မျှစ်စို့ပေါက်အလား ဖွံ့ထွားထွားး – KZ’s ထမင်းဆိုင်

ဇီဇီMay 11, 20154min27649

မျှစ်ကြော် မျှစ်ကြော် အချစ်လေးနော်။
ဟိဟိ။ မဝင့် ကို သတိရလို့။

လူတွေမြန်း အစားသောင်းကျန်းချက် ဝါးလုံးတောင် အလွတ်မပေးဘူး ဆိုတာ ဒါမိုးပေါ့။
ဘာရှိရမတုန်းးး
မျှစ် ပေါ့။ ချက်စားလိုက်တာများ အမျိုးမျိုးးး
မိုးဦးစ ရာသီစာထဲမှာ အရမ်းကြိုက်တဲ့ ဟင်းမို့ စုထားမို့ပါ။

တိုင်းရင်းသားတွေ အကုန်လုံးလည်း မျှစ်ကို တစ်မျိုးမဟုတ် တစ်မျိုး ချက်စားကြတာချည်းပဲ။
 
ရွာမှာ ဘယ်သူတွေက မျှစ်ကို ဘယ်လိုချက်စားတုန်း ဆိုတာ ကြည့်ရအောင်။

~~~~~~~~~~~~~~~~

ပထမဆုံး ရွာသူ မေဖလားဝါး ရဲ့ မွန် မျှစ်ပေါက်ဟင်း တဲ့။
(https://myanmargazette.net/149218)

ဒီနေတော့ ့ ဈေးကိုသွားရင် ဝါးပိုးမျှစ်နုနုကြီးတွေတွေ့တာနဲ့ ဝယ်လာခဲ့တယ် ။ စားလို့လည်းကောင်း ၊ အဟာရနဲ့ပြည့်စုံပြီး  အရသာရှိလှတဲ့ မွန်မျှစ်ပေါက်ဟင်း

ချက်စားကြမယ်လေနော်။

ချက်ရတာကလည်း တိုင်းရင်းသားရိုးရာဟင်းမို့ အရမ်းကို လွယ်ကူရိုးရှင်းလှပါတယ်။

မွန် မျှစ်ပေါက်ဟင်းအတွက်လိုအပ်တဲ့ အမယ်တွေကတော့

-ဝါးပိုးမျှစ်နုနုတစ်ချောင်း

-ပုဇွန်ဆိတ် ၂ဝ သားခန့်

-စိမ်းစားငပိအနည်းငယ်

-ဆား

-ကြက်သားမှုန့် ( လိုအပ်မှထဲ့ပါ)

-နနွင်းမှုန့်

-ဆန်မှုန့် တို့သာ လိုလို့အရမ်းကို ရိုးရှင်းပါတယ်။ ဒါပေမဲ့လတ်ဆတ်တဲ့ မျှစ်ဖြစ်ရန်တော့လိုပါတယ်။

( ဆန်အနည်းငယ်ကို ရေဆေးပြီးကြိတ်ထဲ့  (သို့) ထောင်းထဲ့ရပါမယ် ။ အများကြီးမထဲ့ရပါဘူး များလွန်းပါကပျစ်ပျစ်ကြီးနဲ့ အရသာမကောင်းတော့ပါ)

ကဲ..စချက်ကြည့်ကြတာပေါ့။

  • ပထမဆုံးမျှစ်ကို အပေါ်ခွံတွေကုန်အောင်သပ်လိုက်ပါနော်။
  • ပြီးရင် အတတ်နိုင်ဆုံး ပါးပါးလေးတွေရအောင်လှီးထားလိုက်ပါ။
  • ရေနဲ့ သန့်စင်အောင် နှစ်ခါလောက်ဆေးကြောပြီးနောက် အိုးလုံးထဲသို့ ထိုမျှစ်လှီးထားတာရယ် ၊ ပုဇွန်ငါးပိကို သဲမပါစေရန်ရေအနည်းငယ်နဲ့ဖျော်ပြီးစစ်ထဲ့ပါ ၊
  • ဆန်မှုန့် ၊နနွင်းမှုန့် ၊ဆားအနည်းငယ်နဲ့ ရေထဲ့ကာပြုတ်ထားလိုက်ပါ။
  • ထို့နောက် ပုဇွန်ဆိတ်ကလေးများကို ဆား၊ နနွင်းမှုန့် တိုနဲ့နယ်ပြီး လှော်ထားပါ။
  • မျှစ်နှစ်ရေခန့် နူးလောက်ချိန်မှ အဆိုပါပုဇွန်ဆိတ်လှော်ကို ထဲ့ပြီးတစ်ရေခန့်တည်တည် ထားလိုက်။
  • ပုဇွန်ထဲ့ပြီးတစ်ရေခန့် ဆူပြီဆိုရင်တော့ အရည်သောက်ကို ကိုယ်လိုသလောက်ချိန်ဆ ထဲ့ပြီး အပေါ့အငန်ကိုယ်လိုသလောက်ချိန်ဆထဲ့ကာ အချိုလိုအပ်ပါက ကြက်သားမှုန့်ထပ်ထဲ့နိုင်ပါတယ်။
  • ဒါပေမဲ့ ပုဇွန်ရဲ့အချို၊ လတ်ဆတ်သောမျှစ်ရဲ့ အချိုကြောင့် ကျွန်မကတော့ ကြက်သားမှုန့်မထဲ့ပဲ ဒီအတိုင်းလေးပဲချက်ပါတယ်။
  • အရမ်းလတ်ဆတ်ချိုမြိန်တဲ့အရသာကို ခံစားကြရမယ်လို့အာမခံပါတယ်။
  • ကဲ…စမ်းချက်ကြည့်လိုက်ပါနော်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ခုက အီးဇီးကွတ် ဝေဝေ ရဲ့ ရခိုင် မျှစ်စပ်ဟင်း
(https://myanmargazette.net/148520)

မျှစ်ကို အစိမ်းအတိုင်း ငပိစိမ်းစားနဲ့ အစပ်ချက်စားလေ့ရှိတဲ့ ရခိုင်အကြိုက်ဟင်းတစ်မျိုးဖြစ်ပါတယ်။

ဟင်းချက်နည်းကို အသေးစိတ်မရေးတော့ပဲ ဟင်းတစ်ခုအနေနဲ့ မိတ်ဆက်ပေးချင်လို့ပါ။

မိုးရာသီမှာမှ ဝယ်လို့ရတဲ့ မျှစ်အနုလေးတွေကို ပုဇွန်၊ ငရုတ်သီး၊ ငပိစိမ်းစားတို့နဲ့ ရခိုင်စတိုင် ခပ်စပ်စပ်ချက်တဲ့ဟင်းက မိုးရာသီနဲ့ အလွန်လိုက်ဖက်ပါတယ်။ မျှစ်အရသာကို ပကတိအတိုင်း ခံစားလို့ရတာမို့ မျှစ်ကြိုက်တဲ့သူတွေ ချက်စားလို့ရအောင် မိုးရာသီမကုန်ခင် ကြော်ငြာပေးလိုက်ခြင်းဖြစ်ပါတယ် …

မျှစ်ကို ရခိုင်လို ဝါးတုတ်လို့ခေါ်ပါတယ်။ ဝါးတုတ်ဟင်းပေါ့ …

  • မျှစ်အစိမ်း (လှည်းတန်းဈေးမှာ ဝယ်လို့ရတယ်)အဖတ်အကြမ်းတွေ ဖယ်လိုက်တယ်
  • အဝိုင်းသေးသေးလေးတွေလှီးပြီး ရေစိမ်ထားလိုက်ပါတယ်။
  •  ကြက်သွန် အဖြူအနီ ပါးပါးလှီးပြီး ဆီသတ်ပါတယ်။
  • ပြီးတော့ ငရုတ်သီးအစိမ်းမှုန့်ထည့်တယ်။
  •  ပုဇွန်ထည့်တယ်။
  •  ရေဖျော်ထားတဲ့ရခိုင်ငပိစိမ်းစားနဲနဲထည့်တယ်။
  •  စပ်ချင်လို့ ငရုတ်သီးစိမ်းကိုလဲ ထောင်းထည့်လိုက်ပါတယ်။
  •  ခဏလောက် ပုဇွန်ကျက်အောင်လုပ်ပြီး မျှစ်တွေကိုထည့်ချက်ပါတယ်။
  •  မျှစ်က အစိမ်းမို့လို့ နူးသွားအောင် ရေနဲနဲထည့်ပြီး အဖုံးပိတ်ကာ မိနစ် ၂ဝ လောက် ချက်လိုက်ပါတယ်။
  •  ကျက်လို့ မြည်းကြည့်တော့ သိပ်စပ်နေတာနဲ့ သကြားနဲနဲထည့်လိုက်တယ်။
  •  အရောင် အဆင်း အနံ့အရသာ ထူးခြားတဲ့ မျှစ်စပ်ဟင်းက ထမင်းမြိန်စေပါတယ် …

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒီ တစ်ခါကတော့ မမနိုဗီ ရဲ့ ကရင် တာလပေါဟင်း ဖြစ်ပါတယ် ခင်ညာ။
(https://myanmargazette.net/153557)
ကဲ!! ဒီနေတော့ ကရင်တာလဘော့ဟင်းလေးချက်မယ်…

ပါဝင်ပစ္စည်းတွေကတော့…

  • ငါးခူ -၂ ကောင် (သို့) ငါးဖယ်ခြစ်  တစ်ဆယ်သား
  • ဆန်လှော်မှုန့် – ထမင်းစားဇွန်း ၄ဇွန်း
