အလင်းခြုံတဲ့ သတင်း Zone−36
အပါတ်စဉ် စီစဉ်တင်ဆက်ပေးနေတဲ့ အလင်းခြုံတဲ့ သတင်း Zone (သို့ မဟုတ်) အောင်ဇေမီဒီယာရဲ့ ဒီတစ်ပါတ် သတင်းကဏ္ဍကနေ
တင်ပြပေးသွားမယ့် သတင်းတွေကတော့…
ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အဖြစ်နဲ့ မြန်မာ့အခြေအနေသတင်း ၊
မြန်မာပြည်ရဲ့ ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးရေးအတွက်
ကနေဒါနိုင်ငံက ဒေါ်လာ ခြောက်သိန်းနီးပါး ကူညီပေးအပ်တဲ့သတင်း၊
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းပြောကြားလိုက်တဲ့ သတင်းအချက်အလက်များ၊
သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့သတင်းများ၊
ဒေသခံပြည်သူ ၇ ထောင်ကျော် ကန့်ကွက်ဆန္ဒပြလိုက်တဲ့ လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းဆိုင်ရာ သတင်း၊
မြန်မာအစိုးရကို ချေးငွေတွေ ထုတ်ပေးမယ့် ကမ္ဘာ့ဘဏ်ကို တုံ့ပြန်ပြောဆိုလိုက်တဲ့ NLD ရဲ့ ပြောကြားချက်သတင်း ၊
နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံတမန်တွေ မြန်မာပြည်ထဲကို လာရောက်လေ့လာခဲ့ပြီးနောက် ထွက်ပေါ်လာတဲ့ နောက်ဆက်တွဲသတင်းများ၊
လက်ကိုင်ဖုန်းတွေကတဆင့် လျှပ်စစ်စီးဝင်ပြီး မိုးကြိုးပစ်ခံခဲ့ရသူတွေ များပြားလာတဲ့ မြန်မာနိုင်ငံနဲ့ မိုးကြိုးအန္တရာယ်သတင်း၊
ရှမ်းပြည်မြောက်ပိုင်းမှာ တရားမဝင်သတ္တုကျောက်တွေ လာရောက်သယ်ယူနေတဲ့ တရုတ်နိုင်ငံသားပိုင် ကားတွေကို ဖမ်းဆီးမိတဲ့သတင်း၊
မြန်မာပြည်တွင်းက ရွေးကောက်ပွဲကာလနဲ့ သတင်းမီဒီယာသမားများ အရေးကို ကုလသမဂ္ဂနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောဆိုတိုက်တွန်းချက်များ၊
ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့ MNDAA နဲ့ ပတ်သက်တဲ့ သတင်းတွေကို သတင်းမီဒီယာတွေမှာ မဖော်ပြရဘူးလို့ မြန်မာစစ်တပ်က ကြေညာလိုက်တဲ့ သတင်း၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ၊ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ သတင်းအခြေအနေများ၊
မန္တလေးက ဦးပိန်တံတားနဲ့ တောင်သမန်အင်းအခြေအနေသတင်း၊
ချင်းပြည်နယ်တွင်းက စစ်ဘေးဒုက္ခသည်များရဲ့ အခြေအနေများ၊
သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုလိုက်တဲ့ သူရဦးရွှေမန်းရဲ့ပြောဆိုမှုများ၊
အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးရေးအတွက် အလုပ်သမားတွေ ဆန္ဒပြတောင်းဆိုကြတဲ့သတင်းများနဲ့ ၊
US မှာ ပြုလုပ်မယ့် ပွဲလမ်းသဘင်ဆိုင်ရာ သတင်းများ…
အခြား သိမှတ်ဖွယ်ရာ ထူးခြားသတင်း အဖြာဖြာကို စုစည်းတင်ပြပေးသွားမှာ ဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မှန်းချက်က နှမ်းထွက်…တဲ့..
မေ ၇ ။
မြန်မာပြည်က ဘာသာရေးဆိုင်ရာ အကြမ်းဖက်မှု ပဋိပက္ခများ တားဆီးရေးအတွက်
ကနေဒါနိုင်ငံက ဒေါ်လာ ငါးသိန်းရှစ်သောင်း ကူညီသွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။
မြန်မာနိုင်ငံရဲ့ လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ ဒီမိုကရေစီရေး တိုးတက်အားကောင်းလာအောင်ဆောင်ရွက်ရာမှာ၊ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး
လိုအပ်နေတဲ့အတွက် ကူညီပံ့ပိုးပေးတာဖြစ်ကြောင်း သိရပါတယ်။
အခုလို ပေးအပ်တဲ့ ထောက်ပံ့ငွေဟာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ ကနေဒါ သံအမတ်
Andrew Bennett ရဲ့ နှစ်စဉ်အသုံးစရိတ် ခွင့်ပြုငွေ ဒေါ်လာ ၅ သန်း ထဲကနေ ပေးအပ်တာဖြစ်ကြောင်းလည်း သိရပါတယ်။
အဆိုပါ ကူညီငွေကို ပညာရေးကနေ တဆင့် ဘာသာရေးလွတ်လပ်မှု မြှင့်တင်ဖို့နဲ့ ဘာသာရေးလွတ်လပ်မှု ချိုးဖေါက်တဲ့လုပ်ရပ်တွေကို
အပြုသဘော ထူထောင်ပေးရေးဆိုတဲ့ စီမံကိန်းနှစ်ခုအတွက် အသုံးပြုစေချင်ကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဒါ ဂုဏ်ယူစရာ မဟုတ်ဖူး
.မေ ၆ ။
.မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့
(Countries of Particular Concern – CPC) နိုင်ငံ အဖြစ် US နိုင်ငံခြားရေးဝန်ကြီးဌာနက ဆက်လက်သတ်မှတ်ဖို့ တောင်းဆိုတိုက်တွန်းမှုတွေ ရှိနေပါတယ်။
US အပြည်ပြည်ဆိုင်ရာ ဘာသာရေးလွတ်လပ်မှု ကော်မရှင် (USCIRF) က
.မြန်မာနိုင်ငံကို ဘာသာရေး လွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံအဖြစ် ဆက်လက် ထားရှိဖို့ တောင်းဆို အကြံပြုလိုက်တာ ဖြစ်ပါတယ်။
.မြန်မာပြည်မှာ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်အတွင်းက လူနည်းစုဘာသာဝင်တွေနဲ့ တိုင်းရင်းသားတွေဟာ ဘာသာရေးအရ လွတ်လပ်ခွင့်မရခြင်း ၊ ခွဲခြားဆက်ဆံခံရခြင်း ၊
အကြမ်းဖက်ခံရခြင်းတွေ ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်ပြီး စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်လက် သတ်မှတ်ဖို့
USCIRF အကြံပြုခဲ့တာဖြစ်ပါတယ်။
.မြန်မာပြည်ဟာ ၁၉၉၉ ခုနှစ်ကတည်းက ဘာသာရေးလွတ်လပ်မှုနဲ့ ပတ်သက်လို့
