စနက်ရှော့……လက်ဆော့

ကြာခဲ့ပါပြီပေါ့။ ဂရတ်ဖစ်သမားဆိုတော့လည်း ဓာတ်ပုံလေးတွေဘက်မှာ ဝါသနာကပါခဲ့ပါတယ်။ အရင်တုန်းကရိုက်ခဲ့တဲ့ ပုံလေးတွေ ပြန်လည် ဝေမျှလိုက်တယ်။ ပရိုတော့မဟုတ်ဘူးပေါ့။

 

လေးစားစွာဖြင့်

အောင်မိုးသူ

541950_4804791490111_246296143_n
လွန်ခဲ့တဲ့ သုံးနှစ်လောက်က ရုံးကနေမြို့ထဲအသွား လမ်းဆုံးအရောက်မှာ ကားပေါ်က လှမ်းရိုက်ခဲ့တာလေးပါ။ ကင်မရာကတော့ Nikon D70 ပါ။
551476_10200121578314636_1808979959_n
Isola Floral Shop မှာပါ။ Making လိုက်ရိုက်ပေးရင် စိတ်ကူးလေးပေါ်လာလို့ ရိုက်လိုက်တာ။ မွန်းကြပ်နေတဲ့ ဘဝတစ်ခုကို ပြသသလိုပေါ့။
1376360_10203100892475628_5578655424636678830_n
ပုဂံက ခေါင်းလောင်းလေးတွေ
10300294_10203114185487945_4418259859814369833_n
မြကန်သာဆိုတာ ဒါပေါ့
10366313_10203057527031519_2132740641808832761_n
ရုပ်သေးရုပ် (ပုဂံ)
10383682_10203072889255565_5959717215164196966_n
ရာဇဝင်များရဲ့ သတို့သမီးလေ

15 comments

  • ခင်ဇော်

    May 9, 2015 at 3:45 pm

    စနက်ရှော့ တွေက မိုက်…
    ပထမဆုံးးပုံနဲ့ ခေါင်းးလောင်းး ပုံလေးး ကြိုက်..

    • အောင် မိုးသူ

      May 9, 2015 at 3:48 pm

      ရိုက်ထားတာတွေ များကြီးပဲ နောက်တစ်ခါ ဆိုက်ဒ်ကြီးကြီးနဲ့ တင်မယ်။

  • Alinsett @ Maung Thura

    May 9, 2015 at 3:52 pm

    ရာဇဝင်များရဲ့ သတို့သမီးဆိုတာလေး.. ကြိုက်တယ်.. ။

    ဒါနဲ့.. အဲဒီ မြစ်ပေါ်မှာ ရှိနေတဲ့ နေမင်းကြီးကို ရာဇဝင်များရဲ့ ဖခင်ကြီး တင်စားချင်မိတယ်..
    .နေမင်းကြီးကိုလေ…နေ့လည်ဘက်မှာ… သိပ် မချစ်တတ်သလောက်…
    ညနေခင်း..ဝင်တော့မယ့်ဆဲဆဲတဲ့..ထွက်ပြူလာကာစနေမင်းကြီးကိုတော့ …ချစ်တယ်..

    :k:

  • kai

    May 9, 2015 at 5:10 pm

    မြကန်သာ၊
    တောင်ကျချောင်းတေး၊
    ရေဝင်ပြေးလှည့်၊
    ရေအေးကြည်စွာ၊
    ကန်ပိုင်မာလျက်၊
    ကြာပေါင်းထုံထုံ၊
    နံ့မျိုးစုံသည်၊
    ဘုံဝတိ ံသာ၊
    နန္ဒာပေလော၊
    တူစွဟုတ္တာ။

    ==
    မြန်မာတွေဆည်ဆောက်တဲ့အတတ်က…မခေဘူးဆိုတာပြတာပေါ့….။
    ပုဂံခေတ်ကနေ… အခုထိ… အရိပ်အယောင်ကျန်ဆဲ..။

    • မြစပဲရိုး

      May 9, 2015 at 8:56 pm

      ဆက်ဆက် ရဲ့ ပို့စ်ထဲ က ပန်ထွာဘုရင်မ ရဲ့ တိုင်းပြည် ကလဲ ဆည် ကို အကောင်းစား ကို ဆောက်ထားတာလို့ ပြောကြတာဘဲ။

