ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့သည့် ပန်းချီကားများအနက်မှ  ဒေါ်လာ သန်း ၅၀ ခန့် တန်ကြေးရှိသည့်  “Poppy Flowers” နှင့် “Vase of Flowers” ဟု ထင်ရှားသော ပန်းချီကားမှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ပြတိုက်တစ်ခုမှ ပြီးခဲ့သော စနေနေ့က ခိုးယူခြင်း ခံခဲ့ရသည်။

ပန်းချီကား ခိုးယူခြင်း ခံရသော Khalil ပြတိုက်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ ၄၃ လုံးတွင် ၇ လုံးခန့်သာ အလုပ်လုပ်ပြီး မည်သည့် အချက်ပေးမှုမှ မရှိခဲ့ဟု အီဂျစ်နိုင်ငံမှ ထိပ်တန်း အစိုးရရှေ့နေ တစ်ဦးဖြစ်သူ Abdel Meguid Mahmud က ပြောကြားခဲ့သည်။

အီဂျစ် ယဉ်ကျေးမှု ဝန်ကြီး ဖြစ်သူ၏ အဆိုအရ ၄င်းနေ့က ပြတိုက်သို့ လာရောက်လည်ပတ်သူ ၁၀ ဦးသာ ရှိခဲ့သည်ဟု သိရသည်။

၁၈၈၇ ခုနှစ်တွင် ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့သည့် အဆိုပါ ပန်းချီကားမှာ တစ်ပေပတ်လည်ခန့်သာ ရှိပြီး အဝါရောင်နှင့် အနီရောင် ပန်းပွင့်များကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ၁၉၇၈ ခုနှစ်ကလည်း ၄င်းပြတိုက်မှပင် တစ်ကြိမ် ပျောက်ဆုံးခဲ့ပြီး ဆယ်နှစ်ခန့် အကြာတွင် ကူဝိတ်နိုင်ငံမှ ပြန်လည် တွေ့ရှိခဲ့သည်။

Article Source: BBC News (22 August 2010, Last updated at 15:31 GMT)

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။