သိစေချင်

AlinchoMay 9, 20151min19011

.သိစေချင် သက်သေညွှန်းပါလို့၊

.မေယုကိုတဲ့ စုတ်တံချီ၊

.အာကာပြင် ပေလွှာထက်ကို၊

.သမုဒ်ပြင် မှင်ရည်သုံးပါလည်း ညွှန်းဖွဲ့မမှီ။

.စိတ်အသွင် ဝန်းကျင်နဲ့ဖော်ဝေး၊

.မြင်မြင်ရာ အစဉ်သာလွမ်းမိတယ် ချစ်သူ့အဝေး။

 

11 comments

  • Alinsett @ Maung Thura

    May 9, 2015 at 2:50 pm

    ငှယ်. . .
    အလွမ်းနဲ့လား. . .
    အလွမ်းဓါးနဲ့ အခွဲခံထားရတဲ့ စိတ်ဟက်တက်ကွဲကြီးနဲ့ပေါ့. . .
    :k:

    အသံချိုချိုကဗျာတိုလေး ဖတ်ရှုသွားပါကြောင်းးး

    အသံ ငံကျိကျိ ကဗျာတွေကိုလည်း ဖတ်ချင်ပါသေးကြောင်းးး

  • Mike

    May 9, 2015 at 3:35 pm

    .ကဗျာရေးလည်းကောင်းသကိုး ပုလင်​းငို ရ (ခွက်ဒစ်တူ naywoon ni)

  • Alincho

    May 9, 2015 at 3:48 pm

    အငှားခံစားချက်နဲ့ပါ ကိုလင်းနဲ့ ကိုအောင်မိုးသူရေ။
    ဦးမိုက်က ခေတ်နောက်ကျသကိုး၊ နောက်တစ်ခေါက်များလည်း ပြန်ဝင်ကြည့်ပါဦးလို့၊ အလင်းချိုရဲ့ဘဘနီဆီ ပြန်ကြားစာလေးကို

  • မြစပဲရိုး

    May 9, 2015 at 9:08 pm

    .မြင်မြင်ရာ တော့ မလွမ်းလိုက်ပါနဲ့ ချို ကလေးရယ်။
    . တော်လကြာ မဟန်တာ တွေ မြင်လိုက်လို့ ဒွတ်ခ (စီဒီ – မွသဲ) ဖြစ်နေဦးမယ်။
    . နောက်တာနော်။
    ရွာထဲ အရောက် နာမည် နောက်တစ်မျိုး တိုးနေပါပေါ့လား။ :-))

  • uncle gyi

    May 9, 2015 at 10:13 pm

    အင်တာနက်ခေတ်ကြီးမှာ
    ဘယ်လိုကဘယ်လိုမေယုကိုစုတ်တံချီနေတာတုန်း
    အလင်းချိုရဲ့

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 9, 2015 at 10:15 pm

    သိစေချင် သက်သေညွှန်းပါလို့
    တိမ်အတောက်မှာတဲ့ မြှောက်လေပြီ၊

    ယစ်ရွှေရည် ဖန်ဖလား နဲ့ ဖြင့်..
    အမှန်တရားကိုတော့ မဖုံးရယ်နိုင်

    မပီပလာ သည်စကားရယ်တို့က ….
    အိုကွယ်…

    လာဇမ်း… ဆီဗီလာ ပွဲ က အကြွေး နှစ်သောင်းးးးး။

    😛

    • kai

      May 11, 2015 at 2:46 am

      တသောင်းပေးလည်းဖြစ်ပါသည်။
      မသိစေချင် သက်သေသွန်းပါလို့…
      သွန်းရယ်တဲ့ လောင်းမယ့်ဟန်ချီ။

  • ခင်ဇော်

    May 11, 2015 at 10:29 am

    သိစေချင်ရင် ဦးလေး ခင်ဇော် ကို ပြောပြ။
    ပြန်ပြောပေးမယ်။

    :k:

  • Alincho

    May 11, 2015 at 11:04 am

    ချစ်လို့ပြောတယ်ပဲ မှတ်ပါတယ် အန်တီမြစပဲရိုး။
    ခံစားချက်က ခေတ်စနစ်တွေကို ကျော်လွှားနိုင်တယ်လို့မြင်ပါတယ် အန်ကယ်ဂျီး။
    ကိုယောက်ျားက ပုလင်းသမားလား၊ ချစ်တီးကုလား လားဟင်င်။
    သူကြီးရေ သင်္ကြန်ကပြီးသွားပြီလေလို့။

  • lu lu

    May 12, 2015 at 10:10 am

    အလွမ်းဆိုတာ
    ချစ်သူ ဖန်ဆင်းသွားတဲ့ ရင်ဘတ် ထဲက
    အနုပညာ . . . .
    :kiss:

Leave a Reply