​ဂေါပကဖြစ်​ခဲ့ရင်​ဖြင်​့…

moonpoemMay 7, 20151min22513

ပဲခူးမြို့​ရွှေမော်ဓော ဘုရားသို့ ဂျပန်ဧည့်သည်များနှင့်အတူ​​ရောက်ရှိချိန် မွန်းပိုအမ် တစ်ယောက်၏ရင်ထဲတွင် လှူချင်တန်းချင်​
စိတ်များ တဖွားဖွားပေါ်ပေါက်လာသည်။လက်တွေ့ အကောင်အထည်​ဖော်သည့် အနေဖြင့်တစ်ထောင်တန်တစ်ရွက်တိတိကို သွားလှူ
လိုက်သည်။ဘုရားဂေါပကဦးလေးကြီးမှလည်း ယခုလို လှူရခြင်း
အကျိုးကြောင့်ဘယ်ဘက်က တစ်ဆုပ်ကြဲလို့ ညာဘက်ကတစ်လှည်း
ဝင်ပါစေဗျားဟု လော်စပီကာမှ ကြေညာလေသည်။
စူးစမ်းတတ်သော ဧည့်သည်တစ်ယောက်က ဂေါပကမှ
ဘာကြေညာသွားသလဲဟု လာမေးလေသည်။လျှာလည်းရှည်သလို စိတ်လည်းရှည်သော(ကြော်ငြာဝင်သည်) မွန်းပိုအမ်ကလည်း အနည်းငယ်မျှသာလှူသည်​ဖြစ်သော်ငြား သဒ္ဓါစိတ်အပြည့်နဲ့
လှူရသောအကျိုးကြောင့် ပိုက်ဆံကို လှည်းတစ်စီးစာဝင်ပါစေလို့ ဆုတောင်းပေးတာဖြစ်ကြောင်း တိတိကျကျ ပြောပြလိုက်သည်။
ဧည့်သည်က ​ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်သော်လည်း အဆုံးသတ်​ကောက်ချက်ချသွားသည်က ပိုက်ဆံက ဝင်လာမှာပေမယ့် လှည်းကြီးနဲ့ဆိုတော့ ကြာနေမှာပေါ့နော်တဲ့။သူ့အတွေးနဲ့သူကတော့
ဟုတ်နေပေ၏။
မွန်းပိုအမ်လည်း ဪငါနောင်တစ်ချိန် ဘုရားဂေါပကဖြစ်သော
အခါမှ လာလှူတဲ့သူတွေကို ဘယ်ဘက်ကတစ်ဆုပ်ကြဲလို့ ညာဘက်က ဒုံးပျံတစ်စီးစာဝင်ပါစေဟု ဆုတောင်းပြင်ပေးမည်ဟု အကြံရချေ
သည်တော့ တကား။

13 comments

  • မြစပဲရိုး

    May 8, 2015 at 1:12 am

    ဒုံးပျံ ဆို ဝရောကနဲ တက်သွားလို့ ကိုယ့်မှာ မမှီ လိုက် ရှိနေဦးမယ်။
    Shinkansen လောက်ဆို တော်ဦးမယ် ထင်ရဲ့ ကလေးမရဲ့။
    ဒါတောင် တရုတ်ဖြစ် နဲ့ ဂျပန်ဖြစ် ဘာက ပို သင့် မလဲ ကြည့်လိုက်ဦး။
    lol:-))))))

  • kai

    May 8, 2015 at 5:59 am

    သချာ်မတွက်တတ်တဲ့ခေတ်ကအတိုင်း… ဆက်တွန်းနေသမျှ… သချာ်မတွက်တတ်သူတွေက.. နှပ်ချတာခံနေရမှာပဲ..

