မျက်ကပ်မှန်နဲ့ စတိုင်ကျကျလှစေဖို့ …

သူငယ်ချင်းတွေထဲမှာ မျက်ကပ်မှန်တပ်လေ့ရှိသူတွေ ပါမယ်လို့ထင်ပါတယ်နော်

နဂိုပါဝါမျက်မှန် တပ်ရသူတွေက မျက်ကပ်မှန်တပ်လိုက်တဲ့အခါ ပါဝါမျက်မှန်ကြီးတပ်စရာမလိုတော့လို့ ပို နုလာတယ်လို့ထင်တာပဲ(ကွကို ထင်တာပေ့ါနော် )

နဂို ပါဝါမျက်မှန်တပ်စရာမလိုသူတွေတောင် BIG GYE လေးတွေ တပ်ကြတော့ မျက်ဆံကျယ်ကျယ်ပုံစံလေးပေါက်ပြီး ပိုလှစေတယ်လို့ ယုံကြည်လို့ အရောင်စုံလေးတွေ တပ်ကြတာ တွေ့နေရတယ် ။

ကိုယ်တိုင်လည်း မျက်ကပ်မှန် တပ်ဖြစ်နေတော့ မျက်ကပ်မှန် ရဲ့ ဆိုးကျိုးတွေနဲ့ ဂရုစိုက်သင့်တာလေးတွေ လိုက်ရှာဖတ်ဖြစ်တယ် ။ အဲ့ထဲက လိုအပ်မယ် ထင်တာလေးတွေကို သူငယ်ချင်းတွေဖတ်ရအောင် ပြန်လည်ဝေမျှပါတယ်နော်

►ِ►► မျက်ကပ်မှန် တပ်လိုက်ရင် လှပတဲ့မျက်ဝန်းလေးတစ်စုံကို ရရှိတာတော့ မှန်ပေမယ့် မျက်ကြည်လွှာလေးကတော့ သနားစရာပါပဲ ။ မျက်ကြည်လွှာ ဟာ သူလိုအပ်တဲ့ အောက်ဆီဂျင်ကို လေထဲကနေတိုက်ရိုက် ရယူတာဖြစ်လို့ မျက်ကပ်မှန် တပ်ထားတဲ့အခါ လုံလောက်တဲ့အောက်ဆီဂျင် မရရှိပါဘူး ။” ဒါကြောင့် တစ်နေ့ကို ရှစ်နာရီသာ မျက်ကပ်မှန် ကို တပ်ဆင်သင့်ပါတယ် ။ အချိန်ပိုကြာကြာတပ်တဲ့အခါ အစပိုင်းမှာ မသိသာပေမယ့် ကြာလာရင် မျက်ကြည်လွှာ အောက်ဆီဂျင် မလုံလောက်မှုကြောင့် အမြင်ဝေဝါးတာမျိုးတွေ ဖြစ်နိုင်ပြီး ၊ ပိုဆိုးလာရင် အမြင်အာရုံထိခိုက်တဲ့အထိ ဖြစ်နိုင်လို့ ဒီအချက်လေးကိုတော့ အထူး ဂရုပြုကြဖို့လိုပါတယ်နော်” ◄◄◄

►မျက်ကပ်မှန်တပ်ဖို့ လက်နဲ့ မကိုင်ခင် လက်ကို သေသေချာချာ ဆေးရပါမယ် ။ ဆေးတဲ့အခါ ဆပ်ပြာအပြင်းစားတွေ မသုံးသင့်ပါဘူး ။ အမွှေးနံ့အရမ်းများတဲ့ဆပ်ပြာ ၊ အလှဆီ ၊ ရေမွှေးတွေ က လက်ကို ထိတဲ့အခါ လက်အရေပြားပေါ်မှာ အလွှာလေးတစ်ခုအဖြစ် ကျန်ရှိနေတတ်ပြီး မျက်ကပ်မှန်တပ်တဲ့အချိန် မျက်လုံးကို ထိမိရင် မျက်စိ ယားယံတာ အမြင်ဝေဝါးတာတွေ ဖြစ်စေပါတယ် ။

►လက်ကို ခြောက်သွေ့စေတဲ့အခါမှာလည်း ဂွမ်းမျှင် ၊ ချည်မျှင်တွေ ကပ်တတ်တဲ့ ပုဝါ မျိုးနဲ့ မသုတ်မိစေဖို့ ဂရုစိုက်ဖို့လိုပါတယ်။

►ဆံပင်ဖျန်းဆေး ၊ ပုံသွင်းဆေးတွေ သုံးလေ့ရှိတယ်ဆိုရင် မျက်ကပ်မှန် မတပ်ခင် အသုံးပြုဖို့ သင့်ပါတယ်တဲ့ ။ ပြီးတော့ လက်သည်းရှည်နဲ့ မျက်ကပ်မှန်တပ်တဲ့အခါ မျက်ကပ်မှန်ကို အစင်းဖြစ်စေတာမျိုး ၊ မတော်တဆမျက်လုံးကို ထိခိုက်မိစေတာမျိုးဖြစ်တတ်လို့ လက်သည်းညီညီလေးတွေထားတာမျိုးက ပိုသင့်တော်ပါတယ်။

