Min Aung Khaing
May 8 at 10:09pm

အရေးတကြီး စဉ်းစားကြဖို့ပါ။
======================
ရွှေတိဂုံဘုရားနားမှာ ရွှေတိဂုံဘုရားလမ်းဘေးက စစ်တပ်ကွာတာဟောင်းတွေဖြိုပြီး
ကွန်ဒိုစီမံကိန်းကြီး တခုစတော့မယ်လို့သိရပါတယ်။ တပ်ပိုင်တာတွေ ဦးပိုင်တာတွေ
အဘပိုင်တာတွေ ဘာတွေညာတွေ တခုမှ ကျနော်မပြောလိုပါ ။ ကျနော်ပြောချင်တာ
ကတော့ (အများပြောနေကြတဲ့ ရွှေတိဂုံစေတီတော်ကြီးထက်မြင့်သွားမယ်
ကွယ်သွားမယ် အေးချမ်းတဲ့အရသာပျက်သွားမယ် ဆိုတာတွေထက်) ဘူမိဗေဒ
အမြင်အရပြောချင်တာပါ။

အဲသည်လောက်ကြီးမားတဲ့ အထပ်မြင့် အိမ်ယာများ ဆောက်လုပ်ရေးစီမံကိန်း
အတွက် Foundation အတွက် မြေအောက် car park တွေအတွက် မြေကို
အတော်နက်နက် (အနည်းဆုံး မီတာ ၂ဝလောက်တော့) တူးဖော်ရပါမယ်။ ဒီအခါမှာ
ရွှေတိဂုံစေတေီတော်ကြီးရဲ့အောက်မှာ ရှိနေတဲ့ မြေသားတွေရဲ့အမျိုးအစားပေါ်
မူတည်လို့ အကယ်၍ ရေအောင်းမြေလွှာ Acquifier layer ရှိနေခဲ့မယ်ဆိုရင်
ထိုမြေလွှာထဲတည်ရှိနေတဲ့ မြေအောက်ရေဟာ မြေအောက် နိမ့်ရာ မျက်နှာပြင်
အပွင့်ရှိရာ ကွန်ဒိုစီမံကိန်းအတွက်တူးထားတဲ့ တွင်းကြီး ဘက်ကိုစီးဆင်းထွက်
လာပါလိမ့်မယ်။ ground water seepage လို့ခေါ်ပါတယ်။ လူ့အမြင်မှာ
အဝေးကြီးပါလို့ထင်ရပေမဲ့ မြေအောက်ဘူမိနေထားတွေဟာ မိုင်ပေါင်းများစွာ
ဝေးနေလည်းဆက်စပ်နေတာပါ။ ဒီအခါမှာမြေလွှာဟာ ရေတွေထွက်သွားတဲ့
အတွက်ပိုမို သိပ်သည်းလာပြီး ထုထည်နည်းလာကာ စေတီတော်ကြီးထိုင်နေတဲ့
မြေမျက်နှာပြင်မှာ နိမ့်ကျလာနိုင်ပါတယ်။ settlement လို့ခေါ်ပါတယ်။
နေ့ချင်းညချင်းမဖြစ်ပဲ လနဲ့နှစ်နဲ့ချီ လာမှသိသာလာမှာပါ။ စေတိတော်ကြီး
တည်ထားတာ ဘာ pile / deep foundation မှရှိခဲ့တာမဟုတ်ပါဘူး။
တောင်ပေါ်မှာ အုတ်စီထားယုံပါ။ ကန်တော်မင်ပန်းခြံက ရေကန်ဟာလည်း သူ့ဟာသူနေနေရင်သူ့ဟာသူနေနေရင်ဘာမှ မဖြစ်ပေမဲ့ အနားမှာ
deep excavation ကြီး ရှိလာတဲ့အခါ မြေအောက်ရေ ရွေ့လျောဖို့ အကြောင်းတခုဖြစ်လာနိုင်ပါသေးတယ်။ပြီးတော့ အဲဒီကွန်ဒိုတွေအတွက် ဘယ်ကရေကိုပေးမှာလဲ။ အဲဒီမှာပဲ အဝီစိတွင်းတူးရင်တော့ အင်း……
တဖြေးဖြေးနဲ့ …. ။

