အဲဒီမှာ နဲ့ ဟိုမှာ ဒါ့ပုံ Show

ဘာမှတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။
ခရီး တုန်းက ရ ခဲ့တဲ့ ပုံ တွေ ကို ပြန်ကြည့်ရင်း ရွာထဲ မျှ ချင်တာ နဲ့ မျှပါတယ်။
အသေအချာ ပြောနိုင်တာ က တော့
တာဝန်ယူတတ် ပြီး ဉာဏ် ပညာရှိ တဲ့ အုပ်ချုပ်သူများ ရှိတဲ့ မြေ နဲ့
တာဝန်မယူနိုင်၊ မယူတတ်ဘဲ … နေရာ မောင်ပိုင်စီး ထားတဲ့ .. ဉာဏ်ပညာ မဲ့ အုပ်ချုပ်သူများ ကြီးစိုး တဲ့ မြေ
အဲဒီ နှစ်ခု ရဲ့ ပုံပြင်လေးတွေပေါ့။

ချစ်သော မျက်စိ နဲ့ ကြည့်နိုင် ကြည့်တတ်ရင်တော့ ဘာမှ မကွာပါဘူးလေ။
တိုက်ကြီးတွေ၊ ကား တွေ၊ ရေကန်တွေ အားလုံး အတူတူ ကြီးပါဘဲ မဟုတ်လား။

A1
အဲဒီမှာ – ဆိုင်းဘုတ် မှာ စာလုံးတိုင်း ကို မီးစုံ ပေးမလင်း ဘဲ ချွေတာထားလေရဲ့
A2
ဟိုမှာ
B1
အဲဒီမှာ
B2
ဟိုမှာ

 

C1
အဲဒီမှာ
C2
ဟိုမှာ
D1
အဲဒီမှာ
D2
ဟိုမှာ
E1
အဲဒီမှာ
E2
ဟိုမှာ
F1
အဲဒီမှာ
F2
ဟိုမှာ
G1
အဲဒီမှာ
G2
ဟိုမှာ – ကွန်ဒို တစ်ခု က အဲကွန်း တွေ ကို အပြင်မှာ နေရာချထားပုံ တဲ့

18 comments

  • ခင်ဇော်

    May 4, 2015 at 6:09 am

    အရီးး ရဲ့ ဟို က
    သများးရဲ့ ဒီ လားးငင်??
    :k:

  • nozomi

    May 4, 2015 at 10:13 am

    တချို့ ပုံကို အိပ်ကြည့် တချို့ ပုံ ကို မတ်တပ် ရပ်ကြည့် ရ တယ်
    မတူကွဲပြားတယ် ဆိုတာ ပေါ်လွင်ထင်ရှားအောင်လား မသိ

  • မဟာရာဇာ အံစာတုံး

    May 4, 2015 at 10:26 am

    အရင်တုန်းက ကျော်ဟိန်းကြီးက ..
    လက် ၁ဝ ချောင်း ထောင်ပြီး ပြောတယ် …
    “ဆယ်နှစ် … ဆယ်နှစ်”

    အခု နေတိုးကြီးက ..
    လက်ရော ခြေထောက်ရော ထောင်ပြီး ပြောတယ် …
    “အနှစ် နှစ်ဆယ် .. အနှစ် နှစ်ဆယ်”

  • Mike

    May 4, 2015 at 10:43 am

    .ဓါ့ပုံပြပွဲဝင်ကျိသွားပါတယ်ဗျု့ိ
    .ဘာမှတော့ မပြောချင်တော့ပါဘု :p:

