နားဦးတည့်ရာ တစ်ဆယ့်ကိုး – Alexander Rybak (Fairytale)

ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး အပျော်သီချင်းလေး နားထောင်ကြရအောင်လား။
. နှစ်တိုင်းလုပ်နေကျ Eurovision Song Contest ပွဲ က နီးလာပြန်တာမို့ ကြိုက်ခဲ့ဖူးတဲ့ သီချင်းလေး တစ်ပုဒ် ကို ပြန်ကြားလာလို့။

ဒီ သီချင်း က ၂၀၀၉ ခုနှစ် ရဲ့ Eurovision song contest winner song  ပါ။
အဆိုတော်က နော်ဝေးလူမျိုး ဖြစ်ပြီး နော်ဝေးနိုင်ငံကိုယ်စားပြု ပြီး နိုင်တာပါ။
တကဲ့ ပရို မြူးဇစ်ရှင် ဆိုတာ သီချင်းဆို တာတင်မဟုတ်ဘဲ တူရိယာ တစ်မျိုးမျိုး (ဒါမှမဟုတ်) တစ်မျိုးထက်ပို တီးတတ်ကြတယ်။
သူတို့ ကိုယ်တိုင် သီချင်း ရေးနိုင်တယ်။
အခု အဆိုတော်လေးကလဲ ဒီလိုပါဘဲ။
တယောထိုး ရင်း သီချင်းဆို သွားတာ။
သီချင်းလဲ ရေးသူလို့ လဲ သိခဲ့ရတယ်။
တကယ်တော့ လူတစ်ယောက် ရဲ့ ပညာရပ်ဆိုင်ရာ နေရာတစ်ခု မှာ ထူးချွန်တာ ကလဲ သူ့ရဲ့ ဆွဲဆောင်မှု တစ်ခုပါဘဲ။
ပညာရပ် တစ်ခု မှာ သူများထက် ပိုပြီးလုပ်ပြနိုင်ဖို့ ဆိုတာကလဲ ဒီအတိုင်း ထိုင် နေလို့ မှ မရတာ။
. ကြိုးစား အားထုတ်မှု တစ်ခု ကတော့ ရင်းနှီး ရမှာပါဘဲ။
. ရှုံးနိမ့်မှု တွေ ကိုလဲ ဖြတ်ကျော်နိုင်ပါမှ နေရာတစ်ခု ကို ရနိုင်မှာ။
အဲဒီ ဇွဲ လုံ့လ ဝီရိယ က ဘဲ အဲဒီ လူ ရဲ့ အလှတရား တစ်ခု ဘဲ မဟုတ်လား။

ဒီတစ်ပါတ် တော့ သိပ်လေမရှည်နိုင်တော့ ခေါင်း အလုပ်ရှုပ်ရအောင် ပဟေဋ္ဌိ ဘဲ ထားခဲ့လိုက်ပြီ။

ပုံ ကို ကြည့်ကြည့်။  တွေ့လား။ တူလား။ 🙄  😉 :))

alex 2

alex-13092013
တစ်ယောက်ယောက် နဲ့ တူ နေ တယ်လို့ ထင်နေမိ သကွဲ့ ။ အဲဒီ လို ထင်ကြလား ? 🙂

Alexander Rybak – “Fairytale”

Years ago, when I was younger
I kinda liked, a girl I knew
She was mine, and we were sweethearts
That was then, but then it’s true

I’m in love, with a fairytale
Even though it hurts
Coz I don’t care if I lose my mind
I’m already cursed

Everyday, we started fighting
Every night, we fell in love
No one else, could make me sadder
But no one else, could lift me high above

I don’t know, what I was doing
When suddenly, we fell apart
Nowadays, I cannot find her
But when I do, we’ll get a brand new start

I’m in love, with a fairytale
Even though it hurts
Coz I don’t care if I lose my mind
I’m already cursed

She’s a fairytale, yeah
Even though it hurts
Coz I don’t care if I lose my mind
I’m already cursed

24 comments

  • Alinsett @ Maung Thura

    May 3, 2015 at 6:55 am

    ”ရှုံးနိမ့်မှုတွေကို ဖြတ်ကျော်နိုင်ပါမှ နေရာတစ်ခုကို ရမှာ”

    ကျနော် မရှုံးနိမ့်သေးဘူး
    ဒါကြောင့် ကျနော် နေရာတခု မရသေးဘူး

    :buu:

    ——-

    အဲ့ဒီဂီတသမားဟာ တယောက်ယောက်နဲ့တူနေသလားးး
    ကျနော်နဲ့ မဟုတ်တာတော့ သေချာတယ်

    :k:

