သရေခေတ္တရာ ပျူမြို့ဟောင်းနဲ့ အားလပ်ရက်

alinsettMay 2, 20155min73032

 

 

၂၀၁၅ ၊ မေလ ၁ ရက်နေ့ ၊
ဒါဟာ … အလုပ်သမားနေ့လေ။
အလုပ်သမားတယောက်အနေနဲ့ ရုံးပိတ်ရက်ပဲ … အားလပ်တာပေါ့။
အားလပ်ရက်ကိုမှ …. လေ့လာရေးအဖြစ် အသုံးချပြီး အသုံးကျစေမယ့် ခရီးတိုတခု ထွက်ခဲ့တယ်ဆိုပါတော့ … ။

ရန်ကုန်ကနေ ဧပြီလ ၃ဝ ရက်နေ့ည ၁ဝ နာရီကားနဲ့ ပြည်မြို့ကို ထွက်ခွါခဲ့ပါတယ်။
ကျနော်စီးလာတဲ့ ဘုန်းမြတ်ပိုင် အဝေးပြေးယာဉ်ဟာ  ပြည်မြို့ကိုရောက်တော့ မေလ ၁ ရက်နေ့ မနက်အစောကြီး ၄ နာရီ။
ငါးနာရီထိုးတဲ့အထိ မြို့ထဲက အဝေးပြေး ကားဝင်းအနီးမှာ ရှိတဲ့ လက်ဖက်ရည်ဆိုင်မှာ ထိုင်နေလိုက်တယ်။
အဲဒီနောက် … အဝေးပြေးယာဉ်ရပ်နားစခန်းရှေ့ကနေ ပြည်မြို့ရဲ့ အထင်ကရဖြစ်တဲ့ ရွှေဆံတော်စေတီဘက်ကို
လိုင်းကား ၂၀ဝ တန်လေး စီးပြီး ထွက်လာခဲ့ပါတယ်။

.ရွှေဆံတော်စေတီ ရင်ပြင်ပေါ်တက်ပြီး အဲဒီရင်ပြင်အနီးမှာရှိတဲ့ သန့်စင်ခန်း(ရေချိုးခန်း)မှာ မျက်နှာသစ် ၊ ကိုယ်လက် သန့်စင်ပြီး..
ဘုရားဝတ်ပြုဖို့  ရင်ပြင်ပေါ် ပတ်လျှောက်လာခဲ့ပါတယ်။
ဘုရား ဝတ်ပြုပြီး ရင်ပြင်တဝိုက်မှာ ဟိုဟိုသည်သည် ပတ်ကြည့်နေမိတော့…
.မြင်ရသမျှက မနက်ခင်းလင်းရောင်နုနုအောက်မှာ ကြည်လင်တောက်ပပြီး ဘဝင်ကျဖွယ်ရာ ရှုမျှော်ခင်းပါပဲ။

ဟို….ဝေးဝေးမှာ ဧရာဝတီမြစ်ကြီးကို လှမ်းမြင်ရပြီး…အဲဒီ ဟိုဘက်မှာတော့ တောင်တန်ကြီးတွေ…
ဒီဘက်ကို လည်ပြန် ပြန်ကြည့်တော့ ဆယ်ထပ်ကြီးဘုရားလို့  ခေါ်ကြတဲ့ ထိုင်တော်မူရုပ်ပွါးတော်ကြီးက ထီးထီးမားမား…
ပတ်ကာ ကွေ့ကာနဲ့ လျှောက်ကြည့်နေရင်းက…  ရင်ပြင်ပေါ်မှာ အမျိုးသမီးတစုကို သတိပြုမိပါတယ်။
.ကြည့်စမ်း မထင်မှတ်ပဲ… လာဆုံတယ်.. ။
အဲဒီ အမျိုးသမီး အုပ်စုထဲက တယောက်က ကျနော်တို့ရဲ့ ဂဇက်ရွာသူပေါ့… ။
(အဲဒါ … ဘယ်သူလဲ… သိတဲ့သူတွေ သိနေပြီ ဟုတ် ? )

:k:

နှုတ်ဆက်စကားဆိုပြီး လူစုခွဲ…ကိုယ့်လမ်းကိုယ် ဆက်သွားလိုက်တယ် ။
ကျနော်နဲ့အတူ  ကျနော့်သူငယ်ချင်းတယောက်လည်း ပါလာတယ်။
ဘုရားပေါ်က ဆင်းပြီး ဧရာဝတီ တဖက်ကမ်းဆီက ရွှေဘုံသာမုနိစေတီကို သွားဖို့  ဆိုင်ကယ် ကယ်ရီ ငှားလိုက်ရတယ်။
လိုင်းကားက ရှားတယ်လေ။
.ရွှေဆံတော်ကနေ ရွှေဘုံသာ …အဲဒီက ပြန်လာပြီး မှော်ဇာလို့ ခေါ်တဲ့ သရေခေတ္တရာ မြို့ဟောင်းတည်ရှိရာ နေရာဆီ သွားမယ်…
အဲဒီက အပြန် ပြည်မြို့ထဲ ပြန်ပို့ပေးပါဆိုပြီး ငှားတာ… ။
ကျနော်တို့ နှစ်ယောက် ဆိုင်ကယ်တစီးနဲ့ အသွားရော အပြန်ပါ…