  • မြစပဲရိုး

    May 4, 2015 at 2:05 pm

    ဝုတ်တယ် ဇီကလေး။
    အဲဒီ “ဟို” က ဇီ တို့ “ဒီ”။
    အရီး ရိုက်ချက်တော့ မဟုတ်ဘူး။
    . ရောက်ခဲ့သူ တွေ ရိုက်လာတာ ကို ယူသုံးလိုက်တာ။
    ဒီတစ်ခေါက် ကျန်ခဲ့ရတာ။ နောက် တစ်ခေါက် ကံ ဆုံရင်ပေါ့။
    . ပြီးရင် ပန်း ပုံတွေ တင်ချင်သေး။ တစ်အားလှ တာနော်။
    ဒီနေ့ “ဒီ” မှာ မေ Bank Holiday ပိတ်တယ်။
    “အဲဒီမှာ” နဲ့ “ဟို” ဆိုတဲ့ ဇီတို့ ဒီ က သောကြာက ပိတ်ထားတာ မဟုတ်လား။ lol:-))))
    အဲဒီ “ဒီ” ကို သဘောကျလို့ စိမ်းလိုက်တယ်။

    ကိုနို
    တကယ်တော့ ပြောရရင် လေ
    ရင် နဲ့ မမျှပါဘူး။
    တမင် လှောင် ချင်စိတ် နဲ့ ယှဉ်ပြခဲ့တာ မဟုတ်တာ သိကြမှာပါ။
    ကိုယ် တိုင်းပြည်ရဲ့ အရေးကြီး တဲ့ အင်အားစု resources တွေ ဖြစ်တဲ့
    . ရေမြေ အခံ လဲ ကောင်းပါရက်၊ လူ တွေ ကလဲ တော်ပါရက်၊ လုပ်ချင် ဖြစ်ချင်တဲ့ ဆန္ဒ တွေလဲ ရှိပါရက်
    ဒီလို ခပ်စုတ်စုတ် တိုးတက် လာရနေရတာကို စိတ်ထဲ အားမရလွန်းလို့ပါ။
    တကယ်တော့ ကျွန်မတို့ ဒါထက် အများကြီး ကောင်းသင့်တာပါ။
    . ထိပ်တန်း လူတစ်ချို့ ကနေ တိုင်းပြည် နဲ့ လူထု ကို စေတနာ လေး ကိုယ်ချင်းစာတရားလေး ထားပေး လိုက်နိုင်ဖို့ ဘဲ လိုနေတာ။
    . ကျွန်မ အဝေး မှာ နေပေမဲ့ အခွင့်သာချိန် တိုင်းပြည် က ကိုယ့်ကို လိုလာတဲ့ တစ်နေ့
    ကိုယ့်ပြည်သူ ကို ပံ့ပိုး ချင်လို့ အမြဲ အထုတ်ပြင်ထားတာပါ။
    အင်္ဂပူ က ဆရာဝန်လေး ရဲ့ ဟင်းရောင်းသလို ကိုယ့်ပညာတွေ ကို ကျန်းမာရေးနဲ့ ညီတဲ့ ပေါချောင်ကောင်း ဟင်းလေး တွေ လို ရောင်း ချင်ပါရဲ့။

    . မောင်အံ
    . တကယ်အခွင့်အရေး ရလာခဲ့ရင် တို့ တွေ မညံ့ပါဘူး။ စည်းလုံးခဲ့ရင် ထင်တာထက် မြန်မှာပါ။
    . နှစ်ဖွဲ့က နေ သုံးဖွဲ့ ပွါးချင်သူတွေ များ ရင်တော့ နှစ်၂ဝ မပြောနဲ့ နှစ် ၂၀၀ဝ တောင် မရဘူး။

