ရွာလည်​​နေသည်​ ​နေဝန်​းနီ

naywoon niMay 10, 20152min1237

ဖိုးသူ​တော်​မျက်​စိလည်​ရင်​ ဆန်​ပိုရသတဲ့ ။ ​နေဝန်​းနီ ရွာလည်​တာက​တော့ ကိုင်​ထားတဲ့ ဟမ်​းဆက်​ လွှင်​့ပစ်​ချင်​စိတ်​ မနည်​း ထိမ်​းသိမ်​းထား​နေရတယ်​ ။ ပြဿနာက အင်​တာနက်​သုံး​နေရင်​း စက္ခရင်​ပိတ်​သွားပြီး ​ကြော်​ညာတက်​တက်​လာတဲ့ ပြဿနာပါ ။အ​စောပိုင်​းက​တော့ ဝက်​ဘ်​ပိတ်​ချ်​မှာ တက်​လာတာ ခု​တော့ စက္ခရင်​ပါပိတ်​သွားတဲ့ အဖြစ်​ ။
ဒီလို​လေးကအင်​တာနက်​သုံးတိုင်​း ခဏခဏဖြစ်​တယ်​ ။ ဆယ်​မိနစ်​ကို တစ်​ခါ ​လောက်​ တက်​တက်​လာတာ ။

Screenshot_2015-05-09-22-55-34
​နောက်​ဘာ​တွေ တက်​လာသလဲဆို​တော့ သင်​့ဖုန်​းကို တစ်​စုံတစ်​​ယောက်​က ထွင်​း​ဖောက်​ဖို့ ကြိုးစား​နေသည်​ ဘာ အပ္ပလီ​ကေးရှင်​း ကို အင်​စ​ထော လုပ်​လိုက်​ပါ ဆိုတဲ့ ဝမ်​နင်​ ​တွေပါတက်​လာပြန်​​ရော ။ ဒီလိုကလည်​း ​ဒေါင်​းလုပ်​ လုပ်​မယ်​ကြံတိုင်​း တက်​လာတတ်​တယ်​ ။
Screenshot_2015-04-20-12-42-06

ပြီး​တော့ လင်​ချာ ဆိုလားဘာဆိုလား အင်​ထ​ရေလုပ်​ခိုင်​းလား ခိုင်​းရဲ့ ။

Screenshot_2015-05-10-17-26-59

အဲ့ဒိ​တော့ စက်​​လေးတယ်​ထင်​တိုင်​းလုပ်​​နေကြအလုပ်​က​တော့ ဖုန်​းကို ဘက်​ကပ်​လုပ်​ပြီး ရီစတပ်​ချလိုက်​တာပါပဲ ။ မူလ စက်​ရုံကထွက်​လာတဲ့ အတိုင်​း ပြန်​ဖြစ်​သွား​ရော ။ စာလုံး​တွေက အစ တရုပ်​စာလုံး​တွေနဲ့ ။

Screenshot_2015-05-10-22-13-44

ဆက်​တင်​က​နေ A ဆိုတဲ့​နေရာ​လေးက​နေ သွား

Screenshot_2015-05-10-22-14-34

English ​ရွေး​ပေးလိုက်​ ။

Screenshot_2015-05-10-22-12-10

သုံးလက်​စ ပုံစံ အတိုင်​း ပြန်​ဖြစ်​သွား​ရော ။ သို့​ပေမဲ့ ကိုယ်​မသုံးတဲ့ အပ္ပ​ကေးရှင်​း​တွေဖျက်​ ။ သုံး​နေကျ အပ္ပ​ကေးရှင်​း​တွေပြန်​ထည်​့ ။ ဘယ်​​နေရာ ဘယ်​လိုမှားသည်​မသိ ။ SD ကတ်​ထဲမှာ ဘာအပ္ပလီ​ကေးရှင်​းမှမကျန်​ခဲ့ ။ သည်​​တော့ ​နေဝန်​းနီ ရွာလည်​ပြီ​လေ ။ ကိုယ်​သုံး​နေကျ အပ္ပ​ကေးရှင်​း​တွေက
ဝမ်​းဘ​ရောက်​ဇာ ၊ ခရုမ်​း ၊ ကာလာနုတ်​ ၊ ဆို​တော့ကာ

