မိတ်ဆက်ပုံပြင်

AlinchoMay 5, 20151min58550

 

.ဟိုးရှေးရှေးတုန်းကပေါ့ကွယ် အလွန်သာယာလှပတဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာကြီးရဲ့ သာယာ လှပပုံတွေ၊ .ရွာသူရွာသားတွေရဲ့ ဖော်ရွေပြီးဉာဏ်ပညာ ပြည့်ဝပုံတွေဟာ ရွာနီးချုုပ်စပ်မှာ အလွန် တရာမှ သတင်းကြီးသတဲ့။ .အဲဒီရွာလေးရဲ့ကောင်းသတင်းတွေကို မိန်းမပျိုလေးတစ်ဦးကလည်း သူနဲ့ရင်းနှီးပြီးလေးစားရတဲ့ အဲဒီရွာသူအန်တီတစ်ယောက်ဆီက .ကြားသိရပြီး အလွန်တရာမှ စိတ်ဝင်စားကာ အချိန်ရတိုင်း ရွာနားနီးစပ်ကနေ စောင့်ကြည့်အကဲခတ်နေသတဲ့။ အဲဒီလိုနဲ့ မိန်းမပျိုလေးဟာ .ရွာကလေးရဲ့ ကောင်းသတင်းတွေဟာ အပြောမျှသာမဟုတ်တာကို သိရှိရပြီး ရွာလေးရဲ့ သာယာလှပမှုတွေကိုခံစားရင်း အသိပညာ .ဗဟုသုတတွေကိုလည်း သင်ယူလေ့လာ ချင်တဲ့အတွက် ရွာသူတစ်ယောက်အဖြစ် မှတ်ပုံတင်ကာ ရွာထဲကို .အရဲစွန့်ဝင်ရောက်လာခဲ့သတဲ့ကွယ်။

 

.ရွာထဲကိုရောက်ရှိပြီးတော့လည်း မိန်းမပျိုလေးဟာ ရွာသူရွာသားများနဲ့ ရင်းနှီးချင်လာပြန်သတဲ့။ ဒါပေမယ့် ရွာထဲမှာ .မိန်းမပျိုလေးရဲ့အသိဆိုလို့ အန်တီဒုံတစ်ယောက်သာ ရှိတာကြောင့် အဖော်မဲ့ နေရှာတဲ့ မိန်းမပျိုလေးဟာ အဝေးကနေပဲ .ရွာသူရွာသားတွေရဲ့ လှုပ်ရှားမှုတွေကို မျှော်ကြည့် နေရရှာတာပေါ့ကွယ်။ တစ်နေ့တော့ အလုပ်တာဝန်တွေများတဲ့ကြားကပဲ .သူငယ်ချင်းလိုချင်လှတဲ့ မိန်းမပျိုလေးဟာ ရွာထိပ်ကနေပြီး သူမည်သူမည်ဝါဖြစ်ကြောင်းကို တစ်ရွာလုံးကြားအောင် မိတ်ဆက် သတဲ့။ .တစ်ရွာလုံးက သူ့ကိုထွက်ကြည့်မကြည့်၊ သူမရဲ့ဆန္ဒတွေပြည့်မပြည့်ကိုတော့ သူမကိုယ်တိုင်လည်း အသေအချာ မသိသေးပါဘူးတဲ့။ .အဲဒီမိန်းမပျိုလေးရဲ့ နာမည်ကတော့ အလင်းချိုပါတဲ့ကွယ်။

50 comments

  • aye.kk

    June 16, 2015 at 5:28 pm

    အလင်းလဲချို၊ရွာလဲချို
    အားလုံးကြိုဆို……………ချိုချိုချို။

Leave a Reply