    မိုက်
    . နားထောင်နေတယ်၊ နားထောင်လို့ ရတယ် ဆိုရင်ဘဲ ကျေးဇူးတင်ပါတယ်။

  • kai

    May 4, 2015 at 2:21 pm

    ဒီနေ့ပဲထပ်ပြောဖြစ်တာ….
    အမေရိကပြည်ထောင်စုထောင်တော့… အခြေခံဥပဒေကိုပြင်တာမှာ.. ပထမဆုံး… ပြင်ဆင်ချက်(First Amendment).. က…
    ဘာသာရေးနဲ့.. အုပ်ချုပ်ရေး(နိုင်ငံရေး).. ခွဲခြား.. နံရံခြားပစ်တဲ့ဥပဒေ(“Separation of church and state” (sometimes “wall of separation between church and state”))ပြဌာန်းလိုက်တာပါ…။
    အဲဒါဟာ.. အမေရိကရဲ့.. ကမ္ဘာကျော်နိုင်ငံသားအထူးအခွင့်အရေး.. (Second Amendment).ရဲ့ရှေ့ကနေ.. ဥပဒေအရင်ပြုလိုက်ရတာဖြစ်ပါတယ်..။

    မြန်မာပြည်မှာလည်း… အခြေခံဥပဒေကို.. ပြင်မယ်ဆို.. ၅၉(စ)ဘေးချိပ်ပြီး… အဲဒါမျိုးဥပဒေကိုအရင်ဆုံး..လုပ်သင့်…။
    သာသနာရေးဝန်ကြီးဌာနနဲ့.. မဟနဖျက်သိမ်းပြီး.. အုပ်ချုပ်သူ.. ဥပဒေပြုသူတွေ.. ဘာသာရေးလုပ်နေတဲ့ပုံတွေကို.. မီဒီယာတွေပေါ်တင်တာကနေ.. ဖယ်ပစ်သင့်…။
    အဲလိုမလုပ်ရင်…
    မြန်မာပြည်သည်… ဟိုကလိုတိုးတက်ဖို့.. လက်ဆယ်ချောင်းနဲ့.. တခါ… ၂ခါ.. ၃ခါ.. ၄ခါ… လည်း.. မရ..။ :k:

  • Alinsett @ Maung Thura

    May 4, 2015 at 3:30 pm

    ဟိုမှာနဲ့ ဒီမှာက တော်တော်လေး ကွာတယ်…
    ဒီမှာအတွက် အတော်လေး မျက်နှာငယ်မိ ရှက်ရွံ့နာကျင်မိတယ်…
    ဟိုမှာ အတိုင်းသာ ဒီမှာ ဖြစ်လာရင်..ဆိုပြီး.. မျှော်လင့်မိတယ်..
    ဒီမှာသာ ဟိုမှာအတိုင်း ဖြစ်လာဖို့… ကျနော်တို့ ဘယ်ထောင့် တနေရာက ဘယ်လို ပါဝင်ပေးရမလဲလို့…
    ဆက် အတွေးခန်း ဝင်တေ့ာမယ်…

    • naywoon ni

      May 4, 2015 at 7:01 pm

      ဘယ်​နားကမှပါ မရလို့ ​ဘေးထွက်​ အရက်​ထိုင်​​သောက်​​နေတာကြာပါပ​ကောလား အလက်​ဇင်​းဒါးရယ်​ ။ 🙂

  • padonmar

    May 4, 2015 at 9:38 pm

    .မလတ်ရဲ့ အဲဒီမှာတွေက အများကြီး လှနေပါသေးတယ်။
    .ကြာတော့လေ စိတ်ဓာတ်ကျလာလို့ ရပ်နိုင်ပေ့လို့ .အားပေးခဲ့မိတာတောင် ဘွာခတ်ချင်တယ်။
    .လေဆန်ရေဆန်ထဲမှာ ကြံ့ကြံ့ခံရင်း .ပန်းပန်လျက် နေပေးသူကြီးကို .အားနာနေမိတယ်။

