အရက်သမား ပို့စ် -၂
အရက်သမားပို့စ် -၂
မြန်မာပြည်မှာက ရှိရှိသမျှလူဦးရေရဲ့ ၄၀% ကျော်က အရက်သောက်သုံးကြသူတွေပါ ။ နေ့စဉ်ရက်ဆက် မပျက်မကွက် သောက်သုံးသူတွေကိုသာ အရက်သမားလို့ သတ်မှတ်ပြီး နေ့စဉ်ရက်ဆက် မသောက်နိုင်တဲ့သူတွေကတော့ အရက်သမားစာရင်းမ၀င်ပြန်ပါဘူး ။ (ဥပမာ နေ၀န်းနီ တို့လိုပေါ့ ။ အကြံအဖန်လေးရမှ ဘောလုံးပွဲ အကြံပေး ၂လုံး အကြံပေးလေးလုပ် ကလေးတွေကြားထဲ fb အကောင့်လေးလုပ်ပေး ။ တစ်ခါတစ်လေလည်း အမေ့ဆီက နဲနဲပါးပါးဘတ်တဲ့ ငွေယားလေးရှိနေမှ ဘီယာဆိုင်ပြေး ။ ) နေ့စဉ်သောက်နိုင်ဖို့ဝေးစွ ။ တစ်ပတ်တစ်ရက်တောင် ဘီယာနားမကပ်နိုင်ဘူး ။ ကံများဆိုးချင်တော့ နေ၀န်းနီ ပေးလိုက်တဲ့ အသင်းက ခွက်ခွက်လန်အောင်ရှုံးနေတော့ ဘောလုံးပွဲလောင်းတဲ့သူတွေ နေ၀န်းနီ မြင်ရင်ထွက်ပြေးနေပြီ ။ ၂လုံးသမားတွေကောပဲ ။ နေ၀န်းနီပေးလိုက်တဲ့ ဂဏန်းက ငုတ်ကွက်တွေချည့်ကိုး ။ အရက်သောက်ဖို့ အကြောင်းလေးကဖန်ချင်တော့ ဉာဏ်သွားတဲ့ သူတွေကချဉ်းကပ်လာပြန်ရော ။ သူတို့က နေ၀န်းနီဆီက အသင်းယူပြီး ဆန့်ကျင်ဘက်တွေ ဆော်ကုန်ပါရောလား ။ နှစ်ပတ်လောက်အဆင်ပြေလိုက်တယ် ပြီးတော့ ပြန်တည့်သွားရော ။ ပြီးတော့ မှန်လိုက် မှားလိုက် မတည်ငြိမ်တာနဲ့ အရက်ဆိုတာ ယက်ရတာကွ ဆိုသလိုပါပဲ ။ အနံ့လေးခံပြီး အာဆွတ်ယုံလောက်နဲ့ တင်းတိမ်နေရတာကြာပါပကောလား ။ ပြီးခဲ့တဲ့ အပတ်ကတော့ ရွာသူကြီးက ဇွဲဆု ပေးလိုက်တော့ ဘာရမလဲ ငွေထုတ်ပြီးပြီးချင်း ဘယ်မှမသွားနိုင်ဘူး ။ အရင်က ကိုယ့်အပေါ် အနွံအနာခံ အရက်တိုက်ခဲ့တဲ့ သူငယ်ချင်းကိုခေါ် ဘီယာဆိုင်ကိုချီတက်တာပေါ့ ။ နောက်ရွာထဲက သူငယ်ချင်း ဗစ်တာစိုးမိုးကိုဖုန်းဆက်ပြီးလှမ်းခေါ် ။ သူက မပါလို့မရဘူး ။ ဒီဇာတ်လမ်းမှာ သူကဇာတ်လိုက် ။ ရွာထဲမှာ တစ်လုံးမှသာဝင်မရေးတာ နေ၀န်းနီကိုရေးဖို့ အတော်မြှောက်ပေးတာကလား ။ တစ်သိန်းပြည့်ဖို့ သူပဲတွန်းအားပေးခဲ့တာ ။ ဖုန်းဘေလ်မရှိဘူး ဆိုရင်တောင်သူက ဖြည့်ပေးတာ ။ ဆိုတော့ကာ ဇာတ်လိုက်ကြီး ဗစ်တာကို ဖုန်းဆက်ပြီး မလာမချင်းခေါ် ။ သူရောက်လာတော့ စောစောက သူငယ်ချင်းက သူ့ဆိုင်က လှမ်းခေါ်လို့ ထွက်သွားရပြန်ရော ။ ( ပထမ ခေါ်လာတဲ့သူငယ်ချင်းက ဟမ်းဆက်ဆိုင်ဖွင့်ထားတာ ။ အဲ့ဒါကြောင့် သူ့ဆိုင်နဲ့ နီးတဲ့ ဘီယာဆိုင်မှာလာထိုင်တာ ။ ဗစ်တာစိုးမိုးက စာအုပ်အငှားဆိုင် ။ မနက်ပိုင်း သူမထိုင်လို့ရတယ် ။ သူ့သား ကိုထားပြီး ထွက်လာတာ ) ။ ဘီယာဆိုင်ထဲမှာ အဖော်သာ တစ်ယောက်နဲ့ တစ်ယောက် အပြောင်းအလဲ လုပ်သွားတယ် ။ နေ၀န်းနီ ကမလဲသေးဘူး ။ ဘယ်လဲပါ့မလဲ နှစ်ခွက်ပဲသောက်ရသေးတာကိုး ။