၁၂၀၀ဝ ကျပ်နဲ့ ဈေးတည့်တယ်။ အင်း… ဒါ …မဆိုးပါဘူး … ။

—————————————–

.မှော်ဇာဘက်အသွားမှာ ကျနော်… ရင်ခုန်ပါတယ်။
“ကမ္ဘာ့အမွေအနှစ် စာရင်းဝင် သရေခေတ္တရာ ပျူမြို့ဟောင်း” ဆိုတဲ့ ဖြစ်တည်မှုက ကျနော့်အတွေးတွေကို အတော်လွှမ်းမိုးနိုင်ပါတယ်။
.အေဒီ ၆ -ရ ဆိုတဲ့ လွန်ခဲ့တဲ့  နှစ်ပေါင်းများစွာက…အဆောက်အဦနေရာတွေ အထိမ်းအမှတ်အရာတွေကို မျက်မြင်ကိုယ်တွေ့ ထိ/သိရတော့မှာလေ…
အဲဒါ တော်တော် ရင်ခုန်စရာကောင်းတယ်။
ကဲ… ကြည့်စမ်းပါဦး ။ ကျနော် ရှေးဟောင်းမြေတခုပေါ် (သို့မဟုတ်)ကမ္ဘာအမွေအနှစ်ဆိုတဲ့ မြေပေါ် ခြေချမိပြီ။

——————————————

ကျနော်တို့ ရောက်သွားချိန်က မနက် ၈ နာရီ ကျော်ရုံလေး… ။
ဒီအချိန် ပြတိုက်က မဖွင့်သေးဘူးလေ…ဆိုပြီး … မြို့ဟောင်းနယ်မြေကြီးကို အရင် ပတ်ကြည့်ဖို့ ဆုံးဖြတ်တော့ …
ဆိုင်ကယ် ကယ်ရီသမားက ရှေးဟောင်းနယ်မြေရဲ့  အထင်ကရ နေရာတွေကို လိုက်ပို့ပါတယ်။

သင်သာ သွားမယ်ဆိုရင် ဘယ်နေရာမဆို မြင်နေရမှာက … အုတ်ခဲနီနီ အကျိုးအပျက် ပြိုလုလု အဆောက်အဦတွေပါ ။
ဒါလေးများ ဘာဆန်းလို့လဲလို့ မေးရင် ဖြေစရာ ရှိတာက….
ဒါဟာ သာမန်အရာတွေမဟုတ်ဘူး…
လွန်ခဲ့သောနှစ် ထောင်ပေါင်းများစွာက အရာတွေ…
ဒီအရာတွေမှာ အတိတ်ရှိတယ်…
အဲဒီအတိတ်ထဲမှာ ခန်းနားကြီးကျယ်တဲ့ ဖြစ်ရပ်တွေတပုံကြီး ရှိတယ်။
.မြင်လိုက်ရတာနဲ့ သာမန်မဟုတ်တဲ့ ခံစားချက်နဲ့ လူဟာ အထွေထွေအပြားပြား ဖြစ်သွားစေတယ်။

ကျနော် အဲဒီ အုတ်နီခဲကျိုးကလေးတွေကအစ ကိုင်ကြည့်ပြီး….ဗိဿနိုးဘုရင်မကြီးရဲ့ သမိုင်း ရာဇဝင်ကို ဖတ်ဖူးသမျှ ပုံဖော် မြင်ယောင်ကြည့်မိတယ်။
အသံတွေ…အရုပ်တွေ…. ဖြစ်ပျက်ပုံတွေဟာ…ကျနော့်ကို ဝဲလှည့်ပြီး… ဖြစ်ပျက်ပြနေသလိုပဲ….
.နေပါဦး… ။ ဒါတော ့သိပ်ကို ခံစားချက် ပြင်းရှလွန်းနေပြီ။ အမှန်ဆို ဒီလောက် မခံစားလည်း ဖြစ်တယ်။
ဒီနေရာဟာ  နီကျင်ကျင်မြေသား အစိုင်အခဲတွေချည်းပဲ…
လူနေအိမ်ရယ်လို့  မြင်ရခဲပြီး မြင်ရသမျှက ရှေးဟောင်း အဆောက်အဦးပျက်တွေ … ဟိုတစုဒီတစုသာ ရှိတဲ့မြေ….
.ဟော… ဟိုမှာ နိုင်ငံခြားသားတယောက်…
သူလည်း ဆိုင်ကယ်သမားတယောက်ကို ငှားပြီး ပတ်နေတာပဲ… ။