  • ဆိုတော့ အရီးရေ.. ခုတစ်လော ကိုယ့်ကိုယ်ကို ဟိုးတုန်းကလို ကိုယ်ပိုင်ရေးတာထက် သူများရေးတာတွေကို လိုက်ပြီး ဝေဖန်ရေးနဲ့ လေကန်ရေး လိုက်လုပ်ရတာ နည်းနည်း လက်တွေ့နေသလားလို့။ ကိုယ့်ဖာသာကိုယ်သာ အဖြစ်ရှိအောင် စာတစ်ပုဒ်မရေးချင်တာ၊ သူများရေးထားတာတွေကိုတော့ ပြောချင်တာမှ အူယားသလိုုဖြစ်နေတာ။ အဲ့ဒီထဲကမှ ကိုယ်လဲ လက်တွေ့တာမျိုးလေးတွေ ပြောချင်ရာတွေ လျှောက်ပြောဖြစ်တယ်ပေါ့ဗျာ။ ဟိုးတုန်းက ရွာထဲရောက်တုန်းကလိုပဲပေါ့။

    အဲဒီမှာ – ဆိုင်းဘုတ် မှာ စာလုံးတိုင်း ကို မီးစုံ ပေးမလင်း ဘဲ ချွေတာထားလေရဲ့ ဆိုတဲ့ပုံလေးကို ကြည့်လိုက်တော့ တစ်ကယ်တန်းတော့ ချွေတာထားတာမဟုတ်ဘူးဗျ။ သူ့ဆိုင်းဘုတ်က LED Board ဗျ။ အထဲမှာ မီးချောင်းတွေ မီးလုံးတွေနဲ့ ထွန်းထားတာမဟုတ်ဘူး။ ဆိုတော့ သဘောတရားအရပြောရရင် သူ့ရဲ့ Connector လို့တော့ အလွယ်ခေါ်ကြတဲ့ Box လေးကြွသွားရင် သူနဲ့ ဆက်စပ်ထားတဲ့ LED လေးတွေ (သူ့ဝန်ထုပ်ဝန်ပိုးပေါ့) ကိုဖြတ်ချပြစ်လိုက်တာဗျ။ ဒီတော့ တော်တော်များများ မြင်ဖူးကြတယ်။ နာမည်ကြီး လိုဂိုတွေမှာ နာမည်တွေ ပျက်နေကြတာ။ တစ်ခါတုန်းကများဆို STAURBUCKS က TAURB ပျက်နေတော့ အဓိပ္ပါယ်တစ်မျိုးပြောင်းတဲ့ နာမည်ကြီးကို ညဘက်ကြီး ထင်ထင်ရှားရှားကြီးမြင်နေရတာလဲ ဖြစ်ဖူးတယ်။

    ဆိုတော့ကာ ပြောချင်တာက မီးခြွေတာတယ်ဆိုတာထက် အရီးပထမပြောခဲ့တဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်လို့ပဲ ပြောတာကို သုံးသင့်တယ်ထင်ပါကြောင်း။ လေဆိပ်မှာတော့ သူတို့ မီးမခြွေတာပါ။ မီးလုံးဝမပျက်တဲ့လိုင်း(ပျက်ကို မပျက်ရမယ့်လိုင်း)၊ တစ်ခါတစ်လေ ပျက်တဲ့လိုင်း၊ ဖြတ်ချင်ဖြတ်၊ ပေးချင်ပေးဆိုတာ တစ်လိုင်း အဲ့လို အခြေခံအားဖြင့် သုံးလိုင်းခွဲထားတယ်လို့တော့ သိဖူးပါတယ်။ ဆိုတော့ အဲ့ဒါလေးကို အဲ့မှာက အကြောင်း သိတာလေး နည်းနည်းထပ်ဖြည့်စွက်တာပါ။

    နောက်ပိုင်း အဲ့ဒီမှာတွေ ဟိုမှာတွေ တော်တော်များများကို ကြည့်တဲ့အခါကျတော့ အဲ့ဒီမှာတွေတုန်းက ပုံတွေက ဟိုမှာတုန်းက ဟိုတုန်းကလို ပုံတွေ အတိုင်းပါပဲ။ အဲ့လို ဟိုမှာတွေဆို အဲ့ဒီတုန်းကလေဆိုပြီး ပြချင်လွန်းလို့ အဲ့ဒီတုန်းကပုံတွေအတိုင်း ရိုးရာမပျက်ထားထားတာလေးတွေလဲရှိတယ်ဗျ။ အဲ့ဒီတုန်းကရပ်ကွက်လေးတွေလဲ ကြုံရင် သွားစေချင်တယ်။ ရှေးမူမပျက်လေးပဲဗျာ။ တစ်ကယ်။

