Options

WowMay 3, 20151min30247

ကျနော်ကတော့ လူတွေမှာ ရွေးချယ်စရာမရှိတဲ့ဘွဆိုတာကို လက်မခံဘူးဗျ…

အနည်းနဲ့ အများသာရှိမယ်..

လူတိုင်းကိုယ့်လမ်းကြောင်းကိုယ်ရွေး ကိုယ်ရွေးချယ်တဲ့ဘွရဲ့ ကောင်းမွေ ဆိုးမွေကို ကွကိုယ်ခံ..

ပြောချင်တာက အခု လောက်ကိုင်မှာ တပ်ရင်းလုံးပြုတ် သေကြ၊ ဒဏ်ရာရကြတဲ့ စစ်သားလေးတွေ..

မသနားဘူးလား .. ကျနော်လဲ လူပဲ.. သနားတာပေါ့.. ဝမ်းသာအားရ သေပြီဆိုပြီး တင်တဲ့သူတွေအကုန် ကျနော် fb မှာ ဘလော့ပစ်တယ်… မခံစားနိုင်လို့..

အစိုးရမကောင်း၊ စားဝတ်နေရေးကြပ်တည်း၊ ပညာရေးစနစ်မကောင်း… ဒါတွေဘယ်လိုပြောပြော စစ်သားဆိုတဲ့ ဘွက သူတို့ရွေးချယ်မှုလေ.. စစ်သားမလုပ်ပဲ ဆိုက်ကားနင်းစား၊ ရေထမ်းစား အခြားလုပ်စရာတွေ အောလဗုံ…

စစ်သားဖြစ်ပြီဆိုထဲက ပြည်သူအများစုမုန်းတာခံရမယ်၊ ပြည်သူ/ကျောင်းသား/ဘုန်းကြီး ကို သတ်ရင်သတ်၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပြီး နိုင်မယ်၊ ရှုံးမယ်၊ ဒဏ်ရာရမယ်၊ သေမယ်… ဒါတွေက ကြိုတွက် ထားရမှာတွေလေ…

ဒီကြားထဲ စစ်လော်ဘီတွေရဲ့ ကိုယ်ကျိုးတာ ကန်းတာ သေတာ အကြောင်းပြပြီး မျက်ရည်ချူ၊ မဲချူတာတွေ မျောက်ပြ ဆန်တောင်းခံရဦးမှာ…

ဆိုတော့ technically yes… သနားတယ် ဟုတ်တယ်.. ဒါပေသိ လူဆိုတာ ကိုယ့်ရွေးချယ်မှုရဲ့ ကောင်းမွေ ဆိုးမွေကိုခံစားရမှာပဲဗျ….

လူတိုင်းမှာ Options ရှိပါတယ်ဗျာ…

တော်ပြီဗျာ.. သူများသေတာကိုသတင်းလုပ်ပြောရတာ သိပ်တော့မကောင်းဘူး.. 🙁 :buu:

ဒါလေးက fb က မ လာတာ…

Ko Ko Lwin

ဝ ကတော့ ဗြောင်ပဲဗျ ။ ပြည်နယ်တောင်းတယ် ၊ စစ်တပ်က မဖိတ်နဲ့လို့ပြောတဲ့အဖွဲ့တွေကို ပေါ်တင်ဖိတ်တယ် ။

ဗိုလ်ချုပ်တွေဆို တအီအီနဲ့နှာနုဖြတ်ရိုက်ခံလိုက်ရတာ…

လော်ဘီတွေဆို နားရွက်မခတ် အမြီးမလှုပ်ရဲရှာဘူး….

မြန်မာစစ်တပ်ဆိုတာ လက်နက်မပါတဲ့သူလောက်ပဲ သေနတ်ခါးကြားထိုးပြီးနှိပ်စက်ရဲတဲ့အဆင့်ဆိုပဲလေ…

47 comments

  • ခင်ဇော်

    May 3, 2015 at 9:55 am

    ခါတလေ
    သူတို့ ရွေးချယ်မှု က အမိန့်နာခံမှု နဲ့ သေတွင်းးကိုးး ဟ….!!
    အဲ့ ဒါ ကို နားးလည်ပေးးနိုင်ပေမယ့် ရှေ့တန်းထွက်တွေ တိုင်းးရင်းးသူတွေ ကို မဒိန်းးကျင့်တာကျ အမိန့် နာခံတာလားးးး
    အဲတော့ သေတာကို စိတ်မကောင်းးပေမယ့် သူတို့ မကောင်းတာတွေက အများးကြီးးးးးး
    စကားးမစပ်
    ဘုန်းးကြီးးတို့ ကျောင်းးသားးပြည်သူတို့ ကို နှိမ်နင်းးခိုင်းးဖူးးတဲ့ တပ်ရင်းးတွေဆို သေမယ့် တိုက်ပွဲ ပို့သတဲ့။
    နုတ်ပိတ်တာပေါ့ဟာ။
    ဆိုတော့ သူတို့ ရွေးးချယ်မှု သူတို့ ပြန်စဉ်းးစားးသင့်တာပေါ့

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 4, 2015 at 1:19 am

      မျှ​ခြေဖြစ်​သွား​အောင်​ ​ကောင်​းတာ​လေး​တွေထည်​့​ရေးမှ
      ​ရော်​ဘဲ​တွေ သူပုန်​နဲ့ ဗြင်​းစရာမရှိရင်​ ​လေ့ကျင်​တာ
      ပဲစားပီး ​လမ်​း​ဖောက်​တာ​တွေ ​အောလဘုံ
      စာရိတ္တမ​ကောင်​းတဲ့ ​အောက်​​ခြေတချို့နဲ့ လူ့မလှိုင်​အဘတို့ကသပ်​သပ်​
      ရိုးသား​သော ရဲရင်​့​သော ​ပေးဆပ်​​သော ​ရော်​ဘဲ​ကောင်​း​တွေကသပ်​သပ်​
      လူဟာလူပဲ
      ​ကောင်​းသူ ဆိုးသူ ​နေရာတိုင်​းမှာ ပျံ့ကျဲ​နေမှာမလွဲ

      ဆိုးတဲ့အကွက်​ ရှုံ့ချ ရမယ်​
      ​ကောင်​းတဲ့အကွက်​ ​ချေးမွန်​းရမယ်​
      မုန်​းစရာမြင်​ မုန်​းရမယ်​
      ချစ်​ဖို့​ကောင်​းရင်​ ချစ်​ကြမယ်​
      ရွံစရာ​ကောင်​းရင်​
      သနားစရာ​ကောင်​းရင်​
      ရင်​
      ရင်​
      ရင်​

      အင်​း
      ​ဖေ​ဖေထူ​ထောင်​ထားတယ်​ဆိုတဲ့ ဘလားဘလားဘလားကြီးလို့
      စကားစပ်​တိုင်​း​ပြော​လေ့ရှိတဲ့ ယူတို့ မင်​းသမီးကြီးက
      သူ့မာတာနည်​းတူ မုဆိုးမဖြစ်​ကုန်​တဲ့ ဇနီးသယ်​​တွေအ​ပေါ်
      ဝမ်​းနည်​း​ကြောင်​း တခွန်​းမဆိုတာ ဆန်​းထှာ

      တရား​သောစစ်​ မတရား​သောစစ်​ ခန​ဘေးချိတ်​
      တချိန်​က စစ်​သား သားသမီးက အဖမဲ့သွားရှာတဲ့ ဘဝတူ
      စစ်​သား သားသမီး​တွေအ​ပေါ် ဂရုဏာ​လေးတခွန်​း ​အလကားရတဲ့​လေနဲ့​တောင်​မ​ပေးတာ​တော့
      သိပ်​မဟုတ်​​သေးဘူးမှတ်​တယ်​

      ပိုစ်​့ပါအ​ကြောင်​းအရာပြန်​​ကောက်​ရရင်​ သူသည်​လည်​းပဲ
      ​ရေငုံ​နေမယ်​့ လမ်​း​ကြောင်​းကို ​ရွေးတယ်​ထင်​ပါ့
      တခြား​ရွေးစရာ​တွေ ရှိ​နေလျက်​က​ပေါ့​လေ

      ​လေနဲ့ဝမ်​း ကွဲ​စေသတည်​း

      • မြစပဲရိုး

        May 4, 2015 at 1:39 am

        ဟုတ်သားပါဘဲလေ။ မောင်ဂီ ပြောတာ။
        စစ်တပ် က ဗိုလ်ချုပ်ကြီး တွေ ခမျာ သူတို့ နဲ့ မဆိုင်တဲ့ တိုင်းပြည် စီမံခန့်ခွဲမှု တွေ မှာ မကျွမ်းမကျင် ဘဲ နဲ့ တောင် တာဝန်ယူ ပြီး ဝင်ပါ နေရရှာတော့
        သူတို့ တကယ် ဂရုစိုက်ရမဲ့ သူတို့ ရဲ့ တာဝန် အစစ် တွေ နဲ့ လက်အောက်ငယ်သားများ အရေး ကို ဘယ်လို မှ လှည့်မကြည့်နိုင် မစောင့်ရှောက်နိုင် ဖြစ်နေတော့တာကိုး။
        မှန်ပါတယ်။
        ဒီတော့ကာ ဒေါ်အောင်ဆန်းစုကြည် အနေ နဲ့လဲ ကိုယ်တာဝန် မဟုတ်တာ ကို ဝင်ပြီး ယူသင့်တာပေါ့။
        . နော။
        ဒီလိုမျိုး သတိဝင်ပေးလို့ ကျေးဇူးပါ မောင်ဂီ။
        အရီး ကြုံ ရင် အသိပေးလိုက်ပါ့မယ်။

        BTW – မင်း ကို +1 စိမ်းထားတာ အရီး မဟုတ်ဘူးနော်။ lol:-)))

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          May 4, 2015 at 2:36 am

          နိုးနိုး
          တာဝန်​လို့မ​ပြောပါဝူးခည
          ဝတ္တရား လို့​ပြောပါရဇီ
          ခုတ​လော နှာစီးလွန်​း​နေသဗျ
          ရာသီဥတုပူတယ်​ဆိုပီး ​ရေချိုးမှားပြီး အပူရှပ်​​လေသလားပဲ
          ​နောက်​တာပါဗျာ

          တကယ်​​တော့ ကစားပွဲက​တော့လှဘီ ဟိ
          အစိုးရ အတိုက်​အခံ နဲ့ ပြည်​သူ ဆိုပီး သုံးပွင်​့ဆိုင်​ကြရာမယ်​

          အဆိုးရ မ​ကောင်​းတဲ့ အကွက်​ အတိုက်​အခံက ​ထောက်​​ကြေး မဟုတ်​လားဗျ ဟိုဘက်​အသုံးများတယ်​ သည်​ဘက်​ မသုံးသ​လောက်​ပဲ ဟိုဒင်​းက မပွင်​့လင်​းဘူး ဟိုဟာကြီးကမမြင်​သာဘူး စသည်​​ပေါ့

          ပြည်​သူကလည်​း လက်​ရှိအဆိုးရ မကြိုက်​ရင်​ အတိုက်​အခံကို မဲထည်​့​ပေါ့

          အဲတခု​တော့ရှိတယ်​ မဲထည်​့ပီးရင်​ ပီး​ရော​တော့မဟုတ်​

          ဘယ်​​လောက်​ ​တော်​ တတ်​ သိ မြင်​ ​သောအတိုက်​အခံ ဆိုဇီကာမူ ​စေတနာ အနစ်​နာ ဘယ်​​လောက်​ခံဇီကာမူ
          လုပ်​သမျှ ရာနှုန်​းပြည်​့ မှန်​ကန်​​သော အ​တိုက်​အခံဆိုသည်​မှာ မရှိစ​ကောင်​း