  • ဂျင်း / စပါးလင် / ကြက်သွန်ဖြူ  / ပင်စိမ်း
  • ငံပြာရည် / ဆီ   အနည်းငယ်
  • အသီးအရွက်တွေကတော့ ကိုယ်ကြိုက်နှစ်သက်ရာကို နည်းနည်းစီထည့်လို့ရပါတယ်
  • မနိုထဲ့တဲ့ အသီးအရွက်တွေကတော့
  • ပိန်းဥ / ဒညင်းဝက် / မျှစ်စိမ်းပြုတ် /ဂျူးမြစ် / မုန့်ညှင်းစိမ်း /ချဉ်ပေါင်ရွက်/ ခရမ်းကြွပ်သီး /ပဲသီး

ချက်ရအောင်…

  1. ငါးခူ နှစ်ကောင်ကို အသားလွှာပြီး ငါးဆုပ်လုံးလုပ်ရပါမယ်
  2. ငါးခူး (သို့) ငါးဖယ်ခြစ် တွေကို ထောင်းတဲ့ အချိန်မှာ ထောင်းထားတဲ့  (စပါးလင် / ဂျင်း / ကြက်သွန်ဖြူ  ) ဆန်လှော်မှုန့်တစ်ဇွန်း / ငံပြာရည် /ဆီနည်း ကိုအားလုံးရောပြီးထောင်းရပါမယ်…
  3. ပြီးရင် အလုံးလေးတွေလုပ် ပြီး ဆီနည်းနည်းလေးနဲ့ ဆီသပ်ထားလိုက်ပါ
  4. ရေ၃လီတာလောက်ကို ကျန်နေတဲ့ဆန်လှော်မှုန့်၃ဇွန်း / ငါးခူခေါင်းတွေ အလယ်ရိုတွေနဲ့ ချည်ထားတဲ့စပါးလင်အရွက်ကြမ်းတွေထဲ့ပြီးဆူလာအောင်တည်ပါ
  5. ဆန်မှုန့်တွေပွပြီးရေဆူလာပြီဆိုရင်တော့ ကိုယ်ကြိုက်နှစ်သက်တဲ့ အသီးအရွက်တွေကို ထဲ့ရပါ့မယ် မပါဖြစ်တာကတော့ ပင်စိမ်းပါဘဲ
  6. ဆူလာပြီဆိုရင်တော့ ဆားနဲ့ ဟင်းခတ်မှုန့်ကို လိုသလိုထဲ့လိုက်ပါ
  7. အသီးအရွက်တွေကျတ်ပြီဆို ရင်တော့ ပင်စိမ်းနံ့ မွှေးမွှေးလေးနဲ့ အရသာရှိတဲ့ ကရင်တာလဘော့ဟင်းလေးစားလို့ရပါပြီ…

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါက ယောက်ခမွ ဆာ ရဲ့ တာလပေါ ဟင်းးး
ခိခိခိ။
(https://myanmargazette.net/197659)

တလာဘောဟင်းပါဝင်ပစ္စည်းများ ~~~~

  • ဆန် နို့ဆီဗူးတစ်လုံးခန့် .ရေချို ပုဇွန် ၂၅ ကျပ်သား (တစ်ပိဿာ အကောင် ၆ဝ ဆိုက်) ရေငံပုဇွန်လည်း ချက်၍ရပါသည်။
  •  မျှစ်စိမ်း (ဝါးဘိုးမျှစ် မပြုတ်ရသေးခင် ) တစ်ချောင်း
  •  ငရုပ်သီးစိမ်း အတောင့် ၄ဝ ခန့် . ဒညင်းဝက် (သို့) ဒညင်းသီး မီးကင် နှစ်လုံး
  •  တစ်ထွာသာသာ ဗူး(သို့)ဖရုံ ညွှန့် ၅ ညွှန့်
  •  ပင်စိမ်းရွက် တစ်စီး ခန့်
  1. ပထမဆုံး ဆန်နို့ဆီဗူးတစ်လုံးစာလောက်ကိုရေစိမ်ပါ ။
  2. အတော်အတန် ဆန်များနူးလာပြီဆိုပါက ငရုတ်ဆုံထဲထည့်ထောင်းပါလေ ။(ကြိတ်စက်ဖြင့်သုံးပါက အလွန်ညက်အောင်မကြိတ်ပါနှင့်)
  3. ပုဇွန်များကို အခွံခါပြီးဆားနယ်ထားပါ ။
  4. ဗူးညွှန့်များကိုလည်း လက်နှစ်သစ်ခန့်ဖြတ်ထားပါ ။
  5. ပြီးနောက် ဒညင်းဝက်နှင့်မျှစ်စိမ်း များကိ်ုလည်း ပါးပါးလှီးထားပါလေ ။
  6. ရေ ၃ လီတာခွဲခန့်ကို ဆူပွက်သည်အထိကြိုပါ ။
  7. ပါးပါးလှီးထားသောမျှစ်စိမ်းများကိုထည့်ပါ။
  8. ရေဆူပြီဆိုတာနဲ့ ထောင်းထားသော ဆန်များကို ထည့်ပါလေ။
  9. ဆန်များနူပြီးဆိုလျှင် ပုဇွန် ၊ ဒညင်းဝက် ၊ နှင့် ငရုပ်သီးစိမ်းများအတောင့်လိုက်ထည့်ပါ ။
  10. မိနစ် ၂ဝ ခန့် အဖုံးဖွင့်၍ ကျိုချက်ပါလေ ။
  11. ထို့နောက် ပင်စိမ်းရွက်နှင့် ဗူးညွှန်များထည့်ပြီး ၅ မိနစ်ခန့် ဆက်လက်ဆူပွက်နေပါစေ ။
  12. အပေါ့အငန်မြည်း လိုလျှင်ဆားထည့်ပါ။
  13. ဟင်းကိုမိမိစိတ်ကြိုက် အပျစ်အကျဲကြည့်ပြီး ရေနွေးရောပါလေ ။
  14. အခုဆိုရင် …… ကရင်တာလဘော့ ဟင်းတစ်ခွက်ရပါပြီ ။

** အထူူးသတိပေးချက် ။ ။ မျှစ်များကို မချက်မှီ တစ်ညခန့်ကြိုတင်၍ ပါးပါးလှီးပြီးရေစိမ်ထားပါရန် ။ မျှစ်မှာပါဝင်နေသော အစီးများထွက်သွားရန်ဖြစ်သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

ဒါကတော့ စွယ်စုံ ကိုကိုကျောက် ရဲ့ ငါးရံ့နဲ့ မျှစ် ဟင်း ဖြစ်ပါတယ် ခင်ညာ။ (ဟိ၊ အဆူခံပြီး မေးထားရတာ၊ ဟွန့်)

  1. ငါးရံ့အရွယ်တော် တစ်ကောင်ကို ရေဆေးသန့်စင် 1-cm ခန့်အထူ အကွင်းလိုက်တုံးပြီး
  2. ငပိစိမ်းစား အနည်းငယ် ၊ နနွင်း ၊ အရောင်တင်မှုန့် ၊ ငံပြာရည် ၊ ဟင်းချိုမှုန့်နဲ့ နယ်ထားပါ ။
  3. ဆန်သန့်သန့် လက်တစ်ဆုပ် (စတီးဇွန်း ၂-ဇွန်းစာ) ကို ရဲနေအောင်လှော်ပြီး အေးသွားရင် လေးစိတ်ကွဲ ထောင်းထားပါ ။
  4. မျှစ်အချို အတုံးလိုက်ကို ခက်ယင်းဖြင့်မွအောင်ထိုးပြီး အကြောအတိုင်း ရွေပေးပါ …
  5. ပြီးလျင် ဆန်ဆေးရေဖြင့် နာရီဝက်ခန့်စိမ်ပြီး နူးသွားအောင်ပြုတ်၍ အရွယ်တော်တုံးပါ ။
  6. ဒယ်အိုးအတွင်း ဆီ စားပွဲတင် ၂-ဇွန်းခန့်ထည့်ပြီး ကြက်သွန်ဖြူ ကြက်သွန်နီ ချင်း ငရုတ်သီးစိမ်း (၃-တောင့်ခန့် – ကြိုက်ရင်ပိုထည့်) ကို ဆီသတ်ပါ ။
  7. အနံ့မွှေးလာလျင် ထုထောင်းပြီး ထုံးထားသော စပါးလင် တစ်ပင်ထည့် ဆန်လှော်ထည့်ပြီး လိပ်နေအောင်မွှေပါ ။
  8. ပြီးလျင် မျှစ်စူးထိုးနဲ့ ရေအနည်းငယ်ထည့်ပါ ။
  9. ဆန်လှော်ပွက်ပွက်ဆူလာလျင် ငါးထည့်ပြီး သာသာယာသာမွှေပါ ။
  10. သမသွားလျင် ရေလိုသလောက်ထပ်ဖြည့်ပြီး မီးအေးအေးဖြင့်တည်ထားပါ ။
  11. ရေဆူလျင် အရသာပြင် … ကြိုက်တတ်လျင် ရှမ်းနံနံလေးအုပ် ၊ မီးချပြီး သုံးဆောင်နိုင်ပါဘီ…
  12. ခွီး (အဲကြည့် ကြည့်။ အဲဒီ ခွီးးး က သများကို မာန်ဖီတာ။ ဟိဟိ)