အဲဒီလိုဖြစ်လာရင် မပြောကောင်းမဆိုကောင်းစေတီတော်ကြီး တိမ်းစောင်း
လာတာတို့ ကွဲအက်တာတို့ဖြစ်လာနိုင်ပါတယ်။ ရင်ပြင်တော် တဘက်စောင်း
ကျတာ ကွဲအက်တာတွေ စေတီရံတွေ ဆောင်းတန်းတွေ အကုန် သက်ရောက်
လာနိုင်ပါတယ်။ အနားက မဟာ ဝိဇယစေတီတော်လည်းထည့်စဉ်းစားရ မှာပါ။
ဖြစ်လာမှ ပြုပြင်လို့မရတော့ပါ။ အခု ဘာမှမဖြစ်တာက အနီးအနားမှာ
အဲသည်လို deep excavation / deep foundation နဲ့ဆောက်တဲ့ အဆောက်ဦး ရှိမှမရှိခဲ့သေးတာ။ ကမ္ဘာကျော် အမွေအနှစ်ကြီးတခုခုဖြစ်ရင် ဆုံးရှုံးမှုကြီးမားလှပါမယ်။ ဒဏ္ဍာရီပြောပြော ဘာပြောပြော ရွှေတိဂုံစေတီတော်ကြီးနဲ့ ပင်လယ်ဝနဲ့ ဆက်နေတဲ့ မြေအောက်ရေကြောလိုလို လှိုဏ်ခေါင်းလိုလို မြေအောက်မှာ ရှိခဲ့တယ်ဆိုတဲ့
အချက်ကိုလည်း လျစ်လျူရှုထားလို့တော့မဖြစ်ပါ ။ ( ကျနော်ပြောနေ
သမျှတွေဟာ အကယ်၍ စေတီအောက်မှာ acquifier layer လုံးဝ မရှိပဲ
ရေမအောင်းတဲ့ ကျောက်သားချည်းဆိုရင်တော့ ပူစရာမရှိပါဘူး။ )

ဒါကြောင့်မဆောက်မဖြစ်ဆောက်တော့မယ်ဆိုရင် ပညာရှင်တွေအားလုံး
ဒါကိုထဲ့တွက်ပြီး ထိုဒေသတခုလုံးရဲ့ မြေအောက်မြေသားကျောက်သား
အနေအထား soil investigation တွေကို ဧရိယာအကျယ်ကြီး ငုံမိအောင်
သေသေချာချာလေ့လာပြီး Foundation design မှာလည်း ကြိုတင်ကာကွယ်
တဲ့အစီအစဉ်တွေ အသေအချာ တွက်ချက်စီမံထားဖို့လိုပါလိမ့်မယ်။
နောင်အရှည် အဲဒီကွန်ဒိုအိမ်ယာကြီးကို ဘယ်လိုရေပေးမှာလဲကအစပေါ့။
ဆောက်လုပ် ခွင့်ရမဲ့ကုမ္ပဏီဟာလည်း အာဏာပိုင်တွေနဲ့ပိုင်လို့ရသွားတဲ့
သူမျိုးမဟုတ်ပဲ Technical , Quality နဲ့ Safety ကိုဦးစားပေး တဲ့ ယုံကြည်စိတ်ချ
ရတဲ့ နာမည်ကောင်းရှိတဲ့ ကုမ္ပဏီဖြစ်ဖို့အရေးကြီးလှပါတယ် ။
ဥပမာ deep excavation wall မှာ ပတ်လည် ထူထည်းတဲ့ စိတ်ချရသည်
အထိနက်တဲ့ Diaphragm wall / Sheet pile တွေနဲ့ကာရံတာမျိုးပါ။
ကျွမ်းကျင်တတ်သိတဲ့Geologists တွေ အင်ဂျင်နီယာတွေ မြန်မာပြည်တွင်းမှာ
များစွာရှိပါ တယ်။ထိုသူတွေကိုနေရာပေးဖို့နဲ့ ဆောက်မည့်သူတွေ ပေါ့ပေါ့ သဘောထားကြမှာကိုပဲ ပူပင်မိတာပါ။ ဒါတွေက စေတီတော်ကြီးအတွက်သာ
မကပါဘူး။ ဆောက်လုပ်မဲ့ ကွန်ဒိုတွေနဲ့ ဝင်းကြီးတခုလုံးအတွက် technically
ရေရှည် စိတ်ချရအောင် အရေးတကြီး ထည့်သွင်းစဉ်းဖို့ပါ။
deep excavation မတူးဘူး။ multi storeyed car park ကိုလည်း မြေပေါ်မှာပဲ အဆင့်ဆင့်လုပ်မယ်ဆိုရင်တော့ တော်သေးမှာပါ။ ဒါတောင် အုတ်မြစ်အတွက်
deep piles တွေ တူးရဦးမှာပါပဲ။ ဆောက်မဲ့နေရာက စေတီတော်ကြီးနဲ့
အရမ်းဝေးပါတယ် အပူလွန်နေတယ်လို့ပြောရင်လည်း မပြောလိုတော့ပါ
ဘူး။ ကျနော် ကန့်ကွက်နေတာလည်းမဟုတ်ပါ။ တွေးသင့်လုပ်သင့် တယ်ထင် တာလေးကိုပြောပြကြည့်တာပါခင်ဗျ ။ ကျနော် ပူပင်စိုးရိမ်တဲ့အနေအထားကို ပုံကြမ်းလေးဆွဲပြထားပါတယ်။