အရက်ကို နေ၀န်းနီက သွေးထဲကကို ကြိုက်ပါတယ် ။ ဒါပေမဲ့ မသောက်ရရင် မနေနိုင်တဲ့ အဆင့်ထိမရောက်အောင် ထိမ်းထားတယ် ။ ပြီးတော့ အရက်သောက်တာက မျိုးနဲ့ရိုးနဲ့ ဂုဏ်ယူပြီးပြောစမှတ်တွင်စရာ ။ ဦးလေး ၂ယောက်က အသက်လေးဆယ်ကျော်မှာ အရက်နဲ့ လျောဘရားသား လုပ်သွားကြတယ် ။ လောကကြီးကို တာ့တာ ပြသွားပေမဲ့ နေ၀န်းနီ က ပန်းပန်နေတုန်း ။ အရက်သမား ဖြစ်ရတာ လွယ်လွယ်လေးတော့မှတ်မနေနဲ့ ။ ပထမဆုံး ကိုယ့်ပိုက်ဆံနဲ့ကိုယ် အကုန်ခံ လည်းသောက်ရတယ် ။ မြင်သူမေးငေါ့တာကိုလည်းခံနိုင်ရည်ရှိရတယ် ။ ဒီလိုလူမျိုးတွေများနေလို့လည်း မြန်မာပြည်မှာရှိတဲ့ အရက်ချက်စက်ရုံတွေ မရောင်းရလို့ ပိတ်ပစ်လိုက်ရတယ်မရှိပါဘူး ။ နော့ ……
ဒါဖြင့် လူတွေဘာ့ကြောင့် ဒီမကောင်းဘူးလို့ ပြောပြောနေကြတဲ့ အရက်ကို တမ်းတမ်းစွဲ သောက်နေကြပါလိမ့် ။ မေးစရာ မေးခွန်းတစ်ခုဖြစ်လာပါတယ် ။ ပြန်ဖြေမဲ့ အဖြေကလည်း လူမှုအသိုင်းအ၀ိုင်းကြားမှာ အငြင်းပွားစရာဖြစ်လာပါလိမ့်မယ် ။ သင်ကော အရက်ကို ကြိုက်ပါတယ် ။ သောက်ဖူးပါတယ်လို့ ဆိုရင် ဘယ်လိုအဖြေမျိုးပေးဖို့ စိတ်ကူးထားပါသလဲ ။
http://myanmargazette.net/213255
အရက်သမားပိုစ့် (၁) က ဒီမှာပါ ။
နေ၀န်းနီ
8:48 PM
2015 May 1
သောက်ဖူးတယ်
မသောက်ဖူး
ဘာမှမဟုတ်ကိုယ်ပိုင်ခံယူချက်နဲ့မသောက်တာပါ
Was this answer helpful?
LikeDislikeအရက်သမားအဖိုးကြီး တစ်ယောက် က
အရက်စသောက်ဖို့ ကြိုးစား နေတဲ့ လူငယ်လေး ကို
“မသောက် ပါ နဲ့။ အန္တရာယ် ရှိတယ်” လို့ တားတယ်။
ဒါကို ကောင်လေး က
“ခင်ဗျားကျတော့သောက်ပြီး ကျုပ် ကိုကျ လာတားနေတယ်။” ဆိုပြီး ပြန်ပြောသတဲ့။
အဲလို ပြန်ပြောသင့်လား?
အဲလို ပြန်မပြောသင့်ဘူးလား?
. ငြင်းကြစို့ အဘ ရာ။
Was this answer helpful?
LikeDislikeအဲ့သလိုတော့ ဆရာမလုပ်ချင်ပါကြောင်း
အရက်အကြောင်း ကောင်းကြောင်းဆိုပြစ် အကုန်ပြောပြမယ် ။ သောက်ချင်သောက် ။ မသောက်ချင်မသောက်နဲ့ ။ သူ့ရွေးချယ်မှုကို မနှောက်ကြေး
Was this answer helpful?
LikeDislikeကျနော့်ကိုသာ အရက်သမားကြီးက
အရက်မကောင်းကြောင်း
မသောက်သင့်ကြောင်း ပြောလာရင်
”ဟုတ်ကဲ့” လို့ပဲ ပြန်ပြောပြီး နာခံလိုက်မှာ
သူ လုပ်တာ မှားပေမဲ့
သူ ပြောတာ မှန်တယ် ဆိုရင်. . .
Was this answer helpful?