          လူထဲက လူ​တွေကိုး
          အမှားမကင်​းနိုင်​ကြ
          ဘုရားမဟုတ်​ အရိယာမဟုတ်​ ​ပေါ်လစ်​တစ်​ရှင်​သည်​
          ただ ​ပေါ်လက်​တီရှင်​သာဖြစ်​၏
          မဲရဖို့က ပထမ
          နိုင်​ဖို့က ဒုတိယ
          အာဏာရဖို့က တတိယ
          ပီးရင်​ အာထားသမျှ ကျကျနန လုပ်​ပြဖို့က စတု္ထထ​လောက်​ ကျသကိုး

          သည်​​တော့ မိမိမဲ​ပေး​သောအတိုက်​အခံ မ​ထော်​မနန်​းလို့ထင်​ရင်​ လုပ်​ရင်​ ​ထောက်​ပြ​ပြောဆိုဖို့ တာဝန်​ရှိတာသည်​ မိမိတို့ပြည်​သူအလုပ်​

          အတိုက်​အခံဂု​ဏော အန​န္တော ဟိမဝန္တာချီးမွမ်​းခန်​းဖွင်​့​နေယုံနဲ့မပြီး

          ဇာတ်​လမ်​းက အဲ့သည်​မှာ စ တယ်​
          လက်​ရှိအဆိုးရမကြိုက်​လို့ အတိုက်​အခံအား​ပေးသူချင်​းအတူတူေ​တောင်​ ကြီး​မေ​ပြောသမျှ ဗြာဒိတ်​မှတ်​ကြသူများြကြိီးေ​မေထိ အဟ်ွာကျိခိုင်​းသူများကတဖက်​
          ဒါ​တော့ သိပ်​မဟုတ်​​သေး ​ပြောသူများ ဗမာပီပီ နှစ်​ဂိုဏ်​းကွဲ ပြန်​ရဲ့

          ဘိရုမာပြည်​ဝယ်​ နိုင်​ဂံ​ဒေါ်ကို မကြည်​ညိုပါဂ နံရံ​လေးဘက်​ကြား ​ရောက်​လတ္တံ့

          အတိုက်​အခံကို ​ဝေဖန်​ပါဂ ဖွတ်​​လော်​ဘီ အဘ အဟွာမ ​အော်​တိုဖြစ်​ပီးသကာလ ဒီမိုဆိုသူများမှ လွတ်​လပ်​စွာ ​ဝေဖမ်​​ပြောဆိုမှုအား မကြားဝံ့မနာသာ ဝိုင်​းသမလတ္တံ့

          အားဟိ

          Meiji Restoration ဇာတ်​လမ်​းတပုဒ်​ပြန်​ကြည်​့မိရင်​း
          ဇာတ်​လမ်​းထဲက စကားတခွမ်း သိပ်​ကြိုက်​မိယဲ့ ဘာတဲ့
          မင်​းလိုဘဲ ငါလည်​း လက်​ရှိအဆိုးရ ကို​တော့မကြိုက်​ဘူး
          ဒါ​ပေမယ်​့ တည်​ငြိမ်​မှု ကိုဖျက်​ဆီးမယ်​့ ​သွေး​ချောင်​းစီးမယ်​့
          လုပ်​ရပ်​မျိုး မင်​းဖန်​တီးမယ်​ဆိုရင်​​တော့ ငါတားရမှာပဲ
          ဆိုတဲ့စကားရယ်​

          ခုလည်​း သိပ်​​တော့မထူးပါဝူး
          ချဂျ​တော့မှာ မြင်​​ယောင်​ပါ​သေးရဲ့.
          နိုင်​ငံ​ရေးဆြာ့ဆြာကြီးများ ဖွဘုတ်​​တော်​အကိုးအကားနဲ့ ကြွလာဦးမည်​မို့ ​တော်​ရာ ရှား​နေပါအူးမယ်​​လေ

          ပုံ
          သီလ စာဂ ပညာ ဘာဝဏာ စိတ်​ဓာတ်​ လုပ်​ရပ်​ ပရမတ်​ ထွက်​ရ​ပ်​​ပေါက်​ သိဒိ္ဒိဝင်​ အဘ ဘိုး​တော်​ ဂဘ္မီရ ​စေတလုံးရှင်​ ကန္နားစီး
          မိမိဂီ

        • မြစပဲရိုး

          May 4, 2015 at 3:02 am

          အဲဒီ တော့ ဒီ အတိုင်း ဘာကို မှ ကောင်းဖို့ မကြိုးစားဘဲ ငုတ်တုတ် ထိုင် နေရတော့ မယ်တဲ့လား ကလေး ရဲ့။

          နောက် အစိုးရ တက်လဲ ဝုန်းကနဲ ကောင်းသွားမယ်လို့ မမျှော်လင့်ပါဘူး။
          အနဲဆုံးတော့ ၁ဝစုနှစ်မက ကြိုးစားကြရဦးမှာပါဘဲ။
          ဒါပေမဲ့ ဘဏ္ဍာ ကို အိတ်ထဲထည့်ပြီး အချောင်စား နေသူ တွေ ကို ဖယ်နိုင်ရင်တော့ ခေါင်လုံချိန် မှာ အောက်ခြေ တွေ အတွက် ဝိုင်းကြိုးစားရမှာပေါ့။
          . လောလောဆယ် မှာ မင်းပြောသလို “တည်​ငြိမ်​မှု ကိုဖျက်​ဆီးမယ်​့ ​သွေး​ချောင်​းစီးမယ်​့ လုပ်​ရပ်​မျိုး ” မဖြစ် အောင် အပြောအဆို အကဲ့ရဲ့ ခံပြီး ကြိုးစားပေးနေတဲ့ မိန်းမကြီး ကို မျက်မှန်စိမ်း လေးများချွတ်ကြည့်လိုက်ပါဦး။
          သူ လဲ အလုံးစုံ အပြစ်အနာကင်းသူ မဟုတ်တာ သိပါရဲ့။
          အပြစ်အနာ ရှိသူချင်း မှာ အထဲ က လောက်ထပြီး ပုတ်ပွ နေသူ တွေ ကြားမှာ တော့ သူ့ အပြစ်အနာ ဆိုတာ ဘာမှ မဟုတ်တော့ဘူး။
          အရီး တော့ သူ့ ကို ယုံတယ်။
          ဒါပေမဲ့ သူ့ ကို ဘယ်လောက်ပံ့ပိုး ပေးနိုင်ကြလဲ ပေါ် မူတည်ပြီး တိုင်းပြည် ရဲ့ ကြမ္မာပြောင်းမှာဘဲ။

          အံ့ဩမိတာ က လူ တွေ က ဘာလို့ များ တာဝန်အားလုံး ဝတ္တရားအားလုံး အပြစ်အားလုံး ကို သူ့ ဆီမှာဘဲ ပုံထားနေကြတာလဲ ဆိုတာဘဲ။
          . မြန်မာပြည်ပေါ် မှာ ရပ်နေသူ အားလုံး တစ်ယောက်ချင်းမှာ ကိုယ့်တိုင်း ကိုယ့်ပြည် တိုးတက်အောင်၊ အေးချမ်းအောင် ယူရမဲ့ တာဝန်ရှိတယ်။
          ကိုယ့်ဟာကိုတော့ တာဝန်မယူချင်ဘဲ သူ့ချည်း ပုံချ နေလို့ ကတော့ တိုးတက်ပါလိမ့်မယ်။ စိတ်ချ။

          အခု အရီး ပြောနေတာ သူ့ ကို ကိုးကွယ်နေလို့ ကာကွယ် နေတာမဟုတ်ဘူး။
          လူတွေ က သူ့ကိုချည်း အပြစ်ပုံချ နေလို့ ကြားက ဝင်ပါနေရတာ။
          သူ့ဆီ မှာ တကယ်ဘဲ လုပ်ပိုင်ခွင့်ရလို့ သူ မလုပ်နိုင်ဘဲ နေကြည့်လေ။
          တိုက်ရိုက် ကို စာရေးပြီး အမှား ကို ထောက်ပြပေးမယ်။
          ဒီတော့ အဲဒါ ကို လက်တွေ့ မြင်ချင်ရင် မင်း ရဲ့ မဲ တစ်ပြား ကို အရီး ဆီ အပ်လိုက်နော်။
          သူသာ အာဏာရပြီး တကယ်လုပ်မပြနိုင်လို့ကတော့ မင်း ကြိုက်သလို ဆဲပြ ပေးမယ်။
          အရီး ပြောတာ နားထောင်နော် ကလေး။ lol:-))) 😉

        • ခင်ဇော်

          May 4, 2015 at 6:17 am

          သများး ပေးး ထားး တာ လည်းး မဟုတ်ဘူးး အရီးးး
          :k:

          .
          .
          .
          လစ်ဘရယ်ယောက်ကျားးး ရေ.
          ပရော့ဂျက်တစ်ခု အတွက် အဆင့်ဆင့် မျိုထားးစားးထားးတဲ့
          အဘတွေ ခိုင်းးလို့ လုပ်ရတဲ့ လမ်းးဖောက် တံတားဆောက်တာတော့ မပြောနဲ့ကွယ်..
          စာနာ စကားး, ချီးးကျူးး စကားး အတွက်လည်းး စိန်တွေ သီးးနေအောင် ဝတ်ထားကြတဲ့ အဘ ကတော်တွေ ဆီက အရင်တောင်းးကြည့်ပါလားးး
          သူတို့ အဲလိုနေနိုင်အောင် အဲဒီ စစ်သားးလေးးတွေ အသေခံထားးရတာ ဆိုတော့လေနော်…

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          May 4, 2015 at 10:29 am

          @ ​ဒေါ်​ကေဇိ

          အဲ့ဒါ​ရော next option လားကွယ်​
          စိန်​မမ​တွေနဲ့ တန်​းညှိတယ်​လား
          ပ​ရော့ဂျက်​​တွေမှာ အထက်​ပိုင်​း ​တွေမှာ ဝါးတီး​တွေရှိတာလည်​းအမှန်​
          စားပီးနားမလည်​ဖြစ်​တာလည်​းအမှန်​
          သူတို့​တွေက ဘဝနဲ့ရင်​းရတဲ့ ဘာမှခံစားခွင်​့မရရှာတဲ့ ​အောက်​​ခြေကို ကြည်​့သင်​့တာအမှန်​
          အဲ့ဒါ​တွေ ​ထောက်​ဖို့ ပြဖို့က သူတို့ကို ​ထောက်​ခံသူ​တွေနဲ့ အတိုက်​အခံတို့ရဲ့အလုပ်​ပဲ
          အတိုက်​အခံကို​ထောက်​ခံသူအ​နေနဲ့က​တော့ အ​ကြောင်​းပြချက်​ခြားနားပ​စေ ရလာဒ်​မတူ​အောင်​​ဝေဖန်​ပိုင်​းခြားဖို့က တာဝန်​ရယ်​