      ဓာတ်ပုံလေး တွေ ရဲ့ အိုင်ဒီယာ ကို ကြိုက်တယ်။ :-))
      မြကန်သာနား မှာ သစ်ပင် တွေအများကြီး ရှိနေသင့်တယ် ထင်တယ်။
      ဒီ ပုံထဲ က စိမ်းတော့စိမ်းနေသေးတဲ့ အစိမ်းတွေ ရှိသေးတာကို ဘဲ ဝမ်းသာရမလိုဘဲ။
      တကယ်တော့ မြန်မာပြည်ထဲ သစ်ပင်တွေ ရှားလာတာ မဖြစ်သင့်ဆုံး ကိစ္စပါဘဲ။
      ရန်ကုန် ဆို လူနေ လမ်းတွေထဲ ဘာ အပင်ကြီး မှ မရှိသလောက် ရှားနေပြီ။

  • padonmar

    May 10, 2015 at 8:39 pm

    မြကန်သာကို မြင်ရတာ အသည်းကွဲသွားတယ်။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 11, 2015 at 12:51 am

    နောက်ပိုင်းရော …ရိုက်ဖြစ်သေးလားဗျ..
    ရိုက်လက်စရှိမှတော့ ဆက်သာရိုက်ဗျို့…
    😀

    စကားမစပ် ပုဂံ သွားချင်တယ်ဗျ.. ဓာတ်ဖမ်းဖို့ပါ…

    မိသားစုနဲ့ သွားလို့ ကောင်းမယ့် ခရီးဖြစ်မှာမဟုတ်ဘူးရယ်..
    သိတော်မူတဲ့အတိုင်း သူတို့ က ဖူးစရာ ရှာ ကိုယ်က ရိုက်စရာရှာ နဲ့ …
    ကွန်းဖလစ်အော့ဖ် အင်းထရက်စ်တွေ ဖြစ်ကုန်ရော…။

    သည်နွေတော့ လက်လျော့ထားတယ် … အသိတယောက် အဲ့သည်က ပြန်လာလို့ အိမ်ကိုလက်ဆောင်လာပေးရင်း
    အမေ့ကို ပြောသွားတာက …

    အန်တီရယ် … ငရဲပြည် ရောက်သွားတဲ့အတိုင်းပဲ ပူလိုက်တာ လွန်ရော… တဲ့…

    ပြီးမှ ..အဲ အဲ ..ကန်တော့ ကန်တော့ …. သည်မှာ သည်လောက်ပူနေတာ ငရဲပြည်ဆို ဆိုနိုင်ဖွယ်ရာ မရှိ ဆိုပဲ…။

    ဆား ကြောက်ဆယ်….။

    😛

    • အောင် မိုးသူ

      May 11, 2015 at 9:56 am

      ဆက်ရိုက်ချင်တာပေါ့ ခရီးထွက်ရင် ဘော်ဒါဆီက Canon Kiss လေးငှားငှားပြီးထွက်ရတာ။ ကင်မရာတစ်လုံးလောက် ဝယ်ဖို့ ပိုက်ဆံစုနေတယ်။ ပုဂံကို ထွက်သွားချင်သေးတယ်။ ပထမဆုံးတစ်ခေါက်က အမျိုးတွေနဲ့မို့ ကသောရောပါးရိုက်ခဲ့ရတယ်။

  • uncle gyi

    May 11, 2015 at 11:13 pm

    ဘာပြောပြောဓါတ်ပုံလေးတွေက
    ဘဝရဲ့အမှတ်တရလေးတွေပါ

  • အောင် မိုးသူ

    May 12, 2015 at 8:53 am

    ဘဝမှာ အမှတ်တရလေးတွေ ပြန်ကြည့်ပြီး ကြည်နူးနိုင်တာ ဓာတ်ပုံတွေပဲရှိတယ်။

  • Mike

    May 12, 2015 at 10:03 am

    .ကျုပ်လည်းဓါတ်ပုံတေါတော့ရိုက်ဖြစ်ပါရဲ့
    .မတင်ဖြစ်တာ..တင်အုံးမှ

  • Mr. MarGa

    May 12, 2015 at 11:52 am

    ငါ့ ​ပေါက်​ကရ ရိုက်​ချက်​​လေး​တွေ မတင်​​တော့ပါဘူး ​လေ :mrgreenn:
    စကားအတင်းစပ်​ အိုင်​ဒီယာ ကြိုက်​၏

    • အောင် မိုးသူ

      May 12, 2015 at 12:38 pm

      ပရိုတွေကလည်း လုပ်စမ်းပါဟ။ ကြည့်ရတာပေါ့။ ငါက ခုမှ ဘီဂင်နာပဲရှိသေးတယ်။ ဟိဟိ

Leave a Reply