~~~~~~~~~~~~~~~~~~~~~~

ဒီဟာကတော့ မွအိ ရဲ့ မျှစ်သုပ် ပါ.။

၁။ မျှစ်သုပ်ဖို့ အရင်ဆုံး မျှစ်တွေကို ပြုတ်လိုက်တယ်။ မျှစ်နူးတော့ ဆယ်ပြီး သေးသေးမျှင်မျှင်လေးတွေဖြစ်အောင် ခက်ရင်း (သို့) အပ်ချိတ်နဲ့ ခြစ်ပါတယ်။ ခြစ်ပြီးသား မျှစ်တွေကို အရည်တွေထွက်အောင် ညှစ်ထားပါ။
၂။ ကြက်သွန်နီ သုံးလုံးလောက် ပါးပါးလှီးပြီး တစ်လုံးစာလောက်ဖယ်၊ ကျန်တဲ့ကြက်သွန်နီတွေကို ဆီချက်ချက်ထားပါ။
၃။ ပါးပါးလှီးထားတဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီအစိမ်းနဲ့ မျှစ်တို့ကို သုပ်မယ့်ပန်းကန်ထဲ ထည့်ပြီး သံပုရာသီး တစ်စိတ်၊ ဆား၊ အချိုမှုန့်၊ ငံပြာရည်၊ ပဲမှုန့်၊ ဆီချက်တို့ စိတ်ကြိုက်ထည့်ပြီး သမအောင် နယ်ပါ။
၄။ မျှစ်သုတ်ကို ကြက်သွန်နီကြော်လေး ဖြူးပြီး သုံးဆောင်လို့ ရပါပြီ။

~~~~~~~~~~~~~~~~~~~~~~~~~~

တညား နည်း လားးး
ရှိတယ် ၂ မျိုးပဲ။
ဝက်သား နဲ့ချက်ရင် ချက်၊ မချက်ရင် ချဉ်ပေါင်နဲ့ ကြော်တယ်။
ဟိ။

ဝက်သားနှပ် နှင့် မျှစ် ဆီပြန်ဟင်း

  1. ဝက်သားကို တုံး
  2. တုံးပီးတာနဲ့ ဆား၊ ဟင်းခတ်မှုန့်၊ ငရုတ်သီးအစိမ်းမှုန့်၊ ပဲငံပြာရည် အကြည် နဲ့ နယ်ပီး ခဏလောက် နှပ်ထား
  3. ချက်မယ့် ဒယ်အိုးထဲမှာ … ဆီကိုထည့် …
  4. ဆီပူပီ ဆိုတာနဲ့ ကြိတ်ထားတဲ့ ြဖြူ၊ နီ၊ ဂျင်း ထည့်  ဆီသတ် …
  5. ပြီးရင် … နှပ်ထားတဲ့ ဝက်သားထည့်မွှေ
  6. ဆီသတ်ထားတဲ့ ကြက်သွန်နီဖတ်များနှင့် ဝက်သားကို နှံစပ်နေအောင် မွှေပီးမှ ….
  7. ငရုတ်သီးစိမ်းတောင့်လေးတွေကို အညှာခြွေပီး ထည့် …..
  8. ရေကို အသားတုံး မြုပ်ရုံလေး ထည့် …
  9. အသားနူးတဲ့ နောက်ဆုံး ရေ ထည့်ခါနီးမှာ မျှစ် လှီးထားတာလေးတွေထည့် …
  10. အာ့ပြီးတော့မှ ရေထည့်ပေးလိုက်ရင် ….
  11. မျှစ်လည်း နူး .. ဝက်သားလည်း ဆီပြန် ရေကျန် အနေအထား ရပါပီ။
  12. ငပိထောင်းလေးနဲ့ စားပြီး သွေးကျဆေးသောက်ပြီး အိပ်လိုက်ပါ။ ညင့်ညင့်ညင့်

မျှစ်ချဉ်ပေါင်ကြော်

  • မျှစ်ချဉ်ပေါင်ကြော် အတွက် လိုအပ်သောပစ္စည်းများမှာ
  • ဆီ သင့်တော်သလောက် (အရမ်းရှင်းတယ်နော်)
  • ချဉ်ပေါင် အစည်းအသေး ဆို ၄ စည်း လောက်မှ
  • မျှစ်ပြုတ်ပြီးသား ၂ ချောင်းလောက်
  • နံနံပင် အနည်းငယ်၊
  • ငရုပ်သီးစိမ်းအနည်းငယ်၊
  • ငံပြာရည် ထမင်းစားဇွန်း တစ်ဇွန်း၊
  • ငရုပ်အစိမ်းမှုန့် လ္ဘက်ရည်ဇွန်း(၁)ဇွန်း
  • ပုစွန်ခြောက်မှုန့် ထမင်းစားဇွန်း(၁)ဇွန်း၊
  • ဆား လ္ဘက်ရည်ဇွန်း(၁)ဇွန်း၊ တို့လိုအပ်ပါတယ်။
  • ချဉ်ပေါင်ကိုသင်ပြီး ရေဆေးထားးး
  • ပြီးရင် မျှစ်ကို ရှည်လိုက်လေးတွေ လှီးးး
  • ငရုပ်သီးကိုလဲ ဖင်ခွဲ
  1. ကြော်မဲ့ အိုးထဲ ဆီထည့်
  2. ကျက်ရင် မီးနည်းနည်းလျှော့ပြီး ငရုပ်စိ်မ်းမှုန့်ကိုထည့်ပါ။
  3. ငရုပ်စိမ်းမှုန့်ကျက်လာရင် မျှစ်ကိုထည့်မွှေပါ။
  4. မျှစ်ထည့်ပြီး (၂)မိနစ်လောက် မီးဖိုပေါ်မွှေပြီးရင် ငရုပ်သီးစိမ်းတောင့် ထက်ခြမ်းခွဲလှီးထားတာထည့်ပါ။
  5. ပြီးရင် ပုစွန်ခြောက်မှုန့်ထည့်ပါ။ (တညားက ပုဇွန်ဆိတ် ရရင် ပုဇွန်ဆိတ်ထည့်တယ်)
  6. ခဏရောမွှေပြီးတာနဲ့ ချဉ်ပေါင်ထည့်ပြီး ကြာကြာကြေကြေမွှေ (ဟောဟဲ၊ တညားကလေ မြန်မာပြည်က ရှိသမျှ အမျိုးတွေ ကို ချဉ်ပေါင်မွှေပြီးသား တောင်းလို့ ဒီ အဆင့် ကို ကျော်ချတယ်လို့)
  7. ချဉ်ပေါင်အကုန်ထည့်ပြီးရင် ဆား၊ ငံပြာရည်၊ ငပိစိမ်းစား နည်းနည်း ထည့်ပြီးမွှေပေးပါ။
  8. (၁၀)မိနစ်လောက်မွှေပြီးတဲ့အခါမှာ ချဉ်ပေါင် နူးအိလာပါလိမ့်မယ်။ အဲဒီအခါမှာ နံနံပင် အုပ် (ကြိုက်ရင် ပြောပါတယ်)
  9. (၂)မိနစ်လောက်နေရင် မီးပိတ်လိုက်ပါ။
  10. ချဉ်ပေါင်ကြော်ကို ရပါဘီ။
  11. တစ်ချို့က ကြက်သွန်တို့ ဂျင်းတို့ ပါ ငရုတ်သီးနဲ့ တူတူ ဆီသတ်တယ်။ ပိုကောင်းတာပေါ့။ အဟီးဟီးးး
  12. ငုတ်သီး အစိမ်းမှုန့် အစား ငုတ်သီးခြောက်ကို ရေစိမ်ပြီး ကြိတ်ပြီးမှ ဆီသပ် ရင် ပိုကောင်းတယ်။