  • မြစပဲရိုး

    May 3, 2015 at 2:13 pm

    . ဖွေးဖွေး က လှည့်မကြည့်တာ/ မသိတာ က ရှုံးနိမ့်နေတာ မဟုတ်လား။
    သိအောင် လုပ်လေ။ ပိုင်နိုင်ဖို့။
    ပထမဆုံး မှတ်ချက်လေးအတွက် ကျေးဇူးပါ။ 🙂

    တူတာက ရွာထဲ က ဓာတ်ပုံ တွေထဲ မြင်ဖူးတာ။
    အပြင်မှာ အဲဒီ လို မျိုး မျက်နှာ ဝုတ်မဝုတ် တော့ မသိ။ lol:-)))))

  • ဝင့်ပြုံးမြင့်

    May 3, 2015 at 7:07 pm

    .ဖွေးဖွေးက လှည့်မကြည့်တာက အောင်ရဲလင်းက ကဗျာနဲ့ မကွာရှင်းရသေးလို့ပါ အရီးရဲ့။ ကဗျာနဲ့ ကွာရှင်းပြီးမှတဲ့။ စင်ပြိုင် အဖြစ်မခံဘူးတဲ့။ ဟီး…

    • မြစပဲရိုး

      May 3, 2015 at 10:01 pm

      . ပြုံး
      သူက ကဗျာ အပြင် အခု သတင်း ဆောင်းပါး တွေကိုပါ ရေးနေတော့တာကို။ jk :-)))

      ဖိုးသိကြား
      အရီး အမြင် မလွဲ ဘူး ဆိုရင် တစ်ယောက်ယောက် ကတော့ ဖြင့် ပြောလာမယ် ထင်ရဲ့။
      BTW …. မင်း အမြင်မှာ ရော တူတယ် ထင်လား။ 😉

    • Alinsett @ Maung Thura

      May 4, 2015 at 3:42 pm

      .ကဗျာ(စာပေ အနုပညာ) က ကျနော့်ရဲ့ ရည်းစားဦး အဆင့်ထက် ကျော်သွားပါပြီ။
      ကျနော်နဲ့ ကဗျာ(စာပေ အနုပညာ) ညားနေကြပါပြီ။
      ဒီတော့ ဖွေးဖွေးကိုသာ ကျနော် ယူမယ်ဆိုရင် ကဗျာ(စာပေ အနုပညာ)က ကျနော့်ရဲ့ မယားကြီးပါ

      😆

  • naywoon ni

    May 3, 2015 at 11:30 pm

    ​ဂျေကြီးကို​တောင်​သတိရမိပါရဲ့
    အချစ်​​ရေ့ ​နေလို့မှ​ကောင်​းရဲ့လား
    ဆိုပြီး ဘာဂျာ ​လေးနဲ့ ဟိ 🙂

  • ဝင့်ပြုံးမြင့်

    May 3, 2015 at 11:48 pm

    .စကားမစပ် အရီးနဲ့ ကျမ တူတာတစ်ခုရှိတယ်။ သိလား။ မသိဘူးမဟုတ်လား။ အရီးနဲ့ ကျမက pole apart တွေလေ။ ဒါပေမယ့် အရမ်းတူတာ တစ်ခုရှိတယ်။ အဲဒါဘာလဲ။

    • မြစပဲရိုး

      May 4, 2015 at 1:41 am

      ကိုယ့်ကို မကောင်းပြောလဲ မသိဟန်ဆောင် ပြီး စိတ်မတို တတ်တာလား။
      အထင်။ :-))))

      • ဝင့်ပြုံးမြင့်

        May 4, 2015 at 12:35 pm

        . ဟယ် … ကြည့်စမ်း ။ သူများတွေကျ မေးချင်သလိုမေး။ သူ့မေးတော့ ဘာမှမသိ။
        . လစ်လစ်နဲ့ တစ်တစ် တူတာဆိုလို့ တစ်ခုတည်းရယ်။ အဲဒါကတော့လေ…



        .ငယ်ချစ် တွမ်ဟင့်ခ် ကြီးကိုမှ သစ္စာတွေခိုင်ကျည်စွာ ယနေ့ထိ အသည်းစွဲဖြစ်နေတာပါရှင် ဟီး

        .တော်သေးတာပေါ့နော်။ ဒါကို မင်းသားကြီး တွမ်ဟင့်ခ် မသိတာ ကံကြမ္မာကိုပဲ ကျေးဇူးတင်ရတော့မယ်။ နို့မို့ဆို မင်းသားကြီးခမျာ မျှစ်ကြော်နဲ့ စာကလေးကြား . . ဗျာများရှာရတော့မှာ။