ကျနော် မြင်မြင်သမျှကို ကင်မရာလေးနဲ့ တဖျက်ဖျက် မှတ်တမ်းတင်နေမိတယ်။
ကျနော် ကြားနေတဲ့ အသံတွေနဲ့ မြင်နေတဲ့ အရိပ်အရောင်တွေကိုတော့ ကင်မရာက မှတ်တမ်း တင်မပေးနိုင်ဘူးပေါ့ ။

———————————————–

ဗိဿနိုးဘုရင်မကြီးရဲ့ ဂူသချို င်္င်းတို့ … ဘောဘောကြီး စေတီတို့ … ရဟန္တာဂူဘုရားတို့…စတဲ့ အမွေအနှစ် အဆောက်အဦတွေဆီ …
သွားကြည့်အပြီးမှာတော့ ဆိုင်ကယ်ပေါ်ကနေ အဲဒီ နယ်မြေတလျှောက်ကို ပတ်ကြည့်နေလိုက်သေးတယ်။

ပတ်ရင်းပတ်ရင်းနဲ့ အဝင်ဝက ပြတိုက်ရှိရာကို ပြန်ရောက်သွားတော့… အော်…ပြတိုက် ဖွင့်လောက်ပြီပေါ့ ဆိုပြီး…
ဘာတွေများ ပြထားမလဲလို့  ဝင်လေ့လာချင်စိတ် ပြင်းပြတုန်းမှာပဲ…
.ပြတိုက်ထဲ  ဝင်လာတဲ့ ကျနော်တို့ကို အပေါက်ဝကနေ  ဆီး .ကြိုလိုက်တဲ့စကားက…
“ဒီနေ့ ပြတိုက် ပိတ်တယ်” တဲ့ ။
.သေစမ်းးးးး
“ဒီနေ့က အလုပ်သမားနေ့လေ ။ မနက်ဖြန်လည်း ကဆုန်လပြည့်နေ့မို့ ပြတိုက် ပိတ်ပါတယ် ”

———————————–

ကျနော့် စိတ်ထဲ မကျေမနပ်ဖြစ်မိပါတယ်။
အမှန်ဆို ဒီလိုနေ့တွေဟာ အများပြည်သူ ရုံးပိတ်ရက်မို့  လည်ချင်ပတ်ချင်သူ ပို များမှာပဲ။
ရုံဖွင့်ရက်တွေမှာ မနက်ကနေ ညနေထိ ရုံးတက်နေရသူတွေဟာ ဒီလို ရုံးပိတ်ရက်မှာ မိသားစုနဲ့အတူ ဒီလိုနေရာတွေကို လည်ပတ်ချင်လိမ့်မယ်လို့ မထင်ဘူးလား။
အားလပ်ရက် (ရုံးးပိတ်ရက်) မှာမှ ဒီလို ပြတိုက်တွေကလည်း ပိတ်လည်းဆိုတော့…
အဲဒီ ရုံးပိတ်ရက် – အားလပ်ပါမှ လာလေ့လာလို့ရမယ့် ပြည်သူတွေကို ထည့်မတွက်တဲ့ သဘောပေါ့။

အဲဒီနောက် ကျနော့် မကျေနပ်ချက်ကို ပိုကြီးထွားစေတဲ့စကားတခွန်း… ကျနော် ငှားလာတဲ့ ဆိုင်ကယ်သမားက ပြောခဲ့ပါတယ်။
“ဟိုတခါ ကျနော်လိုက်ပို့တဲ့ နိုင်ငံခြားသားကိုတော့ ပြတိုက် ပိတ်ရက် ပိတ်ထားတာတောင်မှ ဖွင့်ပေးတယ်”တဲ့ ။
.ကြည့်စမ်း… ဒါဖြင့် …နိုင်ငံခြားသားတွေကိုတော့ အချိန်မရွေး ဝင် ကြည့်ခွင့်ရဖို့  ချွင်းချက်ပေးထားတယ်ပေါ့ ။
ကျနော်တို့က ဒီနိုင်ငံသား… ။ နိုင်ငံခြားသားလိုများ ဘာလို့ ဒီလိုအခွင့်အရေး မရကြတာလဲ။
ကျနော်တို့ဟာ ဒီလို ပြတိုက်တွေထဲ နိုင်ငံခြားသားတွေလို ဝင်ကြည့်ချင်လိမ့်မယ်လို့  မထင်တာလား..
ဒါမှမဟုတ်…  ဒါတွေ ဝင်ကြည့်ဖို့ (ပိတ်ထားရင်တောင် ဖွင့်ပေးဖို့ ) မထိုက်တန်တဲ့  သာမညောင်ညတွေလား… ။

