အရက်​သမားပို့စ်​ -၃

naywoon niMay 4, 20151min42716

အရက်​သမား ပို့စ်​ -၃

​နေဝန်​းနီ တို့ အရက်​စ​သောက်​တတ်​တဲ့ အချိန်​ကို ပြန်​​ပြောင်​းကြည်​့ရင်​​တော့ အရက်​​သောက်​ကြတဲ့သူ​တွေဟာ အချိန်​​တွေပို​နေတာရယ်​ ။ ပိတ်​မိ​နေတဲ့ လူမှုအသိုက်​အအုံထဲက​နေ ထွက်​​ပေါက်​ရှာတာရယ်​ သွား​တွေ့တယ်​ ။ ​ကျောင်​းချိန်​ အလုပ်​ချိန်​က​နေ အားလပ်​တဲ့ အချိန်​​တွေမှာ ​ဖျော်​​ဖြေ​ရေးကိစ္စ မရှိသ​လောက်​ ။ စိတ်​ပါဝင်​စားရာ အ​တော်​များများ လုပ်​ခွင်​့မရှိဘူး လို့ကန်​့သတ်​ခံထားရတဲ့ ဆိုရှယ်​လစ်​​ခေတ်​​နှောင်​းပိုင်​း ။ ရန်​ကုန်​နဲ့ မန္တ​လေး မှာကလွဲရင်​ ကျန်​တဲ့နယ်​​တွေမှာ စိတ်​အပမ်​း​ဖြေစရာ တီဗွီ ဗီဒီယို လက်​ချိုး​ရေလို့ရတယ်​ ။ တစ်​လမ်​းလုံးမှ လျှပ်​စစ်​မီး သုံးနိုင်​တဲ့အိမ်​ လက်​ညိုးထိုးပြီးလိုက်​​ရေလို့ရတယ်​ ။ ​ပြောမဲ့သာ​ပြောရတာ အဲ့အချိန်​က အရက်​ဆိုင်​ ဆိုတာက အစိုးရ စား​ဖျော်​နဲ့ အမိန်​့ရ အရက်​ဖြူဆိုင်​ပဲ ရှိတာ ။ အပြင်​ဆိုင်​ဆိုလို့ ​ခေါက်​ဆွဲ​ကြော်​​ရောင်​းတဲ့ တရုပ်​ဆိုင်​နဲ့ ​ပျော်​ပွဲစားရုံ ဆိုတာ​လောက်​ပဲ ။ မြို့ ကန်​့လန်​့နားသပ်​ ဆင်​​ခြေဖုံးမှာ​တော့ ရိုးရာ အရက်​ချက်​​ရောင်​းတဲ့ အိမ်​​လေး​တွေပဲရှိတယ်​ ။ ဘီယာဆိုတာ ဘာမှန်​း​တောင်​မသိတတ်​​သေးဘူး ။

ရာသီဥတု ပူတဲ့ အချိန်​ဆို ​ရေကို ​နေလှမ်​း​သောက်​ရသလိုလို ​နွေး​တေး​တေးနဲ့ လည်​​ချောင်​းဝ​ရောက်​​တော့ ပူဆင်​းသွား နှာ​ခေါင်​းက ထုတ်​လိုက်​တဲ့ ထွက်​သက်​မှာ အရက်​နံ့က ကပ်​ပါသွား ။ ရင်​​ခေါင်​းထဲ​ရောက်​​နေတဲ့ အရက်​က ပူပူ ။ ​ရေ​သောက်​ချင်​​သောက်​ မ​သောက်​ချင်​ ရှိတဲ့ အမြည်​း (​မြေပဲဆံ​လှော်​လို ငါးမုန်​့​ကြော်​လို ) ​ကောက်​ဝါး ။ တစ်​ကယ်​တမ်​းကျ​တော့ အဆီ အဆိမ်​့ များတဲ့ ​မြေပဲ ဝက်​သား အာလူး တို့နဲ့ အမြည်​းလုပ်​ရင်​ မြန်​မြန်​မူး​စေတတ်​တယ်​ ။ ​နေဝန်​းနီတို့ အရက်​စ​သောက်​ချိန်​က ​ရေ​ရောမ​သောက်​တာကများတယ်​ ။ အရက်​​တွေက ဒီအချိန်​​လောက်​မပြင်​း​သေးတာလဲပါတယ်​ ။ လူက ​သွေးသားတက်​ခါစ ဆို​တော့ အရက်​ရဲ့ ဒဏ်​ကို ခံနိုင်​ရည်​ရှိ​နေတာလည်​းပါမယ်​ ။ ပြီး​တော့ အရက်​​သောက်​တဲ့သူ ​တော်​​တော်​များများက အမြည်​းကို ပါတယ်​ဆိုရုံ ​လောက်​ပဲ ။ အမြည်​းဘိုးနဲ့ အရက်​ဘိုး မှာ အမြည်​းဘိုးကိုပိုပြီးနှ​မြောကြ​သေးတယ်​ ။ အမြည်​းတစ်​ကျပ်​ဖိုးဝယ်​စားမဲ့အစား အရက်​တစ်​ကျပ်​ဖိုး ပို​သောက်​လိုက်​ကြတာချည်​့ပဲ ။