~~~~~~~~~~~~~~~~~~~~~~~~~

နောက် လျှောက်ရှာလိုက်တော့ ထိုင်းစတိုင် ကြက်သားနဲ့ မျှစ် နဲ့ ကြော်ထားတာ ဆိုဗျဲ။
http://www.simon-vlog.com/2013/07/blog-post_9334.html#ixzz3XSLqi454
မဝတ်ရည်  (Food House) ရဲ့ နည်းလေးပါ။

ကြက်သား နှင့် မျှစ်ကြော်
တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်လေးပါ။ အချိန်တိုတိုအတွင်း ချက်စားနို်င်သည့် ဟင်းအသစ်
အဆန်းလေးကို ချက်စားကြည့်ရအောင်…

ပါဝင်သောပစ္စည်းများ
1.ကြက်သား (ရင်ဗုံသား) – ၂ဝ ကျပ်သား (အရှည်လိုက်လေးများ လှီးပါ)
2.မျှစ် – ၅ကျပ်သား ( အရှည်လေးများ လှီးပါ)
3.မှိုခြောက်ပွင့် – ၃ခု (ရေနွေးဖြင့် နူးအောင် ၂မိနစ်ခန့် ပြုတ်ပြီး အတုံးလေးများ တုံးပါ)
4.သခွာသီး – ၁ခု ( တစ်ဝက်ဝက်ပြီ အဝိုင်း ပါးပါးလေးများ လှီးပါ)
5.ငုန်းဥ – ၅လုံး (ပြုတ်ပြီ အခွံနွှာထားပေးပါ)
6.ပဲငံပြာရည် (အကြည်) – စားပွဲတင်ဇွန်း ၁ဇွန်း
7.ပဲငံပြာရည် (အနောက်) – လက်ဖက်ရည်ဇွန်း ၁ဇွန်း
8.နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
9.ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)
10.Five spices powder (တရုတ် ဟင်းခတ်အမွှေးအကြိုင်) – လက်ဖက်ရည်ဇွန်း တဝက် (CityMart ဆိုင်မှာ ဝယ်ယူနိုင်ပါသည်)
11.ဆား – လက်ဖက်ရည်ဇွန်း တဝက်

ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီ (စားပွဲတင်ဇွန်း ၄ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ၊ မှိုခြောက်တုံးလေးများကို ထည့်ပြီ ၁မိနစ်ခန့် မွှေပေးပါ။

၂။ ပြီးလျှင် ကြက်သားများကို ထည့်ပြီ ရောမွှေလိုက်ပါ။

၃။ ထို့နောက် အရသာ အပေါ့အငံ့အတွက် ပဲငံပြာရည် အကြည်၊ ပဲငံပြာရည် အနောက်၊ နှမ်းဆီ၊ Five spices powder၊ ဆား တို့ကို ထည့်ပြီး ရောမွှေပေးပါ။

၄။ ကြက်ပြုတ်ရည် (သို့) ရေ (လက်ဖက်ရည် ပန်းကန်လုံး ၁လုံး)ကို ဒယ်ထဲထည့်ပြီ ကြက်သားနူးအောင်ထိ တည်ထားပေးပါ။

၅။ ပြီးမှ မျှစ်၊ ငုန်းဥ နှင့် သခွာသီး များကို ထည့်ပြီး ၁မိနစ်ခန့် ထပ်ရောမွှေလိုက်ပါ။

၆။ အရသာ ထူးကဲသော တရုတ်စတိုင် ကြက်သားနှင့် မျှစ်ကြော်ကို ထမင်းပူပူလေးဖြင့် စားသုံးနိုင်ပါပြီ…

~~~~~~~~~~~

နောက်တစ်ခုက တော့ မျှစ် နဲ့ ကြက်သား အုန်းနို့ချက်တဲ့။
(ဘုရား ဘုရားး ဆေးဆောင်ထားမှ)

http://smokenspice.blogspot.sg/2007/10/blog-post_12.html

မျှစ် နဲ့ ကြက်သား အုန်းနို့ချက်

ပါဝင်သော အရာများ

  • ကြက်သား
  • မျှစ်
  • အုန်းနို့
  • ငံပြာရည်
  • ငရုပ်သီးအနီတောင့်
  • ယိုးဒယား အနီရောင် ဟင်းနှစ် (Thai Red Curry Paste)
  • Basil Leaves , Mint Leaves (သို့မဟုတ်) ရှောက်ရွက်
  • ငရုပ်ကောင်းမှုန့်
  1. အရင်ဆုံးကြက်သား ကို လက်တစ်ဆစ်လောက် (သို့) လိုသလိုတုံးပါ၊ ကြက်သား အသားချည်းပဲဖြစ်ဖြစ် အရိုးနဲ့ အသားဖြစ်ဖြစ် နဲ့ချက်နိုင်ပါတယ်။ မူရင်း Recipe မှာတော့ အသားနဲ့ ချက်ထားပါတယ်၊ ရှင်မင်းကတော့ကြက်ကောင် တဝက်လောက် ခုတ်ထစ်ပြီး အရိုးအသားမျှပြီးချက်ပါတယ်။
  2.  အရင်ဆုံး အုန်းနို့ အမုန့်ကိုရေနွေးလေး နဲ့ ဖျော်ပါတယ်။ အုန်းနို့ ဘူးတွေလည်း သုံးလို့ရပါတယ်။ အုန်းနို့က ကြိုက်ရင်ကြိုက်သလို များများထည့်ပါနော်။
    ချက်မယ့်အိုးထဲကို အုန်းနို့ရည်ဖျော်ထားတာ တဝက်ထည့်ပါတယ်..
  3. မီးပြင်းပြင်းနဲ့ မွေပေးပါ။
  4. အုန်းနို့တွေ ပြစ်လာရင်၊ ယိုးဒယား အနီရောင်ဟင်းနှစ် (Red Curry Paste)ထည့်ပါ။တီးစပွန်း နဲ့ ၄ ဇွန်းကျော်ကျော်ထည့်ပါတယ်။ Red Curry Paste ပုလင်းတွေကို ယိုးဒယား ဆိုင်၊တရုတ်ဆိုင်တွေမှာ အလွယ်တကူ ဝယ်နိုင်ပါတယ်။ဟင်းအိုးကပ်မသွားအောင် ပုံမှန်မွှေပေးရပါတယ်။
  5. သမသွားရင် ကြက်သား၊ ငံပြာရည် ထည့်ပါ။
  6. ကြက်သား ထည့်ပြီး ၃ မိနစ်ကနေ ငါးမိနစ်လောက်ထည့် မွှေရပါတယ်။
  7. ကြက်သား အရောင်ပြောင်းလာရင် ၊ ကျန်တဲ့ အုန်းနို့ရည်တဝက် နဲ့ မျှစ်ကို ထည့်ပါတယ်။
  8. မျှစ်ကိုလည့်း အသင့် ဘူး လှီးပြီးသား ဝယ်နိုင်ပါတယ်၊ ဒါမှမဟုတ် မျှစ်တုံးကို လက်နှစ်ဆစ် စာလောက်အပြားလိုက်လှီးပြီးထည့်ပါ။
  9. ရေအနည်းငယ်ထည့်ပြီး မီးအရှိန်ပုံမှန်လေးနဲ့ နှပ်ထားရပါမယ်။
  10. ဟင်းအိုးချခါနီးမှာ ငရုပ်သီး အနီတောင့်လေးတွေကိုလှီး ထည့်ပါ။
  11. ဟင်းအိုးချပြီးရင် ရှောက်ရွက် ၊ Basil နဲ့ Mint အရွက်များလိုသလိုထည့်စားနိုင်ပါတယ်။
  12. ခပ်ပူပူလေးစားချင်ရင် ငရုပ်ကောင်းမှုန့်ခပ်ပြီးစားသုံးနိုင်ပါတယ်။
  13. ယိုးဒယား မျှစ် နဲ့ ကြက်သား အုန်းနို့ချက်ကို သင်္ဘောသီးထောင်း ၊ ခရမ်းချဉ်သီးသုပ် စတဲ့ ချဉ်ချဉ်စပ်စပ် အသုပ်တွေနဲ့ စားသုံးရင် လိုက်ဖက်ပါတယ်ရှင်။

