“ဖြေ လျော့ ဟန်”

ခင္ခMay 4, 20151min16013

.အစေးခြောက်ကပ်
.နွယ်ချင်းယှက်လို့
.တွန်းတက်ထိုးလာ
.အမှီအားပြု
.နွယ်တစ်စုသည်
.အလွန်ပူလှ
.နွေအခါသမယမှာ
.အပြင်မှာရှိ
.အပူဒါဏ်ထိတော့
.ခြောက်သွေ့သဏ္ဍန်ဟန်
.ဖြေလျော့ပြန်လျှင်
.ယှက်နွယ်စုခဲ့
.အားတက်ဖွယ်တို့
.နှမျောလှပေသကား။

 

 

ခင်ခ။

13 comments

  • naywoon ni

    May 4, 2015 at 7:12 pm

    သိပ်​လည်​း အားမ​လျော့ပါနဲ့ဗျာ ။ ဒီလိုပဲ တွယ်​ကပ်​ပြီးရှင်​သန်​ကြတာ​ပေါ့ 🙂

    • ခင်ခ

      May 4, 2015 at 9:11 pm

      ပိုလို့ ပိုလို့ ပူလာလွန်းတော့လဲ ခံနိုင်ရေတွေ လျော့ချင်ချင်မို့ပါဗျာ

  • uncle gyi

    May 4, 2015 at 9:53 pm

    နောင်လာမယ့်နှစ်တွေပိုပူအုန်းမှာကိုခရဲ့

  • မဟာရာဇာ အံစာတုံး

    May 4, 2015 at 11:48 pm

    အညာမှာ ဒီနှစ်
    အတော့်ကို ပူဒလယ် …
    အိမ်ထဲမှာတောင် နေနိုင်ဘူးရယ် …

  • Alinsett @ Maung Thura

    May 5, 2015 at 7:00 am

    ရန်ကုန်က အပူဒဏ်ဟာလည်း သတိမပြုမိပဲ မနေနိုင်လောက်အောင်ပါပဲ
    ကတ္တရာလမ်းတောင် နင်းလိုက်ရင် အိ ဆင်းသွားတဲ့အထိ. . .အပူကြောင့် ပျော်ပြဲနေပြီ
    အခုတလော ကျနော်တို့နိုင်ငံရဲ့ အပေါ်တည့်တည့်မှာ ခရမ်းလွန်ရောင်ခြည်တွေ အဆီးအတားမဲ့ ဝင်လာနိုင်ဖို့များ
    အိုဇုန်းလွှာဆိုတာကြီး ပေါက်နေပြီလားဟင်
    .ကြည့်ပေးကြပါဦး. . .

    .လေးခ. . .မတွေ့တာတောင် ကြာပေါ့။
    ကဗျာလေး ပြန် တွေ့ရလို့ ဝမ်းသာ ကျေနပ်မိပါ့ဗျားးး

    😆

  • manawphyulay

    May 5, 2015 at 9:13 am

    ရှင်သန်ခြင်း၏ အဓိပ္ပာယ်သည် အားတက်ဖွယ်ပင်တကား

  • kai

    May 5, 2015 at 3:00 pm

    ကမ္ဘာပူသွားတာတော့ အသေအချာပါပဲ..
    အာတိတ်ရေခဲတုံးတွေပျော်ကျလာသမို့… နောင်အနှစ်၁၀ဝထဲ.. ပင်လယ်ရေပြင်.. ၅-၆ပေလောက်မြင့်လာမယ်တွက်ထားကြသတဲ့…။
    အဲဒါဆို.. ဧရာဝတီတိုင်းပျောက်လောက်သည်.. ထင်မိ…။

    ဆိုတော့….
    နောင်အနှစ်၁ထောင်မှာ.. ကမ္ဘာကိုလူတွေဖျက်လိုက်မယ်လို့… စတီဗင်ဟော့ကင်းကတော့ ပြောလိုက်ပြီ..။
    ယူအက်စ်အပါအဝင်.. ဥရောပနိုင်ငံတွေကလည်း.. ောနက်ကမ္ဘာတခုအသည်းအသန်ရှာနေကြပြီ…

