The Skin I Live In (2011) – KZ’s ကြည့်မိသမျှ

ဇီဇီMay 8, 20151min23716

မင်းသားကြီး အန်တိုနီယို Antonio Banderas ပါဝင်တဲ့ ကားပါ။

၂၀၁၁ လောက်က ထွက်ခဲ့ပြီး အင်္ဂလိပ် စကား ပြောမဟုတ်တာမို့ မျက်စိမှောက်ပြီး မကြည့်ဖူးတဲ့ Movie..!!!
မနှစ်က ကံဆိုးစွာနဲ့ လူမင်း နဲ့ ပိုင်ဖြိုးသု ပါတဲ့ ကား အညွှန်း မြင်လို့ ထူးဆန်းတယ် ဆိုပြီး အဲဒီ မြန်မာကားကို ကြည့်မိပါလေရော။

.
နောင်တတွေ တပွေ့ကြီးနဲ့ ပိတ်လိုက်ရတယ်။

:b:
နောက်တော့ ကိုဟိန်း ပေ့(ချ) ကနေ လူမင်းကား က ဒီ ကားကို ကော်ပီလုပ်ထားလို့ ပြောတော့မှ

ဒီ အော်ရီဂျင်နယ် The Skin I Live In ရုပ်ရှင်ကို လိုက်ရှာကြည့်ရတာပါ။
ဟုတ်ကဲ့!!

၁၈ အထက် မှ ကြည့်ရတဲ့ ကားမို့ မိသားစုနဲ့ မကြည့်ပါနဲ့။

:mrgreen:

 

ဇာတ်လမ်းက

အလွန်တော်တဲ့ ဆရာဝန် ကြီးက …

သူ့သမီးလေးသေဆုံးသွားမှုမှာ …

တရားခံဖြစ်တဲ့ ကောင်လေးကို ဖမ်းခေါ် ပြီး …

.
လိင်ပါပြောင်း …

.
ရုပ်ပါ ပြောင်းလဲ ပြီး လှောင်ထားရာက စ တဲ့ ပြသနာတွေ ကို ရိုက်ထားတာပါ။

:dd:
Spanish Movie မို့ ကြည့်ရတာ အဆင်မချောတဲ့ အခန်းဆက် အဖြတ်အတောက် တစ်ချို့ နေရာတွေကလွဲရင် စိတ်ဝင်စားစရာ ကား တစ်ကား ပါ။

.
Rating 7.6/10  ရထားတာမို့ ညွှန်းမိတာပါ။

 

The-Skin-I-live-In-Huge-Poster

16 comments

  • အောင် မိုးသူ

    May 8, 2015 at 4:16 pm

    ကြည့်ပီးပီလေ လူမင်းရိုက်တာလည်း ပြန်ကြည့်လိုက်တဲ့ မြန်မာပြန်ရိုက်တာမှာ မကြိုက်ပေမယ့် အဲ့ကားထဲက ပိုင်းဖြိုးသုကိုတော့ တော်တော်ကြိုက်ခဲ့တယ်။

    • ခင်ဇော်

      May 8, 2015 at 4:18 pm

      အဟိဟိ။
      မနှစ်က အထိ အန်တိုနီယိုကို ဒီ ကား ရှိမှန်းမသိဘူးးး။
      သူ့ကို သိပ်ချစ်တာ။
      :chit:

      • naywoon ni

        May 11, 2015 at 10:54 pm

        ဒါထက်​ စကား အတင်​းစပ်​ ဂျိမ်​းစ်​ဘွန်​းကား​တွေထဲက အဖွားကြီး နာမယ်​က ဘူလဲ​အေ့ ​မေ့​မေ့သွားလို့ ​အောင်​ရဲပုလင်​းရဲ့ ​ဒေါ်ဖွား​မေ​တော့မဟုတ်​​လောက်​ပါဘူး ​နော်​ 🙂

        • ခင်ဇော်

          May 12, 2015 at 12:33 pm

          “M” ကို ပြောတာလား??

          :k:

  • ရွှေမိုးတိမ်

    May 8, 2015 at 4:31 pm

    ညီမလေးလည်း ဟိန်း တင်တာတွေ့မှ လိုက်ရှာဝယ်ပြီး ကြည့်ဖြစ်တာ 🙂

  • မွသဲ ( 17082011 )

    May 9, 2015 at 9:30 am

    စိတ်အေးလက်အေး ရုပ်ရှင်တကားလောက်ကျိဖို့ အချိန်ဘယ်ကရှာရပါ့။ တရုတ်တန်းသွားရှာရင်ကောင်းမား :mrgreen:

  • Wow

    May 9, 2015 at 11:11 am

    အိုက်ကားမှာ အန်တိုနီယို သရုပ်ဆောင်တာကြိုက်လို့ရယ် ဇတ်လမ်းကြိုက်လို့ရယ် (၂)ခါတောင်ပြန်ကျိတာ..
    ငှက်ကထဂျီးကားကတော့ ကျိတော့ပါဝူး.. ဆဲမိမှာ စိုးလို့ :mrgreen:

  • စိန်ပလိန်တိန် မုန့်ကြိုးလိမ်

    May 9, 2015 at 11:32 am

    နှုတ်ခမ်းနီတောင့်တွေ အများကြီးထုတ်ပြတဲ့အခန်းကတော့…။ ။
    ဇာတ်ကောင်ကို သနားတောင် တနားမိတယ်ဂျာ..။ ။ 😳

  • မောင်ဘလိူင်

    May 9, 2015 at 1:06 pm

    အင်း..အဲ့ကားကြည့်ပြီးပါပြီ။ နောက်မှ ဥရောပ နဲ့ ကနေဒီယန်ဘက်က ရိုက်တဲ့ ရုပ်ရှင်ကလေး
    တွေ ညွှန်းပါဦးမယ်။

  • မြစပဲရိုး

    May 9, 2015 at 8:37 pm

    တွေ့ဖူးပါတယ်မှတ်တာ။
    ကက်သရင်းဇီတာဂျုံး နဲ့ တွဲရိုက်တဲ့ ဇောရိုး မင်းသားကိုး။
    မှတ်မှတ်ရရ အဲဒီ The Mask of Zorro ကား ကို ဗိုက်ကြီး နဲ့ အိမ်တွင်းပုန်း ဘွ တုန်းက ကြည့်လိုက်ရတာ အခါခါ။
    . နောက်ပြီး စတားလုံး နဲ့ ကား Assassins မှာလဲ ကြည့်ဖူးတယ်။
    အဲ့မှာတော့ လူကြမ်း။
    . ကြိုက်ခဲ့လား မကြိုက်ခဲ့လား တော့ မသိ။
    . မျက်နှာပေး ကတော့ HOT တယ်။ :-))))))

  • Mr. MarGa

    May 12, 2015 at 11:58 am

    ​ကျော်​သွားမိတဲ့ ဇာတ်​ကား​တွေ များ​ချေ​ပေါ့ 🙂

Leave a Reply