~~~~~~~~~~~~~~~~
ဒါက ဖွဘုတ်က အမတစ်ယောက်ပြောတဲ့နည်းးး

မျှစ်ဆန်လှော်

  1. မျှစ်အစိမ်း ဆိုပေါက်ထား (အာ့ ပါးပါးလှီးတယ် လို့ ပြောတာတဲ့)
  2.  မျှစ်ဆန်လှော်ချက်ဖို့ အိုးထဲရေထည့် ဆီပါလေကာ၊ဆား၊ငပိ၊ ကြက်သွန်ဖြူ ခရမ်းချဉ်သီး၊ ပုဇွန်ခြောက်၊ငရုပ်ကောင်းအနည်းငယ်၊ခရမ်းကစော့သီး ထည့်ကာ ရေနွေးဆူအောင်တည်ပါတယ်..
  3.  ငါးရံ့ကြိုက်ရင် ထည့်လို့ ရသတဲ့။
  4.  ရေဆူလျှင် ပါးပါးလှီးထားသော မျှစ်ကိုထည့်
    ဆန်ကို ညိုရောင် သန်းလာအောင် လှော်ပြီး အမှုန့်ထောင်းထားတာကို ထည့်ပါတယ်..
  5.  ဟင်းအိုး ကျပြီဆိုလျှင် ပင်စိမ်းရွက်ကို ခတ်ပြီး အပေါ့အငံမြည်းကာ ချလို့ ရပါပြီ။
  6. ဆန်လှော်နဲ့ ပင်စိမ်းနံ့ သင်းပျံ့ပျံ့ မျှစ်ဆန်လှော်ဟင်းတစ်ခွက် ရပါပြီ။

~~~~~~~~~~~~

 

နောက်ဆုံးမှ မျှစ် အကြောင်း သိကောင်းစရာ
ရွာ ရဲ့ သဘုန် (အဲလေ ဟုတ်ပေါင်) စလစ်ဗျစ်တီ တစ်ယောက်ဖြစ်တဲ့ ကိုဂျီး ရဲစည်မှ ရေးသားထားပါဒီ ခင်ညာ။

(https://myanmargazette.net/181667)

မျှစ်ဆိုသည်မှာ

မိုးကာလ ရောက်ရင်ဖြင့် ဝါးရုံတို့အလယ် မျှစ်ဟုခေါ်သော ဝါးစို့တို့ အလျှံအပယ် ပေါ်ပေါက် တတ်ပါတယ်။ မြန်မာအခေါ် မျှစ်ပေါ့ … လူတို့နဲ့ အပြိုင် မျှစ်ဆိုသော အရာကို ဝက်တို့လဲ ကြိုက်ပါတယ်။ လူတို့ စားသုံးစရာ အနှီ ဝါးစို့တို့ကို ဝက်နဲ့ အပြိုင် တောထဲမှ ချိုင်ရပါတယ် ( အသေးစိတ် သိလိုသူများ တွတ်ပီ စာစဉ်တွင် ရှု ) အနှီဝါးစို့များ၏ မူလအရောင်မှာ စွတ်စွတ်မဖြူ ခပ်ကျင့်ကျင့် အရောင်ရှိပါတယ်။ အနီးကပ် သေချာစွာ ကြည့်ပါက ဝါးပင်တွင် ကပ်ညိနေတတ်သော အပ်၏ ထုထည်ပမာဏ ၃မီလီမီတာခန့် အရှည်ရှိ အမွှေးနှင့် အလားတူ ယားစေတတ်သော အရာများ တထွေးကြီးပါရှိပါတယ်။ သင်ဟာ တောထဲ တောင်ထဲ ရောက်နေပါက မျှစ်ဟုခေါ်သော အနှီဝါးပင်ပေါက် (ဝါ) ဝါးစို့များကို ချက်ချင်း ဆွတ်ယူပီး စား၍မရ ရေနွေးနှင့်ပြုတ် (ဝါ) ရေဖြင့် ခပ်ကြမ်းကြမ်းဆေး၍ … ပြုတ်ဆေးပီး သကာလမှသာ ချက်ပြုတ်စားသောက်နိူင်ပါတယ်။

မျှစ်ပြုတ်ရမလား? မပြုတ်ရဘူးလား?

မပူပါနှင့် တောထဲမှ ချိုးယူ ဖြတ်ယူလာသော ဝါးစို့တို့ကို မျှစ်ဟု အခေါ်မရောက်သေးသော မခေါ်ဆိုအပ်သေးသော ဒိုင်အောက်ဆုံးအဆင့်တွင် ပထဦးစွာ အချိန်ဖြင့်ဝယ်ယူပါသည်။ ထို့နောက် အပေါ်တွင် ရှိနေသော အကြောမာ(ဝါ) အထူသားများကို ဖယ်ရှားပါသည်။ ထိုသို့မဖယ်ခင်ကပင် ဝါးပိုးလား ( မျှစ်ချဉ်) ကြက်သောင်းလား၊ ဝါးယောင်းလား၊ ထီးတန်းလား၊ အင်းလား၊ စသဖြင့် များသောအားဖြင့် ဝါးပိုးကိုသာ မျှစ်ချဉ်လုပ်ရန် သပ်သပ်ခွဲ၍ ကျန်ဝါးစို့များကို သာမာန်မျှစ်လုပ်ရန် ရွေးချယ်ပါသည်။ မျှစ်ခူးသူမှသည် မျှစ်နောက်ဆုံး စားသုံးသူအထိ ရိုးရိုးတွက်ချက်ပါက အဆင့်၅ဆင့် ရှိပါသည်။

မျှစ်ချိုးသူ – မျှစ်ဒိုင်တစ် (ပြုတ်၊ ခွာ ၊ ခွဲ) – မျှစ်ဒိုင်၂ ( ဆိုး၊ ဖြန့် ) – မျှစ်ဒိုင်၃ (လက်ကားဖြန့်) – မျှစ်၄ ( အရောင်းသမား) – နောက်ဆုံးစားသုံးသူ consumer

မျှစ်ရဲ့ မူလအရောင်

မျှစ်တွင် အရောင်အတိအကျ သတ်မှတ်ရန် မရှိပါ။ ဝါးအမျိုးအစားအလိုက် အရောင်ကွဲပါသည်။ သို့ရာတွင် အသင် စာရှုသူတို့ စားသုံးနေသော ဝေဖန်နေသော မျှစ်ဟူသမျှသည် ဝါးပင်ရုံ၏ အောက်ခြေမှ နေ့မကူးမီ အချိန်အတွင်း ရေနွေးဖျောခြင်း တက်နင်းခြင်း ( ဥရောပရှိ Cider လုပ်ငန်းများ သကဲ့သို့ ) အရောင်အနည်းငယ်ဆိုးခြင်း၊ အရောင်ချွတ်ခြင်း၊ စသည့်ကိစ္စတို့ကို ပြုမူပီးဖြစ်ပါသည်။ သို့ရာတွင် နောက်ဆုံး ဈေးထဲရောင်းချသည့် အဆင့်ထိ ဝါသော ( အဝါဆို ဝါးခယ်မက ပုစွန်ဥလေးနဲ့ကြော်) နီသော ( ချဉ်ပေါင်၊ ရုံးပတီနဲ့ ချဉ်ရည်ချက်ရင်ချက်၊ မချက်ရင် ပုစွန်ခြောက်ကလေးနဲ့ကြော် ခပ်ခြောက်ခြောက်လေး) ဖြူစွတ်သော ( ဝက်ရိုးနဲ့ဖြစ်ဖြစ်၊ ငါးဒန်ခေါင်းနဲ့ဖြစ်ဖြစ် ) အနှီ မျှစ်ဝါ၊ မျှစ်နီ၊ မျှစ်ချဉ် တို့သည်ကား အသင် မပြုတ် ဆေးမဆိုးသော်ငြား အော်ရီဂျင်နယ်လီး ဒချိ ဒချိပင် ဖြစ်ပေတော့သည်။

မျှစ် အလေ့အထ

အထက်တွင် ဖော်ပြခဲ့သလို မျှစ်နီသော ဝါသော ဖြူသော အလေ့အထတို့ကို ဆရာကြီးဒေါက်တာသန်းထွန်းနှင့် ဆရာမကြီး ဒေါ်စောမုံညင်းတို့ကို မေးပါကလဲ သူရို့မသိနိူင်ကုန်၊ ကျနော့် မတော်လိုက်ရသော ယောက်ခမ ကျောက်ပန်းတောင်း-ပျဉ်းမနား တကြောအပိုင်စား ပျဉ်းမနား ဒေါ်ထွေး မျှစ်ချဉ်လုပ်ငန်းအား သမီးငမ်း၍ ဝင်လုံးရာမှ ဃဂနဏ သိခြင်းပင်ဖြစ်ပေသည်။ မျှစ်ဝါဆိုကြော်၊ မျှစ်နီဆို ချဉ်ရည် ဆိုသည်မူကား အနော်ရထာမင်းလက်ထက်ကလား ဘယ်မင်းလက်ထက်ကျင့်သုံးသနည်း ကျနော်လည်း မသိပါ … သေချာတာကတော့ ကျနော့်အမေရဲ့ အမေလက်ထက်လောက်တွင် ရှိနေပေပြီဟု ထထစ်ချ ဆိုနိူင်ပေသည်။

မျှစ်ကလေး ဘာကြောင့် အစင်းစင်းထ

ဇာဂနာကြောင့်ထ ဟု ပြောလိုပါသည်။ ( ကိုသူရ မဟုတ် … စကားမစပ် အဲ့လူဂျီး ခုတလော ပျောက်နေတယ် ဘာသံမှ မကြား ) မျှစ်စို့ ဝါဝါများအား ဇာဂနာဖြင့် ခြစ်ပီးနောက် ဓါးဖြင့်ပြန်လှီးကာ အချောင်းချောင်း လေးများပြန်ရောင်းတတ်ပါသည်။ မျှစ်နီကိုမူ ဇဂနာဖြင့် ခြစ်ယုံသာ ခြစ်၍ အတုံးလိုက် ရောင်းတတ်ပါသည်။

49 comments

  • အောင် မိုးသူ

    May 11, 2015 at 10:48 am

    မျှစ်တော့ကြိုက်တယ်။ မျှစ်ကို အမျှင်တွေထက် အဝိုင်းလေးတွေလှီးပြီး ချက်ပြုတ်စားတာ ပိုကြိုက်တယ်။

    • ခင်ဇော်

      May 11, 2015 at 3:36 pm

      မျှစ်ကို ပြုတ်ပြီး ငါးပိထောင်း နဲ့ တို့စားလို့လည်းကောင်းတယ်။

      :k:

  • Alinsett @ Maung Thura

    May 11, 2015 at 11:59 am

    မျှစ်ဆိုလို့… သတိရသွားတာက…
    ဆရာတာရာမင်းဝေရဲ့.. အရုပ်မြို့တော် ဆိုတဲ့ စာအုပ် ။
    အဲဒီ စာအုပ်ထဲမှာ .. စက်ရုပ်က သူ့သခင်စားဖို့ဆိုပြီး ယူလာတာ… စက္ကူတွေ…
    သူ့သခင်က ဒေါသထွက်သွားတော့ စက်ရုပ်က ဖြေရှင်းပြတာ…
    မျှစ်ဆိုတာလည်း ဝါးကနေ ဖြစ်တာပဲ…
    စက္ကူဆိုတာလည်း ဝါးကနေဖြစ်တာပဲ… အတူတူပါပဲလို့ ပြန်ဖြေရှင်းလို့..
    သူ့သခင်ကြီး ဟိုက်ခနဲဖြစ်သွားတဲ့ပုံ…

    :k:

    ဦးဇာဂနာ (ဦးမောင်သူရ) ကြီး ခုတလော ငြိမ်နေတာတော့ ဟုတ်တယ်..
    ဒါမယ့် ရှိပါတယ်။ ငြိမ်ငြိမ်လေးထိုင်ကြည့်နေတာဖြစ်မယ်..
    စကားသွားပြောရင်တော့ ပြန်ပြောသားပဲ…

    😆

    • ခင်ဇော်

      May 11, 2015 at 3:37 pm

      ဟီးဟီးး
      ဆက်ဆက် ကော်မန့်ဖတ်ပြီး ရီလိုက်ရတာ.။

      :mrgreen:

  • kai

    May 11, 2015 at 3:26 pm

    ယူအက်စ် အာရှသားတွေဆိုင်တွေမှာ.. ဗူးသွပ်မျှစ်အရွယ်မျိုးစုံရောင်းပါတယ်…။
    မျှစ်ချဉ်လည်းရှိပါသဗျ…။

    မျှစ်ချဉ် ၂ပေါင်ဗူး ၅ဒေါ်လာလောက်ပေးရပါတယ်..။
    ဆီစိမ်ထားတဲ့.. ချိုချိုမျှစ်များလည်းရှိသဗျ..။