==

မှတ်ချက်။ ။ ဒီကကူးပါတယ်..။
https://www.facebook.com/aung.khaing.71/posts/824908950895903:1?hc_location=ufi

=====================================

Ko Min Zaw

ဒီနေ့ Ko Min Aung Khaing ရဲ့ “အရေးတကြီး စဉ်းစားကြဖို့ပါ” ဆိုတဲ့ ရွှေတိဂုံ အောက်က မြေအောက်ရေ ထွက်သွားရင် settlement ဖြစ်နိုင်တဲ့ ပုံကို တော်တော်များများ share ကြတာ တွေ့ရပါတယ်။

ဒီရက်ပိုင်း ကျနော်တို့ ပြောနေတဲ့ Save our Shwedagon ပေါ့လေ …

မြေပေါ် အနိမ့်အမြင့် ကတော့ architecture ပိုင်း နဲ့ ပိုဆိုင်ပါတယ်။ မြေအောက်နဲ့ structure ပိုင်းကတော့ ကျနော်တို့ engineer တွေ၊ geologist တွေနဲ့ ပိုဆိုင်ပါတယ်။

မြေအောက်ရေ နဲ့ ပတ်သက်လို့တော့ အရမ်းကြီး စိုးရိမ်ရတယ် လို့ မဆိုနိုင်သလို ၊ လုံးဝ မစိုးရိမ် ရဘူး လို့လဲ မပြောနိုင် ပါဘူး … အတိုင်းအတာ တခုအထိ risk ရှိပါတယ်။ risk တွေကို လျှော့ချနိုင်တဲ့ နည်းလမ်းတွေလဲ ရှိပါတယ်။

ရွှေတိဂုံ နားက ပရောဂျက်တွေနဲ့ ပတ်သက်လို့ မြေအောက်ရေ အကြောင်း မပြောခင် basement တူးပြီးဆောက်တဲ့ ပရောဂျက်တွေနဲ့ ပတ်သက်တဲ့ အတွက် basement ပိုင်းကို အရင် ပြောချင်ပါတယ်။

လန်ဒန် မှာလဲ အပေါ်တက်တာတွေ ကန့်သတ်တော့ သူဌေးတွေ လိုချင်တဲ့ ကိုယ်ပိုင် ရေကူးကန်၊ ကိုယ်ပိုင် ရုပ်ရှင်ရုံ၊ ကိုယ်ပိုင် အားကစားခန်း၊ ချွေးထုတ်ခန်း၊ စားသောက်ဆိုင် တခုစာလောက်ကြီးတဲ့ kitchen တွေ နေရာချဖို့ စတာတွေ အတွက် မြေအောက်ထဲမှာ basement ၂ ထပ် ၃ထပ် ဆောက်ရတယ်။

လောလောလတ်လတ် ကျနော် အစအဆုံး တာဝန်ယူ လုပ်နေတဲ့ ပရောဂျက်တွေ ထဲမှာ မြေအောက် ပေ ၃ဝ – 10m deep basement ပါတဲ့ ပေါင် သန်း ၂ဝ ကျော် တန် ပရောဂျက် တခုလဲ ပါ ပါတယ်… လန်ဒန် မြို့လည်ခေါင်မှာပါ … ကျနော်တို့ client ဘီလျံနာ သူဌေး ရဲ့ ရပ်ကွက်မှာ ဆောက်တဲ့ ကျနော့် ပရောဂျက် ဘေးအိမ်ကလဲ သန်းချီ တန်ပါတယ်။

(ဘေးမှာ အကွဲကြောင်း တခုုခု ပေါ်လာပြီဆို ဘယ်လောက် ပြသနာ တက်လိုက်မလဲ စဉ်းစားကြည့်လို့ ရပါတယ်)