ကျနော် ပြောချင်တာတွေ အရမ်းများသွားတယ်။ ပြောချင်တိုင်းသာ ပြောခွင့်ရမယ်ဆိုရင်  ပါးစပ် ဆယ်ပေါက်လောက်နဲ့ ပြောလိုက်ချင်တယ်။

အခုတော့… အိမ်ထဲဝင်ဖို့  ဘယ်သူကမှ မဖိတ်ခေါ်ချင်တဲ့ ပေပေတူးတူးကလေးသူငယ်တယောက်လို ခံစားချက်မျိုးနဲ့…
ပြန်လှည့်လာခဲ့ရတယ်.. ။

မကြာခင်…အဲဒီနေရာကို ..နောက်တခေါက် ပြန်သွားဦးမယ်လို့တော့ မဲ့ပြုံးတချက်နဲ့  ဆုံးဖြတ်လိုက်တယ်။
.တွေ့ကြသေးတာပေါ့… သရေခေတ္တရာ ပျူနိုင်ငံရာ….

————————

မောင်သူရ @ Alinsett

၂၀၁၅ ၊ မေလ ၊ ၁ ရက်

 

1
1. မြို့အဝင်နေ့ ၊ ကိုယ့်အရင်တွေ့

 

 

 

 

 

 

 

 

 

===========

 

2
2.မြို့အဝင်မှာပဲ…ကိုယ့်အမြင်ဟာလည်း…

 

 

 

 

 

 

 

 

 

=====================

 

3
3. စည်းကမ်းကများ ၊ ကျီးကန်းက သွား

 

 

 

 

 

 

 

 

 

 

=====================

 

4
4.မြို့ဟောင်းအုတ်ပုံ တနေရာ

 

 

 

 

 

 

 

 

 

=====================

 

5
5. မြေနီလမ်းဘေးက အပျက်အစီးများ

 

 

 

 

 

 

 

 

 

=======================

6
6. ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ မြေတနေရာ

 

 

 

 

 

=====================

 

7
7. ရဟန္တာဂူ စေတီပါတဲ့ ။အထဲမှာ လှိုင်ခေါင်းပေါက်ကြီးနဲ့

 

 

 

 

 

 

 

 

 

 

====================

 

7a
၇-က. ရဟန္တာဂူ မှတ်တမ်း၊ နေရာတိုင်းမှာ မှတ်တမ်းရှိတယ်။

 

 

 

 

======================

 

8
8. ရဟန္တာဂူ ရှေ့က အဝေးရှုမျှော်ခင်း

 

 

 

 

 

 

 

 

 

=====================

 

9
9.လမ်းတလျှောက် မြင်ရသမျှထဲက
10
10. စေတီနာမည်က ဘောဘောကြီးတဲ့

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

=======================

11
11.ဘောဘောကြီးနဲ့ ဘောဘောလေး..အဲလေ… ဘောဘောကြီးနဲ့ကျနော်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

=======================

 

12
12. ရှေးမူမပျက် တွေးပူလျက်

 

 

 

 

 

 

 

 

 

 

======================

13
13.ရုပ်အလောင်း ခြောက်ခုရှိရာ သချိ င်္ုင်းပါ

 

 

 

 

 

 

 

 

 

=====================

 

14
14.အဲဒီတွင်းတွေထဲမှာ အရိုးပြာတဲ့…

 

 

 

 

 

=====================

 

15
15. အရိုးတွင်းနား အတင်းတိုးသွား

 

 

 

 

 

===================

 

16
16. အကိတ်နဲ့ အပိတ်(အကိတ်= ကျနော် & အပိတ် = ပြတိုက်)

 

 

 

 

 

 

 

 

 

 

=======

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

32 comments

  • Wow

    May 2, 2015 at 1:01 pm

    နိဟာက ဒါ့ပုံတွေမှာ စာတန်းထိုးပါအူး..