အမြည်​းအစားနည်​းပြီး အရက်​များများ​သောက်​ ပြီး​တော့ အမူးလွန်​တဲ့အခါ အိပ်​​ပျော်​သွား ။ ညစာထမင်​းလွတ်​သွားတာများရင်​ လူရဲ့ ခံနိုင်​ရည်​အားကျဆင်​းသွားတာပဲ ။ အရက်​က ​သောက်​တုန်​းခဏ ​သွေးလည်​ပတ်​မှု မြန်​ပြီး အိပ်​​ပျော်​သွားရာက ပြန်​နိုးလာတဲ့အခါ ​သွေးကပို​လေးသွားတယ်​ ။ အိပ်​​နေရာက မှိန်​းပြီး ​နေချင်​​တော့တာ ။ အဲ့အချိန်​မှာ ​ရေ​သောက်​တာနဲ့ ဆီးသွားတာကလွဲရင်​ ဘာမှမလုပ်​ချင်​​တော့တာ ။​မှေးကနဲ့ အိပ်​​ပျော်​သွားလိုက်​ နတ်​သမီး​လေး​တွေနဲ့ နဘမ်​းလုံးလိုက်​ ။ ပြန်​ပြီးလန်​့နိုးလာလိုက်​နဲ့ မနက်​မိုးလင်​းမှသာ မထချင်​ထချင်​နဲ့ ထပြီးမျက်​နှာသစ်​ ။ ​ရေချိုးတန်​ချိုးနဲ့ လူလည်​းနဲနဲလန်​း အဲ့အခါကျမှ ညကမစားခဲ့တဲ့ညစာအတွက်​ အတိုးချဗိုက်​ဆာ​တော့တာ ။

အရက်​မှာ ကယ်​လိုရီ အများကြီးပါတယ်​ ​ပြောတာပဲ ။ အဲ့ဒါ​ကြောင်​လား မသိဘူး ။ ​တော်​ရုံတန်​ရုံ မလုပ်​နိုင်​တဲ့ မတွန်​းနိုင်​မဆွဲနိုင်​တဲ့ အရာ​တွေ တွန်​းနိုင်​ဆွဲနိုင်​ကြတယ်​ ။ ဦ​နှောက်​က တစ်​ခြားအချိန်​ထက်​ ​ပေါ့ပါး​နေသလားမ​ပြောတတ်​ဘူး ။ ဆုံးဖြတ်​ချက်​ချတာလည်​းမြန်​တယ်​ ။ ​ဒေါသထွက်​စရာရှိရင်​လည်​း ရှူးဆို ဒိုင်​းကနဲ ။ အဟာရဆရာ တစ်​ပါးအလိုအရ​တော့ ကယ်​လိုရီက ဓာတ်​ဆီ/ ဒီဇယ်​နဲ့ တူသတဲ့ ။ ပရိုတိန်​းက အင်​ဂျင်​ဝိုင်​တို့ 2D တို့နဲ့တူသတဲ့ ။ အင်​ဂျင်​စက်​တစ်​လုံးကို ဒီဇယ်​ချည်​့ထည်​့​မောင်​း​နေ အင်​ဂျင်​ဝိုင်​ လုံးလုံးမပါပဲနဲ့ ဆိုရင်​ အဲ့အင်​ဂျင်​ကခဏ​လေးနဲ့ ကျသွားမှာပဲတဲ့ ။ လူကလည်​း အရက်​ချည်​့​သောက်​ပြီး အခြား အဟာရ ဖြည်​့မ​ပေးရင်​ ခဏ​လေးနဲ့ ကျသွားမှာပဲတဲ့ ။ အရက်​​သောက်​တဲ့သူက အစာကို သာမာန်​ထက်​ပိုစား​ပေးရသတဲ့​လေ

​နေဝန်​းနီ တို့က အရက်​စ​သောက်​ပါပြီဆိုကတည်​းက No Limit . လစ်​မစ်​ ဆိုတာကို ဘာမှန်​းမသိခဲ့တာ ။ ​သောက်​နိုင်​သ​လောက်​​သောက်​ မူးလှမကမူးမှ ။ ဒါမှမဟုတ်​ ပါလာတဲ့ ပိုက်​ဆံကုန်​မှ အရက်​ဆိုင်​က ထပြန်​ချင်​တာ ။ ဝါသနာတူ မိတ်​​ဆွေနဲ့ စကားဆက်​ကမပြတ်​နိုင်​ ။ ​ကျောင်​းမှာ အီး​မေဂျာက ကိုမြင်​့​ဇော်​တို့ ကို​မောင်​​မောင်​တို့နဲ့ တွဲ​သောက်​မိမှ အရက်​​သောက်​ရင်​း ကဗျာ​ရေးတဲ့ အကျင်​့က ပါလာ​သေး​တော့ အရက်​​သောက်​တဲ့ ကိစ္စ ​နောက်​ပိုင်​းအ​ဖော်​မပါလည်​းရတယ်​ဆိုတာမျိုး​တွေဖြစ်​လာ​ရော ။ ဟုတ်​သင်​့သ​လောက်​လည်​း ဟုတ်​ပါတယ်​ ။ အရက်​​သောက်​ရင်​း​ပေါ်လာတဲ့ စိတ်​ကူး​လေး​တွေ စကားလုံး​လေး​တွေက ​နောက်​ကျရင်​ မှတ်​ဉာဏ်​ထဲပြန်​​ဖော်​မရ​တော့ နှ​မြောစရာ​ကောင်​းတယ်​ဆိုတဲ့ အ​တွေးနဲ့ အရက်​​သောက်​ရင်​း ကဗျာ​ရေးမိဖူးပါရဲ့ ။ အဲ့ ကဗျာ​ရေးရင်​း အရက်​​သောက်​တယ်​လို့ ​ပြောရမလားမသိ ။