Deep basement ဆောက်ရင် အကြောက်ရဆုံးကတော့ ဆောက်လုပ်ဆဲ အချိန် ဘေးက မြေ လိုက်လာမှာ (ground movement) ကို တော်တော် စိုးရိမ်ရပါတယ်။

မြေအောက်ထဲ အဆောက်အဦး ထိုးထည့်ဖို့ မြေတူးလိုက်တာနဲ့ လွတ်သွားတဲ့ နေရာကြောင့် ဘေးတိုက်ရော အပေါ်အောက်ရော load relief ဖြစ်ပြီး ဘေးမြေ က လိုက်ရွေ့ လာတတ်ပါတယ်။

Ground movement ဟာ construction method နဲ့ မြေသား ပေါ်မှာ အတော်ကြီးကို မူတည်ပါတယ်။ ဘယ်လောက်ရွေ့သွား နိုင်တယ် ဆိုတာကို အတိအကျ ခန့်မှန်းဖို့ကလဲ တော်တော်ကြီး ကို ခက်ပါတယ်။

အဆောက်အဦးတွေ သိပ်ကပ်နေတယ် ဆိုရင် ဘေးအဆောက်အဦး ထိခိုက်မှု မဖြစ်အောင် ground movement ကို အနည်းဆုံး ဖြစ်အောင် ထိန်းချုပ်ဖို့ လိုပါတယ်။

အဲဒါကြောင့် မြေမတူးခင် ဘေးမြေကို လှုပ်မလာအောင် pile wall တွေ ရိုက်သွင်းကြတယ်။ contiguous pile wall, secant pile wall, sheet pile အစရှိသဖြင့် project location နဲ့ တူးမဲ့ အနက်ပေါ် မူတည်ပြီး မျိုးစုံ သုံးတယ်ပေါ့ဗျာ။

အဲဒီ pile wall တွေကို ဘေးမြေ တွန်းတာ ခံနိုင်အောင် design လုပ်တဲ့ အခါမှာလဲ pure cantilever လုပ်မလား၊ propped cantilever လုပ်မလား ဆိုတာပေါ် မူတည်ပြီးတော့လဲ ဘေးမြေရဲ့ အရွေ့ဟာ မတူပါဘူး။

နောက်တခါ temporary retaining structure ဘယ်လောက် rigid ဖြစ်လဲ ဆိုတာပေါ်မှာ လဲ ဘေးမြေ အရွေ့ဟာ မူတည်ပါတယ်။

ဆောက်တဲ့ အခါလဲ open excavation (မြန်မာပြည်မှာ အလုပ်များတဲ့ slope နဲ့ ဒယ်ပိုင်းလို တူးထုတ်တာမျိုး) ၊ bottom-up/ top-down/ semi top-down စတဲ့ ဘယ် method ကိုဘဲ သုံးသုံး၊ temporary works က ဘယ်လိုဘဲ rigid ဖြစ်ဖြစ် ဘေးက မြေက အနည်းနဲ့ အများတော့ ရွေ့ပါတယ်။

လန်ဒန် ရဲ့ အထင်ကရ Grade I listed အဆောက်အဦး လဲ ဖြစ်၊ နိုင်ငံရေး အရ လဲ အရေးပါ၊ heritage building လဲ ဖြစ်တဲ့ Westminster parliament ထဲမှာ ခေတ် အခြေအနေ အရ လိုအပ်လာတဲ့ အတွက် မြေအောက် ပေ ၅ဝ – 15m deep basement car parking ဆောက်ရပါတယ်။

Thames မြစ်ဘေးလဲ ဖြစ်၊ UK မှာ သူ့ထက် အထင်ကရ ဖြစ်တဲ့ အဆောက်အဦး လဲ မရှိတော့တဲ့ အဆောက်အဦး ဘေးမှာ deep basement တူးတာ ဆိုတော့ ဘယ်လောက်များ ဂရုစိုက် လုပ်ခဲ့မလဲ ဆိုတာ တွေးကြည့်စရာ မလိုပါဘူး။

Top down construction နဲ့ ဆောက်ပြီး retaining wall ကို diaphragm walls နဲ့ ကာထားပါတယ်။

ပြထားတဲ့ ပုံက ဘေးမြေ အရွေ့ကို monitor လုပ်ထားတဲ့ ပုံပါ။ အဲဒီလောက် အင်မတန် ဂရုစိုက်ပြီး တိတိကျကျ အတတ်နိုင်ဆုံး ထိန်းချုပ်ပြီး လုပ်တာတောင် တူးတဲ့ အနက် ရဲ့ ၃ဆ ထိ အောက်ဖက်ရော၊ ဘေးတိုက်ရော မှာ movement ရှိနေပါတယ်။