          အတိုက်​အခံကို မဲလည်​း​ပေးမယ်​ ​​ဝေလည်​း​ဝေဖန်​မယ်​
          မဲဆန္ဒရှင်​တ​ယောက်​ရဲ့ အညမညအခွင်​့အ​ရေးပဲ
          စိန်​ဘွား​တော်​​တွေနဲ့တန်​းညှိပြီး သူတို့ဒါမလုပ်​လို့ ငါတို့ ဒါလုပ်​စရာလိုဘူးအ​တွေး​တော့ မ​မွေးစ​ကောင်​း
          ​ကျောက်​စရစ်​နဲ့ ​ကျောက်​စိမ်​းကွဲဖို့ အ​ရေးကြီးသမို့ ​ထောက်​ခံ​ဝေဖန်​ရင်​း မှားသွားရင်​​တောင်​
          ပါဆင်​နယ်​စ​ကေးဒဗ​လော့မန်​့လို့မှတ်​လိုက်​မယ်​​တွေးမိ

          လူတိုင်​းအမှားလုပ်​သည်​ အနည်​းအများပဲကွာမည်​
          ပုံ
          မိမိဂီ

      • ခင်ဇော်

        May 4, 2015 at 4:17 pm

        အေးပါအေ။ ပြောချင်ရာသာပြောပါတော့.။
        နာတို့လည်း သီးစုံဒံပေါက်တစ်ထုတ်နဲ့ အသေခံခိုင်း ခံရတဲ့ အဖွဲ့အစည်းအကြောင်း မပြောတော့ပါဘူးး
        ဟုတ်ပြီလားးး

        :k:

        ~~~~~~~~~~~~~~~~~~~~~~~~~~~~~

        NLD ကို စောင့်၍ ဝေဖန်ပါ
        ==============

        NLD ပါတီအနေနှင့် ရင်ဆိုင်ရမည့် အခက်အခဲ များစွာရှိသည်။ ထိုအထဲတွင် သူ့လူကိုယ့်ဘက်သား မဟုတ်သည့်တိုင် စိတ်ကောင်းစေတနာကောင်းနှင့် လိုလို၊ နိုင်ငံရေး အကြံပေးလိုလို ကိုယ့်ဘာသာကိုယ် ခန့်အပ်ကာ NLD လိုအပ်ချက်များစွာရှိသည်။ အခုအထိ မလုပ်သေး။ ပေါ်လစီများ ပြည်သူကို ချမပြရသေး။ အောင်နိုင်ရေး ကန်ပိန်း မလုပ်ရသေး ဟု ပြောနေသော စကားများရှိသည်။ အကောက်အယူကစကာ ပြောပြစရာများရှိနေသောကြောင့် အကျယ် ပြောရန်ရှိလာသည်။

        အစမှပြန်ကြည့်သော်

        NLD နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်မှုနောက်တွင် ရောက်နေခြင်းကပင် သာမန် နိုင်ငံရေးပါတီတစ်ခု နှင့် မတူသော အနေအထားသို့ ရောက်ရှိစေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် မိမိဘဝကို နိုင်ငံသားများအတွက် ပေးဆပ်ထားသူဖြစ်သည်။ သူ၏ ရည်မှန်းချက်သည် ပြည်သူများ၏ လက်ထဲသို့ ဒီမိုကရေစီ လွတ်လပ်ခွင့်များ ပြည့်ဝသော ပြည်သူ့အာဏာကို ပြန်လည်နှင်းအပ်နိုင်ရေးဖြစ်သည်။ သို့သော် စစ်ဘက် အာဏာရှင်တို့နှင့် အန္တရာယ်များသော ကစားပွဲကို ကစားနေရသည်။ ထိုကစားပွဲတွင် တရားမျှတစွာ ယှဉ်ပြိုင်ရခြင်းမျိုးမဟုတ်။ ပြိုင်ဘက်က လက်ခြေတို့ကို တုတ်နှောင်ပြီးမှ အပြိုင်ခိုင်းခြင်း ဖြစ်သည်။

        ဒေါ်အောင်ဆန်းစုကြည် ပေးခဲ့ရသည့် တန်ဖိုးကြီးပါသည်။ စစ်အာဏာရှင် အုပ်စု၏တရားဝင်စေမှုကို လက်ခံခဲ့ရသည်။ (သူတို့က ဒါကို အသည်းအသန်လိုချင်ခြင်း ဖြစ်သည်) ထိုပေးဆပ်ရမှုအတွက် NLD သည် ရွေးကောက်ပွဲ ဝင်ခဲ့ရသည်။ လွှတ်တော်လမ်း၊ ပါတီလမ်းကို လျောက်ခဲ့ရသည်။ သို့သော် အထူးသတိပြု မှတ်ထားစေချင်သော စကားလုံးတစ်ခု ရှိပါသည်။ ဒေါ်အောင်ဆန်းစုကြည်သည် NLD ပါတီ နိုင်ငံရေးအာဏာရရှိစေရေးကို ပန်းတိုင်အဖြစ် မသတ်မှတ်ပါ။ NLD ပါတီ နိုင်ငံရေးအာဏာ ရရှိစေရေးမှသည် ပြည်သူ့လက်ထဲသို့ ဒီမိုကရေစီ စနစ်စစ်စစ် နှင်းအပ်နိုင်ရေးအထိ ပန်းတိုင် သတ်မှတ်လျောက်လှမ်းနေခြင်း ဖြစ်ပါသည်။ ပြောရလျှင် NLD ပါတီကို ယဉ်ရထားအဖြစ် အသုံးပြုနေခြင်းသာ ဖြစ်သည်။

        ထိုသို့ အခြားသော ကမာ္ဘ့နိုင်ငံများမှ နိုင်ငံရေးပါတီများနှင့် NLD မတူညီမှု၊ နိုဗယ်ငြိမ်းချမ်းရေးဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် NLD ပါတီကို ဦးဆောင်နေမှု၊ ခြေလက်များကို တုတ်နှောင်ထားသော ရွေးကောက်ပွဲ၊ ဒီမိုကရေစီ နှုန်းစံများနှင့် လွဲချော်နေသော ပြင်ဆင်ရမည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ စသည်တို့သည်ပင်လျှင် NLD ပါတီအတွက် အခြားနိုင်ငံရေး ပါတီများကဲ့သို့ ယူဆအကဲဖြတ်၍ မဖြစ်သော အကြောင်းတရားများ ဖြစ်လာပါတော့သည်။

        အရည်အချင်း မမှီသော NLD

        NLD ကို အရည်အချင်း မမီဟု ပြောလျှင် ရပါသည်။ သို့သော် NLD အရည်အချင်း မမီခြင်းကို အမေရိကန်နိုင်ငံမှ ပါတီကြီးများ လုပ်ပုံကိုင်ပုံကို ကြည့်၍ ပြောခြင်းဆိုလျှင်တော့ မတရားရာ ရောက်ပါလိမ့်မည်။ တတိုင်းပြည်လုံး နိမ့်ကျနေချိန် (ပညာရေးတစ်ခုထဲကို မပြောပါ၊ အထွေထွေ ဖြစ်ပါသည်) တွင် NLD တစ်ခုတည်း ထူး၍ တော်နေရန်၊ ထက်မြက်နေရန် မျှော်လင့်၍ မရပါ။ ထိုအကြောင်းကို ပြန်ပြောသောအခါ လုပ်စရာရှိသည်တို့ကို မလုပ်ရသေး၍ အရည်အချင်း မမီဟု စကားပြန်ရပါသည်။ သူပြောသော လုပ်စရာရှိသည်တို့ကို ခွဲခြမ်းကြည့်သောအခါ ၄၃၆ ပြင်ဆင်ရေး ကိစ္စ၊ လော်ဘီ ကန်ပိန်း မလုပ်ရသေးသည့် ကိစ္စ နှင့် ပြည်သူကို ပေါ်လစီများ ချမပြသည့် ကိစ္စများကို ခေါင်းစဉ်တပ်လာပါသည်။

        အစ်ရှူးများကို ခွဲထုတ် စဉ်းစားသောအခါ ပြောခဲ့သော ဒီမိုကရေစီ ရရှိရေး ကိစ္စနှင့် ပါတီ နိုင်ငံရေးအာဏာ ရရှိရေးကို ခွဲ မစဉ်းစားသည်ကို တွေ့ရပါသည်။ ပါတီအာဏာရရှိရေးအတွက် ဆိုလျှင် ၄၃၆ ပြင်ဆင်ရေးသည် ဦးစားပေး အခြေအနေတွင် ရှိနေရန် မလိုပါ။ ၄၃၆သည် ဒေါ်အောင်ဆန်းစုကြည် ပြည်သူကို ပေးချင်သော ဒီမိုကရေစီ လက်ဆောင် ထဲတွင် ပါပါသည်။ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ၄၃၆ ပြင်မှ ဆိုသည်မှာ မသက်ဆိုင်လှပါ။

        လော်ဘီကန်ပိန်း လို၏ မလို၏

        အခြားသော နိုင်ငံများမှ နိုင်ငံရေးပါတီများသည် ရွေးကောက်ပွဲ နီးလာလျှင် အောင်မြင်ရေး ကန်ပိန်းများ လုပ်ကြပါသည်။ ရည်ရွယ်ရင်းမှာ လူထုထောက်ခံမှု ရရှိရေး၊ ပါတီအား မဲပေးရေးအတွက် ဖြစ်ပါသည်။ NLD ပါတီ လော်ဘီကန်ပိန်း မလုပ်နိုင်ခြင်း ကို ပြန်ကြည့်ဖို့ လိုပါသည်။

        NLD သည် လူဆင်းရဲပါတီဖြစ်ပါသည်။ အထောက်အပံ့တစ်ခုခု ယူလျှင် လက်ညိုးထိုး လုပ်ကြံမည့် ရန်သူများလည်း ကျားချောင်းသလို ချောင်းနေပါသည်။ ကိုယ်ပိုင်သည့် သံတံခါးလေလံတင်သည်ကိုပင်၊ ထိုးမိလေသော ဆွယ်တာ လေလံတင်သည်ကိုပင် ပြည်ပဩဇာခံ ဖြစ်တော့မယောင် အပုပ်ချခံရပါသည်။ တရုတ်ပြည်ကို လက်ညိုးထိုးရောင်းစားစရာ သယံဇာတများလည်း မရှိပါ။ ထိုအခါ ပိုက်ဆံ အင်မတန် ကုန်ပါလေသော အောင်မြင်ရေးကန်ပိန်း လုပ်ရခက်ပါသည်။ ထို့အစား ပြည်သူ့အတွက် ပိုအရေးကြီးသော ပညာရေး၊ ကျန်းမာရေး ကွန်ယက်များ ထူထောင်ခြင်းကိုပဲ အာရုံစိုက်ဟန် တူပါသည်။ ထောက်ခံမှုများ တွဲလိုက်လာစေသော ကျွဲကူးရေပါအလုပ်များ ဖြစ်ပါသည်။
        နောက်တစ်ချက် ရှိပါသေးသည်။ NLD အတွက် လူထုထောက်ခံမှုသည် ကန်ပိန်းလုပ်မှ ရရှိမည်လား။ အောင်မြင်ရေး ကန်ပိန်းတစ်ခု၏ အခြေခံ ဦးတည်ရာသည် ထောက်ခံမှု မြင့်တက်စေရေးသာ ဖြစ်သည်။ (ကျန်သော ပေါ်လစီကိစ္စများလည်း ထိုသို့ အကြမ်းယူသော်ရပါသည်) ဒေါ်အောင်ဆန်းစုကြည်၏ လူထုထောက်ခံမှုသည် မြင့်တက်စေရန် အားထုတ်စရာ လိုပါသေးသလား။ ရှိလျှင်ကောင်းသည်။ သို့သော် လူဆင်းရဲပါတီတစ်ခုအတွက်မူ ငွေအကုန်ခံ၍ လုပ်ဖို့ရာ အတော်စဉ်းစားရပါသည်။ (တဖက်မှလည်း တပြည်လုံးညံ့နေသည်ကို ပြန်အမှတ်ရစေချင်ပါသေးသည်)