  • naywoon ni

    May 2, 2015 at 4:24 pm

    ဒါ့​သေ ကျိခြင်​ရို့ပါချို တခြက်​တခြက်​ ​အောင်​သရဲလင်​းက ​ချေ့ဂ ပိတ်​ပ်ိတ်​ ရပ်​​နေဒါ ဆ်​ိုးသကွဲ့ 🙂

    • Alinsett @ Maung Thura

      May 2, 2015 at 4:29 pm

      တိန်
      :mrgreen:

      အာ့တောင်မှ အနော် ပါတဲ့ပုံတွေ အများကြီးထဲက မပါတာလေးတွေ အတတ်နိုင်ဆုံး ရွေး ပြထားတာ
      ဒါ အနော့်ပုံ မပါတာပဲ ရှိသေးတယ်
      ဟီဟိ

      :k:

  • ဝင့်ပြုံးမြင့်

    May 3, 2015 at 12:58 am

    .အလက်ဇင်း ဓာတ်ပုံကောင်းကောင်း ရိုက်တတ်နေပြီလား မသိဘူး။ ဓာတ်ပုံတွေ ကြည်စိမ့်နေတာပဲ။

    • Alinsett @ Maung Thura

      May 3, 2015 at 6:41 am

      အစ်မရေ ကျနော် ဓါတ်ပုံကို ပညာရပ်ဆန်ဆန် မရိုက်တတ်သေးပါဘူး။
      .ကြည့်ကောင်းရုံ အနေအထားလောက် ချိန် ရိုက်တတ်တာလေးပဲထင်တယ်
      အရင် အလုပ်မှာတုန်းက မန်းဒလေးမှာ ပွဲကြီးတပွဲလုပ်တော့
      .မော်ဒယ်မမတွေ တအုပ်ကြီးကို ဒတ်ပုံရိုက်ရတယ်
      .မော်ဒယ်မမတွေက ရတနာအထည်တွေ ဝတ်ပြီး ရှိုးပြကြတာ
      ကျနော်က Canon ကင်မရာ အကြီးကြီးကို မနိုင်မနင်းကိုင်ပြီး
      မရိုက်တတ် ရိုက်တတ်နဲ့ ရိုက်ပေးခဲ့ရတာလေ
      .နောက် ပွဲကို လာတဲ့ အန်တီင်္တွေ အဘတွေနဲ့ အမှတ်တရ ဒတ်ပုံတွေကို ကျနော်ပဲ လိုက်ရိုက်ပေးခဲ့တာ
      .အဲ့ပုံတွေထဲက အဆင်ပြေတဲ့ပုံ ငါးဆယ်ကျော်လောက်ကို မြန်မာတိုင်းမ်ဂျာနယ်ထဲ ထည့်တယ်။

      ကျနော် သိထားတာက ပုံ ရိုက်ရင် ကင်မရာချိန်တဲ့အခါ ကြားမှာ
      တိုင် ခံနေတာတို့ တိုးလို့တန်းလန်း ခံနေတာတို့ကို ရှောင်ပြီး
      သစ်ပင်ဆိုလည်း စောင်းမနေအောင်
      ကင်မရာ ဘောင်တွေနဲ့ တည့်အောင် ရိုက်တာပဲ
      ကျန်တာတော့ မသိ။
      .ကြည့်ကျက်လုပ်တာပဲ
      :k:

  • မြစပဲရိုး

    May 3, 2015 at 1:40 am

    ဟုတ်တယ်ပြုံး။ ပုံ ၈ မှာ ရေကန်လေး က တကယ်ကို ဘဲ ရေတွေ စိမ့် ထွက် လာသလိုဘဲ။
    အရင်က ကျောင်းပိတ်တိုင်း ပြည် နဲ့ ရန်ကုန် ကို ရထား နဲ့ သွားခဲ့တာပါ။
    လမ်းဘေးက လယ်ကွင်းတွေ အပင်တွေ လူနေအိမ်တွေ ကို ငေးရင်း ပျင်းဖို့ အချိန်မရ။
    အခုလို ကား တွေ ဘယ်ရှိဦးမလဲ။
    ရန်ကုန်က နေ့လည် ၁နာရီ ထွက် ရင် ပြည် ကို ည ၈နေရီ ခွဲ ဝင်တယ်။
    . ပြည် ကနေပြန်ထွက်ရင် ည ၁ဝနာရီ ရန်ကုန်ကို ဝင်တော့ မနက် ၅နာရီခွဲ။
    . တကယ်တော့ ပြည် မှာ အဖေ့ အမေရှိပေမဲ့ သိပ်မနေပါဘူး။
    အမေ့ အမေ ရှိတဲ့ ပြည်ကနေ ဧရာဝတီကို ဆန်ပြီး သွားရတဲ့ မြို့ငယ်လေးဆီ မှာဘဲ ပျော်တယ်။
    အဲဒီ ကိုဘဲ အရောက်သွားတာ။
    အဲဒီအချိန်တွေကို ပြန်လွမ်းပါ့။

    ဗိ.ဿ …… .. နိုး ဘုရင်မ ပန်ထွာ နဲ့ သရေခေတ္တရာ ဒွတ္တဘောင် တို့ ရဲ့ ဇာတ်လမ်း ရှိတာကို ရေးတေးတေးဘဲ မှတ်မိတော့တယ်။

