ဦးအောင်တို့ ငယ်ငယ်တုန်းက – ၄

 

ဦးအောင်တို့ငယ်ငယ်တုန်းက – ၄ ကို ဂုံညင်းဒိုးကစားနည်းကို ရေးချင်ခဲ့တာပါ။ ခုပတ်ဝန်းကျင်မှာလည်း အဲ့သည်ကစားနည်းဟာ ရှားပါးလာခဲ့ပြီလေ။ ဂုံညင်းဒိုးဆိုတာတောင် ကလေးတွေမေးရင် မြင်ဖူးပါ့မလားမသိ။ ဦးအောင်တို့ငယ်ငယ်တုန်းက နေစောင်းလို့ လူစုမိပြီဆို အိမ်တစ်အိမ်ကတစ်ယောက်ကို ထိုင်ခုံ တစ်လုံးစီ ထုတ်ရင်း ဆော့ကြတော့တာပဲ။ ဂုံညင်းဒိုးကတော့ ကိုယ်ပိုင် ဂုံညင်းဒိုးရှိမှသာ ကစားလို့ကောင်းမှာပါ။

 

ဂုံညင်းဒိုးကစားနည်းကို ရေးချင်ပေမယ့် ဂုံညင်းဒိုးအစစ်နဲ့ ဓာတ်ပုံနှင့်တကွ ဦးအောင်ကိုယ်တိုင် ဆော့ပြရေးပြချင်တာရယ်။ ပြီးတော့ ပြီးခဲ့တဲ့အပတ်က ပန်းကမ္ဘာထဲချာချာလည်သွားတာကတစ်ကြောင်း ခုလာမယ့် ပိတ်ရက်မှသာ အကောင်အထည်ဖော်နိုင်တော့မှာမို့။ ဦးအောင်တို့ ငယ်ငယ်တုန်းက – ၄ ကို ငယ်ငယ်ကတည်းကနေ အခုချိန်ထိ မမေ့နိုင်သေးတဲ့ ထုတ်စီးတိုးတမ်းကိုပဲ ဖော်ပြပေးလိုက်ပါတယ်။

 

ထုပ်စီးတိုးတမ်း ကစားနည်းမှာတော့ အဖွဲ့နှစ်ဖွဲ့ကနေ အဖွဲ့အများကြီးကစားလို့ရပါတယ်။ ရှုံးထွက် ကစားလို့ရတာပေါ့။ အဖွဲ့တစ်ဖွ့မှာ အနည်းဆုံး လေးယောက်ကနေ လေးယောက်အထက်ရှိရပါတယ်။ အဖွဲ့တစ်ဖွဲ့မှာ ခေါင်းဆောင်တစ်ဦးရှိရမှာဖြစ်ပါတယ်။ ကျတော်တို့အခေါ်တော့ ခေါင်သူကြီးပေါ့။ ထုပ်စီးတိုုးတမ်းမှာ တားတဲ့အဖွဲ့ဟာ ကိုယ့်နေရာနဲ့ကိုယ့် တားထားတဲ့စည်းအပေါ်မှာ တားရမှာဖြစ်ပြီး။ တိုးတဲ့အဖွဲ့ဟာ တားထားတဲ့နေရာကနေ ဖောက်ထွက်ပြီး ကိုယ်ပြန်ထွက်တဲ့နေရာအထိ အရောက်ပြန်လာရမှာ ဖြစ်ပါတယ်။ အဖွဲ့ထဲမှ တစ်ယောက်ဖြစ်ဖြစ် အရောက်ပြန်လာနိုင်သူရှိရင် ပွဲဟာနိုင်ပါပြီ။ ပြန်မလာနိုင်ဘဲ တားတဲ့လူတစ်ယောက်ယောက်က သူ့စည်းပေါ်ကနေ တိုးတဲ့သူတစ်ယောက်ယောက်ကို လက်ဖြင့်ဖမ်းရုံ ထိရုံနဲ့ တိုးတဲ့သူဟာ ကစားပွဲကိုရပ်ရမှာဖြစ်ပါတယ်။

 

ပုံမှာပြထားတဲ့သလိုပဲ တားတဲ့အဖွဲ့ဟာ နေရာယူရမှာဖြစ်ပါတယ်။ ထိပ်ဆုံးကတော့ ခေါင်သူကြီးဖြစ်ပြီး။ တားထားတဲ့ အနီရောင်လိုင်းကြောင်းဟာ ခေါင်သူကြီးသာ သွားလို့ရပြီး အဲသည်စည်းပေါ်ကနေ တိုးတဲ့သူတွေ ကို ဖမ်းရမှာဖြစ်ပါတယ်။

အပြာရောင်လိုင်းကတော့ ထမင်းရည်ပူစည်းဖြစ်ပြီး တိုးတဲ့သူဟာ တိုးနေတုန်း ထမင်းရည်ပူစည်းကို ကျော်လို့လည်းမရသလို နင်းလို့လည်းမရပါဘူး။ တစ်ယောက်ကနင်းတာနဲ့ တစ်ဖွဲ့လုံး ရှုံးမှာဖြစ်ပါတယ်။ မိရင်လည်း တစ်ဖွဲ့လုံးမသိလို။ အဆုံးထိ တစ်ယောက်တည်းတိုးနိုင်ရင်လည်း တစ်ဖွဲ့လုံးနိုင်မှာဖြစ်ပါတယ်။four