​နေဝန်​းနီ
1:09 AM
2015 May 4

16 comments

  • မြစပဲရိုး

    May 4, 2015 at 2:03 am

    . ပြည်တွင်းမှာရော ပြည်ပမှာပါ အနုပညာသည် တော်တော်များများ ဆေးသုံးကြတာ အဲဒီလို အကြောင်းရှိမှာပါ။
    ဒါကြောင့်လဲ နာမည်ကျော်လာတဲ့ သူ တွေ ဆို အစပိုင်းမှာ ဆေး စစွဲ အောင် အလကား နီးပါးပေးပြီး နောက် တကယ်စွဲ လာတော့ သူတို့ ရဲ့ ဘဏ်တိုက်ကြီး ဖြစ်ရောပေါ့။
    အရက် ကလဲ အဲဒီလို ဖြေးဖြေးလေး နဲ့ ငြိမ့်ငြိမ့်လေး ဖီလင် ရမှာပေါ့ နော။
    ဒါပေမဲ့ အဘနီ ရယ် ကြားသမျှ သူတို့ ရဲ့ ဇာတ်လမ်းတိုင်း ဟာဖြင့် မရှိတာ များနေတာရော။
    အဲဒါကိုလဲ နောက်ပေါက်များ က သင်ခန်းစာ မယူနိုင်ကြ ဘဲ အဲဒီလမ်း ကို ဘဲ လိုက်နေကြတာ စိတ်မကောင်းစရာပါဘဲ။
    အဲဒီလို မူးယစ်ဆေး မပါရင် အဲဒီ အလုပ် က မဖြစ်ဘူး တဲ့လား။ 🙄

  • Mike

    May 4, 2015 at 10:52 am

    .ဆြာနီ့ပို့စ်ဖတ်ပြီး ထီးဆိုင်ရဲ့ နွေနံနက်ခင်းသီချင်း သွားသတိရတယ်.. :k:

  • Alinsett @ Maung Thura

    May 4, 2015 at 3:49 pm

    ကျနော်ကတော့ အရက်စက်ရုံ တစ်ရုံမှာ အလုပ် ဝင်လုပ်ဖူးတာကစ…. အရက်ကို မြည်းစမ်း သောက်ကြည့်နိုင်သွားတာ…

    :k:

