ကောလာဟလဆိုတာ အချိန်တန်ရင် ပျောက်ပြယ်သွားမှာပါဆိုတဲ့ မိုးယုစံနှင့် တွေ့ဆုံခြင်း

DaveMarch 20, 20101min620

မျိုးဆက်သစ်အနုပညာရှင် များစွာပေါ်ထွက်လာသည့်အနက် မိုးယုစံသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း ခရီးရောက်ခဲ့သူဟု ဆိုနိုင်သည်။ များစွာသော အနု ပညာရှင်မျိုးဆက်သစ်တို့၏ စိတ် ကူးအိပ်မက်ကို အမိအရဖမ်းဆုပ် နိုင်ခဲ့ပြီး ပရိသတ်ရင်တွင်းသို့ ခို ဝင်နိုင်ခဲ့သော မိုးယုစံ၏ အနု ပညာတံခါးတစ်ချပ်ကို ဖွင့်လှစ် ကြည့်ခဲ့ပါသည်။
မိုးယုစံ ဒီအနုပညာ လောကထဲ စရောက်လာခဲ့ပုံလေး ပြောပါဦး။
ပထမဆုံးပြိုင်ဖြစ်တာက မျိုးဆက်သစ်အနုပညာရှင် များစွာပေါ်ထွက်လာသည့်အနက် မိုးယုစံသည် အချိန်အတိုင်းအတာ တစ်ခုအတွင်း ခရီးရောက်ခဲ့သူဟု ဆိုနိုင်သည်။ များစွာသော အနု ပညာရှင်မျိုးဆက်သစ်တို့၏ စိတ် ကူးအိပ်မက်ကို အမိအရဖမ်းဆုပ် နိုင်ခဲ့ပြီး ပရိသတ်ရင်တွင်းသို့ ခို ဝင်နိုင်ခဲ့သော မိုးယုစံ၏ အနု ပညာတံခါးတစ်ချပ်ကို ဖွင့်လှစ် ကြည့်ခဲ့ပါသည်။

မိုးယုစံ ဒီအနုပညာ လောကထဲ စရောက်လာခဲ့ပုံ လေး ပြောပါဦး

ပထမဆုံးပြိုင်ဖြစ်တာက Ferrovit ပြိုင်ပွဲ။ အဲဒီအပြိုင်ပွဲကနေ စတင်ဝင်ရောက်လာတာပါ။ ၂၀၀ရ လောက်မှာပေါ့။ ပြိုင်ပွဲကို ဝင်ပြိုင်ဖို့ အစီအစဉ်မရှိပါဘူး။ ဒီလိုပဲ တွေ့လို့ဝင်ပြိုင်လိုက်တာ ပေါ့နော်။ ပထမပွဲတုန်းက လုံးဝ ကို မထင်ထားဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဝင်ပြိုင်တဲ့သူတွေက ကိုယ့်ထက် အတွေ့အကြုံရှိတဲ့သူချည်းပဲ။Ferrovit ပြိုင်ပွဲကစပြီး မိုးယံမယ်ရွေးပွဲမှာ ပရိသတ်တွေ သိလာကြတာ ပေါ့နော်။ ပြိုင်ပွဲ ၅ခု မှာ ဆုက ၆ဆု ရခဲ့ပါတယ်။

ဆုတွေကို ဘယ်ပြိုင်ပွဲတွေ မှာ ရခဲ့တာလဲ။

Ferrovit ပြီးတော့ Excellent ၊ နောက်ပြီး Kanebo ၊ မိုးယံနဲ့ Now How ပြိုင်ပွဲ ၅ခုစလုံးမှာ ပထမရခဲ့ပါတယ်။

ဘယ်လိုရည်ရွယ်ချက်မျိုးနဲ့ ပြိုင်ပွဲတွေ ဝင်ဖြစ်ခဲ့တာလဲ။

ပြိုင်ပွဲတွေဝင်ဖြစ်ခဲ့တာက ဒီသရုပ်ဆောင်လောကထဲကို ဝင်ချင်တာကြောင့်ပါ။

သရုပ်ဆောင်အလုပ်နဲ့ မော်ဒယ်အလုပ်နှစ်ခု ယှဉ်လာရင် ဘယ်အလုပ်ကို ပိုပြီးဦးစားပေးမှာလဲ။