LikeDislikeအရက်မကောင်းကြောင်း ၀ါတော်လေးဆယ် သိက္ခာတော်ရ ငယ်ဖြူဆရာတော်ထက် ၀ါရင့်အရက်သမားက အရက်မကောင်းကြောင်းပိုသိသလိုပေါ့
တကယ်တော့အရက်ဆိုတာ
တန် ဆေး
လွန် ကောင်း
များ ဗဲဒီးဂွတ်
မို့
ဘယ်ဘုရားမှ မမွေးခင်ပေါ်လာပြီး
ဘယ်ဘုရားမဆို တားမြစ်တာတောင်မှ
ဘယ်ဘုရားမှ မရှင်သန်တော့သည့်တိုင်
ဆက်လက်တည်မြဲနေတဲ့
စိတ်ရွှင်မြူးတက်ကြွစေတဲ့ ဆေးရည်
:-)
Was this answer helpful?
LikeDislikeအရက်တွေ ရှားတဲ့ ခေတ် တုန်းကတော့ တော တွေ မှာ ဖိနပ်စုတ် နဲ့ ချက် တဲ့ တော အရက်တွေ သောက်ခဲ့ ကြတယ်
ဒီ ခေတ် ကြတော့ လဖက်ရည် ဆိုင်ထက် ပိုပေါတဲ့ ဘီယာဆိုင် အရက်ဆိုင်တွေ မှာ အမျိုးအစားစုံး အရက်စုံ
အများစု က လူ ကို ဒုက္ခ ပေး နိုင်တာတွေ မကောင်းတဲ့ အရက်တွေ သောက် နေကြရတယ် ဘာမှ မထူး
အရက် ပဲ ကောင်းတာ ရှိသေးလား ဆိုရင်တော့
လုံးဝ မသောက်တာက အကောင်းဆုံးပေမဲ့
ပါဝင်ပစ္စည်းသန့်သန့် ကို စနစ်တကျ ချက်ထားတဲ့ အရက်ကောင်းကောင်းကို လူက အရက်ကို နိုင်ပြီး သောက်နိုင်ရင်တော့ မဆိုးလို့တော့ ပြောရမှာပဲ
ဒီ စကားတွေ က ဒီမှာ ပြောရတာ သိပ်မကောင်းဘူး
အရက်ဆိုင်မှာ ပြော ရမှ ကောင်းမှာ
Was this answer helpful?
LikeDislikeလာလာချင်း အရက်သမား ပို့စ်ကို အရင် လာကြည့်တယ် …
ပြီးခဲ့တဲ့ ထဲမှာ မကောင်းဘူးလို့ ပြောကြပေမယ့် …
ကောင်းကွက် ရှိလို့ စွဲတာပေါ့ … အဲ့ဒီ ကောင်းကွက် က ဘာလဲ?
ဆိုတာ သိချင်လို့ လာကြည့်တာ …
ဟိုအပေါ်က လစ်ဘရယ် ယောက်ကျားကြီး ပြောပုံ အရ ဆိုရင်ဒေါ့ …
အရက်မှာ စိတ်ကို ရွှင်မြူး တက်ကြွ စေတဲ့ ကောင်းကွက် ရှိလို့ စွဲတာပေါ့ … နော့ …
Was this answer helpful?
LikeDislike.ဆေးလိပ်၊ အရက်၊ လုံးဝမသောက်တဲ့ ယောက်ျားတွေကို တွေ့ဖူးတယ်။ သူတို့အကုန် သူတို့စိတ် သူတို့ မနိုင်ဘူး။ မနိုင်လို့ကို မသောက်ကြတာ။ ပြီးတော့ ယောက်ျားတွေ အဲဒါတွေ မသုံးစွဲလို့ စိတ်ကကောင်းတယ်လို့ မထင်နဲ့။ အဲဒါတွေ အားလုံးရှင်းတဲ့ ယောက်ျား သာတောင် ဆိုးသေးတယ်။ ဘီယာ တို့ ဘာတို့ ခေတ်နဲ့အညီ တန်သင့်သလောက် သောက်တာ မဆိုးပါဘူး။
Was this answer helpful?
LikeDislikeဘာပဲလုပ်လုပ် ကွကိုယ် ထိန်းချုပ်နိုင်ဖို့ပဲ လိုပါတယ်။

Was this answer helpful?
LikeDislikeမြန်မာပြည်မှာ အရက်သမားနှင့် ဖဲသမားပဲ ပေါတယ်…. ကြည့်ပါလား ဘယ်နေရာမဆို ဘီယာဆိုင်တွေပဲ ပေါနေတာလေ…
Was this answer helpful?
LikeDislikeဘီယာကော အရက်ကောကြိုက်တယ်နော်။ တစ်ပတ်တစ်ခါလောက်သာ သောက်ဖြစ်တယ်နော်။ သောက်ရင်လည်း ထိန်းသောက်တယ်နော်။ ဒါပေသိ တစ်ခါတစ်လေ တစ်ပတ်တစ်ခါတောင် မသောက်ဘူးနော်။
Was this answer helpful?
LikeDislike