စိုးရိမ်စရာကောင်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် US နိုင်ငံခြားရေးဝန်ကြီးဌာနက သတ်မှတ်ခဲ့တာဖြစ်ပြီး၊ ၂၀၁၄ ခုနှစ် ၊ဇူလိုင်လ ကလည်း ထပ်မံသတ်မှတ်ခဲ့ရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချိုမိုင်မိုင် မကနဲ့
.မေ ၆ ။
.မြန်မာပြည်က ဖွဲ့စည်းပုံပြင်ဆင်ရေးကို ဆက်လက် ဆောင်ရွက်သွားဖို့အရေးတွေနဲ့
လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်အောင် ဆောင်ရွက်သွားဖို့အရေးကို
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကို တိုက်တွန်းလိုက်ကြောင်း သိရပါတယ်။
မေလ ၅ ရက်နေ့က US ၊ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ သူရဦးရွှေမန်းနဲ့
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ တွေ့ဆုံခဲ့ပြီးနောက် ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်နိုင်ရေး၊
အများ ပြည်သူ လက်ခံနိုင်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာရေး၊
နိုင်ငံရေးဆွေးနွေးပွဲတွေနဲ့အတူ အမျိုးသား ပြန်လည်သင့်မြတ်ရေး…
လူ့အခွင့်အရေးကို အကာအကွယ်ပေးနိုင်ရေး … စတဲ့ ကိစ္စတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက တိုက်တွန်းခဲ့ပါတယ်။
ဒါ့အပြင် လွှတ်တော်တွင်းမှာ မတ်လ ၃၁ ရက်နေ့တုန်းက ပြည်လုံးကျွတ် အပစ်အခတ် ရပ်ဆဲရေးဆိုင်ရာ မူကြမ်းကို သဘောတူနိုင်ခဲ့ကြတဲ့အပေါ်
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုခဲ့ပြီး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက် တိုးတက်လာအောင် လွှတ်တော်ကတဆင့် ထိရောက်အောင် ဆောင်ရွက်ဖို့
သူရဦးရွှေမန်းကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။
US ကို ရောက်ရှိနေတဲ့ သူရဦးရွှေမန်းဟာ US ဒုတိယနိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့လည်း တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
US အာဏာပိုင်တွေနဲ့ တွေ့ဆုံစဉ်မှာ မြန်မာပြည်တွင်းက အမျိုးဘာသာ ၊ သာသနာ စောင့်ရှောက်ရေးအတွက် အဆိုပြုတင်သွင်းထားတဲ့
ဥပဒေမူကြမ်းတွေကို စိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ မြန်မာပြည်ရဲ့ လူ့အခွင့်အရေး စိန်ခေါ်ချက်တွေကို သေချာ ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်နေကြောင်း
US အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သင်တို့ ဖမ်းဆီရိုက်နှက်သော်လည်း ကျွန်ုပ်တို့ ဆန္ဒပြပါဦးမည် ။
.မေ ၅ ။
ရန်ကုန်မြို့က မြို့တော်ခန်းမရှေ့ ဆန္ဒပြပွဲကြီး အကြမ်းဖက်ခံရမှု (၂)လပြည့်တဲ့ အထိမ်းအမှတ်အပြင် သာယာဝတီ အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့
သပိတ်မှောက် ကျောင်းသားကျောင်းသူတွေကို လွှတ်ပေးဖို့ကိုပါ မန္တလေး ဒေသခံတွေက ဆန္ဒပြတောင်းဆိုလိုက်ပါတယ်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ တောင်းဆိုခဲ့တဲ့ ကျောင်းသားသပိတ်ကို ထောက်ခံတဲ့အနေနဲ့ရော လက်ပံတန်းအရေးအခင်းမှာ ဖမ်းဆီလိုက်ရတဲ့
ပညာရေးလှုပ်ရှားသူတွေ လွတ်မြောက်ဖို့ အတွက်ပါ အခုလို ဆန္ဒပြတောင်းဆိုတာဖြစ်ကြောင်း သိရပါတယ်။
.ပြီးခဲ့တဲ့ မတ်လ ၅ ရက်နေ့က ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ လက်ပံတန်းကျောင်းသားသပိတ်စစ်ကြောင်းကို အကြမ်းမဖက်ဖို့
ဆန္ဒပြတောင်းဆိုသူတွေကို မြန်မာရဲတပ်ဖွဲ့နဲ့ လက်ပတ်နီဝတ်ထားတဲ့ အရပ်သားတွေက ရိုက်နှက်ဖမ်းဆီးခဲ့တဲ့အဖြစ်ကို ပြန်လည်သတိရစေတဲ့
ဆန္ဒဖော်ထုတ်မှုလည်း ဖြစ်ခဲ့ပါတယ်။
လက်ရှိသာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ကျောင်းသားကျောင်းသူပေါင်း အယောက် (၇၀) နီးပါးရှိနေပြီး
အဲဒီထဲက အမှန်တကယ် ကျောင်းတက်နေသူတွေကို အာမခံပေးဖို့အတွက် သက်ဆိုင်ရာရှေ့နေတွေက ကြိုးစားနေရကြောင်း သတင်းရရှိပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဓါတ်အားပေးစက်ရုံတွေများတဲ့ကြားက မီးပျက်တဲ့တိုင်းပြည်
.မေ ၅ ။
မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ မြန်မာအစိုးရနဲ့ ထိုင်း-အခြေစိုက် Toyo-Thai ကုမ္ပဏီတို့ ပူးပေါင်းပြီး အကောင်အထည်ဖော်မယ့်
.ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ စီမံကိန်းကို ဒေသခံ ၇၀၀၀ ကျော်က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
အဆိုပါ ဆန္ဒပြပွဲကြီးဟာ ဒေသခံပေါင်း ၇ ထောင်ကျော်ပါဝင်တဲ့ လူအုပ်စုကြီး ဖြစ်ခဲ့ပြီး
.မြန်မာအစိုးရဟာ ဒေသခံတွေ ကန့်ကွက်ထားတာကို လက်မခံဘဲ သဘောတူစာချုပ် ချုပ်ဆိုခဲ့တဲ့အတွက် အခုလိုဆန္ဒပြရတာ ဖြစ်ကြောင်း သိရပါတယ်။
ဒီဖြစ်ရပ်ဟာ ဒေသခံတွေရဲ့ဆန္ဒကို အလေးမထားပဲ အစိုးရပိုင်းက လက်မှတ်ထိုး ဆောင်ရွက်လိုက်တာကြောင့် ကြီးထွားလာတဲ့ ပြဿနာဖြစ်ပြီး
.ကျောက်မီးသွေး စက်ရုံစီမံကိန်းဟာ ဆိုးကျိုးများတာကြောင့် ကန့်ကွက်နေကြတာလို့ ဆိုပါတယ်။
အဆိုပါ စီမံကိန်း အကောင်အထည်ဖော်ဖို့အတွက် လျှပ်စစ်ဝန်ကြီးဌာနက Toyo-Thai ကုမ္ပဏီနဲ့ ပြီးခဲ့တဲ့ ဧပြီလ ၉ ရက်နေ့က