အဓိက သရုပ်ဆောင်အလုပ်ကိုပဲ ဦးစားပေးမှာပါ။ ကိုယ်က မော်ဒယ်လည်းမဟုတ်ဘူး။ ဒီလိုပဲ ပြိုင်ပွဲဝင်ရင်းနဲ့ ဆရာဂျွန်(ဂျွန်လွင်) တို့က နောက်ပိုင်း ခေါ်လျှောက်ခိုင်းလို့ လျှောက်တာပါ။

ဒီအလုပ်က မိုးယုရဲ့ ငယ် ဘဝက အိပ်မက်လား။

မင်းသမီးတစ်ယောက်ဖြစ်ရမယ်လို့ ရည်မှန်းချက်မရှိပေမယ့်လည်း ငယ်ငယ်ကတည်းက ဝါသနာတော့ ရှိပါတယ်။ မင်းသမီးတစ် ယောက်ဖြစ်ရတာကို ဂုဏ်ယူတယ်။ ဒီအနုပညာအလုပ်က ကိုယ်ဝါသနာ ပါတဲ့အလုပ်ဆိုတော့လေ။

သရုပ်ဆောင်ဘက်ကို ရောက်တော့ အခက်အခဲတွေ ကြုံခဲ့ရသလား။

မိုးယုက အသစ်ဆိုတော့ Mood ကို ချက်ချင်းသွင်းလို့မရတာတွေ ရှိတယ်လေ။ ကိုယ့်ကြောင့် သူများ ထိခိုက်မှာ တကယ် စိုးတယ်။ ကိုယ့်ကြောင့် ကြန့်ကြာ ရင်လည်း အားနာမိတယ်။ ပထမဆုံး မိုးယု စရိုက်တုန်းက အတွေ့အ ကြုံလည်းမရှိဘူး။ ရှုတင်မှာလည်း ဘာမှ မသိဘူး။ မသိတဲ့အချိန်မှာပဲ စရိုက်ရတယ်။ အဲဒီတုန်းကဆို ရင် အမူအရာပိုင်းတွေ လိုတာ ပေါ့။ နောက်တစ်ခုအနေနဲ့ ဘာအခက် အခဲတွေ့ခဲ့လဲဆိုတော့ မိုးယုက စကားနည်းတယ်။ စကားနည်းတော့ ပေါင်းသင်းဆက်ဆံရေးမှာ အခက် တွေ့တာပေါ့နော်။

အောင်မြင်ဖို့အတွက် ဘာတွေ လိုအပ်မလဲ။

အဓိက ကံပေါ့နော်။ ကြိုးစားအားထုတ်မှုလိုတယ်။ နောက်ပြီးတော့ လူမှုဆက်ဆံရေးက အဓိကကျတယ်။ လူမှုဆက်ဆံရေးကောင်းလို့ရှိရင် ဘယ်အရာမဆို အဆင်ပြေနိုင်ပါတယ်။

အခုလို နေရာတစ်ခု ရလာခြင်းက ဘယ်လိုအကြောင်း တရားတွေရဲ့ ပံ့ပိုးမှုပါမလဲ။

မိုးယုရဲ့ ကြိုးပမ်းမှုတွေကို အဓိကပံ့ပိုးကူညီသူတွေက ဖေဖေ နဲ့ မေမေပေါ့။ နောက်ပြီး မိုးယုနဲ့ အတူတွဲသရုပ်ဆောင်တဲ့သူတိုင်းကလည်း မိုးယုကို တွဲခေါ်ကြပါ တယ်။ ဒါရိုက်တာတွေကလည်း သင်ပေးကြပါတယ်။ အိုက်တင်နဲ့ ပတ်သက်ပြီး ဇာတ်ကားတွေ ကြည့်ပြီး အတုယူတယ်။ သင်တယ်ပေ့ါနော်။