  • ခင်ဇော်

    May 4, 2015 at 4:20 pm

    သများ အရက်ပို့(စ) လေး ကြော်ညာ ဝင်ပါရစေ။

    http://myanmargazette.net/198784
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    လူအများက အရက်ဟုခေါ်ကြသော ethyl alcohol ဟာ အနည်းငယ်သာ သောက်သုံးလျှင် စိတ်ကြွမှုကို ဖြစ်ပေါ်စေပြီး အများအပြား သောက်သုံးသူများတွင်တော့ ပင်မ အာရုံကြောစနစ်ကို ဖိနှိပ်ခြင်းဖြင့် အအိပ်လွန်သည်မှ အသက်ရှုရကျပ်ခြင်း ၊ အသက်ဆုံးရှုံးခြင်းတို့ ကိုဖြစ်ပေါ်စေနိုင်ပါတယ်။Alcohol ကို အစာအိမ်နှင့် အူသိမ်တို့မှ စိမ့်ဝင်ခြင်းနည်းဖြင့် စုပ်ယူပါတယ်။ သောက်သုံးပြီး တနာရီအတွင်းတွင် အူသိမ်နှင့်အစာအိမ်တို့မှစုပ်ယူပါတယ်။ပျမ်းမျှအားဖြင့်အူသိမ်တွင် သွေးလည်ပတ်မှုအားကောင်းသောကြောင့် သောက်သုံးသောပမာဏရဲ့ ၈ဝ % ခန့်ကိုစုပ်ယူပြီး ၊ အစာအိမ်မှ ၂ဝ %ခန့်ကိုစုပ်ယူပါတယ်။Alcohol ကို ခန္ဓာကို်ယ်မှ စုပ်ယူမှုနှုန်းဟာ အစာအိမ်တွင် ရှိသော အစာ၏ပမာဏ၊ အစာအိမ်နံရံများ ၏ အခြေအနေ၊ စားထားသော အစာအမျိုးအစားပေါ် မူတည်ပြီး စုပ်ယူမှုနှုန်း ကွာခြားပါတယ်။
    ကိုယ်အလေးချိန်
    သင့်ရဲ့ ကိုယ်အလေးချိန် များလေလေ သင့်ရဲ့သွေးထဲမှာ alcohol ရှိနိုင်မှုပမာဏ နည်းလေလေဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်အလေးချိန် များလေလေ သင်သိပ်မမူးပဲ နေနိုင်လေ ဖြစ်ပါလိမ့်မယ်။
    အမျုးိသားနဲ့ အမျိုးသမီး
    အမျိုးသားများမှာ alcohol ကိုချေဖျက်ပေးမဲ့ အင်ဇိုင်းများ ပိုမိုထုတ်တာကြောင့် မိန်းကလေးတွေလောက်မမူးတတ်ပါဘူး။ အမျိုးသမီးများမှာ ရာသီစက်ဝန်း၊သန္ဓေတားဆေး သောက်သုံးထားခြင်းများအပေါ်တွင်မူတည်ပြီး သွေးထဲတွင်ရှိနိုင်သော ပမာဏကွဲပြားတတ်ပါသေးတယ်။
    အစားအသောက်
    အရက်မသောက်မှီ ပရိုတိန်းပါတဲ့ အစာများများ စားထားမယ်ဆိုရင် သင်သိပ်မူးမှာမဟုတ်ပါဘူး။ အဆီများတဲ့ အစားအစာများဟာ အရက်ကို စုပ်ယူမှုနှုန်း နှေးစေပါတယ်။
    စိတ်ခံစားမှု
    အရက်ဟာ သင့်ရဲ့စိတ်ခံစားမှုကို ကျဆင်းစေပါတယ။် ဒါကြောင့် သင်ဟာ အရက်မသောက်ခင်က စိတ်အနည်းငယ် ညစ်နေမယ်ဆိုရင် သင်တညလုံးသောက်ပြီးတဲ့အချိန်မှာ အရင်ထက်ကိုစိတ်ညစ်နေမှာဖြစ်ပါတယ။်
    သောက်သည့် ပမာဏ
    နည်းနည်းချင်းနှင့် ဖြေးဖြေးသောက်သုံးခြင်းထက် အချိန်တိုအတွင်းမှာ အများအပြား ကို တကျိုက်တည်း သောက်သုံးခြင်းက သင့်သွေးထဲရှိ အရက်ပမာဏကို ပိုတက်စေပြီး သင့်ကိုပိုမူးစေပါလိမ့်မယ်။
    အရက်အမျိုးအစား
    အရက်ပြင်းအား များလေလေ သွေးထဲတွင်ရှိသော alcohol level မြင့်တက်လေ ဆိုသော်လည်း 10% alcohol သည် စုပ်ယူမှု အားအကောင်းဆုံးဖြစ်သည်။
    Alcohol ကို အသက်ရှုလမ်းကြောင်း ၊ ချွေး၊ ဝမ်း ၊ ဆီးတို့မှ တဆင့် စွန့်ထုတ်ပါတယ်။ Alcohol ကို ခန္ဓာကိုယ်မှ စွန့်ထုတ်သော ပမာဏသည် လူတဦးတယောက်စီအတွက် ပျမ်းမျှအားဖြင့် ပုံသေဖြစ်ပါတယ်။ သွေးထဲတွင်ရှိသော alcohol ပမာဏသည် တနာရီတွင် ၁၅ % လျှော့ကျလေ့ရှိပါတယ်။ သွေးထဲတွင်ရှိသော Alcohol ပမာဏသည် ခန္ဓာကိုယ်တွင်ရှိသော alcohol ပမာဏကို ကိုယ်စားပြုပါတယ်။
    သောက်သုံးသော ပမာဏအလိုက် သွေးထဲတွင် ရှိနေသော alcohol level ပေါ်မူတည်ပြီ း အောက်ပါ လက္ခဏာများ ဖြစ်ပေါ်လာနိုင်ပါတယ်။