သဘောတူလိုက်တာ ဖြစ်ပြီး ကျောက်မီးသွေးစီမံကိန်းကို မြေဧက ၅၀၀ အတွင်းမှာ အကောင်အထည်ဖော်မှာ ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်ကနေ ၄နှစ်ကြာအောင် အကောင်အထည်ဖော်မယ့် အဆိုပါ စီမံကိန်းကို US ဒေါ်လာ သန်းပေါင်း (၂၇၀၀) ရင်းနှီးမြှုပ်နှံမှာဖြစ်ပြီး
တစ်နှစ်ကို လျှပ်စစ်ဓါတ်အား ၁၂၈ဝ မဂ္ဂါဝပ် ထွက်ရှိမယ်လို့ သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.မေးသင့်တဲ့မေးခွန်း
.မေ ၅ ။
ကမ္ဘာ့ဘဏ်က ထုတ်ပေးတဲ့ ချေးငွေတွေနဲ့ မြန်မာအစိုးရရဲ့ စီမံကိန်းတွေ ဆောင်ရွက်တာနဲ့ပတ်သက်ပြီး
ဒီစီမံကိန်းတွေဟာ ဘယ်လောက် ပွင့်လင်း မြင်သာမှုရှိပြီး ဘယ်လို အကျိုး ရှိစေသလဲဆိုတာကို ရှင်းရှင်းလင်းလင်း သိစေဖို့
ကမ္ဘာ့ဘဏ်ကိုယ်စားလှယ်များအနေနဲ့ လာရောက် ရှင်းလင်းပြစေလိုကြောင်း NLD ပါတီက ဖိတ်ခေါ်လိုက်ပါတယ်။
.မြန်မာအစိုးရဟာ ကမ္ဘာ့ဘဏ်ရဲ့ ချေးငွေတွေကို အသုံးပြုပြီး မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန ဖွံ့ဖြိုးရေးအတွက်
.ဒေါ်လာ သန်း (၄ဝဝ) တန် စီမံကိန်းတွေ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
ကမ္ဘာ့ဘဏ်ရဲ့ အတိုးမဲ့ ချေးငွေတွေနဲ့ ဆောင်ရွက်နေတဲ့ စီမံကိန်းတွေဟာ မြန်မာပြည်မှာ ဘယ်လောက် အကျိုးရှိ/မရှိ
သိစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ကမ္ဘာ့ဘဏ်အနေနဲ့ လာရောက် ရှင်းပြစေချင်တာ ဖြစ်ကြောင်း NLD က ပြောပါတယ်။
ဒါ့အပြင် ကမ္ဘာ့ဘဏ်ဘက်က နောက်ထပ် ထုတ်ပေးလာမယ့် ကိစ္စတွေကို မူတည်ပြီး …
.ပြုလုပ်မယ့် စီမံကိန်းတွေကို NLD က ထောက်ခံမယ် / မထောက်ခံဘူးဆိုတာ ဆုံးဖြတ်သွားမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူ့အခွင့်အရေးရယ် ဘာသာရေးရယ် ရွေးကောက်ပွဲရယ်… တူနှယ့်တဲ့နှယ်…
.မေ ၄ ။
US နဲ့ ကနေဒါနိုင်ငံတွေဆီက နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံတမန်တွေဟာ
.မြန်မာပြည်ထဲကို မေလ ၂ ရက် က ၅ ရက်နေ့အထိ လာရောက် လေ့လာမှုတွေ ပြုခဲ့ကြပါတယ်။
ဘာသာရေးဆိုင်ရာ လာလေ့လာမှုတွေ အခုလိုလာရောက် ပြုလုပ်တာဟာ ၂၀၁၅ ရွေးကောက်ပွဲ ကာလအတွင်းမှာ
ဘာသာရေးကို အသုံးချပြီး အမုန်းတရားနဲ့ ပဋိပက္ခ ဖြန့်ဖြူးမှုများ ဖြစ်ပွါးလာမှာကို စိုးရိမ်မိတာကြောင့် ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာအစိုးရဟာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးအခမ်းအနားတွေ လုပ်နေတာထက်
.အောက်ခြေ အစိုးရအဖွဲ့အစည်းတွေအတွင်းက ဘာသာရေးအရ ခွဲခြားဖိနှိပ်မှုတွေ မရှိအောင် ပြုပြင်ဖို့ လိုအပ်ကြောင်း တိုက်တွန်း ပြောဆိုခဲ့ပါတယ်။
.မြန်မာပြည်ဟာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမှာ တိုးတက်မှုတချို့ ရှိနေပေမဲ့
ဘာသာရေးဘက်မှာတော့ တင်းမာမှုတွေရှိနေဆဲဖြစ်ကြောင်း ၊
လူနည်းစုသာ ကိုးကွယ်တဲ့ ဘာသာတွေအနေနဲ့ အခက်အခဲတွေ ကြုံတွေ့နေရသေးကြောင်း
US ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ အထူးသံအမတ်ကြီး David Saperstein က.မြန်မာပြည် ခရီးစဉ်အတွင်း သုံးသပ်ဝေဖန်လိုက်ပါတယ်။
ဒါ့အပြင် မကြာခင် ပြဌာန်းနိုင်ခြေ ရှိနေတဲ့ မျိုးစောင့်ဥပဒေမူကြမ်း ၄ ရပ်ဖြစ်တဲ့ ဘာသာကူးပြောင်းခြင်း၊
ဘာသာခြား လက်ထက်ထိမ်းမြားခြင်း၊ တစ်လင်တစ်မယားစနစ်နဲ့ လူဦးရေတိုးပွားနှုန်း … စတဲ့အချက်တွေဟာ
လူ့အခွင့်အရေးကို ထိခိုက်နေကြောင်းလည်း မြန်မာအစိုးရကို သတိပေးစကား ပြောကြားဦးမယ်လို့ သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကလိသွားတာ သတိထားပါ…
.မေ ၄ ။
.မြန်မာပြည်မှာ နှစ်စဉ်နှစ်တိုင်း မိုးကြိုကာလဖြစ်တဲ့ ဧပြီလနဲ့ မေလတွေအတွင်း
မိုးကြိုးပစ်ခံရတဲ့အတွက် သေဆုံးသူ ရာကျော်ရှိလာပြီး သေဆုံးသူအများစုဟာ
လက်ကိုင်ဖုန်းတွေကတဆင့် လျှပ်စစ်စီးဝင်ပြီး မိုးကြိုးပစ်ခံခဲ့ရတာ ဖြစ်ကြောင်း သိရပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးသူတွေထဲက အများစုဟာ မိုးခြိမ်းနေစဉ်မှာ လက်ကိုင်ဖုန်းတွေနဲ့ ပြောနေတာကြောင့်
လက်ကိုင်ဖုန်းဆက်သွယ်ရေးမှာ ပါဝင်တဲ့ Electronic Magnetic Wave များနဲ့ လျှပ်စီးမှာ ပါဝင်တဲ့ ဓါတ်ဖို၊ ဓါတ်မဆွဲငင်မှုများကြောင့် မိုးကြိုးပစ်ခံရခြင်းဖြစ်ကြောင်း
မိုးလေ၀သနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောပါတယ်။
မိုးကြိုးပစ်ခံရပြီး သေဆုံးကြသူတွေထဲမှာ ဖုန်းကနေတဆင့် မိုးကြိုးအပစ်ခံရသူတွေ များပြားလာတာကြောင့်
မိုးခြိမ်းတဲ့အချိန်တွေမှာ လက်ကိုင်ဖုန်းတွေ မပြောသင့်ကြောင်းလည်း သတိပေးထားပါတယ်။
ဒါ့အပြင် အခုလက်ရှိ မြန်မာပြည်ရဲ့ ရာသီဟာ မိုးကြိုးအပစ်များတဲ့ ရာသီဖြစ်ပြီး
မိုးရွာသွန်းတိုင်း မိုးကြိုးပစ်ခြင်းများပါ ဖြစ်ပေါ်နိုင်ကြောင်းနဲ့ မိုးရွာ / မိုးခြိမ်းနေစဉ်မှာ
လက်ကိုင်ဖုန်းများ အသုံးမပြုကြရန်၊ နေအိမ်များရှိ လျှပ်စစ်ကို အသုံးပြုရတဲ့ တီဗွီ၊ ရေဒီယို စတဲ့ အရာတွေကို
အသုံးမပြုရန် သတိထားသင့်ကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