အိမ်မှာပြန်ပြီး သရုပ် ဆောင်လေ့ကျင့်တာမျုိုးရှိလား။

အဲဒီလိုမျိုးလေ့ကျင့်တာတော့ မိုးယု မလုပ်ဖြစ်ဘူး။ ရိုးရိုးဗီဒီယို ကြည့်တာလောက်ပဲ။ အိမ်မှာ လေ့ကျင့်ရတာ ရှက်လို့။

မိုးယုအတွက် အမှတ်တရ ဖြစ်စေတဲ့ ဇာတ်ကားက ဘာများဖြစ်မလဲ။

ရိုက်ပြီးသမျှကားတွေထဲက ဟဲဗီးဇာတ်ရုပ်လို့ မဆိုနိုင်ပေမယ့် မိုးယုကြိုက်တဲ့ကားက ““မယားပါ သမီး”” ပါ။ အဲဒီကားမှာ အမေ သေသွားတဲ့အခန်းကို တကယ့် မျက်ရည်အစစ်နဲ့ ငိုရတာ။ တော်တော်နဲ့ကို ငိုလို့ မရဘူးဖြစ်နေတယ်။ နောက်ဆုံး ဒါရိုက်တာ ဦးဒေါနက မိုးယုကို ဆူတော့မှ မျက်ရည်ကျလာတယ်။ ကား စရိုက်တုန်းက အသစ်လည်းဖြစ်၊ သရုပ်ဆောင်သက်ကလည်း နု သေးတော့ လိုအပ်တာတွေလည်း ရှိခဲ့ပါတယ်။ ပထမကားပြီးတာနဲ့ နောက်တစ်ကား တန်းရိုက်ရတာ ကိုး။ မိုးယုလေ ဒါရိုက်တာကို ကျေးဇူးအရမ်းတင်မိပါတယ်။

ဖက်ရှင်နဲ့ပတ်သက်ပြီး ဒီဇိုင်နာတွေနဲ့တိုင်ပင်ပြီး လုပ်ဖြစ်တာလား။

ကြော်ငြာအတွက်ဆိုရင် တော့ ဒီဇိုင်နာနဲ့ပေါ့နော်။ တစ်ခါတလေကျတော့ အပြင်မှာထွက် ဝယ်ရတာတွေ ဘာတွေလည်း ရှိ တယ်။

ကောလာဟလတွေ ကြုံ တွေ့လာရင် ဘယ်လိုုတုန့်ပြန် ဖြစ်လဲ။
အနုပညာသမားတွေ ကြုံ တွေ့ရတဲ့ ကောလာဟလနဲ့ပတ်သက်ပြီး အပင်မြင့်လို့လေတိုက် ခံရတဲ့ သဘာဝပဲလေ။ ကိုယ်က မဟုတ်တာ ဘာမှမလုပ်ထားတဲ့ အတွက် ဒီအတိုင်းပဲထားလိုက်ပါတယ်။ အောင်မြင်မှု ကျရှုံးမှုတွေကို ဝေဖန်ကြသလို ကောလာဟလဒဏ်ကိုလည်း ခံကြရတာပါပဲ။ ကောလာဟလဆိုတာ အချိန်တန်ရင် ပျောက်ပြယ်သွားမှာပါ။

မိုးယုလျှောက်လှမ်းနေတဲ့ အနုပညာခရီးမှာ ဘယ်လိုရည် မှန်းချက်မျိုးနဲ့ ရှေ့ဆက်မလဲ။

ရှေ့ဆက်ပြီး အနုပညာကို တစိုက်မတ်မတ်လုပ်သွားမှာပါ။ မိုးယုက သရုပ်ဆောင်စစ်စစ် တစ်ယောက် ဖြစ်ချင်ပါတယ်။ မိုးယု ဘက်ကလည်း ပရိသတ်တွေကို တန်ဖိုးထားရင်း အချိန်တိုင်း ကြိုးစားနေမှာပါ။ ပရိသတ်ကြီးကို အရမ်းကျေးဇူးတင်ပါတယ်။