►မျက်နှာမှာ ဘာမှမလိမ်းရသေးတဲ့အချိန် မျက်ကပ်မှန် တပ်သင့်ပါတယ် ။ ချွတ်တဲ့အခါမှာတော့ မိတ်ကပ်တွေ မဖျက်ခင် အရင်ဆုံး မျက်ကပ်မှန် ကို ချွတ်သင့်ပါတယ် ။

► တချို့တချို့သော မျက်စဉ်းတွေ နဲ့ မျက်လုံးအတွက် အသုံးပြုရတာမျိုးလေးတွေက မျက်ကပ်မှန်တပ်ရသူတွေ အနေနဲ့ မသုံးသင့်တာမျိုး အဆင်မပြေတာမျိုးရှိလို့ မျက်စိဆရာဝန် နဲ့သေချာတိုင်ပင်ပြီးမှ ရွေးချယ် သုံးစွဲသင့်ပါတယ် ။ (ဥပမာ Rohto မျက်စဉ်းတွေဆိုရင် မျက်ကပ်မှန် တပ်ထားတဲ့အချိန် မခတ်ရဘူးလို့ သူ့အညွွှှန်းမှာလည်း ပါ ပါတယ် ။ သူက ပူရှိန်းလေး ဖြစ်သွားပြီးမှ အေးတာဆိုတော့ မျက်ကပ်မှန် တပ်ထားရင် ခတ်လို့အဆင်မပြေလို့ မျက်စဉ်းဘူးတွေဆို အညွှန်းလေးတွေလည်း သေချာဖတ်ပြီးမှ သုံးသင့်ပါတယ်)

►မျက်ကပ်မှန်ကိုဆေးကြောမယ်ဆိုရင် (လက်သေချာဆေးထားပြီးသား) လက်ဖဝါးတစ်ဖက် ထဲ ဆေးရည်ထည့်ပြီး မျက်ကပ်မှန်ကို လက်ညှိုး နဲ့ ခပ်ဖွဖွ ဆေးကြောသင့်ပါတယ်။

► မျက်ကပ်မှန်ထည့်တဲ့ ဗူး ကို အသုံးပြုပြီးတဲ့အခါတိုင်း ဆေးရည် (သို့) ရေခပ်နွေးနွေးလေးနဲ့ ဆေးကြောပေးသင့်ပါတယ် ။
ပြီးတော့ မျက်ကပ်မှန် ဗူး လေးတွေကို သုံးလတစ်ခါ လဲလှယ်သင့်ပြီး ၊ မျက်ကပ်မှန် တွေကိုတော့ ခြောက်လ အသုံးပြုပြီးရင် လဲလှယ်သင့်ပါပြီနော်

ချစ်သူငယ်ချင်းတွေ မျက်ကပ်မှန်တပ်ပြီး လှပတဲ့မျက်ဝန်းလေးတွေ နဲ့အတူ နှလုံးသားလှလှလေးတွေပါပိုင်ဆိုင်နိုင်ပါစေနော်
4-Woman_with_Contact_Lens_page4

Ref: http://www.webmd.com/eye-health/caring-contact-lens

18 comments

  • ခင်ဇော်

    May 7, 2015 at 4:27 pm

    ဖွဘုတ်မှာမြင်လို့ ရွာထဲ တင်ရင် ကောင်းမှာပဲလို့ တောင့်တနေတာ။
    ကျေးကျေး ညီမလေး

    :chit:

    • ရွှေမိုးတိမ်

      May 8, 2015 at 4:24 pm

      လိုင်းလေး အဆင်ပြေတုန်း သရဲလာခြောက်တာ အမ 😀 😀

  • Lay Pai

    May 7, 2015 at 9:57 pm

    လှချင်လို့တော့ မဟုတ် ပျောက်တာ ၆ လက်ရှိ ပြီ။ မျက်ကပ်မှန်က အနီးမှုန် အတွက် အဆင်ပြေလား။

    • Wow

      May 8, 2015 at 9:35 am

      မျက်ကပ်မှန်က အဝေးမှုန်သမားပဲရပါတယ် :kwi:

    • ရွှေမိုးတိမ်

      May 8, 2015 at 4:26 pm

      အနီးမှုန်အတွက်တော့ အဆင်မပြေလောက်ဘူး ။ ကျနော်က စတပ်တာ မကြာသေးဘူးရယ် အဝေးမှုန်ဆိုတော့ ပျောက်တော့ မပျောက်သေးဘူး 🙂 🙂