        ချပြရမည့် မူဝါဒ

        အခုအချိန်ဆိုလျှင် တိုင်းပြည်အတွက် မူဝါဒများ ချပြသင့်သော အချိန်ရောက်ပြီဟု ဆိုလာပါသည်။ မူဝါဒများအတွက် အရေးအကြီးဆုံးမှာ situation analysis လက်ရှိအခြေအနေ သုံးသပ်ခြင်း ဖြစ်ပါသည်။ လက်ရှိအခြေအနေကို အတိုက်အခံအနေနှင့် တိကျသော ဒေတာများ ရရှိရန် မလွယ်ကူပါ။ အစိုးရမဟုတ်ပါပဲနှင့် ပြင်ပမှနေ၍ တောင်းသော ဒေတာများသည် လက်ရှိအခြေအနေများ၊ အစိုးရယန္တယား၏ စွမ်းဆောင်ရည်များကို ထင်ဟပ်နိုင်လိမ့်မည် မဟုတ်ပါ။

        ထိုသို့ ပြန်ပြောသောအခါ ပေါ်လစီ ပရိုပိုဆယ် ချပြရမည်ဟု ထပ်ပြောပြန်ပါသည်။ လက်ရှိအနေအထားကို မသိပါပဲနှင့် ပရိုပိုဆယ်တစ်ခုကို ဘယ်သူမှ မရေးပါ။ ထိုသို့ လွယ်လွယ်လိုချင်လျှင် အင်တာနက်မှ ဒေါင်းလုပ်ဆွဲချလိုက်လျှင် ပျံလန်နေအောင် ရပါမည်။ သို့သော် အသုံးဝင်မည်မဟုတ်။လက်တွေ့ အလုပ်ဖြစ်မည်မဟုတ်။ ပြောချင်သည်မှာ ပေါ်လစီပရိုပိုဆယ်သည်ပင်လျှင် situation analysis မလုပ်ပဲ မရပါ။

        သူများနိုင်ငံများ မူဝါဒတွေ ချပြထားသည်ဟု ထင်နိုင်ပါသည်။ တကယ်တော့ အများပြည်သူ အမြင်လှအောင်သာ ငြင်းကြခုန်ကြလုပ်ပါသည်။ တကယ်လုပ်နေသော အလုပ်များက documentation ချမှတ်ပြီးသား လုပ်ငန်းများကိုပင် အနိုင်ရသော ပါတီက ဆက်လုပ်ပါသည်။ ဘယ်ပါတီနိုင်နိုင် လုပ်စရာရှိသည်တို့က အတူတူနီးပါး ဖြစ်ပါသည်။ သူတို့ တကယ်လုပ်သည်က ပါလီမန်တွင် တင်လာသော မူဝါဒများဖြစ်ပါသည်။

        ပြည်သူအားလုံး သိစရာလိုသလား

        အားလုံးသိလျှင် ကောင်းပါသည်။ သို့သော် မသိလည်း ကိစ္စ မရှိပါ။ ပြည်သူအားလုံး အခြေခံ ဥပဒေကို နားလည်ရန် မမျှော်လင့်ပါနှင့်။ ဤသည်က ဥပဒေ ပညာရှင် အလုပ်ဖြစ်ပါသည်။ ဒါဆို ဒီအတိုင်း လက်ခံရမှာလား မေးစရာရှိပါသည်။ ဒီအတိုင်း လက်မခံချင်လျှင် ကိုယ့်ဘာသာပင် အကုန်လုံးကို အခြေခံဥပဒေ လိုက်သင်လိုက်ပါတော့ဟုသာ ပြောရပါလိမ့်မည်။

        ပြည်သူမှားနိုင်ပါသည်။ မှားလျှင် နောက်တခါ မဲမပေးရုံပဲ ဖြစ်သည်။ ဤသို့ဖြင့် ဒီမိုကရေစီ ရင့်သန်လာပါလိမ့်မည်။ NLD ကို ဝေဖန်နိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဝေဖန်နိုင်ပါသည်။

        သို့သော် ခြုံငုံသုံးသပ်တတ်သော အလေ့အထရှိရပါလိမ့်မည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်စရာ မလိုဟု မပြောပါ။ သို့သော် ဒေါ်အောင်ဆန်းစုကြည် အလုပ်များ လက်စမသပ်သေးခင် မှားနေပြီ၊ မှန်နေပြီ ပြောခြင်းကတော့ ရန်သူကို တဖက်လှည့်နှင့် လက်ထဲ ဓားအပ်သည်နှင့် တူလှသည်။ တစ်ဖက် ပါတီသည် ကိုယ့်လူကိုယ် ကာပါသည်။ ပြည်သူကို ပါးရိုက်မည် နားရိုက်မည် ပြောသော အမှားမျိုးကိုပင် ကာပေးပါသည်။ ကိုယ့်လူတွေကတော့ ဒေါ်စုမှားပြီပြောရင်း ဆရာကြီးနေရာ တက်ထိုင်ချင်သည်။

        ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်စရာ အချိန်များစွာ ကျန်ပါသေးသည်။ NLD ကို ဝေဖန်စရာလည်း ကျန်ပါသေးသည်။ သို့သော် ထိုအချိန်သည် ၂၀၁၅ ကျော်မှ ဖြစ်စေချင်ပါသည်။ အချိ်ု့ဝေဖန်ချက်များသည် မှန်သယောင်ရှိသော်လည်း ပါတီအတွင်းမှ ဘဏ္ဍာရေး၊ ရင်းမြစ်စသည်တို့ကို မသိပဲ ပြောနေခြင်းသည် ကိုယ့်တပ်ကို နင်းရန်ကြံခြင်းနှင့်သာတူပါလိမ့်မည်။

        ကူနိုင်လျှင် ကူလိုက်ပါ။ ဝေဖန်ချင်လျှင် စောင့်ပါ။ ပြိုင်ပွဲ မပီးသေးပါ။

        Credit to မွန်မွန်

  • Alinsett @ Maung Thura

    May 3, 2015 at 1:30 pm

    ငြိမ်းချမ်းခြင်းက စာချုပ်ထက်မှာ လက်မှတ်များသာ. . .

    :buu:

  • မြစပဲရိုး

    May 3, 2015 at 2:10 pm

    မနေ့ က ကွန်တစ် စစ်စစ်ကြီး သူငယ်ချင်း တစ်ယောက် လာလည်လို့ စကားတွေပြောဖြစ်တယ်။
    သူကဘာသာရေး အတော့ကို လုပ်တဲ့ ခရစ်ယာန်။
    ဒီမှာလဲ အမြဲဘုရားရှိခိုးကျောင်းသွားတယ်။
    ဘုန်းကြီးတစ်ပိုင်းလို ဖြစ်ပြီး တွေ့တိုင်း တရားဟောတာဘဲ။

    ဒီမှာ ဘာတွေ့မိလဲ ဆိုရင် ခရစ်ယာန် သူငယ်ချင်း ပြောတာ အခု ဒေါ်ဝါးလေး ပြောသလိုဘဲ။
    လူတွေ မှာ ” ရွေးချယ်စရာ ရှိရက် နဲ့ မရွေးကြတာ” တဲ့။
    သူ့ အလို ကတော့ ဘုရားသခင်လမ်းပြထားတဲ့ လမ်း ရှိပါရက် နဲ့ အဲဒီ လမ်း ကို မရွေးကြဘူးပေါ့။
    ဒီတော့ အရီး က ပြန်မေးပါတယ်။
    ဘုရားသခင်က ဘာလို့ တို့တွေကို ဗုဒ္ဓဘာသာ မိဘ ဝမ်းထဲ ပို့ ခဲ့လဲ လို့။
    အဲဒီမှာတင် တို့တွေ ဘဝ အတွက် ရွေးဖို့ Choice အတွက် မြင်တဲ့ (တနည်း) ရလာတဲ့ Option တွေ က မတူတော့ဘူး။
    သူက ခရစ်ယာန် မိဘ တွေနဲ့ ကြီးလာသလို တို့တွေကလဲ ဗုဒ္ဓဘာသာ မိဘ တွေ နဲ့ ကြီးလာတယ်။
    ငယ်ကထဲ က သွန်သင်လာတဲ့ အကြောင်း တွေ က သူ့မှာလဲ သူကောင်းတယ် ထင်သလို ကိုယ်ကလဲ ကိုယ့် အကြောင်း က ကောင်း တယ်ထင်နေခဲ့ပြီ။
    တနည်း တို့ တွေ နှစ်ဖက်လုံး သူ့နည်း သူ့ဟန် နဲ့ Brainwash လုပ်ခံခဲ့ရပြီ။
    ဒီတော့ Option တွေထဲ က ကိုယ် နဲ့ ကိုက်ရာ၊ နှစ်သက်ရာ ကို ရွေးလိုက်ဖို့ Choice က မတူနိုင်တော့ဘူး။

    ဒီလိုဘဲ ပေါ့။
    ကိုယ်ကြီးပြင်းရမဲ့ အသိုင်းအဝိုင်း ဆိုတာ ကိုယ့်ရဲ့ Choice မဟုတ်ခဲ့ဘူး။
    ဘယ်မိဘ နဲ့ တွေ့၊ ဘယ်လို လူ တွေ နဲ့ ကြီးပြင်း ရမယ် ဆိုတာ ကိုယ် ရဲ့ Control/ Option ထဲ မရှိခဲ့ဘူး။
    အဲဒီ အစ က ကိုယ် ရလာမဲ့ Option တွေ ရဲ့ ဇစ်မြစ်ဘဲ။
    မတူတဲ့ Option တွေ ဖြစ်လာမှတော့ ရွေးချယ်မှု Choice လဲ မတူ တော့ဘူး။

    . ပြီးရင်ဆက်မယ်နော်။ အခု မျက်နှာသွားသစ်လိုက်ဦးမယ်။

    PS –
    ကိုယ် ” ရွေးချင်” တဲ့ Choice က တော့ ဒီ စာ ကို ဆက်ချင်တာ။
    သို့ပေသည့် ဝမ်းက ဟာ တော့ ဘာမှ ဆက်လုပ်လို့ မရ။ 🙂

    • မြစပဲရိုး

      May 3, 2015 at 2:18 pm

      Freedom of Choice မရှိတဲ့ နေရာမှာ Choice မလုပ်နိုင်သူ တွေ ကို ဘယ်လို ပံ့ပိုး နိုင်လဲ ဆက်စဉ်းစားကြည့်စို့လား။
      (အရီး တော့ ရစ်ပြီ လို့ ညက်လုံးပြူး တွားပီလား) lol:-))

      • Wow

        May 3, 2015 at 3:55 pm

        အရီးကို အာ့ဂျောင့်ချစ်တာ… အာဘွားးးး :kwi:
        အရီးဆိုရင်တော့ အာ့မိုးဘယ်တော့မှ choice မရှိတဲ့ ဘွနဲ့ မနေဘူးလို့ ယုံတယ်…

