အင်တာနက် (မရှိမှ) ဆော့လို့ရမယ့် Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း

Myanmar Web DesignerMay 7, 20151min30510

ထူးဆန်းတဲ့ Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း

အင်တာနက်ရှိမှ ဆော့လို့ရတဲ့ ဂိမ်းပဲ ကြားဖူးပါတယ်။ သူ့ကျမှ အင်တာနက် မရှိမှ ဆော့လို့ရမယ်ဆိုတော့ နည်းနည်းတော့ ထူးဆန်းပါတယ်။ ဟုတ်လည်းဟုတ်ပါတယ် အဲဒီဂိမ်းကို ဆော့ချင်တယ်ဆိုရင် အင်တာနက် ရနေရင်တောင်မှ အင်တာနက် ပိတ်ပြီးတော့ ဆော့ရမှာပါ။ ဂိမ်းဆော့လို့ရဖို့ လိုအပ်တာတွေကတော့ –

၁။ Google Chrome browser ရှိရပါမယ်။
၂။ အင်တာနက် မရှိမှ ရပါမယ်။ (ရှိရင်လည်း ပိတ်ထားရပါမယ် 😀 )

လွန်ခဲ့တဲ့ နှစ်နှစ်လောက်က စပြီး Browser တွေထဲမှာ Google Chrome က တော်တော်လေး သုံးလို့ကောင်းလာပါတယ်။ အဲဒီလောက်ကတည်းက စပြီး ကျွန်တော်လည်း Google Chrome ကို သုံးလာတာပါ။ မနေ့ကမှ Google Chrome မှာ ဒီလို game မျိုးရှိနေပါလားဆိုတာ သိရတာပါ။ အင်တာနက်မရတဲ့အချိန် Chrome browser ကို ဖွင့်လိုက်မယ်ဆိုရင် dinosaur (ဒိုင်နိုဆော) တစ်ကောင်ကို တွေ့ရမှာပါ။ အဲဒီ ဒိုင်နိုဆောက ဆော့လို့ရတဲ့ game တစ်ခုပါပဲ။ အောက်က video မှာ ကြည့်ပါ။

 

[youtube http://www.youtube.com/watch?v=508i5WBPUCk]

 

ဖုန်းပေါ်မှာ ဘယ်လိုဆော့ရမလဲ?

စိတ်ဝင်စားသွားလို့ ဆော့ချင်တယ်ဆိုရင် ဘယ်လိုဆော့ရမယ်ဆိုတာကို ပြောပါမယ်။ အရင်ဆုံး အင်တာနက်ရနေရင် ပိတ်လိုက်ပါ။ Chrome browser ကို ဖွင့်လိုက်ပါ။ ပြီးရင် website တစ်ခုခု (ဥပမာ။  ။ google.com) ကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ဆိုရင်တော့ အောက်ပါအတိုင်း မြင်နေရပါမယ်။

 

မြင်ရတဲ့ စာမျက်နှာပေါ်က ဒိုင်နိုဆောလေးကို လက်နဲ့ တို့လိုက်ပါ။ ဒါပါပဲ၊ ဂိမ်းစဆော့လို့ရပါပြီ။ ဆော့ရင်းနဲ့ တဖြည်းဖြည်း မြန်လာလို့ ကျွန်တော်ကတော့ အမှတ် ၅၀၀ ကျော်မှာ Game over ဖြစ်သွားပါတယ်။

 

Computer မှာ ဘယ်လိုဆော့ရမလဲ?

Computer မှာ ဆော့ချင်သူများအတွက်လည်း လွယ်ပါတယ်။ ဒိုင်နိုဆောကို သွားပြီး click လုပ်ရင်တော့ ဘာမှ ဖြစ်မှာမဟုတ်ပါဘူး။ Computer မှာ Game ဆော့ရင် အပေါ်ခုန်တဲ့ ခလုတ်တွေဖြစ်တဲ့ Space bar တို့ အပေါ်မျှားတို့ကို နှိပ်မှရပါမယ်။ ဂိမ်းစလို့ ခုန်မယ်ဆိုရင်လည်း အဲဒီ ခလုတ်တွေ နှိပ်ပြီး ဆော့နိုင်ပါတယ်။