    Alcoholသည်
    အဆင့် (၁)
    သွေး ၁ မီလီလီတာတွင် အရက် ၂ မီလီဂရမ်ပါဝင်နေသည်. ပမာဏကို အဆင့် ၁ ဟု သတ်မှတ်ခြင်း ဖြစ်သည။်
    ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည် အူမြူးနေတတ်ခြင်းမိမိ၏ စိတ်လှုပ်ရှားမှုကို ထိန်းသိမ်းနိုင်မှု စွမ်းအား ကျဆင်းနေခြင်း၊မိမိဦးဏှောက်၌ မသိစိတ်များ လွှမ်းမိုးနေခြင်းစကားများ များပြောနေတတ်ခြင်း သို့မဟုတ် တခါတရံတွင် မိမိ၏ ပင်ကိုယ်စရိုက်နှင့် ပြောင်းပြန် ပြုမူနေတတ်ခြင်းသက်တောင့်သက်သာ ရှိနေခြင်း
    စိတ်ဖိစီးမှုများ လျော့နည်းလာခြင်းမိမိကိုယ်ကိုယုံကြည်စိတ်လွန်ကဲနေတတ်ခြင်းလူမှုရေးအရှုပ်အထွေးများ ဖြစ်ပေါ်စေရနအားပေးခြင်း တို့ဖြစ်သည်။
    အဆင့်(၂)
    သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်း ဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်မိမိ၏ နေ့စဉ်လုပ်နေကျ လုပ်ငန်းဆောင်တာများကို သိသိသာသာ မလုပ်နို်င်တော့ခြင်း။အာလေးလျှာလေး ဖြစ်လာခြင်း။သတိလက်လွတ်စကားများ ပြောတတ်လာခြင်း။ ကို်ယ်နေဟန်ချက်ကိုမထိန်းနိုင်တော့ခြင်း။အာရုံစိုက်၍အသေးစိတ်လုပ်ရသောလုပ်ငန်းများကိုမလုပ်နိုင်တော့ခြင်း။မိမိကိုယ်ကိုမထိန်း
    သိမ်းနိုင်တော့ခြင်း။စိတ်လိုက်မာန်ပါလုပ်ကိုင်လာခြင်း၊ရုပ်ရင်းကြမ်းတမ်းလာခြင်းသူငယ်အိမ်ကျယ်လာခြင်း။ လျှာခြောက်လာခြင်း ။ယခုဖြစ်ပျက်နေသော အဖြစ်အပျက်တိုများနှင့် အချိန်တို့ကို မမှတ်မိတော့ခြင်း တို့ဖြစ်သည်။
    အဆင့် (၃)
    သွေး၁ မီလီ လီတာတွင် အရက် ၂-၃ မီလီဂရမ်သည် ရှိနေသော ပမာဏဟု သတ်မှတ်ခြင်းဖြစ်သည။် ထိုအချိန်တွင် အရက်သေစာ သောက်သုံးထားသူသည်>နှစ်ခြိုက်စွာ အိပ်ပျော်သည်မှ သတိလစ် မေ့မျောသွားသည် အထိ ရှိတတ်ခြင်း။ဦးဏှောက်ရှိ အစိတ်အပိုင်း တချို့၏ လုပ်ငန်းဆောင်တာများကို နှိပ်ကွပ်သဖြင့် အသက်ရှုသည့် လုပ်ငန်းကိုကောင်းစွာ မလုပ်နိုင်ကာ အသက်ဆုံးရှုံးနိုင်ခြင်း။သား ငယ်အိမ်ကျဉ်းလာခြင်း။ကိုယ်အပူချိန် သာမန်ထက် လျော့ကျလာခြင်း ။နူတ်တ်ခမ်းများ ပြာလာခြင်း။ခြေဖျားလက်ဖျားများ အေးစက်လာခြင်း။
    ထိုပမာဏကို ရေရှည်စွာ သောက်သုံးသူများတွင် သန္ဓေမအောင်နိုင်ခြင်း။လူမှုကျင့်ဝတ်များ ဖောက်ဖျက်လာခြင်း။
    ထို့အပြင် မိမိသောက်သုံးသော အရက်အမျိုးအစား၊ ပြင်းအား၊ များကိုမူတည်၍ မိမိသောက်သုံးသင့်သည့် ပမာဏကို တွက်ချက်နိုင်ပါတယ်။

    တခါသောက်ဟု ဆိုရာတွင် အကြမ်းဖျင်းအားဖြင့် အောက်ပါ အတိုင်းအဆများကို ဆိုလိုပါတယ်။
    1 drink = အရက်အပြင်းစား 44.36 ml ( လက်ဘက်ရည်ကြမ်းတခွက် )
    1 drink= ဝိုင် 147.8676 ml ( ဘက်ဘက်ရည်အချိုပုဂံတလုံး)
    1 drink= alcohol ပမာဏ ၆ %မှ ၉ %ထိပါဝင်သည့် ဘီယာ 207.015ml (ပုံမှန်ဖန်ခွက် မပြည့်တပြည် ့)
    1 drink= အိမ်တွင် လုပ်သောဝိုင် 295.735 ml
    1 drink= ဘီယာ 354.882 ml စသည်ဖြင့် အကြမ်းဖျင်း တွက်ချက်နိုင်ပါတယ်။


    တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
    • စိတ်ဖိစီးမှုများ ပြေလျော့ခြင်း၊
    • သက်တောင့် သက်သာရှိခြင်း၊
    • ကားမောင် း နိုင်သည့် အရည်အသွေးများလျော့ကျခြင်း
    တနာရီအတွင်းတွင် 1 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
    • အထက်ပါ လက္ခဏာများ ပိုမိုပြင်းထန်စွာဖြစ်ပေါ်လာခြင်း
    နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသားများတွင်
    • အာလေး လျှာလေးဖြစ်လာခြင်း
    • အသေးစိတ် အာရုံစိုက်၍လုပ်ကိုင်နိုင်သော အရည်အသွေးများပိုမိုလျော့ကျလာခြင်း၊
    • တန်ပြန်တုံ့ပြန်မှုများ နှေးကွေးလာခြင်း
    • စိတ်ဓါတ် တက်ကြွလာခြင်း
    • ပုံမှန် ပြုလုပ်လေ့မရှိသော အမူအကျင့်များ၊ စကားများကို ပြုလုပ်ပြောဆိုလာခြင်း၊
    • အပြော အဆို အပြုအမူများ ညစ်ညမ်းလာခြင်း
    နှစ်နာရီအတွင်းတွင် 3 drink သောက်သုံးခဲ့သော အမျိုးသမီးများတွင်
    • မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
    • မှတ်ဉာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
    သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
    • မတ်တပ်ကောင်းကောင်းမရပ်နိုင်တော့ခြင်း သို့မဟုတ် လမ်းကောင်းကောင်း မလျှောက်နိုင် တော့ခြင်း၊
    • မှတ်ဉာဏ်ကောင်းစွာ အလုပ်မလုပ်တော့ခြင်း။
    • စိတ်အတက်အကျ မြန်လာခြင်း (ငိုခြင်း ရယ်ခြင်းများ တခဏတွင်းဖြစ်ပေါ်ခြင်း)
    သုံးရီအတွင်းတွင် 5 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
    • ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
    • မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
    • အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
    • အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
    လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသားများတွင်
    • ဆင်ခြင်တုံတရား အလွန်ကင်းမဲ့လာခြင်း
    • မိမိခန္ဓာကိုယ်ကို မထိန်းသိမ်းနိုင်တော့ခြင်း
    • အရာဝတ္တုများကို နှစ်ထပ်မြင်လာခြင်း၊
    • အရောင်နှင့် အတိမ်အနက်ကို မမှန်းစနိုင်တော့ခြင်း
    • ကိုယ်အလေးချိန် ၁၇၅ ပေါင်အောက်နည်းသော အမျိူးသားများတွင် အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့်
    • အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း။
    လေးရီအတွင်းတွင် 10 drinks သောက်သုံးခဲ့သော အမျိုးသမီးများတွင်
    • အရက်ကြောင့် ဖြစ်သော အဆိပ်ကြောင့် အသက်အန္တရာယ် ရှိသည်အထိ ဖြစ်တတ်ခြင်း
    • ခံစားချက်မဲ့သွားခြင်း သတိလစ်မေ့မျောသွားတတ်ခြင်း တို့ဖြစ်ပါတယ်။

    ဒါကြောင့် ပျော်ရွှင်ချင်လို့ ဒါမှမဟုတ် မဖြစ်မနေမို့ အရက်သေစာကို သောက်သုံးရမည့် သူများ သောက်သုံးလျှင် ကိုယ့် အတိုင်းအတာကို ကိုယ်သိနိုင်ပြီး ၊ မလိုလားအပ်သော လူမှုရေး၊ စီးပွားရေး အရှုပ်အထွေးများမှ ကင်းရှင်းနိုင်ဖို့ လက်ဆောင် တခုအနေနဲ့ပေးလိုက်ပါတယ်။
    source>>http://lapyaelynn.blogspot.com/2010/04/blog-post_7687.html

  • အောင် မိုးသူ

    May 6, 2015 at 9:18 am

    အရက်နဲ့ မြည်းရင်တော့ ငါးသံပုရာပေါင်းတို့ ပင်လယ်စာတို့ ချဉ်ချဉ်စပ်စပ်တွေကို ခုံမင်တယ်။

  • black chaw

    May 6, 2015 at 9:39 am

    ကိုနေကြီး ရဲ့ လက်ချာကို
    အရက်သမား ကျွန်တော် လည်း
    တက်ရောက် ဖတ်ရှုသွားပါတယ်ဗျာ…။

  • lu lu

    May 7, 2015 at 8:53 am

    မနက်ခင်းလေးမှာနိုးလာတယ် အရင်ဆုံးမင်းကို
    လွမ်းပါတယ် . . .
    အရက်
    အရက် မကောင်းမှန်းသိလည်း
    သူမပါရင် ပွဲမစည်သလို
    နေရာတို်င်းမှာ သူ ရှိတယ် နော်

  • Crystalline

    May 7, 2015 at 11:50 am

    မနက်​​စော​စော..​ဈေးဖက်​​လျောက်​ရင်​း… မဖွင်​့​သေးတဲ့အရက်​ဆိုင်​​ရှေ့.. လူ့သ​ကောင်​့သား..အရွယ်​​ကောင်​း၄​ယောက်​…
    ဝိရိယ​ကောင်​းစွာ ဆိုင်​တံခါးအဖွင်​့​စောင်​့​နေကြတယ်​… ​တော်​​တော်​ကို…စိတ်​ပျက်​စရာ​ကောင်​းတဲ့ မြင်​ကွင်​းပဲ… :(( ကိုယ်​တိုင်​က ဟိုစပ်​စပ်​ဒီစပ်​စပ်​သမားမို့… အူရိုင်​းမဖြစ်​​အောင်​ အကို​တွေနဲ့ပူးတွဲ​လေ့ကျင်​့ထားသူ​ပေမယ်​့… အဲ့ဒီမြင်​ကွင်​းမျိုး​တော့…အ​တော်​စိတ်​ကုန်​တာ..