        မိရိုးဖလာ ဘာသာကနေ ဘာသာပြောင်းတဲ့သူတွေ အများကြီးလေ အရီးရယ်…

        အာ့ဂျောင့်ကျနော်က ရွေးချယ်စရာ အနဲနဲ့ အများပဲကွာမယ်ပြောတာပေါ့… အဲ့နေရာမှာ ဆရာတော် ဦးဇောတိက ပြောတဲ့စကားလေး သွားသတိရတယ်… မေးမြန်းစူးစမ်းတာ၊ မေးခွန်းထုတ်တာ၊ သံသယဝင်တာတွေက လူပီသတယ်ဆိုပြတာလေ… တချို့ဘာသာတွေမှာ မျက်စိမှိတ်ယုံ၊ ဘုရားမယုံရင် ငရဲတမ်းရောက်ဆိုတာမျိုးက ပြောရမယ်ဆို လူ့အခွင့်အရေးချိုးဖောက်တာလေ… (ဘာသာရေးစော်ကားတာတော့မဟုတ်)

        ဒီအလုပ်လုပ်ရမယ်ဆို ဘာကြောင့်လဲ Why? ဆိုတာမျိုး ပြန်မေးခွန်းထုတ်နိုင်တဲ့ ဦးနှောက်မျိုးရှိရင် ဘယ်တော့မှ No Choice ဘွမျိုးမရောက်ဘူးလို့ ကျနော်မြင်တယ်… အာ့က ပညာအရည်အချင်းနဲ့ မဆိုင်ဘူး လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်ဗီဇ…

  • ဝင့်ပြုံးမြင့်

    May 3, 2015 at 6:59 pm

    .ရွေးချယ်ခွင့်မရဘဲ အဆွဲခံခဲ့ရတဲ့ ကလေးတွေရှိပါတယ်။ ပြီးတော့ လူတွေက ပြောတော့လွယ်တယ်။ ဘဝမှာ ဘာမှ ရွေးချယ်စရာမရှိဘဲ ဆန် ၂အိတ် ငွေ ၂သိန်းကို ရွေးလိုက်ရတာလည်း တကယ်ရှိပါတယ်။ ခုနေသာ ဝေါင်းဟာ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ လမ်းပေါ်ရောက်သွားရင် ဘာလုပ်မလဲ။ ဒီလိုလူတွေ တကယ်ရှိတယ်။ ရွေးချယ်ခွင့် ရှိကိုမရှိတဲ့လူတွေ။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 4, 2015 at 1:28 am

      ​ရွေးစရာရှိတယ်​ဗျ
      ကိုယ်​့ဟာကိုယ်​ သတ်​​သေမလား
      ရှင်​​အောင်​ သည်​လမ်​း​ကြောင်​းကို​ရွေးမလား ဆိုတဲ့နှစ်​ခုအနက်​
      ရှင်​မယ်​့ဘက်​ ​ရွေးသွားတယ်​​မဟုတ်​လား
      ဇာတ်​​ခေါင်​းကွဲသွားတဲ့ မင်​းသားအို​လေးတ​ယောက်​ရယ်​ အရွယ်​​ရောက်​ြီိပိီး
      သား​ယောက်​ျား​လေး လူရွှင်​​တော်​​ပေါက်​စရယ်​ ၂​ယောက်​လုံး တပြိုင်​တည်​း
      ​ဝင်​လိုက်​ကြတာ မြင်​ဖူး​ကြောင်​း အမှတ်​ရမိရဲ့
      သူတို့ သတ်​မ​သေဘူး
      သူတို့ ခိုးဆိုးနှိုက်​မလုပ်​ဘူး
      ကျရာတာဝန်​ယူရင်​း ​ပေးတဲ့လစာရိက္ခာနဲ့ အသက်​ဆက်​​မွေးကြတယ်​
      ​ရွေးဖို့ရှိပါတယ်​ဆို

      က​လေး​တွေကိစ္စ​တော့သပ်​သပ်​ ​ဆွေး​နွေးချင်​ပါတယ်​
      အဲ့ဒါ ထရစ်​ကီ ​ကေ့စ်​တခုမို့
      🙂

    • Wow

      May 4, 2015 at 9:08 am

      မွပြုံးမေးတာဖြေရရင် ကျနော် အဝတ်တထည်ကိုယ်တစ်ခုနဲ့ လမ်းပေါ်ရောက်သွားရင် ကျနော် တခြားအလုပ်တစ်ခုခုလုပ်ပါမယ် မွပြုံး.. စစ်ထဲတော့မဝင်ပါဘူး :kwi:

      • ဝင့်ပြုံးမြင့်

        May 4, 2015 at 1:26 pm

        .မိမိဂီ ဘရာကြော်စားပါဦး
        .ဟိုခလေးမလေး က တကယ်မငတ်ဖူးသေးလို့ ပေါက်ကရ လျှောက်ပြောနေတာ။ အသက် ၁၃ ၁၄ နဲ့ မိဘက ရောင်းစားလိုက်တာမျိုး တွေ ရှိတယ်။ ဟိုခလေးမလေးက ငတ်ဖူးဖို့နေနေသာသာ တစ်ရက်လောက် ဟင်းမကောင်းရင်တောင် ခြေဆောင့်၊ နှုတ်ခမ်းဆူ၊ ဆန္ဒပြ၊ လောကကြီးကို စိတ်နာ၊ အဲဒါမျိုးတွေ လုပ်လောက်တယ်။
        🙂

        • မြစပဲရိုး

          May 4, 2015 at 1:43 pm

          မိမိဂီ ကလဲ သူတကယ် မငတ် ဘူးလို့၊ အထောက်အကူမဲ့ ဘဝ နဲ့ အနိုင်ကျင့် မခံရဘူးလို့ ကာဗာလုပ် ပြောနေတာ ဘဲ ဝုတ်ဘူးလားလို့ ပြုံးညီမ ရဲ့။
          ဒီတွေ ကလဲ သူ ဘက်သူ မြင်အောင် အတိုက်အခံကောင်း အနေ နဲ့ ပြောနေတာ ကိုလေ။ lol:-))))

        • Wow

          May 4, 2015 at 2:21 pm

          ဟင့်.. အရီးနဲ့ မွပြုံးဂိုတော့ ပြောလို့မနိုင်တော့ဝူးးးး 😥

  • Mr. MarGa

    May 3, 2015 at 7:08 pm

    out of options တွေ
    no choice တွေ ရှိနေ​သေးတဲ့ တိုင်းပြည် ဆိုတော့လည်း….
    🙁

  • မြစပဲရိုး

    May 3, 2015 at 9:54 pm

    စကားများသော အဖွီးကျား ပျံလာဘီ။

    အမှန်တော့ ဒေါ်ဝါးလေး ပြောသလိုပါဘဲ။
    လူတိုင်း မှာ Choice ရှိနေတယ်လို့ ဘဲ ဆိုပါစို့။
    အဲဒီလို ရွေးနိုင်ရက်နဲ့ ဘာလို့ လက်ရှိ တစ်ခု မှာဘဲ မြဲ နေ တစ် နေကြပြီး အသစ်ကို ဘာလို့ မပြောင်းနိုင်ကြလဲ။
    သူတို့မှာ သူတို့ အကြောင်းရှိကြမှာပါ။
    တစ်ချို့ က ပြောင်းရမယ်မှန်း ကို မသိလို့။
    တစ်ချို့ က အဲဒီမှာ ကို ပျော်နေလို့။
    တစ်ချို့ က မပျော်လဲ ပြောင်းဖို့ အင်အားမရှိလို့/ တနည်း ဒုက္ခရောက်မှာ ကြောက်လို့။

    အခု ဒေါ်ဝါးလေး ပြော တဲ့ စစ်သားလေး တွေ အကြောင်း ကိုဘဲ ဒဲ့ ဆွေးနွေး ကြစို့။
    သူတို့ ဟာသူတို့ အလုပ်မှာ မပျော်ရင် တကယ်ဘဲ အလွယ်ထွက် လို့ ရမယ်တဲ့လား။
    ထွက်လို့ ရ တယ်ထားတော့ သူတို့ ကျင်လည် နေတဲ့ အလုပ် က နေ တစ်ခြား ကို ပြောင်း ဖို့ ဒီလောက် လွယ်မယ် မထင်ဘူး။
    လောက်လောက်ငင မဟုတ်ပေမဲ့ လကုန် ဆို ရမှာ သေချာတဲ့ နေရာ ကနေ ကျဘမ်း ဝင်ငွေ လို ဖြစ်သွား မဲ့ အခြေ အတွက် မိသားစုဒုက္ခရောက်မှာ ပူစရာပါဘဲ။
    တကယ် ဆိုက်ကားနင်းဖို့ ကုန်ထမ်းဖို့ ကို လုပ်နိုင်တယ်ထားဦး။
    အဲဒီလို လုပ်ဖို့ ဘလိုင်းကြီး ဝင်ဖို့ ခက်သား။
    နောက်တစ်ခု က တပ်မှာ လုပ်ရင် အနည်းဆုံးတော့ နေစရာ အမိုးအကာ နဲ့ တစ်ခုတော့ ရမယ်။
    ထွက်လိုက်ရင် နေစရာ အတွက် ပထမဆုံး ဒုက္ခရောက်တော့မယ်။
    ဒါတွေ စဉ်းစားလိုက်ရင် ကို ဘဲ ထွက်ဖို့ အတော်ခက်ပြီ။
    ဒီတော့ မပျော်လဲ အဆင်ပြေသလိုရှိတော့ နေနေကြတာပေါ့။
    အဲဒါကို က သူတို့ ဘဝ အတွက် အဆင်ပြေဆုံး ရွေးချယ်မှု ဖြစ်နေလိမ့်မယ်။

    . ပြောရရင် သူတို့ မှာ ရွေးချယ်ဖို့ အတွက် Option တွေ ရှိပါတယ်။
    . လောလောဆယ်မှာ အကောင်းဆုံးဘဝ ကို သူတို့ ရွေးထားတာနေမှာပါ။

    ဒီတော့ ပြောနိုင်ပါတယ်။
    . လူတွေ ကို ဒုက္ခရောက်အောင်လုပ် တဲ့ အလုပ် ကို ရွေးထားမှတော့ လူမုန်း ခံရမှာ မကြောက်နဲ့လို့။

    မြန်မာပြည်ထဲ မှာ စစ်သားမဟုတ်တဲ့ အစိုးရ ဝန်ထမ်းတွေထဲ မှာလဲ တစ်ခြား လူမုန်း ခံရသူတွေ ရှိပါသေးတယ်။
    လေဆိပ်အဝင် မှာလေ။ ယူနီဖောင်းတွေ နဲ့။
    နောက် လမ်းပေါ်များ ယာဉ်ထိန်းရဲ တားရင် အင်မတန် မုန်းကြပါတယ်။
    နယ် ဆေးရုံ တွေ မှာ နာ့စ် တွေ ကို အသေကြောက်ရတဲ့ ဘဝ တွေ လဲ ပြောမကုန်ပါဘူး။
    အခု ဆို တစ်ချို့ ကျောင်းက ဆရာမ တစ်ချို့ ဟာ ကလေးတွေ ကို အနိုင်ကျင့်လို့ ဝိုင်းပြီး ဆဲဆို နေကြတာရော။
    နောက်ပြီး စူပါမာ့ကက်ကောင်တာ က အရောင်းသမားလေး တွေ ရဲ့ ဝယ်သူပေါ် ထီမထင်မှု တွေ များလာမို အဲလို လူတွေ နဲ့ ဆက်ဆံဖို့ ကို ရွံ့သလို စိတ်ပျက်သလို ဖြစ်လာကြတယ်။
    ပြန်စမ်းစစ်ကြည့်ရင် သူတို့ကို လူမုန်းတာ လုပ်နေတဲ့ အလုပ်ကိုထက် တာဝန်ကို အလွဲသုံးစားလုပ် အနိုင်ကျင့် နေကြတာတွေ များများ လာလို့ ထင်ပါတယ်။