ထိပ်ဆုံးစည်းကနေ ခေါင်သူကြီးနှစ်ယောက် လက်ချင်းရိုက်မှသာ တိုးနိုင်ပြီဖြစ်ပြီး နံပါတ်တစ်အကွက်က ခေါင်သူကြီးစည်းကနေ တစ်ဖက်က တိုးတဲ့ခေါင်းသူကြီးတစ်ဦးကို ဖမ်းလုံးမရပါဘူး အခြားတိုးတဲ့သူတွေကိုတော့ ဖမ်းလို့ရပါတယ်။ နံပါတ် (၂)အကွက်မှသာ တိုးတဲ့အဖွဲ့က ခေါင်သူကြီးဟာ အခြားတိုးတဲ့သူတွေနဲ့ တန်းတူဖြစ်သွားမှာပါ။

တိုးတဲ့သူဟာ ဘယ်ညာယိမ်းရင် ချော့လိုက်ခြောက်လိုက်နဲ့ တားတဲ့သူအလစ်မှာ အကွက်တစ်ကနေ တစ်ကွက်ကို လွတ်အောင်တိုးရမှာဖြစ်ပါတယ်။ နံပါတ် (၁)အကွက်က တားတဲ့သူဟာ တိုးတဲ့သူ နံပါတ်(၂)အကွက်ကို ရောက်အောင်တိုးနိုင်ပြီးဆို နောက်ပြန်ဖမ်းလို့မရတော့ပါဘူး။ တိုးတဲ့သူဟာ နောက်ဆုံးအကွက်ကို ကျော်ပြီးပြန်လာမှ (ပြန်သူ)ဖြစ်မှသာ နောက်ထပ် ထပ်ဖမ်းနိုင်မှာပါဖြစ်ပါတယ်။

ရှေ့ပြန် နောက်ပြန်ဖမ်းလို့ရတဲ့သူကတော့ နောက်ဆုံးအကွက်တားတဲ့သူ တစ်ယောက်သာဖြစ်ပါတယ်။ တားတဲ့ဘက်က ခေါင်သူကြီးနဲ့ အဖွဲ့ဟာ ပိတ်ဖမ်းတာမျိုးလည်းရှိပါတယ်။ တိုးတဲ့သူဟာ ခေါင်းသူကြီးကိုလည်း သတိထားရပါတယ်။ အလစ်ငိုက်ရင် ငိုက်သလို ခေါင်သူကြီးစည်းကနေဖမ်းတတ်လို့ပါ။ ထုပ်စီးတိုးတမ်းမှာ ခေါင်းဆောင်နီုင်တဲ့ စွမ်းရည်က အဓိကလို့ထင်ပါတယ်။ ခေါင်သူကြီးကောင်းရင် အဲသည်အဖွဲ့ဟာ နိုင်ဖို့သေချာပါတယ်။ ဓာတ်ပုံလေးတွေနဲ့လည်း ဖော်ပြပေးလိုက်တယ်နော်။

htamane1

လေးစားစွာဖြင့်

အောင်မိုးသူ

 

10 comments

  • ခင်ဇော်

    May 9, 2015 at 1:42 pm

    ခြေတံ လက်တံရှည်ပြီးး မြန်တဲ့သူဆိုအဖွဲ့တိုင်းး လိုချင်တယ်
    🙂

  • Alinsett @ Maung Thura

    May 9, 2015 at 1:54 pm

    ကစားဖူးတယ်…
    ငယ်ငယ်က သူငယ်ချင်းတွေကို ပြန်သတိရသွားတယ်ကွာ…

  • မြစပဲရိုး

    May 9, 2015 at 9:17 pm

    ထုပ်စီးတိုးတမ်း ကစားဘူးပါ့။
    ငယ်တုန်းက ရပ်ကွက်ထဲ ဒီဇင်ဘာဆို အားကစားပြိုင်ပွဲ တွေလုပ်တာ ထုတ်စီးတိုးပြိုင်ပွဲ ပါတယ်။
    သိပ်တောင်မမှတ်မိတော့ဘူး။
    အခုမှ ပြန်ဖတ်ပြီး မှတ်မိတော့တယ်။

  • uncle gyi

    May 9, 2015 at 10:10 pm

    ရန်ကုန်က ကလေးတွေဘယ်နားသွားကစားကြတုန်း

  • အောင် မိုးသူ

    May 12, 2015 at 8:54 am

    ဖုန်းစကရင်တွေပဲ ပွတ်ကြတာများပါတယ်။ ကျတော်တို့ရပ်ကွက်ထဲက ကလေးတွေကတော့ ဆော့လို့ရတယ်။

  • Mr. MarGa

    May 12, 2015 at 11:54 am

    ပုံက ဘယ်​ကရှာတာလဲ အူး​အောင်​
    စာထက်​ ပုံကို အာရုံပို​ရောက်​သွားတာ​တော့ ခွင်​့လွှတ်​ :mrgreenn:

Leave a Reply