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 7, 2015 at 2:41 pm

    အရက်က ၃၁ဘုံမှာ လူ့ပြည်နဲ့ အသူရာပြည် (စိတ်ထင်) မှာပဲ ရတာဆိုတော့….
    တော်ရုံတန်ရုံ ဘုန်းကံနဲ့တော့ အရသာခံနိုင်ကြတာ မဟုတ်တော့
    ဘုန်းကြီးသူများလို့ အောက်စဆွဲပြီး လိုရာသွင်း ရေးလိုက်ပါတယ်. 😳 😳

  • kai

    May 7, 2015 at 3:27 pm

    ရပ်ပြစ်ရှစ်ပါးမှာ..အရူပဗြဟ္မာ ပါသဗျ…။
    အဲဒီဗြဟ္မာကြီးတွေ.. ရူပ.. ရုပ်မရှိပဲ… စိတ်ချည်းနဲ့.. နှပ်နေနိုင်တာ… စိတ်က.. ယစ်မူးနေလို့ပဲ..။
    ယူအက်စ်အမ်အိုင်တီ စက်မှုတက္ကသိုလ်သုသေသနမှာ.. လူဟာ..တရားထိုင်ရင်… ဦးနှောက်က..(မူးယစ်ဆေးသုံးရင် ထွက်သလို)ဓာတ်တမျိုးကိုထုတ်ပေးတယ်လို့…ဆိုပါတယ်..။
    အဲဒီဓာတ်က.. ရုပ်မှာထုံတာကျင်တာ.. နာတာကိုက်တာ… အကုန်လွှမ်းမိုးလိုက်ပြီး.. စိတ်ထဲ.. ခန္ဓာ..ရူပကိုဖျောက်လိုက်သလိုဖြစ်သွားတာပဲ..။

    ပြောချင်တာက…. အရူပဗြဟ္မာကြီးတွေ.. မူးယစ်စေတာတွေ…စွဲနေတာဖြစ်..။ :k:

    =

    ရပ်ပြစ်ရှစ်ပါး (အပြစ်ရှိသောအရပ်) –
    ၁. ငရဲ၊
    ၂. တိရိစာ္ဆန်၊
    ၃. ပြိတ္တာ အပါယ်လေးဘုံမှာ ဖြစ်နေခြင်း။
    ၄. ဘုရားပွင့်တဲ့အခါ လွန်စွာ အသက်ရှည်ပြီး ဘုရားရှင်ကို မဖူးတွေ့နိုင်တဲ့ အသညသတ်ဗြဟ္မာ နဲ့ အရူပဗြဟ္မာ ဖြစ်နေခြင်း။
    ၅. ဘုရားရှင်နဲ့ ရဟန်းတော်များ မရောက်နိုင်ရာ အစွန်အဖျား ပစ္စန္တရစ် အရပ်မှာ ရောက်နေခြင်း။
    ၆. ဘုရားပွင့်ဆဲအခါ မိစ္ဆာ ဒိဌိဉာဏ်ရှိသူ ဖြစ်ခြင်း။
    ၇. ဘုရားပွင့်ဆဲအခါ တရားကို နားလည်လောက်တဲ့ ဉာဏ်မရှိခြင်း။
    ၈. တတ်သိနားလည်လောက်တဲ့ ဉာဏ်ရှိပေမဲ့ ဘုရားမပွင့်တဲ့အခါ လူဖြစ်နေခြင်း။

    • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

      May 7, 2015 at 6:22 pm

      တရားထိုင်​ရင်​ ဖိုးချရင်​ ထွက်​တာက endophin ထင်​့
      ​ကျေနပ်​နှစ်​သိမ်​့ ပီတိဖြစ်​​စေတဲ့ဓာတ်​ပဲ​ပြောရမယ်​
      အန်​ဒိုဂျီးနပ်​စ်​ နဲ့ အိပ်​ဇိုဂျီးနပ်​စ်​့ သ​ဘောတရား​တွေ​ကြောင်​့
      တရားသမားက ဘာမှမဖြစ်​ဘဲ ဘစ က ကျန်​းမာ​ရေး​တွေထိသ​ပေါ့

      အဲ ဂွတ်​​နေတာ​လေးကို စွဲ​နေရင်​​တော့ မ​ကောင်​းဘူး​ပေါ့
      ဗြမာ​တွေကိုထပ်​တူပြုုေ​တေ်ွးလို့ေ​တော့
      မရစ​ကောင်​းဘူးထင်​့

      ခန္ဒာရှိလျက်​ ဂွတ်​​နေလို့ ခန္ဒာကို​မေ့ ​ဝေဒနာ​မေ့ ​နေတာနဲ့
      ​ဝေဒနာတည်​စရာ ခန္ဒာမရှိတာ မတူစ​ကောင်​း