    ဆိုတော့….
    မရှိလို့လှူ.. လှူလို့မရှိ… မဖြစ်နေနဲ့…လို့..။
    အလုပ်လုပ်ပြီး.. လုပ်အား.. ဉာဏ်အားနဲ့ငွေရှာကြ…။
    အဲလိုငွေရှာသူတွေကိုအားပေးကြ…။
    လှူတဲ့ငွေတချပ်တိုင်း..အလုပ်အကိုင်အခွင့်အလန်းဖေါ်နိုင်တာဖြစ်ပါစေ…။ :k:

  • Ma Ma

    May 8, 2015 at 6:42 am

    ခေါင်းစဉ်နဲ့ ရေးတဲ့သူကို ကြည့်လိုက်ပြီးကတည်းက သဂျီးနဲ့တော့ တွေ့ပြီလို့ ထင်လိုက်မိတာ။
    လကဗျာလေးပြောချင်တာက အသွင်သစ်ဖြစ်လို့ အထင်နဲ့ အမြင် ကွာသွားတယ်လို့ထင်ပေမယ့်….
    :K:

    • moonpoem

      May 8, 2015 at 10:39 am

      ဟုတ်​တယ်​အစ်​မ​ရေ။နိုင်​ငံမတူ​တော့ ​တွေးတာ​ခေါ်တာ​တွေလည်​း မတူကြဘူး​နော်​။သူ​​တွေးသလိုကျွန်​မဖြင်​့ တစ်​ခါမှ မတွေးဘူးဘူး။စဉ်​းစားစရာ​လေးဖြစ်​သွားတာ​ပေါ့။ 😀

  • ခင်ဇော်

    May 8, 2015 at 7:37 am

    ဂေါပကဖြစ်ခဲ့ရင် ရွှေဆိုင်ဖွင့်သင့်တယ်တို့ ဘာတို့။
    :k:

    • Wow

      May 8, 2015 at 10:30 am

      ဘုရားအလှူ လေလံဆွဲတာတို့… ဘာတို့.. :mrgreen:

      • naywoon ni

        May 9, 2015 at 1:12 pm

        ဆွမ်​းကြီးခံ​ ကန်​ထရိုက်​ဆွဲတယ်​တို့ဘာတို့ 🙂

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 8, 2015 at 11:03 am

    မွန်းပွမ်လေးဂ ဂျပန်ဂိုက်ပါရားး…
    ကျော့်ကို ဂျပန်စာသင်ပေးပါရား…
    အ အိ့ အု အဲ့ အို.. ခ ခိ ခု ခဲ့ ခို.. အ အိ့.၊ အ အီ.. အုစ်. :k:
    အဲ့အထိပဲ ရတယ်လို့..။ ။ 😳

  • Mike

    May 8, 2015 at 11:32 am

    .ဖတ်ပြီးပြုံးသွားပါတယ် :k:
    .စကားအတင်းစပ်..သဂျီး အရုပ်ကလေးတွေက သေးသေးလေးတွေဖြစ်ကုန်ပါလား
    .အဟာရချို့တဲ့လို့နဲ့တူရဲ့

  • မွသဲ ( 17082011 )

    May 9, 2015 at 9:39 am

    အဟီးဟီးဟီး ရီလိုက်ရတာ လူတွေရှေ့ပါးစပ်ကြီးအတင်းစေ့ထားရတဟ်

  • Alinsett @ Maung Thura

    May 9, 2015 at 1:13 pm

    သူတို့အတွေးနဲ့ သူတို့တော့ ဘယ်မှားမလဲနော့
    ဒီခေတ်က လှည်းခေတ်မှ မဟုတ်တာကိုးးး
    အဲ. . . ဘာသာရေးအယူအဆ အတွေးအခေါ်တချို့ကသာ လှည်းခေတ်မှာ ကျန်ရစ်တာ. .

    :kwi:

    ကိုယ်တွေက. . .
    တနေ့ တစ်လံနဲ့ ပုဂံကို သွားမယ့် လူမျိုးတွေ
    ပလို့ဂျိ

    :k:

  • uncle gyi

    May 9, 2015 at 10:16 pm

    အရင်ကဂေါပကဆိုကျားချည်းပဲ
    အခုအောက်ပြည်မယ်
    မတွေဖြစ်ကုန်ပြီ

Leave a Reply