    အခုခေတ် ကာလ မှာ ပိုဆိုးလာတာ က အင်တာနက် ပေါ်မှာ သတင်းပြန့်ဖို့ ဖြန့်ဖို့ က အင်မတန် လွယ်လာတော့ မီဒီယာ အလုပ် ကို လုပ်စား သူတွေ သာမက သာမာန်လူ တွေ ကလဲ လုပ်လာနိုင်တော့ ပိုဆိုးသလား၊ ပိုကောင်းသလား နှစ်မျိုး ရောကုန်ရော။

    ဒီတော့ ဒေါ်ဝါးလေး ပြောတဲ့ လူတိုင်း မှာ ရွေးချယ်ခွင့် ရှိတယ် ဆိုတာ ကို လက်ခံပါတယ်။
    ဒါပေမဲ့ စားဝတ်နေရေး အတွက် အလုပ် ထက် သူတို့ ရဲ့ အလုပ် အပေါ်မှာ လုပ်ကိုင်မှု စေတနာထားမှု တာဝန်ယူမှု ပရိုပီသမှု တို့ကို သူတို့ ရွေးချယ် နိုင်ပါတယ်။
    အဲဒီ အတွက် သမီးပြောသလိုဘဲ။
    {ပညာအရည်အချင်းနဲ့ မဆိုင်ဘူး လူတစ်ဦးချင်းစီရဲ့ ပင်ကိုယ်ဗီဇ…} ပါဘဲ။
    အရီး ကို တစ်ခု ထပ်ထည့်ခွင့်ပေးပါ။
    “ဗီဇ အပြင် ပါတ်ဝန်းကျင်ရဲ့ ပံ့ပိုး ကူညီ မှု နဲ့ စံပြ အဖြစ် မြင်စေမှု”

    ဒီတော့ အရီး တို့တွေ နိုင်သလောက်
    တစ်ယောက် ကို တစ်ယောက် က ဖေးမ ထိန်းခေါ်ရင်း
    . ကောင်းတဲ့ ရွေးချယ်မှု တွေ အတွက် ကောင်းတဲ့ Option တွေကို ဖန်တီး ကြည့်ကြစို့လား။
    🙂

    • Wow

      May 4, 2015 at 9:43 am

      အုတ်တစ်ချပ်၊ သဲတစ်ပွင့်၊ နှမ်းတစိပဲ ဖြစ်ဖြစ်ပေါ့နော်.. အရီးပြောတာ ကျနော် သဘောတူပါတယ်.. ဒါပေမဲ့ ကျနော်ကတော့ ကျောင်းတုံးက တေဇလူငယ် အဓိဌာန်မှာ ဆိုခဲ့သလို မိမိကိုကိုယ်ကောင်းအောင်ကြိုးစားမည်.. ကြိုးစားဆဲ အဆင့်မှာပဲ ရှိပါသေးတယ်အရီးရယ်..

  • ဝင့်ပြုံးမြင့်

    May 3, 2015 at 11:52 pm

    .မှန်ပါတယ် အရီး။ တစ်ယောက်ကို တစ်ယောက် ဖေးမ ထိန်းခေါ်ရာမှာ perspective အမြင် လိုပါတယ်။ ကျမဆိုရင် စစ်တပ် နဲ့ တပ်မတော်သားကို ခွဲခြားပြီး မြင်ထားတယ်။ စစ်တပ်ကို မုန်းပေမယ့် တပ်မတော်သားကို လုံးဝမမုန်းဘူး။ အဲလို။

  • naywoon ni

    May 4, 2015 at 1:14 am

    သစ္စာ​စောင်​့ရန်​
    မိန်​့နာခံ
    တဲ့​လေ ။
    တပ်​မ​တော်​ရဲ့ အားဆယ်​ပါးမှာပါပြီးသား ။ နံပါတ်​တစ်​က သစ္စာ​စောင်​့သိဖို့ နံပါတ်​နှစ်​က အမိန်​့နာခံဖို့
    ဆို​တော့ကာ ……..

  • Foreign Resident

    May 4, 2015 at 7:12 am

    စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း says:
    ” ​ဖေ​ဖေထူ​ထောင်​ထားတယ်​ဆိုတဲ့ ဘလားဘလားဘလားကြီးလို့
    စကားစပ်​တိုင်​း​ပြော​လေ့ရှိတဲ့ ယူတို့ မင်​းသမီးကြီးက
    သူ့မာတာနည်​းတူ မုဆိုးမဖြစ်​ကုန်​တဲ့ ဇနီးသယ်​​တွေအ​ပေါ်
    ဝမ်​းနည်​း​ကြောင်​း တခွန်​းမဆိုတာ ဆန်​းထှာ ”

    အဲဒီ ကိစ္စ ကို ရှင်းပြရရင် ။ ကျနော်ကတော့ ပြတ်ပြတ်ဘဲ ၊

    ၁ ။
    စစ်သား သေသေ ၊ သူပုန် သေသေ ဝမ်းနည်းတယ် ။
    ၂ ဖက်စလုံးက ကိုယ့် နိုင်ငံသား ညီအကို တွေ ချည်းဘဲ ။

    ၂ ။
    ကိုးကန့်တွေ ဝ တွေဟာ အဲဒီမြေမှာ ဘိုးစဉ် ဘောင်ဆက်
    ့နေလာတာ ဖြစ်တဲ့အတွက် ၊ အဲဒီမြေဟာ ကိုးကန့်တွေရဲ့မြေ ဖြစ်တယ် ။
    ဒါ့ကြောင့် ဗမာ စစ်တပ်ဟာ ကျူ းကျော် နယ်ချဲ့သူ ဖြစ်တယ် ။
    ဒါ့ကြောင် Principle အရ ကျနော်ဟာ ဒီစစ်ပွဲမှာ ကိုးကန့် ကိုထောက်ခံတယ် ။

    ၃ ။
    အဲဒီတော့ကာ ၊ စစ်သား သေသေ ၊ သူပုန် သေသေ ဝမ်းနည်း သော်ငြားလည်း ၊
    ကိုးကန့်တွေ သေတာကို ပိုပြီး စာနာ သနား ဖြစ်မိတယ် ။
    ( ဘာဖြစ်လို့လဲ ဆိုတော့ ကိုးကန့်တွေဘက်က တရားသောစစ်လို့ ထင်လို့ )

    ၄ ။
    အဲဒီတော့ကာ ၊ ကိုးကန့်သူပုန်တွေ သေတာကို ဝမ်းနည်းကြောင်း ၊
    ( ပထမဆုံး ဦးစားပေး ) မပြောသာတဲ့ ၊ ဒီလို အခြေအနေမျိုးမှာ ဆိုရင် ၊
    ဘာမှ မပြောဘဲ ရေငုံနေတာက အကောင်းဆုံးပါဘဲ ။

    ( ဒေါ်စု လဲ ဒီလိုတွေးပြီး ဒီလိုလုပ်နေတာ ဖြစ်ဖို့များတယ် )

  • Mike

    May 4, 2015 at 11:13 am

    .လူတိုင်းမှာ Option ဆိုတာရှိနေတာကိုလက်ခံပါတယ်…

  • Shwe Ei

    May 4, 2015 at 11:48 am

    -အနော်တော့ .. အက်ဖမ် (FM) မှာအင်တာဗျူးး နေသံကြားရင်
    -နားကြားပြင်းကပ်နေရော..
    -ဟွာလေ..ဘိုဂျီးက ဘယ်နေရာထိသွားလဲငင်
    -ကျဆုံးသူရော ဘယ်နှယောက်ရှိတုန်း
    -အခုဆေးရုံတက်နေရတာရော အဆင်ပြေရဲ့လား…စသည်ဖြင့် … တောင်စဉ်ရေမရတွေ ..ပေါ့
    -စစ်တိုက်တာပါဆိုမှ ဒဏ်ရာရမှာပေါ့..သေမှာပေါ့..
    -အိုက်ဂလောက်ဗူးချင်နေရင်…ရှိသမျစစ်ပွဲလိုက်ပီး..သူပုန်ရော..စစ်တပ်ရော..၂ဖက်မျှအောင် ဗူးပါလား..ကဲ
    -ဆေးရုံမှာလဲ ထိုင်ဗူးနေသေး…သောက်ကျိုးနဲမေးခွန်းတွေကိုလဲ…တနိုင်ငံလုံးကို ပြန်လွှင့်ပြသေးး..
    -အာ့မျိုးဒေ မစ်တာမရှိတာ 😛

    • Wow

      May 4, 2015 at 2:23 pm

      အာ့လေ.. ကျွန်စိတ်တွေပေါ့ :buu:

  • kai

    May 4, 2015 at 2:34 pm

    ကိုးကန့်..။ ဝ..။ တရုတ်ဆိုတာ.. တိုင်းရင်းသားလို့… လက်ခံရမယ်…။
    စိန့်တိုင်းသားကို.. တရုတ်လို့.. မခေါ်ရ…။ China ကို.. ရှေးကလို.. စိန့်တိုင်းပြည်..။ ဒါမှမဟုတ်.. ဂန္ဓလရာဇ်လို့ ပြန်ခေါ်သုံးရမယ်..။
    အဲဒါဆို.. အားလုံးအိုကေသွားမယ်ထင်…။

    ဆိုတော့…။
    The Problem is Choice

  • မဟာရာဇာ အံစာတုံး

    May 4, 2015 at 4:29 pm

    ဘယ်သူတွေ ဘာပြောပြော
    မမဝေါင်း ပြောတာ မှန်တယ် …
    မှန်တာတောင် ရေလည် မှန်တယ်လို့ …
    အဲ့ဒါ .. အဲ့ဒါ .. လာပြောတာ ..