      ထည်​့စရာမရှိတဲ့ ဗြမာ့ကိုယ်​ထဲ လူဦး​နှောက်​ထည်​့မ​တွေးပါနဲ့​လေ

      🙂

      သ​ဘောပါရဲ့လား ပိတ်​သတ်​ကြီး
      🙂

      • kai

        May 7, 2015 at 6:30 pm

        အရူပ ဆိုတာကို.. ခန္ဓာ..ရုပ်…တကယ်ကြီးမရှိနေဘူးယူတယ်ပေါ့…။ :k:

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          May 7, 2015 at 6:48 pm

          ဆက်​ဆွဲရင်​ အနှီဗြမာဆိုတာဂျီး တကယ်​ရှိတယ်​ ယုံသလားနဲ့ ဂိတ်​စပီး အ​ဗေတာရုပ်​ရှင်​နဲ့ ဂိတ်​ဆုံးအူးမယ်​
          🙂
          ရှိသည်​ပဲထား လူသားနဲ့ဗြမာ ဆဲလူးလာစလယ်​ဗယ်​ ​မော်​လီကျူးလားလယ်​ဗယ်​ကအစ မတူနိုင်​မှာမို့ ဘားမှ ဆက်​မ​ပြောဘဲ
          ပဲခူးရိုးမတ​နေရာမှာ လိပ်​ပြာလိုက်​ဖမ်​းပီး ယပ်​​တောင်​ခပ်​​ပေး​နေပါသီ

          🙂

        • kai

          May 8, 2015 at 4:12 am

          ကျောက်တုံးတွေ… လေတွေ.. လျှပ်စစ်လှိုင်းတွေ… ဘက်တီးရီးယားတွေ.. အဲဒါတွေက.. ဘုံအဆင့်ဆင့်ဘုံသားတွေလို့… ဟိန္ဒူသာသနာကယူဆပုံရပါတယ်..။
          တရားထိုင်…ဇျာန်ကျင့်..ယောဂကျင့်. ဒါတွေကလည်း.. ဂေါတမဗုဒ္ဓမပွင့်ခင်ကတည်းက…ရှိနေတဲ့… အကျင့်တွေပါ…။

          ဗုဒ္ဓဘာသာ… သာသနာနဲ့မဆိုင်….ရေးတယ်မှ.. တယ်မဆိုင်…။
          ဘုရားမဖြစ်ခင်က.. ဒုက္ခရစရိယာ၆နှစ်ကျင့်တာကိုတောင်.. မှားတဲ့အကျင့်ဆိုပြီး… ဂေါတမဗုဒ္ဓက..ပယ်ပါတယ်..။

          ဆိုတော့….
          ဟိန္ဒူဘာသာမှားသလားဆိုတော့… မမှားတဲ့အပြင်မှန်နေနိုင်တယ်ဆိုတဲ့အထောက်အထားတွေ… တွေ့နေလာပါတယ်…။

          ပြောချင်တာက….ဝိုင်ယာလက်စ်အင်တာနက်.. တိမ်ပေါ်မှာသိုမှီးထားတာတွေဟာ.. အရူပဗြဟ္မာများဖြစ်ပါကြောင်းရယ်…. လို့..။
          ဖေ့စ်ဘုတ်ဟာ… ရုပ်…ရူပမရှိ… အရူပဗြဟ္မာကြီးလို့…
          ရပ်ပြစ်ရှစ်ပါးထဲပါသမို့.. ရှောင်ကြ.. ရှားကြ…လို့… ရော့ကီးတောင်တန်းတနေရာက.. ထင်းရူးသီးကောက်ရင်း..ဆီးနှင်းပွင့်မြိုပြောလိုက်ရပါကြောင်း.. :k:

  • တောင်ပေါ်သား

    May 8, 2015 at 3:43 pm

    အဘနီ

    ကျနော်က အဖော်တွေနဲ့သောက်မိရင် အတော်နဲ့ အိမ်ပေါ်မရောက်တာမို့

    အခုတော့ ရုံးအပြန် ဈေးဝင် ပြီးရင် ရပ်ကွက်ထဲက ဘိုဘိုဟန်ကြီးဆိုင်မှာ ၄ ပက်ပုလင်းလေးဝယ်

    အိမ်ပေါ်ရောက် ရေချိုး ၊ ဟင်းချက်ရင်း ပုလင်းဖွင့် ၊

    ဟင်းအကျက် ၄ ပက်ကွက်တိအကုန် ထမင်းစားဖို့အသင့်မို့ မဆိုးဘူးဗျ ၊

    ရေချိန်မလွန်တော့ဘူးပေါ့ ၊

    🙂

  • ရွှေမိုးတိမ်

    May 8, 2015 at 4:42 pm

    ကိုယ်တွေ့ပို့စ် ကို ဝင်ရောက်ဖတ်ရှု့လေ့လာသွားပါကြောင်း 🙂

Leave a Reply