    • Alinsett @ Maung Thura

      May 3, 2015 at 6:48 am

      အခု ပြည်နဲ့ရန်ကူန်ကို ကားက အလွန်ဆုံး ခြောက်နာရီပဲ မောင်းတယ် အရီးရေ
      ကားလက်မှတ်ခက တစောင် ၅ ထောင်ကျပ်
      အခု ပြည် ဟိုဘက်ကမ်းက ရွှေဘုံသာမုနိကနေ ကမ်းစပ်ဆင်းပြီး ကြည့်တော့. . .
      ဧရာဝတီ မြစ်ဟာ ဟိုအရင်တုန်းကထက် ရေတွေခန်းနေတယ်
      .သောင်ကြီးထွန်းနေလိုက်တာများ ရေစပ်ကိုရောက်ဖို့ အတော် လျှောက်လိုက်ရတယ်
      .နွေနှောင်းရာသီမို့ ထင်ပါရဲ့. . .

  • Mike

    May 4, 2015 at 1:32 pm

    .အင်း..ပြည်ကိုလည်းမရောက်တာကြာပေါ့
    .အားမှသွားအုံးမယ်ကွာ…ဓါတ်ပုံထဲက အထိန်းအမှတ် စာတွေဖတ်ရရင်ပိုကောင်းမှာ :n:

    • Alinsett @ Maung Thura

      May 4, 2015 at 2:46 pm

      .ပြည်က တစ်ရက် ခရီးနဲ့ …ညသွား နောက်နေ့ ညနေ ပြန်ရောက် … သွားလို့ရတဲ့ အနီးဆုံး လည်ပတ်လေ့လာစရာမြို့ထင်တယ်.. ။
      😆
      အထိမ်းအမှတ် မှတ်တမ်း စာတွေကို ဓါတ်ပုံ ရိုက်ထားတာတော့… ပုံတွေရှိသေးတယ်။
      ပုံတွေ တအားများနေတော့ လျှော့ထားခဲ့တာ ဦးကြီးရေ…
      အားတဲ့အခါ ကျနော် ဖေ့ဘုတ်ပေါ် တွဲ တင်ပေးပါဦးမယ်။

  • Shwe Ei

    May 4, 2015 at 4:27 pm

    -အများပြည်သူရုံးပိတ်ရက်မှာ လည်လို့ ပတ်လို့ ကောင်းမဲ့ နေရာတွေကိုပါ ပိတ်ထားတယ်ပေါ့..
    -စနစ်ကြောင့်မဟုတ် စနစ်ကြောင့် မဟုတ် 😛

  • ခင်ဇော်

    May 4, 2015 at 4:33 pm

    ပြောလို့ပြောတာမဟုတ်။
    အရင် ပန်ထွာနဲ့ ဒွတ္တပေါင် ဇာတ်လမ်း ကို အားဂျီးကြိုက်တာ။
    ဟိ

    :k:

    • Wow

      May 4, 2015 at 4:57 pm

      မျက်နှာသုတ်ပဝါဆက်လိုက်လို့ မှဲ့ရှင်ကွယ်သွားတဲ့ ဇတ်လမ်းလား :mrgreen:
      ဒညင်းဝက်က ပန်ထွာဂူကို အနီးကပ်ရိုက်ခဲ့တာ မုတ်ဖူး

    • Alinsett @ Maung Thura

      May 5, 2015 at 6:36 am

      အဲ့ဒီနယ်မြေတလျှောက်မှာ ဒွတ္တပေါင်မင်းသားကြီး တည်ထားခဲ့တဲ့ စေတီတွေ
      မနည်းဘူးပဲဗျ. . .
      အမှတ်ရစရာပါ. . .

  • uncle gyi

    May 4, 2015 at 10:35 pm

    တံတားနားသောင်တွေထွန်းနေတာရေလမ်းမှကျန်သေးရဲ့လားမောင်သူရရေ

    • Alinsett @ Maung Thura

      May 5, 2015 at 6:51 am

      တံတားပေါ်က ဖြတ်သွားကတည်းက ရေက နည်းလိုက်တာ လို့တွေးမိတာ
      ဟိုဘက်ကမ်းရောက်လို့ ရေစပ် ဆင်းမယ်လုပ်တော့
      ကမ်းစပ်ကနေ သောင်ခုံကြီး မို့မောက်နေရာကို နာရီဝက်လောက် ဖြတ်လျှောက်မှ ရေစပ်ရောက်တယ်
      သဲသောင်ကြီးမှ နည်းတဲ့ အမြင့်မဟုတ်
      အဲဒီ သဲသောင်ထဲ နစ် ကျန်နေတဲ့ စက်လှေကြီးတွေလည်း တွေ့ခဲ့ရတယ်
      ဧရာဝတီ နေမကောင်းဘူး ထင်တယ်