    ပြောရရင် ဟုတ်တယ်။ စီမံခန့်ခွဲမှုညံ့ဖျင်းတယ်။ ပြောရရင် ဘာမှမသိတဲ့လူတွေလက်ထဲရောက်နေတာ။ နောက်တစ်ပိုင်းက တာဝန်ယူတတ်မှုမရှိတဲ့ သူတွေလက်ထဲရောက်နေတာ မြင်မိတယ်။ ဥပမာပြောရရင် ကိုယ်ကျင်လည်နေတဲ့ အသိုင်းအဝန်းလေးနဲ့ပဲတွေးတွေး၊ တစ်ချိန်တုန်းက ကျင်လည်ခဲ့ဖူးတဲ့ အစိုးရဝန်ထမ်း အသိုင်းအဝန်းနဲ့ပဲတွေးတွေး၊ ဝန်ထမ်းကောင်းမှ ပြည်ကောင်းမည်ဆိုတာ ကြားဖူးတယ်ဗျ။ တစ်ခါတုန်းကများဆို ဝန်ထမ်းဆိုတာ တစ်ကယ်တော့ ပြည်သူ့ဝန်ထမ်းနေရတာ။ စေတနာထားတတ်ရင် ကုသိုလ်တောင်ရသေး ဆိုတာမျိုးပေါ့။ တစ်ချိို့ တစ်ကယ့်ဝန်ထမ်းကောင်းကြီးတွေ ပြောတာကြားဖူးတာပါ။ သူတို့ကတော့ ချောင်ထဲ ထိုးခံထားရတဲ့လူမျိုးတွေပေါ့။ ဆိုတော့ ခုနောက်ပိုင်း တွေ့လာတာ ဝန်ထမ်းတွေ လစာတိုးပေးတယ်။ ကောင်းပါသည်ပေါ့။ ကုန်ဈေးနှူန်းတွေတက်လာသည်။ မကောင်းပါပေါ့။ တစ်ကယ်တော့ ကိုယ်က ဝန်ထမ်းဘဝကို ရွေးချယ်မှတော့ ရင်ဆိုင်ဖြေရှင်းရမှာပေါ့။ မရင်ဆိုင်နိုင်ရင် တစ်ခြားလမ်းရွေးသင့်တယ်။ ကျွန်တော်ဆို အစောကြီးကတည်းက ရင်မဆိုင်နိုင်လို့ တစ်ခြားလမ်းရွေးခဲ့တာ။ ပြောချင်တာက ဝန်ထမ်းလုပ်နေကြတဲ့သူတွေက ဝန်ထမ်းဘဝကို မက်မောလို့မဟုတ်ပဲ အခွင့်အရေးကို မျှော်မှန်းပြီး လုပ်နေကြတဲ့သူတွေများနေတာမို့ ဝန်ထမ်းလောကကြီး ပျက်စီးနေတာ။ သူတို့က ဟိုမှာလို လစာတွေပေးလဲ အဲ့မှာတုန်းကလို သောက်ချိုးတွေ ချိုးနေဦးမှာပဲ။ ဒါက တစ်ပိုင်း။