ရွှေတိဂုံ နဲ့ ပတ်သက်လို့ ပြောရရင်တော့ ဒါမျိုး movement ကို ထိန်းချုပ်ဖို့ အကွာအဝေး တခုရယ်၊ မြေတူးမဲ့ အနက် ရယ် ကို သတ်မှတ်ပြီး construction method တွေကို review လုပ်မယ်၊ တိတိကျကျ လိုက်နာခိုင်းမယ် ဆိုရင် အဆင်ပြေနိုင်ပါတယ်။

(YCDC ရဲ့ law enforcement က အားကိုးနိုင်ဖို့တော့ လိုတာပေါ့)

ဒီနေ့ ဖတ်မိတဲ့ မြေအောက်ရေ ထွက်သွားရင် ဆိုတာနဲ့ ပတ်သက်လို့ ကတော့ ….

Deep basement ဆောက်တဲ့ သူ အနေနဲ့တော့ မြေအောက်ရေ ရဲ့ တွန်းအားတွေကို ခံနိုင်အောင် ထည့်သွင်း စဉ်းစားဖို့ လိုပေမဲ့ deep basement တူးပြီး အဆောက်အဦး ဆောက်ရုံနဲ့ မြေအောက်ရေ ထွက်သွားနိုင်တယ် လို့ မပြောနိုင်ပါဘူး။

အဆောက်အဦးကြောင့် မြေအောက်ရေ ထွက်မသွားနိုင်ပေမဲ့ မြေအောက်ရေ ထွက်လို့ water table နိမ့်ကျသွားတာကြောင့် settlement ဖြစ်နိုင်ချေ ရှိပါတယ်။

မြေအောက်ရေ ဘယ်လို ထွက်နိုင်သလဲ ???

အဲဒီနေရာမှာ နေမဲ့ လူတွေ အများကြီး အတွက် အဆောက်အဦးတွေ ဆောက်တယ်။ အဲဒီလူတွေ သောက်ဖို့ သုံးဖို့တော့ ဂျိုးဖြူရေ မပေးနိုင်ဘူး… အဲဒီနေရာမှာဘဲ အဝီစိ တွင်းတွေ သုံးပြီး တူးကြ ဆိုရင်တော့ မြေအောက်ရေ တွေ အပေါ်ကို ထွက် သွားပါလိမ့်မယ်။

အဝီစီတွင်း များများ သုံးပြီး မြေအောက်ရေ ထုတ်မယ်၊ ထုတ်သလောက် ရေကို surface water ကနေ ပြန်ပြီး ဖြည့်မပေးနိုင်ဘူး ဆိုရင်တော့ water table နိမ့်ဆင်း သွားပါလိမ့်မယ်။

Water table နိမ့်ဆင်းသွားရင်တော့ Ko Min Aung Khaing လိုဘဲ အများ စိုးရိမ်သလို consolidation settlement ဖြစ်နိုင်ပါတယ်။

ဆိုတော့ဗျာ ….

ဘယ်လောက်ထိ ခွင့်ပြု မလဲ …

ဘယ်လို ပုံစံ ဆောက်တာတွေ ခွင့်ပြု မလဲ …

ဘယ်လို ကြီးကြပ် ကွပ်ကဲ မလဲ …

ဘာတွေ လုပ်သင့်သလဲ …

ဘာတွေ မလုပ်သင့်ဘူးလဲ …

ဘယ်သူတွေမှာ အဓိက တာဝန် ရှိလဲ …

ရှိလာမဲ့ Risk တွေကို ဘယ်လို လျှော့ချနိုင်လဲ ..

လျှော့ချ နိုင်တဲ့ နည်းလမ်းတွေကို အကောင်အထည် ဘယ်သူတွေ ဖော်နိုင်လဲ …

အကောင် အထည် မဖော်နိုင်အောင် ဘယ်သူတွေ ဟန့်တား နိုင်သလဲ …

ဆိုတာတွေ နဲ့ ပတ်သက်လို့ နည်းနည်း စဉ်းစားကြည့်လို့ ရနိုင်ပြီ ထင်ပါတယ် …

………….

photo :

Concrete Basement by The Concrete Centre,
Ko Si Thu Myint Swe

 

မှတ်ချက်။  ။ ဒီကကူးပါတယ်..။

https://www.facebook.com/kominzaw?fref=photo

About kai

Kai has written 1007 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.