ဒေါ်လာ သန်း ၅ဝ တန် ပန်းချီကား ပျောက်ဆုံး

Zaw WonnaAugust 23, 20101min944

ကမ္ဘာကျော် ပန်းချီဆရာကြီး ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့သည့် ပန်းချီကားများအနက်မှ  ဒေါ်လာ သန်း ၅ဝ ခန့် တန်ကြေးရှိသည့်  “Poppy Flowers” နှင့် “Vase of Flowers” ဟု ထင်ရှားသော ပန်းချီကားမှာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ပြတိုက်တစ်ခုမှ ပြီးခဲ့သော စနေနေ့က ခိုးယူခြင်း ခံခဲ့ရသည်။

ပန်းချီကား ခိုးယူခြင်း ခံရသော Khalil ပြတိုက်တွင် တပ်ဆင်ထားသည့် လုံခြုံရေး ကင်မရာ ၄၃ လုံးတွင် ရ လုံးခန့်သာ အလုပ်လုပ်ပြီး မည်သည့် အချက်ပေးမှုမှ မရှိခဲ့ဟု အီဂျစ်နိုင်ငံမှ ထိပ်တန်း အစိုးရရှေ့နေ တစ်ဦးဖြစ်သူ Abdel Meguid Mahmud က ပြောကြားခဲ့သည်။

အီဂျစ် ယဉ်ကျေးမှု ဝန်ကြီး ဖြစ်သူ၏ အဆိုအရ ၎င်းနေ့က ပြတိုက်သို့ လာရောက်လည်ပတ်သူ ၁ဝ ဦးသာ ရှိခဲ့သည်ဟု သိရသည်။

၁၈၈ရ ခုနှစ်တွင် ဗင်းဆင့်ဗန်ဂိုး ရေးဆွဲခဲ့သည့် အဆိုပါ ပန်းချီကားမှာ တစ်ပေပတ်လည်ခန့်သာ ရှိပြီး အဝါရောင်နှင့် အနီရောင် ပန်းပွင့်များကို သရုပ်ဖော်ထားခြင်း ဖြစ်သည်။ ၁၉၇၈ ခုနှစ်ကလည်း ၎င်းပြတိုက်မှပင် တစ်ကြိမ် ပျောက်ဆုံးခဲ့ပြီး ဆယ်နှစ်ခန့် အကြာတွင် ကူဝိတ်နိုင်ငံမှ ပြန်လည် တွေ့ရှိခဲ့သည်။

Article Source: BBC News (22 August 2010, Last updated at 15:31 GMT)

4 comments

  • susunosuki

    May 6, 2011 at 5:55 am

    အတွင်းလူ တစ်ဦးဦး လက်ထောက်မချပဲ ခိုးဖို့ဆိုတာမဖြစ်နိုင်ပါဘူး။ နောက်ပြီး ဒီပန်းချီကားကို ခိုးပြီး အိမ်မှာ အလှချိတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ သေချာပေါက်ရောင်းရမှာ၊ ပွဲစားတွေက တဆင့် လိုက်ရင် မိမှာပါပဲ။

  • manawphyulay

    May 6, 2011 at 8:15 am

    ခိုးပြီးရောင်းတော့ ဝယ်မယ့်သူက ရှိပါ့မလား။ ပေါ်ပေါ်တင်တင် ရောင်းရဲပါ့မလား…

  • ဆူး

    May 6, 2011 at 8:51 am

    ရုပ်ရှင်တွေထဲကလို ဗျူဟာ အမျိုးမျိုးနဲ့ ခိုးသွားတာလား မသိဘူး။ ခိုးနည်းလေး သိရင် ကောင်းမယ်။ အဟိ..

  • cobra

    May 6, 2011 at 10:09 am

    ရုပ်ရှင်တော့ကြည့်ဖူးတယ်..
    ဒါတကယ်ဆိုတော့သူခိုးတွေခေတ်မှီနေကြပီ။

Leave a Reply