    ထူးထူးခြားခြား သတိထားမိတာက ဆရာသော်တာဆွေ ရေးထားတဲ့ စာထဲကလို မီးခြစ်ဆံဘူးလို အံဆွဲလေးတွေနဲ့ တိုက်ခန်းလေးတွေပေါ့။ ဟိုမှာကတိုက်ခန်းတွေက မိုးပေါ်ပျံလို့၊ လှပလို့။ ဒီမှာ ဘာတွေ့သွားလဲဆိုတော့ သူ့ရဲ့ တိုက်တာတွေကို ပြင်ဆင်ထိန်းသိမ်းပုံပေါ့။ ပြောရရင် ကျွန်တော် တောသားပါ၊ တောင်ပေါ်သားပါ။ ဘုရားစူး ရန်ကုန်မြို့လည်ခေါင်မှာ တစ်ညတောင် မအိပ်ဖူးပါဘူး။ ဒါပေမယ့် မြင်ရတာတော့ လက်ရှိအစိုးရရော၊ သူအုပ်ချုပ်နေတဲ့ လူတွေရော တစ်ကြိတ်တည်း၊ တစ်ဉာဏ်တည်းလို့ မြင်မိတယ်။ ပြောချင်တာက အဲ့ဒီတိုက်ကြီးမှာ နေထိုင်သူတွေက ငါတို့နေထိုင်တဲ့ တိုက်ကြီး အမြဲတမ်း သန့်ရှင်းကျော့မော့ လှပနေအောင် ဘယ်လိုလုပ်မလဲဆိုပြီး အစီအစဉ်ရှိသလားပေါ့။ အုပ်ချုပ်သူတွေကလဲ မြို့တော်ကြီး သန့်ရှင်းသာယာလှပစေရမည်ဆိုပြီး လက်တွေ့လုပ်ဆောင်တာများ ရှိသလားပေါ့။ အဲ့လိုတွေ မရှိပါဘူး။ ဟိုမှာဆိုရင် အမှိုက်ကို နောက်ဖေးလမ်းကြားက ပစ်မှာစိုးလို့ (အစိုးရတိုက်ခန်းတွေမှာတောင်) အမှိုက်ပစ်ဖို့ ပြွန်တွေကို ထည့်ထားတယ်။ နောက်ဖေးလမ်းကြားမထားပဲ လေးဖက်လေးတန် တံတိုင်းလိုမျိုးဆောက်ထားပြီး အလည်ကောင်မှာ ကလေးကစားကွင်းလုပ်ထားတယ်။ ဘယ်သူမှလဲ အဲ့ဒီကစားကွင်းရှိတဲ့ဖက်ကို အမှိုက်ပစ်ချတယ်လို့ မကြားဖူးသလို အမှိုက်တွေပြည့်နေတဲ့ ကန်ကြီးကိုလဲ လာမသိမ်းဖူးလို့ မကြားဖူးဘူး။ ဆိုတော့ နှစ်ဖက် အပေးအယူမျှနေတယ်ပေါ့လေ။

    ပြောချင်နေတာတွေ အများကြီးပဲဗျာ။ အဲ့မှာရော ဟိုမှာရော နေဖူးတော့မှ ကြားက ကန့်လန့်ကြီးဖြစ်နေတာ။ ကျုပ်တစ်သက် ဟိုမှာလို အဲ့မှာ ဖြစ်နေတာ မြင်ဖူးချင်ပေမယ့် အဲ့မှာက အဲ့မှာနေတဲ့သူတွေ နေနေကြတုန်းဖြစ်သလို ဟိုမှာကလဲ ဟိုမှာနေတဲ့သူတွေ နေနေတော့

    (ဪ… မေ့လို့)

    ဟိုမှာရောက်သွားတဲ့ အဲ့မှာတွေကျတော့ ဟိုမှာလို ဖြစ်သွားရောဗျာ
    လိင်ဗျံကနေ အဲ့မှာလဲကျရော အဲ့မှာတုန်းကလိုပဲ ဟပ်ချလောင်းဆိုပြီးဖြစ်သွားတာများဗျာ

    ပြောကို မပြောချင်တော့ပါဘူး။

    (တော်သေးဘီ)