  • uncle gyi

    May 4, 2015 at 10:36 pm

    နို်င်ငံခြားသားကအဒေါ်ပေးတယ်လေ
    နင်ကဘာမှမပေးတော့လဲပိတ်တာပေါ့

    • Alinsett @ Maung Thura

      May 5, 2015 at 6:44 am

      .ကြားဖူးတာတော့ တခြားနိုင်ငံမှာဆို နိုင်ငံသားကိုဟဦးစားပေးတာဗျ

      :buu:

      နိုင်ငံသားကို ပိုက်ဆံ မပေးလို့ ဝင်ခွင့်မပေးဘူးဆိုရင်
      အဲ့ဒီအတွက် နိုင်ငံ့ကိုယ်စား ကျနော် ရှက်မိတယ်

  • မဟာရာဇာ အံစာတုံး

    May 5, 2015 at 12:02 am

    နင့်ပုံ မပါဘဲနဲ့များ
    ပုံတွေ ကြည့်လို့ မရဘူးလား အောင်မဲလင်းရာ …
    လေဘာဒယ် …
    နောက်ခါ နင့်ပုံတွေ ပါလာရင် ..
    နင့်ခေါင်း နေရာမှာ အခြားခေါင်းနဲ့ အစားထိုးပြီး တင်ပလိုက်မှာနော် ..
    ဘာမှတ်နေလဲ …..။

    စကားမစပ် …
    ဒီမြို့ဟောင်း ပုံတွေ ကြည့်ပြီး …
    တစ်ချိန်ချိန်မှာ ဟောဒီ ရန်ကုန်ဟာလည်း မြို့ဟောင်း ဖြစ်သွားနိုင်တယ်လို့ …
    ငါ တွေးမိတယ် …
    ဒီတော့ .. ရန်ကုန် မြို့ဟောင်းကို တူးဖော်မိတဲ့ အခါ …
    ဘာတွေများ ဘယ်လို ထွက်လာပြီး … ဘယ်လိုတွေ မှတ်ချက် ပြုကြမလဲဆိုတာ သိချင်မိသား …

    • Alinsett @ Maung Thura

      May 5, 2015 at 6:48 am

      နိထက် ရှောလို့ မလိုနာ ဖြစ်နေတာ မဟက်လား အန်စရာအတုံး
      :k:

      ရန်ကုန်ကို နောင်နှစ်များစွာမှာ ပြန် တူးတဲ့အခါ. . . ကြွပ်ကြွပ်အိတ်တွေရယ်
      တရုတ်ပြည်ဘက်က အမှိုက်ပစ္စည်းတွေရယ်ကိုတွေ့ပြီးး
      အတော် သနားစရာကောင်းတဲ့ မြို့ပါလားလို့ မှတ်ချက်ပြုရလိမ့်မယ်ထင့်
      :buu:

      • kai

        May 5, 2015 at 9:46 am

        ညီတော်မောင်က.. တိုက်ကြီးတွေဆောက်တာမြင်တော့.. အဲဒီဆောက်နေတဲ့ကုမ္ပဏီကလူတွေကိုမေးတယ်..။
        မီး..ရေ…ဘယ်ကရသလည်းပေါ့…။

        အဝီစိတွင်းတူးယူတယ်ဆိုတာပဲ..။
        အခု..ကယ်လီဖိုးနီးယား… မဟာသွေ့ခြောက်မှုတွေ့နေရတာတောင်.. မြေအောက်ရေတူးတာ… အသည်းအသန်တားတယ်..။
        မြေတွေနိမ့်ဆင်းသွားမှာစိုးလို့တဲ့လေ..။
        ဟိုမှာပြည်နယ်.. ဖလော်ရီဒါဆို.. မြို့လယ်…တွင်းကြီးတွေပေါ်လို့.. ကျွံကျ…
        အဟမ်း…
        ရန်ကုန်က.. နောင်နှစ်များစွာသွားနိုင်ပါ့မလား…တွေးနေမိ…။
        တဝုန်းဝုန်းနဲ့.. အဝီစိ…။

        • Alinsett @ Maung Thura

          May 5, 2015 at 10:20 am

          အင်း.. ရန်ကုန်က… ရပ်ကွက်တိုင်း..အိမ်တိုင်းလိုလိုမှာ…အဝီဇိတွင်းတွေ ရှိပါ့….
          ကျွံကျကြေးဆို…ဆယ်ခါပြန် ကျွံကျလာနိုင်ချေ ရှိပါ့… ။
          ဆိုတော့… အဝီဇိမှ မတူးရင်.. စည်ပင်က ပေးတဲ့ ရေကို အားကိုးရမလား…
          ဟိုတလောက ဖတ်တဲ့ သတင်း (ဂဇက်သတင်း ဒိုင်ယာရီထဲတောင် ထည့်မိသေး)
          စည်ပင်က ပေးတဲ့ ရေရဲ့ ရာခိုင်နှုန်း(40 လောက်ထင်ရဲ့) ရေပိုက် ပေါက်တာတွေကြောင့် အလဟသ ဖြစ်နေသတဲ့…

          ခက်ပုံ….