လူ့အခွင့်အရေး လှုပ်ရှားသူတွေ ရှိနေတဲ့တိုင်းပြည်ဟာ … လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့တိုင်းပြည်လား…
.မေ ၄ ။
၂ဝ၁၅ ခုနှစ်အတွက် ဆွစ်ဇလန်နိုင်ငံ အခြေစိုက် Martin Ennals လူ့အခွင့်အရေးဆု ချီးမြှင့်ဖို့အတွက်
.နောက်ဆုံးဇကာတင် (၃) ယောက်ရဲ့ အမည်စာရင်း ထုတ်ပြန်ရာမှာ
.မြန်မာပြည်တွင်းက ရှေ့နေ ဦးရောဘတ်စန်းအောင်လည်း ပါဝင်နေကြောင်း သိရပါတယ်။
အဆိုပါ ဆုဟာ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amesty Internationalနဲ့ ၊
လူ့အခွင့်အရေး စောင့်ကြည့် လေ့လာရေး အဖွဲ့ Human Rights Watch … စတဲ့ အဖွဲ့များ အပါအ၀င် ကမ္ဘာ့ထိပ်သီး-လူ့အခွင့်အရေး အဖွဲ့ကြီး (၁ဝ) ခုကနေ
ကမကထ ပြုပြီး ရွေးချယ်တဲ့ ဆုတစ်ခု ဖြစ်ကြောင်း သိရပါတယ်။
ဒီဆုအတွက် အရွေးချယ်ခံရသူတွေဟာ
လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်သူတွေဖြစ်ပြီး လူ့အခွင့်အရေး ချိုးဖေါက်ခံရသူတွေဘက်ကနေ
တရားဥပဒေကြောင်းအရ ကာကွယ်ဆောင်ရွက်သူတွေ ဖြစ်ပါတယ်။
ဦးရောဘတ်စန်းအောင်ဟာ အဆိုပါ ဆုအတွက် မြန်မာပြည်တွင်းက ရှေ့နေပေါင်း (၂၅) ယောက်ထဲကမှ
ဆန်ခါတင် အရွေးချယ်ခံထားရတာ ဖြစ်ပါတယ်။
ဒီဆုအတွက် နောက်ဆုံးအဆင့် ရွေးချယ်မှုကို နိုဝင်ဘာလ (၉)ရက်နေ့ လောက်မှာ ဖော်ထုတ် ကြေညာသွားမယ်လို့ သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သူခိုးဗျို့….သူခိုး…
.မေ ၄ ။
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ခရိုင်အတွင်းကို တရားမဝင်သတ္တုကျောက်တွေ လာရောက်သယ်ယူနေတဲ့
တရုတ်နိုင်ငံသားပိုင် ကားတွေကို မူဆယ်ဒေသခံတွေက ပူးပေါင်းဖမ်းဆီးတဲ့ အမှုတစ်ခု ဖြစ်ပွါးခဲ့ပါတယ်။
ရှမ်းပြည် မြောက်ပိုင်းဒေသရှိ လွယ်မောက်တောင်နဲ့ ပန်ခါးတောင်ကနေ သတ္တုကျောက်တွေကို
လာရောက် ခိုးထုတ်နေကြသူတွေကို ဖမ်းဆီးလိုက်တာဖြစ်ပြီး
ဖမ်းဆီးနိုင်ခဲ့တဲ့ ကားတွေဟာ တရုတ်ပြည်ဘက်က မြေသယ် ကားကြီး (၄) စီး၊ မြေကော်စက် ကားကြီး (၁)စီးနဲ့ ပါဂျယ်ရိုကားတစ်စီးတို့ ဖြစ်ပါတယ်။
အဲဒီနောက် ဖမ်းဆီးရမိတဲ့ တရုတ်ပြည်သားများကို မှတ်တမ်း ဓါတ်ပုံရိုက်ပြီး ပြန်လွှတ်ပေးလိုက်ပြီး
အဆိုပါ အမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရအဖွဲ့ကိုလည်း တိုင်တန်းထားကြောင်း သိရပါတယ်။
မူဆယ်မြို့နဲ့ နမ့်ခမ်းမြို့နယ်တွေထဲမှာ တရားမဝင် လာရောက်ပြီး သတ္တုတူးဖော်နေကြတဲ့ ကုမ္ပဏီတွေ
(၇)ခု လောက် ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သတင်းထောက်များ စာရင်းမှောက် မသွားဖို့…
.မေ ၃ ။
.မြန်မာပြည်ထဲမှာ သတင်းယူရမယ့် သတင်းထောက်တွေအနေနဲ့ ရွေးကောက်ပွဲကာလအတွင်း
စိုးရိမ်ကြောက်ရွံ့စရာမရှိဘဲ လွတ်လွတ်လပ်လပ် ရေးသားခွင့်ရရှိဖို့ မြန်မာအစိုးရက ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း
ကုလသမဂ္ဂက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
ရန်ကုန်မြို့ရှိ Novotel Hotel မှာ ကျင်းပတဲ့ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားတစ်ရပ်ကို
.မြန်မာအစိုးရ – ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ကြီးဖြစ်တဲ့ UNESCO တို့ပူးပေါင်းကျင်းပခဲ့ပြီး
ယူနက်စကိုရဲ့ အကြီးအကဲတွေက တိုက်တွန်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမှာ သတင်းထောက်တွေအနေနဲ့ လွတ်လပ်စွာ ၊ အနှောက်ယှက်မရှိ သတင်းရယူ ရေးသားခွင့် ရရှိဖို့ အတွက်
အစိုးရအနေနဲ့ အထူးဂရုစိုက်ဆောင်ရွက်ပေးစေလိုကြောင်း ပြောဆိုလိုက်တဲ့အပြင်
အဆိုပါ အခမ်းအနားကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လည်း တက်ရောက် ပြောဆို ဆွေးနွေးခဲ့ပါတယ်။
.ဒေါ်အောင်ဆန်းစုကြည်က “၂ဝ၁၅ ရွေးကောက်ပွဲဟာ မြန်မာပြည်အတွက် အရေးပါတဲ့ နိုင်ငံရေး အချိုးအကွေ့ တစ်ခုဖြစ်တဲ့အတွက်
သတင်း မီဒီယာ စာနယ်ဇင်းသမားတွေအနေနဲ့ ကူညီကြဖို့လိုကြောင်း ၊
ဒါ့အပြင် ၂၀၁၅ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲထက် ပိုမို အဓိပ္ပါယ်ပါမယ့် ရွေးကောက်ပွဲဖြစ်ကြောင်း ပြောဆိုလိုက်ပါတယ်။
မကြာခင် ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲတွေဟာ လွတ်လပ်ပြီး တရားမျှတဖို့အတွက် စာနယ်ဇင်းလောကဘက်က
တတ်နိုင်သမျှ ဆောင်ရွက်ခြင်းအားဖြင့် မြန်မာပြည်ရဲ့အနာဂတ်ကို အကောင်းဆုံး တည်ဆောက်ပေးရာ ရောက်ကြောင်း
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သတိပေးလိုက်ပါတယ်။
မေလ ၃ ရက်နေ့က ကျင်းပတဲ့ အဆိုပါ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနားကို NLD ဥက္ကဌ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပြင်
သမ္မတ ပြောရေးဆိုခွင့်ရှိသူ ၊ ပြန်ကြားရေးဌာန၀န်ကြီး ဦးရဲထွဋ်ကလည်း တက်ရောက် မိန့်ခွန်း ပြောကြားခဲ့ကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
“သတင်းမှန် ပြန်ကြားရေးအဖွဲ့ကြီး”ကပြောတာ…. ဟိုသတင်းမှန်တွေတော့ မပြန်ကြားရဘူးတဲ့….