  • manawphyulay

    May 5, 2015 at 9:18 am

    ပုံတွေကြည့်ရတာ မူးတွားတယ်။ အိပ်ကြည့် စောင်းကြည့် မိုးပေါ်ထောင်ကြည် ဟူး လွယ်ဘူး မျက်မှန်ပါဝါတွေ တိုးတော့မှာပါလား…

  • အောင် မိုးသူ

    May 6, 2015 at 9:23 am

    ပထမဆုံးပုံလေးက ကျတော်စင်ကာပူစစရောက်တုန်းက နေခဲ့တဲ့ HDB ကနေ ရိုက်တဲ့ပုံလေးနဲ့ တော့်တော့်ကို တူနေတယ်။ ကျတော်က ဘုကစ်ဘတော့ မှာနေခဲ့တာ။ 🙂

  • black chaw

    May 6, 2015 at 9:49 am

    အဲဒီမှာ ကိုကြည့်လိုက်
    ဟိုမှာ ကို ကြည့်လိုက်
    အဲဒီမှာ ကိုကြည့်လိုက်
    ဟိုမှာကိုကြည့်လိုက်
    မူးနေရောပါပဲဗျာ…။

  • မြစပဲရိုး

    May 6, 2015 at 8:39 pm

    သူကြီး ဟို ဘက် မှာ ရေးထားပြီး လို့ ဒီ နေ့ အတွက် ချမ်းသာပေးလိုက် မယ်။

    ဆက်ဆက်
    ရှက်ဖို့ မလိုပါလေ။
    ကိုယ့်ရတဲ့ နေရာ မှာ ရနိုင်သလောက် ကြိုးစားကြည့် နေဖို့ဘဲ လိုတာပါ။

    အဘနီ
    စာရေး ပြီး မျှ နေခြင်းကလဲ စာဖတ်သူ တွေကို အနုပညာ နဲ့ ပေးဆပ် နေခြင်းဘဲလေ။
    လူတန်းစား အစုံ ရှိမှ လောကကြီး က ပိုပြီး အသက်ဝင်ပါတယ်။
    ကောင်းတာလုပ်နေတဲ့ လူတန်းစားတော့ များသင့်သပေါ့။

    အစ်မဒုံ
    ကျွန်မတို့ ရဲ့ ချစ်သူ ကတော့ ဘယ်တော့ မှ အရှုံးပေးမဲ့ သူ မဟုတ်ပါလေ။

    မောင်ရှုံး
    တကူးတက ဝင်ပြီး မှတ်ချက် အရှည်ကြီး နဲ့ အားပေးခဲ့လို့ ကျေးဇူးနော်။
    { အဲ့ဒီတုန်းကရပ်ကွက်လေးတွေလဲ ကြုံရင် သွားစေချင်တယ်။ ရှေးမူမပျက်လေးပဲဗျာ။ တစ်ကယ်}
    ဟုတ်တယ်။ ဒီမှာလဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ က အိမ် တွေ ဒီ အတိုင်း ထားတာ အများကြီးဘဲ။
    အတော် ကောင်းတဲ့ ပညာ ပါပါ နဲ့ တိုးရစ်ခေါ် နည်းပေါ့။

    သို့ပေမဲ့ တို့ ရွှေပြည်ကြီး ထဲ မှာတော့ ကြားမိလိုက်တာ။
    အခု လောလောဆယ် မှာ နာဂလူမျိုး တွေ ဆီမှာ သူတို့ရိုးရာ မပျက် နေကြဖို့ တိုက်တွန်း သူတွေ ရှိနေသတဲ့။
    ရှေးကလို ဘဲ တဲ လေး တွေ နဲ့ သူတို့ နေချင်သလို အဝတ်ဟောင်းလောင်း နဲ့ပေါ့။
    ရေမီး တော့ ပေးထားတယ်။
    . ပြီးတော့ တိုးရစ်ပြပွဲ လုပ်မလားဘဲ။ မသိ။
    အရီး မှာတော့ အဲဒါဟာ လူ တွေ ကို သက်မဲ့ တွေ လို ကန့်သတ်ပြီး ကိုယ့်စီးပွါး အတွက် လုပ်တာလို့ မြင်မိတာ။
    . နိုင်ငံ အနေ နဲ့ လဲ ဒီ လိုမလုပ်သင့်ဘူး။ တစ်ချား အဖွဲအစည်း တွေ ကလဲ မလုပ်သင့်ဘူး။
    တစ်ခုတော့ ရှိတယ်။
    သူတို့ က သူတို့ သဘော နဲ့ ဘဲ နေချင်တာ မို့ ပံ့ပိုးပေးရတာ က တစ်မျိုး။
    ဂျင်ကယ်ရီ ရဲ့ True man show ရုပ်ရှင် လို တွေးမိတယ်။