        • မြစပဲရိုး

          May 4, 2015 at 1:35 pm

          အဟားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး။
          တကယ်လား။ တို့ညီမ ကလဲ တွမ်ဟင့်ခ် အသည်းစွဲလား။
          ဟိ။
          တိုးတိုးပြောလိုက်မယ်။ အဂျစ်အို ကြီး မကြားစေနဲ့။

          ကြားမှာ ဂျုလော (Jude Law) နဲ့ အိုလန်ဒို (Orlando Bloom) ကိုလဲ သဘောကျလိုက်သေးတယ်။ 😉

          သို့ပေသည့် အဲဒီ အသေး နှစ်ကောင် က အသက်ကြီးသွားတော့ အဂျစ်အို ကြီး လောက် တောင် ကြည့်မကောင်းတော့။
          ဒါနဲ့ ဘဲ “အရင်လို မဟုတ်တော့တဲ့ တွမ်ဟင့်ခ် ကိုဘဲ အရင်လို ပြန်ကြိုက် နေဆဲ”။

          ရှင်ကရော သူမှ သူ တစ်ခြား နောက်ပေါက်ထဲ အကြိုက်မတွေ့ခဲ့ဘူးလား ညီမ ရဲ့။
          ဂလောက် သစ္စာကြီး တယ်လား။ :-))))

        • ဝင့်ပြုံးမြင့်

          May 5, 2015 at 7:18 pm

          .လိုက်ပွဲလေးတွေကလည်း ရှိတာပေါ့နော်။

  • Mike

    May 4, 2015 at 11:30 am

    .သီချင်းလေးနားထောင်သွားပါတယ်
    .ဆိုသွားတဲ့ဟန်နဲ့ စတိုင်ကိုကြိုက်တယ်
    .ခုမှကြားဖူးတာပါပဲ…သင့်ခရုပါဗျား

    • မြစပဲရိုး

      May 4, 2015 at 1:46 pm

      သူများ ကလဲ သင့်ခရုပါ အဘနီ နဲ့ ကမိုက်။ :)))

  • kai

    May 4, 2015 at 1:52 pm

    ဟုတ်ပါ့…။ တူချက်က…။
    အဲဒီဂရုဖိုတိုထဲက.. နောက်တန်း.. ညာဖက်က.. တတိယတယောက်နဲ့…။ :k:

    • မြစပဲရိုး

      May 4, 2015 at 2:13 pm

      Wowwwwww ……………..
      မလွဲ ခဲ့ရင် ဒီနေရာမှာ ရှင်နဲ့ကျွန်မ အမြင်တူ ပေါ့။ (ပြန်စစ် ကြည့်လိုက်ဦးမယ်)
      ဒါပေမဲ့ ကျွန်မ တို့ နှစ်ယောက် လုံး အပြင်မှာ မတွေ့ဖူး လို့ အမြင်လွဲ နိုင်သေး။ :-))))

  • ခင်ဇော်

    May 4, 2015 at 4:10 pm

    ဘူနဲ့ တူတုန်းးး
    ဒေါင်းပြာဂိုဏ်း က ဂိုဏ်းချုပ်ကြီးနဲ့ တူသလားးး
    ဟိဟိ.
    ပုံကို ပလင့်ထုတ်ပြီး မက်မှန်တတ်ပေးမှထင်တယ်။

    :mrgreenn:

  • manawphyulay

    May 5, 2015 at 9:56 am

    ဗဟုသုတ နည်းပါးလို့လား မသိ ဘယ်သူနဲ့တူလည်းဆိုတာ မသိပါကြောင်း…..

  • black chaw

    May 6, 2015 at 9:36 am

    သကြား နဲ့ တူတယ်လို့ ထင်မိပါတယ်ဗျာ…။

    • မြစပဲရိုး

      May 10, 2015 at 5:41 pm

      ဟုတ်လား ??? 😉 :-))))

  • Ma Ma

    May 6, 2015 at 1:41 pm

    သွားကျိုးလေးကို ပြောတာလားးးး
    အချဉ်ရည်ကောင်းကောင်းစပ်နည်းပေးတဲ့ တစ်ယောက်လားးးးး :kwi:

  • တောင်ပေါ်သား

    May 11, 2015 at 2:43 pm

    ( . ရှုံးနိမ့်မှု တွေ ကိုလဲ ဖြတ်ကျော်နိုင်ပါမှ နေရာတစ်ခု ကို ရနိုင်မှာ။ )

    ထပ်ခါတစ်လဲလဲ အရှူံးချည်းပဲဆိုတော့လည်း

    အနိူင်ဆိုတာ အဆိုတော်တစ်ယောက်လို့ပဲ ထားလိုက်တော့မယ် အရီးရယ်

    စကားမစပ် ကျနော်လည်း တွမ်ဟင့်ခ် ကြိုက်တယ် 🙂

Leave a Reply