ဆော့လို့ ကောင်းတယ်ဆိုရင် Facebook က သူငယ်ချင်းတွေကိုလည်း မျှဝေလိုက်ပါဦး။

Credit: အင်တာနက် (မရှိမှ) ဆော့လို့ရမယ့် Google Chrome ရဲ့ လျှို့ဝှက်ဂိမ်း

10 comments

  • kai

    May 8, 2015 at 8:51 am

    ဟုတ်ပါ့…
    အင်တာနက်ခဏပိတ်ပြီးဆော့လိုက်တာ… ပထမကန္တာရဆူးနဲ့တင်ကွိသွားတယ်…။

    ဘာပဲဖြစ်ဖြစ်… သိရတာကျေးဇူးတင်..။ :k:

  • Alincho

    May 8, 2015 at 11:07 am

    စမ်းကြည့်ဦးမှ

  • အောင် မိုးသူ

    May 8, 2015 at 2:31 pm

    မိုက်တယ် ဆော့ကြည့်ဦးမှပဲ။ Chrome ကိုတော့ ပထမပေါ်ကစက သုံးပြီး အခုတော့လက်လွှတ်လိုက်တာ ကြာပြီ။ သူက မော်ဇီလာထက် ပိုလေးလေးလာလို့။

    • Myanmar Web Designer

      May 8, 2015 at 4:29 pm

      အမှန်က Firefox က ပိုလေးတာဗျ၊ ဒါပေမယ့် သုံးတာကြာလာရင်တော့ သုံးပြီးသားတွေ မှတ်ထားရလို့ browser တိုင်း လေးကြတာပါပဲ။ ဒါပေမယ့် အဲဒီလို သုံးတာချင်းတူရင်တောင် Chrome က ပိုပေါ့တယ်ဗျ။ နောက်ပြီးတော့ Chrome သုံးရင် Bookmark တွေ၊ History တွေကို Sync လုပ်တာတွေကလည်း Google နဲ့လုပ်တာဆိုတော့ ပိုပြီး အဆင်ပြေတယ်။ နောက်မှ အဲဒီ Sync လုပ်တာလေးတွေပါ တင်ဦးမယ်ဗျို့ … 🙂

  • uncle gyi

    May 9, 2015 at 10:06 pm

    ဒီလိုတွေလဲရှိတာပဲကိုး

  • naywoon ni

    May 11, 2015 at 11:44 am

    ၁၀ဝ ကို မ​ကျော်​ပါဘူးဗျာ !
    🙂

    • Ma Ma

      May 11, 2015 at 5:34 pm

      ၅၀ဝ ကျော်တယ်ဆို ကြွားတယ်လို့ ထင်မှာလားးးးး :k:

      အရုပ်က ငြိမ်ပြီး ဆူးပင်တွေက သွားနေလို့ မျက်စေ့လည်နေတာကို အင်ဂျင်နီယာနည်းပညာနဲ့ :kwi: အရုပ်ရဲ့ အရှေ့ အနေတော် နေရာမှာ casor (စာလုံးပေါင်းမှန်ရဲ့လားတော့ မသိဘူး။ စာရေးဖို့ နေရာချတဲ့ မှိတ်တုတ်မှတ်တုတ်နဲ့မျဉ်းကို ပြောတာ) ထားပြီး ဆူးပင်က အဲဒီနေရာကို ရောက်ရင် ခုန်လိုက်တယ်။

      အမှတ်များလာတာနဲ့အမျှ မြန်လာရင် အကွာအဝေးကို စိတ်မှန်းနဲ့ နည်းနည်းတိုးပြီး အဲဒီနေရာမရောက်ခင်လေးမှာ ခုန်လိုက်ရတယ်။

      ပြောမယ့်သာပြောရတယ် လူကပါ လိုက်ခုန်နေမိတာလည်း ရှိသေးးးး :a:

      • Myanmar Web Designer

        May 11, 2015 at 7:28 pm

        ကြွားတယ်လို့တော့ မထင်ပါဘူးဗျာ၊ သူများတွေဘယ်လိုဆော့လည်းတော့မသိဘူး အင်တာနက်မှာ High score ရှာကြည့်လိုက်တာ။ ၂ ထောင်နဲ့ ၄ထောင်ကြားတွေ အများကြီးပဲဗျ :O

        ဒါနဲ့ cursor လို့ပေါင်းတာဗျ … 🙂

Leave a Reply