    မြန်မာလို မုတ်သုန်မိုးနဲ့ မြေပေါတဲ့နိုင်ငံမျိုး… မျှစ်/ဝါးနဲ့လုပ်စားတာတင်… ကမ္ဘာကျော်လောက်ပါတယ်..
    အလုပ်အကိုင်အခွင့်အလန်းလည်း တော်တော်များများရနိုင်ပါတယ်..။
    ဘယ်ကဘယ်လို.. ချော်တောငေါ့ပြီး.. ကြက်ဆူပင်/သီးဖက်ရောက်သွားတယ်မသိ..။

    • ခင်ဇော်

      May 11, 2015 at 3:33 pm

      ယတြာလေ။
      စုကြည် မတက်အောင် ယတြာခြေတာ ကြက်ဆူ တွေ စိုက်ပြီးပေါ့။

      🙁

  • Alincho

    May 11, 2015 at 3:29 pm

    စာဖတ်ရတာ ဗိုက်ဆာလိုက်ထာနော်…

    • ခင်ဇော်

      May 11, 2015 at 3:33 pm

      ခိခိ
      ချက်စား ကျိကျိ။

      :k:

  • Mike

    May 11, 2015 at 4:10 pm

    .မျှစ်ကိုဘယ်လို ဖြစ်ဖြစ်ကြိုက်တယ်
    .သုပ်စားတာတော့အကြိုက်ဆုံးပဲ

    • ခင်ဇော်

      May 11, 2015 at 4:15 pm

      ဟုတ်ပါ့။
      ပြောရင်း စားချင်

      :k:

  • Ma Ei

    May 11, 2015 at 4:19 pm

    အလွယ်ဆုံးမျှစ်သုပ်ကတော့ အဲ့မျှစ်ပြူတ်ပီးသား၊ ဇာဂနာခြစ်ပီးသားကို
    ငပိထောင်းနဲ့နယ်သံပုရာရည်ထပ်ညှစ် စားလိုက်တာပါပဲ … 🙂
    ပြောရင်းစားချင်…

    • ခင်ဇော်

      May 11, 2015 at 4:23 pm

      မွအိ နည်း ပါတယ်ကော၊
      ခိခိ

      :k:

  • Ma Ma

    May 11, 2015 at 4:42 pm

    တခါတလေ သတ်သတ်လွတ်စားတဲ့အခါ မျှစ်ကို ပဲပြုတ်နဲ့ကြော်တာကို ကြိုက်တယ်။
    ချက်ရတာ လွယ်ကူရှင်းလင်းပြီး စားလို့လည်းကောင်းတယ်။
    မျှစ်က ဂေါက်သမားတွေနဲ့တော့ မတည့်ဘူးတယ် ထင်တယ်။ 🙁

    • ခင်ဇော်

      May 11, 2015 at 4:53 pm

      ဂေါက် နဲ့ မျှစ် တည့်မတည့် မသိဘူးးတော့..
      ပဲပြုတ်နဲ့ ကြော်တာ အားးဂျီးး ကြိုက်
      :k:

    • kai

      May 11, 2015 at 5:21 pm

      ဂေါက်သမားတွေ မျှစ်စားလို့မဖြစ်ဖူးထင်တယ်..
      အောက်ကစာရင်းမှာပါတယ်..။ သိပ်များများတော့မဟုတ်..။
      သာမန်အားဖြစ်လည်း.. မြေအောင်းဟာတွေမှာ ယူရစ်အက်ဆစ်များတယ်… မှတ်ထားတာပဲ..။
      http://www.goutpal.com/915/foods-high-in-uric-acid-a-surprising-myth/
      Foods High in Uric Acid
      To find a particular food quickly, use your browser Find function (usually Ctrl-F).
      Food Purines
      (Uric Acid
      mg/100g)
      Theobromine 2300
      Yeast, Brewer’s 1810
      Neck sweet bread, Calf’s 1260
      Sprat, smoked 804
      Sheep’s spleen 773
      Yeast, Baker’s 680
      Ox liver 554
      Pig’s heart 530
      Pig’s spleen 516
      Pig’s liver 515
      Mushroom, flat, edible Boletus, dried 488
      Fish, sardines in oil 480
      Liver, Calf’s 460
      Ox spleen 444
      Pig’s lungs (lights) 434
      Ox lungs (lights) 399
      Fish, sardine, pilchard 345
      Spleen, Calf’s 343
      Pig’s kidney 334
      Fish, trout 297
      Fish, Tuna in oil 290
      Ox kidney 269
      Fish, Tuna 257
      Ox heart 256
      Liver, chicken 243
      Fish, Redfish (ocean perch) 241
      Heart, Sheep’s 241
      Fish, Anchovy 239
      Black gram (mungo bean), seed, dry 222
      Fish, Herring, Matje cured 219
      Kidney, Calf’s 218
      Fish, Herring, Atlantic 210
      Horse meat 200
      Bean, Soya, seed, dry 190
      Fish, Herring roe 190
      Lamb (muscles only) 182
      Fish, Halibut 178
      Chicken (breast with skin) 175
      Veal, muscles only 172
      Fish, salmon 170
      Poppy seed, seed, dry 170
      Pork muscles only 166
      Goose 165
      Sausage, liver (liverwurst) 165
      Fish, Saithe (coalfish) 163
      Fish, Carp 160
      Ox tongue 160
      Pork leg (hind leg) 160
      Chicken, boiling fowl, average 159
      Pork fillet 150
      Pork shoulder with skin (blade of shoulder) 150
      Turkey, young animal, average, with skin 150
      Veal knuckle with bone 150
      Veal, leg of veal with bone 150
      Veal, neck with bone 150
      Lungs, Calf’s 147
      Shrimp, brown 147
      Fish, Mackerel 145
      Pork chop with bone 145
      Caviar (real) 144
      Sunflower seed, dry 143
      Pike 140
      Pork chuck 140
      Veal chop, cutlet with bone 140
      Veal fillet 140
      Veal, shoulder 140
      Fish, Haddock 139
      Duck, average 138
      Venison haunch (leg) 138
      Pig’s tongue 136
      Scallop 136
      Beef, muscles only 133
      Rabbit meat, average with bone 132
      Fish, Sole 131
      Ham, cooked 131
      Bean, seed, white, dry 128
      Lentil, seed, dry 127
      Pork belly, raw, smoked dried 127
      Beef, chuck 120
      Beef, fore rib, entrecote 120
      Pork hip bone (hind leg) 120
      Lobster 118
      Chicken (chicken for roasting), average 115
      Mussel 112
      Sausage “Jagdwurst” 112
      Beef, fillet 110
      Beef, roast beef, sirloin 110
      Beef, shoulder 110
      Chicken, leg with skin, without bone 110
      Fish, Pike-perch 110
      Fish, Cod 109
      Peas, chick (garbanzo), seed, dry 109
      Grape, dried, raisin, sultana 107
      Linseed 105
      Rabbit/Hare (average) 105
      Venison back 105
      Sausage salami, German 104
      Sausages, frying, from pork 101
      Pork belly 100
      Barley without husk, whole grain 96
      Sausage “Mortadella” 96
      Pea, seed, dry 95
      Oats, without husk, whole grain 94
      Plaice 93
      Brain, Calf’s 92
      Mushroom, flat, edible Boletus, cep 92
      Sausages, frying, from veal 91
      Oyster 90
      Frankfurter sausages 89
      Sausage “Bierschincken” 85
      Pea, pod and seed, green 84