Screenshot_2015-05-10-22-24-58-1

ဒီအပ္ပလီ​ကေးရှင်​းသုံးတဲ့ သူရှာရ ။ ဇာပြာပါ ထွက်​သွားတာဆို​တော့ ဘလူးတုနဲ့ ချိတ်​ရ ။ ဟာ​ဝေး ချင်​း​တောင်​ ဘလူးတု ချိတ်​မရ ။ ဆို​တော့ကာ ………​နေဝန်​းနီမှ ရွာမလည်​ရင်​ ဘယ်​သူ ရွာလည်​ဦးမှာလဲ ။

​နေဝန်​းနီ
10:27 PM
2015 May 10

7 comments

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 11, 2015 at 12:46 am

    အဲ့သလို အယောင်ဆောင် အပ္ပလီကေးရှင်း သွင်းတာတွေ ပီစီ ခေတ်ကတည်းက ပေါသဗျ…။
    အမေရိကန်ဗီဇာ ပေါက်ပြီ တို့ … ယခုသင်ဟာ ဒီဆိုက်ဒ်ကို လာလည်တဲ့ ၉၉၉၉၉၉၉၉၉၉၉၉ မြောက်သော ဧည့်သည်မို့
    ဆုငွေ ဘယ်လောက် လာထုတ်ယူပါတို့ ကအစ … သင့်စက် ဘယ်အကောင်ကိုက်နေဘယ် ဘယ်သူက ဟက်နေဘီ ဆိုတာမျိုးအဆုံးပေါ့..။
    ဆိုတော့ .. အမြန်ဆုံး အလွယ်ဆုံးကတော့ အနီးဆုံး ဖုန်းဆိုင်ကိုပြေး ပေတော့ဗျို့ …။

    ဆိုင်က စက်မှာ ကိုယ်သုံးနေကျ အပ္ပလီတွေ ရှိတယ်ဆိုရင် ဇက်ပြာ အရင်သွင်းပြီး ကျန်တာတွေ ကူးထည့်..။
    အဲ.. မရှိရင်တော့ တခုချင်းစီသာ ဒေတာဖွင့်ပီး ဒေါင်းလုပ်ဒ် ဆွဲဖို့ ပြင်ပေတော့ဗျာ..။

    အဲ..အဲ… နောက်ဆုံးတချက်ကတော့ ဖုန်းရဲ့ မန်မိုရီ ရယ် နဲ့ အက်စ်ဒီကတ် မန်မိုရီ ရယ်မှာ
    ဘယ်ထဲ ဘာထည့်ပြီး ဘာကိုတော့ ဘယ်မှာထား ဆိုတာ ထိန်းချုပ်ပေးတဲ့ ဖိုင်မန်နေဂျာ အပ္ပလီ တခုခုထည့်ပြီး
    အသားကျအောင် သုံးရင်းကျင့်ဖို့ပါပဲဗျာ…

    ဖက်ထရီဖောမက်တော့ မကြာခန မချစေချင်ပါဘူးဗျို့

    တော်သေးဘီ.။

    • naywoon ni

      May 13, 2015 at 6:30 pm

      အနီးဆုံး ဆိုင်​သွားရ​အောင်​ကလည်​း ဆင်​​တွေ ကိုယ်​၌ ကကို ကိုယ်​့လို ​တွေ့ကြုံသိ​လောက်​ပဲ ရှိတာဆို​တော့ ကိုယ်​က​တောင်​တစ်​ခါတစ်​​လေ ပြန်​သင်​​ပေးရတဲ့ အဆင်​့ဆို​တော့လည်​း ခက်​သား 🙂

  • တောင်ပေါ်သား

    May 11, 2015 at 4:20 pm

    ကျနော်ကတော့ ဖုန်းနဲ့ အင်တာနက် မသုံးသူမို့ အဲဒါတွေ မသိဘူးရယ် ၊

    ဖုန်းကို ဖုန်းဆက်ဖို့ ဓါတ်ပုံရိုက်ဖို့ သီချင်းနားထောင်ဖို့ရယ်ပဲ ၊

  • uncle gyi

    May 11, 2015 at 11:22 pm

    အကောင်းဆုံးကတော့
    ဖုန်းကောင်းနေတုန်းကိုယ်သုံးနေကျလေးတွေ
    ကွန်ပြုတာထဲသိမ်းထားလိုတော့အလွယ်ပြန်ရတာပ
    ကိုနီရေ

  • Mike

    May 12, 2015 at 9:25 am

    .ကျုပ်လည်းဖုန်းအပ္ပလီတွေ သိပ်မကျွမ်း

Leave a Reply