.မေ ၃ ။
.မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် လို့ ခေါ်တဲ့ MNDAA နဲ့ ပတ်သက်တဲ့ သတင်းတွေကို
သတင်းမီဒီယာအားလုံးက မဖော်ပြရဘူးလို့ မြန်မာအစိုးရ-တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ ကျင်းပနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းအဝေးအတွင်းက
.မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီထံကို မြန်မာစစ်တပ်ဘက် အကြောင်း ကြားစာ ပေးပို့လိုက်တာ ဖြစ်ပါတယ်။
အဆိုပါ ကြေညာချက်အရ ကိုးကန့်တပ်မတော် MNDAA ကို အစိုးရဘက်က “မတရားအသင်း”အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့အတွက်
မတရားအသင်း အဖွဲ့တွေရဲ့သတင်းတွေကို ဖော်ပြတာဟာ “မတရားအသင်း ဆက်သွယ်မှု” ဥပဒေနဲ့ ငြိစွန်းကြောင်း သိရပါတယ်။
သတင်း မီဒီယာ သမားတွေအနေနဲ့ MNDAA အဖွဲ့နဲ့ ပတ်သက်တဲ့ သတင်းများ ၊ ထုတ်ပြန်ကြေညာချက်များကို ထည့်သွင်းဖော်ပြတာနဲ့
တည်ဆဲ ဥပဒေတွေနဲ့အညီ အရေးယူမှာဖြစ်ကြောင်း တပ်မတော်ရဲ့ အကြောင်းကြားစာထဲမှာ ပါရှိပါတယ်။
အခုလို ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တဲ့ကိစ္စနဲ့ ပတ်က်ပြီး ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ကန့်သတ် ချုပ်ချယ်ရာရောက်ကြောင်း
.မြန်မာပြည်တွင်း သတင်းမီဒီယာလောကမှာ ဝေဖန်မူတွေ ရှိနေပါတယ်။
အစိုးရရဲ့ တည်ဆဲဥပဒေထဲက မတရားအသင်း ဆက်သွယ်မူ ပုဒ်မ ၁၇(၁) ဟာ
အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ပြုလုပ်နေ တဲ့ငြိမ်းမချမ်းရေးလုပ်ငန်းစဉ်တွေကိုပါ ထိခိုက်စေနိုင်တာကြောင့်
ဒီပုဒ်မကို ဖျက်သိမ်းပေးဖို့အရေး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဘက်က တောင်းဆိုထားကြောင်းလည်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အလုပ်မရှိ ဘိန်းရှူ
.မေ ၃ ။
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ နန်းမားဒေသမှာ ကချင်လူငယ် လူမှုအဖွဲ့ဝင်တွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပါဝင်တဲ့အဖွဲ့တဖွဲ့က
မူးယစ်ဆေးဝါး သုံးစွဲ/ရောင်းဝယ်သူ အယောက် (၉၀) လောက်ကို ဖမ်းဆီးလိုက်ကြောင်း သိရပါတယ်။
မေလ ၂ ရက်နေ့က နန်းမားတောင်ခြေအနီးမှာ မူးယစ်ဆေးဝါးရောင်းချ/သုံးစွဲနေသူတွေကို ၀ိုင်းဝန်းပိတ်ဆို့ပြီး
ဖမ်းဆီးနိုင်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါ ဖမ်းဆီးမှုကြောင့် ဘိန်းရှူနေသူများအပါအဝင် ထိုးပုလင်းပေါင်း ၆၀ ခန့်နဲ့ ၊ ဆေးပြား (၂၀၀) ကျော်ကို သိမ်းဆည်းရရှိခဲ့ပါတယ်။
ဒါ့အပြင် စုစုပေါင်း ဖမ်းဆီမိခဲ့သူပေါင်း (၉၀) ကျော် ထဲမှာ ကျောင်းသားတွေလည်း ပါဝင်ပြီး
သူတို့ဟာ ဟိုပင်၊ မိုးညှင်း၊နန့်ခွင်၊မန်းနား..စတဲ့ နယ်ပေါင်းစုံက ဖြစ်ပါတယ်။
ကချင်ပြည်နယ်ထဲမှာ မူးယစ်ဆေးဝါးသုံးစွဲသူတွေကို အခုလိုပဲ လူမှုအဖွဲ့အစည်းတွေနဲ့
ဆိုင်ရာအုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းဖမ်းဆီးရတဲ့အဖြစ်တွေ မကြာခဏ ဖြစ်ပွားလေ့ရှိကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.အောင်ပါစေသား….အောင်စေသားဟေ့…
.မေ ၃ ။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ ၊ ဗဟိုရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့ဟာ
မကြာခင်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးကို သွားရောက်ပြီး ပါတီစည်းရုံးရေးတွေ စတင်တော့မယ်လို့ သိရပါတယ်။
အန်အယ်လ်ဒီရုံးချုပ်မှာ သုံးကြိမ်မြောက် ကျင်းပတဲ့ အစည်းအဝေးအတွင်း စည်းရုံးရေး လုပ်ငန်းစဉ် အတွက်
.အောင်နိုင်ရေးအဖွဲ့တွေအနေနဲ့ အဆင်သင့်ပြင်ဆင်ထားဖို့ တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။
ဗဟိုရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့အနေနဲ့ ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအတွက် မူတွေကို ဆွေးနွေးနေဆဲဖြစ်ပြီး
ကိုယ်စားလှယ်လောင်းရွေးချယ်ရေးအဖွဲ့ ဖွဲ့စည်းဖို့လည်း ပြင်ဆင်ထားကြောင်း သိရပါတယ်။
NLD ပါတီရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေးအဖွဲ့ကို ဥက္ကဌအဖြစ် ဦးတင်ဦးက တာဝန်ယူထားပြီး
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ ၊ လွှတ်တော် ကိုယ်စားလှယ်များနဲ့၊ လူငယ်လုပ်ငန်းအဖွဲ့တာဝန်ခံများ… စတဲ့အဖွဲ့ဝင်တွေနဲ့
ဖွဲ့စည်းထားတာဖြစ်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
.ရေဆိုးအင်းကြီး တောင်သမန် …
.မေ ၂ ။
မန္တလေးတိုင်း၊ အမရပူရမြို့နယ်မှာ ရှိတဲ့ နာမည်ကျော် တောင်သမန်အင်းအတွင်းမှာ
မန္တလေးစက်မှုဇုန်တွေဆီက စွန့်ထုတ်လိုက်တဲ့ ရေဆိုးတွေကြောင့် ငါးတွေ အစုလိုက် အပြုံလိုက် သေဆုံးနေပါတယ်။
.တောင်သမန်အင်းရဲ့ အနီးပတ်ဝန်းကျင်မှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေဆီကလည်း
စွန့်ပစ်အမှိုက်တွေရှိနေတဲ့အပြင် အနီးနားရှိ ချောင်းမြောင်းတွေကနေ စီးဝင်တဲ့ ရေဆိုးတွေကြောင့်လည်း
.တောင်သမန်အင်းဟာ ရေဆိုးအင်းကြီးတခု ဖြစ်နေပြီလို့ သိရပါတယ်။
အခုလက်ရှိကာလမှာ တောင်သမန်အင်းထဲက ငါးတွေ အများအပြား သေဆုံးနေပြီး ရေပေါ်ကို ပေါ်လာကာ
အနံ့ဆိုးတွေ ထွက်ပေါ်နေကြောင်း သိရပါတယ်။
.တောင်သမန်အင်းရဲ့ အခြေအနေဆိုးကြောင့် စက်မှုဇုံအတွင်းက ရေဆိုးထုတ်တဲ့စက်ရုံ (၁၇)ရုံကို
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီက ပိတ်ခိုင်းထားပြီး တောင်သမန်အင်းကို ပြန်လည်ကုစားဖို့ လုပ်နေကြပြီလို့ ဆိုပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စစ်ဘေးဒုက္ခ… လစ်ပြေး သုတ်ဟ….