    လူ့ယဉ်ကျေးမှု.. ဒီကမ္ဘာပေါ်မှာ… အချိန်သိပ်ကျန်လှရယ်တော့မဟုတ်… :k:
    =
    Stephen Hawking Predicts Humans Won’t Last Another 1,000 Years On Earth
    The Huffington Post | By James Gerken

    Posted: 04/28/2015 11:49 am EDT

    Renowned British physicist and author Stephen Hawking has a dire prediction for humanity: We will not survive another millennium unless we colonize another planet.

    “I don’t think we will survive another 1,000 years without escaping beyond our fragile planet,” Hawking said in remarks delivered at Sydney’s Opera House last weekend. His addresses on Saturday and Sunday were his first in Australia, but were delivered via hologram from his office in Britain.

    We must continue to go into space “for the future of humanity,” he added. “I want to encourage public interest in space.”

  • padonmar

    May 6, 2015 at 8:03 pm

    ရှေ့စာလုံးတွေ ပျောက်ကုန်လို့ အဓိပ္ပါယ်မှန် ဖတ်မရမှာ စိုးတာနဲ့ ဦးပါရဲ့ ရှေ့ဆုံးစာလုံးရှေ့ အစက်ချတဲ့ နည်းနဲ့ ပြင်ပေးကြည့်ထားပါတယ်။

    • ခင်ခ

      May 7, 2015 at 12:22 pm

      ကျေးဇူးပါ မပဒုမ္မာရေ။ အဲလိုပျောက်သတဲ့လား သတိထားစရာပေါ့ဗျာ။

  • မြစပဲရိုး

    May 6, 2015 at 8:08 pm

    ကိုခ ရေ
    မတွေ့ရတာ ကြာပေါ့။
    အပူ နဲ့ တွေ့မှ ရွာ ထဲ ပြန်လာတော့တာလား။
    . ရေချမ်းချမ်းလေး ကမ်း လိုက်ပါတယ်။ သောက်ပြီး အမောဖြေပါလေ။

  • lu lu

    May 7, 2015 at 8:49 am

    ရွာထဲက နေအေး လို ့ထင်ရဲ ့
    ဦးခ ရောက်လာပြီ
    :mrgreen:

  • Mike

    May 8, 2015 at 11:55 am

    .ကိုခ ကဗျာလေးနဲ့ ရွာဝင်အေးရိပ်ခိုသကိုးဗျ….ရန်ကုန်လည်းပူသဗျို့

  • Ma Ma

    May 8, 2015 at 2:56 pm

    လွန်ခဲ့တဲ့အနှစ်၂ဝကျော်လောက်က စန္ဒာမဂ္ဂဇင်းမှာ (ဝင်းဦးရေးတာထင်တယ်) ဝတ္ထုတိုတစ်ပုဒ်က အလွန်ဇီဇာကြောင်တဲ့ လူတစ်ယောက်အကြောင်း ရေးထားတာ။

    *ကမာ္ဘကြီးမှာ အိုဇုန်းလွှာပေါက်လို့ ခရမ်းလွန်ရောင်ခြည်မထိအောင် နေရမယ့်အကြောင်း၊ *အာတစ်ဖစ်ရှယ်တွေများလာလို့ ကျန်းမာရေးအတွက် ကိုယ်တိုင်စိုက်ပျိုးစားသောက်တဲ့အကြောင်း၊
    *အစစ်အမှန်ရဖို့ ကိုယ်တိုင်နွားမွေးပြီး နွားနို့သောက်တဲ့အကြောင်း။

    အဲဒီတုန်းကဖတ်ပြီး အတော်သည်းသည်းလှုပ်တာပဲ ရီစရာပဲလို့ ထင်ခဲ့မိတာ။
    ခုတော့လည်း ခေတ်ရှေ့ပြေးတဲ့အတွေးနဲ့ ရေးထားတာပါလားလို့ သဘောကျချီးကျူ းမိတော့တယ်။

Leave a Reply