    မနော က တော့ မူး ရ မဲ့ အချိန် မို့ ပို မူး နိုင်ပါတယ်။
    ကိုချော ကတော့ ဘယ်လိုလဲ? lol:-)))

    မောင်အောင် အရီး လဲ သိဝူး။
    သူများ ရိုက်ထားတာ ကူး ထည့်လိုက်တာ။ 🙂
    ဇီဇီ့ ကိုမေးမှ သိမယ်။

  • uncle gyi

    May 6, 2015 at 10:11 pm

    မတူတာတွေကအထင်းသားပါအရီး
    အဲဒီမတူတာတွေကိုဘယ်လိုတူအောင်လိုက်လုုပ်မလဲမတွေးကြတာအဆိုးဆုံး
    တူအောင်လိုက်ညှိကြပါတယ်
    မဟုတ်တဲ့နေရာတွေ
    မပြောချင်ပါဖူး

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 7, 2015 at 11:47 am

    အဲ့လိုတော့ မျက်နှာလွှဲ ခဲပစ်… မနှိုင်းပါနဲ့အရီးရာ…
    ကျော်တို့နိုင်ငံရဲ လမ်းဘေးတွေမှာ မော်ဒန် ပန်ချီလို ထွေးထားတဲ့ ကွမ်းတံတွေးကွက်နဲ့..။
    ဈေးကြီးပီ မစစ်တဲ့ အရက်၊ အငွေ့ထွက်ပီး ကွာလတီမရှိတဲ့ ဆေးလိပ်တွေက…
    နိုင်ငံခြင်းမတူတဲ့ ယမမင်းတွေပါလို့… :k: :k:

  • မွသဲ ( 17082011 )

    May 9, 2015 at 9:56 am

    ပြောရမယ်ဆိုရင်တော့ ငိုချင်တာပဲသိတယ်

  • မြစပဲရိုး

    May 10, 2015 at 5:34 pm

    ကျေးဇူးပါ အန်ကယ်ကြီး၊ ကိုရင်လေး နဲ့ ညီမသဲ ရေ။
    တကယ်တော့ ကျွန်မတို့ မြန်မာလူမျိုး တွေ (ကိုယ်အပါအဝင်) ဆိုတာ အတုယူ မှု အင်မတန်မြန်တာ တွေ့ရပါတယ်။
    ဒါကြောင့် ရှေ့က စံနမူနာယူစရာ လူကောင်းကောင်း တွေ၊ လုပ်ရပ်ကောင်းကောင်း တွေ ကို တတ်နိုင်သမျှ ကြိုးစားပြနိုင်ရင် သိပ်ပြီး အချိန်ယူစရာမလိုဘဲ ပြုပြင်ပြောင်းလဲ နိုင်မယ်လို့ ယုံကြည်တာပါဘဲ။
    . လောလောဆယ် ငါ့တစ်ဘို့ အိတ်ထဲ သိမ်းကြုံးထည့်နေသူ အတ္တသမား တွေ က ထိပ်တက်ပြီး စင်ပေါ်ရောက်နေတော့ ဖြစ်ချင်သလို ဖြစ်နေတာ မဆန်းပါလေ။

Leave a Reply