.မေ ၂ ။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အနီးမှာ ရက္ခိုင့်တပ်မတော်နဲ့ အစိုးရစစ်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့်
စစ်ဘေးလွတ်ရာ ခိုလှုံနေရတဲ့ စစ်ပြေးဒုက္ခသည် (၄)ရာနီးပါးလောက်ဟာ စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့နေရပါတယ်။
အဆိုပါ စစ်ဘေး ဒုက္ခသည်တွေဟာ ချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်အတွင်းက ပြိုင်စိုကျေးရွာအနီးမှာ ရှိနေပြီး
သူတို့အတွက် ကူညီမယ့်သူလည်း မရှိဘူးလို့ သိရပါတယ်။
ဒုက္ခသည်တွေဟာ နောက်တစ်နေ့အတွက် ချက်စရာဆန်တောင် မရှိတော့တဲ့ အခြအနေဖြစ်နေပြီ မိသားစု ၅၇ စုလောက်ဟာ
စားဝတ်နေရေး အကျပ်အတည်းနဲ့ ကြုံနေရပါတယ်။
ဒါ့အပြင် ဒုက္ခသည်တွေအတွက် အမိုးအကာတွေလည်း လိုအပ်နေပြီး သူတို့အတွက် ကူညီမယ့် အဖွဲ့အစည်းရယ်လို့ မရှိသေးကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အဆိပ် တက်ဖို့… နိမိတ်ဖတ်
.မေ ၂ ။
၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ တက်လာမယ့် အစိုးရသစ်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီကသာ
သူရဦးရွှေမန်းကို ရွေးချယ်မယ်ဆိုရင် သမ္မတလောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ဖို့ မျှော်လင့်ကြောင်း
လွှတ်တော်နာယက သူရ ဦးရွှေမန်းက ပြောဆိုလိုက်ပါတယ်။
မေလ ၂ ရက်နေ့က ၀ါရှင်တန်မြို့တော် အခြေစိုက် နိုင်ငံတကာ မူဝါဒရေးရာတွေကို လေ့လာသုတေသနပြုနေတဲ့
Carnegie Endowment for International Peace အဖွဲ့က ပူးတွဲ ကမကထလုပ် ကျင်းပတဲ့ ဆွေးနွေးပွဲမှာ တက်ရောက်လာတဲ့
သူရဦးရွှေမန်းက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို လွှတ်တော်ပြန်စတာနဲ့ ဆက်လက် ဆောင်ရွက်သွားမယ်လို့လည်း
အခမ်းအနားအတွင်း ပြောဆိုသွားပါတယ်။
NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ မိမိတို့ဟာ လွှတ်တော်မှာ မိတ်ဆွေကောင်းတွေ ဖြစ်ကြတဲ့အပြင်
လာမယ့်ရွေးကောက်ပွဲမှာ အကြိတ်အနယ် ပြိုင်ဆိုင်ကြမယ့် ယှဉ်ပြိုင်ဘက်တွေလည်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌလည်း ဖြစ်တဲ့
.ပြည်သူ့လွှတ်တော် နာယက သူရဦးရွှေမန်းက ပြောဆိုနေပါတယ်။
ရွေးကောက်ပွဲ ကျင်းပပြီးတဲ့အခါမှာ ရလာတဲ့ ရွေးကောက်ပွဲရလဒ်ဟာ လက်ရှိ မြန်မာအစိုးရခေါင်းဆောင်တွေနဲ့
.မြန်မာစစ်တပ်က သိပ်မကြိုက်တဲ့ “အဖြေ” ဖြစ်ခဲ့မယ်ဆိုရင်… လက်ခံနိုင်ပါ့မလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။
အဲဒီမေးခွန်းနဲ့ ပတ်သက်ပြီး … ပြည်သူရဲ့ဆန္ဒကို အလေးထားရမှာဖြစ်ပြီး ပြည်သူ့ရဲ့ရွေးချယ်မှုကို အတည်ပြုပေးနိုင်ပါမှ
.ပြည်သူရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မယ်လို့လည်း ပြန်လည် ပြောဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေပါ အချက်တွေထဲက တချို့ဟာ NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို အဟန့်အတား ဖြစ်နေတာကြောင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စကို အဓိက အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါကြောင်း သူရဦးရွှေမန်းက ထုတ်ဖော်ပြောဆိုလိုက်တဲ့အပေါ်
ဒီလို ပြောလာတာဟာ လာမယ့် ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ ရှုံးနိုင်ခြေ များနေတာကြောင့် ပြောတာပဲ ဖြစ်မယ်လို့
NLD ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းထိန်က ပြောဆိုလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
အလုပ်သမားအရေးလည်း ဖြေးဖြေးပေါ့ကွယ်…
.မေ ၁ ။
.မေလ ၁ ရက် – အလုပ်သမားနေ့မှာ အနိမ့်ဆုံး လုပ်ခလစာ ကျပ် ၅၆၀၀ သတ်မှတ်ပေးရေးအတွက်
အလုပ်သမားတွေဟာ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြ အလုပ်သမားတွေဟာ ရန်ကုန်တိုင်း အစိုးရက သတ်မှတ်ပေးထားတဲ့ ကျိုက္ကဆံ လူထုဟစ်တိုင်မှာ တောင်းဆိုဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
.ပြီးခဲ့တဲ့ ရက်တွေအတွင်းက ကုန်ထုတ် လုပ်ငန်းရှင်တွေဟာ အနိမ့်ဆုံး သတ်မှတ်လုပ်ခလစာကို
ကျပ် ၁၅၀၀ ပဲ ပေးနိုင်တယ်လို့ အဆိုပြုလိုက်တဲ့အတွက် ကျပ် ၁၅၀၀ ဆိုတာ မြန်မာပြည်ရဲ့ ကုန်ဈေးနှုန်း မြင့်မားမှုအခြေအနေကြားမှာ
.လောက်ငှမှုမရှိနိုင်ကြောင်း ဆန္ဒပြသူတွေက ဆိုပါတယ်။
အဆိုပါ လုပ်ငန်းရှင်တွေပြောသလို ကျပ် ၁၅၀၀ သာ သတ်မှတ်လိုက်မယ်ဆိုရင်