    • Wow

      May 4, 2015 at 4:38 pm

      ငင်င်င်.. အံစရာလေး လိမ်မာလာဘီ… ဂျီးဒေါ်ကို ဝန်းရံရမှန်းသိလာဘီ :mrgreen:

  • ခင်ခ

    May 4, 2015 at 5:32 pm

    ဒါဒို့မြေ ဒို့ပိုင်ရမယ်ဆိုပြီး ကိုးကန့်ကလည်း ထိုမြေရဖို့ စစ်တပ်ကလည်းထိုမြေရဖို့ အသေအကြေ တိုက်နေကြတယ် နှစ်ဖက်လုံး ကျဆုံး ထိခိုက်ပေါ့ဗျာ။
    အဲဒီလို သွေးချွေးတွေပေးဆပ်ပြီးတိုက်နေကြချိန် တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဟိုလူကြီးတွေလည်း အကြေအလည် မပြီးနိုင်မစီးနိုင် ဆွေးနွေးအလီလီနဲ့ တိုက်နေကြတာပါဘဲဗျာ။၊ ကြိုးစားရှာပါတယ်။
    အဲ သူတို့တိုက်တယ်ဆိုတာ အရက်ခွက်ချင်းနော်။ အဲလို အဲလို ဗျို့။

  • padonmar

    May 4, 2015 at 10:06 pm

    အခုတလော ကြည့်ရတဲ့ ကာတွန်းတွေ သဘောကျလွန်းလို့။
    .ဟိုဖက်ကပစ်လိုက် ဒီဖက်ကပစ်လိုက် တွင်းကြီးပြည့်အောင် အလောင်းတွေ ထပ်လို့။
    .ပြီးတော့မှ အဲဒီ ပြည့်နေတဲ့ တွင်းကြီးပေါ်ရပ်ပြီး နှစ်ဖက် .ဗိုလ်ချုပ်တွေ ငြိမ်းချမ်းရေး အလံချင်းလဲ လက်ဆွဲနှုတ်ဆက်။
    .အဲဒါတွေ ကိုယ်ပြောရင် ကိုယ့်မြေပေါ်ကျူးကျော်တာ .တိုက်မထုတ်ရဘူးလား ဘလား ဘလား..
    .ဒါ့ကြောင့် ပြောကိုမပြောချင်တော့ဘူး။
    . (ခေါင်းစဉ်နဲ့လွဲပြီ။ပြန်တည့်ရရင်
    .ရွေးချယ်ခွင့်ရှိရင်တောင်မှ ရွေးချယ်မှု ဆိုတာလည်း .riskတမျိုးပဲမို့ rsik taking courage ရှိဖို့ လိုပါတယ်လို့)

  • uncle gyi

    May 4, 2015 at 10:27 pm

    စစ်တပ်ကိုအမြင်မကြည်ကြတာပြည်သူအကုန်လို့ပြောရင်ရမယ်ထင်ပါတယ်
    တကယ်တော့အမိန့်နာခံတဲ့စစ်တပ်ဆိုတာတိုင်းပြည်မှာတကယ်လိုအပ်ပါတယ်
    မတထောင်သားပေါင်းထားတဲ့တပ်အကုန်စည်းကမ်းတကျဖြစ်မယ်မှန်းထားရင်မှန်းတဲ့သူ
    ုကိုယ့်စိတ်ကိုပြန်စစ်သင့်တယ်ထင်ပါတယ်
    ုကိုယ်မွေးထားတဲ့သားသမီးတောင်စိတ်ထဲမတွေ့တာ
    တကယ်မြင်ရမှာကကတပ်လား တပ်ကိုအသုံးချနေသူတွေလား
    တပ်ကိုသူတို့ကကောင်းကောင်းအသုံးချနေရင်ဒီတပ်ပြည်သူတွေဖက်ပါအောင်
    ဘယ်လိုလုပ်မလဲဘယ်သူတွေဘယ်ပါတီတွေကတပ်ကိုပြည်သူဖက်ပါအောင်ပြောဖူးဆွဲဆောင်ဖူးသလဲ
    ဒီမိုကရေစီကူူးပြောင်းမှုမှာစစ်တပ်ပြည်သူဖက်မပါရင်ဘာတွေဖြစ်သလဲဆိုတာ
    ကူးပြောင်းပြီးနိုင်ငံတွေကိုကြည့်ပြီးသင်ခန်းစာယူရင်ရတယ်
    မယူရင်တော့ဒီမိုကရေစီရချင်ရမယ်
    ရင်းနှီးမှုကြိီးကြီးမပေးပဲမရနိုင်ပါ
    ဘယ်လမ်းကိုလိုက်ကြမလဲ

  • ခုဆိုရင် ၃၃ ခုမြောက်ဖြစ်သွားတော့မှ ဖတ်ဖြစ်တယ် ဝန်ခံပါရစေ
    ရွေးချယ်စရာရှိရဲ့သားနဲ့ ဘာလို့ မရွေးချယ်တာလဲ?
    ဒီလိုရွေးချယ်လိုက်ရင် ဘာတဲ့

    စစ်သားဖြစ်ပြီဆိုထဲက ပြည်သူအများစုမုန်းတာခံရမယ်၊ ပြည်သူ/ကျောင်းသား/ဘုန်းကြီး ကို သတ်ရင်သတ်၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပြီး နိုင်မယ်၊ ရှုံးမယ်၊ ဒဏ်ရာရမယ်၊ သေမယ်… ဒါတွေက ကြိုတွက် ထားရမှာတွေလေ…

    ခုတပ်ထဲရောက်နေသူတွေထဲမှာ အဲ့လို အွန်လိုင်းပေါ်ကနေ ဖြစ်ပျက်နေတာတွေ မြင်နေရတာမဟုတ်ဘူး၊ ကီးဘုတ်စစ်ပွဲတွေကြား နေခဲ့ရတာမဟုတ်ဘူး၊ ပြောလိုက်ပါဦးမယ် မြန်မာပြည်မှာ အိမ်သာပျက် လူတိုင်းလက်ပေါ်ရောက်လာတာ ၅ သိန်းတန်ဖုန်းခေတ်လောက် (၂၀၁၂) လောက်ကမှ ထင်တယ်။ ဒီတော့ ဘယ်သူကများ ဘာများသိကြလို့တုန်း အရင်တုန်းက။ ၂၀၀ရ တုန်းက ရွှေဝါရောင် အရေးအခင်းဖြစ်တယ်၊ ဘယ်မှာဖြစ်သလဲ၊ ရန်ကုန်မှာတင်။ နယ်ကလူတွေ ကြားရုံပဲ ကြားတာ။ ၂၀၀၈ ဖွဲ့စည်းပုံလက်မှတ်ထိုးတယ်။ နာဂစ်ဖြစ်တယ်။ ဧရာဝတီတိုင်းမှာဖြစ်တယ်၊ လူတော်တော်သေတယ်။ ဒီလောက်ပဲ လူသိကြတယ်။ ရွှေဝါရောင် အရေးအခင်းမှာ ဘုန်းကြီးတွေ ချေမှုန်းတယ်၊ ဘယ်သူတွေလဲ? ဘယ်ကလဲ မသိဘူး။ ၆၆ တံဆိပ်တပ်ထားတာပဲ။ ခုကိုးကန့်အရေးအခင်းမှာ ၆၆ တွေသေတော့ ပျော်ကြတာပဲ။ ထားတော့၊ လိုရင်းဆက်ဆွဲမယ်။

    ဘာတဲ့..

    ဒါတွေဘယ်လိုပြောပြော စစ်သားဆိုတဲ့ ဘွက သူတို့ရွေးချယ်မှုလေ.. စစ်သားမလုပ်ပဲ ဆိုက်ကားနင်းစား၊ ရေထမ်းစား အခြားလုပ်စရာတွေ အောလဗုံ…

    ပြောချင်တာက စစ်တပ်ထဲမှာ အဲ့လို ဆိုက်ကားပဲ နင်းစားလို့ရမှာ၊ ရေပဲထမ်းစားလို့ရမှာ အဲ့ဒီထဲကမှ မနေနိုင်မထိုင်နိုင် စစ်သားဖြစ်လာတယ်လို့ အမြင်နဲ့ပြောသလိုဖြစ်နေတယ်။ ထားပါ၊ စစ်သားတွေနဲ့၊ စစ်တပ်နဲ့ ရင်းနှီးကျွမ်းဝင်မှု မရှိတဲ့သူတွေမို့၊ ခုလို ပြောချင်သလိုပြောလို့ရပီ၊ လွတ်လပ်ပြီလို့ ပြောလို့ရလို့ ပြောချင်တာပြောတယ်လို့။

    ဟုတ်တယ်။ အဲ့လိုတွေလဲ ရှိသလို အနုပညာရှင်တွေလဲပါတယ်၊ အတတ်ပညာရှင်တွေလဲပါတယ်၊ လယ်သမားတွေလဲပါတယ်၊ အလုပ်သမားတွေလဲ ပါတယ်၊ ဝန်ထမ်းတွေလဲပါတယ်၊ သူခိုးတွေလဲ ပါတယ်၊ လူသတ်သမားတွေလဲပါတယ်၊ ဝရမ်းပြေးတွေလဲပါတယ်၊ တပ်ပြေးတောင်ပါသေး၊ နောက်ဆုံး ဒီနေ့တပ်ထဲဝင် နောက်နေ့ပင်စင်ပေးရမှာတွေတောင်ပါသေး။ အဲ့လောက်သိဆို ကျုပ်က တပ်မတော်(ကြည်း) အမှတ်(၂)လေ့ကျင့်ရေးတပ်မှာ နေခဲ့တာလား။ စုစုပေါင်း တပ်ခွဲ (၆)ခွဲရှိတာမှာ တပ်ခွဲ ၂ ခွဲကတော့ အမြဲ ရဲဘော်သစ်တွေ၊ ဟာသအနေနဲ့ဆို တသသ ခင်မောင် (ရွာကလူတွေကတော့ ရွာကို အမြဲတစ်သသ ဖြစ်နေတဲ့ ခင်မောင်) တို့လိုလူတွေနေတဲ့နေရာမှာပေါ့။

    ပြောချင်တာက တစ်ချို့က အဲ့လိုရွေးချယ်ခွင့်ရှိရဲ့သားနဲ့ မရွေးခဲ့တာမဟုတ်ဘူး၊ ရွေးစရာကို မရှိလို့။ အညာက တသသတွေဆို အဲ့လို ရေထမ်းစားချင်တောင် ရေကလဲမရှိ၊ ဆိုက်ကားနင်းစားချင်တောင် အုံနာကို စပေါ်လေးတောင် မပေးနိုင်လို့ဆိုတဲ့သူတွေကျတော့ရော၊ နောက်တစ်မျိုးက အဲ့လိုတွေမုန်းမယ်သိသားနဲ့ ပြည်သူ/ကျောင်းသား/ဘုန်းကြီး ကို သတ်ရင်သတ်၊ ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်၊ အဲ့ဒါတွေ ဘာမှမသိတဲ့သူတွေ၊ ခုထိမသိတဲ့သူတွေလဲ တပ်ထဲမှာ အများကြီးပဲ။ အဲ့လိုတွေ ဖြစ်ပျက်ခဲ့တာလဲ တစ်တိုင်းပြည်လုံးမဟုတ်ဘူး။ နေရာကွက်ကြားဖြစ်တာ။ ဟုတ်တယ်၊ တစ်ချို့နေရာတွေ အသေမုန်းနေတာ၊ တစ်ချို့(တော်တော်များများကတော့ မုန်းနေတာလဲ မဟုတ်ဘူး၊ ချစ်နေတာလဲမဟုတ်ဘူး၊ နင်ဘာလုပ်လဲ၊ ငါစစ်သား၊ ဪ စစ်သားလားဆိုပြီးတော့ အလုပ်တစ်ခု အနေနဲ့ သိနေကြတာ)