          :buu:

  • manawphyulay

    May 5, 2015 at 9:15 am

    သရေခေတ္တရာပြတိုက်က ဈေးနှုန်းတွေ ပြောင်းလဲသွားပြီလား… အမတို့သွားတုန်းကတော့ နိုင်ငံခြားသား ငါးကျပ် မြန်မာဆို ၂၀ဝ ပဲရှိသေးတယ်။

    • Alinsett @ Maung Thura

      May 5, 2015 at 9:50 am

      အခု မြန်မာနိုင်ငံသားအတွက်တော့ အခမဲ့ပါ…
      ဒါမဲ့… သူတို့က … ဗမာဆိုရင်… ဂု မစိုက်ဘူး..

      အခ ပေးတဲ့ နိုင်ငံခြားသားတွေလိုမျိုး တန်းတူ အဆက်ဆံမခံရဘူး…

      မြန်မာနိုင်ငံသားတွေကို ပေတူးနေတဲ့ ကလေးငယ်ကို အလှူအိမ်ထဲ ဝင်ခွင့်မပေးနိုင်သလို ဆက်ဆံတယ်လေ

      :buu:

  • kai

    May 5, 2015 at 2:52 pm

    အုပ်စီထားပုံတွေကြည့်ပြီး.. ပျူခေတ်ကယဉ်ကျေးမှုအခြေအနေကိုတွေးနေမိ….။
    အေဒီ၆-ရဆိုတော့… လွန်ခဲ့တဲ့နှစ်၁၄၀ဝ ဝန်းကျင်ပေါ့…။

    အရှေ့အလယ်ပိုင်းဒေသမှာ.. အစ္စလမ်သာသနာပေါ်လာတဲ့အချိန်…။

  • အောင် မိုးသူ

    May 6, 2015 at 9:13 am

    အဲ့နေရာကိုလေ သွားချင်နေတာ မသွားဖြစ်သေး။ ကမ္ဘာ့အမွေအနှစ် မသတ်မှတ်ခင်ကတော့ ပြည်ကို ရောက်ခဲ့သေးတယ်။ တခြားဘက်တော့မရောက်သေးဘူး။ တစ်နေ့ကပဲ Channel9 မှာ အဲသည်အကြောင်း အသေးစိတ်လာသွားတယ်။ ပန်ထွာဘုရင်မအကြောင်း နားထောင်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတာပဲ။

    • Alinsett @ Maung Thura

      May 6, 2015 at 1:53 pm

      ဒီနေ့ညသွား
      မနက်ဖြန်ညနေ ရန်ကုန် အရောက် ပြန်လို့ရပါတယ်
      ဆိုတော့ ရုံးပိတ်ရက် အဲ(ရုံးပိတ်ရက်သွားရင် ပြတိုက်ပိတ်ရက်နဲ့ မတိုက်အောင် ကြည့်ပြီး) သွားလို့ရတာပေါ့

      😆

  • ရွှေမိုးတိမ်

    May 8, 2015 at 4:49 pm

    ပုံလေးတွေနဲ့ ခရီးသွားမှတ်တမ်းလေးတွေ ဖတ်ရတာအရမ်းကောင်း ။
    ကိုယ်မရောက်ဖူးပေတဲ့ ဗဟုသုတရလို့
    ပြတိုက်ပိတ်တဲ့အတွက်တော့ နာ လည်း ချိတ်မကောင်းဘူးအေ

    • Alinsett @ Maung Thura

      May 9, 2015 at 1:09 pm

      .ပြတိုက်ထဲ ဝင်ကြည့်ချင်သေးတယ်
      မရောက်ဖြစ်တဲ့ နေရာလည်း ရှိဦးမယ်
      ဒီတော့ ထပ်သွားပါဦးမယ်ဗျားးး

  • Ma Ei

    May 9, 2015 at 1:44 pm

    ပြည် မရောက်တာအတော်ကြာသွားပြီ…
    အလင်းဆက် ဓာတ်ပုံလေးတွေကြည့်ပြီး ခရီးသွားချင်လာတယ်
    သရေခေတ္တရာ မြို့ဟောင်းလဲ မရောက်ဖူးဘူး
    သွားဦးမှပါဘဲ

Leave a Reply