      Pig’s brain 83
      Broccoli 81
      Bean sprouts, Soya 80
      Tench 80
      Nuts, peanut 79
      Artichoke 78
      Fish, eel (smoked) 78
      Sausage “Fleischwurst” 78
      Sausage, Vienna 78
      Ox brain 75
      Leek 74
      Sausages, German (Mettwurst) 74
      Apricot 73
      Sausage “Munich Weisswurst” 73
      Cocoa powder, oil partially removed, not including theobromine 71
      Grass, Viper’s (black salsify) 71
      Meat, luncheon 70
      Brussel sprouts 69
      Tofu 68
      Chives 67
      Fig (dried) 64
      Plum, dried 64
      Millet, shucked corn 62
      Sesame (gingelly) seed, Oriental, dry 62
      Fish, Crayfish 60
      Crispbread 60
      Mushroom 58
      Banana 57
      Beef, corned (German) 57
      Parsley, leaf 57
      Spinach 57
      Peppers, green 55
      Pudding, black 55
      Corn, sweet 52
      Cauliflower 51
      Rye, whole grain 51
      Wheat, whole grain 51
      Oyster, mushroom 50
      Kale 48
      Beans, French, dried 45
      Pumpkin 44
      Pasta made with egg (noodles, macaroni, spaghetti, etc. 40
      Lettuce, Lamb’s 38
      Almond, sweet 37
      Beans, French (string beans, haricot) 37
      Cabbage, savoy 37
      Nuts, hazelnut (cobnut) 37
      Date, dried 35
      Elderberry, black 33
      Melon, Cantelope 33
      Cabbage, red 32
      Cheese, Limburger, 20% fat content in dry matter 32
      Celeriac 30
      Morel 30
      Quince 30
      Bamboo Shoots 29
      Mushrooms, canned, solid and liquid 29
      Olive, green, marinated 29
      Cress 28
      Grape 27
      Kohlrabi 25
      Nuts, Walnut 25
      Plum 24
      Squash, summer 24
      Asparagus 23
      Nuts, Brazil 23
      Bilberry, blueberry, huckleberry 22
      Cabbage, white 22
      Aubergine 21
      Chinese leaves 21
      Peach 21
      Rolls, bread 21
      Strawberry 21
      Avocado 19
      Beet root 19
      Kiwi fruit (Chinese gooseberry, strawberry peach) 19
      Orange 19
      Pineapple 19
      Caviar substitute 18
      Potato, cooked with skin 18
      Raspberry 18
      Carrot 17
      Cherry, Morello 17
      Currant, red 17
      Endive 17
      Mushrooms, Chanterelle 17
      Mushrooms, Chanterelles, canned, solids & liquids 17
      Gooseberry 16
      Potato 16
      Sauerkraut, dripped off 16
      Radish 15
      Apple 14
      Beer, real, light 14
      Bread, wheat (flour) or (white bread) 14
      Fennel leaves 14
      Beer, Pilsner lager beer, regular beer, German 13
      Lettuce 13
      Onion 13
      Radishes 13
      Chicory 12
      Pear 12
      Rhubarb 12
      Tomato 11
      Cheese, cottage 9.4
      Beer, alcohol free 8.1
      Yogurt, min. 3.5% fat content 8.1
      Cucumber 7.3
      Cheese, Brie 7.1
      Cheese, edam, 30% fat content in dry matter 7.1
      Cheese, edam, 40% fat content in dry matter 7.1
      Cheese, edam, 45% fat content in dry matter 7.1
      Cherry, sweet 7.1
      Cheese, Cheddar/Cheshire cheese, 50% fat content in dry matter 6

  • kai

    May 11, 2015 at 5:16 pm

    ကျန်းမာရေးအချက်အလက်… လာစုထားတာ..။


    Health benefits of bamboo shoots

    Bamboo shoots are one of very low calorie vegetables. 100 g fresh canes hold just only 27 calories.

    Bamboo heart compose of moderate levels of soluble and non-soluble (NSP-non starch carbohydrates) dietary fiber. 100 g of fresh shoots provide 2.2 g of roughage. Dietary fiber helps control constipation conditions, decrease bad (LDL) cholesterol levels by binding to it in the intestines. Studies suggest that high-fiber diet can help cut down colon-rectal cancer risk by protecting intestines from the toxic compounds in the food.

    Bamboo hearts are also rich in B-complex group of vitamins such as thiamin, riboflavin, niacin, vitamin B-6 (pyridoxine), and pantothenic acid those are essential for optimum cellular enzymatic and metabolic functions.

    Bamboo is good in minerals, especially manganese and copper. In addition, it has small amounts of some essential minerals and electrolytes such as calcium, iron, and phosphorus. Manganese is utilized by the human body as a co-factor for the antioxidant enzyme, superoxide dismutase. Copper is required in the production of red blood cells. Iron is required for cellular respiration and red blood cell formation.
    Bamboo shoots compose an excellent levels of potassium. 100 g of fresh shoots hold 533 mg or 11% of daily required levels of potassium. Potassium is an important component of cell and body fluids that helps controlling heart rate and blood pressure by countering effects of sodium.

    • ခင်ဇော်

      May 11, 2015 at 6:11 pm

      ကျေးကျေး တဂျီးးး
      ကျနော် မရှာနိုင်တော့လို့ ။
      :k:

  • အရီး လေး

    May 11, 2015 at 9:54 pm

    မျှစ်​ဆိုရင်​ လာထား ဘယ်​လိုချက်​ချက်
    ဗန်​​မော်​ မျှစ်​ချဉ်​ ​ခေါက်​ဆွဲ ​တော်​စား​ကောင်​း

    • ခင်ဇော်

      May 12, 2015 at 6:31 am

      ခိခု..
      ခု က မျှစ် ချည်းးပဲ အရင် စု လိုက်တာ..
      မျှစ်ချဉ် က မစု နိုင်သေးးဘူးး
      :k:

  • မြစပဲရိုး

    May 12, 2015 at 12:14 am