လက်ရှိအခြေအနေထက် ပိုမိုဆိုးရွားတဲ့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးတွေ ဖြစ်ပေါ်လာနိုင်ပြီး
၇၀၀၀, ၈၀၀၀ ပေးရမယ်ဆိုပြီး တောင်းဆိုရင်လည်း ပြည်တွင်းလုပ်ငန်းရှင်တွေ အနည်းနဲ့အများ ပျောက်ကွယ်သွားနိုင်ကြောင်း
အလုပ်သမားအရေး လေ့လာသူတွေကိ သုံးသပ်ပါတယ်။
အနိမ့်ဆုံး လုပ်ခ/လစာ သတ်မှတ်ပေးနိုင်ဖို့အတွက် အလုပ်သမားတွေရဲ့ ကုန်ကျငွေစာရင်းကို
အခြေခံကျကျ စစ်တမ်းကောက်ယူသင့်တဲ့အပြင် အလုပ်ရှင်တွေဘက်က ကုန်ကျငွေနဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ ၀င်ငွေကိုလည်း
စစ်တမ်းကောက်ယူစေချင်ကြောင်း ပြောဆိုသုံးသပ်ကြပါတယ်။
အလုပ်ရှင်တွေဘက်က အနိမ့်ဆုံး လုပ်ခ/လစာကို ၁၅၀၀ ကျပ် သတ်မှတ်ပေးထားပေမဲ့
အနိမ့်ဆုံး အခြေခံတခုသာဖြစ်ပြီး ရှားပါးစရိတ်၊ ထောက်ပံကြေး … စတာတွေနဲ့ ထပ်ပေါင်းပေးတဲ့အခါမှာ
အခြေခံလုပ်သား တဦးဟာ လုပ်ခလစာ ၁ သိန်းနီးပါး ရနိုင်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။
လက်ရှိအချိန်ထိ အနိမ့်ဆုံး လုပ်ခ/လစာ မသတ်မှတ်နိုင်သေးတဲ့အတွက် အလုပ်သမားတွေအနေနဲ့
နစ်နာနေရတာကြောင့် အနိမ့်ဆုံး လုပ်ခလစာ အတိအကျကို အမြန်ဆုံး သတ်မှတ်ပေးစေချင်ကြောင်း
အလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောဆိုလိုက်ပါတယ်။
.မြန်မာ သမ္မတရဲ့ အလုပ်သမားနေ့ သဝဏ်လွှာထဲမှာ အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဦးနှစ်ဘက် သဘောတူညီမှုရအောင်
အားလုံး လိုက်နာကျင့်သုံးနိုင်မယ့် နှုန်းထားတစ်ခုကို
အစိုးရနဲ့ အလုပ်ရှင်၊ အလုပ်သမား (၃) ဦး ညှိနှိုင်းပြီး အပြုသဘောဆောင် သတ်မှတ်ပေးဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။
အဲဒီနောက် အစိုးရဘက်ကတော့ အခုလာမယ့် မေလကုန်မှာပဲ အနိမ့်ဆုံး လုပ်ခလစာကို သတ်မှတ်ပေးမယ်လို့ ပြောဆိုကြောင်း သိရပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
နွှဲချင်စမ်း…ပွဲသဘင်လမ်း
US ၊ ဂျော်ဂျီယာပြည်နယ် ၊ အတ္တလန္တာမြို့ရှိ …
ရတနာဗိမာန်ကျောင်း တည်ရှိရာ 4415 Union Church Road, McDonough , GA 30252 မှာ ကဆုန်လပြည့်-ဗုဒ္ဓနေ့ ဘုရားပွဲတော် ၊
သံဃာ့ဒါန ဆွမ်းကြီးလောင်းပွဲနဲ့ ဆရာတော်ရဲ့ မွေးနေ့ ဂုဏ်ပြုပွဲ ကျင်းပမယ်လို့ သိရပါတယ် ။
အဆိုပါ ပွဲတော်ကို မေလ( ၁၀ ) ရက်နေ့မနက်(၁၁) နာရီကနေ စတင်ပြီး ကျင်းပမည်ဖြစ်တဲ့အတွက် ဓမ္မမိတ်ဆွေများ ကြွရောက် ချီးမြှင့်နိုင်ပါကြောင်း
သတင်းကောင်း ပါးလိုက်ပါတယ်။
အသေးစိတ် သိရှိလိုသူများအနေနဲ့ ဖုန်း 770-676-7169 ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ မြန်မာ ကွန်မြူနီတီနှင့် ယဉ်ကျေးမှုစင်တာမှာ ၂၀၁၅ မြန်မာတို့ရဲ့
အတာသင်္ကြန်ပွဲတော်ကြီး ကျင်းပဦးမယ်လို့ သိရပါတယ်။
အဆိုပါ ပွဲတော်ကို မေလ ၂၄ ရက် ၊တနင်္ဂနွေနေ့မနက် ၁၀ နာရီမှာ စတင် ကျင်းပမှာ ဖြစ်တဲ့အတွက်
ပွဲတော် ကျင်းပမယ့်နေရာ Kennedy Park, 1333 Decoto Rd, Union City , CA 94587 ကို ကြွရောက် ပါဝင်
ဆင်နွှဲနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
US ၊ နော့သ်ကာရိုလိုင်းနားပြည်နယ်၊ ဓမ္မဗိမာန်ကျောင်းတိုက်မှာလည်း မြန်မာနှစ်ကူးအတာသင်္ကြန်ပွဲတော်
ကျင်းပမယ်လို့ သိရပါတယ်။
ပွဲတော်ကို ကျောင်းတိုက်တည်ရှိရာ 6612 Brass Rd, Jamestown, NC 27282 မှာ မေလ (၂၄)ရက်နေ့
မနက် ၁၀ နာရီမှာပဲ ကျင်းပမှာ ဖြစ်ပါတယ်။
မြန်မာမိတ်ဆွေများအနေနဲ့ နှစ်သစ်ဦး ကုသိုလ်မင်္ဂလာများ ပါဝင်နိုင်စေဖို့ ဖိတ်ခေါ်လိုက်ရပါတယ်။
ပွဲတော်နဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုသူများကတော့ ဖုန်း – 336 – 882-5012 ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကျနော့်အနေနဲ့… ဒီသတင်းတွေကို …
Facebook နဲ့…ပြည်တွင်းပြည်ပ သတင်း Website တွေဆီက…
(တိုက်ရိုက် ကူးယူခြင်းမဟုတ်ဘဲ )
ကျနော် ဖတ်မိသမျှကို ကျနော့်ရေးဟန်နဲ့ ပြန်ပြောပြခြင်း ဖြစ်ကြောင်း ဝန်ခံအပ်ပါတယ်။
စာဖတ်သူတွေ အနေနဲ့ သတင်းတွေကို လင့်ခ်တွေတစ်ခုပြီးတစ်ခု …လိုက်လံ ရှာဖွေ ဖတ်နေစရာမလိုပဲ… ဒီတစ်နေရာထဲမှာ အချိန်မကုန်ပဲ ဖတ်နိုင်အောင် ကောင်းနိုးရာရာ စုစည်းတင်ပြခြင်း ဖြစ်ပါတယ်။
နောက်တချက်ကတော့….
မြန်မာပြည်ဆိုင်ရာ ထူးခြားသတင်းတွေထဲက မှတ်တမ်းကျန်သင့်တဲ့ သတင်းလေးတွေကို ခြုံငုံပြီး..
