူ အနောက်တိုင်းစားသောက်ဆိုင် တွေရောက်ဖြစ်တဲ့ အခါ ပုဇွန်၊ဂဏန်း၊ငါး
အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ ့ အတူ
ဝိုင်သောက်တတ်တဲ့ သူကဝိုင် ၊ ဝိုင်မသောက်တတ်တဲ့သူတွေအတွက် Vitamin C
ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိူးကို တွဲဖက်ပြီးစားသုံး
ခဲ့ကြဖူးပါတယ်။ အဲ့ဒီလိုပဲ တစ်ချို ့တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာ
ဘူဖေးကျွေးတဲ့ အခါ ပုဇွန်တစ်ပန်းကန်နဲ ့အတူ Orange Juice တစ်မျိုးကတော့
ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှ ုမျိုးဟာ ဘာမှ မထူးဆန်းတဲ့
အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်း မှ ုလေးလို ့ ကျွန်မတို ့
ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့အခွံပါးလေးတွေ
ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကို
တစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့ အခါ အခန့် မသင့် ရင် အသက် အန္တရာယ် ကိုပါ
စိုးရိမ်ရ ကြောင်း ကျွန်မတို ့ အခုသိခဲ ့ ရ ပါပြီ ။

ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့
နား၊နှာခေါင်း၊ ပါးစပ်နဲ ့ မျက်လုံး တွေကနေ သွေးတွေထွက်ပြီး ရုတ်တရက်
သေဆုံးသွားခဲ့ပါတယ်။
သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ Arsenic အဆိပ်သင့်လို ့
သေဆုံးရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။
ရဲတွေဟာ သေမှ ု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှ ု တွေ
လုပ်ပါတော့တယ်။ ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာ
ကိုဖြေရှင်းဖို ့ ဖိတ်ခေါ်ခဲ့ ပါတယ်။
ပါမောက္ခကြီးဟာ နာရီဝက်ခန် ့ သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့
အစိတ်အပိုင်းတွေအားလုံးကို သေသေချာချာစစ်ဆေးပြီးနောက်မှာေ

တာ့ ဒီ
လျှို့ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။ ” သေသူဟာ အသတ်ခံရတာ မဟုတ်သလို
ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှ ုကြောင့်
မတော်တဆသေဆုံးခဲ့ရတာပါ။ “ လို ့ပါမောက္ခကြီး ကပြောခဲ့ပါတယ်။
“ဘာကြောင့် မတော်တဆသေဆုံးရတာ လဲ “ဆိုပြီး လူတွေဟာ အံ ့ဩ ကုန်ကြပါတယ် ။
“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို
နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ ့အလိုလိုဆို ပြဿနာ
မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ
စားသုံးခဲ့ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး သူမနဲ ့အတူတူ
ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ
ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို
သောက်ခဲ့ပါတယ်. အဲဒီအချက်ဟာ ပြဿနာပါပဲ” လို ့ ပါမောက္ခကြီးက
ရှင်းပြခဲ့ပါတယ်။
Ø အမေရိကန်နိုင်ငံ ချီကာဂို တက္ကသိုလ်ရဲ့ သုတေသီတွေဟာ ပုဇွန်ကဲ့သို ့
ပါးလွှာနူးညံ ့တဲ့ အခွံတွေပါတဲ့ အစားအစာတွေမှာ သိပ်သည်းဆမြင့်မားတဲ့
ပိုတက်ဆီယမ် အာဆင်းနစ် ဒြပ်ပေါင်း ငါးမျိုး ပါဝင်တာကို လေ့လာ တွေ ့ရှိခဲ့
ကြပါတယ်။ အဲဒီလတ်ဆတ်တဲ့ အစားအစာတွေဟာ လူရဲ့ ခန္ဓာကိုယ် ကို
ဘေးမဖြစ်စေပါဘူး ဒါပေမယ့် သူဟာ ဗီတာမင်စီနဲ ့ ပေါင်းစပ်မိသွားရင်တော့
ဓါတ်ပြုမှုတွေဖြစ်လာပြီး မူလက အဆိပ်အတောက်မရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်
ဒြပ်ပေါင်း ငါးမျိုး (As anhydride, also known as arsenic oxide, the
chemical formula for As205)ဟာ အဆိပ်ရှိတဲ့ ပိုတက်ဆီယမ် အာဆင်းနစ်
ဒြပ်ပေါင်းသုံးမျိူး (also known as arsenic trioxide, a chemical
formula (As203), which is commonly known as arsenic to the public! )
အဖြစ်ပြောင်းလဲသွားပါတယ်။
အာဆင်းနစ်အဆိပ်ရဲ့ အဓိပ္ပာယ်ကတော့ လူရဲ့ ခန္ဓာကိုယ်မှာာ အရေးအပါဆုံး
အစိတ်အပိုင်းတွေဖြစ်တဲ့ နှုလုံး ၊ အသည်း ၊ ကျောက်ကပ် ၊ အူသိမ် နဲ ့
အာရုံကြော တွေရဲ့ သွေးကြောတွေကို ပေါက်ထွက်ပြီး ခန္ဓာကိုယ်
မလှုပ်ရှားနိုင်ခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အာဆင်းနစ်အဆိပ်ကြောင့်
သေတဲ့လူတွေဟာ နား၊နှာခေါင်း၊ ပါးစပ်နဲ ့ မျက်လုံး တွေကနေ သွေးထွက်တဲ့
လက္ခဏာတွေဖြစ်လာပါတယ်။
ဒါကြောင့် ပုဇွန်ကို ဗီတာမင်စီ နဲ့ ပူးတွဲ မစားကြ ဖို ့သတိပေးထားပါတယ်။

One comment

  • divamyo001

    August 26, 2010 at 3:48 am

    ပုဇွန်ကို ရှောက်သီးနဲ ့အစိမ်းသုပ်စားရင်ရော သေတတ်လား။ရှောက်သီးက ဗိုက်တာမင်စီလို ့ပြောကြလို ့ပါ။

Leave a Reply