    ဒီမှာ တရုတ် ကလာတဲ့ စည်သွပ် မျှစ်ဘူး တွေ ရလို့ တစ်ခါတစ်ခါ စား တယ်။
    ဒီနည်း တွေ နဲ့ ချက်ပြီး မှတ်တမ်းတင် ပုံတွေ လာမယ် ဟေ့။
    ကျေးဇူး ပါ အားလုံး။ :-)))

    • ခင်ဇော်

      May 12, 2015 at 6:33 am

      ဟုတ်တယ်..
      အမှန် က ဓာတ်ပုံလေးးတွေ နဲ့ က ပိုမြိုင်မယ်

      ဟီးးဟီးးး

  • Mr. MarGa

    May 12, 2015 at 11:17 am

    ပလိန်းကြော်​တာကလွဲလို့ ကျန်တဲ့နည်း အကုန်​ကြိုက်

    • ခင်ဇော်

      May 12, 2015 at 11:19 am

      ပလိန်း ကြော်လည်း ပုဇွန်ခြောက် ထောင်းလေးနဲ့မှ အိုစကေတာ။

      :k:

  • ဝင့်ပြုံးမြင့်

    May 12, 2015 at 12:45 pm

    .ဪ မျှစ်ဘဝ မသက်သာ။

    • ခင်ဇော်

      May 12, 2015 at 1:33 pm

      မျှစ်မမ မျှစ်လေးတွေကို သနားသွားပြီ၊
      ဟိဟိ

      :k:

  • Crystalline

    May 12, 2015 at 1:44 pm

    မျစ်​ပြုတ်​နုနု​လေး​တွေကို အကွင်​းတုံး… ပုဂျွန်​..ပဲသီး.. ခရမ်​းပြုတ်​သီး..အာလူး… စိမ်​းစားငါးပိ.. ငြုတ်​သီးစိမ်​း​ထောင်​း​လေးနဲ့အိုးကပ်​ချက်​စားငြုတ်​သီးစိမ်​း​ထောင်​း​လေးနဲ့အိုးကပ်​ချက်​စားလည်​း​ကောင်​းတယ်​… ကြိုက်​​ပေမယ်​့ သိပ်​မစားဖြစ်​တဲ့အစာ​တွေ​ပေါ့.. :))

    • ခင်ဇော်

      May 12, 2015 at 1:46 pm

      ခုထိတော့ စားတိုင်း ဝင်နေ၊ စားလို့ ရနေလို့ စားမိနေတာပဲ၊.

      ၊ဟီးဟီး

      :k:

  • black chaw

    May 12, 2015 at 2:28 pm

    မျှစ်ပြုတ် ကို ငါးပိရည် နဲ ့ တို ့စားရတာကို
    ကြိုက်တယ်။
    အာ့ လာ ပြော တာ။

    • ခင်ဇော်

      May 12, 2015 at 2:30 pm

      အွန်။
      ခက်ခက်ခဲခဲပဲ..
      :k:

  • မဟာရာဇာ အံစာတုံး

    May 12, 2015 at 3:11 pm

    တားဂဒေါ့ …
    အိုက်မျှစ်ကို ဟိုပုံပြင် ကြားပီးတည်းက
    မကျိုက်ဒေါ့လို့
    ဘာမှ ပြောဒေါ့ဘူးနော် …
    Bty … မမဂျီးရဲ့ မျှစ် Collection အစွမ်းကိုတော့ ချီးကျူးခန်း ဖွင့်ခဲ့ဘာဒယ် ခညာ …

    • ခင်ဇော်

      May 12, 2015 at 3:21 pm

      ဘာ ပုံပြင်လဲ??
      ရဘူးးး ကြိုက်ရမှာဗျဲ

      :k:

      • မဟာရာဇာ အံစာတုံး

        May 12, 2015 at 3:29 pm

        အဲ့ပုံပြင်က
        မမဂျီး တို့ သိလို့ ရဘူးခည .. ဟီးဟီး … :mrgreen:

  • aye.kk

    May 12, 2015 at 4:14 pm

    မနေ့ကကင်ပွန်းချဉ်နဲ့မျှစ်ကြော်စားတယ်။
    ဝက်သားစင်းပြီးထည့်ချက်တယ်၊စားလို့ကေါင်းတယ်။
    ဒီနေ့ကမျှစ်နဲ့စတော်ပဲနဲ့ကြက်သွန်နီဆီသပ်ပြီးကြော်စားတယ်။
    အာ့လာပြောပြတာ၊တီအေး။

    • ခင်ဇော်

      May 12, 2015 at 4:17 pm

      ကင်ပွန်းချဉ်နဲ့ ကြော်တာ မစားဖူးဘူး တီအေးး
      ချဉ်ပေါင်နဲ့ ကြော်သလို အရသာပဲ ထင်တယ်နော်။

      🙂

  • aye.kk

    May 12, 2015 at 4:22 pm

    အရသာဆင်တူတယ်။
    တစ်မျိုးစီစားလို့ကေါင်းတယ်။
    ကင်ပွန်းချဉ်နဲ့ကြော်စားတာကို၊ပိုပြီးနှစ်သက်မိတယ်။။

  • အောင် မိုးသူ

    May 12, 2015 at 4:35 pm

    လောလောဆယ်တော့ မျှစ်အတုံးလေးတွေကို ရခိုင်ချက် စပ်စပ်လေးစားချင်မိနေတယ်။

  • ဦးကြောင်ကြီး

    May 13, 2015 at 9:52 am

    မျှစ်ကို ပုဇွန်အသေးလေးတွေနဲ့ ငရုတ်သီးစိမ်းစပ်စပ် ရောကြော်စား လွမ်ဆွာကောင်းအိ..

    • ခင်ဇော်

      May 13, 2015 at 10:33 am

      အယ်။
      ထီထိုး ရမယ်။
      ကောင်းကောင်းမွန်မွန်တွေ ချက်ပြနေတယ်။

      :k:

      • surmi

        May 13, 2015 at 11:30 am

        ကြောင်လည်း မြန်တျန့်သားဆိုတော့
        ဇာတိကိုဘယ်စွန့်နိုင်ပါ့မလဲ 🙂

        • ခင်ဇော်

          May 13, 2015 at 1:33 pm

          ဒါပေါ့
          ဒါပဲနော် ကြောင်..
          မစွန့်နိုင်ပဲ လျှောက် လျှောက် မအြောနဲ့
          :k:

  • weiwei

    May 15, 2015 at 9:47 am

    မျှစ်ဆိုရင်တော့ အကုန်ကြိုက်တာပဲ … ပြုတ်ပြုတ် ကြော်ကြော် ချက်ချက် လုပ်ချင်သလိုလုပ် အကုန်ကြိုက်တယ် ..

    • ဇီဇီခင်ဇော်

      June 19, 2015 at 10:16 am

      ဝေ့ ဆီမှာ လာလာ ယူ စရာတွေအများကြီးပဲ။
      ဟေးဟေးဟေး

      :k:

  • kai

    June 19, 2015 at 3:32 am

    ဇီဇီရေ…
    ဒီဇူလိုင်လမှာ..ဒီ… မျစ်ဟင်းတွေထည့်မယ်နော…။

    • ဇီဇီခင်ဇော်

      June 19, 2015 at 10:15 am

      ဟမ်?
      အရင်ဟာတွေ ကုန်ပြီလားဟမ်?

      မေးသာမေးရ ဘာတွေ ပေးထားမှန်းတောင် မသိလိုက်တော့ဘူးး
      ခီးခီး

      :k:

      • kai

        June 19, 2015 at 10:46 am

        တလဟင်းတမယ်မဟုတ်တာမို့.. ကုန်တာမြန်တယ်လေ..။
        ကျန်တောတွေတော့ရှိ..။
        အကျန်တွေစုပြီး… အကျန်များဆိုပြီး.. တလထည့်ပါ့မယ်..။

        အဲဒီဟင်းချက်နည်းတွေချည်း.. သတင်းစာကနေဖြဲပြီး.. စုသိမ်းထားသူတွေရှိတယ်ဗျ..။
        အနိစ္စ..။

        စကားအတင်းစပ်….။
        ယူအက်စ်ကို.. RIT ဆင်းတွေ re union လာကြဖို့လုပ်နေတာ.. အဲဒါ.. ဆွိမမတို့သူငယ်ချင်းတွေ စုပြီးလာပါလား..။
        စင်္ကာပူက ကိုယ်စားလှယ်က.. ဆရာဦးကျော်စိန်..။
        Singapore U Kyaw Sein (M-65) ukyawsein@yahoo.com 64051525 94524262
        ဗီဇာ..ဘာညာ လိုရင်သူလုပ်ပေးလိမ့်မယ်..။ယူအက်စ်က ဦးဆောင်လုပ်တဲ့ဆရာက.. ဘုန်းကြီးကျောင်းဂေါပကမှာပါသမို့.. လူ ၅ဝစာလောက် ဘုန်းကြီးကျောင်းမှာနေရာစီစဉ်ပေးမယ်ဆိုတာပဲ..။
        နေခ သက်သာတာပေါ့..။ တပါတ်လောက်အချိန်ယူလာရင်တော့.. အထင်ကရနေရာတွေ ဘတ်စ်ကားငှားပြီးလိုက်ပို့ပေးမယ်လေ..။

        အောက်တိုဘာ ၁ရနော…။
        http://rit-alumni.org

        • ဇီဇီခင်ဇော်

          June 19, 2015 at 11:24 am

          ဟမ်မငီးးး
          ရောဂါငြိမ်နေတာကို လာဆွပြန်ဘီ အရပ်ကတို့။
          အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် အကြောင်းကြောင်း တွေလို့ ပဲမှတ်ပါတယ်။
          ကြိုးစားနေတယ်။
          အာမ မခံနိုင်တာခက်။

          :a:

        • ဦးကျောက်ခဲ

          June 19, 2015 at 12:57 pm

          တဂျီးရယ် … ရွာသူရွာသားတွေကို မသနားဘူးလား… 🙁
          တစ်ရွာလုံးကို ဓာတ်ပုံတမုန်းတင်ပြီးနှိပ်စက်တော့မှာဗျ…

        • ဇီဇီခင်ဇော်

          June 19, 2015 at 3:05 pm

          အဟိဟိ။
          အခွိခွိ။

          :k:

Leave a Reply