    ပြောကြတယ် ပရော်ဖက်ရှင်နယ်တပ်မတော်ကြီး၊ အဲ့လိုတွေဖြစ်ချင်တယ်၊ ဒါဆို ပညာတတ်ကြီးတွေ၊ ခေတ်အမြင်ရှိသူတွေ တပ်မတော်ထဲ စိမ့်ဝင်ပြီး ပြုပြင်ပြောင်းလဲကြပါလား၊ တစ်ယောက်နဲ့မရ ၁ဝယောက်၊ အဲ့ဒါနဲ့မရ တစ်မျိုးဆက်၊ နောက်မျိုးဆက်လောက်ဆို ကောင်းလာမယ်ဆို လုပ်ကြပါလား။ အဲ့လိုဆို ခေတ်မီ မျိုးချစ် ပရော်ဖက်ရှင်နယ်ဆန်တဲ့ တပ်မတော်ကြီး တည်ဆောက်လာနိုင်လိမ့်မယ်။ ခုလက်ရှိဗိုလ်ချုပ်တွေက သေခါနီးနေ၊ ပင်စင်ယူခါနီးနေပြီ။ ကိုယ့်ဖာသာမျိုးဆက်တစ်ခုကို စိမ့်ဝင်ပြီး ဖန်တီးယူကြသင့်တယ်ထင်တယ်။

    ခုများတော့ မဟုတ်ပါဘူး။ စိမ်းစိမ်းမြင်ရန်သူ၊ စစ်သားဆို မုန်းသာမုန်း၊ မမုန်းချင်တဲ့သူရှိတောင် အဲ့လိုကောင်တိုင်း ဒီလိုချည်းပဲပြော၊ ဒါနဲ့တင် ပြည်သူနဲ့ စစ်တပ် တစ်ကွဲတစ်ပြားစီဖြစ်ကုန်တာ။

    အာရပ်နွေဦး ဘာလို့အောင်မြင်သလဲသိချင်ရင် ဓါတ်ပုံတွေကနေပဲ လေ့လာ၊ စစ်သားတွေကို ပြည်သူတွေကလဲ ချစ်ကြလို့၊ စစ်ဗိုလ်ချုပ်တွေပဲ လူတွေက မုန်းကြတာ။

    ပြောချင်တာ ရွေးချယ်ခွင့်ရှိကြတယ်ဆိုရင် ဘာလို့ စစ်သားတွေမှ ရွေးချယ်ခိုင်းကြတာတုန်း၊ သူတို့မှာက အကန့်အသတ်နဲ့၊ ကန့်သတ်ချက်မရှိတဲ့သူတွေကပဲ စစ်သားတွေကို ရွေးချယ်ခွင့်ပေးသင့်ကြတယ်ထင်ပါတယ်။ ငါနဲ့မတူ ငါ့ရန်သူဆိုလုပ်နေမှတော့ ဘယ်လိုလုပ် ဖြစ်လာနိုင်တော့မတုန်း။

    ုမြင်တာလေးပြောတယ်

    (တော်သေးဘီ)

    • Wow

      May 5, 2015 at 9:55 am

      သေချာလည်းဖတ်ပါဦး ကိုရင်ရှုံးရယ်…
      ကျနော်လည်း စစ်သားမမုန်းပါဘူး..
      ဒါပေမဲ့ စစ်သားဘွကို ကိုယ့်ဘွရဲ့ ရနိုင်တဲ့အထဲကမှ အကောင်းဆုံးအဖြစ်ရွေးသွားပြီး အောက်က ဂျက်စပဲရိုးပြောသလို လုပ်နေတဲ့သူတွေကို ပြောတာပါ..
      အနဲဆုံးတော့ မောင်ဂီပြောသလို သေလမ်းတော့ရှိတယ်လေဗျာ.. ရက်စက်တယ်တော့မထင်နဲ့
      Do or Die ဆိုတာမျိုးက အမြဲတမ်းမရှိပါဘူး.. ရပ်တည်ချက်တစ်ခုခိုင်မာသူအတွက် third option က အနှေးနဲ့ အမြန်ရှိလာတတ်ပါတယ်…

  • ဂျက်စပဲရိုး

    May 5, 2015 at 8:17 am

    စစ်သားတွေ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်တယ်
    ထားပါတော့ အထက်က အမိန့်ပေးလို့
    စစ်သားတွေ ကျေးရွာတွေကို ဖျက်ဆီးတယ်
    ထားပါတော့ အထက်က အမိန့်ပေးလို့
    စစ်သားတွေ ကျောင်းသားတွေ ဆန္ဒပြတာကို ဖြိုခွဲတယ် (လက်ပတ်နီတွေလဲ ပါသပေါ့)
    ထားပါတော့ အထက်က အမိန့်ပေးလို့
    စစ်သားတွေ ဘုန်းကြီးကျောင်း ဝင်စီးတယ်
    ထားပါတော့ အထက်က အမိန့်ပေးလို့

    မထားနိုင်တာကတော့
    စစ်တိုက်ရင်း မုဒိန်းကျင့်တာ
    လူမမည် ကလေးတွေကို ပေါ်တာဆွဲတာ
    ရွာသားတွေကို နှိပ်စက်တာ
    ဆန္ဒပြတဲ့ လူတွေကို အညှိုးကြီးကြီး နဲ့ကို ရိုက်တာ
    ဘုန်းကြီးကျောင်း ဝင်ပြီး ဘုန်းကြီးတွေကို နှိပ်စက်တာ
    ငါ စစ်သား ကွ ဆိုပြီး ပြည်သူ ပေါ် အာဏာပြတာ

    ဒါတွေက ရှောင်နိုင်ရင် ရှောင်လို့ ရ
    မလုပ်ဘဲ နေလို့ ရ
    အထက်အမိန့်ကို မနာခံ ရာလဲ မရောက်ပါဘဲ

    သူတို့ ရွေးချယ်မှု နဲ့ သူတို့ လုပ်သွားတာတွေလားလို့….

    • Wow

      May 5, 2015 at 10:02 am

      စိတ်ဓာတ်အခြေခံမကောင်းတဲ့သူတွေက အာဏာလေးတစ်ပဲသားလောက် ရရင် ရစ်မူးတတ်တဲ့သဘော ထင်ပါတယ် ဂျက်စပဲရိုးရယ်..

  • ခင်ဇော်

    May 6, 2015 at 6:22 am

    Credit to Nyan Moe Aung
    ————-
    အောက်ခြေကိုမမုန်းပါဘူးဗျာ
    အပေါ်ကကောင်တွေကိုသာ မုန်းတာ ဆိုလို့ပါ

    မြွေပွေးကိုက်ရင် အရွယ်ရွေးကိုက်ခံပါသလား
    ဟိုအကောင်ကသေးသေးလေး အာ့လေးပဲကိုက်ဆိုလဲ သေပါတယ်

    ပဲလှောင်တဲ့ပုတ်ထဲ စပါးတွေ ဂျုံတွေ ရောမထားပါဘူး
    ဒီပုတ်ထဲဒီပဲ ဆိုတာအလကားစကားမှမဟုတ်တာ

    ဓားပြဂိုဏ်းဝင် ဈာန်ရပုဂ္ဂိုလ် မြင်ဘူးလို့လား
    သူများပစ္စည်းခိုးတဲ့ သူတော်ကောင်းသူခိုးဆိုတာ ငတက်ပြားခေတ်ကကျန်ခဲ့ပြီလေ…

    သုံးစိလစာလောက်တော့ ကွမ်းယာသည်တောင်ရတဲ့ခေတ်မှာ
    ယူနီဖောင်းဝတ်ရင် ရလာမယ့် ကိုယ်ကျိုးမျှော်ကိုးရင်း
    ဟိတ်ဟန်လေးထုတ် နောက်လိုက်လုပ်ကျတာ သူတို့ မိသားစု အကျိုးစီးပွားအတွက်
    အများစုပါဗျာ…
    တိုင်းပြည်အတွက်ဆိုတာ…လူကြားကောင်းအောင် အာတာပါ

    ဒါပေမယ့် မပူပါနဲ့
    ကျနော်တို့ ဘာမှလုပ်စရာမလိုပါဘူး
    အသာထိုင်ပြီးသာကြည့်နေပါ
    အဆောက်အဦတစ်ခုဆောက်ဖို့ဆိုတာ အောက်ခြေခိုင်ဖို့လိုပါတယ်
    လမ်းစဉ်တစ်ခုတည်တံ့ဖို့ဆိုတာ ရည်ရွယ်ချက်ကော လိုက်နာမှုကော
    အရေးကြီးပါတယ်..

    လက်ရှိအခြေခံအဆောက်အဦဖြစ်တဲ့ ဒီအဖွဲ့စည်းကြီးမှာ
    အောက်ခြေအဆင့်တွေ လူနေမှုအဆင့်နိမ့်ကျလာရုံသာမက
    မိသားစု ဝမ်းဝဖို့တောင်မလွယ်ကျတော့တာမို့
    ဘယ်လောက်ထိ တောင့်ခံနိုင်မယ်
    ဘယ်အထိတည်မြဲနေမယ်ဆိုတာ စောင့်သာကြည့်ကျပါစို့
    အချိန်လေးသာနဲနဲပေးပါ
    ဘာမှအပင်ပန်းခံစရာမလို သူ့ဟာသူကို ပြိုကျလာပါလိမ့်မယ်

    ခုတောင်ကြားတာပြောရရင် ဘာတဲ့
    လူသစ်တစ်ယောက် ၁၅-၂ဝ သိန်းဈေးပေါက်တယ် ဆိုလားပဲ

    • Wow

      May 6, 2015 at 10:37 am

      ထပ်စိမ်းလို့လဲမြတော့ဝူး :kwi:

      • ခင်ဇော်

        May 6, 2015 at 11:04 am

        အသာလုပ်ပါ။
        ချက်ဘောက်မှာ မတမ လေး လာပြောနေပြီ။
        ခိခိ။
        နာ့ တို့ကို အတော် အမြင်ကပ်နေပုံ!!

        :kwi:

        • Wow

          May 6, 2015 at 12:02 pm

          ချစ်ရှာတာနေမာ :mrgreen:

  • Ma Ma

    May 6, 2015 at 7:13 am

    ခုရက်ထဲ စာရင်းလိမ်ခို်င်းတာကို မလိမ်ပဲ အလုပ်က နှုတ်ထွက်ကာ ထမင်းဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက်နေရတဲ့ အဘပုံကို ဖဘမှာတွေ့လိုက်ပြီး ဒီပိုစ့်နဲ့ ဒီကွန်မန့်တွေကို ဘာပြောရမှန်းမသိ….. 🙄

  • ရွေးချယ်ခွင့်ဆိုတာ နေရာရွေးပြီး ပေါ်ပေါက်လာတာလားလို့ တွေးမိလိုက်တယ်။

  • black chaw

    May 6, 2015 at 9:47 am

    ဝေါင်း…။
    ပို့စ်လေးရော…၊ ကွန်းမန့်လေးတွေရော…၊
    ရှယ်ပါပဲလားဗျာ…။

    • Wow

      May 6, 2015 at 10:39 am

      အေးလေ.. အေးလေ တင်တွေရင်တွေ မပါတော့ လူဝင်ပါ့မလားလို့ :mrgreen:

  • black chaw

    May 6, 2015 at 10:57 am

    မျက်နာမြင် ချစ်ခင်ပါစေ
    အသံကြား သနားပါစေ
    ရှင်တော်ဘုရား ၏ တပည့်တော်သည်
    အရင်ဘဝက ဆုတောင်း မပြည့်ခဲ့လို့လား
    ဒီကမ္ဘာမှာ နာမည်ဆိုးနဲ့လူ
    (တင်တွေ ရင်တွေ နဲ့ပဲ တွဲမြင်နေကြပြီလားကွယ်)

    • Wow

      May 6, 2015 at 12:03 pm

      နို့ အာ့ဒွေပဲ ရေးနေတာဟုတ်ဖူးလား :mrgreen:

Leave a Reply