ကျနော်တို့ရဲ့ ဂဇက်စာမျက်နှာမှာ … မှတ်တမ်း ချန်ခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ကျနော်တင်ပြတဲ့ ဒီသတင်းတွေကို …
အောင်ဇေမီဒီယာ သတင်းဌာန www.azmtv.com နဲ့ www.azmtv.com/mobile မှာလည်း
အပတ်စဉ် ရုပ်သံ သတင်းကြေညာချက်များအဖြစ် ကြည့်ရှု နားဆင်နိုင်ပါကြောင်းးးး
သတင်းစုံကို ဝင်ရောက်ဖတ်ရှုသွားတယ်နော်။ ရွာထဲကလူတွေလည်း စာရေးကျဲတော့ စောင့်ဖတ်နေရတာပေါ့။
Was this answer helpful?
LikeDislikeလာရောက် ဖတ်ရှုသွားတဲ့အတွက် ဇူးဇူးပါ ကအောင်မိုးသူ…

Was this answer helpful?
LikeDislikeမိုးရွာနေတုန်းကို ဖုန်းမပြောပေမယ့် ဖုန်းဝင်လာရုံနဲ့ရော မိုးကြိုးပစ်တတ်လားဟင်င်င်
အာပေးသွားတယ်နော်။
Was this answer helpful?
LikeDislikeဝင်လာရုံနဲ့တော့… အပစ်မခံရလောက်ဘူးထင်ရဲ့…
.ပြောနေတုန်းအချိန်ကတော့… လျှပ်စစ် စီးဝင်လာဖို့…ဖြစ်နိုင်ချေ ပိုများတယ်….ထင်ရဲ့..
ထင်ရဲ့…
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျားးးး
Was this answer helpful?
LikeDislike-စစ်အုပ်ချုပ်ရေးရဲ့ သဘောတ၇ားကိုက..အရင်းအမြစ်ကို မရှာရဲတဲ့ပုံစံ
-ပြသနာ တစ်ခုဆုံးတဲ့အထိ လိုက်ရှာဖို့တောင် မလိုဘူး…ဘယ်သူက အဓိကလက်သည်လဲ သိသိရီးနဲ့
-အဖျားအနားတွေကို ထောင်ထဲဆွဲသွင်းနေတာ.
-ဆေးရှုတဲ့သူကိုဖမ်းပီး ဆေးရောင်းတဲ့သူ ချန်ထားတာဘဲကျိ
-အလုပ်သမား လခလဲ … ဒီလိုဘဲ… တိုးပေးလိုက်ရင် ခရိုနီနဲ့ ပြသနာတက်မယ်
-လျှော့ပစ်လိုက်ရင်..ပြန်မလုပ်နိုင်တဲ့ လူတွေဘဲ ခံရမယ်..
-၀န်ကြီးတွေကျ တစ်နေ့ တစ်သိန်းသုံးနိုင်မှ…လောက်ငမှာလိုလို
-..မျက်နှာပြောင်လွန်းသူရီးဒေအကြောင်းပြောရတာ…အော်ဂလီဆန်လွန်းလွန့်..ဂလောက်နဲ့ဘဲ ရပ်လိုက်ပါတော့မယ် :-/
Was this answer helpful?
LikeDislikeဟုတ်တယ်
သူတို့လုပ်ရပ်တွေက အော်ဂလီဆန်ချင်စရာပဲ
ဒီတစ်ပါတ် သတင်းတွေထဲ ကျနော် အတင်းဆုံးက ကိုးကန့်သတင်းကို ကြေညာရင်ဆိုတာပဲစ်
ဘယ်နှဲ့
သတင်းမှန်ကို အမှန်အတိုင်း တင်ပြခွင့် မရှိဘူးလား
:buu:
Was this answer helpful?
LikeDislikeခေါင်းစဉ်လေးတွေ မိုက်စ်တယ်။
သတင်းကို မပျင်းရအောင် ခေါင်းစဉ်လေးတွေက ဆွဲခေါ်သွားတယ်။
Was this answer helpful?
LikeDislikeဟုတ် တီမမ လာရောက် ဖတ်ရှုသွားတဲ့အတွက်ရယ်

မှတ်ချက်လေး ပေးသွားတဲ့အတွက်ရယ်
ကျူးဇေးပါ
အမှန်တော့ ဒီသတင်းတွေကို
http://www.azmtv.com,
http://www.azmtv.com/mobile အတွက်
ရုပ်သံကြေညာဖို့ စုစည်းရာမှာ screenshot ပုံလေးတွေ ပါ(ပို့)ရတယ်
ရွာထဲ ပြန်ပြီး မှတ်တမ်းချန်တော့ ပုံတွေနဲ့တင်နေရင် ကြာတာမို့ ပုံတွေ ရွာထဲ မထည့်တော့. . .
ပုံတွေအစား သတင်းခေါင်းစဉ်လေးတွေကို ထိထိမိမိ ပေးနိုင်ဖို့ ကြိုးစားကြည့်နေတာ
Was this answer helpful?
LikeDislikeသတင်းနဲ့စာနယ်ဇင်းကိုသာ ပိတ်ပါဟာ fb မှာ ပိတ်လို့မရပါဘူး ။ တက်လာလိုက်သမ အလျှံပါယ်ဂျီး နက်ဖိုးအကုန်ခံနိုင်ဖို့ပဲလိုတာ
Was this answer helpful?
LikeDislikefb လည်း လိုက်ဆွဲနိုင်တာပဲ
Was this answer helpful?
LikeDislikeကျောက်မီးသွေးစက်ရုံတည်ဆောက်မှုသပိတ်မှောက်ရင်
တည်ဆောက်မှုရပ်ပေးပြီးဖယောင်းတိုင်နဲ့ရေနံဆီရောင်းပေးဖို့ပြင်ထားရပါမယ်
အနိမ့်ဆုံးလစာ၁၅၀၀ဆိုတာအလုပ်သမားတယောက်ရဲ့တနေ့ဝင်ငွေမှမဟုတ်တာပဲ
၁၅၀၀ကိုအခြေတည်ပြီးရှားပါးစရိတ် အချိန်မှန်ကြေး ရက်မှန်ကြေး အလုပ်ပြီးစီးမှု စသဖြင့်
အကုန်ပေါင်းလိုက်ရင်အခုခေတ်အလုပ်သမားတယောက် တနေ့ ၃၀၀၀မှ၅၀၀၀ ၆၀၀၀
ထိရနိုင်တာပါပဲ
အလုပ်ရှင်တွေဘက်ကပေးငွေကိုခေါင်းစဉ်ခွဲပေးတာကလည်းသူတို့အကြောင်းပြချက်နဲ့သူတို့
ရှိကြတာပါပဲ ဒါတွေကြတော့မဖော်ပြပဲ
အလုပ်သမားကတနေ့လုံးလုပ်မှ၁၅၀၀ပဲရမယ့်ပုံ
ရေးနေကြတာတော့ဘာဖြစ်ချင်ကြမှန်းကိုးနားမလည်နိုင်တော့ဖူး
Was this answer helpful?
LikeDislikeအန်ကယ်ကြီးပြောတာ သင့်လျော်ပါကြောင်းးးးး
သူဘက်ကိုယ့်ဘက်နဲ့ ရေရှည်အကျိုးကို မကြည့်ပဲ.. ကိုယ် ရချင်တာချည်းပဲ ကြည့်နေ..တောင်းဆိုနေရင်
ဘယ်ဖြစ်မလဲနော…
Was this answer helpful?
LikeDislike