  • Alincho

    May 8, 2015 at 10:46 am

    ဗဟုသုတတွေရလိုက်ပါတယ်

    • ရွှေမိုးတိမ်

      May 8, 2015 at 4:27 pm

      ဖတ်ပေးလို့ကျေးဇူးပါ ^_^

  • Mike

    May 8, 2015 at 11:35 am

    .ကျေးဇူးပါဗျာ…ပီဒီအက်ဖိုင်လုပ်ပြီးကူးသွားပါတယ်

    • ရွှေမိုးတိမ်

      May 8, 2015 at 4:28 pm

      ဟုတ် ဖတ်ပေးတာရော ကူးသွားတယ်ဆိုလို့ရော ကျေးဇူးပါ 🙂

  • Alinsett @ Maung Thura

    May 8, 2015 at 2:28 pm

    မိန်းကလေးတွေပဲ တပ်တာများတယ်နော်…
    ဘာလို့လဲ…

    • ရွှေမိုးတိမ်

      May 8, 2015 at 4:29 pm

      မိန်းကလေးတွေက ပိုပြီး လှချင် နုချင် တယ် လေ အေ
      ပြီးတော့ ကရိကထ ပိုခံနိုင်တယ် ယောကျင်္ားလေးတွေက အလုပ်ရှုပ်သိပ်မခံချင်ကြဘူးလေ
      ထင်တာပဲ

  • အောင် မိုးသူ

    May 8, 2015 at 2:29 pm

    မျက်မှန်တပ်ရတာ (၈)နှစ်ပြည့်တော့မယ်။ အမြဲတမ်းတပ်နေလို့ရှိရင် မျက်မှန်ချွတ်လိုက်ရင် မျက်လုံးကြီး သေသွားမှာဆိုးလို့ တပ်လိုက်ချွတ်လိုက်လုပ်လာတာ (၈)နှစ်လောက်ရှိပြီ။ မျက်ကပ်မှန်တော့ အလုပ်ရှုပ်တာမို့ ဝါသနာကိုမပါတာ။ မျက်မှန်လေးပဲ ကောင်းပါတယ်လေ။ း)))

    • ရွှေမိုးတိမ်

      May 8, 2015 at 4:29 pm

      ဟုတ်တယ် အလုပ်တော့တကယ်ရှုပ်တာ ခရီးသွား ဘာသွားဆို မျက်မှန်ပဲ အဆင်ပြေတယ်ရယ် ။
      မျက်မှန်ပဲ တပ်နိုင်ရင်တော့ အကောင်းဆုံးပဲ ။

  • kai

    May 8, 2015 at 5:08 pm

    ဒီခေတ်မှာ… မျက်လုံးလေဆာနဲ့သွားပစ်တာတွေခေတ်စားတာပဲ…။
    ဆရာဝန်ဆီသွား… ပြန်လာပြီး… ခဏနေတီဗီထိုင်ကြည့်နေသူတောင်ရှိသေး…။
    တဖက်ဒေါ်လှ ၂ထောင်ကျော်လောက်ကျတယ်ပြောတယ်…။

    … အဲဒါကပိုအဆင်ပြေမလားမသိ…။
    မျက်စိလှချင်ရင်လည်း… အခုခေတ်က.. ပလပ်စတစ်ဆာဂျရီရှိပါ့…။
    ချဲ ့ချင်လား…။ ပြဲချင်လား..။ ပြူချင်လား..။ ထူးချင်လား..
    တလုံး ၂၅၀ဝတဲ့..။ :k:

    LASIK & Laser Eye Surgery Guide – How It Works, Cost, Risks
    http://www.allaboutvision.com/visionsurgery/
    Dr. Vance Thompson and experts explain LASIK and laser eye surgery, including risks and costs. Plus illustrations and a 2-minute online screening.
    ==
    Upper Eyelids for $2500 – Harvard Trained Plastic Surgeon‎
    Adwww.orangecountyplasticsurgery.com/‎
    Look Years Younger, Call Today!

    • Ma Ma

      May 9, 2015 at 6:18 am

      မျက်လုံးလေဆာပစ်တာကို စိတ်ဝင်စားတယ်။
      ဒီမှာလည်း လုပ်လို့ ရနေပြီ။
      လုပ်ရမှာ ပရိုစိတ်ဓာတ်တွေကို စိတ်မချလို့ မလုပ်ဖြစ်သေး။ :e:

  • မြစပဲရိုး

    May 9, 2015 at 9:33 pm

    တစ်ချို့ မျက်လုံးအိမ် အရောင်ပြောင်းချင်ရင်လဲ မျက်ကပ်မှန် သုံးတယ် ဆိုလား။
    အရောင်တွေ နဲ့ မျက်ကပ်မှန် ကို ရန်အောင် သုံးဖူးတယ် ထင်ရဲ့။

  • uncle gyi

    May 10, 2015 at 9:28 pm

    ဒီမှာတော့မလုပ်လိုက်နဲ့အုန်းမမရေ
    ဒီမှာလုပ်ဖို့စောသေးတယ်ထင်ပါတယ်

  • manawphyulay

    June 16, 2015 at 1:51 pm

    မျက်မှန်တပ်နေရပေမယ့် အခုချိန်ထိ မျက်ကပ်မှန်တပ်ရင် လှတယ်ဆိုတာ သိပေမယ့် မတပ်ရဲလို့ မတပ်ခဲ့ဘူး။ နောက်ပြီး မျက်စိပျက်စီးမှာလည်း အလွန်ကြောက်မိပါတယ်။ ဒါကြောင့် ခုချိန်ထိ မျက်မှန်ပါဝါကြီးနဲ့ပဲ နေပါတော့တယ်ရှင်….

Leave a Reply